← Chapters

တာဝန်ဝတ္တရား

Vol. 16 Ch. 154

တာဝန်ဝတ္တရား

Vol. 16 Ch. 154

နျိုနျို၏ မျက်နှာပေါ်တွင် မည်သည့် မကျေနပ်မှု အရိပ်အယောင်မျှ မရှိဘဲ ပြုံးလျက် ပြန်ပြောလိုက်၏။

“ဘာလို့ သဘောမတူဘဲ နေမှာလဲဟင်... အဒေါ်လျူ က အလုပ်တွေ အများကြီး ကူလုပ်ပေးတာလေ... သူက ဒီပိုက်ဆံတွေနဲ့ ထိုက်တန်ပါတယ်...”

အဖွားကုသည် ထိုစကားကို ကြားသောအခါမှ သူမသည် လူဆိုး အဖြစ်ခံကာ မေးမိခြင်း ဖြစ်မှန်း သိလိုက်ရတော့၏။ သူမသည် အဖြေကို ရှင်းလင်းစွာ သိလိုက်ရသဖြင့် ထိုကိစ္စကို ဆက်လက် မတွေးတောတော့ရန် ဆုံးဖြတ်လိုက်လေသည်။

သူမသည် ခြံထဲရှိ ကြက်ခြံသို့ ပြေးသွားကာ အဝါရောင် ကြက်မ တစ်ကောင်ကို ဖမ်းဆွဲလိုက်၏။

ကြက်မကို ဖမ်းလိုက်သည်နှင့် နွေးနွေးထွေးထွေး ရှိနေသော ကြက်ဥတစ်လုံးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

“ထားလိုက်ပါတော့... နောက်တစ်ကောင်ပဲ ပြောင်းဖမ်းတော့မယ်... နင့်ရဲ့ ကံပဲပေါ့...”

ကြက်မမှာ ဥ ဥ နေဆဲ ဖြစ်သည်ကို မြင်သောအခါ အဖွားကုက ဆဲဆိုရင်း အခြားတစ်ကောင်ကို ထပ်မံ ဖမ်းဆွဲလိုက်ပြန်၏။

သူမသည် ထိုကြက်မ ဥ မ ဥ ကိုပါ သေချာ စောင့်ကြည့်နေသေးပေသည်။ အချိန်အတော်ကြာသည့်တိုင်အောင် ထိုကြက်မမှာ ဥ မထွက်လာချေ။

“အသုံးမကျတဲ့ဟာ... ဥတောင် မ ဥ နိုင်ဘဲနဲ့... နင့်ကို မသတ်လို့ ဘယ်သူ့ သတ်ရမှာလဲ...”

အဖွားကုက ကျိန်ဆဲလိုက်လေသည်။

ကြက်မကို သတ်ပြီးစ အချိန်မှာပင် ကုမိသားစု အိမ်ရှေ့မှ တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။

စွန်းမိသားစုမှ အလုပ်အကျွေးပြုသူ နှစ်ဦးနှင့်အတူ ရောက်ရှိလာခြင်း ဖြစ်ပေသည်။ စွန်းကျားရှင်းသည် နျိုနျို ကတိမေ့သွားမှာကို စိုးရိမ်သဖြင့် သူမအား လာရောက် ခေါ်ဆောင်ခိုင်းလိုက်ခြင်း ပင်။

“လူကြီးမင်းကု... ကျွန်မတို့ သခင်ကြီးက နောက်လမှာ မိသားစု နှစ်ခုစလုံး မြို့တော်ကို သွားကြမယ်လို့ ပြောလိုက်ပါတယ်... အခု သခင်မလေးကို လာခေါ်တာကတော့... လမ်းမှာ အတူတူ သွားကြဖို့အတွက်ပါ...”

အဒေါ်ဝမ် ဟု မိမိကိုယ်ကိုယ် မိတ်ဆက်သော အစေခံက ရိုသေစွာ ပြောဆိုလေသည်။

ကုမင်တာ့သည် မခွဲနိုင်သော်လည်း၊ ဆုံးဖြတ်ချက်မှာ နျိုနျိုအပေါ်တွင်သာ မူတည်ကြောင်း သိထားသဖြင့် သူမအား မျှော်လင့်တကြီး စိုက်ကြည့်နေမိ၏။

နျိုနျိုက ခေါင်းမော့ကာ ပြောလိုက်သည်။

“ဒီကိစ္စကို အဖေစွန်း နဲ့ ဖေဖေ တို့ တိုင်ပင်ထားကြတာလေ... ဒါပေမဲ့ ခဏတော့ စောင့်ပေးပါဦးနော်... သမီး သူငယ်ချင်းတွေကို သွားပြီး နှုတ်ဆက်ချင်လို့ပါ...”

အဒေါ်ဝမ် သည် မထွက်ခွာမီက စွန်းကျားရှင်းတို့ လင်မယားထံမှ နျိုနျိုအား သေချာပေါက် ခေါ်လာခဲ့ရန် မှာကြားချက် ရရှိထားသူ ဖြစ်ပေသည်။ ယခုအခါ နျိုနျိုက သဘောတူလိုက်ပြီ ဖြစ်သဖြင့် သူမသည် အလွန် ဝမ်းသာသွားရလေတော့သည်။

နျိုနျိုကို ကုမင်တာ့က လော်မိသားစုထံသို့ အရင် ခေါ်သွားပေးလေသည်။

လော်ကျန်းသည် နျိုနျို ကျန်းကျိုးပြည်နယ်မှ ပြန်လာလျှင် စာအတူတူ ဆက်သင်ရလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ နှုတ်ဆက်ရမည့် အချိန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“နောက်မှ သွားလို့ မရဘူးလားဟင်... ဘယ်လိုပဲဖြစ်ဖြစ် တို့တွေအားလုံး မြို့တော်ကို သွားကြမှာပဲလေ... အတူတူ သွားကြတာပေါ့...”

လော်ကျန်းက နျိုနျို၏ လက်ကို ဆွဲကာ ပြောလိုက်၏။

နျိုနျိုက ခေါင်းခါလိုက်သည်။

“ဖေဖေ ပြောတယ်လေ... လူဆိုတာ ကတိတည်ရမယ်တဲ့... သမီး အဖေစွန်း ကို ကတိပေးထားပြီးသားဆိုတော့... ကတိမဖျက်ချင်ပါဘူး...”

လော်ကျန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။

“နင် မရှိတော့ရင်... ငါ တစ်ယောက်တည်း စာဖတ်ရတာ အရမ်း ပျင်းစရာ ကောင်းတော့မှာပဲ...”

ဘေးနားမှ ဖန့်ယွမ် က ထိုစကားကို ကြားသောအခါ သူ၏ ခေါင်းနောက်ကို ကုတ်ကာ ညင်သာစွာ ပြောလိုက်၏။

“အန်းကျန်း... ငါလည်း မင်းနဲ့အတူ ရှိနေတာပဲလေ...”

လော်ကျန်းသည် ဖန့်ယွမ်အား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဘေးမှ စာအုပ်တစ်အုပ်ကို ယူကာ စာလုံးတစ်ခုကို ညွှန်ပြ၍ မေးလိုက်လေသည်။

“ဒါ ဘာစာလုံးလဲ သိလား...”

ဖန့်ယွမ်မှာမူ ချက်ချင်းပင် မျက်နှာပျက်သွားပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိ၏။

နျိုနျိုက ရှေ့သို့ တိုးကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ဒါက 'ငတုံး' ဆိုတဲ့ စာလုံးလေ...”

ဖန့်ယွမ်သည် တကယ်ပင် အူတူတူနိုင်လှပေသည်။ သူသည် နျိုနျို ပြောပြမှ သဘောပေါက်သွားပြီး လော်ကျန်းအား ကြည့်ကာ ပြောလိုက်၏။

“အန်းကျန်း... မင်းမှာ လူကို ဆဲဖို့ နည်းလမ်းတွေ အများကြီး ရှိနေပြီပဲနော်...”

လော်ကျန်းမှာမူ မခံမရပ်နိုင် ဖြစ်သွားရ၏။ သူသည် တကယ်တမ်းတွင် စာလုံး အခက်ကြီးကို ရွေးပြီး စမ်းသပ်လိုက်ခြင်းသာ ဖြစ်ပေသည်။

“ဒါပေမဲ့ ကိစ္စမရှိပါဘူး... ငါ ငတုံးဖြစ်လည်း ဖြစ်ပါစေပေါ့... အန်းကျန်း သာ ဉာဏ်ကောင်းနေရင် ပြီးတာပါပဲ... ငါက အန်းကျန်း ပြောတာကိုပဲ နားထောင်မှာဆိုတော့... ဘာမှ အမှားရှိမှာ မဟုတ်ပါဘူး...”

ဖန့်ယွမ်က အူတူတူ ပုံစံဖြင့် ပြန်ပြောလိုက်လေသည်။

လော်ကျန်းသည် ဖန့်ယွမ်အား စိုက်ကြည့်လိုက်သော်လည်း ဖန့်ယွမ်မှာမူ ဘာမှ မသိသလိုပင် လော်ကျန်းနှင့် နျိုနျိုအား ပြုံးကြည့်နေမိလေသည်။

နျိုနျိုသည် လက်ဆောင် နှစ်ခုကို ထုတ်ပေးလိုက်၏။ ၎င်းတို့မှာ သူမ ကိုယ်တိုင် လုပ်ထားသော ကြိုးထုံးလေးများ ဖြစ်ပေသည်။

“ဒါက မေမေ သင်ပေးထားတာလေ... လက်ရာက သိပ်မကောင်းပေမဲ့... ကိုကိုတို့ သဘောမကျရင်တော့ တခြားလူကို ပေးလိုက်ပေါ့နော်...”

နျိုနျိုက ရှက်ကိုးရှက်ကန်း ပြောလိုက်လေသည်။

သူမသည် ငယ်သေးသဖြင့် သူမ၏ လက်ရာမှာ သေချာပေါက် မသေသပ်လှသည်မှာ မှန်ပေသည်။

လော်ကျန်းသည် ထိုကြိုးထုံးလေးကို မြင်မြင်ချင်း သဘောကျသွားပြီး သူ၏ ခါးတွင် ချိတ်ထားသော ကျောက်စိမ်းဆွဲပြားမှ ကြိုးထုံးကို ဖြုတ်ကာ နျိုနျို ပေးသော ကြိုးထုံးနှင့် ချက်ချင်း လဲလှယ်လိုက်လေသည်။

“အရမ်း လှတာပဲ... ငါ့ကို ကြိုးထုံး လက်ဆောင်ပေးတာ ဒါ ပထမဆုံးပဲလေ...”

လော်ကျန်းက ပြုံးလျက် ပြောလိုက်၏။

ဖန့်ယွမ် သည်လည်း လက်ဆောင်ကို ဂရုတစိုက် သိမ်းဆည်းလိုက်သော်လည်း သူ၏ အူတူတူ စရိုက်အတိုင်း ဆက်ပြောလိုက်ပြန်သည်။

“အန်းကျန်း... မင်း အရင်က သုံးတဲ့ ကြိုးထုံးကို ဟိုင်ထန် အစ်မလေး လုပ်ပေးတာ မဟုတ်ဘူးလားဟင်...”

ဟိုင်ထန် မှာ လော်ကျန်း၏ အစေခံမလေး တစ်ဦး ဖြစ်ပေသည်။

လော်ကျန်းသည် ထိုစကားကြောင့် ဒေါသထွက်သွားပြီး ပြောလိုက်၏။

“အစေခံက ကြိုးထုံး လုပ်ပေးတာဟာ သူ့ရဲ့ တာဝန်လေ... နျိုနျို ပေးတာက လက်ဆောင်လေ... ဒါကို ဘယ်လိုလုပ်ပြီး တူတယ်လို့ ပြောနိုင်မှာလဲဟင်...”

ဖန့်ယွမ်က ခေါင်းခါလိုက်သည်။

“ငါ့ရဲ့ အစေခံကတော့ ငါ့ကို လုပ်မပေးပါဘူး...”

လော်ကျန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။

“သူ့ကို လုပ်ခိုင်းလိုက်လေ...”

ဖန့်ယွမ်သည် သူ၏ ခေါင်းနောက်ကို အကျင့်အတိုင်း ကုတ်လိုက်ပြီး ပြောလိုက်လေသည်။

“ပြောလည်း လုပ်မပေးပါဘူး...”

လော်ကျန်းမှာ ထိုစကားကြောင့် ကြောင်အသွားရရှာ၏။ သူသည် ငယ်သေးသဖြင့် ဤကိစ္စကို နားမလည်နိုင် ဖြစ်နေရသည်။

“ဘာလို့လဲဟင်... အစေခံဆိုတာ သခင် ခိုင်းတာကို လုပ်ရမယ့်သူ မဟုတ်လား... သူ တို့အိမ်က ပိုက်ဆံတွေကို ယူထားပြီးတော့... ဘာလို့ ဒီလောက် ကိစ္စလေးကိုတောင် မလုပ်ပေးနိုင်ရတာလဲဟင်...”

ဖန့်ယွမ်က ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။

“ထားလိုက်ပါတော့... ငါ ဒါတွေကို ထပ်မပြောချင်တော့ပါဘူး... အန်းကျန်း... မင်း သိထားဖို့ကတော့ ဟိုင်ထန် အစ်မလေး က မင်းအပေါ် တကယ် ကောင်းတယ် ဆိုတာပါပဲ...”

လော်ကျန်း၏ စိတ်နေစိတ်ထားမှာ အရာရာကို အလေးအနက် ထားတတ်သူ ဖြစ်ပေသည်။

“ဒီအစေခံက စကားနားမထောင်ဘူးဆိုရင်... နောက်ကျရင် သူ့ကို နှင်ထုတ်ပစ်ရမယ်...”

အနိုင်ကျင့်ခံရသူမှာ ဖန့်ယွမ် ဖြစ်သော်လည်း စိတ်ပျော့သူမှာလည်း ဖန့်ယွမ် ပင် ဖြစ်၏။ သူက လော်ကျန်းအား တားမြစ်လိုက်လေသည်။

“ဒါက ကိစ္စသေးသေးလေးပါ... စိတ်ထဲ ထားမနေပါနဲ့တော့...”

“မင်းကလည်း တို့ လော်မိသားစုရဲ့ သခင်လေး တစ်ယောက်ပဲလေ... ဘာလို့ ဒီလိုမျိုး အနှိမ်ခံနေရတာလဲဟင်...”

လော်ကျန်းက ပြောလိုက်၏။

ဖန့်ယွမ်ကမူ ဘာမှမသိသလို ပြန်ပြောလိုက်လေသည်။

“ငါ့ရဲ့ မျိုးရိုးက ဖန့် လေ...”

လော်ကျန်းမှာမူ ဤငတုံးလေးကြောင့် ဒေါသထွက်လွန်းသဖြင့် သေတော့မည့် အလား ဖြစ်နေရရှာ၏။

သူသည် နျိုနျိုဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

“နျိုနျို... နင်ကကော ဘယ်သူ မှန်တယ်လို့ ထင်လဲဟင်... စကားနားမထောင်တဲ့ အစေခံကို နှင်ထုတ်သင့်တယ် မဟုတ်လား... တို့အိမ်က ပိုက်ဆံကို ယူထားပြီးတော့ တို့အိမ်က လူကို အလေးမထားတာဟာ... လောကမှာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပဲလေ...”

နျိုနျိုမှာမူ ဤကဲ့သို့သော အိမ်တွင်းရေး ကိစ္စများကို နားမလည်သဖြင့် ဘာပြန်ပြောရမှန်း မသိ ဖြစ်နေမိ၏။

ဖန့်ယွမ်ကမူ ဆက်ပြောလိုက်လေသည်။

“အန်းကျန်း... ပိုက်ဆံရတိုင်း အလုပ်လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူး... အလုပ်မလုပ်တဲ့သူကိုလည်း နှင်ထုတ်လို့ မရပါဘူး...”

လော်ကျန်း၏ ခေါင်းပေါ်တွင် သံသယများ ပြည့်နှက်လာပြီး ဖန့်ယွမ် ၏ ဦးနှောက်မှာ တစ်ခုခု ဖြစ်နေသလားဟုပင် ထင်မှတ်နေမိလေသည်။

ဖန့်ယွမ်က ဆက်ပြောလိုက်၏။

“ပညာရှိကု ကလည်း ဆရာကျန်း ကို ပိုက်ဆံတွေ အများကြီး ပိုပေးခဲ့တာပဲလေ... ဒါပေမဲ့ ဆရာက နျိုနျိုကို အခုထိ လျစ်လျူရှုထားတုန်းပဲ မဟုတ်လား...”

လော်ကျန်းသည် နျိုနျိုက ဆရာကျန်းထံတွင် သီးသန့် အကြံဉာဏ် တောင်းခဲ့ဖူးသည်ကို သိထားပေသည်။ ဆရာကမူ သူသည် တိတ်ဆိတ်စွာ နေလိုသူ ဖြစ်သဖြင့် နျိုနျိုကို ဂရုမစိုက်နိုင်ကြောင်း ပြောခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း ကုမင်တာ့က ဆရာ့ထံသို့ ပိုက်ဆံများ တိတ်တဆိတ် သွားပေးခဲ့သည်ဟူသော သတင်းကိုမူ သူ မသိခဲ့ချေ။

“ဆရာကျန်း က ဘယ်လိုလုပ်ပြီး အဲ့လို လုပ်နိုင်ရတာလဲဟင်... ပိုက်ဆံလည်း ယူထားသေးတယ်…”

လော်ကျန်းမှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲတော့မည့် အလား ရှိနေပေသည်။

နျိုနျိုသည်လည်း ကြောင်အသွားရရှာ၏။ သူမ ဆရာကျန်းထံတွင် စာသင်နေစဉ်အတွင်း ပုံမှန်အတိုင်းပဲဟု ထင်ခဲ့သော်လည်း သူမ၏ ဖခင်ဖြစ်သူက ကွယ်ရာတွင် ပိုက်ဆံများ သွားပေးခဲ့လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

“ကိုကိုဖန့်ယွမ်... ကိုကိုပြောတာတွေ အကုန် အမှန်တွေပဲလားဟင်...”

နျိုနျိုက မေးမြန်းလိုက်လေသည်။

ဖန့်ယွမ်က ခေါင်းညိတ်ပြပြီး ပြောလိုက်၏။

“တစ်နေ့လယ်က ငါ အိပ်မပျော်တာနဲ့ ထကြည့်လိုက်တော့... ပညာရှိကု က ဆရာကျန်း ဆီကို ပိုက်ဆံ သွားပေးနေတာ မြင်လိုက်တာလေ... ဆရာ့အနေနဲ့ ကလေးသုံးယောက်စလုံးကို သေချာ လမ်းညွှန်ပေးပါ၊ ကျား၊ မ ခွဲခြားတာမျိုး မရှိဘဲ သမီးလေးကိုလည်း သေချာ သင်ပေးပါလို့ သူကိုယ်တိုင် ပြောနေတာကို ငါ ကြားခဲ့တာပေါ့...”

All Chapters