← Chapters

တစ်လှမ်းတည်းနှင့် ကောင်းကင်ဘုံသို့

Vol. 17 Ch. 161

တစ်လှမ်းတည်းနှင့် ကောင်းကင်ဘုံသို့

Vol. 17 Ch. 161

ဆိုင်ရှင်လော် သည် ညှီနံ့ရသော ကြောင်တစ်ကောင်ကဲ့သို့ပင်။ သူသည် အနံ့ရသည်နှင့် မီးဖိုချောင်ထဲသို့ တိုးဝင်လာသည်။

ကျန်းယွင်နန် က ကျန့်ချွေ့အာ အား အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။

“ဒါက မြို့ထဲက တယ်ရှန့်စားသောက်ဆိုင်ရဲ့ ပိုင်ရှင် ဆိုင်ရှင်လော် ပါ...”

“ဆိုင်ရှင်လော်... ဒါကတော့ ကျွန်မရဲ့ ညီမငယ် ကျန့် ချွေ့အာပါ...”

ကျန်းယွင်နန် က ကျန့်ချွေ့အာ အား မျက်ရိပ်ပြလိုက်၏။

“အချိုရော အငန်ရော တစ်ခွက်စီ ပြင်ပေးလိုက်ပါဦး...”

ကျန့်ချွေ့အာ သည် တိုဖူးနု နှစ်ခွက်ကို အမြန်ပြင်ဆင်ကာ ဆိုင်ရှင်လော် ထံသို့ ပို့ပေးလိုက်သည်။ ကျန်းယွင်နန် သည်လည်း ဗီရိုထဲမှ ပြင်ဆင်ထားသော နှပ်ပဲပြားခြောက်နှင့် ပဲပြားဖောင်းများကို ပန်းကန်ငယ်လေးဖြင့် ထုတ်ပေးလိုက်၏။

ဆိုင်ရှင်လော် သည် အစားအသောက် မက်သူဖြစ်သလို အရသာခံလည်း ကျွမ်းကျင်သူ ဖြစ်ပေသည်။ သူသည် တိုဖူးနု ခွက်ကို ရသည်နှင့် မျက်နှာတစ်ခုလုံး ခွက်ထဲ မြုပ်မတတ် စားလေတော့သည်။

လျူရှောင်ရူ မှာမူ တစ်လှမ်း နောက်ကျခဲ့၏။ သူမသည် ဆိုင်ရှိ နှပ်ဟင်းများ ရောင်းကုန်သည်နှင့် အပြေးအလွှား ရောက်လာခြင်း ဖြစ်သည်။ မီးဖိုချောင်ထဲ ဝင်လိုက်သည်နှင့် လူတိုင်း တိုဖူးနု စားနေကြသည်ကို မြင်ရသဖြင့် သူမက ဘယ်သူ့ကိုမျှ နှုတ်မဆက်တော့ဘဲ အော်ဟစ်လိုက်သည်။

“ကျွန်မ အချိုစားချင်တယ်...”

နျိုနျိုသည် ပါးလေးကို လက်ဖြင့်ထောက်ကာ သူမ၏ နေရာကို တိတ်တဆိတ် ဖယ်ပေးလိုက်၏။ ဆိုင်ရှင်လော် မှာမူ နျိုနျိုထက်ပင် မြန်ဆန်စွာ နှစ်ခွက်စလုံးကို ကုန်အောင် စားလိုက်ချေပြီ။

“အရမ်း စားလို့ကောင်းတာပဲ... ဒါပေမဲ့ ဒီတိုဖူးနုက အိုးထဲက အခုတင် ထွက်လာတာ မဟုတ်ဘူး ထင်တယ်နော်... ဒုတိယအကြိမ် ပြန်နွှေးထားတာ မဟုတ်လား...”

ဆိုင်ရှင်လော် က စူးစမ်းသလို မေးမြန်းလိုက်သည်။

ကျန်းယွင်နန် က ထိုစကားကြောင့် ရယ်မောလိုက်၏။

“ဆိုင်ရှင်လော် က အစားအသောက်မှာ တကယ် နှံ့စပ်တယ်လို့ ကြားဖူးတာ... အခုမှပဲ မျက်မြင်တွေ့တော့တယ်...”

လျူရှောင်ရူ ကလည်း ထမင်းစားတူကို ချကာ ပြောလိုက်သည်။

“ဒီနေ့ ဆိုင်မှာ ပဲပြားခြောက်တွေ အရမ်း ရောင်းကောင်းတယ်လေ... စားသုံးသူတွေက ပဲပြား နှပ်ထားတာကိုလည်း သဘောကျကြတယ်...”

ကျန်းယွင်နန် က လျူရှောင်ရူ အား ရှင်းပြလိုက်၏။

“ညီမငယ် လုပ်ထားတဲ့ ပဲပြားခြောက်နဲ့ ပဲပြား နှစ်ခြင်းထဲက တစ်ခြင်းကိုတော့ နှပ်ဟင်းဆိုင်မှာ ရောင်းလိုက်တယ်... ကျန်တဲ့တစ်ခြင်းကိုတော့ ဆိုင်ရှင်လော် ကို မြည်းခိုင်းမလို့ ချန်ထားတာလေ...”

ဆိုင်ရှင်လော် သည် ပန်းကန်ထဲမှ နှပ်ပဲပြားခြောက် တစ်တုံးကို ယူကာ မြည်းကြည့်ပြီးနောက် ပြောလိုက်သည်။

“ဝါးရတာ တကယ်ကို အိစက်နေတာပဲ... ဒါပေမဲ့ နှပ်ထားတဲ့ အရသာက အရမ်း ပြင်းနေတော့ ပဲပြားရဲ့ မူလအရသာကို သေချာ မသိရဘူး ဖြစ်နေတယ်... သခင်မကု... ပဲပြားခြောက်ကို အဆာသွပ်ပြီး တစ်ခါလောက် ထပ်ကြော်ပေးလို့ ရမလားဟင်...”

ပဲပြားခြောက်ကြော်မှာ လုပ်ရလွယ်ကူသဖြင့် ကျန်းယွင်နန် က အလျင်အမြန်ပင် ကြော်ပေးလိုက်၏။ ဆိုင်ရှင်လော် သည် အနည်းငယ် မြည်းကြည့်ပြီးနောက် ကျေနပ်စွာ ပြောလိုက်သည်။

“ကောင်းတယ်... ပဲပြားခြောက် ဘယ်လောက် ကျန်သေးလဲ... အကုန်လုံးကို ကျွန်တော် ဝယ်မယ်...”

ကျန့်ချွေ့အာ သည် ပဲထုတ်ကုန် နှစ်ခြင်းစာအတွက် ပိုက်ဆံများ ရရှိသောအခါ မျက်နှာတွင် အံ့သြဝမ်းသာမှုများကို မဖုံးဖိနိုင်တော့ပေ။ မူလက သူမသည် မြို့ထဲတွင် စီးပွားရေးလုပ်ရန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်းယခုကဲ့သို့ ပိုက်ဆံများ လွယ်လွယ်ကူကူ ရလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ဆိုင်ရှင်လော် က ထပ်ပြောလိုက်ပြန်သည်။

“တို့ဆိုင်မှာ မနက်စာ မရောင်းတာ နှမြောစရာပဲ... မဟုတ်ရင်တော့ သခင်မကျန့် ကို တို့ဆိုင်မှာ တိုဖူးနု လာရောင်းဖို့ အထူး ဖိတ်ခေါ်မိမှာပေါ့...”

ကျန်းယွင်နန် က ထိုစကားကို ကြားသောအခါ မေးမြန်းလိုက်၏။

“ဆိုင်ရှင်လော်... အကယ်၍ ညီမငယ် က မြို့ထဲမှာ ဆိုင်လေး တစ်ဆိုင် စမ်းဖွင့်မယ် ဆိုရင်ကော ဘယ်လို ထင်လဲဟင်...”

ဆိုင်ရှင်လော် က ပြုံးလျက် ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ အရမ်း ကောင်းတာပေါ့... ကျွန်တော်လည်း နေ့တိုင်း သွားအားပေးရမှာပေါ့ဗျာ...”

လျူရှောင်ရူ ကလည်း ပြုံးလျက် ထောက်ခံလိုက်၏။

“ဆိုင်ရှင်လော် က အဲ့လို ပြောမှတော့... သေချာပေါက် အောင်မြင်မှာပါ...”

ဆိုင်ရှင်လော် က ဆက်ပြောလိုက်ပြန်သည်။

“ပဲပြားခြောက်ကို ဒီလောက် ကောင်းအောင် လုပ်နိုင်ရင်... တိုဖူးကလည်း မဆိုးနိုင်ပါဘူး... မြို့ထဲမှာ တိုဖူးဆိုင် တစ်ဆိုင်လောက် ဖွင့်မယ် ဆိုရင်တော့... အရောင်းအဝယ်ကတော့ သေချာပေါက် ကောင်းမှာပဲလေ...”

ကျန့်ချွေ့အာ က သက်ပြင်းချကာ ပြောလိုက်၏။

“မြို့ထဲမှာ ဆိုင်လခတွေက အရမ်း ဈေးကြီးတာလေ... ကျွန်မတို့ မတတ်နိုင်မှာ စိုးရိမ်လို့ပါ...”

လျူရှောင်ရူ သည် ထိုစကားကြောင့် တက်ကြွသွားပြီး ပြောလိုက်လေသည်။

“မြို့ထဲမှာ ဆိုင်ဖွင့်မယ် ဆိုရင် နေရာကောင်းဖို့ မလိုပါဘူး... အခု တို့တွေ နှပ်ဟင်းရောင်းနေတဲ့ ဆိုင်ကိုပဲ ညီမငယ် လွှဲယူလိုက်ပါလား... ဆိုင်လခကလည်း သက်သာတယ်လေ... ပိုက်ဆံ မရမှာကို စိုးရိမ်စရာ မလိုပါဘူး...”

ကျန့်ချွေ့အာ သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ကုလောဆန်း အား လှည့်ကြည့်လိုက်၏။ ကုလောဆန်း မှာမူ တွန့်ဆုတ်နေပေသည်။ သူသည် တစ်သက်လုံး ကျေးလက်တွင်သာ နေထိုင်ခဲ့သူ ဖြစ်ရာဂဤကဲ့သို့ ကြီးမားသော ဆုံးဖြတ်ချက်မျိုးကို တစ်ခါမျှ မချခဲ့ဖူးသည် မဟုတ်ပါလား။

ကျန့်ချွေ့အာ မှာ ဆိုင်ရှင်လော် နှင့် လျူရှောင်ရူ တို့၏ ရှေ့တွင် ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်သော်လည်း ကုလောဆန်း မှာမူ သူစိမ်းများ မြင်သည်နှင့် ငုံးငယ်တစ်ကောင်ကဲ့သို့ ငြိမ်သက်သွားပြီး စကားတစ်ခွန်းမျှပင် မပြောရဲတော့ပေ။

ကျန့်ချွေ့အာ သည် သူမ၏ ခင်ပွန်းနှင့် အတူနေလာသည်မှာ ကြာပြီဖြစ်ရာ သူ၏ စရိုက်ကို ကောင်းစွာ သိရှိထားပေသည်။ သူမက ပြောလိုက်၏။

“ပညာရှိ လူကြီးမင်းတို့က အဲ့လို ပြောမှတော့... မှားစရာ မရှိပါဘူး... ဒါပေမဲ့ ကျွန်မ တစ်ယောက်တည်း ဆုံးဖြတ်လို့ မရတော့... အိမ်က လူကြီးတွေနဲ့လည်း တိုင်ပင်ရဦးမှာပေါ့...”

လျူရှောင်ရူ ကလည်း အတင်း မတိုက်တွန်းတော့ပေ။ ဘာပဲဖြစ်ဖြစ် ရှေ့တွင် အောင်မြင်နေသော နှပ်ဟင်းဆိုင် ရှိနေသဖြင့် ဆိုင်လခအတွက်မူ စိုးရိမ်စရာ မရှိသည်မှာ အမှန် ပင်။

နျိုနျို တိုဖူးနု စားပြီးသောအခါ လူအုပ်ကြီးမှာ စကားပြောရန် နေရာပြောင်းလိုက်ကြကုန်၏။

ကုလောဆန်း မှာမူ ကျန့်ချွေ့အာ အနားသို့ ကပ်ကာ တိုးတိုးလေး မေးမြန်းလိုက်သည်။

“ချွေ့အာ... တို့တွေ တကယ်ပဲ မြို့ထဲမှာ ဆိုင်ဖွင့်ကြမှာလားဟင်... အစကတော့ ဆိုင်လေး တစ်ဆိုင် အရင် စမ်းကြည့်မယ်လို့ ပြောထားတာ မဟုတ်လား...”

ကျန့်ချွေ့အာ က ခေါင်းညိတ်ပြ၏။

“အားလုံးက ဝိုင်းကူညီချင်နေကြတာလေ... ဆိုင်ကို တန်းပြီး ဖွင့်နိုင်ရင်တော့ အကောင်းဆုံးပေါ့...”

သို့သော်လည်း ကုလောဆန်း မှာမူ သူ၏ အိတ်ကို စမ်းကြည့်ရင်း တစ်ကိုယ်လုံး တုန်ယင်နေမိသည်။

“ချွေ့အာ... တို့ မိသားစုမှာ ပိုက်ဆံက ဒီလောက်လေးပဲ ရှိတာလေ... အကုန် ကုန်သွားရင် ဘယ်လိုလုပ်မလဲဟင်...”

ကျန့်ချွေ့အာ က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“တို့တွေ မနက်ဖြန် မြို့ကို ထပ်လာကြရအောင်လေ...”

“ဘာလာလုပ်မှာလဲဟင်...”

ကုလောဆန်း က နားမလည်သလို မေးမြန်းလိုက်သည်။

ကျန့်ချွေ့အာ က သူမ၏ ပြတ်သားသော စရိုက်အတိုင်း ပြောလိုက်၏။

“တိုဖူးတွေကို တယ်ရှန့်စားသောက်ဆိုင် ဆီ သွားပို့ပေးမလို့လေ...”

“အလကား ပေးမှာလားဟင်...”

ကုလောဆန်း မှာမူ နှမြောတသ ဖြစ်နေရှာသည်။

ကျန့်ချွေ့အာ က ပြောလိုက်လေသည်။

“သားရဲကို ဖမ်းချင်ရင်တော့ အစာ

နည်းနည်းလောက်တော့ ရင်းရမှာပေါ့... ဆိုင်ရှင်လော် သာ သဘောကျသွားရင်... သူ့ကို ထပ်ပြီး ညှိလို့ ရတာပဲလေ... တို့ တိုဖူးကို အမြဲတမ်း ဝယ်မယ့် ဆိုင်တစ်ဆိုင် ရှိနေရင်တော့... ဆိုင်လခအတွက် ပူစရာ မလိုတော့ဘူးပေါ့... ကျန်တဲ့ တိုဖူးတွေကို ရောင်းရတာကတော့ အမြတ် သက်သက်ပဲပေါ့လေ...”

ကျန့်ချွေ့အာ သည် တွေးလေလေ ဤစီးပွားရေးမှာ လုပ်သင့်သည်ဟု ခံစားရလေလေ ပင်။ သို့သော်လည်း သူမသည် စဉ်းစားလေလေ ယုံကြည်မှု နည်းလာလေလေ ဖြစ်နေရ၏။ သူမသည် ပန်းကန်များ ဆေးကြောနေစဉ် ခင်ပွန်းဖြစ်သူမှာ ခဏချင်းအတွင်း ပျောက်ကွယ်သွားပြီး အဘွားကု အား သွားရောက် ရှာဖွေနေသည်ကို သတိမပြုမိခဲ့ချေ။

“အမေ...”

အဘွားကု သည် ကြက်စာများကို လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း အိမ်ထဲမှ စကားသံများကို နားစွင့်နေမိ၏။ ရုတ်တရက် အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသဖြင့် သူမသည် လန့်သွားပြီး လက်ထဲမှ ဖွဲနုများပင် လွင့်စင်ကုန်တော့သည်။

“ဘာလို့ ငါ့ကို လာခြောက်နေတာလဲဟင်...”

အဘွားကု က မကျေမနပ် ငေါက်လိုက်သည်။

ကုလောဆန်း က ရိုသေစွာဖြင့် ပြောလိုက်၏။

“ချွေ့အာ က မြို့ထဲမှာ ဆိုင်ဖွင့်ချင်နေလို့လေ...”

အဘွားကု က ထပ်မံ၍ အံ့သြသွားရပြန်သည်။

“ဘာလို့ ဒီလောက်တောင် မြန်မြန် ဆိုင်ဖွင့်ချင်နေရတာလဲဟင်...”

“သားလည်း အဲ့ဒါကိုပဲ စိုးရိမ်နေတာလေ... ဘာလို့ တစ်လှမ်းတည်းနဲ့ ကောင်းကင်ကို တက်ချင်နေရတာလဲ မသိဘူး...”

ကုလောဆန်း က သနားစရာကောင်းအောင် ပြောဆိုလေသည်။

အဘွားကု ကမူ သူ့ကဲ့သို့ စိတ်ဓာတ်ကျမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။

“တကယ်လို့ တစ်လှမ်းတည်းနဲ့ ကောင်းကင်ကို တက်နိုင်မယ် ဆိုရင်တော့... မင်းတို့ တတိယအိမ်ရဲ့ ဘဝက အေးချမ်းသွားမှာပေါ့...”

ကုလောဆန်း မျက်လုံးများ အရောင်တောက်သွားပြီး ပြောလိုက်သည်။

“အမေ... သားက အမေ့ဆီမှာ အကြံလာတောင်းတာပါ... အမေက ဖြစ်တယ်လို့ ပြောရင်တော့... သားတို့ လုပ်ကြမှာပေါ့...”

အဘွားကု သည် ကုမင်တာ့ က ကျန့်ချွေ့အာ အပေါ် ပေးခဲ့သော ချီးကျူးစကားကို သတိရလိုက်ပြီးနောက် ပြောလိုက်၏။

“မင်းမိန်းမ မှာ ကိုယ်ပိုင် အတွေးအခေါ် ရှိပါတယ်... သူ အဲ့လို တွေးတယ်ဆိုမှတော့... ပြဿနာ မရှိနိုင်ပါဘူး... နောက်ကျရင် သူ့စကားကိုပဲ နားထောင်ပေါ့...”

ကုလောဆန်း မှာ ထိုစကားကြောင့် ကြောင်အသွားရရှာသည်။

“အမေ... အမေက တကယ်ပဲ တို့တွေကို မြို့မှာ ဆိုင်ဖွင့်စေချင်တာလားဟင်...”

အဘွားကု က ပြောလိုက်လေသည်။

“တကယ်တော့ ငါလည်း ဘာမှ မသိပါဘူး... ဒါပေမဲ့ မင်းမိန်းမ ကိုတော့ ငါ ယုံတယ်လေ...”

အဘွားအိုသည် ဤအတွေးအခေါ် မရှိသော သားငယ်မှာ လမ်းမှားရောက်မှာကို စိုးရိမ်သဖြင့် လေးလေးနက်နက် မှာကြားလိုက်၏။

“သားငယ်... မင်းမိန်းမ က မိထွေး ဖြစ်နေပေမဲ့... ကလေးနှစ်ယောက်အပေါ် ဘယ်လို ဆက်ဆံလဲ ဆိုတာ တို့တွေ အကုန် မြင်နေရတာပဲလေ... ဒီ လဝက်အတွင်းမှာ ရှောင်ယာ နဲ့ ရှောင်ပေါင် တို့ဟာ အရင်ကထက် အများကြီး ပိုပြီး ကျန်းကျန်းမာမာနဲ့ ရွှင်လန်းလာကြတာလေ... ဒါတွေဟာ မင်းမိန်းမ ရဲ့ ကျေးဇူးတွေချည်းပဲ... မင်းလည်း သူ့အပေါ်မှာ ကျေးဇူးသိတတ်ရမယ်နော်...”

ကုလောဆန်း က ခေါင်းညိတ်ပြ၏။

“သား အကုန် သိပါတယ်...”

နျိုနျိုသည် ကျန့်ချွေ့အာ အား ချစ်မြတ်နိုးသဖြင့် အဘွားအို၏ ကျန့်ချွေ့အာ အပေါ် ယုံကြည်မှုမှာလည်း ယခင်ကထက် ပိုမို ခိုင်မာလာခဲ့ချေပြီ။ အဘွားအိုသည် အတိတ်ကို ပြန်လည် အမှတ်ရနေမိ၏။ နျိုနျိုလေး နှစ်သက်သော လူတိုင်းမှာ စိတ်ထားကောင်းသူများသာ ဖြစ်ကြသည် မဟုတ်ပါလား။ နျိုနျိုသည် နန်နန်၏ ဝင်စားသူ ဖြစ်သဖြင့် သူမ၏ အမြင်မှာလည်း မှန်ကန်လိမ့်မည်ဟု အဘွားအိုက ယူဆထားခြင်း ပင်။

ကုရှောင်ပေါင် နှင့် ကုရှောင်ယာ တို့မှာ မီးဖိုချောင်ထဲမှ ဆော့ကစားရင်း ပြေးထွက်လာကြကုန်၏။

တတိယအိမ်မှ ဘဝလမ်းခရီး ပိုမို ကောင်းမွန်စေရန်အတွက် အဘွားကု သည် ကလေးနှစ်ဦးအား ခေါ်ယူကာ အမြဲတမ်း မှာကြားနေကျအတိုင်း ထပ်မံ မှာကြားလိုက်ပြန်သည်။

“မိထွေးက မင်းတို့အပေါ် အရမ်း ကောင်းတာလေ... နောင်ကျရင် သူ့အပေါ်မှာ ကျေးဇူးသိတတ်ရမယ်နော်... အကယ်၍ သူ နောက်ထပ် ကလေး မွေးလာရင်လည်း... မင်းတို့ကပဲ ဝိုင်းကူပြီး စောင့်ရှောက်ပေးရမယ်... သိလားဟင်...”

All Chapters