အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
အခန်း (၁၉၁) - ဝူရူလုံ၏ တက်လှမ်းခြင်း နှင့် အထက်ကမ္ဘာရှိ ဝူမိသားစု ကုန်သည်အသင်း
ဝူ မိသားစုအတွင်း၌ ဝူရူလုံနှင့် ဝူချီထျန်းတို့သည် လူတိုင်း၏ ရှေ့တွင် ရပ်နေကြ၏။
"အဖေ... တက်လှမ်းခြင်း ပြုတော့မလို့လား..."
ဝူချန်းခွန်းသည် ဝူရူလုံ၏ ရှေ့တွင် ရပ်နေရင်း လွမ်းဆွတ်မှုများ ပြည့်နှက်နေသည့် လေသံဖြင့် မေးလိုက်သည်။ ဝူရူလုံကို ကြည့်နေသည့် သူ၏ မျက်လုံးများတွင် မခွဲခွာလိုသော အရိပ်အယောင်များ အပြည့် ရှိနေ၏။
ထိုအခိုက်အတန့်တွင် ဝူရူလုံက သူ့ခေါင်းကို ဖြတ်ရိုက်လိုက်သည်။
"မင်းက ဘာလို့ ဒီလောက်တောင် ဝမ်းနည်းနေရတာလဲ... သေကွဲကွဲရမယ့် အတိုင်းပဲ... ဒါ့အပြင် မင်းရဲ့ ပါရမီနဲ့ ဆိုရင် အထက်ကမ္ဘာကို ရောက်လာဖို့ သိပ်မကြာတော့ပါဘူး..."
ဝူရူလုံက လေသံမာမာဖြင့် ပြောလိုက်၏။
ဝူချန်းခွန်းက သူ့ခေါင်းသူ ကုတ်၍ တီးတိုး ရေရွတ်လိုက်သည်။
"ကျွန်တော် ဝတ္ထုတွေထဲမှာ ဖတ်ဖူးတယ်... ဝတ္ထုတွေထဲမှာ လူတွေ ခွဲခွာရတဲ့အခါတိုင်း ဝမ်းနည်းစရာ ကောင်းတယ်လေ..."
ဝူမိသားစု ကုန်သည်အသင်းမှ မိုဘိုင်းဖုန်းကို မိတ်ဆက်ပြီးနောက် ရွှမ်ထျန်းကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် သိသိသာသာ မြန်ဆန်လာခဲ့သည်။ ‘ခရမ်းချဉ်သီး’ ဝတ္ထုများကဲ့သို့သော ခေတ်စားသည့် စာပေလက်ရာများပင် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။
"ကောင်းပြီ... ငါနဲ့ ချီထျန်းက တက်လှမ်းခြင်းအတွက် ပြင်ဆင်တော့မယ်... မင်းတို့လည်း ကြိုတင် ပြင်ဆင်ထားကြ... အထက်ကမ္ဘာမှာ လုပ်စရာတွေ အများကြီး ရှိတယ်..."
ဝူရူလုံသည် ထိုသို့ပြောပြီးသည်နှင့် သူ့ဘေးရှိ ဝူချီထျန်းကို ကြည့်လိုက်၏။ ဝူချီထျန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့ နှစ်ယောက်စလုံးသည် ဝူ မိသားစုအတွင်းမှ ရုတ်ခြည်း ပျောက်ကွယ်သွားကြသည်။ သူတို့ ပြန်ပေါ်လာချိန်တွင် ဝူ မိသားစု၏ အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သူတို့ နှစ်ဦးသည် ကျင့်ကြံစွမ်းအားများကို ဖိနှိပ်ထားခြင်းမှ ရပ်တန့်လိုက်သည်နှင့် ကောင်းကင်ယံ၌ မိုးခြိမ်းသံများ စတင် မြည်ဟည်းလာ၏။ သေချာသည်မှာ သူတို့ နှစ်ဦးသည် အတူယှဉ်တွဲ၍ ကပ်ဘေးဖြတ်ကျော်ခြင်း ပြုလုပ်မည်ဆိုပါက မိုးကြိုးကပ်ဘေး၏ အင်အားသည် ပို၍ ကြီးမားလာမည် ဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာ ရပ်နေကြခြင်း ဖြစ်သည်။ အကယ်၍ အတူတကွ ရပ်နေမည် ဆိုပါက ဝူရူလုံနှင့် ဝူချီထျန်းတို့၏ အခြေခံအုတ်မြစ်များသည် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
မကြာမီမှာပင် မရေမတွက်နိုင်သော ခရမ်းရင့်ရောင် မိုးကြိုးများက ဝူရူလုံနှင့် ဝူချီထျန်းတို့ထံသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။ သို့သော်လည်း ထိုမိုးကြိုးများအားလုံးကို သူတို့ နှစ်ယောက်စလုံးက အလွယ်တကူ ကာကွယ် တားဆီးနိုင်ခဲ့ကြ၏။
ကောင်းကင်နှင့်မြေကြီး ရတနာ များဖြင့် တည်ဆောက်ထားသော ခိုင်မာသည့် အခြေခံအုတ်မြစ်နှင့် ကောင်းကင်စစ်သည်များ၏ အကူအညီဖြင့် တက်လှမ်းခြင်းကို မအောင်မြင်ပါက ထိုအရာကမှ ထူးဆန်းပေလိမ့်မည်။
မိုးကြိုးကပ်ဘေး ပြယ်လွင့်သွားသည်နှင့် တစ်ပြိုင်နက် ဝူရူလုံနှင့် ဝူချီထျန်းတို့မှာ ရွှမ်ထျန်းကမ္ဘာမှ ပျောက်ကွယ်သွားပြီး အထက်ကမ္ဘာသို့ အောင်မြင်စွာ တတ်လှမ်းသွားခဲ့သည်။
အထက်ကမ္ဘာသို့ တက်လှမ်းခြင်း အောင်မြင်ပြီးသည်နှင့် သူတို့ ရှေ့တွင် ဝူဟောက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။ ထို့နောက် သူတို့က ပြိုင်တူ မေးလိုက်ကြ၏။
"အဖေ... ကျွန်တော်တို့ကို လာကြိုတာလား..."
“ဘိုးဘိုး... ကျွန်တော်တို့ကို လာကြိုတာလား..."
"မဟုတ်ဘူး... မင်းတို့ကို ပေးစရာလေး ရှိလို့..."
ဝူဟောက်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။ သူ၏ စကားကြောင့် ဝူရူလုံနှင့် ဝူချီထျန်းတို့၏ စိတ်လှုပ်ရှားမှုများမှာ ချက်ချင်းပင် ရေခဲရေဖြင့် ပက်ခံလိုက်ရသကဲ့သို့ အေးစက်သွား၏။ သို့သော်လည်း ဝူဟောက်က ထိုအရာကို ဂရုမစိုက်ဘဲ သူ လာရသည့် ရည်ရွယ်ချက်ကို ဆက်၍ ရှင်းပြလိုက်သည်။
"အထက်ကမ္ဘာမှာ ဝူမိသားစု ကုန်သည်အသင်းကို စတင်ဖို့ ငါ မင်းတို့ကို လိုအပ်တယ်..."
"ဝူမိသားစု ကုန်သည်အသင်း တည်ထောင်ဖို့လား... အဲဒီတာဝန်ကို ယီဖန်ဆီ အပ်ထားတာ မဟုတ်ဘူးလား..."
ဝူချီထျန်းက မျက်မှောင် အနည်းငယ် ကုတ်၍ နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
ဝူဟောက်က သက်ပြင်းတစ်ချက် ချလိုက်ပြီး အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
"တကယ်တော့ ယီဖန်က စီးပွားရေးနဲ့ ပတ်သက်ရင် ဘာမှ မသိဘူး... သူ သိတာက တိုက်ခိုက်ဖို့ပဲ... အထက်ကမ္ဘာဆီ တက်လှမ်းခြင်း ပြုပြီးကတည်းက သူက တိုက်ပွဲဝင်နေတာပဲ ဖြစ်ဖြစ်... တိုက်ပွဲဝင်ဖို့ သွားနေတာပဲ ဖြစ်ဖြစ် အမြဲတမ်း အဲလိုပဲ ဖြစ်နေတာ..."
ဝူဟောက်၏စကားများမှာ အလကား သက်သက် ပြောနေခြင်း မဟုတ်ချေ။ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ သို့ ဝင်ရောက်ပြီးနောက် အတိအကျ ဆိုရလျှင်ဖြင့် တွမ့်သယ် နှင့် သူငယ်ချင်း ဖြစ်ပြီးကတည်းက ဝူယီဖန်သည် လင်း မိသားစုကို ပြဿနာ သွားရှာနေခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူသည် ကုန်သည်အသင်း တစ်ခုကို စတင် တည်ထောင်ရန် မည်သို့ အချိန်ရှိနိုင်မည်နည်း။
ဝူဟောက်၏ စကားကို ကြားပြီး ဝူရူလုံနှင့် ဝူချီထျန်းတို့ နှစ်ယောက်စလုံး မျက်မှောင်ကုတ်သွားကြ၏။ သို့သော်လည်း အတန်ကြာပြီးနောက် ဝူရူလုံက သက်ပြင်းတစ်ချက် ချကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ကျွန်တော် သိပါပြီ အဖေ... ဒါကို ကျွန်တော့်ဆီသာ လွှဲထားလိုက်ပါ..."
"အေး... အကူအညီ လိုအပ်ရင် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ဆီ တိုက်ရိုက် ဆက်သွယ်လိုက်... ဒါမှမဟုတ် ဒီခေါင်းလောင်းကို သုံးလိုက်... အထဲက ဝိညာဉ်က ထွက်လာပြီး မင်းကို ကူညီလိမ့်မယ်..."
ဝူဟောက်က ခေါင်းညိတ်လိုက်ပြီးနောက် ဖရိုဖရဲ ခေါင်းလောင်း ကို ထုတ်ယူလိုက်၏။
မြင်းတစ်ကောင်ကို ပြေးစေချင်ပါက မြက်ကျွေးရန် လိုအပ်သည်။ ဝူဟောက်သည် သူတို့ လိုအပ်သည့် အကူအညီမှန်သမျှ ထောက်ပံ့ပေးမည် ဖြစ်ရာ အဆင့်ရှစ် နတ်ဘုရား မှော်လက်နက် လည်း အပါအဝင် ဖြစ်သည်။ ဖရိုဖရဲ ခေါင်းလောင်း၏ အကူအညီဖြင့် ဝူဟောက် ကိုယ်တိုင် ဝင်မပါသရွေ့ အထက်ကမ္ဘာရှိ မည်သူကမျှ ဝူမိသားစု ကုန်သည်အသင်းကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။
ဖရိုဖရဲ ခေါင်းလောင်းကို မြင်လိုက်ရချိန်တွင် ဝူရူလုံနှင့် ဝူချီထျန်းတို့မှာ အံ့အားသင့်စွာဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိကြသည်။ ဖရိုဖရဲ ခေါင်းလောင်း၏ ထူးခြားသော သဘာဝကို သူတို့ သဘာဝကျကျ အာရုံခံမိသည်။ ဤအရာ၏ရှေ့တွင် သူတို့ကိုယ်သူတို့ ပုရွက်ဆိတ်များ ဖုန်မှုန့်များကဲ့သို့ သေးနုပ်သော ဖြစ်တည်မှုကို ခံစားလိုက်ရသည်။
"အဖေ... ဒီခေါင်းလောင်းက ဘယ်လောက်ထိ စွမ်းအား ကြီးမားလဲ ဟင်..."
ဝူရူလုံက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။ သို့သော်လည်း ဝူဟောက်က လက်ဝှေ့ယမ်းလိုက်ပြီး အလွန်တရာ အေးတိအေးစက် နိုင်လှသည့် လေသံဖြင့် ကြွားလုံးထုတ်သည့် စကားတစ်ခွန်းကို ဆိုလိုက်သည်။
"အင်း... အဲဒါက သိပ်တော့ အားမကြီးပါဘူး... တစ်ခုပဲ ရှိတာက အထက်ကမ္ဘာ တစ်ခုလုံးက ဘယ်သူမှ သူ့ကို မနိုင်နိုင်ဘူး ဆိုတာပဲ..."
ဝူဟောက်သည် အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။ သူ၏ စွမ်းအားသည် ဖရိုဖရဲ ခေါင်းလောင်းကို အပြည့်အဝ အသက်သွင်းနိုင်လောက်အောင် အားမကောင်းသော်လည်း သို့သော် ဖရိုဖရဲ ခေါင်းလောင်း တွင် ပင်ကိုယ် ပါရှိသည့် စွမ်းအားသည် သူ့အား အထက်ကမ္ဘာကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် အင်အားကို ပေးစွမ်းနိုင်ပေသည်။
ထိုစကားကို ကြားသည်နှင့် ဝူရူလုံနှင့် ဝူချီထျန်းတို့ နှစ်ဦးစလုံးမှာ အံ့အားသင့်စွာဖြင့် ထိတ်လန့်သွားကြ၏။
ခဏအကြာ ငြိမ်သက်သွားပြီးနောက် ဝူရူလုံ၏ မျက်လုံးများတွင် ရည်မှန်းချက် ကြီးမားသည့် အရိပ်အယောင်များ တောက်ပလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အဖေ့ရဲ့ နာမည်ကို ကျွန်တော် သိတယ်... အထက်ကမ္ဘာ တစ်ခုလုံးမှာ ဝူမိသားစု ကုန်သည်အသင်းရဲ့ နာမည်ကို မိုးခြိမ်းသံလို ဟိန်းထွက်သွားအောင် ကျွန်တော် သေချာပေါက် လုပ်မယ်..."
"အေး... အရမ်းကောင်းတယ်..."
ဝူဟောက်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ထွက်သွား၏။ အထက်ကမ္ဘာ၏ အကြီးဆုံး ကုန်သည်အသင်းအဖြစ် ဝူမိသားစု ကုန်သည်အသင်းကို ဝူရူလုံ မည်မျှ အချိန်ယူ၍ ဖန်တီးမည်ကို သူ မြင်တွေ့ချင်နေပြီ ဖြစ်သည်။
ဝူဟောက် ထွက်သွားပြီး မကြာမီမှာပင် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ မှ တပည့် တစ်ဦးက ဝူရူလုံနှင့် ဝူချီထျန်းတို့၏ ရှေ့သို့ ရောက်ရှိလာ၏။
"ခင်ဗျားတို့ နှစ်ယောက်က ဝူ မိသားစု က ဖြစ်ရမယ်... ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..."
"အင်း..."
ဝူရူလုံနှင့် ဝူချီထျန်းတို့သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ တစ်ဖက်လူ၏ နောက်သို့ အလျင်အမြန် လိုက်သွားပြီး နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ သို့ ဦးတည်သွားကြသည်။
အချိန်များက သတိမထားမိလိုက်ဘဲ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဆယ်နှစ်တာ ကာလသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွား၏။
ဤဆယ်နှစ်တာ ကာလအတွင်း ဝူဟောက်နှင့် စူးချောင်ရန်တို့သည် အထက်ကမ္ဘာ ၏ နေရာတော်တော်များများကို စူးစမ်းလေ့လာခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဝူဟောက်၏ ကျင့်ကြံခြင်း အဆင့်ဖြင့် သာမန်လူများ သူတို့၏ ဘဝတစ်သက်တာလုံး သွားရောက်နိုင်မည် မဟုတ်သော နေရာများကို အလွယ်တကူ သွားရောက်နိုင်ခဲ့သည်။
ထို့ကြောင့် ဆယ်နှစ်ကြာပြီးနောက် စူးချောင်ရန်က ဝူဟောက်ကို ကြည့်၍ ပြောလိုက်၏။
"ယောကျ်ား... ကျွန်မတို့ ပျော်တာ လုံလောက်ပြီ ထင်တယ်... အခု ပြန်ရမယ့် အချိန် ရောက်ပြီ..."
"ကောင်းပြီ... သွားကြတာပေါ့..."
ဝူဟောက်သည် ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် စူးချောင်ရန်ကို ခေါ်၍ ဖန်လိုင် အင်မော်တယ်ကျွန်း သို့ ဦးတည် ထွက်ခွာသွားသည်။
အခြားတစ်ဖက်တွင်
နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ၏ အကူအညီဖြင့် ဝူရူလုံသည် ဝူမိသားစု ကုန်သည်အသင်း ကို လျင်မြန်စွာ တည်ထောင်နိုင်ခဲ့သည်။ ၎င်း၏ ဆန်းသစ်သော စီးပွားရေး ပုံစံနှင့် ပေါများလှသော ဘဏ္ဍာရေး အရင်းအမြစ်များကြောင့် ဝူမိသားစု ကုန်သည်အသင်းသည် ရွှမ်ကျုံး နယ်မြေ တွင် အကြီးဆုံး ကုန်သည်အသင်း အဖြစ် လျင်မြန်စွာ ရပ်တည်နိုင်ခဲ့၏။
သို့သော်လည်း ဝူရူလုံ၏ ရည်မှန်းချက်သည် ထိုအရာထက် များစွာ ကျယ်ပြန့်လှသည်။ သူ၏ ပန်းတိုင်မှာ အထက်ကမ္ဘာ တွင် အကြီးဆုံး ကုန်သည်အသင်း ဖြစ်လာရန်ပင် ဖြစ်သည်။
"ဒါက နည်းနည်းတော့ ပြဿနာ ရှိသေးတယ်... အလယ်ပိုင်း ဒေသ က အင်အားအကြီးဆုံး ကုန်သည်အသင်းတွေမှာ ပုံမှန်အားဖြင့် အင်မော်တယ် ဧကရာဇ် ဒါမှမဟုတ် အင်မော်တယ် အရှင်မြတ် အဆင့်ရှိတဲ့ သူတွေက ကြီးကြပ်ပေးနေတာ... အခုလောလောဆယ် ငါ့မှာ အသုံးချလို့ရတဲ့သူ မရှိသေးဘူး... ဒါကြောင့် အလယ်ပိုင်း ဒေသရဲ့ နယ်မြေထဲကို လောလောဆယ် ဝင်လို့ မရသေးဘူး..."
"ကြည့်ရတာ အစောင့်အရှောက် အဖြစ် တာဝန်ယူပေးနိုင်မယ့် အင်အားကြီးတဲ့ ဧည့်သည်အကြီးအကဲ တစ်ယောက်ကို အမြန်ဆုံး ရှာဖွေဖို့ လိုအပ်နေပြီ..."
ဝူရူလုံက သူ့ဟာသူ တွေးလိုက်မိသည်။
"အိုင်း... အခု ရွှမ်ကျုံး နယ်မြေ မှာ အကြီးဆုံး ကုန်သည်အသင်း ဖြစ်လာပြီ ဆိုပေမယ့် အထွတ်အထိပ် အဆင့်ရှိတဲ့ ကျန်းယဲ့ က တာဝန်ယူပေးထားလို့သာ အခုလို အောင်မြင်မှု ရခဲ့တာ..."
ဝူရူလုံသည် ဝူမိသားစု ကုန်သည်အသင်း၏ ရှေ့ဆက်ရမည့် ခြေလှမ်းအတွက် စဉ်းစားနေစဉ် ဝူချီထျန်းက တံခါးကို တွန်းဖွင့်၍ ဖြည်းညင်းစွာ ဝင်လာ၏။
"အဖေ... ဒါက ဒီနှစ်အတွက် ကျွန်တော်တို့ရဲ့ ဝင်ငွေနဲ့ အမြတ်ငွေ စာရင်းပါ..."
"ငါ သိပြီ... ဒါနဲ့... မင်း အပြင်ထွက်တဲ့အခါ ဝူမိသားစု ကုန်သည်အသင်း က အင်မော်တယ်ဘုရင် အဆင့် ဒါမှမဟုတ် အဲဒီအထက် အဆင့်ရှိတဲ့ ဧည့်သည်အကြီးအကဲ တွေကို အလုပ်ခေါ်နေတယ် ဆိုတဲ့ သတင်းကို ဖြန့်လိုက်... လစာနဲ့ ခံစားခွင့်တွေကိုတော့ တွေ့ဆုံဆွေးနွေးတဲ့အခါမှ သတ်မှတ်မယ်လို့ ပြောလိုက်..."
ဝူရူလုံက ဝူချီထျန်းကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ အမိန့်ပေးလိုက်၏။
ဝူချီထျန်းသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်၌ ရွှမ်ကျုံး နယ်မြေ ၏ အစွန်အဖျားတွင် ဝူချီလုံ သည် ဒဏ်ရာဒဏ်ချက်များဖြင့် ထွက်ပေါ်လာသည်။
"ခွေးကောင်... သခင်ခွေးစုတ်ပလုတ်... ကတိပေးထားတဲ့ လေ့ကျင့်မှုက ဘာဖြစ်သွားတာလဲ... ဒါက အရမ်းကို လွန်လွန်းနေပြီ..."
ဝူဟောက်၏ နှင်ထုတ်ခြင်းကို ခံရပြီး ဖန်လိုင် အင်မော်တယ်ကျွန်း မှ ထွက်လာခဲ့ရပြီးနောက် ဝူချီလုံသည် ဝူဟောက်၏ ညွှန်ကြားချက်များအတိုင်း သုညမှ ပြန်လည် စတင်ခဲ့ပြီး ချီသန့်စင်ခြင်းအဆင့် မှစ၍ စိန်ခေါ်မှုများကို စတင်ခဲ့သည်။
အစပိုင်းတွင် ဒဏ်ရာများရခဲ့သော်လည်း သို့သော် နောက်ပိုင်းတွင် တိုက်ပွဲများကို တဖြည်းဖြည်း အသားကျလာပြီး တိုက်ပွဲ အတွေ့အကြုံများ ပိုမို ရရှိလာသည်နှင့်အမျှ သူ၏ ပြိုင်ဘက်များကလည်း သိသိသာသာ ပြောင်းလဲလာကာ ချီသန့်စင်ခြင်းအဆင့် မှနေ၍ စစ်မှန်အင်မော်တယ် အဆင့်ထိ တိုက်ရိုက် ခုန်တက်သွား၏။
တစ်ဖက်လူက သူ့ကို မသတ်နိုင်သော်လည်း နာကျင်အောင်တော့ လုပ်နိုင်သည်။ ထို့ကြောင့် သွားစရာ နေရာမရှိတော့သဖြင့် ဝူချီလုံသည် နောက်ဆုံးတွင် တောင်ပိုင်းရှိ ရွှမ်ကျုံး နယ်မြေ သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"လောလောဆယ် အဲဒါကို မေ့ထားလိုက်တော့... အဲဒီ စစ်မှန်အင်မော်တယ် က လောလောဆယ်တော့ ရောက်လာမှာ မဟုတ်ဘူး... ငါသာ အင်မော်တယ် မဟာဧကရာဇ် အဆင့်ကို ပြန်ရောက်သွားရင် သူ့ကို သတ်ပြီး သေချာပေါက် ကလဲ့စားချေပစ်မယ်... အခု လောလောဆယ် အရေးအကြီးဆုံးက ခဏလောက် နားခိုဖို့ နေရာတစ်ခု ရှာဖို့ပဲ..."
ဝူချီလုံသည် ရက်စက်စွာ တွေးလိုက်ပြီးနောက် အသက်ရှူနှုန်းကို ထိန်းညှိကာ ရွှမ်ကျုံး နယ်မြေ ၏ ဗဟိုချက်ဆီသို့ ထွက်ခွာလာခဲ့သည်။ ထိုနေရာမှာ အခြားမဟုတ်ဘဲ ဝူမိသားစု ကုန်သည်အသင်းရှိရာ နေရာပင် ဖြစ်၏။
အခန်း (၁၉၂) - ကျန်းရှန်း အသင်း နှင့် ထွင်းမို ဂိုဏ်း
"အခု အထက်ကမ္ဘာ ကို ပြန်ရောက်လာပြီ ဆိုတော့ ငါ့ရဲ့ အင်အားစုကို ပြန်လည် တည်ဆောက်ရမယ့် အချိန် ရောက်ပြီ..."
ညီမဖြစ်သူနှင့်အတူ လမ်းခွဲထွက်ခွာလာပြီးနောက် ဝူရှန်းနီ သည် သူ့ဘာသာ တီးတိုး ရေရွတ်လိုက်သည်။ သူ၏ အတွေးများက အတိတ်ဘဝဆီသို့ ပြန်လည်ခေါ်ဆောင်သွားလေ၏။
ယခင်ဘဝက သူ၏ ပြိုင်ဘက်ကင်းသော ပါရမီကို အားကိုး၍ အင်မော်တယ် ဧကရာဇ် ဖြစ်လာရန် အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့သည်။ ထိုအချိန်အတွင်း သူ၏ကိုယ်ပိုင် အင်အားစု ဖြစ်သည့် စစ်မှန်အင်မော်တယ် အဖွဲ့ ကိုလည်း တည်ထောင်ခဲ့၏။
ဝူရှန်းနီ သည် သူနှင့် ဝါးမျိုခြင်း နတ်ဆိုးဧကရာဇ် တို့ အတူတကွ သေဆုံးသွားပြီးနောက်မှ စစ်မှန်အင်မော်တယ် အဖွဲ့ ဖျက်သိမ်းခံလိုက်ရကြောင်းကို သိရှိခဲ့ရသည်။ ဤကိစ္စကို သူသည် အောက်ကမ္ဘာမှနေ၍ အထက်ကမ္ဘာ သို့ တက်လှမ်းခြင်း ပြုပြီးနောက်မှသာ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။
" ကောင်းတယ်... ငါ ဝူရှန်းနီ က စစ်မှန်အင်မော်တယ် အဖွဲ့ ကို တစ်ကြိမ် တည်ထောင်နိုင်ခဲ့ရင် ဒုတိယ အကြိမ်လည်း သေချာပေါက် တည်ထောင်နိုင်မှာပဲ... ဒီတစ်ကြိမ်မှာတော့ စစ်မှန်အင်မော်တယ် အဖွဲ့ ကို အထက်ကမ္ဘာ မှာ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာအောင် သေချာပေါက် ဖန်တီးပြမယ်... ချွင်းချက် မရှိဘူး..."
ဝူရှန်းနီ စကားပြောနေစဉ် သူ၏ သွေးမျာမှာ ပွက်ပွက်ဆူလာပြီး ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။ သို့သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို ပြန်လည် သတိရသွား၏။ သူ၏ ချီစွမ်းအင် အရှိန်အဝါများသည် အားနည်းနေသေးသည်။
"အင်း... ဒုတိယ အကြိမ်က ပိုကောင်းပါတယ်..."
သူသည် ဝူ မိသားစု နှင့် သူ၏ လျှို့ဝှက်ဆန်းကြယ်လှသော ဘိုးဘေးကြီး အကြောင်းကို တွေးလိုက်မိသည်။ တစ်ဖက်လူ၏ စွမ်းအားဖြင့် ဆိုလျှင် သူသာ အလိုရှိပါက အထက်ကမ္ဘာ တစ်ခုလုံးကို သူ၏ ကိုယ်ပိုင် ပိုင်နက်အဖြစ်ပင် ပြောင်းလဲနိုင်ပေလိမ့်မည်။
"ကဲ.... အရင်ဆုံး လက်အောက်ငယ်သား တချို့ကို သွားရှာရအောင်... ငါ့ရဲ့ မြင့်မြတ်တဲ့ စရိုက်လက္ခဏာနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီကြောင့် လက်အောက်ငယ်သား တချို့ကို မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်မှာပါ..."
ထိုသို့ တွေးလိုက်ပြီးနောက် ဝူရှန်းနီ သည် ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွား၏။
အခြားတစ်ဖက်တွင်မူ ဝူမိုဝူ သည် သူမရှေ့ရှိ လူသားအင်မော်တယ် အချို့ကို အထက်စီးမှ ငုံ့ကြည့်နေပြီး အလွန်တရာ အေးစက်ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်၏။
"မင်းတို့သာ ငါ့ကို သခင်အဖြစ် အစေခံမယ် ဆိုရင် အနာဂတ်မှာ မင်းတို့ကို အင်မော်တယ် အရှင်မြတ်နေရာ ပေးကောင်း ပေးနိုင်တယ်..."
"မင်းက ဘယ်သူမို့လို့လဲ... တော်တော် အပြောကြီးတဲ့ ကောင်မလေးပဲ... မင်းက အင်မော်တယ် အရှင်မြတ်နေရာကိုတောင် ပေးမယ်လို့ ပြောရဲတယ်ပေါ့... မင်းက တာအို အကြောင်းကို မသိသေးဘူးပဲ..."
"အင်မော်တယ် အရှင်မြတ်က အရမ်းကို စွမ်းအားကြီးတယ် မဟုတ်ဘူးလား... ငါတို့ အားလုံး အတူတူ တိုက်ခိုက်ပြီး ဒီကောင်မလေးကို သင်ခန်းစာ ပေးကြရအောင်..."
လူသားအင်မော်တယ် အလယ်အလတ်အဆင့် ကျင့်ကြံသူ ဆယ်ဦးခန့်သည် ဝူမိုဝူ ထံသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာကြ၏။
ထိုအရာကို မြင်သည်နှင့် ဝူမိုဝူသည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်သော်လည်း တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ မြင့်မြတ်သော စရိုက်လက္ခဏာနှင့် ကြောက်မက်ဖွယ်ကောင်းသော ပါရမီဖြင့် သူတို့ကို အညံ့ခံစေရန် မရည်ရွယ်ထားချေ။ သူမ၏ ကိုယ်ပိုင် ခွန်အားဖြင့်သာ သူတို့ကို အညံ့ခံအောင် လုပ်ပြသွားမည် ဖြစ်သည်။
"အဲ့တော့လည်း မင်းတို့နဲ့ ငါ့ကြားက ကွာခြားချက်ကို ပြပေးရတာပေါ့..."
ထိုသို့ပြောပြီးသည်နှင့် ဝူမိုဝူ သည် သူမ၏ ဓားရှည်ကို ဆွဲထုတ်၍ သူတို့ထံ ပြေးဝင်သွား၏။ သူမသည် လူသားအင်မော်တယ် ကနဦးအဆင့် သာ ရှိသေးသော်လည်း ဝူဟောက် ၏ ကျင့်စဉ်များက အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှပြီး ဝူမိုဝူ ၏ ကိုယ်ပိုင် ပါရမီကလည်း အထွတ်အထိပ်တွင် ရှိနေသောကြောင့် အောက်ကမ္ဘာ တွင် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့သည်။
ထို့ကြောင့် သုံးမိနစ်ခန့်သာ ကြာမြင့်သော တိုက်ပွဲအပြီးတွင် ထိုနေရာရှိ လူအားလုံးမှာ ဝူမိုဝူ ၏ လက်ချက်ဖြင့် ပြန်လည် ခုခံနိုင်စွမ်း မရှိတော့သည်အထိ အရိုက်ခံလိုက်ရ၏။
"အခု မင်းတို့ ယုံပြီလား..."
ဝူမိုဝူ သည် ဓားကို ဆုပ်ကိုင်ထားရင်း သူမရှေ့ရှိ လူသားအင်မော်တယ် အလယ်အလတ်အဆင့် ဆယ်ဦးကို ကြည့်လိုက်သည်။ ထို့နောက် အလွန်တရာ မောက်မာသော မျက်နှာထားဖြင့် ပြောလိုက်၏။
ထိုအခိုက်အတန့်တွင် ဝူမိုဝူ သည် သူမ၏ အင်မော်တယ် ဧကရာဇ် ဘဝသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ အနည်းငယ်တွေဝေသွားသော်လည်း ခေါင်းကို အလျင်အမြန် ခါရမ်းလိုက်ပြီး အတိတ်ဘဝက အဖြစ်အပျက်များကို ဖယ်ရှားပစ်လိုက်သည်။
ဂုဏ်ကျက်သရေ ရှိခဲ့သော နေ့ရက်များအားလုံး ကုန်ဆုံးသွားပြီ ဖြစ်သည်။ ယခု အရေးအကြီးဆုံးမှာ သူမကိုယ်သူမ ပြန်လည် တောက်ပလာစေရန်ပင် ဖြစ်၏။
"ကျွန်တော်တို့ လိုလားစွာနဲ့ လက်ခံပါတယ်..."
သူမရှေ့ရှိ လူသားအင်မော်တယ် အလယ်အလတ်အဆင့် ဆယ်ဦးမှာ အံကြိတ်၍ နောက်ဆုံးတွင် လက်ခံရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် သူတို့ သဘောတူရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိ။ သို့မဟုတ်ပါက သေချာပေါက် သေဆုံးရမည် ဖြစ်သည်။ ထို့အပြင် ဝူမိုဝူ၏ ပါရမီသည် အလွန် ထိတ်လန့်ဖွယ် ကောင်းသောကြောင့် သူမ ပြောခဲ့သည့် အရာအားလုံးကို တကယ်တမ်း ပြီးမြောက်အောင် လုပ်နိုင်စွမ်း ရှိပေလိမ့်မည်။
"အခု မင်းတို့က ငါ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်လာပြီ ဆိုတော့ ဒီနေ့ကစပြီး ငါတို့ အဖွဲ့အစည်းရဲ့ နာမည်ကို ထွင်းမို ဂိုဏ်း လို့ ခေါ်မယ်..."
ဤသို့ဖြင့် ထွင်းမို ဂိုဏ်း ကို တရားဝင် တည်ထောင်လိုက်ပြီ ဖြစ်သည်။ အခြားတစ်ဖက်တွင် ဝူရှန်းနီ မှာမူ အတော်လေး ကြိုးစားအားထုတ်ပြီးနောက် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူ ဆယ်ဦးကိုသာ ရှာဖွေတွေ့ရှိခဲ့ပြီး သူ၏ အဖွဲ့ထဲသို့ စုဆောင်းနိုင်ခဲ့ကာ ကျန်းရှန်း အသင်းကို မနည်း တည်ထောင်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝူချီလုံ သည် ဝူမိသားစု ကုန်သည်အသင်း ၏ အနီးဝန်းကျင်သို့ ရောက်ရှိလာခဲ့သည်။ ရောက်ရှိလာပြီးနောက်တွင် ဝူချီလုံသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"ဒီနေရာမှ သခင်ရဲ့ သွေးမျိုးဆက် အရိပ်အယောင် ရှိနေပုံရတယ်..."
ဝူ မိသားစု ၏ အစောင့်အရှောက် နတ်ဘုရားသားရဲ အနေဖြင့် ဝူချီလုံ သည် ဝူဟောက် ၏ တည်ရှိမှုကို သဘာဝကျကျ အာရုံခံနိုင်ပေသည်။ သွေးမျိုးဆက် နှင့် ပတ်သက်သည့် အချက်အလက်များကို အထက်ကမ္ဘာသို့ ရောက်ရှိပြီးနောက် ဝူဟောက်၏ သွေးမျိုးဆက် နှင့် ဆုံတွေ့သောအခါ အကာအကွယ် အချို့ ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းပေးထားခြင်း ဖြစ်၏။
မကြာမီမှာပင် ဝူချီလုံ သည် သွေးမျိုးဆက် ၏ အချက်အလက်များကို ခြေရာခံ၍ ဝူမိသားစု ကုန်သည်အသင်း သို့ ရောက်ရှိသွားခဲ့ပြီး ထိုနေရာရှိ အလုပ်ခေါ်စာကို တိုက်ဆိုင်စွာဖြင့် မြင်တွေ့လိုက်ရသည်။
"အင်မော်တယ်ဘုရင် အဆင့်နှင့်အထက် ဧည့်သည်အကြီးအကဲ အလိုရှိသည် လစာကို ညှိနှိုင်းနိုင်သည်”
ဝူချီလုံ သည် အလုပ်ခေါ်စာကို စိုက်ကြည့်၍ သူ့ဟာသူ တီးတိုးရေရွတ်လိုက်ပြီးနောက် သူ၏ မျက်လုံးများမှာ အရောင်လက်သွားသည်။
ဒီအလုပ်က ငါ့အတွက် အသင့်တော်ဆုံး မဟုတ်ဘူးလား...
အကယ်၍ တစ်စုံတစ်ယောက်က ဝူမိသားစု ကုန်သည်အသင်း ကို ပြဿနာ လာရှာမည် ဆိုပါက သူ၏ တိုက်ပွဲ အတွေ့အကြုံများ တိုးတက်လာစေရန် ထိုသူများနှင့် လေ့ကျင့်နိုင်မည် ဖြစ်သည်။
အင်မော်တယ်ဘုရင် အထက် ဆိုသည့် အချက်နှင့် ပတ်သက်၍ ဝူဟောက်သည် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်ထားသော်လည်း သို့သော် သူသည် တစ်ချိန်က အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် အထိ ရှိခဲ့ဖူးသော စွမ်းအားကြီးမားသည့် စစ်သည်တော် တစ်ဦး ဖြစ်ခဲ့သည်။ အကယ်၍ ဝူဟောက် သည် တစ်နေ့နေ့တွင် စည်းတံဆိပ်ကို ဖြည်ပေးမည် ဆိုပါက အင်မော်တယ်ဘုရင် များကိုသာမက အင်မော်တယ် ဧကရာဇ် များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
ထိုသို့ တွေးလိုက်ပြီးနောက် ဝူချီလုံ သည် ကျေနပ်နေသော မျက်နှာထားဖြင့် အထဲသို့ ဝင်သွား၏။
ဝူချီလုံ အထဲသို့ ဝင်သွားပြီး မကြာမီမှာပင် ဝူရူလုံသည် သတင်းရရှိ၍ အပြင်သို့ ထွက်လာခဲ့သည်။ သို့သော်လည်း ဝူချီလုံ ၏ အရှိန်အဝါကို အာရုံခံမိသည်နှင့် ဝူရူလုံသည် မျက်မှောင်ကြုတ်သွားသည်။
"တာအိုရောင်းရင်း... ခင်ဗျားက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် မှာပဲ ရှိသေးတာ... ဒီတာဝန်ကို ထမ်းဆောင်နိုင်မယ် မထင်ဘူး... ခင်ဗျား ပြန်သွားသင့်တယ်..."
ဝူရူလုံ သည် သူ့ကိုယ်သူ ယဉ်ကျေးစွာ ပြောဆိုနေသည်ဟု ထင်မှတ်ထားသော်လည်း တစ်ဖက်ရှိ ဝူချီလုံ ကမူ ထိုအရာအတွက် မပျော်ရွှင်ချေ။
“မင်း ဘာတွေ ပြောနေတာလဲ... ငါက စည်းတံဆိပ်ခတ်ခံထားရတယ် လို့ မပြောဘူးလား... ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် က ဘာဖြစ်နေလို့လဲ...”
သို့သော်လည်း သူ့ရှေ့ကလူသည် သခင်ဖြစ်သူ၏ မျိုးဆက် ဖြစ်ပြီး သူ့အနေဖြင့် ပြစ်မှား၍ မရနိုင်ကြောင်းကို လျင်မြန်စွာ သတိရသွားသည်။ ထို့ကြောင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး အလွန်တရာ တည်ကြည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။
"ငါက အခု လက်ရှိမှာ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် မှာ ရှိနေပေမယ့် ဒါက ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို စည်းတံဆိပ်ခတ်ခံထားရလို့ပဲ... ငါ့ရဲ့ သခင်က ဝူဟောက် လေ... အမှန်တရားကို အတည်ပြုချင်ရင် သူ့ကို ဆက်သွယ်လို့ ရတယ်..."
ဝူချီလုံ ၏ စကားကို ကြားသောအခါ ဝူရူလုံမှာ မျက်မှောင်ကြုတ်သွားသည်။ သူ့အနေဖြင့် အနည်းငယ် သံသယ ဖြစ်နေသော်လည်း ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူကာ အဖေဖြစ်သူထံ ဆက်သွယ်ရန် ပြင်ဆင်လိုက်သည်။
မိုဘိုင်းဖုန်း ကို အဘယ့်ကြောင့် အသုံးမပြုရသနည်း ဆိုလျှင် လက်ရှိ အထက်ကမ္ဘာ တွင် ဝူမိသားစု ကုန်သည်အသင်း သည် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘဲ အထက်ကမ္ဘာ ၌ စက္ကန့်ပိုင်းအတွင်း ဆက်သွယ်နိုင်လောက်သည့် အခြေအနေအထိ နည်းပညာများ ပေါက်ကွဲထွက်လာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
ဤအရာကို ကနဦး အောင်မြင်မှုများ ရရှိပြီးမှသာ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကာ ထိုအချိန်မတိုင်မီအထိ ဝူမိသားစု ကုန်သည်အသင်း အနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန် အကြွင်းမဲ့ စွမ်းအားများ ရှိနေဖို့ လိုအပ်ပေသည်။
မကြာမီမှာပင် အဝေးရှိ ဖန်လိုင် အင်မော်တယ်ကျွန်း မှ ဝူဟောက် သည် ဝူရူလုံ ထံမှ သတင်းစကားကို ရရှိခဲ့သည်။ ဝူချီလုံ သည် ဝူမိသားစု ကုန်သည်အသင်း သို့ ရောက်ရှိသွားပြီး ဝူမိသားစု ကုန်သည်အသင်း ၏ ဧည့်သည်အကြီးအကဲ အဖြစ်ပင် လုပ်ဆောင်ရန် ရည်ရွယ်နေကြောင်း သိလိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်များမှာ တွန့်ကွေးသွား၏။
သို့သော်လည်း သူသည် တစ်စုံတစ်ခုကို လျင်မြန်စွာ သဘောပေါက်သွားပြီး သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။
"အေး... ဟုတ်တယ်... အဲဒီကောင်က ငါတို့ ဝူ မိသားစု ရဲ့ အစောင့်အရှောက် နတ်ဘုရားသားရဲ ပဲ... သူ့ကို အဲဒီမှာပဲ နေခိုင်းလိုက်... လစာ ဒါမှမဟုတ် တခြား ဘာမှ ပေးစရာ မလိုဘူး... သူက ငါတို့ ဝူ မိသားစုဝင် တစ်ယောက်ပဲ..."
ထိုသို့ ပြောပြီးနောက် ဝူဟောက် သည် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ဘေးတွင် ရပ်နေသော ဝူချီလုံ မှာ ဝူရူလုံ ကို စိတ်ဝင်တစား ကြည့်နေပြီး မျှော်လင့်ချက် အပြည့်ပါသော အကြည့်များဖြင့် ပြောလိုက်သည်။
"ဘယ်လိုလဲ.....ငါက မင်းတို့ ဝူ မိသားစု ရဲ့ အစောင့်အရှောက် နတ်ဘုရားသားရဲ လို့ ငါ ပြောသားပဲ မဟုတ်လား..."
ဝူရူလုံ ၏ မျက်နှာထားမှာ ရှုပ်ထွေးနေသော်လည်း အတန်ကြာပြီးနောက် သက်ပြင်းတစ်ချက် ချကာ ပြောလိုက်၏။
"အစောင့်အရှောက် နတ်ဘုရားသားရဲ ကို တွေ့ပြီးပြီ ဆိုတော့ ဒီနေ့က စပြီး ခင်ဗျားက ကျွန်တော်တို့ ဝူမိသားစု ကုန်သည်အသင်း ရဲ့ ဧည့်သည်အကြီးအကဲ ပဲ..."
"ကောင်းပြီလေ... ဒီလိုဆိုရင်လည်း ငါ နားဖို့ နေရာတစ်ခု အမြန် ရှာပေးတော့... မင်းတို့ မနိုင်တဲ့ ရန်သူ မပေါ်လာမချင်း ငါ့ကို အလုပ်မပေးနဲ့..."
ဝူချီလုံ သည် ထိုသို့ပြောပြီးသည်နှင့် ဝူရူလုံ ကို ကြည့်လိုက်၏။
ဝူရူလုံ သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူ၏ အစေခံများကို ဝူချီလုံ အား ခေါ်ဆောင်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။ တဖက်လူသည် သူတို့ ဝူ မိသားစု ၏ အစောင့်အရှောက် နတ်ဘုရားသားရဲ ဖြစ်သည့်အတွက် သူ၏ စွမ်းအားမှာ အတော်လေး ကြီးမားရမည် ဖြစ်သည်။
သို့သော် ဝူချီလုံ၏ လုံးဝ တည်ကြည်လေးနက်မှု မရှိသော အပြုအမူကို ကြည့်ရင်း တကယ်တမ်း လိုအပ်လာသည့် အချိန်တွင် အမှန်တကယ် အသုံးဝင်မည်လား ဆိုသည်ကို ဝူရူလုံ တစ်ယောက် အတော်လေး သံသယ ဖြစ်မိပေသည်။