အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁) ထိပ်တန်းမိသားစုလား....သူတို့ တည်ရှိနေဖို့ မလိုအပ်တော့ဘူး
တခြားသူများက မသိနိုင်သော်လည်း ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ ကျောင်းအုပ်ကြီးအနေဖြင့် သူသည် ခုံးဝူတောက်၏ စွမ်းအားကို အလွန်အမင်း နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။
သူ စတင်မှန်းဆရုံသာ ရှိသေးပြီး ကြောက်မက်ဖွယ်ကောင်းသော တာအိုတန်ပြန်တိုက်ခိုက်မှုတစ်ခုကို သူ ခံစားခဲ့ရသည်။
ကောင်းကင်ဘုံ တာအိုနယ်မြေမှ ကောင်းကင်တာအို၏ ကာကွယ်မှုအနည်းငယ် ရှိနေသော်လည်း ထိုစွမ်းအား၏ တန်ပြန်တိုက်ခိုက်မှုကို သူ မခုခံနိုင်ခဲ့ပေ။
ဤသည်က ခုံးဝူတောက်၏ မူရင်းဇစ်မြစ်နှင့် နောက်ခံသည် သူတို့၏ စိတ်ကူးယဉ်တွေးတောနိုင်မှုထက် များစွာသာလွန်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားကြောင်း ပြသရန် လုံလောက်သည်။
သူတို့သည် သူ့ကို ရန်စရန် များစွာအလှမ်းကွာဟနေပြီး သူတို့၏ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်သည် သူ့အတွက် ပြိုင်ဘက် မဟုတ်နိုင်ချေ။
ထို့ထက်ပို၍ အရေးကြီးသည်မှာ ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူသည် ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေသော အစွမ်းထက်သည့် အရှိန်အဝါတချို့ကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ပေ၏။ ထိုလူများသည် ခုံးဝူတောက်ကို ကာကွယ်ပေးရန် အသင့်ရှိနေပုံရသည်။
ခုံးဝူတောက်သည် သူတို့၏ အစစ်အမှန် ဆက်ခံသူဆယ်ယောက်ထဲမှ တစ်ဦးကို လူတစ်ယောက်အား သတ်ဖြတ်ခိုင်းခြင်းဖြင့် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်။ ထို့ပြင် သေဆုံးသွားသူသည် ဝမ်မိသားစု၏ သခင်မလေးလည်း ဖြစ်ပေ၏။
သို့သော် သူတို့်တွင် ခုံးဝူတောက်နှင့် ရှင်းလင်းရန် သတ္တိ လုံးဝမရှိခဲ့ဘဲ ယုံကြည်မှုပင် မရှိခဲ့ပေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ စည်းမျဉ်းများသည် ခုံးဝူတောက်၏ရှေ့တွင် ရယ်စရာပြက်လုံးတစ်ခုပင်။
"အော်... မင်းက ငါ့ကို သိလို့လား..."
ခုံးဝူတောက်က မျက်ခုံးပင့်ပြီး အပြုံးဖျော့ဖျော့ဖြင့် မေးမြန်းလိုက်သည်။
ဤစကားကြောင့် အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီ၏ စိတ်နှလုံးသား အလိုအလျောက် မွန်းကြပ်သွားသည်။
ခုံး လား...
ခုံး မျိုးနွယ်စုလား...
ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ၏ သမိုင်းကြောင်းတစ်ခုလုံးကို ကြည့်လိုက်လျှင် ခုံး ဟူသော မျိုးရိုးအမည်နှင့် ထူးကဲသော နောက်ခံရှိသည့် အင်အားစုဟူ၍ တစ်ခုတည်းသာ ရှိပုံရသည် မဟုတ်လော...
ဤသည်က အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီ၏ မျက်နှာကို အနည်းငယ် ဖြူဖျော့သွားစေခဲ့ပြီး သူ၏နဖူးပေါ်တွင် ချွေးစေးများ ထွက်လာသည်။
"ဒီအဘိုးကြီးက နည်းနည်းပဲ သိတာပါ... အရှင်ရဲ့ နာမည်ရင်းနဲ့ မူလအစကို ကျွန်တော် မသိပါဘူး... ကျေးဇူးပြုပြီး ပြောပြပေးပါ..." အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီသည် ခုံးဝူတောက်ကို မော့ကြည့်ရဲခြင်းပင်မရှိဘဲ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်သည့် အမူအရာကို ဆက်လက်၍ ထိန်းသိမ်းထားလေ၏။
"ကောင်းကင်ဘုံတွေရဲ့ အဆုံး... အချိန်လေဟာနယ် တားမြစ်နယ်မြေ... ခုံးဝူတောက်..."
ခုံးဝူတောက်က တည်ငြိမ်စွာ ပြောဆိုသည်။
ဤစကားကို ကြားသောအခါ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီပင်လျှင် အလွန်အမင်း ထိတ်လန့်မသွားဘဲ မနေနိုင်ခဲ့ပေ။ သူ၏ခန့်မှန်းချက်သည် အမှန်တကယ်ကို မှန်ကန်နေခဲ့သည်။
ကောင်းကင်ဘုံ တာအိုနယ်မြေသည် အထီးကျန်ပြီး သီးခြားတည်ရှိနေသော ကြားနေတာအိုနယ်မြေတစ်ခု ဖြစ်သော်လည်း အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဒဏ္ဍာရီများကို မည်သူက မသိဘဲ နေမည်နည်း။
ကောင်းကင်ဘုံများ၏သမိုင်းကို မှတ်တမ်းတင်ထားသော ရှေးဟောင်းစာအုပ်များတွင် အချိန်လေဟာနယ် တားမြစ်နယ်မြေသည် ဆုတ်ယုတ်သွားပြီး ယခင်ဂုဏ်ကျက်သရေနှင့် များစွာ ဝေးကွာနေပြီဟု ဖော်ပြထားသည်။ သို့ရာတွင် ဤသည်မှာ သူတို့၏ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်က ရန်စနိုင်သည့်အရာနှင့် များစွာ ဝေးကွာနေဆဲပင်။
ထိုကဲ့သို့ ကြီးမားသည့် အင်အားစုကြီး၏ရှေ့တွင် သူတို့၏ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်သည် ဖုန်မှုန့်လေးတစ်ခုကဲ့သို့ သေးငယ်လှ၏။
"အချိန်လေဟာနယ် တားမြစ်နယ်မြေ..."
ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှ တပည့်တချို့သည်လည်း ဤစကားများကို ကြားပြီးနောက် သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
သူတို့သည်လည်း အတိုင်းအတာတစ်ခုအထိ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ကောလာဟလများကို သိထားကြ၏။
"အရှင်... အရင်ကိစ္စက ငါတို့ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်ရဲ့ ပေါ့ဆမှုကြောင့်ပါ... ကျေးဇူးပြုပြီး ငါတို့ကို အပြစ်မတင်ပါနဲ့..."
ခုံးဝူတောက်သာ မကျေနပ်ပါက သူတို့၏ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်အပေါ် သူ၏ဒေါသများကို ထုတ်လွှတ်မည်ကို စိုးရိမ်သဖြင့် အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ နောက်တစ်ကြိမ် ဦးညွှတ်အရိုအသေပြုလိုက်သည်။
ခုံးဝူတောက်သည် ဤအရာကို ဂရုမစိုက်ခဲ့ဘဲ ထိုကိစ္စကို များစွာအလေးအနက် မထားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ အစမှအဆုံးတိုင် သေချင်နေသူမှာ သူမကိုယ်သူမ လိမ္မာပါးနပ်သည်ဟု တွေးထင်နေသော ဝမ်ကျစ်ကျင်းပင်။
သေချာသည်မှာ သူမ၏နောက်ကွယ်တွင် ဝမ်မိသားစုလည်း ရှိနေပေ၏။
"တူလင်..."
"အရှင့်ရဲ့ လက်အောက်ခံ ဒီမှာ ရှိပါတယ်..."
ခုံးဝူတောက်၏ စကားများ အဆုံးသတ်သွားသည်နှင့် ဟင်းလင်းပြင်တွင် လှိုင်းဂယက်တစ်ခု ပေါ်လာပြီး ဤခရီးစဉ်တွင် ခုံးဝူတောက်၏ လုံခြုံရေးအတွက် တာဝန်ရှိသော နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုး အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး ချက်ချင်းထွက်ပေါ်လာသည်။
ဤ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုး အစွမ်းထက် ကျွမ်းကျင်သူကို မြင်သောအခါ အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီနှင့် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှ အစွမ်းထက် ကျွမ်းကျင်သူ အများအပြားသည် နောက်တစ်ကြိမ် ထိတ်လန့်သွားကြ၏။
ပထမတစ်ချက်မှာ တစ်ဖက်လူ၏ကျင့်ကြံခြင်းသည် နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုးမျှသာဖြစ်ကြောင်း သိသာထင်ရှားနေခြင်းပင်။ သို့သော် တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါက သူတို့ကို ကြီးမားပြီး မမြင်နိုင်သော ဖိနှိပ်ချုပ်ကိုင်နိုင်မှု ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။
ဖြစ်နိုင်သည်မှာ တစ်ဖက်လူသည် သူ၏စွမ်းအားအပြည့်အဝကို ထုတ်လွှတ်လိုက်သည်နှင့် သူတော်စင်တစ်ပါးကိုပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
"ဝမ်မိသားစုက ဝမ်ကျစ်ကျင်းက ဒီ တားမြစ်နယ်မြေ နတ်ဘုရားသားတော်ကို စော်ကားခဲ့တယ်... သူ့ရဲ့ ရာဇဝတ်မှုက သေဒဏ်နဲ့ ထိုက်တန်တယ်..."
ခုံးဝူတောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီနေ့ကစပြီး... အသင်္ချေသူတော်စင်မြို့ရဲ့ ဝမ်မိသားစုက တည်ရှိနေဖို့ မလိုအပ်တော့ဘူး..."
သူသည် ဝမ်ကျစ်ကျင်းနှင့် များစွာ အဆက်အသွယ် မရှိခဲ့သော်လည်း သူမ၏ ယခင်အပြုအမူများမှတဆင့် သူမ၏ လုပ်ရပ်များသည် သူမ၏မိသားစုမှ ညွှန်ကြားချက်အရဖြစ်ကြောင်း သူ ခန့်မှန်းမိပြီးဖြစ်သည်။
ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ မိသားစုတစ်စုက သူ့အပေါ် မည်သို့ မျက်စိကျရဲသနည်း....
သူတို့သည် သေလမ်းကို ရှာဖွေနေကြခြင်းပင်။
"ဟုတ်ကဲ့ပါ..."
တူလင်က တုံ့ပြန်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူသည် အမှောင်ထဲတွင် ပုန်းကွယ်နေသော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ အစွမ်းထက် ကျွမ်းကျင်သူ အနည်းငယ်ကို ခေါ်ဆောင်လိုက်သည်။ ထို့နောက် သူတို့သည် ဟင်းလင်းပြင်ကို တုန်ခါသံကြီးဖြင့် ဆုတ်ဖြဲကာ ဝမ်မိသားစုရှိသော ဧရိယာဆီသို့ ပျံသန်းသွားသည်။
ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်းသည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ကြဘဲ သူတို့၏မျက်နှာများ ပို၍ ဖြူဖျော့လာသည်။
ဝမ်မိသားစုသည် အသင်္ချေသူတော်စင်မြို့ရှိ ထိပ်တန်းမိသားစုကြီး လေးခုထဲမှ တစ်ခုဖြစ်ပြီး သူတို့၏အလုံးစုံစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သိထားရပေမည်။
ထိုသို့ဆိုသည့်တိုင် ယခုအချိန်၌ ဤလူ၏စကားတစ်ခွန်းတည်းဖြင့် သူတို့သည် လုံးလုံးလျားလျား ဖျက်ဆီးခံရတော့ပေမည်။
"ဝမ်မိသားစုက... ပျောက်ကွယ်သွားပြီလား..."
နံဘေးတွင်ရှိနေသော နာလန်ချိုးရန်သည် သူမ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ဝမ်မိသားစုသည် သူမတို့၏ နာလန်မိသားစုအတွက် အမြဲတစေ အစွမ်းထက်သော ပြိုင်ဘက်တစ်ခု ဖြစ်ခဲ့ပြီး သူမတို့မိသားစုကို အဆုံးမရှိသော ခေါင်းကိုက်မှုများအား ဖြစ်စေခဲ့သည်။
ယခုချိန်၌ ခုံးဝူတောက်၏ စကားတစ်ခွန်းတည်းက သူတို့အတွက် အကြီးမားဆုံး အတားအဆီးကို သွယ်ဝိုက်သောနည်းဖြင့် ရှင်းလင်းပေးလိုက်လေပြီ။
သူ ပိုင်ဆိုင်သော စွမ်းအားသည် မည်မျှထိ အစွမ်းထက်သနည်း။
..........
တစ်ချိန်တည်းမှာပင် ဝမ်မိသားစု၌....
"ရိုင်းစိုင်းလိုက်တာ... ဘယ်သူလဲ..."
ဝမ်မိသားစု၏ ပင်မခန်းမတွင် အလွန်အမင်း ဒေါသထွက်နေသော ဟိန်းဟောက်သံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
"ငါ့သမီးကို ဘယ်သူ သတ်ရဲတာလဲ..."
ကြီးမားကျယ်ပြန့်သော ခန်းမထဲတွင် ခမ်းနားထည်ဝါသော ဝတ်ရုံများကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ မျက်လုံးများသည် သွေးရောင်လွှမ်းနေလေ၏။
ကြောက်မက်ဖွယ်ကောင်းသော ချီများသည် သူ၏နံဘေးပတ်လည်တွင် လှိုင်းထနေပြီး သူသည် ရူးသွပ်လုမတတ် ဒေါသထွက်နေလေပြီ။
ဤအမျိုးသားသည် ဝမ်ကျစ်ကျင်း၏ ဖခင်ဖြစ်ပြီး ဝမ်မိသားစု၏ လက်ရှိမိသားစု ခေါင်းဆောင်ပင်။
ယခုလေးတင် သူ့သမီး၏ ဝိညာဉ်ကျောက်ပြား သည် ရုတ်တရက် ကြေမွသွားပြီး သူမသည် ရုတ်တရက်ဆန်စွာ သေဆုံးသွားခဲ့သည်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
"သခင်မလေးက အမြဲတမ်း ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှာ ရှိနေခဲ့တာ... သူက ဘေးကင်းလုံခြုံနေသင့်တယ်လေ... ဘယ်လိုလုပ်ပြီးတော့ ဒီလိုအပြောင်းအလဲမျိုး ဖြစ်လာတာလဲ..."
"ဟမ့်... ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှာ လူသတ်ရဲတဲ့သူ တစ်ယောက်ယောက်များ ရှိနေတာလား..."
"ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်က ကောင်တွေ ဘာလုပ်နေကြတာလဲ... မိသားစု ခေါင်းဆောင်... ရှင်းပြချက်တောင်းဖို့အတွက် လူတွေကိုခေါ်ပြီး ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်ဆီ ငါ ချက်ချင်းသွားလိုက်မယ်..."
ဝမ်မိသားစု ရှေးဟောင်းဘိုးဘေးကြီးများသည် အော်ဟစ်လိုက်ကြပြီး ဤကိစ္စအတွက် အလွန်ဒေါသထွက်နေကြသည်။
ထိုအချိန်မှာပင် လူတိုင်းသည် တစ်ခုခုကို အာရုံခံမိလိုက်ပုံရပေ၏။ သူတို့၏ ဒေါသထွက်နေသော အမူအရာများသည် ရုတ်တရက် အေးခဲတောင့်တင်းသွားပြီး သူတို့အားလုံး၏မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
သူတို့၏အာရုံခံစားမှုတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတချို့သည် သူတို့၏အထက်တွင် ထွက်ပေါ်လာပုံရသည်။
သူတို့ မတုံ့ပြန်နိုင်မီ ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများ ပါဝင်နေသကဲ့သို့ အသံတစ်သံသည် တိမ်တိုက်များအထက်မှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားလေ၏။
"အပြစ်သား ဝမ်မိသားစု... ငါတို့အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်ကို စော်ကားခဲ့တဲ့အတွက်... သူတို့ရဲ့ ရာဇဝတ်မှုက သေဒဏ်နဲ့ ထိုက်တန်တယ်..."
ဝမ်မိသားစုသာမက အသင်္ချေသူတော်စင်မြို့ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည်လည်း ထိုအသံကို ကြားလိုက်ရသည်။
ကျင့်ကြံသူအများအပြားသည် ခေါင်းမော့ပြီး ဝမ်မိသားစုရှိသော နေရာသို့ ကြည့်လိုက်ကြသည်။
"ဘာ... ဝမ်မိသားစုက အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်ကို စော်ကားလိုက်တာလား..."
"အချိန်လေဟာနယ် တားမြစ်နယ်မြေ... တစ်ချိန်က ကောင်းကင်ဘုံတွေနဲ့ အင်္သချေနယ်မြေတွေရဲ့ တားမြစ်ချက်လို့ လူသိများတဲ့ အဲ့ဒီ အချိန်လေဟာနယ် တားမြစ်နယ်မြေလား... ဝမ်မိသားစုက ဒီလို တည်ရှိမှုမျိုးကို ဘယ်လိုများ ရန်စမိလိုက်တာလဲ..."
"မင်းတို့အားလုံးပဲ... ဝမ်အိမ်တော်ရဲ့အထက်ကို ကြည့်လိုက်ကြအုံး..."
ကျင့်ကြံသူတစ်ဦး၏ အံ့အားတသင့်ရေရွတ်သံအဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အစွမ်းထက်သော ပုံရိပ်ကိုးခုသည် မည်သည့်အချိန်က ပေါ်လာသည်မသိ ဝမ်အိမ်တော်၏အထက်တွင် ထွက်ပေါ်လာကြောင်းကို လူတိုင်း သတိပြုမိသွားကြသည်။
ထိုလူကိုးယောက်သည် ဟင်းလင်းပြင်ထဲတွင် ရပ်နေကြပြီး စက်ဝိုင်းတစ်ခု ဖန်တီးကာ ဝမ်မိသားစုကို လုံးလုံးလျားလျား ဝန်းရံထားသည်။
ထို့နောက် ဝမ်မိသားစု မတုံ့ပြန်နိုင်မီမှာပင် ထိုလူကိုးယောက်သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်များကို တပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြ၏။
ဝုန်း... ဝုန်း... ဝုန်း...
ဥပဒေသနတ်ဘုရားတိုင်ကိုးတိုင် မိုးကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။
လွှမ်းမိုးချုပ်ကိုင်နိုင်သော နတ်ဘုရားအရှိန်အဝါများနှင့် မှော်စာလုံးများသည် ကောင်းကင်ယံကို ဖြတ်သန်း၍ အပြန်အလှန် ယှက်နွယ်သွားကြသည်။
နောက်ဆုံးတွင် ထိုအရာများသည် မိုးကောင်းကင်ယံတစ်ခုလုံးကို ဖုံးကွယ်ထားသည့် ဧရာမ ဥပဒေသနတ်ဘုရားတောင်ကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
"ဒီနေ့... ဝမ်မိသားစု ဖျက်ဆီးခံရမယ်..."
ခေါင်းဆောင်၏အသံ အဆုံးသတ်သွားသည်နှင့်မိုးကြိုးပစ်ခတ်သကဲ့သို့ မြည်ဟီးသံနှင့်အတူ ဧရာမနတ်ဘုရားတောင်ကြီးတစ်လုံးသည် ကောင်းကင်ယံအပြင်ဘက်မှ ကြယ်ပျံတစ်ခုအလား မိုးကောင်းကင်ယံမှ ရုတ်တရက် ကျဆင်းလာသည်။
ဝမ်မိသားစုတွင် ရှေးဟောင်းဘိုးဘေးကြီးများ ရှိသော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ရှေ့တွင် သူတို့သည် ကောင်းကင်ဘုံစွမ်းအားရှေ့ရှိ ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေသည်။
ခုခံနိုင်ရန်အတွက် သူတို့၏နည်းလမ်းအားလုံးသည် မယုံနိုင်လောက်အောင် အားနည်းပြီး စွမ်းအားကင်းမဲ့နေပုံရသည်။
"သနားပါ အရှင်..."
"ငါတို့ရဲ့ ဝမ်မိသားစုက အရှင်တို့ကို စော်ကားဖို့ ရည်ရွယ်ချက် မရှိပါဘူး... ကျေးဇူးပြုပြီး ငါတို့ကို အသက်ချမ်းသာပေးပါ..."
မျှော်လင့်ချက်မဲ့သော ငိုကြွေးသံများကြားတွင် ဧရာမနတ်ဘုရားတောင်ကြီး ပြိုကျလာပြီး ပေသောင်းချီမြင့်မားသော နတ်ဘုရားအလင်းတန်းများကို လှိုင်းထသွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် မုန်တိုင်းသည် ထိုဧရိယာကို ဖုန်မှုန့်များအဖြစ် လုံးလုံးလျားလျား ခြေမွှဖျက်ဆီးလိုက်သည်။
လောကကြီးကို တုန်ခါစေသော မြည်ဟီးသံကြီး ရပ်တန့်သွားပြီးနောက် ဝမ်အိမ်တော်တစ်ခုလုံးသည် မရေမတွက်နိုင်သော ဝမ်မိသားစုဝင်များနှင့်အတူ ချောက်ကမ်းပါးကြီးထဲသို့ ရိုက်ချခံလိုက်ရပြီး မည်သည့်သက်ရှိမျှ မကျန်ရစ်ခဲ့ပေ။
အသင်္ချေသူတော်စင်မြို့၏ ထိပ်တန်း မိသားစုကြီးလေးခုထဲမှ တစ်ခုဖြစ်သော ဝမ်မိသားစုသည် ဖျက်ဆီးခြင်းခံလိုက်ရလေပြီ။
.........
...
အခန်း (၉၂) ကောင်းကင်ဘုံ ယဇ်ပလ္လင်... ကောင်းကင်နဲ့မြေကြီးရဲ့ ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်စဉ်များ
ဤအရာများ အားလုံးကို ပြီးစီးပြီးနောက် အချိန်လေဟာနယ်တားမြစ်နယ်မြေမှ အစွမ်းထက် ကျွမ်းကျင်သူများသည် အချိန်မဆွဲခဲ့ချေ။ သူတို့သည် ချက်ချင်းပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားကြသည်။
သို့သော် ဤမြင်ကွင်းကို သူတို့၏ကိုယ်ပိုင် မျက်လုံးများဖြင့် မျက်မြင်တွေ့ရှိခဲ့သော အသင်္ချေသူတော်စင်မြို့ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အချိန်အတော်ကြာသည်အထိ သူတို့၏အသိစိတ်များ ပြန်မရနိုင်ချေ။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာဖြင့် စူးစိုက်၍ကြည့်နေကြ၏။
ဝမ်မိသားစု ပျောက်ကွယ်သွားလေပြီ.....
အသင်္ချေသူတော်စင်မြို့ရှိ ထိပ်တန်းမိသားစုကြီးလေးခုထဲမှ တစ်ခုဖြစ်သော ဝမ်မိသားစုသည် ဤကဲ့သို့နည်းဖြင့် ပေါ့ပေါ့ပါးပါး ပျောက်ကွယ်သွားခဲ့လေပြီ။
ဝမ်မိသားစု၏ မိသားစုဝင်အများအပြား အပါအဝင် လူတိုင်းသည် သူတို့ မသေဆုံးမီ အဘယ်ကြောင့် ဤမျှထိ ဆိုးရွားသော ဘေးဒုက္ခကို ခံစားခဲ့ရသည်ကို နားမလည်ခဲ့ကြပေ။
လောကကြီးတစ်ခုလုံး အသက်ဆယ်ရှိုက်စာခန့် တိတ်ဆိတ်သွားပြီးနောက် အသင်္ချေသူတော်စင်မြို့သည် လောကကြီးကို တုန်လှုပ်စေသော ဆွေးနွေးမှုများဖြင့် ပေါက်ကွဲထွက်လာသည်။
"ဒါ... ဒါ... ဒါက..... အသင်္ချေသူတော်စင်မြို့ရဲ့ ဝမ်မိသားစုက ဒီအတိုင်း ပျောက်ကွယ်သွားတာလား... ဒီလို ကြီးမားတဲ့ ဘေးဒုက္ခကို ဖိတ်ခေါ်ဖို့ ဝမ်မိသားစုက တကယ်တမ်းကျ ဘာလုပ်ခဲ့တာလဲ..."
"ရှီး...... အခုဏက အဲ့ဒီ အစွမ်းထက် ကျွမ်းကျင်သူတွေ ပူးပေါင်းထုတ်လွှတ်လိုက်တဲ့ စွမ်းအားက သူတော်စင်နယ်ပယ်စွမ်းအားရဲ့ အတိုင်းအတာကို ရောက်နေပြီလို့ ငါ ထင်တယ်..."
ကျင့်ကြံသူ တစ်ဦးက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
"မြို့စားစံအိမ်ကရော ဘယ်လိုလဲ... တခြားတာအိုနယ်မြေတွေက လူတွေက အသင်္ချေသူတော်စင်မြို့မှာ ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာကို မြို့စားစံအိမ်က ဝင်မစွက်ဖက်ဘူးလား..."
"ဝင်စွက်ဖက်မလား... မင်း မကြားသေးဘူးလား... အခု ငါတို့ရဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေရဲ့ ဒေသအသီးသီးကို တခြားတာအိုနယ်မြေတွေက ထိပ်တန်း အင်အားစုတွေ ဆင်းသက်လာနေကြတာ..."
"ငါတို့ရဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေကို ကာကွယ်ပေးတဲ့ အထူးဥပဒေသတွေ ရှိနေပြီးတော့ သူတော်စင်နယ်ပယ် အထက် တည်ရှိမှုတွေ ဝင်ရောက်တာကို တားဆီးထားပေမယ့် ကောင်းကင်ဘုံ တာအိုနယ်မြေတစ်ခုလုံးက ဖရိုဖရဲ ဖြစ်နေပြီ..."
"ခုဏက ထွက်ပေါ်လာတဲ့ လူတွေရဲ့ စွမ်းအားနဲ့ဆိုရင် တကယ်လို့ မြို့စားစံအိမ်သာ ဝင်စွက်ဖက်ရဲမယ်ဆိုရင် သူတို့လည်း သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အသင်္ချေသူတော်စင်မြို့ရှိ ကျင့်ကြံသူ အများအပြားသည် ချက်ချင်းတိတ်ဆိတ်သွားကြ၏။
တာအိုအမွေအနှစ် အခြေခံအုတ်မြစ် ရှုထောင့်မှ ကြည့်လျှင် သူတို့၏ ကောင်းကင်ဘုံတာအိုနယ်မြေမှ အင်အားစုများသည် အလုံးစုံစွမ်းအားတွင် အနိမ့်ဆုံးဖြစ်မည်မှာ သေချာပေါက်ပင်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံတာအိုနယ်မြေတွင် အထူးဥပဒေသများဖြင့် ပြည့်နှက်နေသောကြောင့် ဤနေရာတွင် သူတော်စင်နယ်ပယ်အထက် အစွမ်းထက် ကျွမ်းကျင်သူများ မရှိနိုင်ပေ။
တခြားတာအိုနယ်မြေများသည် ဤအရာ၏ ကန့်သတ်မှုကို လုံးဝမခံရဘဲ မရေမတွက်နိုင်သော ခေတ်ကာလတလျှောက် နက်ရှိုင်းသော အခြေခံအုတ်မြစ်များကို စုဆောင်းထားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အမှောင်ထဲတွင် ပုန်းကွယ်နေသော တခြားတာအိုနယ်မြေများမှ အစွမ်းထက် ကျွမ်းကျင်သူများသည်လည်း ဤနေရာရှိ ရုတ်ရုတ်သဲသဲဖြစ်မှုကို သတိပြုမိကြပြီး အချင်းချင်း တိတ်တဆိတ် ဆက်သွယ်ခဲ့ကြသည်။
"အချိန်လေဟာနယ် တားမြစ်နယ်မြေက ဒီကောင်တွေက.... တကယ့်ကို အာဏာရှင်ဆန်တာပဲ... သူတို့က ကောင်းကင်ဘုံ တာအိုနယ်မြေ ကို ရောက်နေတာ ဘယ်လောက်ကြာသေးလို့လဲ... သူတို့က အင်မော်တယ် တာအိုအမွေအနှစ် မြေတစ်ခုကို တိုက်ရိုက်ဖျက်ဆီးလိုက်တယ်..."
"ဟမ့်... အဲ့ဒီဝမ်မိသားစုရဲ့ အစွမ်းထက်ဆုံးလူက နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုးမှာပဲ ရှိတာလေ... ငါတို့ဂိုဏ်းက အစွမ်းထက် ကျွမ်းကျင်သူ တစ်ယောက်တောင် သူတို့ကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်တယ်... ဒါက အံ့အားသင့်စရာ ဘာရှိလို့လဲ..."
"အဲ့ဒါက အမှန်ပဲ... မမေ့နဲ့... ဒီတစ်ကြိမ် ကောင်းကင်ဘုံ တာအိုနယ်မြေထဲကို ဝင်ရောက်လာတဲ့ အင်မော်တယ် တာအိုနယ်မြေ တော်တော်များများရှိတယ်... ဆုတ်ယုတ်နေတဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေကို စိုးရိမ်နေစရာ မလိုပါဘူး..."
..........
ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်...
ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော် ဖြစ်ကြောင်း အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီ သိရှိပြီးနောက် သူ့အပေါ်ထားရှိသော သဘောထားသည် ပို၍ပင် ရိုသေလေးစားလာခဲ့သည်။
ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ အကြောင်းများကို မိတ်ဆက်ပေးစဉ်တွင် ခုံးဝူတောက်သည် သူ၏ ကာလကြာရှည်စွာ ပျောက်ဆုံးနေသော ဖခင်ဖြစ်သည့်အလားပင်။
ခုံးဝူတောက်၏နံဘေးတွင် ရှိနေသော နာလန်ချိုးရန်သည် အနည်းငယ် တွေဝေမိန်းမောနေသကဲ့သို့ ခံစားရပြီး သူမ၏ခြေလှမ်းများ အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။
သူမသည် ဝမ်မိသားစု ဖျက်ဆီးခံရသည့် သတင်းကို ယခုလေးတင် သိရှိခဲ့ရခြင်းဖြစ်ပေ၏။
ရလဒ်ကို သူမ ခန့်မှန်းပြီးဖြစ်သော်လည်း ဝမ်မိသားစု ဤမျှထိ မြန်မြန်ဆန်ဆန် ဖျက်ဆီးခံရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
အချိန်လေဟာနယ် တားမြစ်နယ်မြေမှ အစွမ်းထက် ကျွမ်းကျင်သူများ ထွက်ခွာသွားချိန်မှ ဝမ်မိသားစု ဖျက်ဆီးခံရချိန်အထိ အမွှေးတိုင်လောင်ကျွမ်းချိန်စာ တစ်ဝက်ခန့်သာ ကြာမြင့်ခဲ့သည်။
နာလန်ချိုးရန်သည် အံ့အားသင့်နေရင်း ခုံးဝူတောက်ကို မသိမသာ ကြည့်လိုက်ကာ ထူးဆန်းသော အတွေးတစ်ခုက သူမ၏ စိတ်နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။
ထိုသို့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ် တစ်ဦးသည် အသုံးမကျသူဟု လူသိများသော သူမ၏စေ့စပ်ထားသူထက် မည်မျှ ပို၍ထူးချွန်မည်နည်းဟု သူမ တွေးတောမိလေ၏။
"မုဟောက်မှာ နတ်ဘုရားသားတော် ခုံးဝူတောက်ရဲ့ ပါရမီတစ်ဝက်လောက် ရှိဖို့ကို မပြောနဲ့...."
"သူ့မှာ နတ်ဘုရားသားတော် ခုံးဝူတောက်ရဲ့ ပါရမီ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိရင်တောင်..... ဒီ အိမ်ထောင်ရေးက ငါ့အတွက်ရော ငါ့ရဲ့ နာလန်မိသားစုအတွက်ပါ ကြီးမားတဲ့ ကောင်းချီးတစ်ခု ဖြစ်လာလိမ့်မယ်....."
"နှမြောစရာပဲ......"
နာလန်ချိုးရန်သည် ကိုယ့်ကိုယ်ကိုယ် သရော်သော အပြုံးတစ်ခု ပြုံးလိုက်သည်။
သူမ၏ စေ့စပ်ထားသူသည် လူသိရှင်ကြား အသိအမှတ်ပြုခံထားရသော အမှိုက်တစ်ယောက်ဖြစ်ရာ သူသည် ခုံးဝူတောက်နှင့် နှိုင်းယှဉ်ခံရရန် မည်သို့ အရည်အချင်း ပြည့်မီမည်နည်း။
...........
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ အနောက်ဘက်တောင်တန်းမှ အနက်ရှိုင်းဆုံးနေရာတွင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် လျှို့ဝှက်တောင်ကြားတစ်ခုသို့ ရောက်ရှိနေလေပြီ။
"အမ်...."
ထူးဆန်းသောခံစားချက်တစ်ခုက တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နှလုံးသားထဲတွင် ရုတ်တရက် လှိုင်းထသွားသည်။
သူ၏ခေါင်းပေါ်တွင်ရှင်းပြ၍မရနိုင်သော ဖိအားတစ်ခု ထွက်ပေါ်လာသကဲ့သို့ သူ ခံစားလိုက်ရသည်။
ခေါင်းခါယမ်းလိုက်ပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်သည် များစွာဆက်မတွေးတော့ဘဲ ပို၍နက်ရှိုင်းစွာ ဆက်သွားရန် ရွေးချယ်လိုက်၏။
တောင်ကြားသည် မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး မှေးမှိန်သော ကောင်းကင်နှင့်မြေပြင်၏ ရတနာ စွမ်းအားသည် ဟင်းလင်းပြင်တွင် လွင့်မျောနေသည်။
ဤတောင်ကြား၏ ဗဟိုချက်တွင် ပေါင်းပင်များ ဖုံးလွှမ်းနေသော ယဇ်ပလ္လင်တစ်ခု ရှိနေသည်။
ထိုအရာပေါ်တွင် ထွင်းထုထားသော ရှေးဟောင်း ကမ္ပည်းစာများမှတစ်ဆင့် ဤယဇ်ပလ္လင်သည် အလွန်ဝေးကွာသော ခေတ်ကာလတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း သိနိုင်သည်။
"တွေ့ပြီ... ဒီအရာက တကယ်ပဲ ဒီနေရာမှာ ရှိနေတာပဲ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ပျော်ရွှင်စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်၏။
ဤ ကျိုးပဲ့နေသော ရှေးဟောင်းယဇ်ပလ္လင်ကို ကောင်းကင်ဘုံ ယဇ်ပလ္လင်ဟု ခေါ်ဆိုသည်။
လွန်ခဲ့သော ခေတ်ကာလများစွာ အကြာက ထိုအရာသည် ကောင်းကင်ဘုံတာအိုနယ်မြေရှိ သက်ရှိများ ကောင်းကင်တာအိုနှင့် ပဲ့တင်ထပ်ကာ ဆက်သွယ်ရန် နည်းလမ်းတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ကောင်းကင်ဘုံ ယဇ်ပလ္လင်ကို အသက်သွင်းရန် ကောင်းကင်နှင့်မြေပြင်၏ ရတနာများ မရေမတွက်နိုင်အောင် ပူဇော်ရန် လိုအပ်ပြီး ကြီးမားသော လုပ်အားနှင့် အရင်းအမြစ်များကို သုံးစွဲရန်လည်း လိုအပ်သည်။
ထို့ပြင် ကောင်းကင်တာအိုနှင့် ပဲ့တင်ထပ်သော အဆက်အသွယ်တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်မည်ဟု အာမမခံနိုင်ပေ။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ဘုံ တာအိုနယ်မြေ၏ သူတော်စင်နန်းတော်အသီးသီးတွင် တည်ထောင်ထားသော ကောင်းကင်ဘုံ ယဇ်ပလ္လင်များသည် တဖြည်းဖြည်း မေ့လျော့ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ခံခဲ့ရသည်။
သို့သော် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ သွေးမျိုးဆက်သည် အလွန်ထူးခြားကာ သူသည် ကိုးရောင်ခြယ် အင်မော်တယ်သွေးကို ပိုင်ဆိုင်ထားသည်။
ကောင်းကင်ဘုံ ယဇ်ပလ္လင် မရှိလျှင်ပင် သူသည် သူ၏ကိုယ်ပိုင်သွေးမျိုးဆက်မှတစ်ဆင့် ကောင်းကင်တာအိုနှင့် ပဲ့တင်ထပ်သော အဆက်အသွယ်တစ်ခုကို တည်ဆောက်နိုင်သည်။
သူသည် ယခုလေးတင် ပြန်လည်မွေးဖွားခြင်းကို ခံစားခဲ့ရပြီး မုဟောက်၏ လက်ရှိ ခန္ဓာကိုယ် ကျင့်ကြံခြင်းသည် အလွန်နိမ့်ကျနေခြင်းကြောင့်သာ အနည်းငယ်အခက်တွေ့နေခဲ့သည်။
သူ၏ အနာဂတ် အစီအစဉ်များ ချောမွေ့စွာ တိုးတက်မှု သေချာစေရန် ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ကောင်းကင်တာအိုနှင့် ကြိုတင် ဆက်သွယ်ရန်အတွက် ကောင်းကင်ဘုံ ယဇ်ပလ္လင်၏စွမ်းအားကို ငှားရမ်းရန် သူ ဤနေရာသို့ လာခဲ့ရခြင်းဖြစ်သည်။
"နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာ ကောင်းကင်လမ်းကြောင်းအစ်မက ငါ့ကို အရမ်း လွမ်းနေမှာ သေချာတယ် မဟုတ်လား..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ပါးစပ်ထဲမှ ကောင်းကင်လမ်းကြောင်းအစ်မဆိုသည်မှာ ကောင်းကင်ဘုံတာအိုနယ်မြေ၏ ကောင်းကင်တာအို လူဝင်စားခြင်းပင်။
အတိတ်တွင် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများမှ အစွမ်းထက်ကျွမ်းကျင်သူများ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်လာနိုင်စွမ်းသည်လည်း သူမ၏အကူအညီနှင့် ခွဲခြား၍မရနိုင်ပေ။
ဝီ...
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဆက်လက်၍ တွန့်ဆုတ်မနေတော့ပေ။ အတွေးတစ်ချက်ဖြင့် အလွန်များပြားသော နတ်ဘုရားစွမ်းအားများ စီးဆင်းနေသည့် ကိုးရောင်ခြယ် အင်မော်တယ် သွေးတစ်စက်သည် သူ၏ လက်ဝါးမှ ပျံထွက်လာပြီး ကောင်းကင်ဘုံ ယဇ်ပလ္လင်ထံသို့ ကျဆင်းသွားသည်။
ဤကိုးရောင်ခြယ် အင်မော်တယ် သွေးတစ်စက်သည် ကောင်းကင်ဘုံ ယဇ်ပလ္လင်ထဲသို့ ပေါင်းစပ်သွားသည့် အချိန်အခိုက်အတန့်မှာပင်....
နှစ်ပေါင်းမရေမတွက်နိုင်အောင် တိတ်ဆိတ်နေခဲ့သော ကောင်းကင်ဘုံယဇ်ပလ္လင်ပေါ်တွင် ထွင်းထုထားသည့် ရှေးဟောင်းကမ္ပည်းစာများမှ ရုတ်တရက် တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး တောက်ပသော မှော်စာလုံးအမြောက်အများကို ထုတ်လွှတ်လိုက်သည်။
ဝုန်း...
တိတ်ဆိတ်နေသော ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ အနောက်ဘက်တောင်တန်းမှ မိုးကြိုးပစ်ခတ်သကဲ့သို့ တုန်ခါသံတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
တောက်ပနေသော နတ်ဘုရားအလင်းတိုင်တစ်ခုသည် မိုးကောင်းကင်ယံ၏အနက်ရှိုင်းဆုံးသို့ ချက်ချင်းထွင်းဖောက်သွားပြီး ထိုဧရိယာရှိ တိမ်ပင်လယ်ကို တောက်ပသော ရွှေရောင် အလင်းတန်းတစ်တန်းဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
ထို့ထက်ပို၍ အံ့အားသင့်စရာကောင်းသောအရာမှာ ကျယ်ပြန့်သော ကောင်းကင်ဘုံ စွမ်းအား တစ်ခုသည် တိမ်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ဖြည်းညှင်းစွာ နိုးထလာပုံရခြင်းပင်။
အသင်္ချေသူတော်စင်မြို့ရှိ ကျင့်ကြံသူ အများအပြားသည် ဤမြင်ကွင်းကို သတိပြုမိရုံသာမက ကောင်းကင်ဘုံ တာအိုနယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိများ သို့မဟုတ် ဤနေရာသို့ ဆင်းသက်လာသော တခြားတာအိုနယ်မြေများမှ ပါရမီရှင် များအားလုံးသည် ပုံမှန်မဟုတ်သောအရာ၏ မူလအစကို မော့ကြည့်လိုက်ကြ၏။
ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ရှေးဟောင်း အစွမ်းထက် ကျွမ်းကျင်သူများပင်လျှင် သူတို့၏ အိပ်မောကျနေမှုမှ နိုးထလာကြပြီး ရွှေရောင် တောက်ပနေသော နေရာကို အံ့အားသင့်စွာဖြင့် ကြည့်ကာ မယုံကြည်နိုင်စွာရေရွတ်လိုက်ကြသည်။
"ဒီအရှိန်အဝါက...."
"နှစ်တွေ မရေမတွက်နိုင်အောင် ကုန်ဆုံးသွားခဲ့ပြီ... ပြီးတော့ လူတစ်ယောက်က ကောင်းကင်ဘုံ ယဇ်ပလ္လင်ကို နောက်တစ်ကြိမ် တကယ် အသက်သွင်းလိုက်တယ်..... သူက ကောင်းကင်တာအိုနဲ့ အဆက်အသွယ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတာလား..."
..........
ကောင်းကင်ဘုံအနှစ်သာရကျောင်းတော် အတွင်းတွင် ဤကြီးမားကျယ်ပြန့်သော အရှိန်အဝါကို အနီးကပ်ခံစားရသော ကျောင်းတော်တပည့် အများအပြားသည် ယခုအချိန်၌ အလွန်အမင်း ထိတ်လန့်နေကြလေပြီ။
သူတို့၏အာရုံခံစားမှုတွင် ခမ်းနားထည်ဝါသော ကောင်းကင်ဘုံစွမ်းအားသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး သူတို့ကို အသက်ရှူမွန်းကြပ်သကဲ့သို့ ခံစားရစေခဲ့သည်။
နာလန်ချိုးရန်၏ မျက်နှာအမူအယာသည်လည်း အဆင်မပြေဖြစ်နေပုံရသည်။
ခုံးဝူတောက်က သူမအတွက် ဖိအားတစ်စိတ်တစ်ပိုင်းကို ခုခံရန် သူ၏အရှိန်အဝါတစွန်းတစကို ထုတ်လွှတ်လိုက်မှသာ သူမ၏ ဖြူဖျော့နေသော မျက်နှာသည် သက်သာသွားလေ၏။
"ကျေးဇူးတင်ပါတယ်..... ကျေးဇူးတင်ပါတယ်... နတ်ဘုရားသားတော် ခုံးဝူတောက်..."
နာလန်ချိုးရန်သည် အလျင်အမြန် သူမ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ခုံးဝူတောက်ကို ကျေးဇူးတင်စကား ပြောဆိုသည်။
တစ်ချိန်တည်းမှာပင် သူမ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
နတ်ဘုရားသားတော် ခုံးဝူတောက်၏ စွမ်းအားသည် မည်မျှထိ အစွမ်းထက်သနည်း...
ထိုကဲ့သို့ အစွမ်းထက်သည့် ကောင်းကင်ဘုံ စွမ်းအားကို ရင်ဆိုင်ရစဉ် သူက အရှိန်အဝါအနည်းငယ်ကို ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်ပြီး သူမအတွက် ထိုအရာကို ခုခံပေးလိုက်သည်။
ခုံးဝူတောက်သည် တုံ့ပြန်ခြင်းမရှိခဲ့ပေ။ သူသည် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်၏ အနောက်ဘက်တောင်တန်း ဧရိယာဆီသို့ ကြည့်လိုက်စဉ် သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ဒီအရှိန်အဝါ က ကောင်းကင်တာအိုရဲ့ စွမ်းအား ဖြစ်ပုံရတယ်......"
သူ၏ နှလုံးသားထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ ထိုပုံမှန်မဟုတ်သော ကောင်းကင်ကံကြမ္မာပိုင်ရှင်ဟူသော ကောင်ကြောင့် ဖြစ်နိုင်သလောဟု သူ တွေးတောမိသည်။
ထိုအချိန်မှာပင် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်တပည့်တစ်ဦးက ရုတ်တရက် သတိကြီးစွာထား၍ ပြောဆိုသည်။
"ကျောင်းအုပ်ကြီး..... လွန်ခဲ့တဲ့ အချိန်သိပ်မကြာခင်က....မုဟောက်ဆိုတဲ့ကောင်က အနောက်ဘက်တောင်တန်းထဲ ခိုးဝင်သွားတာကို ကျွန်တော် မြင်လိုက်တယ်....."