← Chapters

းချင်း (၃)

Vol. 5 Ch. 248

းချင်း (၃)

Vol. 5 Ch. 248

နက်ဆန်က ကျွန်မရဲ့ပထမဆုံးရိုက်ချက်ကို သက်သောင့် သက်သာပဲရှောင်လိုက်တယ်။ သူ့လက်ထဲက ဓားမြှောင်က ကျွန်မလည်ပင်းကိုဦးတည်လို့။ သူ့အမြန်နှုန်းကလည်း လူသားတစ်ယောက်ဆိုတာထက်ပိုလွန်ပြီး အရိပ်လား လူလားမသိရလေအောင်ပါပဲ။

“ရမလား....”

လူချင်းကပ်ပြီး​တော့ ကျွန်မဘေ့ဘောရိုက်တံကို အသုံးမဝင်အောင် လုပ်ချင်တယ်ပေါ့။ ဘယ်ခြေကို မြှောက်လိုက်ပြီးတော့ သူ့ရင်ဝကိုကန်လူချင်းခွဲတော့ ကျွန်မခြေက လေထုကိုသာ ကန်မိသွားခဲ့တယ်။

“​မြန်လွန်းတယ်....” ကျွန်မကျောနောက်မှာ ဖီးနစ် တောင်ပံပွင့်လာပြီး ညအချိန်မှာ သွားချင်ရာသွားနေတဲ့ အရိပ်တစ်ခုနောက်ကိုလိုက်ဖို့ဖြစ်လာတယ်။

ပတ်ဝန်းကျင်လေထုက ပေါက်ကွဲသွားပြီး အရိပ်တစ်ခု နောက်ကိုကျွန်မဆက်တိုက်လိုက်တယ်။ လက်ထဲက ဘေ့ဘောတုတ်ကို သူ့မီပြီထင်တိုင်း ဝေ့ယမ်းလို့ပေါ့။

“နက်ဆန်၊ နင်အလျှော့ပေးတာကို ငါမလိုချင်ဘူး။ နင့်စွမ်းအားအပြည့်နဲ့ ငါ့ကိုတိုက်စမ်း။”

ဘုန်း....

ကျွန်မရဲ့ရိုက်ချက်က ပရိသတ်ပွဲကြည့်စင်တစ်နေရာကို ရိုက်မိသွားပြီး ခုံတန်းတွေပြိုကျကုန်တယ်။ မီးတောက်နေတဲ့ ဘေ့ဘောတုတ်ကြောင့် မီးလျှံတွေလည်း နေရာအနှံကိုကူးစက်နေပြီ။ အယ်မာရဲ့လည်ဆွဲကြောင့် အပြင်ကလူတွေဒီတိုက်ပွဲကို သတိမထားမိဘူးဆိုရင်တောင် ဒီကွင်းက ပျက်စီးသွားတော့မှာ။

“နင့်မျက်လုံးထဲမှာ ငါက အားနည်းလွန်းနေတာလား။”

ကွင်းပြင်အလယ်မှာရပ်နေတဲ့ နက်ဆန်ရဲ့အရိပ်ကို ကျွန်မရိုက်ချလိုက်မိတယ်။ ဒါပေမဲ့အရိပ်ဟာ ပြိုကွဲ ပျောက်ကွယ်သွားပြီး တခြားနေရာမှာပြန်ပေါ်လာတယ်။

အကြိမ်ပေါင်းများစွာ အခုလိုဖြစ်လာပြီးနောက်မှာတော့ မောပန်းစပြုလာပြီဖြစ်ပြီး သူ့ဗျူဟာကိုကျွန်မ နားလည်စ ပြုလာပါတယ်။ သူက ကျွန်မကို မောပန်းလာအောင် စောင့်ပြီးတော့မှ မတိုက်ရဘဲအနိုင်ယူချင်နေတာ။

“မောက်မာလွန်းတယ်....” ကျွန်မရောက်တဲ့နေရာမှာပဲ ရပ်လိုက်တယ်။ လက်က်ိုဖြန့်လိုက်တော့ နေရာအနှံကို ကြယ်တာရာလို မီးတောက်မီးလျှံတွေပြန့်နှံသွားပြီးတော့ ဘောလုံးကွင်းတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပါပြီ။

မီးလျှံတွေရဲ့အလင်းရောင်ကြောင့် အမှောင်ထုဟာ မှေးမှိန်သွားပြီး နက်ဆန်ပုန်းစရာနေရာရှားသွားတယ်။ အရိပ်တွေရှိနေသေးပေမဲ့ အဲဒီအရိပ်တွေက ကျွန်မခန့်မှန်းစောင့်ကြည့်နိုင်တဲ့ နေရာတွေမှာချည်းပဲ။

“တိုက်ရိုက် တိုက်ခိုက်တော့မယ်ပေါ့...” နက်ဆန်က အရိပ်တွေထဲမှာ ဆက်မပုန်းတော့ဘဲ ကျွန်မဆီကို တည့်တည့်ပြေးလာတာမြင်တော့ ပြုံးလိုက်မိတယ်။ သူ့အပြာရောင်မျက်လုံးတွေက ကျွန်မမျက်လုံးတွေနဲ့ အကြည့်ချင်းဆုံသွားပြီ။

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ကောင်၊ သေစမ်း။”

ကျွန်မမျက်လုံးထဲမှာ သက်တံရောင်တွေနဲ့ပြည့်နှက် သွားပြီးချိန်မှာတော့ ကျွန်မရှေ့ကနက်ဆန်ဟာ ပြေးနေရာကနေ ရပ်လိုက်ပြီး သူ့လက်ထဲကဓား ပြုတ်ကျသွားတယ်။

“သေပေတော့....” ဟုတ်တယ်၊ သူ့ကိုယ်သူမေ့သွားပြီ။ ဒီစွမ်းအားက သူ့အပေါ်မှာတစ်ခဏလေးပဲထိရောက်မှု ရှိတယ်ဆိုရင်တောင်မှ ဒီတိုက်ပွဲကိုနိုင်ဖို့လုံလောက်တယ်။

ဘုန်း....

ကျွန်မပြုံးလိုက်တယ်။ ဘေ့ဘောတုတ်က သူ့ခြေကို ရိုက်မိပြီး အရိုးကျိုးပဲ့သွားတဲ့ခံစားချက်ကိုရလိုက်တယ်။ ဒီအတိုင်းဆိုရင် သူဆက်မတိုက်နိုင်တော့ဘူး။ ကျွန်မ အပြုံးက ပိုပီသလာတယ်။ ဒီမာနကြီးတဲ့ကောင်ကိုကျွန်မနိုင်ပြီ။ အနည်းဆုံးတော့ သူ့အနားမှာရှိနေတဲ့လူတစ်ယောက် ဖြစ်တဲ့အကြောင်းကို သက်သေပြနိုင်ခဲ့ပြီ။

“ဟင်....”

ကျွန်မရှေ့က နက်ဆန်ရဲ့ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီးတော့ ကျွန်မရဲ့လည်ပင်းကို အေးစက်ပြီး ထက်ရှနေတဲ့ဓားသွားက လာထိတွေ့တယ်။

“မလှုပ်နဲ့... အရမ်းလှုပ်ရင် မင်းလည်ပင်း ပြတ်သွားလိမ့်မယ်။”

နက်ဆန်ရဲ့အေးစက်ပြီးတည်ကြည်တဲ့လေသံကို ကျွန်မ ကြားလိုက်ရတယ်။

“ရှင်ဘယ်လိုလုပ်ပြီးတော့...” ကျွန်မ နားမလည်နိုင်ဘူး။ သူက စွမ်းအားကြီးတဲ့သူမှန်း သေချာပေါက်သိပေမဲ့ အခုလို ကျွန်မအနေနဲ့ တိုက်ခိုက်ဖို့အခွင့်အရေးမရှိတဲ့ အဆင့်မျိုးအထိရောက်နေမယ်လို့ မထင်ခဲ့မိပါဘူး။

“မင်း၊ အဲဒီမီးတောက်တွေကို တစ်ကွင်းလုံးအနှံ ပစ်လွှတ်ဖို့ဆုံးဖြတ်လိုက်ကတည်းက မင်းအရိပ်ထဲ ငါရောက်နေခဲ့တာ။”

သူက ကျွန်မကိုရှင်းပြလိုက်ပြီး သူ့ဓားကိုအရိပ်ထဲ ပြန်ထည့်လိုက်တယ်။ သူ့လက်ကတော့ကျွန်မပခုံးကို ဆုပ်ကိုင်ထားတုန်းပဲ။

“ဒီလောက်ဆို ငါ့ကိုမုန်းနေတာရပ်နိုင်ပြီလား။”

“ရှင်ကျွန်မကို သတ်လိုက်သင့်တယ်။”

“မင်းအနိုင်ရပြီထင်တုန်းက ငါ့ကို သတ်ချင်စိတ် မရှိခဲ့ဘူး။”

ကျွန်မတို့ အပြန်အလှန်စကားပြောနေတဲ့အချိန်မှာပဲ ကျွန်မခေါင်းထဲမှာ ဒေါသစိတ်ကလွှမ်းမိုးသွားပြီး ကျွန်မပခုံးပေါ်ကသူ့လက်ကို ဖမ်းဆွဲလိုက်မိတယ်။ အဲဒီနောက်ပခုံးနဲ့ သူ့ရင်ဘတ်ကိုထောက်ပြီး ဂျူဒိုဆန်ဆန် ကိုင်ပေါက်ချလိုက်တော့တာပဲ။

“ရှင်ကျွန်မကို မသတ်မချင်း ဒီပွဲက မပြီးသေးဘူး။”

နောက်တော့ လဲကျသွားတဲ့သူ့ပေါ်ကို ကျွန်မတက်ဖိပြီး မျက်နှာကိုလက်သီးနဲ့ထိုးတော့တာပဲ။ အကြိမ်ဒါဇင်နဲ့ချီ ထိုးနှက်ပြီးတဲ့နောက် တစ်ကိုယ်လုံးနာကျင်လာတဲ့ အတွက်ကြောင့်ရပ်လိုက်မိတယ်။

သူ့မျက်နှာတစ်ခုလုံး ရစရာမရှိသလို ကျွန်မလက်ကနေ သွေးတွေစီးကျလို့နေတယ်။ သူ့ကိုစူးစူးရဲရဲစိုက်ကြည့် ခဲ့ပေမဲ့ သူဘာမှပြန်မလုပ်ဘူး။

“အခုမင်းနိုင်ပြီလေ... ဘာလို့ငါ့ကို အဲဒီရိုက်တံနဲ့ အဆုံးမသတ်ရတာလဲ။”

ကျွန်မ ဘေးမှာကျနေတဲ့ ဘေ့ဘောရိုက်တံကို ကြည့်လိုက်မိတယ်။ အဲဒါနဲ့သာ သူ့ခေါင်းကို တည်ပြီးရိုက်လိုက်ရင် သူသေသွားတာကြာပြီ။ ဒါပေမဲ့ အဲဒီအစားကျွန်မက ဘေ့ဘောရိုက်တံကိုပစ်ချပြီး လက်သီးနဲ့ထိုးနေခဲ့တာပါ။

“ကျွန်မ ရှင်နဲ့မတွေ့ချင်တော့ဘူး။” ကျွန်မ သူ့ကို ဒီအတိုင်းထားခဲ့မိတယ်။ ဒီလူ... ဘာလို့သူ့ကို မုန်းလို့မရလောက်အောင် လူကောင်းတစ်ယောက်လို နေချင်ရတာလဲ။

ကျွန်မကွင်းအပြင်ဘက်ကိုဦးတည်သွားတော့ မော်လီက ထွက်ပေါ်ကိုပိတ်ထားလိုက်တယ်။

“ကျွန်မရဲ့သခင်က ရှင့်ကိုဘယ်တုန်းကမှ ရန်သူလို့ မမြင်ခဲ့ဘူး။ အဲဒီအကျိုးကျေးဇူးကြောင့် ရှင့်မှာ အသက်ရှိနေသေးတယ်မှတ်ပါ။”

ကျွန်မ ဒီတိုက်ပွဲကိုနိုင်တယ်လို့ နက်ဆန်ပြောခဲ့ပေမဲ့ တကယ်ရှုံးသွားတာ ကျွန်မဆိုတာကိုတော့ငြင်းလို့ မရခဲ့ဘူး။ နောက်ဆုံးအနေနဲ့ ကျွန်မဆယ်ဗီကို ကြည့်လိုက်မိတယ်။ သူက ကျွန်မကို နားလည်ရခက်တဲ့ အပြုံးနဲ့စိုက်ကြည့်လို့။

သူအကုန်လုံးကြိုသိနေခဲ့ပုံရပေမဲ့ ကျွန်မသူ့ကို စကားမပြောချင်သေးဘူး။ အဲဒါကြောင့် မော်လီကို လစ်လျူရှုလိုက်ပြီး ကွင်းထဲကနေ ထွက်သွားဖြစ်ခဲ့တယ်။

အနာဂတ်မှာကျွန်မတို့တွေ့ရင် ရန်သူတွေ ဖြစ်ချင်မှ ဖြစ်ကြတော့မှာဆိုပေမဲ့ လောလောဆယ်တော့ ခေါင်းဆေးချင်ပါသေးတယ်။

.....

ရိုစယ်လီယာကတော့ နက်ဆန်ကို ဆိုးဆိုးဝါးဝါး ရိုက်နှက်ပြီးတဲ့နောက် ထွက်ပြေးသွားပါပြီ။ ကျွန်မတို့ ဒဏ်ရာရပြီးလဲကျနေတဲ့ နက်ဆန်ဆီကိုပြေးသွားပြီး အခြေအနေကြည့်ရတာပေါ့။

အောင်မလေး၊ တစ်မျက်နှာလုံး ဖူးယောင်နေတာပဲ။

“တစ်ယောက်ယောက် ရေအေးအေးလေး ယူလာပေးပါလား။ ဒဏ်ရာတွေဆေးပြီးရင် အရက်ပျံနဲ့ ဆေးထည့်ဖို့လုပ်ရဦးမယ်။”

ခဏအတွင်းမှာပဲ ကျွန်မရဲ့သူနာပြုစိတ်ဓာတ်က အသက်ဝင်လာတယ်။ အစကတည်းက ကျွန်မကို နက်ဆန်က ဒီလိုကိစ္စမျိုးတွေအတွက် ငှားထားတာလေ။

“အဲဒီလောက် မလိုဘူး။” ရုတ်တရက် မကြားရတာကြာတဲ့ ကလေးမလေးတစ်ယောက်ရဲ့ခပ်ညစ်ညစ်အသံကို ကြားလိုက်ရပြီးတဲ့နောက် သစ်နွယ်တစ်ခုက နက်ဆန်ရဲ့ မျက်နှာကိုရစ်ပတ်သွားပြီး ဆေးရည်တချို့လိမ်းကျံပြီး ဖြစ်သွားတယ်။ ခဏနေတော့ ဒဏ်ရာတွေအကုန်လုံး ပြန်ကောင်းနေပြီ။

ဒါကြောင့် ရုတ်တရက်ကြီး အသုံးမဝင်တဲ့သူလိုမျိုး ခံစားလာမိရော။ ကျွန်မ အိုလီရာနာကိုကြည့်လိုက်တော့ ဘာမှမသိသလို ပုံစံနဲ့လက်ကလေးပိုက်ပြီး ပါးဖောင်းထားတယ်။

“သခင်၊ အိမ်ပြန်ပြီး နားရအောင်။” မော်လီကတော့ နက်ဆန်ကို ထူပေးလိုက်ပြီး ဘေးကနေကူတွဲထားတယ်။

ခဏနေတော့ အိုလီရာနာက ချက်ချင်းပဲ လက်ကလေး နှစ်ဖက်ကိုရှေ့တန်းပြီး “သခင်၊ သမီးကိုချီ။” လုပ်တော့တာ။

ကျွန်မလည်း နက်ဆန်ဒဏ်ရာရထားတာကို အခွင့်ကောင်းယူပြီးတော့ မုန်လာဥမကို ကောက်ချီလိုက်တာပေါ့။ ပြီးတော့ ဝှီးချဲပေါ်မှာရှိနေတဲ့ မိုနီကာကိုမေးငေါ့ပြပြီးတော့ ဒေါ်ရသီကိုပြောလိုက်တယ်။

“ဒေါ်ရသီ၊ ဒီနေ့ကစပြီး မိုနီကာကို နင်စောင့်ရှောက်လိုက်။ ငါကတော့ ဒီကလေးမသာမကိုထိန်းမယ်။”

“ရှင်....” ဒေါ်ရသီက အံ့ဩသွားပုံရပေမဲ့ ကျွန်မကတော့ ဂရုစိုက်မနေတော့ဘဲ မုန်လာဥမကို ပရိသတ်ထိုင်ခုံတွေ ရှိတဲ့ဘက်ခေါ်သွားလိုက်တယ်။ ရိုစယ်လီယာချန်ခဲ့တဲ့ မီးတောက်တွေကို အယ်မာနဲ့ရှားလော့ခ်တို့က ငြိမ်းဖို့ ကြိုးစားနေကြတယ်။

“လေကျောင်းတော်က အဒေါ်ကြီး၊ မီးသတ်ကိုခေါ်။ ဒီလောက်မီးများတာ ကျွန်မတို့နဲ့တင် မရလောက်ဘူး။”

မီးသတ်ပိုက်ကြီးကိုင်ထားတဲ့ အယ်မာကစိုးရိမ်တကြီး ပြော​နေတာကျွန်မကြားပေမဲ့ ရှားလော့ခ်က မှော်နှင်တံ တစ်ချက်ဝေ့ယမ်းလိုက်တာနဲ့ မီးငြိမ်းသွားရော။

“မီးလောင်နေတဲ့နေရာက လေတွေကိုဖယ်ထုတ်လိုက်ရင် မီးငြိမ်းနေပြီလေ။ နင်ဘယ်သူနဲ့အတူရှိနေတယ်ထင်လဲ ရင်ဘတ်ကြီးပြီး အချိန်မစီးတဲ့ဟာမရဲ့။”

“နင်... နင်နော်....”

ကြည့်ရတာ အချိန်တိုအတွင်း သူတို့အချင်းချင်း အခုလိုစနောက်ကြတဲ့အထိ ခင်မင်လာကြပုံပဲ။

...

“အား... နာတယ်နာတယ်....”

အိုလီရာနာကို ခုံတစ်ခုံပေါ်တင်ပေးပြီးတဲ့နောက်တော့ ကလေးဆိုးကြီးလိုလုပ်နေခဲ့တဲ့ သူ့ပါးကို အတင်းဆွဲ ဆုပ်ကိုင်ထားလိုက်တယ်။ ပါးကြီးနီရဲပြီး မျက်ရည်တွေ ကျလာခါမှရပ်လိုက်တာ။

“ဒီတော့ နင်ဒီတစ်ပတ်လုံး အသည်းကွဲလို့ငိုနေတယ် ဆိုတာက ငါတို့ကို လိမ်ပြောထားတာပေါ့လေ။”

အိုလီရာနာက လက်ကိုပိုက်ထားပြီး ကျွန်မကို မျက်နှာချင်းမဆိုင်ဘူး။ ဒီကတည်းက ကျွန်မ သူ့အဖြေကိုသိလိုက်ရပြီ။

“ငါတို့တွေ ဘယ်လောက်စိတ်ပူနေလဲ နင်သိလား။ နင်တစ်သက်လုံး အဲဒီလိုဖြစ်သွားတော့မယ်ထင်နေတာ။”

ကျွန်မအပိုတွေပြောနေတာမဟုတ်ဘူး။ နက်ဆန်နဲ့ ကျွန်မအဲဒီအကြောင်း အတော်ကြာကြာပြောဖြစ်တယ်။ အိုလီရာနာလေး ပြန်မကောင်းလာသေးရင်စိတ်ရောဂါ ဆရာဝန်နဲ့ပြသင့်ပြဖို့ပေါ့။ စိတ်ပိုင်းဆိုင်ရာဒဏ်ရာရတယ် ဆိုတာမျိုးက ပေါ့သေးသေးမဟုတ်ဘူးလေ။

ပြီးတော့ အိုလီရာနာက သာမန်ကလေးမဟုတ်ဘဲ စွမ်းအားတွေရှိနေသေးတယ်။

“ပထမရက်က ငါငိုနေခဲ့တာတော့အမှန်ပဲ။ ဒါပေမဲ့ ဒုတိယရက်ကျတော့ ဒါလီယာက ငါ့ကို ဆက်သွယ်လာတယ်လေ။”

အိုလီရာနာက သူ့ဘယ်လက်ပေါ်မှာရှိနေတဲ့ လိပ်ပြာ တက်တူးလေးကို ကျွန်မကိုပြလိုက်တယ်။

“ကောင်းကင်ပေါ်ကလက်ကြီးကျမလာခင်အထိ ငါက သူဖန်တီးထားတဲ့ ဒိုင်မေးရှင်ထဲမှာရှိနေခဲ့တာ။ အဲဒီဒိုင်မေးရှင်းကို သူ့ရဲ့အသက်စွမ်းအားနဲ့ ငါ့ရဲ့အသက်စွမ်းအားရောနှောပြီး ဖန်ဆင်းထားတာ။ အဲဒါကိုကြားခံအဖြစ်သုံးပြီး ဘုံဖြတ်ကျော် စကားပြောလို့ရတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။”

ကြည့်ရတာ သူတို့နှစ်ယောက်က တပူးတတွဲတည်း ရှိနေရာကနေပြီးတော့ အဝေးရောက်ချစ်သူတွေ ဖြစ်သွားကြပုံပဲ။

“ဒီတော့ သူနင့်ကို ဘာပြောလဲ။”

“သူအဆင်ပြေတယ်တဲ့။ အနက်ရောင်ဝတ်စုံနဲ့ အမှောင်စွမ်းအားတွေ လွှမ်းခြုံနေတဲ့ မမလှလှက စောင့်ရှောက်ပေးထားတယ်တဲ့လေ။”

ကျွန်မ အလိုလိုနေရင်းနဲ့ ညကောင်းကင်ကြီးကို မော့ကြည့်မိတယ်။ အဲဒီလိုများဖြစ်နေမလားပဲ။ ကျွန်မထင်သလိုသာဆိုရင်တော့ ဘာမှစိုးရိမ်စရာ ရှိမနေတော့ဘူး။

“တခြားရော၊ တစ်ခုခုသိရသေးလား။” ထပ်ပြီးတော့ တစ်ခုခုများသိရမလားဆိုပြီးမေးကြည့်ဖြစ်တာ။ တကယ်လည်းအိုလီရာနာမှာပြောချင်တာတစ်ခု ရှိနေတဲ့ပုံပဲ။

“နတ်ဘုရားမအိုင်းရစ်က ဒီကမ္ဘာမှာဖြစ်ပျက်နေတဲ့ သဘာဝလွန်ဖြစ်ရပ်အားလုံးကို နတ်​ဘုရားတွေ စောင့်ကြည့်နိုင်အောင်ကူညီပေးနေတယ်လို့ ပြောတာပဲ။ နတ်ဘုရားအများစုက နင့်အကြောင်း၊ ရိုမြူလက်ဘုရားကျောင်းနဲ့ သခင့်ကိစ္စတွေကို အမြဲလိုလိုပြောနေကြတာတဲ့။”

ဘာကြီးလဲ၊ ကျွန်မတို့ရဲ့အဖြစ်အပျက်တွေက သူတို့ဖို့ ဘောလုံးပွဲတစ်ပွဲလိုမျိုးဖြစ်နေတာလား။ ဒါပေမဲ့ အိုလီရာနာက ပြောလို့မပြီးသေးဘူး။

“နောက်ပြီးတော့ မဟာနတ်ဘုရားကြီးယာဝေက မကြာခင် ပွဲတော်အကြီးကြီးတစ်ခု ကမ္ဘာမြေမှာလုပ်ဖို့ ရှိနေတယ်လို့လည်းပြောတယ်။” ဘာပွဲတော်လဲ။ အရေးကြီးတာတစ်ခုခုဖြစ်နိုင်ပေမဲ့လို့ ကျွန်မရဲ့ သေးငယ်တဲ့ဦးနောက်က လိုက်မမီတော့ဘူး။ နက်ဆန်ကိုပြောပြရင်တော့ တစ်ခုခုသိရရင်သိရမှာ။

“ဒါနဲ့နေစမ်းပါဦး၊ နင်ဝမ်းနည်းမနေဘူးဆိုရင် ဘာလို့ကလေးလိုလုပ်ပြီး နက်ဆန်ကိုချီခိုင်းနေရတာလဲ။”

သူပြောသမျှကို နားထောင်ပြီးတဲ့နောက်မှာတော့ ကျွန်မသူနာပြုအင်္ကျီလက်အနားစကို အပေါ်နည်းနည်း တင်လိုက်တယ်။ ဒီကလေးမက နည်းနည်းတော့ မရိုးတော့ဘူး။

အပြန်အလှန်အနေနဲ့ အိုလီရာနာမက ကျွန်မကို လျှာထုတ်ပြပြီး ပြောင်တော့တာပဲ။

“အဲဒါမှ နင်နဲ့မိုနီကာ သခင့်ကိုအသားယူလို့မရမှာလေ။ ဒါကြောင့် ငါက သခင့်ကိုလွတ်လွတ်လပ်လပ်နေရအောင် အနစ်နာခံပြီး အပိုင်စီးထားလိုက်တာ။”

“ဒီတော့ နင်က ငါတို့အစား နက်ဆန်ကိုအသားယူ နေတာပေါ့လေ။ ကောင်မစုတ်၊ သေပေတော့....” ဒီထက်ပိုပြီး သည်းခံမနေနိုင်တော့ဘူး။ ကျွန်မသတိထားမိတဲ့ အချိန်ရောက်တော့ အိုလီရာနာကို ခါးကနေချီပြီး တင်ပါးကို လက်ဝါးနဲ့တဖြန်းဖြန်း ရိုက်မိနေပြီးပြီ။ တင်ပါးလေးကို နီရဲလို့။

ဖြန်း... ဖြန်း... ဖြန်း...

“သခင်ရေ၊ ဒီမှာ ကျွန်မကို အရူးမဆယ်ဗီ အနိုင်ကျင့်နေတယ်။ မြန်မြန်လာကယ်ပါဦး။” အိုလီရာနာကလည်း ချက်ချင်း ထအော်ပြီး အကူအညီတောင်းတော့တာ။

All Chapters