← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

Chapter 97+98

~

အခန်း ၉၇+၉၈ : ဝဋ်ဟူသည်က လည်တက်၏.. အချိန်တစ်ခုသာ စောင့်ရချေမည်

~

လျိုလုံတက္ကသိုလ်မှ

လူများ၏ ရင်ထဲရှိ ဒေါသတရားတို့မှာ ကောင်းကင်ဘုံကိုပင် ဖောက်ထွက်တော့မည့်အလား ပြင်းထန်လှချေပြီ။

ဒါရိုက်တာလီသည် လောင်းကြေးကို

အနိုင်ရရှိခဲ့ပြီးဖြစ်ရာ ကိစ္စရပ်မှာလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဂူမိသားစုနှင့် လျိုလုံတက္ကသိုလ်တို့၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းနိုင်ခဲ့လေသည်။

အမှန်စင်စစ် ဤနေရာတွင်တင်

အဆုံးသတ်သင့်သည်သာ။

လီရှောက်ကုန်းသည် ပြုံးလျက်နှင့်

ရက်စက်တတ်သော ကျားတစ်ကောင်ကဲ့သို့ အတ္တကြီးသူဖြစ်သော်လည်း လျိုလုံတက္ကသိုလ်တွင် အရည်အချင်းအရှိဆုံးနှင့်

စွမ်းဆောင်ရည်အမြင့်မားဆုံး ဒါရိုက်တာတစ်ဦးဖြစ်ကာ လက်အောက်ငယ်သားများစွာကိုလည်း ထောက်ပံ့ပေးခဲ့သူဖြစ်၏။

သူနှင့်အတူပါလာသော လူခုနစ်ဦးစလုံးမှာ

ခက်ခဲသောအချိန်များတွင် လီရှောက်ကုန်း၏ အကူအညီကို ရရှိခဲ့ဖူးသူများပင်။

ယခုအခါ သုံးကွက်တိုက်ခိုက်မှု

ပြီးဆုံးသွားပြီး လောင်းကြေးမှာလည်း အဖြေပေါ်သွားပြီဖြစ်ရာ နှစ်ဖက်စလုံးအနေဖြင့် မည်သည့်အချိန်တွင်

ရပ်တန့်ရမည်ကို သိရှိသင့်ပေသည်။

သို့သော် ဂူချန်မှာမူ

အရှက်အကြောက်ကင်းမဲ့စွာဖြင့် လက်တစ်ကမ်းပေးလျှင် ခြေတစ်လှမ်းတက်လိုသူဖြစ်ကာ လီရှောက်ကုန်းကို

သတ်ဖြတ်ရန် အတင်းအကျပ်လုပ်ဆောင်နေလေရာ ၎င်းတို့အနေဖြင့် မည်သို့လျှင် ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

[ပိုင်ရှင်သည် နိဗ္ဗာနအဆင့်

အထွတ်အထိပ်သိုင်းပညာရှင် လီရှောက်ကုန်းအား နာကျင်မှုများနှင့် နောင်တွင်ဖြစ်လာမည့်

ဒဏ်ရာဝေဒနာများမှ ကင်းဝေးအောင် ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စေတနာအမှတ်များ

+၂၀၀]

[ဝမ်ရီထျန်း၊ ဟူဝေ၊

ဖော်ရှန်းဖန်းနှင့် အခြားလူခုနစ်ဦးတို့သည် သင့်အပေါ် အလွန်အမင်း ကျေးဇူးတင်ရှိနေကြောင်း

စစ်ဆေးတွေ့ရှိရပါသည်။ စေတနာအမှတ်များ +၂၅၀]

"ငါက ယုတ်မာတယ်

ဟုတ်လား.."

လျိုလုံတက္ကသိုလ်မှ

လူများ၏ ဒေါသတကြီးအော်ဟစ်သံများကို နားထောင်ရင်း ဂူချန်က မျက်ခုံးကို အသာအယာပင့်လိုက်သည်။ သူ၏ နတ်ဆိုးဆန်သော ခရမ်းရောင်မျက်လုံးများတွင် နောက်ပြောင်လိုသည့် အရိပ်အယောင်များ

ယှက်သန်းသွားကာ အေးစက်စွာဖြင့် ပြောလိုက်လေသည်

"ငါက သုံးကွက်ပဲ

တိုက်ခိုက်မယ်လို့ ပြောခဲ့တယ်၊ အခုလည်း သုံးကွက်ပဲ တိုက်ခိုက်ခဲ့တာ။ လောင်းကြေးကို

ငါမချိုးဖောက်ခဲ့ဘူး.."

"ငါ့အိမ်တော်က

အစေခံတွေက သူတို့ဘာသာသူတို့ လုပ်ဆောင်ခဲ့တာပဲ။ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ.."

ဤသို့ပြောဆိုနေစဉ်အတွင်း

ဂူချန်၏ မျက်နှာမှာ နီမြန်းခြင်းမရှိသလို ရင်ခုန်သံမှာလည်း မြန်ဆန်ခြင်းမရှိပေ။ ထိုသို့ပြောဆိုခြင်းမှာ

အလွန်ပင် ကျိုးကြောင်းဆီလျော်လှသည်ဟု ယူဆနေသည့်အလား ရှိနေတော့သည်။

"မင်း..."

အတူပါလာသည့်

အခြားဒါရိုက်တာတစ်ဦးဖြစ်သူ ဝမ်မှာ ဤစကားကို ကြားလိုက်ရသောအခါ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ

စစ်မှန်သောချီများ ချက်ချင်းပေါက်ကွဲထွက်လာပြီး ဂူချန်ကို တိုက်ခိုက်ရန် ရှေ့သို့ ပြေးထွက်ရန်

ပြင်လိုက်တော့သည်။

ဘေးရှိလူများကဒါရိုက်တာဝမ်ကို

အမြန်ဆွဲထားကြပြီး စိုးရိမ်ပူပန်မှုများ ရောနှောနေသော အသံများဖြင့် တားဆီးကြလေသည် ။

"ဒါရိုက်တာဝမ်.. မလုပ်နဲ့..."

"ဒီနေရာက ဂူမိသားစုရဲ့

နယ်မြေပဲ။ အခုချိန်မှာ ပဋိပက္ခဖြစ်ရင် ကျုပ်တို့အတွက် အများကြီး နစ်နာသွားနိုင်တယ်။ အရင်ပြန်ပြီး

ကျောင်းအုပ်ကြီးနဲ့ တိုင်ပင်ကြတာပေါ့.."

"ဟုတ်ပါတယ် ဒါရိုက်တာဝမ်၊

ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့.."

ဆရာတစ်ဦးက ဖျောင်းဖျလေသည်။

"နှမြောစရာကောင်းလိုက်တာ၊

ဒါရိုက်တာလီလို ထူးချွန်တဲ့ သိုင်းပညာပြဆရာတစ်ယောက်..."

"အဲဒီ ဂူသခင်လေးက ကောလာဟလတွေထဲကထက်တောင် ပိုပြီး တိရစ္ဆာန်ဆန်နေတာပဲ.."

"တစ်နေ့ကျရင် ဒါရိုက်တာလီအတွက်

ငါသေချာပေါက် ကလဲ့စားချေပေးမယ်.."

လျိုလုံတက္ကသိုလ်မှ

လူများမှာ အသံတိုးတိုးဖြင့် ကြိမ်းဝါး‌အော်ဟစ်နေကြပြီး ၎င်းတို့၏ နီမြန်းနေသော မျက်လုံးများထဲတွင်

မကျေနပ်မှုများ ပြည့်နှက်နေ၏။

ဒါရိုက်တာဝမ်သည်လည်း

အော်ဟစ်သံများကြောင့် သတိပြန်ဝင်လာကာ သွားကို တင်းတင်းကြိတ်လျက် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ရသည်။

သူသည် အင်္ကျီလက်ကို ခါထုတ်လိုက်ရာ

ကျောက်ခဲများကွဲအက်ရာမှ ထွက်ပေါ်လာသော ချီလှိုင်းများကြောင့် သူ၏အဝတ်အစားများမှာ ဖရိုဖရဲဖြစ်နေပြီး

မျက်နှာမှာလည်း မည်းမှောင်ကာ နားရွက်များမှာ နီမြန်းနေသော်လည်း အားကောင်းသော အော်ရာတစ်ခုမှာ

ထွက်ပေါ်နေဆဲပင်။

ဒါရိုက်တာဝမ်သည် အထက်စီးမှထိုင်ကာ

အရာရာကို အထင်သေးနေသော ဂူချန်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ၏ တည်ငြိမ်သော စကားလုံးများအောက်တွင်

သတ်ဖြတ်လိုသော အငွေ့အသက်များ ကိန်းအောင်းနေလေသည်

"ဂူသခင်လေးရဲ့

နည်းလမ်းတွေက တကယ်ကို ပြောင်မြောက်လှပါတယ်။ ဒီနေ့တော့ လျိုလုံတက္ကသိုလ်က အရှုံးပေးလိုက်ပါပြီ.."

"ဒီနေ့တော့ မိန်းကလေးယွင်ယန်ကို

ငါတို့ခေါ်မသွားတော့ဘူး။ လီရှောက်ကုန်းရဲ့ အသက်ကိုပဲ အကြွေးဆပ်တဲ့အနေနဲ့ ထားခဲ့လိုက်မယ်.."

"ဒါပေမဲ့ မထွက်သွားခင်မှာ

ဂူသခင်လေးကို စကားတစ်ခွန်းတော့ ပါးလိုက်ချင်တယ်.."

"ကောင်းမှုဆိုးမှုတို့ရဲ့ အကြောင်းတရားက အဆုံးသတ်မှာ အကျိုးကို ခံစားရလိမ့်မယ် ..အကျိုးမပေးသေးရင် အချိန်မတန်သေးလို့ပဲ.."

ထိုသို့ပြောပြီးနောက်

ဒါရိုက်တာဝမ်သည် ဝတ်ရုံကို ခါထုတ်လိုက်ရာ ဖုန်မှုန့်များ လွင့်စင်သွားပြီး လျိုလုံတက္ကသိုလ်မှလူများကို

ဦးဆောင်ကာ ပျက်စီးနေသော အိမ်တော်တံခါးမကြီးဆီသို့ လှည့်ထွက်သွားတော့သည်။

သို့သော် ၎င်းတို့ ခြေတစ်လှမ်းမျှပင်

မလှမ်းရသေးမီမှာပင် နောက်ကျောဘက်မှ မောက်မာလှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ကောင်းမှုဆိုးမှုတို့ရဲ့ အကြောင်းတရားက တချိန်မှာ အကျိုးဖြစ်လာမှာလား.. ကောင်းတယ်.. ကောင်းတယ်.."

ဂူချန်က လက်ခုပ်တီးလိုက်ရင်း

လျိုလုံတက္ကသိုလ်လူစုကို နောက်ပြောင်လိုသော အကြည့်ဖြင့် ကြည့်ကာ အေးစက်စက် လေသံဖြင့်

ဆိုလိုက်သည် ။

"ဒါဆိုရင် အဲဒီဝဋ်ကြွေးဆိုတာက

ငါ့ဆီကို တကယ်ပဲ ရောက်လာမလားဆိုတာ ဒီနေ့ ငါကြည့်ရသေးတာပေါ့.."

သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခေါ်လိုက်သည် ။

"ဟေးယီ.."

အနီးအနားတွင် စောင့်ဆိုင်းနေသော

အနက်ရောင်ဝတ် အသေခံအစောင့်က ချက်ချင်းပင် ခေါင်းလောင်းတစ်ခုကို လှုပ်ခါလိုက်၏။

ထိုအသံမှာ ကြည်လင်သာယာလှသော်လည်း

အတားအဆီးအလွှာလွှာကို ဖြတ်ကျော်ကာ ဂူမိသားစုအိမ်တော်အတွင်းရှိ အသေခံစစ်သည်တော်အားလုံး၏

နားထဲသို့ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပင်

ဂူမိသားစုအိမ်တော်အောက်ခြေ၌ ကြီးမားသော စက်ဝိုင်းပုံစံ အစီအရင်တစ်ခု ပေါ်ပေါက်လာကာ

အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

နောက်တစ်စက္ကန့်တွင်

အိမ်တော်ပတ်ပတ်လည်၌ အပြာနုရောင် အလင်းတန်းအကာအကွယ်တစ်ခု ပေါ်ထွက်လာပြီး အိမ်တော်တစ်ခုလုံးကို

မည်သည့်နေရာမျှ မလွတ်စေဘဲ တင်းကျပ်စွာ ပိတ်ဆို့လိုက်လေသည်။

ဂူချန်သည် မြင့်မြတ်သောမီးလျှံဂိုဏ်းမှ

နတ်ဘုရားတမန်တော်ကိုလည်း အဆင်သင့်ပြင်ထားရန် အချက်ပြလိုက်၏။

ဒါရိုက်တာဝမ်နှင့် အခြားလူများမှာ

ထူးခြားမှုကို ချက်ချင်းသတိပြုမိသွားကာ တုန်လှုပ်သွားကြပြီး ဂူမိသားစုအိမ်တော်တံခါးဆီသို့

အစွမ်းကုန် အပြေးအလွှား သွားကြတော့သည်။

ဘုန်း..

လူခုနစ်ဦးစလုံးမှာ ဂူမိသားစုကို

ဝန်းရံထားသော အပြာနုရောင် အလင်းတန်းအကာအကွယ်ကို တစ်ပြိုင်နက်တည်း ဝင်တိုက်မိသွားရာ

အကာအကွယ်ပေါ်တွင် လှိုင်းတွန့်များ ဖြစ်ပေါ်သွားပြီးနောက် ကြီးမားသော အားတစ်ခုဖြင့်

ပြန်လည်လွင့်စင်သွားကြရသည်။

ခုနစ်ဦးစလုံးမှာ မြေပြင်ပေါ်သို့

တစ်ပြိုင်နက်တည်း ပြုတ်ကျသွားကြ၏။

ဒါရိုက်တာဝမ်သည် မြေပြင်ကို

လက်ဖြင့်ထောက်ကာ အရှိန်ယူ၍ အမြန်ပြန်ထရပ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ

ထိုင်နေဆဲဖြစ်သော အနက်ရောင်ဝတ် လူငယ်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည် ။

"ဂူချန်၊ မင်း

တကယ်ပဲ ဘာလုပ်ချင်နေတာလဲ.."

ကျန်ရှိသော လျိုလုံတက္ကသိုလ်လူစုမှာလည်း

မျက်လုံးများ ပြူးကျယ်နေကြသော်လည်း ၎င်းတို့၏ အကြည့်များထဲတွင် စိုးရိမ်ပူပန်မှုများ

ကိန်းအောင်းနေလေပြီ။

လူတိုင်း၏ မျက်နှာပေါ်ရှိ

တင်းမာမှုများကို မြင်လိုက်ရသောအခါ ဂူချန်က သရော်ပြုံး ပြုံးလိုက်ပြီး..

"ငါ့ရဲ့ ဂူမိသားစုဆိုတာ မင်းတို့ စိတ်ကြိုက် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ နေရာလို့

ထင်နေတာလား.."

ထို့နောက် သူက လက်ကို

အသာအယာ ဝှေ့ယမ်းလိုက်ရာ ပျက်စီးနေသော ဧည့်ခန်းမဆောင်၏ အရပ်မျက်နှာအသီးသီးမှ နိဗ္ဗာနအဆင့်

ရှိသော အော်ရာပေါင်းများစွာ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"နိဗ္ဗာနအဆင့်

သိုင်းပညာရှင်တွေ ဒီလောက်တောင် များတာလား.."

ဒါရိုက်တာဝမ်၏ မျက်ဆံများ

ကျုံ့သွားကာ ခြေလှမ်းနှစ်လှမ်းခန့် နောက်သို့ ဆုတ်သွားမိလေသည်။

လျိုလုံတက္ကသိုလ်မှ

အထူးနည်းပြများနှင့် ညွှန်ကြားရေးမှူးအားလုံးကို ပေါင်းလိုက်လျှင်ပင် ဤနေရာတွင်ရှိသော

အရေအတွက်၏ ထက်ဝက်မျှပင် ရှိမည်မဟုတ်ပေ။

ဂူမိသားစုသည် မည်သည့်နည်းလမ်းဖြင့် ဤမျှများပြားသော ကျွမ်းကျင်သူများကို မွေးမြူထားနိုင်ပါသနည်း။

ညွှန်ကြားရေးမှူးဝမ်၏

ရင်ထဲတွင် အေးစိမ့်သွားကာ ဂူချန်သည် အဘယ်ကြောင့် ဤမျှ ရက်စက်ကြမ်းကြုတ်ပြီး မောက်မာရသနည်းဆိုသည်ကို

နားလည်သွားပုံရသည်။

မိသားစု၏ ဖုံးကွယ်ထားသော

အင်အားမှာ အပြင်ပန်းတွင် မြင်တွေ့နေရသည်ထက် များစွာ ပိုမိုကြီးမားနေခြင်းကြောင့်ပင်

ဖြစ်၏။

ပြင်းထန်သော အော်ရာပေါင်းများစွာမှာ ချက်ချင်းပင် ရောက်ရှိလာကြပြီး အိမ်ခေါင်မိုးများပေါ်တွင် ပေါ်လာကြကာ ၎င်းတို့၏ လက်နက်များမှ

အေးစက်သော အလင်းတန်းများမှာ သတ်ဖြတ်လိုစိတ်များနှင့်အတူ တဖျတ်ဖျတ် လက်နေတော့သည်။

ဤသည်ကို မြင်သောအခါ

လျိုလုံတက္ကသိုလ်လူစုမှာ မျက်နှာပျက်သွားကြပြီး စိုးရိမ်ထိတ်လန့်မှုကြောင့် အချို့မှာ ချွေးစေးများပင် ထွက်လာကြလေသည်။

စပါးအုန်းမြွေတစ်ကောင်၏

ပတ်ခွေခြင်းကို ခံထားရသကဲ့သို့ အသက်ရှူကျပ်သော ခံစားချက်မျိုး ၎င်းတို့၏ ရင်ထဲတွင်

ဖြစ်ပေါ်လာတော့သည်။

ညွှန်ကြားရေးမှူးဝမ်က

အားတင်းကာ မေးမြန်းလိုက်သည် ။

"ဂူချန်၊ မင်း ငါတို့ကို သတ်လိုက်ရင် စောင့်ကြည့်ရေးကောင်စီ

ရောက်လာမှာကို မကြောက်ဘူးလား.."

"မင်းရဲ့ အဖေက

လူသားမဟာမိတ်အဖွဲ့အတွက် ရှေ့တန်းမှာ တိုက်ပွဲဝင်နေတာ၊ မင်းကတော့ ဒီမှာ သောင်းကျန်းနေတယ်။

မင်း မရှက်ဘူးလား။ မင်းအဖေနဲ့ရော ထိုက်တန်ရဲ့လား.."

"ငါ ထိုက်တန်သလား

မထိုက်တန်ဘူးလားဆိုတာ မင်းတို့ ဆုံးဖြတ်ရမှာမဟုတ်ဘူး.."

ဂူချန်က အေးစက်သော မျက်နှာထားဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည် ။

"သတ်လိုက်ကြစမ်း.."

သူ၏ အမိန့်သံ ဆုံးသည်နှင့်

အိမ်ခေါင်မိုးပေါ်ရှိ အနက်ရောင် အရိပ်ပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း ခုန်ဆင်းလာကြပြီး

အလယ်တွင်ရှိသော လူခုနစ်ဦးကို ချက်ချင်း တိုက်ခိုက်ကြတော့သည်။

ဒါရိုက်တာဝမ်၏ မျက်နှာမှာ

အကြီးအကျယ် ပျက်ယွင်းသွားကာ ..

"မြန်မြန်၊ အားလုံးပေါင်းပြီး ဖောက်ထွက်ကြမယ်..."

စွပ်.....

ဒါရိုက်တာများနှင့်

ဆရာများ၏ ထိတ်လန့်ဖွယ် အကြည့်များအောက်တွင် ‌ဒါရိုက်တာဝမ်၏ ခေါင်းမှာ မည်သည့်သတိပေးချက်မျှမရှိဘဲ

ရုတ်တရက် ပြတ်ထွက်သွားလေသည်။

ထိုဦးခေါင်းပေါ်ရှိ

မျက်လုံးများမှာ ပြူးကျယ်နေဆဲဖြစ်ကာ ပါးစပ်မှာလည်း နောက်ဆုံးအော်ဟစ်သံကို ထုတ်ဖော်လိုဟန်ဖြင့်

ဟစိစိဖြစ်နေသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်ကြောင့် လွင့်စင်သွားရုံသာ တတ်နိုင်ခဲ့ချေ၏။

နောက်တစ်စက္ကန့်တွင်

အေးစက်သော အလင်းတန်းများမှာ ဟင်းလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ဒါရိုက်တာဝမ်၏

ခန္ဓာကိုယ်ကို ဟင်းသီးဟင်းရွက်များ လှီးဖြတ်သကဲ့သို့ အပိုင်းပိုင်း ပြတ်တောက်သွားစေပြီး

သွေးမိုးများ နေရာအနှံ့ ပန်းထွက်သွားတော့သည်။

ကျန်ရှိသော ခြောက်ဦးမှာလည်း

အော်ဟစ်သံ တစ်ချက်မျှသာ ထွက်ပေါ်နိုင်ခဲ့ပြီး အဆုံးမရှိသော အေးစက်သည့် အလင်းတန်းများအောက်တွင်

အသားစများအဖြစ်သို့ လုံးဝ ပြောင်းလဲသွားကြရလေသည်။

တိုက်ပွဲမှာ အလွန်လျင်မြန်စွာ

ပြီးဆုံးသွားခဲ့ရာ တိုက်ပွဲဟုပင် ခေါ်ဆိုရန် ခက်ခဲလှပေသည်။

[ပိုင်ရှင်သည် နိဗ္ဗာနအဆင့်

အထွတ်အထိပ်သိုင်းပညာရှင် ဝမ်ရီထျန်းအား နာကျင်မှုများနှင့် နောင်တွင်ဖြစ်လာမည့် ဒဏ်ရာဝေဒနာများမှ

ကင်းဝေးအောင် ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စေတနာအမှတ်များ +၁၈၀]

[စစ်ဆေးတွေ့ရှိရသည်မှာ…]

[လက်ရှိ စေတနာအမှတ်များ

- ၁၇၅၅]

'ဒီစနစ်ရဲ့ ဆုံးဖြတ်ပုံက

တကယ်ကို ထူးဆန်းတာပဲ..'

ထိုခုနစ်ဦးစလုံး သေဆုံးသွားသည်ကို

မြင်သောအခါ ဂူချန်က ဘေးရှိ ဟင်းလင်းပြင်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည် ။

"ပထမဆုံး ပစ်မှတ်က

လျိုလုံတက္ကသိုလ် ဖြစ်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်.."

"ဟီးဟီး၊ သေချာတာပေါ့.."

ထူးဆန်းသော ရယ်သံတစ်ခု

ထွက်ပေါ်လာ၏။

ထို့နောက် ဂူချန်၏ ရှေ့တွင်

အနက်ရောင် မြူခိုးများ ရုတ်တရက် ပေါ်လာပြီး ခဏချင်းမှာပင် ပြန်လည် ပျောက်ကွယ်သွားတော့သည်။

နတ်ဘုရားတမန်တော် ပျောက်ကွယ်သွားသည်ကို

ကြည့်ရင်း ပျက်စီးနေသော နေရာတွင် ပြန့်ကျဲနေသည့် အသားစများကို ကြည့်ကာ ဂူချန်သည် တည်ငြိမ်စွာဖြင့်

လှည့်ထွက်သွားလေသည်။ သူ၏ အသံကသာ လွင့်ကျန်ခဲ့တော့သည် ။

"ကြမ်းပြင်ကို

သန့်ရှင်းရေးလုပ်လိုက်ကြ.."

All Chapters