← Chapters

မဟူရာတစ္ဆေဂိုဏ်း (၁)

Vol. 20 Ch. 194

မဟူရာတစ္ဆေဂိုဏ်း (၁)

Vol. 20 Ch. 194

လွန်ခဲ့သော စက္ကန့်ပိုင်းခန့်က ဆုလီဝေ ထုတ်လွှတ်နေခဲ့သော ကြောက်မက်ဖွယ်အရှိန်အဝါမျိုးကို ယန်ချင်းက မထုတ်လွှတ်သော်လည်း၊ သူရှိနေခြင်းကပင် မင်းသားဝမ်ယန်နှင့် တပ်မှူးပုကျဲတို့ နှစ်ဦးလုံးကို မသိမသာ တံတွေးမြိုချမိစေပြီး လက်ဖဝါးများပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်ပေါ်လာစေခဲ့၏။

အကြောင်းရင်းတစ်ချို့ကြောင့် ယန်ချင်းသည် လက်ရှိကမ္ဘာလောကနှင် ပုံရိပ်ယောင်လောကကြားတွင် တည်ရှိနေသကဲ့သိူ့ ခံစားနေရသည်။

သူသည် မတူည်ီကွဲပြားသော ဒိုင်မေးရှင်းတစ်ခုတွင် တည်ရှိနေပြီး သူတို့ မြင်တွေ့နေရသည်မှာ သူ၏ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသကဲ့သို့ပင်။

သို့သော် မင်းသားဝမ်ယန်က ယန်ချင်းထံသို့ ချဉ်းကပ်သင့် မချဉ်းကပ်သင့် စဉ်းစားနေချိန်မှာပင်၊ ရုတ်တရက် မြူများထွက်ပေါ်လာပြီး ယန်ချင်းနှင့် တဖြည်းဖြည်း ပျက်စီးယိုယွင်းနေသော ဆုလီဝေတို့ နှစ်ဦးစလုံးကို ဝန်းရံသွားလေသည်။

ထိုမြူခိုးများ စတင်ဖြစ်ပေါ်လာချိန်တွင်မှ ယန်ချင်း၏ အထက်တွင် ပျံသန်းနေသော ကျီးကန်းဖြူတစ်ကောင်ကို သူတို့ သတိပြုမိလိုက်ကြသည်။

ယန်ချင်းကို ဝန်းရံထားသော ထိုမြူခိုးများမှာ ၎င်း၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်းသည် ယန်ချင်းနှင့် သူဖန်တီးထားသော တွင်းနက်ကြီး၏ ပတ်လည်တွင် ပျံသန်းရင်း မြူခိုးများကို မှုတ်ထုတ်နေလေသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင်၊ ယန်ချင်းနှင့် ဆုလီဝေတို့သည် သူတို့၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားကြလေသည်။

မင်းသားဝမ်ယန်နှင့် တပ်မှူးပုကျဲတို့ နှစ်ဦးလုံးသည် ဆွံ့အကြောက်ရွံ့နေသော အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။

မြူခိုးများက သူတို့၏ အမြင်အာရုံကို ပိတ်ဆို့ထားရုံသာမက ဝိညာဉ်အာရုံများကိုပါ ကန့်သတ်ထားလေသည်။

မြူခိုးများကို ကြာကြာစိုက်ကြည့်လေလေ သူတို့၏ အာရုံများအားလုံး နှေးကွေးလေးလံလာသည်ကို ခံစားရလေလေဖြစ်ကာ သူတို့၏ ဝိညာဉ်များကိုပင် စတင်သက်ရောက်မှု ရှိလာလေသည်။

ပြီးခဲ့သော စက္ကန့်အနည်းငယ်က သူတို့ကို စိတ်ခံစားချက် အတက်အကျ အမြောက်အမြား ဖြတ်သန်းသွားစေခဲ့ပြီး၊ ထိုစက္ကန့်ပိုင်းလေးအတွင်းမှာ ဘာတွေ ဖြစ်သွားခဲ့မှန်း သူတို့ ယခုတိုင် မသိကြသေးပေ။

တိုက်ခိုက်သူက ဘယ်သူလဲ... ပြီးတော့ သူကဘာလို့ ယန်ချင်းကို ပစ်မှတ်ထားခဲ့တာလဲ...

ယန်ချင်းတစ်ယောက် သူတို့ မျက်စိအောက်မှာတင် တိုက်ခိုက်ခံလိုက်ရလို့ သူတို့တိုင်းပြည်ပါ အန္တရာယ် ရှိလာနိုင်မလား...

အစသဖြင့်စဉ်းစားစရာအများကြီး ရှိနေသော်လည်း သူတို့ မလှုပ်ရှားရဲကြပေ။

တစ်ခုခုကို ဆွဲဆောင်မိသွားမည်ကို စိုးရိမ်သဖြင့် တစ်ဦးနှင့်တစ်ဦး စကားပြောရန်ပင် ရှောင်ကြဉ်နေခဲ့ကြသည်။

သူတို့ကြားတွင် ရှိသော တစ်ခုတည်းသော ဆက်သွယ်ရေးပုံစံမှာ ကြောက်ရွံ့နေသော အကြည့်များကို အပြန်အလှန် ဖလှယ်ခြင်းသာ ဖြစ်လေသည်။

…

“အဆောက်အအုံက ဘယ်လိုလုပ် မပြိုကျဘဲ ဒီတိုင်းရှိနေသေးတာလဲ...”

ခေတ္တမျှ ငြိမ်သက်တိတ်ဆိတ်သွားချိန်တွင် မင်းသားဝမ်ယန်မှာ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။

သူတို့ ရှိနေသော ခန်းမဆောင်တွင် ကာကွယ်ရေးအစီအရင်မျိုးစုံကို တပ်ဆင်ထားသော်လည်း၊ နန်းတော်အဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိမည့် အဆင့်မျိုးတော့ မဟုတ်ပေ။

တိုင်းပြည်တစ်ခုလုံးတွင် ထိုအတိုင်းအတာအထိ ခိုင်ခံ့အောင် တည်ဆောက်ထားသော တစ်ခုတည်းသောနေရာမှာ နန်းတော်၏ အလယ်ဗဟိုဒေသသာ ဖြစ်ပြီး၊ ထိုနေရာဆိုလျှင်ပင် အစောပိုင်းနန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုအနည်းငယ်ကိုသာ ခံနိုင်ရည်ရှိလေသည်။

ခန်းမဆောင်အတွက်မူ၊ အကောင်းဆုံးအနေအထားဆိုလျှင်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့်နှောင်းပိုင်းသို့ ရောက်ရှိနေသူများ၏ တိုက်ခိုက်မှုကိုသာ ကာကွယ်နိုင်စွမ်း ရှိသည်။

ထိုအဆင့်ထက် ကျော်လွန်သွားပါက တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော စွမ်းအင်များ အပြင်ဘက်သို့ ယိုစိမ့်ထွက်သွားမည် ဖြစ်ပြီး အဆောက်အအုံမှာလည်း သေချာပေါက် ပြိုကျသွားမည်သာ ဖြစ်သည်။

သို့သော် အဆောက်အအုံမှာ လုံးဝပျက်စီးမှုမရှိဘဲ၊ အက်ကွဲကြောင်း တစ်ခုမျှပင် မရှိပေ။

ခန်းမအလယ်ဗဟိုရှိ တွင်းနက်ကြီးတစ်ခု ရှိနေသော နေရာမှလွဲ၍ အဆောက်အအုံ၏ ကျန်ရှိသော အစိတ်အပိုင်းများ အားလုံးမှာ ပုံမှန်အတိုင်း အကောင်းပကတိ ရှိနေလေသည်။

မင်းသားဝမ်ယန် အတွေးများထဲ နစ်မြောနေစဉ်၊ အင်းဆက်ပိုးကောင် တစ်ကောင်၏ အတောင်ပံများကဲ့သို့ အလင်းဖောက်ထွင်းနိုင်သော အလင်းတန်းတစ်ချက် နံရံများပေါ်တွင် ရုတ်တရက် လင်းလက်သွားပြီး အလျင်အမြန်ပင် ပြန်လည်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

ထိုသို့ လင်းလက်သွားချိန်အတွင်း ရှုပ်ထွေးသော အဖြူရောင်ရှေးဟောင်းစာလုံး အနည်းငယ်ပေါ်လာသည်ကိုလည်း မြင်တွေ့လိုက်ရသည်။

ထိုအချိန်မှာပင် တပ်မှူးပုကျဲက အလွန်အဆိပ်ပြင်းသော သတ္တဝါတစ်ကောင်ကို ကြည့်နေသကဲ့သို့ တံခါးကို စိုက်ကြည့်ရင်း ကြောက်လန့်တကြား နောက်သို့ဆုတ်သွားသည်ကို မြင်လိုက်ရသည်။

“ဘာဖြစ်တာလဲ...”

မင်းသားဝမ်ယန်က တပ်မှူးပုကျဲနှင့် ဆက်သွယ်ရန် စိတ်ချင်းဆက်သွယ်မှုကျင့်စဉ်တစ်ခုကို အသုံးပြုလိုက်သည်။

“ကျွန်တော် မသိဘူး... တံခါးကို ဖွင့်ဖို့ ကြိုးစားလိုက်တာ ရုတ်တရက်ကြီး ကျွန်တော့်ကို နောက်ကို တွန်းထုတ်လိုက်တယ်...”

တပ်မှူးပုကျဲက ကြောက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

မင်းသားဝမ်ယန်က ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။

“ဒါကြောင့်ကိုး...”

ဒါ သခင်လေးယန်ချင်းရဲ့ လက်ချက်ဖြစ်ရမယ်... သူက ဒီနေရာကို အတားအဆီးတစ်ခုခုနဲ့ သီးခြားခွဲထုတ်ထားလိုက်တဲ့ ပုံပဲ...”

အဆောက်အအုံတစ်ခုလုံးကို အကဲခတ်ကြည့်ရှုရင်း မင်းသားဝမ်ယန်က စိတ်ထဲမှ တွေးလိုက်သည်။

“တခြားဘာကိုမှ မထိနဲ့၊ သူ့ကိစ္စတွေ ပြီးတဲ့အထိ စောင့်နေကြရအောင်...”

“ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားတာထက် သူ့ရဲ့ ညွှန်ကြားချက်တွေကို အရင်စောင့်ကြည့်တာ ပိုကောင်းမယ်...”

“ငါတို့ ပေါ့ပေါ့ဆဆ လှုပ်ရှားလိုက်ရင် သူ့ကိစ္စတွေကို ဖျက်ဆီးသလို ဖြစ်သွားတာ ဒါမှမဟုတ် တစ်ခုခုကို ဆွဲဆောင်မိသလို ဖြစ်သွားနိုင်တယ်...

သူက ဆက်ပြောလိုက်သည်။

တပ်မှူးပုကျဲက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

သူသည် ပိုမိုစိတ်ချရစေရန် တံခါးနှင့် နံရံဆီမှ ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်လိုက်သေးသည်။

တံခါး၏ တွန်းထုတ်မှုဒဏ်ကို ခံလိုက်ရချိန်တွင်၊ ထိုခဏတာ ထိခိုက်မှုလေးက သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲထဲ ပိတ်လှောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရစေသည်။

ယခုအချိန်အထိ သူ၏ ချီစွမ်းအင် လည်ပတ်မှုများ နှေးကွေးလေးလံနေသည်ဟု ခံစားနေရဆဲဖြစ်ပြီး၊ သူ၏ ဝိညာဉ်အထိတိုင်အောင် တုန်ယင်နေသော အအေးဒဏ်ကို ခံစားနေရလေသည်။

သူသည် ထိုတိုက်ခိုက်မှုကို လုံးဝမတုံ့ပြန်နိုင်ခဲ့သဖြင့် ထိုအတွေ့အကြုံက သူ့ကို အလွန်အမင်း ကြောက်ရွံ့စေခဲ့သည်။

ဘုရင်၏ လုံခြုံရေးကို တာဝန်ယူရသူ တစ်ဦးအနေဖြင့်၊ အခြေအနေတိုင်းကို အလျင်အမြန် တုံ့ပြန်နိုင်ရန် သူ၏ အာရုံခံနိုင်စွမ်းနှင့် ဝိညာဉ်အာရုံကို အမြဲတမ်းလေ့ကျင့်ထားလေ့ ရှိသည်။

ထိုကိစ္စနှင့် ပတ်သက်လျှင် တိုင်းပြည်အတွင်း သူ့ကို အနိုင်ယူနိုင်သူ သိပ်မရှိလှပေ။

သို့သော် တံခါးဆီမှ တန်ပြန်တိုက်ခိုက်မှုက ထိုစွမ်းရည်များအပေါ် သူ ထားရှိခဲ့သော ဂုဏ်ယူမှု မှန်သမျှကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်လေသည်။

ကိုယ်တိုင်ဘယ်လို အတိုက်ခံလိုက်ရမှန်းတောင် မသိခြင်းထက် ပိုကြောက်စရာ ကောင်းသောအရာ မရှိတော့ပေ။

….

မြူခိုးများ အတွင်း၌။

“မင်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ရတနာတွေနဲ့ လာတာပဲ...”

“မင်းတို့ အဖွဲ့အစည်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရတာတောင်၊ အရံအရင်းအမြစ် တချို့ ကျန်နေသေးတဲ့ ပုံပဲ...

“အေးပေါ့ ပိန်နေတဲ့ ကုလားအုတ်က မြင်းထက်တော့ ကြီးနေသေးတာပဲလေ...”

“အရင်ကအဆင့် ၁ အဖွဲ့အစည်းတစ်ခု အနေနဲ့ မင်းတို့ရဲ့ အခြေခံအုတ်မြစ်က အလကားတော့ မဟုတ်ဘူးပဲ...”

“တချို့က မင်းတို့ရဲ့ မဟူရာတစ္ဆေဂိုဏ်းကို ဒုတိယမြောက် သွေးနီလှိုင်းလို့တောင် တင်စားခဲ့ကြသေးတယ်... ဒါပေမဲ့ နှမြောစရာပဲ၊ အဲဒီလို ဖြစ်လာဖို့ ကံမပါခဲ့ဘူး...”

ယန်ချင်းက တွင်းနက်ကြီး၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း တစ်စစီ ပြိုကွဲလာသောဆုလီဝေကို နောက်ပြောင်သည့်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

ဆုလီဝေသည် တရွေ့ရွေ့ချဥ်းကပ်လာနေသောသေမင်းကို ကြိုဆိုရန် မျက်လုံးများကို မှိတ်ထားပြီး ဖြစ်သော်လည်း ယန်ချင်း၏ စကားများကို ကြားလိုက်ရချိန်တွင်၊ မျက်လုံးများကို ဖွင့်ကာ ယန်ချင်းရှိရာသို့ စူးရဲစွာ စိုက်ကြည့်လိုက်သည်။

“ကြောက်စရာကြီး...”

ယန်ချင်းက ကြောက်ရွံ့နေသည့် အမူအရာဖြင့် လက်နှစ်ဖက်ကို မြှောက်ကာ ပြောလိုက်သည်။

“အဖွဲ့အစည်းက လူတစ်ယောက်ကို တိုက်ခိုက်ဖို့ အမြုတေဖွဲ့စည်းခြင်းအဆင့် ပဉ္စမအဆင့်က လူတစ်ယောက်ကိုပဲ လွှတ်လိုက်တာကို ကြည့်ရရင်၊ မင်းက တစ်ခါသုံး နယ်ရုပ်တစ်ရုပ်ပဲ ဖြစ်ရမယ်...

“မင်းဆီက သတင်းရဖို့ ညှဉ်းပန်းနှိပ်စက်နေတာကလည်း အလကားပဲ ဖြစ်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ မင်းဘာမှ သိထားပုံမရဘူး...”

“မင်းသိထားတာတွေကလည်း အရေးမပါတဲ့ အသေးအဖွဲ ကိစ္စတွေ၊ ဒါမှမဟုတ် လမ်းကြောင်းလွဲသွားအောင် မင်းဆီမှာ တမင် ထည့်ပေးလိုက်တဲ့ သတင်းအချက်အလက်တွေပဲ ဖြစ်လိမ့်မယ်...”

“ဘယ်လိုပဲဖြစ်ဖြစ် ဆုလီဝေရေ... မင်းရဲ့ အဖွဲ့အစည်းအတွက် အလျော့မပေးတဲ့ သစ္စာခံတစ်ယောက်လို လုပ်နေမှာကို ငါဖျက်ဆီးရမယ် ထင်ပါရဲ့...”

“ဒါကြောင့် ငါ့ကို လာကြည့်နေတဲ့ ‘ငါ ဘာမှ ထုတ်မပြောဘူး’ ဆိုတဲ့ အဲဒီအမူအရာကို ဖျောက်ပစ်လိုက်...”

ယန်ချင်းက တင်ပျဉ်ခွေ ထိုင်ချရင်း ပြောလိုက်သည်။

“ဒါပေမဲ့ မင်း ငါ့ကို ကူညီပေးနိုင်တဲ့ အရာတစ်ခုတော့ ရှိတယ်... အဲဒီလိုမှ မဟုတ်ရင် မင်းအခုချိန် အသက်ရှင်နေမှာ မဟုတ်ဘူး...”

သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအနည်းငယ်ကို ထုတ်ယူလိုက်ချိန်တွင် ယန်ချင်း၏ အကြည့်များမှာ အေးစက်သွားလေသည်။

ဆုလီဝေ၏ တုံ့ပြန်မှုများမှာ နှေးကွေးလေးလံ နေဆဲဖြစ်သော်လည်း ယန်ချင်း၏ စကားများကို ကြားလိုက်ရချိန်တွင် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

ယန်ချင်းသည် ရန်သူများနှင့်ပင် ဖြစ်စေကာမူ ကိစ္စရပ်အများစုတွင် အတော်လေး သဘောထားပြည့်ဝသူတစ်ဦး ဖြစ်သည်။

သို့သော် သူ့တွင် အလွန်ရွံရှာမုန်းတီးသော သီးသန့်အဖွဲ့အစည်းများ ရှိနေသည်။ ၎င်းတို့အထဲတွင် မဟူရာတစ္ဆေဂိုဏ်းမှာ အပါအဝင်ဖြစ်လေသည်။

All Chapters