Prince & Prisoners
Vol. 1 Ch. 16
ဆက်ဖီဘီယမ် ကျွန်စျေးကွက်ကြီးမှာ နတ်နဂါးတပ်ကြီး၏နောက်၊ မူးရို့(စ်)မြစ်ကမ်း၏နံဘေး သဲသောင်ပြင်ကြီးပေါ်၌ တည်ရှိနေသည်။
တန်နားဘရက်(စ်)အင်ပါယာက တင်သွင်းသောကျွန်များကို အဓိကရောင်းဝယ်ဖောက်ကားသော စျေးကြီးဖြစ်သည့်အားလျော်စွာ ယခင်က ဤသောင်ပြင်ကြီးပေါ်တွင် ကျွန်လာဝယ်သော လူကုံထံများ၊ တော်ဝင်မျိုးနွယ်များဖြင့် ခြေချင်းလိမ်နေနိုင်ပေသော်ငြား ယခုအခါတွင်မူ သောင်ပြင်ပေါ်ရှိ ကျွန်များကိုအလှပြသော အုတ်ခုံပြင်ကြီးများမှာ ဇာတ်သမတို့မရှိသော စင်များသကဲ့သို့ အသက်မဲ့နေ၍၊ မြစ်အတွင်းတွင်လည်း ကုန်စည်သင်္ဘောများကို မတွေ့ရတော့ဘဲ လှိုင်းခတ်သံသဲ့သဲ့မှတစ်ပါး မြစ်ကြောတစ်လျှောက်လုံး တိတ်ဆိတ်နေသည့်အတွက်၊ ယခုဖြစ်တော့မည့်မဟာစစ်ပွဲကြီးမှာ ကမ္ဘာ့စီးပွါးရေးနှင့် ကုန်သွယ်ရေး လမ်းကြောင်းများအား မည်မျှအထိ ထိခိုက်နိုင်ကြောင်းကို လီယိုနာ့ဒ် တွေးမိလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ဤမျှတိတ်ဆိတ်နေမှုသည်ကား အေးချမ်းမှုတစ်ခုပေလောဟုလည်း မြင်ကြည့်မိ၏။ မဟုတ်ပါ။ ယင်းသည်ကား မုန်တိုင်းမစမီ ငြိမ်သက်နေခြင်းသာ။
ထို့နောက် လီယိုနာ့ဒ်မှာ သူ့တစ်ရပ်စာနီးပါးမျှမြင့်သော အုတ်ခုံပြင်ကြီးပေါ်သို့ လက်တစ်ဖက်ကို အားပြုလျက် ကုပ်ကပ်တက်၍ စျေးတစ်ခုလုံးကို အကဲခတ်ကြည့်လိုက်လေသည်။ အုတ်ခုံမြင့်တစ်ခုလျှင် ၁၅ ပေ ဝန်းကျင် ကျယ်ဝန်းသည့်ပြင် ထိုကဲ့သို့သော စတုရန်းသဏ္ဌာန် အုတ်ခုံပေါင်း အခုလေးဆယ် (၄၀) တိတိမှာ မြစ်ကမ်းနံဘေး၌ အစီအရီ လှဲလျောင်းနေကြသည့်အလျောက် အနှီမြင်ကွင်းမှာ သဲပြင်ပေါ်က ဧရာမစစ်တုရင်ခုံကြီးနှင့် သွားတူနေလေသည်။
https://mmxianxia.com/wp-content/uploads/2026/04/IMG_2972.webp
ထိုစဉ် မိုးသားတိမ်တိုက်များက နေမင်းကြီးကို ကွယ်သွားသောကြောင့် နေမပူတော့စေကာမူ အုတ်ခုံများက ကျန်ရှိနေသော အပူခိုးများမှာ သူ့ခြေတစ်လျှောက်လုံးကို လာရိုက်နေပြီး၊ မြစ်ကိုဖြတ်လာသော ရွှံ့နံ့ပြင်းပြင်းနှင့် ရေညှိနံ့သင်းသင်းရောသည့် လေသရမ်းများကြောင့် သူ့ခန္ဓာကိုယ်မှာ တစ်ချက်ဆိုလျှင်တစ်ချက် ယိမ်းယိုင်သွားရလေရာ၊ နေသာပြင်းနေပါက ဤအပေါ်၌ ပစ္စည်းတစ်ခုပမာ တန်းစီရပ်နေရသော ဆက်ဖီဘီယမ် ကျွန်များ၏အဖြစ်မှာ မည်ကဲ့သို့ရှိမည်နည်းဟု မြင်ယောင်ကြည့်လတ်သရော်၊ လီယိုနာ့ဒ်၏ နဖူးကြောများ ခေတ္တမျှရှုံ့သွားမိသော်လည်း အရေးမပါသောအတွေးတို့ကို ခေါင်းတွင်းကထုတ်၍၊ စိတ်အစဉ်ကိုသာ တည်ငြိမ်အောင်ထားကာ ဘေးဘီကိုဆက်လက်အကဲခတ်နေမိ၏။
ထိုအခိုက်၌ အုတ်ခုံပေါ်သို့ မာတိုရိုနှင့်ဇိုက်(ခ်)တို့လည်း တက်လာကြရကား သူသည် ၎င်းတို့ဘက်သို့ ခေါင်းငဲ့လျက်
“ဒီကိစ္စက ဘယ်တုန်းကဖြစ်တာလဲ”
“လွန်ခဲ့တဲ့ တစ်ပတ်က ခေါင်းဆောင်”
ကောင်းပါလေစ။ အခင်းဖြစ်ရာ ဤနေရာ၌ ကျန်ခဲ့သောသဲလွန်စများ၊ အမှုအတွက် အရေးပါနိုင်သည့် ခြေရာများမှာ တစ်ပတ်အတွင်းတိုက်သည့် လေကြမ်းဒဏ်ကြောင့် အရာရာအားလုံးပါသွားလောက်ပြီ။
“တိတိကျကျ ပြောစမ်းပါဦး”
“ဒီလိုဗျာ … လူတွေမတော်တဆမှုနှင့် သေတာများလာတော့ ဆက်ဖီဘီယမ်သတ်ပွဲတွေ ဖြစ်လာတယ်။ အဲဒါပြင် စစ်ဖြစ်တော့မှာဆိုတော့ တန်နားဘရက်(စ်)က ကျွန်တွေလည်း ဆက်မဝင်တော့ဘူး။
ဒီလိုနှင့် ကျွန်သစ်ကမဝင် … လက်ရှိကျွန်ကလည်း ရောင်းမထွက်နှင့် စျေးကွက်ထဲမှာ ကျွန်ပေါင်း နှစ်ရာ … ဟုတ်တယ် တိတိကျကျ နှစ်ရာက သောင်တင်နေတယ်။ ပြီးတော့ မြို့ထဲမှာဖြစ်နေတဲ့ သတင်းတွေကြားတော့ ဒီကောင်တွေလည်း လန့်နေကြတာ။ သိပ်မူမမှန်ကြဘူး။ အဲတော့ ကုန်သည်တွေက ကျွန်တွေကို ဒီအုတ်ခုံတွေအပေါ်မှာတင်ပြီး သံလှောင်အိမ်တွေနှင့် အုပ်ထားလိုက်တယ်။ သွေးရူးသွေးတန်းတွေ လျှောက်မလုပ်အောင်”
ဟုဆို၍ အုတ်ခုံပြင်ကြီး၏ ဘေးနှုတ်ခမ်းနေရာများက အပေါက်ကြီးများကို လက်ညှိုးညွှန်ပြလေ၏။ ဤသည်တို့ကား သံလှောင်အိမ်နှင့်အုတ်ခုံကို တွဲသည့် စကူ (Screw) ထည့်သော အပေါက်ကြီးများ။
“အဲဒါနှင့် ညတစ်ညရောက်တော့ ဒီစျေးထဲမှာ ဝုန်းဒိုင်းထကြဲကြပါရောလား။ စစ်တပ်နှင့်ကပ်နေတော့ ကျုပ်တို့လည်း အကုန်သွားကြည့်တာ … အဲမှာ ကုန်သည်နှင့် စျေးစောင့်မန်းဒရိတ်(ခ်)တွေ အကုန်သတ်ခံရပြီး သံလှောင်အိမ် တံခါးတွေပွင့် … မီးတွေလောင် … ကျွန်တွေလည်း ပြေးလွှားနေလို့ ကျုပ်တို့တွေ ကျွန်ဖမ်းပွဲ ကျင်းပကြရတာပေါ့။ တခြား မီးတုတ်ကိုင်ထားတဲ့ ပြည်သူအလောင်းတွေလည်းရှိတယ်။ ကြည့်ရတာ ဆက်ဖီဘီယမ်တွေကို ပြည်သူတွေက မီးဝင်ရှို့ရင်းဖြစ်တာပဲ”
“အဲတော့ … အကုန်ပြန်မိလား”
“တစ်ရာ့တစ်ဆယ် (၁၁၀) ပြန်မိတယ် ။ လေးဆယ် (၄၀) က ဒီမြစ်ထဲဆင်းပြေးတာ အကုန်သေတာပဲ”
သူ့မြင်ကွင်း၏ ဘယ်ဘက်ထောင့်မှ ပေါ်လာသောရေလှိုင်းများမှာ တစ်စက္ကန့်အတွင်းမှာပင် မြင်ကွင်း၏ညာဘက်ထောင့်က ပြန်ထွက်သွားသည်အထိ ညာသံတဝေါဝေါနှင့် ရေစီးကြမ်းလှသော အဝါရောင်မြစ်ရေများကို ကြည့်နေလျက်မှာပင် လရောင်အောက်ဝယ် ထိုမြစ်တွင်း၌ ပိုးလိုးပက်လက် မျောနေကြသော ဆက်ဖီဘီယမ် အလောင်းများ၏ မြင်ကွင်းက သူ့မျက်လုံးတွင်း ထင်းခနဲမြင်ယောင်လာသည်။
“အဲတော့ နောက်ငါးဆယ် (၅၀) က ဘယ်ရောက်သွားတာလဲ။ ကုန်သည်တွေ၊ စျေးစောင့်တွေက ဘယ်လိုအသတ်ခံရတာလဲ”
“အဲဒါပြဿနာပဲ ခေါင်းဆောင် … အဲငါးဆယ်က အစအနရှာမရအောင်ပျောက်နေတာ။ ကုန်သည်တွေ၊ အစောင့်မန်းဒရိတ်(ခ်)တွေ နှင့် မီးဝင်ရှို့ဖို့လုပ်တဲ့ ပြည်သူတွေပါ အကုန်ခေါင်းဖြတ်ခံထားရတယ်။ စိမ်ပြေနပြေ ထိုင်ဖြတ်တာမဖြစ်နိုင်ဘူး။ အဲလိုလုပ်ဖို့လည်း အချိန်မရှိဘူး … သူတို့ခေါင်းပြတ်တွေအကုန် ဒီသဲသောင်ပေါ်မှာ ဘောလုံးတွေလိမ့်သလို ပြန့်ကျဲနေတာ”
“ခေါင်းပြတ်တွေကို စစ်လိုက်သေးလား။ ခေါင်းပြတ်ရဲ့အနားသတ်အရေပြားတွေမှာ မည်းတူးနေတဲ့ ဒဏ်ရာတွေရှိလား”
“မရှိဘူး … ရောင်ခြည်ဓားနှင့် ခုတ်ခံထားရတာမဟုတ်ဘူး … ဒီတိုင်းကြီးကိုး တိတိရိရိပြတ်နေကြတာ”
သူ့မျက်ခုံးနှစ်တန်းလုံး ထိလုမတတ် ကြုတ်သွားလေပြီ။ ဇိုက်(ခ်)ပြောသကဲ့သို့ ဤသည်ကား လုံးဝမူမမှန်။ စစ်တပ်ဘေး၌ရှိပြီး စစ်သားများစောင့်ကြပ်နေသော နေရာတစ်ခုကို ပြည်သူများက တိုက်ခိုက်မည်ဆိုပါက၊ ချင်းတို့အလွန်ဆုံး လုပ်နိုင်သည့်အရာမှာ ကျွန်စျေးကို မီးတုတ်များဖြင့် လှမ်းပစ်ရုံမျှသာ ဖြစ်နိုင်ပေသော်ငြား၊ ယခုအခါတွင်မူ တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ရုံမျှမက အစောင့်တပ်သားများ ခေါင်းဖြတ်ခံရသည့်ကိစ္စမှာ စဉ်းစားရမည့်အချက်။ ဤပြဿနာ၌ မီးဝင်ရှို့သည့် ပြည်သူများမှာ အယောင်ပြ၊ တည်ကြက်တစ်ခုသာ ဖြစ်နိုင်ပြီး သေချာပေါက် တတိယသူ ပါဝင်နေသည်။
ပုံမှန်အားဖြင့် ခေါင်းဖြတ်သည်ဆိုသည်မှာ တည်ငြိမ်သည့်အခြေအနေ၌ ဖြတ်ခြင်းဖြစ်၍ ရည်ရွယ်ချက်မှာ အသက်ရှင်ကျန်သူများကို စိတ်ဓာတ်ရေးရာအရ တိုက်ခိုက်သောနည်းလမ်းဖြစ်သည်။
လည်ပင်းကို ကြွက်သားအထပ်ထပ်ဖြင့် ကာရံထားပြီး လည်တိုင်၏ အလယ်၌လည်း အရိုးရှိသောကြောင့် ဟေဆွန်ရောင်ခြည်ဓားနှင့် မဟုတ်ပါက ခေါင်းဖြတ်ခြင်းဆိုသည်မှာ ထင်သလောက်မလွယ်။ တစ်ချက်တည်း ဖြတ်ရန်မှာ လက်ဆလိုပြီး မကျွမ်းကျင်သူ ခေါင်းဖြတ်ပါက အသားခုတ်သကဲ့သို့ တုံးထစ်နေရမည့် ဖြစ်သည့်ပြင်၊ ရိုးရိုးသတ်လည်းသေသဖြင့် သာမန်အားဖြင့် တိုက်ပွဲတွင်း၌ ဤမျှထိခက်ခဲသောအလုပ်ကို မလုပ်ကြလင့်ကစား လုပ်နိုင်ပါက အနှီလူသတ်သမားမှာ မည်ကဲ့သို့သောသူနည်း။ အင်မတန် လက်ဆကောင်းသူ၊ လူမဆန်အောင် ဖျတ်လတ်သူ၊ သာမန်လူထက်ပိုသော ခွန်အားကို ပိုင်ဆိုင်ထားသူတည်း။
“ကြည့်ရတာ ငါတို့ရဲ့ (အေ) ဆိုတဲ့ကောင်က နှယ်နှယ်ရရတော့မဟုတ်ဘူး။ ပျောက်သွားတဲ့ ငါးဆယ်ကကော သေချာရဲ့လား။ ဒီမြစ်ရဲ့ရေစီးက နှေးတဲ့ထဲမပါဘူး။ မင်းတို့ ပြန်မဆယ်နိုင်တာကော မဖြစ်နိုင်ဘူးလား”
“ဘယ် … ကျုပ်နှင့် တခြားနဂါးသူရဲကောင်းတွေပါ ယန္တရားချပ်ဝတ်တွေနှင့် ရေငုပ်ရှာကြတာ။ ပြီးတော့ ဒီမှာ မျောပါသွားတဲ့ကောင်တွေကလည်း ရေတံခွန်အောက်ပြုတ်ကျမှာပဲ။ အောက်ပိုင်းမြစ်ထဲကျရင် ရေတံခွန်အောက် ထောင်မှာစောင့်တဲ့ မန်းဒရိတ်(ခ်)တွေက သိရမှာပေါ့။
လုံးဝသေချာတယ် … ရေနစ်တာ လေးဆယ်ပဲ။ ကျန်ငါးဆယ်က လုံးလုံးပျောက်နေတာ။ အထူးဆန်းဆုံးက ဒီသောင်ပြင်ရဲ့ အနီးတစ်ဝိုက်မှာ မီးရှို့ဖို့လာတဲ့ ပြည်သူတွေရဲ့ ခြေရာကလွဲလို့ ပျောက်သွားတဲ့ ဆက်ဖီဘီယမ်တွေရဲ့ ခြေရာတွေ မရှိတာပဲ။ ဘယ်ကနေရောက်လာပြီး ဘယ်ကိုထွက်သွားသလဲဆိုတာ အခုထိစဉ်းစားလို့ မရသေးဘူး”
“ဟုတ်ပြီ … ထားပါ။ မင်း … ကျန်တဲ့ တစ်ရာ့တစ်ဆယ်နှင့် မီးရှို့တဲ့သူတွေကိုကော စစ်ကြောပြီးပြီမလား။ သူတို့ဆီက ဘာရလဲ”
“ဘာမျှမရဘူး။ ကျွန်တစ်ရာ့တစ်ဆယ်လုံး အဲအချိန်က မူးဝေနေပြီးတော့ အသိစိတ်လွတ်ကုန်တယ်လို့ ထွက်တယ် ။ ပြေးဖို့ ဘာမျှကြိုကြံမထားသလို အဲသည်အချိန်မှာ ဘာတွေဖြစ်နေမှန်းတောင် မသိဘူးတဲ့။ မီးရှို့တဲ့ကောင်တွေလည်း အတူတူပဲ။ ဆေးတွေမိကုန်တာ … ဒီကောင်တွေကိုလည်း ဘာမျှမေးမရဘူး”
လီယိုနာ့ဒ်၏ မျက်လုံးများ မှေးစင်းသွားလေ၏။
“မင်းသေချာရဲ့လား။ ဒီကောင်တွေကို စကားကောင်းကောင်းပြောအောင် သေသေချာချာ လုပ်ခဲ့ရဲ့လား”
“ကိုယ်တုံးလုံးချွတ်၊ ထုပ်တန်းမှာ ဇောက်ထိုးကြိုးချည်ပြီး အောက်ကရေနွေးပူကန်ထဲ စိမ်လိုက်၊ ပြန်နှုတ်ပေးလိုက်လုပ်ပြီးကို မေးထားတာ ခေါင်းဆောင်”
မဆိုးပါ။ ဇိုက်(ခ်)ဘက်က တတ်နိုင်သမျှလုပ်ထားပေသည်။ ထို့ကြောင့်သူသည် မာတိုရိုဘက်သို့လှည့်၍
“မင်းကော … ဒီကိစ္စကို ဘယ်လိုသဘောရလဲ။ အဲသည်မူးဝေစေတဲ့ အဆိပ်ကိုပြောတာ”
ဟု မေးလေရာ ယင်းက ပခုံးနှစ်ဖက်လုံးကို ပြိုင်တူတွန့်ပြလေသည်။
“ဘာကို … ဘယ်လို သဘောရ ရမှာလဲ။ အဆိပ်ကို မမြင်မချင်း ကျုပ်ဘာမျှမပြောနိုင်ဘူး”
ထိုအခါသူသည် အညိုရောင်ဆံပင်ကြမ်းများကို လက်ငါးချောင်းလုံးဖြင့် နှိုက်ဖွလိုက်ပြီးနောက်
“ဘယ်ကရောက်လာမှန်း မသိဘူး။ ကျွန်တွေနှင့် မီးလာရှို့တဲ့ပြည်သူတွေကို ဆေးခတ်တယ်။ ကျန်တဲ့အစောင့်တွေကို ခေါင်းဖြတ်တယ်။ ပြီးတော့ ဘယ်ကနေပြန်ထွက်သွားမှန်းမသိဘူး … ခြေရာတောင်မကျန်ဘူး … ဒါမျိုးက မြေလျှိုးမိုးပျံနိုင်မှပဲရမယ်”
ဟု တစ်ယောက်တည်း ရေရွတ်လိုက်၍ မြစ်အလယ်၌ မျောလာလျက်ရှိသော အန်သရယ်ပန်းပွင့်နီကြီးကို ငေးကြည့်နေသည်တွင်၊ သူပြောခဲ့သော စကားများက သူ့အတွေးတွင်း ပြန်ဝင်လာတော့သည်။
“မြေလျှိုးမိုးပျံနိုင်မှပဲရမယ် … မြေလျှိုးမိုးပျံ … မြေလျှိုးမိုးပျံ”
ဟု ပေါ်လာသောအတွေးကို တီတိုးရေရွတ်မိနေကြိုက်၊ နေကိုသာမက ကောင်းကင်ယံ တစ်ခုလုံးကိုပါ မိုးတိမ်မည်းများက ဖုံးအုပ်သွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျလာပြီး ရှေ့တည့်တည့်က လှိုင်းသံများကလည်း ပိုကျယ်လာသယောင်။ မိုးနံ့များလည်း ပိုထင်းလာသယောင်။
“ခေါင်းဆောင် … ခင်ဗျား ဘာတွေတွေးနေတာလဲ”
ထိုအခါသူက ဇိုက်ကို လှည့်ကြည့်၍
“(အေ) ဆိုတဲ့ကောင်က မြေလျှိုးမိုးပျံနိုင်တယ်ဆိုရင်ကော။ မိုးပျံရင်တော့ ဘေးကစစ်တပ်ရဲ့ လေကြောင်းကာကွယ်ရေး ယန္တရားတွေကြားမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် ဒီကောင်မြေလျှိုးနိုင်တာလား”
“ဘာ … ခေါင်းဆောင် … ခင်ဗျားလာနောက်နေတာလား”
“မင်းကို ငါက ဟာသပြောနေတယ် ထင်နေတာလား။ ဒီနေရာမှာ လုပ်ချင်တာလုပ်ပြီး ဘာခြေရာလက်ရာမျှ မကျန်ဘဲ ပြန်ထွက်သွားနိုင်တာ တစ်ခုပဲရှိတယ်။ ဒီနားမှာ မြေအောက်ဥမင်တစ်ခု ရှိရလိမ့်မယ်”
ထိုအခါ ဇိုက်(ခ်)၏ မျက်လုံးများဝိုင်းစက်သွားရလေလျှင် သူကခေါင်းညိတ်ပြ၍
“ဒီအုတ်ခုံတွေမှာ လျှို့ဝှက်လိုဏ်ဂူတံခါး ရှိမရှိ လိုက်ကြည့်မယ်။ အချိန်မရှိဘူး … မင်းတပ်သားတွေကိုပါ ခေါ်လိုက် … အင်အားသုံးပြီးရှာရမယ်”
ဤသို့ဆိုပြီး တစ်ခဏအကြာ၌ သူတို့အပါအဝင် နတ်နဂါးတပ်သားများသည် အင်အားအလုံးအရင်းသုံးလျက် ကျွန်များကိုတင်သော အုတ်ခုံကြီးများကို စတင်စစ်ဆေးကြသည်တွင်၊ အုတ်ခုံများ၏ ကြမ်းပြင်များကို တစ်လက်မချင်း အသေးစိတ်ဖွေနှည်၍လည်းကောင်း၊ အုတ်ခုံ၏ထုသားများ၌ လျှို့ဝှက်ခလုတ်ရှိမရှိကို ရှာဖွေကြ၍လည်းကောင်း အားထုတ်ကြပါလျက်နှင့် လိုဏ်ခေါင်းတံခါးဝ၊ လျှို့ဝှက်ခလုတ် စသောအရာများနှင့်တူသောအရာကို စိုးစဉ်းမျှပင် မတွေ့ရဘဲ၊ လမ်းလျှောက်ရလွန်းသဖြင့်သာ သူ့ဖိနပ်၌ သဲများပြည့်လာလေရာ အချိန်တစ်ခုကြာလာသော် သူသည် စိတ်ပေါက်ပေါက်နှင့် အုတ်ခုံတစ်ခုကို ဆောင့်ကန်ပစ်လတ်သရော်၊ ဖိနပ်အတွင်းကသဲများမှာ ဖွားခနဲလွင့်ထွက်ကုန်လေသည်။
“ဇိုက်(ခ်) … မင်းတို့ဆီမှာ မိုင်းရှာတဲ့ ယန္တရားတွေရှိတယ်မလား။ အဲကောင်တွေပါ ယူပြီးရှာကြည့်စမ်းကွာ။ ဥမင်မဟုတ်တောင် အရေးကြီးတဲ့ဟာ တစ်ခုခုမြှုပ်ထားတာဖြစ်ဖြစ်”
ဟုဆိုလေသော် လီယိုနာ့ဒ်အကြံပေးသည့်အတိုင်းပင် ထိုယန္တရားများသုံးကာ သံသယဖြစ်ဖွယ်များကို ရှာကြလင့်ကစား သဲသောင်ပြင်အတွင်းက ထွက်လာသောအရာများမှာ မဟာသစ်ပင်ကြီး၏ သစ်မြစ်အစွန်းအစများ၊ ဖိနပ်စုတ်များ၊ အမှိုက်များနှင့် မိန်းမအတွင်းခံများသာဖြစ်လေသည်။ အချိန်မရှိမှ အမှုလမ်းကြောင်းက ထပ်ပိတ်နေပြန်ပြီ။ ထို့အတူ သူ၏သည်းခံစိတ်များလည်း ပါးလှပ်လာ၍ တခဏမျှအကြာ၌ အားလုံးမှာ ခြေများ၊ လက်များ မြှောက်ကြကုန်လေသည်။ ဇိုက်(ခ်)မှာ အနီရောင် မိန်းမအတွင်းခံကို မြစ်အတွင်းသို့ ကန်ထုတ်ပစ်လိုက်၍
“ကြည့်စမ်း … ဒီစောက်ကောင်မတွေ သဲပြင်ကိုတူးပြီး မဟာသစ်ပင်ရဲ့ အမြစ်တော်ထိပ်မှာ၊ အတွင်းခံကို ချိတ်သွားတယ်။ ဒီကိစ္စတွေပြီးလို့ကတော့ အဲကောင်မတွေရဲ့ခေါင်းကို လူပုံအလယ်မှာ ဝူးလို့(စ်)နှုတ်သီးနှင့် ပေါက်သတ်ခိုင်းရမယ်”
ဟုဆိုလေသောကြောင့် သူလည်း သက်ပြင်းတစ်ချက်ကိုသာ ဟူးခနဲမြည်အောင်မှုတ်ထုတ်မိ၍ အဝေးသို့ လှမ်းကြည့်မိလေလျှင်၊ မြို့ကြီး၏ မလှမ်းမကမ်း၌ မားမားမတ်မတ်ကြီး ထောင်လွှားနေသော မဟာသစ်ပင်ကြီး ဂီဟာဒြန်းဆဲလ်မှာလည်း သူကို ပြန်ငုံ့ကြည့်နေဟန်ရှိနေရကား၊ အဝေးကသစ်ပင်ကြီးကို တစ်လှည့်၊ အနီးက သစ်မြစ်များကို တစ်ဖုံ ထောက်ရှုကာ မဟာသစ်ပင်ကြီးအကြောင်းအား ထပ်လောင်းဆင်ခြင်မိနေလေသည်။
၎င်း၏အမြစ်များကား ရှည်လျားထွေပြားလွန်းလှသောကြောင့် သစ်မြစ်များမှာ အာဇာဂါနာမြို့ကြီး၏အောက်၌ ကွန်ရက်သဖွယ် ဖြစ်ပွါးနေသည်သာမက သူ့မိုယာဝုထ်ရွာလေး၏ အောက်ထိပါ ပျံ့နှံ့နေလေသည်။ ဤသည်ကိုလည်း သက်ရှိအများစုတို့က ရုက္ခပါလ နတ်ဘုရားမ နီရင်၏ စောင့်မမှုဟု ယုံကြည်ကြလေသည်။
တွေးနေလျက် တောနေလျက်ပင် သူ့တစ်ကိုယ်လုံးက ကြွက်သားများမှာ ညောင်းညာလာပြန်၏။ စိတ်အစဉ်မှာလည်း ကောင်းကင်ပေါ်က တိမ်လိပ်များအလား အမိုက်ကျလာ၏။ တစ်မနက်ခင်းလုံး ထချိန်မှစ၍ ယခုထိမနားရသေး။
ထို့မျှမက ယခုကြုံနေရသော ကိစ္စများကြောင့် သူ့ခေါင်းတစ်ခုလုံး ပူထူလာသည့်အတွက် မည်သည့်အရာမျှ ဆက်မစဉ်းစားနိုင်တော့ဘဲ အုတ်ခုံပြင်ကိုသာ မှီလျက် သဲသောင်ပြင်ပေါ်၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်ကာ မြစ်ကြီးကိုသာ ငေးကြည့်နေမိတော့သည်။ မြစ်၏ တစ်ဖက်ကမ်းတွင်ကား ခရမ်းရောင်သစ်ရွက်တို့နှင့် အိထွေးနေသော ဆော်လ်နမ်လယ်ကွင်းပြင်များနှင့် ဖြူဖွေးဖွေး မိုယာပင်အုပ်များ။
ဤမျှသာယာလှသည့်မြင်ကွင်းမှာ မကြာမီသွေးစွန်းတော့မည်ကို သူကိုယ်တိုင်ပင် မယုံနိုင်ဖြစ်လာရပြီး တစ်ခါတလေတွင် သိသောအရာအားလုံးကို မေ့ပစ်ကာ လယ်ကွင်းအတွင်း၌သာ ဆော်လ်နမ်များ စိုက်နေချင်တော့သည်။ လာသတ်မှ အသေခံလိုက်မည်။ အနည်းဆုံး မသေမီ စိတ်မဆင်းရဲတော့။ ယခုသူပင်ပန်းနေပြီ။ ကိုယ်ထက် စိတ်ကပိုအထောင်းခံနေရသည်။
ထိုစဉ် ဇိုက်(ခ်)မှာ သူ့ဘေးသို့ထိုင်ချ၍ သူ့ကို ရေဘူးကမ်းပေးလာသော်လည်း ဘာဆက်လုပ်မည်နည်းဟု မမေးတော့ပေ။ ဤအစား
“တော်တော်ပင်ပန်းနေပြီလား။ မိုယာဝုထ်ကိုတော့ စိတ်မပူစမ်းပါနှင့် လိုအပ်တဲ့ဆေးတွေ ကျုပ်ပို့ခိုင်းလိုက်ပါပြီ”
ဟုဆိုလျှင် ညှိုးငယ်နေသော သူ့မျက်လုံး၌ အရောင်အနည်းငယ်ပြန်လည်တောက်ပ လာလင့်ကစား၊ ယခုပြဿနာကို ပြန်တွေးမိသည့်အခါ ဤကဲ့သို့ တောက်ပလာသော မျှော်လင့်ချက်လေးမှာ ခြေဖြင့်တက်နင်းလိုက်ရသော မီးစလေးအလား ဟုတ်ခနဲငြိမ်းကျသွားသည့်ပြင် ရင်တွင်းမှာလည်း ပြန်ပူလာသဖြင့်၊ ရေဘူးကိုဆွဲယူပြီး မော့ချလိုက်သရော်မှ လည်ချောင်းတစ်လျှောက် အေးဆင်းသွားလေသည်။ စိတ်မောသည့်အချိန်သောက်ရသည့် ရေအေးကား ဤမျှပင် အရသာရှိလေ၏။
“ကျေးဇူးပဲ ဇိုက်(ခ်)”
“ဟက် … ကျုပ်တို့ကြား ဒါတွေလိုလို့လား။ ဒါနှင့်စကားမစပ် ကျုပ်တစ်ခု စဉ်းစားမိထားတယ်”
“ပြောကြည့်စမ်းပါဦး။ ကြည့်ရတာ ငါတို့ လမ်းမှားလိုက်မိပြန်ပြီနှင့်တူတယ်”
“မှားမမှားတော့ မသိဘူးဗျာ။ ပိတ်နေပြီကတော့ သေချာတယ်။ ဒီတော့ ခေါင်းဆောင် မနက်ကလုပ်သလိုပဲ လုပ်ကြည့်ရအောင်။ ဒါကိုခဏထားပြီး တခြားဘက်ကို ပြန်သွားကြည့်ချင်တယ်”
အုတ်ခုံကို ခြေပစ်လက်ပစ်မှီထားသော သူ့ကျောများ ပြန်မတ်လာ၍
“မင်းက ဘယ်ဘက်က ဆက်လိုက်ဦးမှာလဲ။ တော်တော်များများ အဖြေပေါ်ပြီးနေပြီ။ ကလေးတွေအားလုံး လေဖြတ်တဲ့ဘက် ဆက်လိုက်မလို့လား”
“မဟုတ်ဘူး … ဆောင်ကြာမြိုင်ကိစ္စဘက် ပြန်လိုက်မလို့။ ကျုပ်တွေးနေတာပါ … လေဒီ ဆယ်ဖီးနီးမှာလည်း မီဇိုဗာကပ်ပါးကောင် ထိထားတယ်လို့ ခေါင်းဆောင်ယူဆထားတယ်ဆို”
“အေး … ဖြစ်နိုင်ပါတယ်။ အတည်တော့ မပြုရသေးဘူး။ အဲဘက်ကိုလည်း ပြန်သွားရဦးမယ်”
“ဒါဆို ခဏလောက် ဟုတ်တယ်လို့ သဘောထားပြီး စဉ်းစားကြည့်မယ်ဗျာ။ လေဒီ ဆယ်ဖီးနီးက (အေ) ရဲ့နယ်ရုပ်။ ဖဲလေဒီကို အသုံးချပြီး (အေ) က တစ်ခုခုလုပ်နိုင်တယ်ပဲ ထားပါ။ အော်စလန်ကို တစ်ခုခုလုပ်ချင်တယ်ဆိုရင် အော်စလန်နှင့် ဖဲလေဒီ တွေ့မှဖြစ်မယ်”
သူ မတုံ့ပြန်ဘဲ နားသာစွင့်ထားသည်။
“ဒါပေမဲ့ သလင်းတုံးစာရေးက ပြောခဲ့တယ်မလား။ အဲကောင်တွေ ပိုက်ဆံစုပြီး လေဒီ လီလီယာနာနှင့်ပျော်ဖို့ လွှတ်လိုက်တယ်ဆိုတာ။ ဒါဆို လေဒီ ဆယ်ဖီးနီးဆီရောက်ဖို့ လေဒီ လီလီယာနာဆီမှာ လေလံရှုံးရလိမ့်မယ်။ လေဒီ လီလီယာနာ ဆီမှာသာ လေလံရှုံးခဲ့ရင်၊ အော်စလန်က လေဒီ ဆယ်ဖီးနီးဆီကျလာမယ်။ ဒါဆိုရင် ဖဲလေဒီဆီမှာ လျှောက်လွှာဘယ်လောက်ရှိရှိ အရေးမကြီးဘူး။ (အေ) က ဖဲလေဒီကို စိတ်ညှို့ပြီး အော်စလန်ကို ရွေးခိုင်းမယ်။ ပြီးတော့ လူသတ်မှုကျူးလွန်မယ်”
သင်း၏စကားကြောင့် သူ၏မတ်လာသောကျောမှာ ကုန်းသွားရလေပြီ။
“ဒါဆို မင်းပြောချင်တာက (အေ)က လေဒီ လီလီယာနာရဲ့ မနေ့ကလေလံပွဲကို ဝင်ခြယ်လှယ်ခဲ့တယ်လို့လား”
“ကျုပ်ကတော့ အဲလိုထင်နေတယ်။ မသင်္ကာလို့ လေဒီ လီလီယာနာရဲ့ မနေ့ညကို လေလံအောင်ခဲ့တဲ့ကောင်အကြောင် စုံစမ်းကြည့်လိုက်တော့ အဲကောင်က ဒန်ဒရီအိုဆာက မင်းသားငယ်တစ်ပါး ဖြစ်နေတယ်။ ပြီးတော့ ဒီကောင်တည်းခိုတာက ထိပ်တန်းအဆင့်တည်းခိုခန်းတောင် မဟုတ်ဘူး။ အခုလက်ရှိ ဒန်ဒရီအိုဆာနိုင်ငံရဲ့ စီးပွါးရေး အခြေအနေကိုလည်း ခေါင်းဆောင် သိတယ်မလား။ ဒီကောင် လေလံဆွဲနိုင်ဖို့ (အေ)ဆီက သေချာပေါက် ငွေအပြုံလိုက်ရထားလောက်တယ်။ ဒီကောင့်ကို ဖမ်းပြီး ငွေဝင်ငွေထွက်တွေ စစ်ပစ်လိုက်ရင် တစ်ခုခုပေါ်မှာပဲ”
ယခုအခါ မျက်လုံးများဝိုင်းသွားရသူမှာကား လီယိုနာ့ဒ်ပင်။
“မင်း … ဟုတ်လှချည်းလား။ ထတော့ … ငါတို့ အဲသည် မင်းသားတည်းခိုတဲ့ဆီ သွားကြမယ်”
ဟုဆိုလျက် ထတော့မည်အပြုခိုက်၊ ဇိုက်(ခ်)က သူ့ရင်ဘတ်ကို လက်ဖြင့်တားလေသည်။
“မလိုဘူးခေါင်းဆောင် … ကျုပ်တပ်သားတွေလွှတ်ပြီး ဒီကိုလာခိုင်းထားတယ်။ ခဏနေရောက်လာတော့မယ်”
“ဟား … မင်းတော့ကွာ … လေဒီ လီလီယာနာနှင့် ပတ်သက်ရင်တော့ တက်ကြွပါပေတယ်”
ဟုသာ မှတ်ချက်ပေးမိတော့သည်။ ဇိုက်(ခ်)တွေးသည်က မှန်သည်။ သို့သော် လိုနေသေးသည်။ ဤသည်ကား လေဒီ ဆယ်ဖီးနီးမှာ အဘယ့်ကြောင့် GCS3 ကိုမာဝင်နေရသနည်းနှင့် (အေ) မှာ သူ(မ)ကို မည်ကဲ့သို့ အသုံးချခဲ့သည်ကို မသိရခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ သမုဒယရတီနန်းတော်မှတစ်ဆင့် အမှုလမ်းစတစ်ခု ထွက်ပေါ်လာရပြီး အမှုကို သူမစဉ်းစားမိသော ရှုထောင့်မှထောက်ရှုသွားသော ဇိုက်(ခ်)အားလည်း စိတ်တွင်းက ကျိတ်ချီးကျူးမိလေသည်။
ဤသို့ဖြင့် ကျဆင်းသွားသော စိတ်ဓာတ်တို့မှာ ပြန်လည်ကာထူထူထောင်ထောင် ဖြစ်လာသည့်အားလျော်စွာ၊ ကိုယ့်ကိုယ်ကိုယ် ဆုပြန်ချရန် လီယိုနာ့ဒ်သည် အိတ်ထောင်တွင်း၌ထည့်ထားသော ဆော်လ်နမ်ဥကြီးကို ထုတ်ယူလိုက်ရာတွင်၊ ဆိုရင်း(န်) ဖုတ်ထားသော အနှီဥကြီးမှာ အေးစက်နေလင့်ကစား ဝမ်းဟာနေပြီဖြစ်သောသူ့အဖို့ ဤသည်တို့ကို ဂရုမထားနိုင်တော့ဘဲ၊ သစ်ဥ၏အဖြူသားကိုသာ တစ်ကိုက်မျှ ကိုက်ချလိုက်သည့်အခါ၊ ပထမဆုံး ဝါးလိုက်ရသည့်ခံစားချက်မှာ ခပ်မွမွဖြစ်၍ ယင်းနှင့်အတူ သစ်ဥ၏အရည်ခပ်စိမ့်စိမ့် အရသာလေးကလည်း လျှာဖျား၌ဝေ့သီလာလေသောကြောင့် သူ့ခံတွင်းတစ်ခုလုံး တဒင်္ဂမျှကြည်ရှင်းသွားသော်လည်း၊ နောက်ထပ်ဆောင့်ဝင်လာသည့် ရသာရုံကြီးမှာ ပြင်းထန်လွန်းရကား သူ့တစ်ကိုယ်လုံးက အကြောအခြင်များအားလုံး ပြန်လည်တောင့်တင်းကုန်သကဲ့သို့ မျက်လုံးများပါ ပြူးထွက်သွားလေ၏။ ထို့နောက် စားထားသမျှကို ဖွီးခနဲ ထွေးထုတ်ပစ်လိုက်လေတော့သည်။ ငန်သည်။ အာခေါင်တစ်ခုလုံး ထုံထွက်သွားအောင် ငန်ကျိနေသည်။ သူ ပါးစပ်ကိုပိတ်၍
“ဟေ့ကောင် … ဒါ … ဒါ … ဘာလဲ”
ဟု ဝူးဝူးဝါးဝါး ဆိုသရော် ဇိုက်(ခ်)မှာ တဟားဟားထရယ်လေပြီ။
“အော်ရကယ်ချုပ်က တပ်ထဲမှာ တစ်ယောက်တည်း ပျင်းနေလို့ အကုန်လျှောက်လုပ်နေတာဗျ။ သူချက်တဲ့ဟင်းတွေဆို အကုန်ငန်တူးနေတာပဲ။ တပ်ထဲ အထာသိတဲ့သူ ဘယ်သူမျှမစားဘူး … ခေါင်းဆောင်ပဲ မိသွားတာ … ဟ ဟား”
သူ့စိတ်တွင်း ပြုံးရွှင်နေသည့် ခေါင်းတုံးမလေးကို ပြန်လည်မြင်ယောင်ကာ အေးပါကွာ ဟုသာရေရွတ်မိတော့သည်။ ထိုစဉ် မန်းဒရိတ်(ခ်) တစ်ယောက်က သူတို့နားရောက်ရှိလာ၍
“တပ်မှူး … တပ်မှူးခေါ်ခိုင်းထားတဲ့သူတွေ ရောက်နေပါပြီ”
ဟုဆိုသောကြောင့် သူတို့နှစ်ယောက်လုံး ထကြည့်လိုက်ရာ၊ အုတ်ခုံပြင်ပေါ်၌ လူသားနှစ်ယောက်နှင့် ဝါယောနနှစ်ယောက်ရပ်နေလေပြီး ဝါယောနနှစ်ယောက်မှာ စိမ်းသောအခွံမာတို့အား ပိုင်ဆိုင်ကြကုန်၏။ နောက်ကျော၌လည်း သေနတ်ရှည်နှစ်လက်ကို ကြက်ခြေခတ်သဏ္ဌာန် လွယ်ထားလေ၏။ ယင်းနောက် လူနှစ်ယောက်အနက် တစ်ယောက်မှာ အနက်ရောင်ခေါင်းပေါင်းနှင့် အနက်ရောင်ပိုးသားဝတ်ရုံကို ခြုံထားပြီး အသက်လေးဆယ်ဝန်းကျင်ဟု ယူဆရမည့် ယောက်ျားတစ်ယောက် ဖြစ်သည်။
ကျန်တစ်ယောက်မှာမူ ရွှေသားဝတ်စကုတ်အင်္ကျီနှင့် ဖြူစွတ်နေသောပိုးသား ဘောင်းဘီရှည်ကို ဝတ်ထား၍၊ အသက်နှစ်ဆယ်ပင်ကျော်ပုံမရသေးသည့် ကလေးတစ်ယောက်။ ဝတ်ပုံစားပုံကို ကြည့်ရုံမျှဖြင့် ဒန်ဒရီအိုဆာက မင်းသားငယ်နှင့် ၎င်း၏အခြံအရံများဖြစ်ကြောင်း သူသိလိုက်ပြီး၊ သူတို့ထလာသည်နှင့် ရွှေရောင်ဝတ်စကုတ်ဝတ်ထားသော မင်းသားက လက်နှစ်ဖက်လုံးကို နောက်ပစ်လျက် ဒန်ဒရီအိုစာ ဘာသာစကားနှင့် စကားတစ်ခွန်းလှမ်း ပြောလေလျှင်၊ ချင်း၏ဘေးနာက ဝတ်ရုံနက်နှင့်သူက
“ဘာကိစ္စနှင့် ငါကိုယ်တော်ကို ဆင့်ခေါ်ရတာလဲ”
ဟု ရာဗလွန်အင်ပါယာ ဘာသာစကားဖြင့် ပြန်ပြောလေ၏။ နှစ်ယောက်လုံး၏ လေသံတို့မှာကား အာမန်တီတိုက် (Armantitide) သတ္တုထက်ပင် ပိုမိုမာကျောနေသယောင်။
ထိုအခါ ဇိုက်(ခ်)၏မျက်နှာမှာလည်း တင်းမာသွား၍ နဂါးခေါင်းခမောက်ကို ဆောင်းလိုက်လေသည်။ ထို့နောက်သူ့ကိုလည်း လက်သီးဆုပ်မျှသာကြီးသော အဖြူရောင် ယန္တရားစက်လုံးလေးကို လှမ်းပေးသဖြင့် သူကလည်း ယင်းလေးကို လက်ဖဝါးဖြင့် ဖိညှစ်လိုက်ရာ၌၊ ဤစက်လုံးလေးမှာ သူ့ပခုံးပေါ်၌ ပျံဝဲနေ၍ သူ့နားတွင်းတွင်လည်း စကားသံတစ်သံပေါ်လာ၏။
“Neural Synchronization and Lip Synchronization success . Vocal Emulation Activated”
ဟူ၍ ဖြစ်သည်။ ဤအရာလေးကို “ရိုက်ဖွန်း” ဘာသာပြန်ကိရိယာဟုခေါ်သည်။ ယင်းလေးနှင့်ဆိုပါက နိုင်ငံခြားဘာသာစကား တတ်ရန်မလို။ ၎င်းကိရိယာမှာ တစ်ဖက်သူပြောသည့်စကားများကို ဘာသာပြန်ပေးနိုင်ရုံမျှမက၊ ကိုယ်ပြောလိုသည့်စကားကိုလည်း ပြန်ပြောပေးနိုင်၏ ။ နဂါးခေါင်းခမောက် အတွင်းတွင်မူ ထိုကိရိယာက ပါရှိပြီးဖြစ်သည်။ ထိုကြိုက် ဇိုက်(ခ်)က နဂါးချပ်ဝတ်တန်ဆာအပြည့်ဖြင့်
“နတ်ဘုရား အက်(စ်)မန်းဒက်(စ်)ရဲ့ အမိန့်တော်အရ သင့်ကို မေးစရာရှိတယ် Your Highness။ အင်ပါယာကို ဘာလုပ်ဖို့လာတာလဲ”
ဟု ဒန်ဒရီအိုစာ ဘာသာစကားဖြင့် ခပ်ပြတ်ပြတ် မေးခွန်းပြန်ထုတ်သည့်အခါ မင်းသားငယ်က
“ယူဆီယာရဲ့ ရွှေဝါရောင်အလှကို ခံစားဖို့နှင့် လောကစည်းစိမ်သုံးပါးထဲက တစ်ပါးကို ခံစားတော်မူလိုတဲ့အတွက်ပဲ … သူရဲကောင်းငယ်”
ဟု ခပ်နှိမ်နှိမ်လေသံဖြင့် ဆိုလေ၏။ ရိုဒီးနီးယာက သေမျိုးတို့၏ လောကစည်းစိမ်သုံးပါးဆိုသည်မှာ ဒန်ဒရီအိုဆာက အလောင်းပန်းကို နမ်းရှိုက်ရခြင်း၊ မယ်ရီဂရက်တိုင်းပြည်က နန်းတွင်းသူများ ချက်ပြုတ်သောဟင်းလျာ အမျိုးခုနစ်ဆယ် (၇၀)ကို သုံးဆောင်ရခြင်းနှင့် သမုဒယရတီနန်းတော်က ပြည့်တန်ဆာများ၏ ဧည့်ခံမှုကို စံစားရခြင်းတို့ဖြစ်လေသည်။
အနှီမင်းသား၏ လေသံကား စီးပိုးလွန်းလှပြီး သုံးသောစကားလုံးများမှာလည်း အထက်စီးဆန်လွန်းလှသည့်အတွက် သူသည်ဇိုက်(ခ်)ကို ကြည့်လျက် ခေါင်းညိတ်ပြလိုက်သည့်အခါ၊ ယင်းကလည်း သူ့ကို ခေါင်းငဲ့ကြည့်လျက် ခေါင်းတစ်ချက်ပြန်ညိတ်ပြလေ၏။ ဤသည်ကားသူတို့ အချင်းချင်းသာသိသော အချက်ပြချက်တစ်ခု။
တော်ဝင်လူတန်းစားများမှာ စကားကို တန်ဆာဆင်ပြောသည်။ ကွေ့ပတ်ကာဆိုသည်။ တော်တော်နှင့် လိုရင်းမရောက်။ ယခုအခါယင်းတို့စံနှုန်းအတိုင်း စကားဆွဲပြောနေရန် အချိန်မရှိတော့သဖြင့် လိုရင်းတိုရှင်းသာ ဘွင်းဘွင်းချတော့ ဟုအချက်ပြလိုက်သော အကြည့်ပေတည်း။ ထိုအခါ ဇိုက်(ခ်)က မထီပြုံးဖြင့်ရပ်နေသော မင်းသားငယ်ကို နဂါးတစ်ကောင်၏မျက်လုံးများဖြင့် စူးစိုက်ကြည့်ရှုပြီးနောက်
“Your Highness ရဲ့ ဒီရက်ပိုင်း ငွေဝင်ငွေထွက်ကို ကျုပ်တို့သံသယရှိထားတယ်။ ဒါကြောင့် စစ်ဆေးစရာရှိတာကို ပူးပေါင်းပေးစေချင်တယ်”
“ဘာကွ … ရိုင်းလိုက်လေခြင်း”
ဤသည်ကား မင်းသားငယ်၏ဘေးက ဝတ်ရုံနက်ထံမှ ထွက်လာသောစကား။ ယင်းနှင့်အတူ အကြင်မင်းသားမှာလည်း လက်နှစ်ဖက်နောက်ပစ်ကာ ဇိုက်(ခ်)နားသို့ တိုးကပ်လာ၍ မျက်နှာချင်းဆိုင် မော့ကြည့်သည်တွင်၊ သင်းလေး၏ ကိုယ်ရံတော်နှစ်ယောက်ကလည်း အတူတူလိုက်လာလျက် လီယိုနာ့ဒ်တို့နှစ်ဦးလုံးကို ညှပ်ပိတ်ဝန်းရံလိုက်သောကြောင့် လီယိုနာ့ဒ်မှာ ဟက်ခနဲ ရယ်လိုက်လေသည်။ ထို့နောက် ဝတ်ရုံနက်ကိုလှမ်းကြည့်ပြီး ပြောလိုသည့်စကားကို စိတ်တွင်းက တွေးရုံမျှသာတွေးလိုက်ရာ၌
“ဒါသိပ်ကောင်းတဲ့ အကြံမဟုတ်ဘူးနော်”
ဟုအဓိပ္ပာယ်ရသည့် ဒန်ဒရီအိုစာ စကားသံတစ်ခုမှာ သူ့ဘေး၌ပျံဝဲနေသော ရိုက်ဖွန်း ဘာသာပြန်ယန္တရားထံမှ ထွက်လာလေသည်။ အဆိုပါယန္တရားကထွက်သော လေသံနှင့် လေယူလေသိမ်းတို့မှာလည်း သူ့အသံနှင့် တစ်ထေရာတည်း ဖြစ်လေ၏။
ထိုအခါ မန်းဒရိတ်(ခ်)များကလည်း သူတို့နှင့် မင်းသားတို့အားလုံးကို စက်ဝိုင်းသဏ္ဌာန် ထပ်ဆင့်ဝိုင်းလိုက်သည့်အလျောက် အခြေအနေကား ရုတ်ခြည်းတင်းမာလာလေပြီ။
ထိုစဉ် မင်းသားငယ်က ဇိုက်(ခ်)ကို မော့ကြည့်နေလျက် ဒန်ဒရီအိုစာ စကားကိုဆိုလေရာ၊ ဘေးနားက ရိုက်ဖွန်းယန္တရားက ဆိုလိုသည့်အနက်အဓိပ္ပာယ်ကို ဘာသာပြန်ပေးလေ၏။ မီယော့ သကဲ့သို့ပင် ရိုက်ဖွန်း၏ ဘာသာပြန်ပေးသည့်အသံမှာ သူမှတစ်ပါး ကျန်သူမကြားနိုင်ပေ။
“အင်ပါယာက နဂါးသူရဲကောင်းဆိုတာ သူတို့အတောင်တွေနှင့် အားနည်းသူတွေကို ကာကွယ်ပေးသူတွေလို့ ထင်ထားခဲ့တာ။ လက်စသတ်တော့ အကြေးခွံအရောင်မှိန်နေလို့ အစွယ်ဖြဲပြနေရတဲ့ အဆင့်တွေပဲ။ မင်းတို့ဆီလာတဲ့ တိုင်းတစ်ပါးက မင်းသားတစ်ပါးကို ဒါမျိုးဆက်ဆံရမယ်လို့ ဘယ်နတ်ဘုရားက သင်ပေးလိုက်တာလဲ”
ဤစကားကြောင့် ဇိုက်(ခ်)က
“မင်း … ငါမေးတာဖြေဖို့ အချိန်ငါးစက္ကန့်ရမယ်”
ဟု မင်းသားငယ်ကို ဆိုလေရာ နဂါးခေါင်းခမောက်ကို မော်ကြည့်မြဲ မော်ကြည့်နေဆဲဖြစ်သည့် ၎င်းလေး၏မျက်နှာမှာ နီမြန်းလာပြီးနောက်၊ ငါးစက္ကန့်ကြာသည့်တိုင် ချင်းထံမှ စကားတစ်ခွန်းမျှ ထွက်မလာဘဲ ဇိုက်(ခ်)၏ညို့သကျည်းနေရာကိုသာ ရွှေဖိနပ်ထိပ်ဦးဖြင့် လှမ်းကန်လိုက်ရာ၌၊ မင်းသားလေး ခြေရွယ်သည်နှင့်တစ်ပြိုင်နက် ဇိုက်(ခ်)က ယင်း၏ပါးနှစ်ဖက်လုံးကို ယန္တရားလက်ကြီးဖြင့် ဆွဲညှစ်ပစ်လိုက်လေလျှင်၊ အနှီမင်းသား၏ နှုတ်ခမ်းများ ထော်လန်သွားသည့်ပြင် မျက်လုံးများလည်း ပြူးထွက်လာသဖြင့် ဘေးက ဝါယောနကိုယ်ရံတော်နှစ်ဦးမှာ နောက်ကျော၌လွယ်ထားသော သေနတ်များကို ဆွဲထုတ်ရန် ပြိုင်တူလက်မြှောက်လိုက်ကြလေသရော်၊ သင်းတို့နှစ်ယောက် လက်လှုပ်သည်နှင့် သူတို့အားလုံးကို ပတ်ပတ်လည် ဝိုင်းထားသော မန်းဒရိတ်(ခ်)များထံမှလည်း ရောင်ခြည်သေနတ်ကို မောင်းတင်သံများ၊ ရောင်ခြည်သေနတ်များ၏ ထိပ်ဖူးတို့ တြိဂံသဏ္ဌာန် ပွင့်ဟသွားသံများ အစီအရီ ထွက်ပေါ်လာကြသည့်အတွက်၊ ထိုနှစ်ယောက်လုံး၏ သေနတ်ထုတ်ရန် နောက်ပစ်နေသော လက်များမှာကား လေပေါ်၌ပင် ရပ်တန့်သွားရလေပြီ။
“ကိုယ့်လူတို့ ဝါယောနချင်းချင်းမို့ အသိပေးတာ။ ခင်ဗျားတို့ အခွံမာတွေက ကာဒိုနီယမ် သက်တော်ရှည် ဧကရီပိုးမယ်ရဲ့ ရွှေရောင်စစ်သည်တော်တွေလို ရောင်ခြည်ဒဏ် မခံနိုင်သေးဘူးနော်”
မာတိုရိုကားအင်ပါယာ စကားဖြင့် ကိုယ်ရံတော်များအား ဤသို့လှမ်းဆိုလင့်ကစား၊ ၎င်းတို့၏မျက်လုံး ၁၂ လုံးမှာမူ မင်းသားငယ်၏ မျက်နှာကို ဆွဲကုပ်ထားသော ဇိုက်(ခ်)၏ ယန္တရားလက်ကြီးထံသို့သာ။ ထိုကြိုက် ဝတ်ရုံနက်က လီယိုနာ့ဒ်ထံသို့ပြေးလာပြီး
“သူရဲကောင်း … ခင်ဗျားလူကို ခင်ဗျားထိန်းစမ်း … ဒီအပြုအမူရဲ့နောက်မှာ ဘယ်လိုနောက်ဆက်တွဲတွေ လိုက်လာမလဲဆိုတာ သိရဲ့လား။ ရင်ဆိုင်ဝံ့ရဲ့လား”
“အခုတော့ခင်ဗျားရဲ့ မင်းသားလေး ကျုပ်လူမေးတာမဖြေရင် နောက်ဆက်တွဲအနေနှင့် သွားတွေအကုန် ကျွတ်ထွက်တော့မယ်။ သူ့ခမျာ မနေ့ညကမှ လေဒီ လီလီယာနာနှင့် တွေ့ထားတာဆိုတော့ ပါးစပ်ထဲက အရသာကို အခုထိ စားမြုံ့ပြန်လို့ ပြီးဦးမယ်မထင်ဘူး။ ကမ္ဘာ့အဆင့်တစ် ပြည့်ကြီးတန်ဆာရဲ့အနမ်းနံ့အစား ငန်ပြပြသွေးနံ့တွေဝင်လာရင်တော့ မဟန်ချေဘူးနော်။ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နှင့် အံသွားတွေ ကျွတ်ထွက်ကုန်ရင် အစားစားရတာ ခက်ကုန်ရော့မယ်။ ဒါတွေကိုကော ရင်ဆိုင်ဝံ့လား”
“မင်း … မင်း … မင်းတို့”
ဝတ်ရုံနက်မှာ သူ့ကိုတစ်လှည့်၊ ဇိုက်(ခ်)ကို တစ်လှည့် လက်ညှိုးငေါက်ငေါက်ထိုးလျက်ရှိပြီး၊ ထိုအခိုက်၌ ဇိုက်(ခ်)၏လက်ချောင်းထိပ်များမှာ မင်းသားငယ်၏ ပါးပြင်အတွင်းသို့ ပိုမိုနစ်ဝင်သွားသည့်အတွက်၊ အနှီမင်းသားငယ်မှာ ဝူးဝူးဝါးဝါးအော်လာလျက် ဇိုက်(ခ်)၏ယန္တရားလက်ကြီးကို ၎င်း၏လက်နှစ်ဖက်လုံးဖြင့် ကုတ်ခြစ်နေသော်လည်း ယင်း၏သဏ္ဌာန်မှာ နဂါး၏လက်သည်းကြားရောက်နေသော ရူရိုင်းလေးတစ်ကောင်ပမာ ရုန်းထွက်နိုင်ခြင်းငြာ မစွမ်းသာ။ ထိုစဉ်လီယိုနာ့ဒ်၏ အကြည့်များမှာလည်း ဓားသွားအလားထက်မြလာ၍
“အချိန်မရှိဘူး ဒန်ဒရီအိုဆာသား။ မေးတာဖြေမှာလား မဖြေဘူးလား။ ငါ့ရဲ့သည်းခံစိတ်တွေ ခမ်းနေပြီ။ ဒီမင်းသားရဲ့ သွားတွေကျွတ်ထွက်ကုန်တာနှင့် မင်းရဲ့သွားတွေပါ ဒီသဲပြင်ပေါ် ရောက်မှာနော်”
ဟူသောစကားမှာ ဘေးကရိုက်ဖွန်းထံမှ ထွက်လာပြီးနောက်၊ သူက ဇိုက်(ခ်)ကို မျက်ရိပ်ပြလတ်သရော် ၎င်းက ပါးအား ဆွဲညှစ်ထားသည့်လက်၏အားကို လျှော့ပေးလိုက်၍ ဆောင့်တွန်းပစ်လိုက်ရာ မင်းသားငယ်မှာ အုတ်ခုံကြမ်းပြင်ပေါ်သို့ ခြေကားယားလက်ကားယား လဲသွားရကား ချင်း၏ ပိုးကောင်ကိုယ်ရံတော်များက ဝိုင်းထိန်းပေးထားရလေသည်။ ယင်းနောက် သူကပင် မင်းသားရှေ့၌ ဆောင့်ကြောင့်ထိုင်၍ ရိုက်ဖွန်းဖြင့် ဤသို့ဆို၏။
“မင်းတို့ အထည်ကြီးပျက်နေတာ ငါမသိဘူးများ မှတ်နေလား Your Highness။ အခုအင်ပါယာနှစ်ခုရဲ့ပြဿနာက စစ်အေးကာလကနေ မဟာစစ်အသွင် ကူးတော့မယ်။ ဒါကြောင့် မက်ဂနမ် ကလောဆက် တိုက်ကြီး ( Magnum Colossus Continent ) တစ်ခုလုံး ဒီလောက် ဂယက်ထနေတာ၊ မင်းခမည်းတော်က မင်းဖြုန်းတီးဖို့ ငွေတွေကိုဒီလောက် မအောဘူးကွ။ ပြောစမ်း … လေဒီ လီလီယာနာရဲ့ မနေ့ကတစ်ညကို လေလံဆွဲဖို့ ဖရီယာ အကူရခဲ့တယ်မလား။ ဘယ်သူက ပေးတာလဲ”
“ထွီ”
အဖြေမရ။ မင်းသားက သူ့မျက်နှာကိုသာ တံတွေးနှင့်သာ လှမ်းထွေးသည်။ သို့သော်လည်း ခန့်မှန်းပြီးသားလုပ်ရပ် ဖြစ်သောကြောင့် ခေါင်းကို ယို့ရှောင်ပေးလတ်သော် တံတွေးဖြူဖြူ ပျစ်ပျစ်များမှာ သူ့ပခုံးပေါ်က ကျော်တက်သွားလေသည်။ လွန်ခဲ့သော ငါးနှစ်ဝန်းကျင်ကသာ သူ့ကို ဤကဲ့သို့လာလုပ်ပါက ရှောင်ပြီးသည်နှင့် ၎င်း၏နားရင်းသို့ လက်ဝါးတစ်ချက် ကျလာပေအံ့။ ယခုတွင်မူ ကိုယ်ထိလက်ရောက် အကြမ်းဖက်မည့်အစား သူ့အကြည့်တို့မှာ မင်းသားလေးနှင့် မျက်လုံးချင်းဆိုင်နေရာမှ ၎င်း၏ပေါင်ခွကြားနေရာသို့ ဒေါင်လိုက်မျဉ်းတစ်ကြောင်း ဆွဲသည့်နှယ် ကူးပြောင်းသွားလေသည်။
“Your Highness ကို ကြည့်ရတာ အခုထိ အခြေအနေကို အမှန်တိုင်းမမြင်သေးတဲ့ပုံပဲ။ နောက်တစ်ခွန်းမေးလို့မှ မဖြေရင် မင်းရဲ့ လဥနှစ်လုံးကို ဒီနေရာမှာတင် ငါဖြတ်ပစ်မယ်။ ဖြတ်ပြီးတာနှင့် မင်းဥကို မင်းပါးစပ်ထဲ ပြန်ငုံခိုင်းထားမယ်။ နာလွန်းလို့အော်တဲ့အခါမှာ ကိုယ့်ဥကို ပြန်ကိုက်မိပြီး အဲသည်ဥထဲကအရည်တွေက မင်းလည်ချောင်းထဲ တိုက်ရိုက်စီးလာမယ်။
ဒါကိုမှ မပြောသေးဘူးဆိုရင် ဘောဖြတ်လိုက်လို့ ဟနေတဲ့အရေပြားစနှစ်ခုကို မီးနှင့်မြှိုက်ပြီးပိတ်မယ်။ ပိတ်ပြီးတာနှင့် အဲအရေပြားနှင့် လီးထိပ်ကအရေပြားကို ပူးချုပ်ပစ်မယ်။ အဲလိုသာလုပ်လိုက်ရင် Your Highness သေးပေါက်တိုင်းမှာ သေးတွေက ဖင်ကြားနှင့်ပေါင်တွေကြားပန်းမိနေမှာပဲ။ အဲဒါဆို Your Highness ရဲ့ ပေါင်ကြားနှင့်ဖင်ကြားတွေ သေးလောင်လာတော့မယ်။ ချေးပါတိုင်းမှာ စအိုဝကိုမီးနှင့် မြှိုက်ထားသလို စုတ်ပြတ်လာမယ်။
ပြီးတော့ လီးကအမြဲတမ်း ကွေးနေမှာဖြစ်လို့ မိန်းမမြင်တဲ့အခါ၊ လိုးချင်လာတဲ့အခါ လီးတောင်တိုင်းမှာ လီးထိပ်ကအရေပြားကို ဆွဲဖြဲသလိုဖြစ်ပြီး သေလောက်အောင်နာလိမ့်မယ်။ နေဦး… ဥမရှိတဲ့ယောက်ျားက နောက်ပိုင်းဘာဖြစ်သွားသလဲသိလား”
ဟုဆိုပြီးနောက် လီယိုနာ့ဒ်မှာ ဘေး၌ပျံနေသော ရိုက်ဖွန်းကို မင်းသားငယ်၏ နားအနားသို့ တိုးကပ်စေလိုက်၍ နှစ်ကိုယ်ကြားလေသံဖြင့် ပြောလိုက်လေသည်။
“မိန်းမလိုလို ဘာလိုလိုကောင် ဖြစ်သွားတယ်ကွ”
စကားဆုံးသည်နှင့် သူ့နောက်ကဇိုက်(ခ်)မှာ လက်သီးဆုပ်လေသည့်အခါ၊ “ရှီး”ခနဲ အသံကြီးနှင့်အတူ ၎င်း၏လက်ခုံနေရာမှ ဟေဆွန်ရောင်ခြည်ဓားကြီး ထွက်လာသဖြင့်၊ မင်းသားလေးမှာ အားခနဲအော်ကာ ဖင်ထိုင်လျက်သား နောက်ဆုတ်သွားလေတော့သည်။
“ငါကိုယ်တော် … ငါကိုယ်တော် …”
“လီး … ငါကိုယ်တော်ပါ့လား။ ဒါ ရာဗလွန်ရဲ့ အာဇာဂါနာကွ … မင်းတို့ ဒန်ဒရီအိုဆာရဲ့ ဒူနားမစ်(စ်) အလောင်းနန်းတော် (Dunamis , The Corpse Palace) များမှတ်နေလား။ ပြောမှာလား ဘောဖြတ်ပစ်ရမလား ဟေ့ကောင်”
သူ့အသံကြီး ဟိန်းထွက်သွားသည်တွင်၊ မင်းသားကို ထိန်းပေးထားသော ဝါယောနကိုယ်ရံတော်များ၏ အင်တာနာများလည်း ထောင်ထသွားကြပြီး၊ မင်းသားငယ်ကမူ မျက်လုံးလေးပင့်ကြည့်လျက်
“ပြော… ပြောပါ့မယ် … နှမငယ်လီလီရဲ့ မနေ့ညကို လေလံမဆွဲမီ တစ်ရက်အလိုမှာ … ငါကိုယ်တော်ကို … အန်ဒရိုပီ (Entropy) ဆိုတဲ့နာမည်နှင့် စာတစ်စောင်ရောက်လာခဲ့တယ်။ လောကစည်းစိမ်ကို ခံစားဖို့ကူညီပါရစေဆိုပြီး ငွေထုတ်လက်မှတ်တစ်ခုနှင့်။ ဒါပေမဲ့ ပြောတဲ့နေရာမှာပဲ ငွေထုတ်လို့ရမယ်လို့ ရေးထားတယ်။ အဲဒါနှင့်ငါကိုယ်တော်က မယုံပေမဲ့ ဒီကကျွန်ယုံကြီးက လက််မှတ်ကိုယူပြီး”
“တော်ပြီ ဆက်မပြောနှင့် … တကယ်သွားကြည့်တော့ ဟုတ်နေတယ်မလား။ အဲသည် ငွေလွှဲဌာနဆိုတာ ဘယ်မှာလဲ။ ဒီအင်ပါယာရဲ့ တရားဝင် ဘဏ်မဟုတ်ဘူးမလား”
“မ … မဟုတ်ပါဘူး။ သာမန်သေးသေးမွှားမွှား ငွေလွှဲတဲ့ ဆိုင်ပါ။ တခြားကုန်တွေပါ တွဲရောင်းတဲ့ ကုန်စုံဆိုင်နှင့်တွဲဖွင့်ထားတဲ့ အိမ်ဆိုင်လေး”
ဟုဆိုသည့်အတွက် သူသည် ဆိုင်နေရာအတိအကျကို ထပ်မံမေးမြန်းပြီးနောက်၊ ခြေထောက်နှစ်ခုလုံးကို ပူးထား၍ ကိုယ်ရံတော်များ၏ လက်တွင်း၌ တစ်ကိုယ်လုံး တုန်ယင်နေရှာသော မင်းသားငယ်၏ပခုံးကို လီယိုနာ့ဒ်က လက်ဖြင့်ဖွဖွပုတ်လိုက်၍
“Your Highness … မင်းရဲ့အသက်ငယ်သေးတယ်။ နောက်တစ်ခါအခြေအနေနှင့် အချိန်အခါဆိုတာ သိအောင်လုပ်ပြီးမှ စကားပြောရတယ်။ ငါတို့က သံသယရှိတယ်လို့ပြောလို့ မင်းဘက်က ဒေါသထွက်ပြလေလေ၊ ငါတို့က ပိုသံသယဝင်လေလေပဲကွ”
ဟု ခပ်အေးအေးလေသံနှင့် ဆိုလေ၏။ ၎င်းနောက် ဇိုက်(ခ်)ဘက်သို့ လှည့်လိုက်၍
“ဇိုက်(ခ်) ငါတို့ရဲ့ အရေးမှာ ပူးပေါင်းပေးခဲ့တဲ့ Your Highness ကိုကျေးဇူးဆပ်လိုက်စမ်းပါဦး”
ထိုစကားကြောင့် ဇိုက်(ခ်)မှာ မင်းသားငယ်ကို ရွှေရောင်ဒင်္ဂါးပြားတစ်ပြားထုတ်ပေး၍
“ရော့ … ဒါ နဂါးသူရဲကောင်းတွေရဲ့ အဆွေတော်ဆိုတဲ့ အမှတ်အသား ဍ။ ဒါနှင့်ဆိုရင် Your Highness ရဲ့ယူဆီယာမှာ လည်ပတ်သမျှအားလုံး အခမဲ့ဖြစ်ပြီး သာမန်ဝင်လို့မရတဲ့ နေရာတွေထိပါ ဝင်လို့ရမယ်။ ပြီးတော့ လေဒီ လီလီယာနာကို လေလံဆွဲခဲ့တဲ့ အဖိုးအခရဲ့ တစ်ဝက်ကို စစ်တပ်ရဲ့ ဘဏ္ဍာတိုက်မှာ ဒီဒင်္ဂါးပြပြီးသွားထုတ်ချေ။ အကယ်၍ ဒီကြားထဲ စစ်ဖြစ်လာခဲ့ရင် Your Highness ရဲ့ ဒန်ဒရီအိုစာ အပြန်ခရီးကို ဒီကနတ်ဘုရားမရဲ့ ယာဉ်တော်နှင့်ပါ လုံခြုံရေးစီစဉ်ပေးလိမ့်မယ်။
နောက်တစ်ခါ မေးရင်မြန်းရင် ကောင်းကောင်းလေးဖြေ။ ဒီနေရာမှာ အားယားနေလို့ Your Highness ကို စကားလာပြောနေတဲ့ကောင် တစ်ကောင်မျှမပါဘူး”
ဟုဆိုပြီးနောက် ဘေးက မန်းဒရိတ်(ခ်)တစ်ယောက်ဘက် လှည့်ကာ
“ဒါကို ဒီမြို့ပြဿနာရှင်းရေးဆိုတဲ့ စာရင်းအောက်ထည့်ထားလိုက်”
ဟုဆိုလေသရော်၊ မင်းသားငယ်နှင့် ၎င်း၏နောက်လိုက်အားလုံးမှာ သူတို့ကို မျက်လုံးများပြူးလျက် ကြည့်နေကြလေသည်။ ဤသည်ကိုမူ ဂရုမစိုက်တော့။ သူတို့နှစ်ဦးလုံးမှာ ထထွက်လာလေပြီ။
ဤသည်ကား ရာဗလွန်အင်ပါယာ၏ နိုင်ငံငယ်များအပေါ်ထားသော ပေါ်လစီဖြစ်၍၊ အင်အားကြီးအင်ပါယာတစ်ခု ဖြစ်သည့်အားလျော်စွာ သူတို့ အင်ပါယာက သူရဲကောင်းများ၊ မှော်ဝိဇ္ဇာများသည် နိုင်ငံငယ်က မင်းညီမင်းသားများကို ခယရန်မလို၊ သို့သော်လည်း တန်နားဘရက်(စ်) အင်ပါယာနှင့် အားပြိုင်ရာ၌ ထိုနိုင်ငံငယ်တို့၏ နိုင်ငံရေးရပ်တည်မှုတို့မှာ အရေးကြီးကဏ္ဍက ပါဝင်နေသဖြင့် အနိုင်ကျင့်၍လည်းမရသော ဆက်ဆံရေးဖြစ်နေရကား၊ ထိုကဲ့သို့သော ထောင့်မကျိုးသည့် တော်ဝင်လူတန်းစားများနှင့်တွေ့ပါက မှတ်လောက်သားလောက်အောင် ဆုံးမပေးရပြီး၊ ယင်းနောက် ၎င်းတို့မက်လောက်မည့် လက်ဆောင်ပဏ္ဏာအား ပြန်ပေးရလေသည်။
တစ်ချိန်တည်းမှာပင် အင်ပါယာကို သစ္စာခံပါက မည်ကဲ့သို့စံစားရပေအံ့၊ မကျိုးနွံပါက မည်ကဲ့သို့ဖြစ်လတ္တံ့ဟူသည့် သတင်းစကားကို ပါးလိုက်ခြင်းလည်းဖြစ်သည်။
ထိုကြိုက် လီယိုနာ့ဒ်၏ပါးပြင်မှာ စိုစိမ့်လာသဖြင့် အပေါ်မော့ကြည့်လိုက်သည့်အခါ၊ မှောင်မိုက်နေသော မိုးတိမ်များမှ မိုးစက်များမှာ မြစ်ကမ်းတစ်လျှောက် တဖြောက်ဖြောက် ကျဆင်းနေလေပြီ။
“နှမငယ်လီလီ တဲ့လား … ဒီကောင်တော့ကွာ …”
ဟူသည့်ဇိုက်(ခ်)၏ အသံက ဘေးမှထွက်လာသောကြောင့် သူလည်းပြုံးမိလေ၏။ ချင်း၏အသံ၌ မနာလိုစိတ်များက ထိန်းမနိုင်သိမ်းမရ။ ဤသို့ဖြင့် လီယိုနာ့ဒ်၊ ဇိုက်(ခ်)နှင့် မာတိုရိုတို့သည် ဒန်ဒရီအိုစာက မင်းသားငယ်ညွှန်သည့် ငွေလွှဲဆိုင်လေးရှိရာသို့ ခြေဆန့်လာကြလေတော့သည်။ ။
************