← Chapters

အခန်း (၄၈၉-၄၉၀)

Vol. 49 Ch. 489-490

အခန်း (၄၈၉-၄၉၀)

Vol. 49 Ch. 489-490

အခန်း (၄၈၉) - နတ်ဘုရားဆရာဝန် လီယန်ချူ ၊ မင်းစားချင်တာသာ စားတော့၊ တားမြစ်ချက်များ နိုးထလာခြင်းနှင့် ရှေးဟောင်းဘီလူးကြီး

လီယန်ချူသည် သူ၏လက်ဖဝါးထဲ၌ ဖမ်းချုပ်ထားသော ထိုမြွေငယ်လေးကို

ဝုန်းးး

ပြင်းထန်လှသော သွေးချီစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာစေပြီး ထိုအနီရောင်အမှတ်အသားကို တိုက်ရိုက်ပင် ချေဖျက်လောင်ကျွမ်းပစ်လိုက်သည်။

"ရပြီ"

လီယန်ချူက အေးဆေးစွာ ပြောလိုက်သည်။

လူတိုင်း : "......"

ရွှေဟွေ ဘုန်းကြီး ခမျာမှာတော့ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

ဒီလောက်လွယ်ကူမှန်း သိခဲ့ရင် အစောပိုင်းကတည်းက တည်တည်ငြိမ်ငြိမ် နေခဲ့ပါတယ်။

'ဟင်း... ငါက လီတာအိုဆရာရဲ့ စွမ်းဆောင်ရည်ကို ကောင်းကောင်း နားမလည်သေးတာပဲ၊ ဒီလူက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး'

ဟု သူတွေးလိုက်သည်။

ရွှေဟွေ ဘုန်းကြီးက ပြန်စဉ်းစားကြည့်ပြန်တော့လည်း ဒါက သူ့အပြစ်မဟုတ်ပါဘူး၊ လီတာအိုဆရာကပဲ တစ်ဖက်သား ခန့်မှန်းလို့မရနိုင်အောင် အစွမ်းထက်လွန်းနေတာပါ။

ကျန်းဝေ ကတော့ အလေးအနက် စဉ်းစားပြီးနောက် ရှေ့သို့ လှမ်းတက်လာကာ

"စီနီယာ... ကျနော့်ကိုယ်ပေါ်မှာကော ဘာအမှတ်အသားတွေ ရှိနေသေးလဲ ကြည့်ပေးပါဦး။ ဟိုအမျိုးသမီးဆီက မဟုတ်ရင်တောင် တခြားသူတွေဆီကကော ရှိနေမလားလို့ပါ"

လူတိုင်း၏ မျက်ဝန်းများ ပြောင်းလဲသွားကြသည်။

ဟော... ကြည့်စမ်း၊ ဒီကောင့်ရဲ့ အတွေးအခေါ်က တကယ်ကို ထူးခြားတာပဲ။

ဒါပေမဲ့ သူတို့လည်း ဒါက ယုတ္တိရှိတယ်လို့ ထင်မိကြသည်။

ဒီလောက်နှစ်ပေါင်းများစွာ မိစ္ဆာတွေကို နှိမ်နင်းလာတာ၊ ကိုယ့်ကိုယ်ပေါ်မှာ ဘယ်မိစ္ဆာက ဘာအမှတ်အသား ချန်ထားခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ။

အခု လီတာအိုဆရာ ဒီမှာရှိနေတုန်း၊ ဒီအခွင့်အရေးကို အသုံးချပြီး အားလုံးကို တစ်ခါတည်း ကုသခိုင်းတာက ပိုကောင်းပါလိမ့်မည်။

ဘယ်လိုပဲဖြစ်ဖြစ် အခမဲ့ ကုသခွင့်ရတာ မဟုတ်လား။

လီယန်ချူက ခေါင်းညိတ်လိုက်ပြီး ငြင်းဆိုခြင်းမရှိဘဲ ကျန်းဝေကို စစ်ဆေးပေးလိုက်သည်။

ထိုသို့ စစ်ဆေးကြည့်လိုက်သောအခါ တကယ်ပင် ပြဿနာကို မြင်လိုက်ရသည်။

"ဟင်"

သူက အသံထွက်သွားပြီး မျက်နှာကလည်း တည်ကြည်လေးနက်သွားကာ မျက်ခုံးများကို အတင်းတွန့်ထားလိုက်သည်။

ဖျားနာဖူးသူတိုင်း သိကြသည့်အတိုင်း ဆရာဝန်က ကိုယ့်ကို ဂရုမစိုက်တာထက်၊ ကိုယ့်ကိုကြည့်ပြီး သက်ပြင်းချတာက ပိုပြီး ကြောက်စရာကောင်းပါသည်။

ကျန်းဝေ၏ စိတ်ထဲတွင် လီယန်ချူ၏ အဆင့်အတန်းက ဘယ်လောက်မြင့်သနည်း ပြောနေစရာပင် မလိုတော့ပါ၊ နတ်ဘုရားတစ်ပါးလို လူမျိုးပါ။

သူ့နှလုံးသားမှာ ချက်ချင်းပင် လည်ပင်းဝအထိ ဆောင့်တက်လာပြီး တုန်လှုပ်စွာ မေးလိုက်မိသည်

"စီနီယာ... ကျနော့်မှာ ဘာဖြစ်နေလို့လဲ"

လီယန်ချူက အသံနက်ကြီးဖြင့် ပြောလိုက်သည်

"မင်းရဲ့ပြဿနာက တကယ်ကို ကြီးမားတယ်။ ဒီတစ်ခါ ပြန်ရောက်သွားရင် မင်းမိသားစုကို အချိန်ပေးပြီး ပိုဂရုစိုက်သင့်တယ်လို့ ငါထင်တယ်။ စားချင်တာရှိရင် စား၊ လုပ်ချင်တာရှိရင် လုပ်တော့၊ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မနေနဲ့တော့"

ကျန်းဝေ : "......"

သူ ငိုချင်စိတ် ပေါက်သွားပြီး ရင်ထဲမှာ အကြီးအကျယ် ထိတ်လန့်သွားရသည်။

စီနီယာ ချောင်ချောင် (လီယန်ချူ၏ အမည်ဝှက်) ရဲ့ စကားတိုင်းက သူ့ကို စိတ်ပူပေးနေသလို အသံကလည်း ပေါ့ပေါ့ပါးပါး ရှိနေပေမဲ့၊ ဘာလို့ သူကတော့ ကိုယ့်ကိုယ်ကိုယ် သေလူတစ်ယောက်လို ခံစားနေရတာလဲ။

ပြီးတော့ သူက ဘေးပတ်ဝန်းကျင်က လူတွေကို ကြည့်လိုက်ပြန်တော့လည်း မျက်ခုံးတွေ တွန့်သွားရပြန်သည်။

'မင်းတို့ရဲ့ အဲ့ဒီလို သနားဂရုဏာသက်နေတဲ့ အကြည့်တွေက ဘာသဘောလဲ'

ကျန်းဝေက အလွန်စိုးရိမ်သွားပြီး လီယန်ချူ၏ လက်မောင်းကို အတင်းဆုပ်ကိုင်ကာ

"စီနီယာ ချောင်ချောင်... ကျနော့်ကို ကယ်ပါဦး။ ကျနော်က စီနီယာ့အပေါ်မှာ နေနဲ့လလို ထင်ရှားတဲ့ သစ္စာရှိမှုမျိုး ရှိတာပါ။ တကယ်တော့ ကျနော်က ဒီတစ်ခါ ပြန်ရောက်ရင် ကျနော့်ရဲ့ ဒုတိယအစ်မနဲ့ စီနီယာ့ကို မိတ်ဆက်ပေးမလို့ ကြံထားတာပါ။ သူမက အရမ်းလှတာဗျ၊ ကျနော့်ရဲ့..."

ကျန်းဝေသည် စိတ်လှုပ်ရှားလွန်းသဖြင့် ရင်ထဲက အစီအစဉ်တွေကို တဖျပ်ဖျပ် ထုတ်ပြောလိုက်တော့သည်။

လူတိုင်းက သူ့ကို ကြည့်သည့် အကြည့်များမှာ ထူးဆန်းသွားကြသည်။

'ဟော... ဒါက ဘယ်လိုမျိုး စကားလုံးတွေလဲ'

'ဒါတွေက ငါတို့ နားထောင်လို့ သင့်တော်တဲ့ အရာတွေလား'

ကျန်းဝေ ဒီကောင်က တကယ်ကို အရှက်မရှိတာပဲ။

လီတာအိုဆရာရဲ့ ခြေထောက်ကို ဖက်ထားနိုင်ဖို့အတွက် သူ့အစ်မကိုတောင် ရောင်းစားပြီး မျက်နှာချိုသွေးဖို့ လုပ်နေပြီ။

ထိပ်ပြောင်ကြီး သုံးယောက် (ဘုန်းကြီးများ) က ကျန်းဝေကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

သို့သော် သူတို့လည်း ကျန်းဝေ၏ စကားကြောင့် သတိဝင်သွားကြသည်။

လီတာအိုဆရာဆိုသည်မှာ အားကိုးဖို့ အလွန်ကောင်းသော အားကိုးရာကြီး တစ်ခုပင် မဟုတ်လား။

ဒီလောက်အရွယ်နဲ့တင် ဒီလောက်အထိ အစွမ်းထက်နေရင်၊ သူ့ရဲ့ ဆရာက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။

ဒါက အလွန်ထင်ရှားသော အချက်ပင် ဖြစ်သည်။

လီတာအိုဆရာ ကိုယ်တိုင်ကပင် သူတို့ မော့ကြည့်ရမည့် တောင်ကြီးတစ်လုံး ဖြစ်နေပါပြီ။

'ဩော်... လီတာအိုဆရာက မိန်းမလှလေးတွေကို ကြိုက်တာကိုး။ အမိတဘ... ဆင်းရဲသား ဘုန်းကြီးက တစ်သက်လုံး ကုသိုလ်ကောင်းမှု လုပ်လာတာ၊ သူတစ်ပါး အဆင်ပြေတာကို မြင်ရင် သိပ်ဝမ်းသာတာပဲ။ လီတာအိုဆရာက ကျနော့်အပေါ် အသက်သခင် ကျေးဇူးရှိတယ်၊ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ဘူး။ ဒီတစ်ခါ ပြန်ရောက်ရင် လီတာအိုဆရာအတွက် ဒီကိစ္စကို ကူညီဖြေရှင်းပေးရမယ်'

ဟု ရွှေဟွေ ဘုန်းကြီး က စိတ်ထဲက တွေးလိုက်သည်။

ရွှေမင် ဘုန်းကြီး ကလည်း သူ့ဝမ်းကွဲကို ကြည့်လိုက်ပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။

သူတို့က ငယ်ငယ်ကတည်းက ဝတ်ခဲ့တာ မဟုတ်ဘဲ အိမ်မှာ မိသားစုဝင်တွေ ရှိကြသည်။

'အမိတဘ... ဒီလို နတ်ဘုရားလို ပုဂ္ဂိုလ်မျိုးအတွက် သေချာလေး စီစဉ်ပေးရမယ်'

ကျန်းဝေ၏ စကားတစ်ခွန်းကြောင့် သူတို့နှစ်ယောက်သည် ကျန်းဝေကို အရင်ဆုံး အထင်သေးလိုက်ကြပြီး၊ ထို့နောက်တွင်တော့ လီယန်ချူအတွက် သင့်တော်မည့်သူကို ရွေးချယ်ဖို့ ဦးနှောက်ကို အမြန်နှုန်းနဲ့ အလုပ်ပေးလိုက်ကြရာ CPU တောင် လောင်လုနီးပါး ဖြစ်သွားကြသည်။

ကျန်းဝေကတော့ ဒီလူတွေ သူ့ကို အပိုင်စားရဖို့ ယှဉ်ပြိုင်နေကြတာကို ဂရုစိုက်နိုင်အား မရှိတော့ပါ၊ သူက လီယန်ချူကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေမိသည်။

လီယန်ချူက ဖြည်းဖြည်းချင်း ပြောလိုက်သည်

"မင်းကိုယ်ပေါ်မှာ အမှတ်အသားက အနည်းဆုံး ငါးမျိုး ခြောက်မျိုးလောက် ရှိနေတယ်။ အားလုံးက မိစ္ဆာကြီးတွေ၊ ဘီလူးကြီးတွေပဲ ချန်ထားနိုင်တဲ့ အရာတွေပဲ။ မင်းက ဘယ်လောက်တောင် အန္တရာယ်များတဲ့ နေရာတွေကို သွားခဲ့လို့လဲ ပြီးတော့ မင်းကိုယ်ပေါ်မှာ ဗုဒ္ဓဘာသာ အမှတ်အသား တစ်ခုတောင် ပါသေးတယ်၊ ဒါပေမဲ့ အဲ့ဒါက စစ်မှန်တဲ့ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ တကယ်ကို ထူးဆန်းပြီး မိစ္ဆာဆန်တယ်"

လီယန်ချူက လက်ထဲက ရှစ်ခွင်မှန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ကျန်းဝေ ပိုပြီး ထိတ်လန့်သွားရသည်။

ဘာကြောင့်လဲဆိုတော့ စီနီယာ ချောင်ချောင် ပြောတာက တကယ်ကို မှန်နေလွန်းလို့ပါ။

လွန်ခဲ့တဲ့ ရက်ပိုင်းက သူဟာ ပျက်စီးနေတဲ့ ဘုရားကျောင်းဟောင်းတစ်ခုကို သွားရောက် စူးစမ်းခဲ့ပြီး ရတနာတစ်ခု ရခဲ့ပါသည်။

ဒါပေမဲ့ အဲ့ဒီဘုရားကျောင်းက သူ့ကို ပေးတဲ့ ခံစားချက်က တကယ်ကို မကောင်းပါဘူး။

ရင်ထဲမှာ အမြဲတမ်း ကြက်သီးထစရာ ခံစားချက်မျိုး ပေးနေခဲ့တာပါ။

ဒါပေမဲ့ နောက်ပိုင်းမှာ ထူးခြားတာ ဘာမှမဖြစ်လို့ သူ သတိမထားမိခဲ့တာပါ။

'ဒါဆို အဲ့ဒီတုန်းကတည်းက ငါ့ကိုယ်ပေါ်မှာ အမှတ်အသား အလုပ်ခံလိုက်ရတာလား '

'တောက် ယီးပဲကွာ '

ဟု ကျန်းဝေက စိတ်ထဲက ဆဲလိုက်မိသည်။

အခု သူ့ရဲ့ ခံစားချက်ကတော့ ဗေဒင်ဆရာက ကိုယ့်အကြောင်းကို ကွက်တိဟောလိုက်လို့ နတ်ဘုရားပဲ ဟု အော်ဟစ်နေရသည့် လူတစ်ယောက်လိုပါပဲ။

သို့သော် လီယန်ချူ၏ တည်ကြည်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ ရင်ထဲမှာ မောသွားပြီး

"စီနီယာ... ကျနော့်မှာ ကယ်တင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးလား "

ဟု မေးလိုက်သည်။

သူ ငိုတောင် ငိုချင်လာပါပြီ၊ ဒီလောက် ကောင်းမွန်တဲ့ လူပျိုဘဝလေးက ဒီမှာတင် ကုန်ဆုံးတော့မှာလား။

လီယန်ချူက ခေါင်းခါလိုက်သည်

"မဟုတ်ပါဘူး၊ ဒီကိစ္စကတော့ ပိုက်ဆံထပ်ပေးရမယ် "

အခမဲ့ စနစ်ကို ကိုယ့်ဘေးကလူကနေ စပြီး ငြင်းဆန်ရပါမည်။

ကျန်းဝေ : "......"

လူတိုင်း : "......"

ထိုအချိန်တွင် ဆန်းကြယ်သော မြို့ကလေးထဲ၌ ဝတ်စုံနီမလေးနှင့် ချပ်ဝတ်စစ်သူရဲတို့မှာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

ဝတ်စုံနီမလေးသည် သူမ ချန်ထားခဲ့သော အမှတ်အသားမှာ ဖယ်ရှားခံလိုက်ရပြီဖြစ်ကြောင်း အာရုံခံမိသွားသောအခါ မအောင့်နိုင်ဘဲ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

"တောက် ဘာလို့ ဒီလောက်အမြန်ကြီး ဖယ်ရှားခံလိုက်ရတာလဲ "

သူမသည် ထိုတာအိုဆရာလေးကို အလိုအလျောက် သတိရသွားမိပြီး စိတ်ထဲမှာ ချစ်သလိုလို မုန်းသလိုလို ခံစားလိုက်ရသည်။

တကယ်လို့ တစ်ဖက်လူသာ မရှိခဲ့ရင် သူမဟာ ဒီလောက်အထိ ရုပ်ဆိုးအကျည်းတန်တဲ့ ပုံစံနဲ့ ဒီကမ္ဘာပေါ်မှာ ဆက်နေနေရမှာပါ။

အဲ့ဒီလို နေရမယ့်အစား ဝိညာဉ်အစအနတောင် မကျန်အောင် ပျောက်ကွယ်သွားတာကမှ ပိုကောင်းပါဦးမည်။

ဒါက တကယ့်ကို ကြီးမားလှတဲ့ ကျေးဇူးတရားတစ်ခုပါ။

ဒါပေမဲ့ ဒီတာအိုဆရာလေးက တကယ်ကို ဒေါသထွက်ဖို့ ကောင်းလွန်းသည်။

အစောပိုင်းက မြားတွေနဲ့ တရစပ် ပစ်ခဲ့သလို၊ နောက်ပိုင်းမှာလည်း သူမကို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သည်။

အခုလည်း သူမရဲ့ အမှတ်အသားကို ဖယ်ရှားပစ်လိုက်တာ သူပဲ ဖြစ်ဖို့ များပါသည်။

"ဟင်း... ယောကျ်ားတွေ"

ဝတ်စုံနီမလေးက သက်ပြင်းတစ်ချက် ချလိုက်သည်။

သူမရဲ့ စိတ်ထဲမှာ အတိတ်က ကိစ္စတွေကို သတိရသွားပုံရသည်။

တကယ်လို့ ယောကျ်ားတွေကြောင့်သာ မဟုတ်ရင် သူမတို့ မျိုးနွယ်စုဟာ အခုလို အခြေအနေမျိုးအထိ ရောက်လာမှာ မဟုတ်ပါဘူး။

အခုဆိုရင် သူမဟာ သူမတို့မျိုးနွယ်စုရဲ့ နောက်ဆုံးသောသူ ဖြစ်နေလောက်ပါပြီ။

ဝတ်စုံနီမလေးဟာ လီယန်ချူအပေါ်မှာတော့ ရှုပ်ထွေးတဲ့ ခံစားချက် ရှိနေပေမဲ့၊ ရှေ့က နက်မှောင်တဲ့ ချပ်ဝတ်စစ်သူရဲအပေါ်မှာတော့ ခံစားချက်က ရှင်းနေပါသည်။

"သေရမယ့် ခွေးကောင်၊ ငါ့ရဲ့ အင်အားတွေ ပြန်ပြည့်လာတဲ့နေ့ကျရင် နင့်ကို ပထမဆုံး သတ်ပစ်မယ် "

လီယန်ချူက သူမကို ဒဏ်ရာတွေ အများကြီး ပေးခဲ့လို့ သူမ ရင်ထဲမှာ အောင့်နေပေမဲ့၊ သူမကတော့ အဲ့ဒီဒေါသတွေကို ရှေ့က စစ်သူရဲအပေါ်မှာပဲ ပုံအောပြီး ပေါက်ကွဲပစ်လိုက်ပါတော့တယ်။

ဒီစစ်သူရဲသာ စကားပြောတတ်ရင်တော့ သူမကို ပြန်ဆဲနေမှာ အသေအချာပါပဲ။

ထိုအချိန်တွင် ဝတ်စုံနီမလေးသည် အသူရာ မိစ္ဆာဓားကို စီးနင်းလိုက်ပြီး အနီရောင်အလင်းတန်းတစ်ခုအဖြစ် စစ်သူရဲရှိရာမှ ဝေးရာသို့ ပျံထွက်သွားပါတော့သည်။

သူမသည် သွေးလမင်း၏ အလင်းရောင်ကို အားရပါးရ စုပ်ယူပြီး သူမ၏ အင်အားများကို ပြန်လည်ဖြည့်တင်းနေသည်။

ဒါပေမဲ့ ဒီသွေးလမင်းရဲ့ အလင်းတွေကို ဟိုစစ်သူရဲက ပိုပြီးတော့တောင် စုပ်ယူနေတာက ပိုပြီး ဒေါသထွက်စရာ ကောင်းနေပြန်သည်။

ပိုပြီး ဒေါသထွက်ဖို့ ကောင်းတာကတော့... သူမ တိုက်ခိုက်နေတုန်းမှာတောင် အဲ့ဒီစစ်သူရဲရဲ့ ရင်ဘတ်ပေါ်က ပါးစပ်ကြီးက သွေးလမင်းရဲ့ စွမ်းအားကို မရပ်မနား ဝါးမြိုနေခဲ့တာကို သူမ သတိထားမိလိုက်တာပါပဲ။

ဆိုလိုတာက အခုနကတည်းက သူက တစ်ချက်ကလေးမှ မနားခဲ့ဘူးပေါ့။

ဝုန်းးးဝုန်းးး

အနီရောင်အလင်းတစ်ခုနှင့် အနက်ရောင်အလင်းတစ်ခုတို့သည် မြို့ကလေးထဲတွင် အပြန်အလှန် မရပ်မနား တိုက်ခိုက်နေကြသည်။

ဒါတွေက တခြားနေရာတွေကို သိပ်ပြီး မထိခိုက်စေပေမဲ့၊ ဘေးပတ်ပတ်လည်က ကြောက်စရာကောင်းတဲ့ တောင်ကြီးတွေထဲမှာတော့ နီရဲနေတဲ့ မျက်လုံးအစုံပေါင်းများစွာ ပွင့်လာပါတော့တယ်။

တောင်ကြီးတစ်လုံးလို ထွားကျိုင်းလှတဲ့ ဘီလူးကြီးတစ်ယောက်ဟာ တောင်ထဲကနေ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာပါတယ်။

သူက ဒီပေါက်ကွဲသံတွေကြောင့် ထွက်လာတာ မဟုတ်ပါဘူး။

အစောပိုင်းက ပေါက်ကွဲသံတွေက ပိုပြီးတောင် ကျယ်ပါသေးတယ်။

သူ ထွက်လာရတဲ့ အကြောင်းရင်းကတော့ ဒီမြို့ကလေးထဲမှာ သွေးလမင်းရဲ့ အလင်းကို စုပ်ယူနေတဲ့သူ ရှိနေတာကို ခံစားမိလိုက်လို့ပါ။

ဒါက သူ့ရဲ့ မျက်လုံးတွေထဲမှာ လောဘရိပ်တွေ ယှက်သန်းသွားစေသလို၊ အမျက်ဒေါသလည်း ထွက်ပေါ်လာစေပါတယ်။

ဒီဘီလူးကြီးရဲ့ မျက်နှာမှာ မျက်လုံးတစ်လုံးတည်းသာ ပါရှိပြီး၊ တစ်ကိုယ်လုံးက ရွှေဝါရောင် သန်းနေကာ အမွှေးအမျှင် တစ်ပင်မှ မရှိပါဘူး။

ကြည့်ရုံနဲ့တင် သူ၏ အရှိန်အဝါမှာ တကယ်ကို ထိတ်လန့်စရာ ကောင်းလှပါတော့သည်။

အခန်း (၄၉၀) - နှစ်ကာလများကြားမှ မြူနှင်းများ၊ ရှေးဟောင်းမျိုးစိတ်များ ၊ ဆံပင်နှစ်ဖက်စည်ထားသူလေးမှာ ပြဿနာရှိနေတာလား

ဝုန်းးး ဝုန်းးး သူ မြေပြင်ပေါ် လမ်းလျှောက်လိုက်တိုင်း မြေကမ္ဘာတစ်ခုလုံး တုန်ဟည်းလှုပ်ခါသွားတော့သည်။

ရွှေစင်ကို ဖောက်ထွင်းပြီး ကျောက်ဆောင်ကို အက်ကွဲစေနိုင်လောက်သည့် စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ကောင်းကင်ယံကြီးမှာ ရုတ်ချည်းဆိုသလို မှောင်မိုက်အုံ့မှိုင်းသွားတော့သည်။

ရက်စက်ကြမ်းကြုတ်သော ငှက်ကြီးတစ်ကောင်သည်လည်း ဘေးပတ်ဝန်းကျင်ရှိ တောင်ကြီးများထဲမှ ပျံသန်းထွက်လာခဲ့သည်။

၎င်း၏ တောင်ပံများမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်အောင်ပင် ကြီးမားလှပေသည်။

တောင်နက်ပိုင်းရှိ ရေကန်ကြီးထဲမှလည်း ကျောက်နဂါး တစ်ကောင်သည် တွားသွားထွက်လာပြီး မြို့ကလေးရှိရာသို့ ပျံသန်းသွားတော့သည်။

ထိုမြို့ကလေးသည် နဂိုကပင် ဆန်းကြယ်ပြီး သီးခြားဖြစ်နေသော ဟင်းလင်းပြင်တစ်ခု ဖြစ်သော်လည်း၊ ယခုအချိန်တွင်မူ ဟင်းလင်းပြင်များစွာနှင့် ဆက်သွယ်သွားသကဲ့သို့ ဖြစ်နေကာ... ကြောက်မက်ဖွယ်ကောင်းလှသော ရှေးဟောင်းခေတ်ကျန် မျိုးစိတ်ကြီးများအား တောင်ကြီးများထဲမှ ဖြည်းဖြည်းချင်း ထွက်လာစေတော့သည်။

ဝတ်စုံနီမလေး၏ မျက်နှာမှာလည်း အကြီးအကျယ် ပျက်ယွင်းသွားရသည်။

"တောက် ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ရှုပ်ထွေးသွားရတာလဲ၊ ဒီရှေးဟောင်းမျိုးစိတ်တွေကိုတောင် ထွက်လာအောင် ဖိအားပေးလိုက်သလို ဖြစ်သွားပြီ "

သူမသည် သူမနောက်မှ လိုက်နေသော နက်မှောင်သည့် ချပ်ဝတ်စစ်သူရဲကို ကြည့်ပြီး ဒေါသထွက်နေမိသည်။

တစ်ဖက်လူက သွေးလမင်း၏ စွမ်းအားကို ဝါးမြိုရင်း သူမကို မလျှော့သောဇွဲဖြင့် လိုက်လံသတ်ဖြတ်နေသောကြောင့် ဖြစ်သည်။

ဝတ်စုံနီမလေးက ရုတ်တရက် အေးစက်စွာ ပြုံးလိုက်ပြီး

"ဘာပဲဖြစ်ဖြစ်... ဒီခေတ်ကြီးမှာ နတ်ဘုရားပုံပြင်တွေ အကုန်လုံး ပြတ်တောက်သွားပြီပဲ၊ ဘာတွေပဲ ဖြစ်လာဖြစ်လာ ဂရုစိုက်မနေတော့ဘူး"

ဒီအမျိုးသမီးကို လူကောင်းတစ်ယောက်လို့တော့ လုံးဝ သတ်မှတ်လို့ မရပါဘူး

လီယန်ချူအပေါ် ထားရှိတဲ့ သူမရဲ့ ရှုပ်ထွေးတဲ့ ခံစားချက်ကတော့... တစ်ဖက်လူက သူမရဲ့ အသက်ကို ကယ်ခဲ့လို့ဖြစ်သလို၊ သူမတို့ မျိုးနွယ်စုက အမျိုးသမီးတွေဟာ ရုပ်ရည်ချောမောပြီး ခန့်ညားထည်ဝါတဲ့ အမျိုးသားတွေကို မြင်ရင် အထူးတလည် သဘောကျတတ်တဲ့ စရိုက်ရှိလို့လည်း ဖြစ်ပါတယ်။

ဒါက သူတို့ရဲ့ အရိုးထဲအထိ စွဲနေတဲ့ ဗီဇတစ်ခုလို့တောင် ပြောလို့ရပါတယ်။

ဝတ်စုံနီမလေးအတွက်တော့ လီယန်ချူဟာ ဒီလောက်အထိ ရုပ်ဖြောင့်ပြီး ခန့်ညားတဲ့ အရှိန်အဝါရှိတဲ့ အမျိုးသားမျိုးကို ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။

ထို့ကြောင့် တစ်နည်းအားဖြင့် ပြောရလျှင် လီယန်ချူအပေါ် သူမ ပြုမူခဲ့သည့် အပြုအမူများမှာ သူမ၏ စိတ်ခံစားချက် သက်သက်ကြောင့်တင် မဟုတ်ဘဲ၊ သူမ၏ ဗီဇအသိစိတ်ကပါ မောင်းနှင်နေခြင်း ဖြစ်သည်။

သူမ၏ အကြည့်များက ထိုတောင်ကြီးဆီသို့ ဦးတည်သွားပြီး၊ မျက်နှာပေးမှာ အေးစက်ခက်ထန်နေသည်။

သူမသည် ထူထပ်လှသော မှောင်မိုက်မှုများကို ဖောက်ထွင်းကြည့်မြင်နေသကဲ့သို့ပင်၊ ထိုမှောင်မိုက်မှု နောက်ကွယ်တွင် ဖုံးကွယ်နေသည့် အရာများကို မြင်နေရပုံရသည်။

ထိုအရာများမှာ သူမကိုယ်တိုင်ပင် ထိတ်လန့်ရသော အရာများ ဖြစ်ကြသည်။

သူမတို့ မျိုးနွယ်စု၏ ဘုရင် ပင်လျှင် ထိုအရာများ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရဖူးသည်။

ဒိုင်းးး

သူမနောက်မှ ချပ်ဝတ်စစ်သူရဲက ဓားဖြင့် တစ်ချက် ထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။

ထိုဓားချက်မှာ တကယ့်ကို ပြင်းထန်လှပြီး၊ ပေ ၅၀ ကျော်လောက်ရှိသော မြေကွဲကြောင်းကြီးတစ်ခု ဖြစ်သွားစေသည်။

"နင်က လာပြန်ပြီလား"

ဝတ်စုံနီမလေးက အေးစက်စွာ ဆဲဆိုလိုက်သည်။

'တကယ်ကို ထောင်ယဲ့ ရဲ့ ဝိညာဉ်အကြွင်းအကျန်ကနေ မွေးဖွားလာတဲ့ မျိုးမစစ်ပဲ '

ဝတ်စုံနီမလေးသည် ဝိုင်းရံလာနေသော ကြောက်မက်ဖွယ် ရှေးဟောင်းမျိုးစိတ်များကို ကြည့်လိုက်သည်။

သူမသည် အသူရာ မိစ္ဆာဓားနှင့် ကိုယ်ရောင်ကိုယ်ဝါ ပေါင်းစပ်လိုက်ပြီး ပျံသန်းသည့် အရှိန်ကို မြှင့်တင်လိုက်တော့သည်။

ဤတစ်ကြိမ်တွင် သူမသည် မြို့ထဲသို့ ထွက်ပြေးခြင်း မပြုတော့ဘဲ၊ ကောင်းကင်ယံရှိ ထိုသွေးလမင်းဆီသို့ တိုက်ရိုက် ပျံတက်သွားတော့သည်။

သူမ၏ အမြင်တွင်မူ... သူမသည် နှစ်ရှည်လများ အိပ်စက်ရာမှ နိုးထလာခဲ့ပြီး မိစ္ဆာကောင်ဘဝမှလည်း လွတ်မြောက်ခဲ့ပြီ ဖြစ်ရာ၊ ထိုအရာမှာ သူမတို့ မျိုးနွယ်စု ပြန်လည်နိုးထရန်အတွက် ကောင်းကင်ဘုံက ပေးသနားသည့် အခွင့်အရေးဟု ယူဆထားသဖြင့်၊ အဆုံးအထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

တောင်ကြီးသဖွယ် မြင့်မားသော ဘီလူးကြီး၊ ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ငှက်သားရဲကြီး၊ ကြောက်မက်ဖွယ် အေးစက်လှသော ကျောက်နဂါးကြီးတို့မှာ ထိုအရှိန်အဝါကို ခံစားမိပြီးနောက် အရှိန်အဟုန် မြှင့်လိုက်ကြကာ ဝတ်စုံနီမလေးအား ဖမ်းဆီးရန် ကြိုးစားတော့သည်။

ချပ်ဝတ်စစ်သူရဲမှာလည်း ထို့အတူပင်

ခဏချင်းမှာပင်... ကောင်းကင်နှင့် မြေကြီး ပြိုကျပျက်စီးတော့မည့် ခံစားချက်မျိုး ပေါ်ပေါက်လာတော့သည်။

သို့သော် ဤအရာအားလုံးမှာ သာမန်မြို့ကလေးတစ်မြို့ပေါ်တွင်သာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

အစောပိုင်းက ရှစ်ထောင့်မျှော်စင် ထဲမှ အရိပ်မည်း ခံစားမိခဲ့သည့် အရာမှာ လုံးဝ မမှားခဲ့ပေ။

သို့သော် သူသည် ရှစ်ထောင့်မျှော်စင်ကိုယ်တိုင်က မွေးဖွားပေးလိုက်သည့် ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်ပြီး ကန့်သတ်ချက်များစွာ ရှိနေသဖြင့်၊ သူသည် ဤမြို့ကလေးအကြောင်းကို ဝတ်စုံနီမလေးလောက်တောင် သိချင်မှ သိပါလိမ့်မည်။

ဒါပေမဲ့ သူ မြင်တာ မမှားတဲ့ အချက်တစ်ခုကတော့ ဒီမြို့ကလေးမှာ သူ မထိန်းချုပ်နိုင်တဲ့ တားမြစ်ချက် တွေ အများကြီး ရှိနေတာပါပဲ။

ခြောက်ဝိညာဉ်အလံ ရဲ့ စွမ်းပကားကလည်း သူ စိတ်ကူးယဉ်နိုင်တဲ့ အဆင့်မှာ မရှိပါဘူး။

ဒီဘက်တွင်တော့ လီယန်ချူသည် အနီးအနားမှာ စောင့်နေတဲ့ ကျောက်ချန်း ကို ရှာတွေ့သွားပြီး ဖြစ်ကြောင်းအစုံအလင်ကို ပြောပြလိုက်သည်။

ကျောက်ချန်းမှာ နားထောင်ပြီးနောက် တစ်ကိုယ်လုံး မှင်တက်သွားရသည်။

လီတာအိုဆရာတောင် အထဲမှာ ပိတ်မိလုနီးပါး ဖြစ်ခဲ့တယ်တဲ့လား။

ဒီနေရာရဲ့ အန္တရာယ်ရှိမှု အဆင့်အတန်းက သူ့ကို တကယ်ပဲ အံ့အားသင့်စေပါတယ်။

သူ့အမြင်မှာတော့ လီယန်ချူဆိုတာ နဂါးပြတ်လိုဏ်ဂူ လိုမျိုး အလွန်ကြောက်စရာကောင်းတဲ့ နေရာမှာတောင် သရဲမိစ္ဆာတွေကို ငိုယိုအောင် သတ်ဖြတ်နိုင်တဲ့ လောကီနတ်ဘုရားတစ်ပါးပါ။

ဒီလိုလူမျိုးက သာမန်သရဲခြောက်တဲ့ ဘိုးဘွားခန်းမထဲကို သွားရင်းနဲ့တောင် အထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ် ဆိုတာကတော့။

"လီတာအိုဆရာ... စိတ်ချပါ။ ကျနော် အခုပဲ လူလွှတ်ပြီး ဒီပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်ပါ့မယ်၊ လူစိမ်းတစ်ယောက်မှ အထဲကို ပေးမဝင်စေရဘူး "

ကျောက်ချန်းက ပြောလိုက်သည်။

လီယန်ချူက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

သူ တကယ်ပဲ စိတ်ပင်ပန်းနေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ သူ့ရဲ့ စွမ်းအားကို မြှင့်တင်ဖို့အတွက် ပိုပြီး အရေးတကြီး လိုအပ်နေပြီဆိုတာကိုလည်း ခံစားလိုက်ရသည်။

သူ့ရဲ့ လက်ရှိ ကျင့်စဉ်က ယင်ဝိညာဉ် ရဲ့ အထွတ်အထိပ် အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ သွေးချီစွမ်းအားကတော့ အလွန်တရာ ပြင်းထန်လှပါတယ်။

အစောပိုင်းကတည်းက တည်ဆောက်ခဲ့တဲ့ ခိုင်မာတဲ့ အုတ်မြစ်နဲ့ နောက်ပိုင်းမှာ မြွေနဂါးကြီး ဆီက ရခဲ့တဲ့ သွေးချီဆေးလုံး ရဲ့ အကူအညီကြောင့် တတိယအဆင့် နဲ့ ယှဉ်နိုင်တဲ့ အခြေအနေကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တာပါ။

အစွမ်းထက်တဲ့ ရတနာတွေလည်း အစုံအလင် ရှိနေတာကြောင့်... ဒီလောကကြီးမှာ သူ မသွားရဲတဲ့ နေရာမရှိဘူးလို့ အရင်က ထင်ခဲ့မိတာပါ။

နတ်ဘုရားပုံပြင်တွေထဲက နတ်ဘုရားတွေ၊ နတ်စင်တွေ ရှိနေရင်တောင်မှ သူ့အတွက် ကြိုးစားစရာ ပန်းတိုင်တစ်ခုလို့ပဲ သဘောထားခဲ့ပြီး၊ ဘယ်တုန်းကမှ ကြောက်ရွံ့ရိုသေစိတ် မရှိခဲ့ပါဘူး။

ဒါပေမဲ့ ဒီတစ်ခါမှာတော့... ဒီသာမန်မြို့ကလေးက သူ့ကို အားရှိပေမဲ့ ထုတ်သုံးလို့မရတဲ့ ခံစားချက်မျိုး ပေးခဲ့ပါတယ်။

'ကံကောင်းလို့ ဒီမြို့ကလေးထဲမှာ မိစ္ဆာတွေကို သတ်ရင် ကျင့်စဉ်အဆင့်တစ်ခုကို ပြန်ရနိုင်တာ၊ မဟုတ်ရင်တော့ ဒီထက်ပိုတဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းနိုင်မှာ မဟုတ်ဘူး '

လီယန်ချူ၏ စိတ်ထဲတွင်မူ ထိုမြို့ကလေး၏ လျှို့ဝှက်ချက်များအနက် သူ သိလိုက်ရသည်မှာ အစိတ်အပိုင်း အနည်းငယ်မျှသာ ရှိဦးမည်ဟု ယူဆထားသည်။

သူ့မှာ ဝေဝါးတဲ့ ခံစားချက်တစ်ခု ရှိနေတာကတော့ တကယ်လို့ ဒီမြို့ကလေးရဲ့ လျှို့ဝှက်ချက်ကို အကုန်ဖော်ထုတ်နိုင်ရင်၊ အတိတ်က နတ်ဘုရားပုံပြင်တွေ ဘာကြောင့် ပြတ်တောက်သွားရသလဲဆိုတဲ့ အစစ်အမှန် အကြောင်းရင်းကိုတောင် သိနိုင်လိမ့်မယ်လို့ပါ။

ဒါဟာ နတ်ဘုရားနယ်မြေ တွေ ပျက်စီးသွားတာနဲ့လည်း အကြီးအကျယ် ပတ်သက်နေနိုင်ပါတယ်။

'ကြိုးစားပြီး ကျင့်ကြံရမယ်၊ တတိယအဆင့်ကို အမြန်ဆုံး ချိုးဖောက်နိုင်ဖို့၊ အဲ့ဒီနောက်မှာ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်ပေါ့'

လီယန်ချူသည် မိမိကိုယ်ကိုယ် ပန်းတိုင်အသေးလေးတစ်ခု သတ်မှတ်လိုက်သည်။

ဟုတ်ပါတယ်၊ လက်ရှိမှာတော့ သူနဲ့ ဒီပန်းတိုင်ကြားက ကွာဟချက်က နည်းနည်းလေး ပဲ ရှိပါသေးတယ်။

လူတိုင်းသည် ဝေမြို့ သို့ အမြန်ပြန်လာခဲ့ကြသည်။

ဘုန်းကြီး သုံးယောက်မှာ ထိုက်ဖင်တည်းခိုခန်း မှာ တည်းခိုကြသည်။

ထိုဝမ်းကွဲ ညီအစ်ကိုနှစ်ယောက်မှာ ဒီလိုကိစ္စမျိုးကို ခုမှ ကြုံဖူးတာကြောင့် လီယန်ချူနဲ့ ရင်းနှီးအောင် ပေါင်းထားချင်ကြတာပါ။

ကျိချင်း ဘုန်းကြီး ကတော့ လီယန်ချူလိုမျိုး ကျင့်စဉ်နက်နဲလှတဲ့ နတ်ဘုရားလို ပုဂ္ဂိုလ်မျိုးဆီကနေ သင်ယူစရာတွေ ရှိတယ်လို့ ယူဆထားသဖြင့်၊ အနီးကပ် လေ့လာချင်နေတာ ဖြစ်သည်။

လီယန်ချူကတော့ ဒါကို ဘာမှ ကန့်ကွက်ခြင်း မရှိပါဘူး။

မကြာခင်မှာ သူဟာ လင်းရှီး ဘုရားကျောင်း ကို သွားပြီး ဟွေ့ကျိန်း ဆရာတော်ရဲ့ ကျောင်းထိုင်ဆရာတော် တင်မြှောက်ပွဲကို တက်ရောက်ရမှာ ဖြစ်ရာ၊ အသက်ဘေးက လွတ်လာတဲ့ ဒီဘုန်းကြီး ညီအစ်ကိုနှစ်ယောက်နဲ့ အတူတူ သွားလို့ရတာပေါ့။

ဆံပင်နှစ်ဖက်စည်းထားတဲ့ လျူကျွင်း ကိုလည်း သူနဲ့အတူ ခေါ်လာခဲ့သည်။

လျူကျွင်း ကိုယ်တိုင်ကတော့ အရမ်းပျော်နေပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီလောက်ရုပ်ချောပြီး နတ်ဘုရားလို အစွမ်းမျိုးရှိတဲ့ တာအိုဆရာလေးကို ဘယ်သူက မနှစ်သက်ဘဲ နေမှာလဲ။

ဒါပေမဲ့ လီယန်ချူမှာတော့ တခြား ဘာအကြံအစည်မှ မရှိပါဘူး။

သူက ဒီဆံပင်နှစ်ဖက်စည်းမလေးကို စိတ်ဝင်စားနေတာ မဟုတ်ပါဘူး။

အဲ... ဟုတ်ပါပြီ၊ ယောကျ်ားအများစုကတော့ ဆံပင်နှစ်ဖက်စည်းထားတာကို ကြိုက်ကြတာပေါ့၊ ထိန်းချုပ်ရ လွယ်ကူတာကိုး။

သူ လျူကျွင်းကို ခေါ်လာရတဲ့ အကြောင်းရင်းက တစ်ခုတည်းပါ။

အစောပိုင်းက ရှစ်ခွင်မှန်က နတ်ဘုရားအလင်းနဲ့ လျူကျွင်းကို ဖုံးလွှမ်းခဲ့တာဟာ သူမမှာ ပြဿနာရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒါပေမဲ့ ဘာပြဿနာလဲဆိုတာကိုတော့ ရှစ်ခွင်မှန်က အချက်အလက် မပေးခဲ့ပါဘူး။

ဒီအချက်က လီယန်ချူကို သတိကြီးကြီး ထားမိစေပါတယ်။

အခုဆိုရင် ရှစ်ခွင်မှန်ဟာ အရင်လို မဟုတ်တော့ဘဲ ကုသိုလ်မှတ် တစ်သိန်းနဲ့ အဆင့်မြှင့်ထားတဲ့ ရတနာ ဖြစ်နေပါပြီ။

ရှေ့က ဆန်းကြယ်တဲ့ မြို့ကလေးထဲမှာသာ သူ ရှစ်ခွင်မှန်ကို အတင်းအကျပ် ထုတ်သုံးခဲ့ရင် လက်တွေ့ကမ္ဘာကို တန်းပြန်ရောက်နိုင်လောက်အောင်ကို အစွမ်းထက်နေတာပါ။

ကျန်းဝေဆိုတာ သာမန်လူ မဟုတ်ပါဘူး၊ ကျင့်ကြံသူ မိသားစုက ဆင်းသက်လာတဲ့သူပါ။

ဒါတောင် သူ့ကိုယ်ပေါ်က အမှတ်အသားတွေကို သူကိုယ်တိုင်ရော၊ သူ့မိသားစုကပါ မရိပ်မိခဲ့ကြဘူး။

ဒါပေမဲ့ ရှစ်ခွင်မှန်ကတော့ တိုက်ရိုက် ထိုးပြနိုင်ခဲ့ပါတယ်။

ဒါဟာ ရှစ်ခွင်မှန်ရဲ့ စူးစမ်းနိုင်စွမ်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ သက်သေပြနေတာပါ။

ဒါတောင်မှ... ရှစ်ခွင်မှန်ဟာ လျူကျွင်းကိုယ်ပေါ်က ပြဿနာကို အတိအကျ မဖော်ပြနိုင်သေးဘူး ဆိုရင်တော့... ဒါက တကယ့်ကို တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းနေပါပြီ။

သူမကို အနီးမှာ ခေါ်ထားတာကလည်း... နောက်ကွယ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ချင်လို့ပဲ ဖြစ်ပါတော့သည်။

All Chapters