← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅) မသိနားမလည်သူတွေက အကြောက်တရား ကင်းမဲ့ပြီး အထိတ်တလန့် ထွက်ပြေးကြတယ်

ဤစကားကို ကြားသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူက မသိစိတ်အရ မော့ကြည့်လိုက်သည်။

သူသည် ခုံးဝူတောက်၏ ခံစားချက်မဲ့သော အကြည့်နှင့် တိုက်ဆိုင်စွာ ဆုံစည်းမိသွားလေ၏။

သူ၏ မူလက တည်ငြိမ်ပြီး ယုံကြည်မှုရှိသော မျက်လုံးများသည် ထိုအရာကြောင့် ပုံမှန်မဟုတ်သော လှုပ်ရှားမှုတစ်ခုဖြင့် လှိုင်းထသွားသည်။

ခုံးဝူတောက်၏ နက်ရှိုင်းပြီး ခံစားချက်မဲ့သော မျက်လုံးများသည် အဆုံးအစမရှိသော ချောက်ကမ်းပါးကြီးတစ်ခုအလားပင်။

ထိုချောက်ကမ်းပါးကြီးထဲသို့ စူးစိုက်ကြည့်သူများသည် ထိုအရာ၏ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။

သို့သော် ဤအတွေးက တုန်လှုပ်ချောက်ချား အင်မော်တယ်ကို အရှက်ရသကဲ့သို့ ခံစားရစေခဲ့သည်။

သူ၏ ယခင်ဘဝတွင် သူသည် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်ခဲ့သည်။

သူသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ၏ အထွတ်အထိပ်တွင် ရှိသော တည်ရှိမှုတစ်ခုပင်။

ခုံးဝူတောက်သည် မည်မျှပင် ထူးချွန်နေပါစေ သူ၏မျက်လုံးများထဲတွင် ထိုလူသည် တာအိုကို မရရှိသေးဘဲ ဧကရာဇ် တစ်ပါး မဖြစ်သေးသော လူငယ်တစ်ဦးမျှသာ ဖြစ်ပေ၏။

ထိုလူငယ်သည် မည်သည်ကြောင့် သူနှင့်နှိုင်းယှဉ်ခံရရန် အရည်အချင်း ပြည့်မီမည်နည်း...

"ဟား ဟား... မင်းကိုယ်တိုင် စမ်းကြည့်လို့ ရပါတယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က အမူအယာကင်းမဲ့စွာဖြင့် တုံ့ပြန်လိုက်သည်။

"ရိုင်းစိုင်းလိုက်တာ..."

ခုံးကျန်ယွဲ့၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။

နတ်ဘုရားသားတော်ကို မလေးမစား လုပ်သော ဤကောင်စုတ်ကို ဖိနှိပ်ရန် သူမ ချက်ချင်းဆန္ဒရှိခဲ့သည်။

သို့သော် မဟာအကြီးအကဲနှင့် အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီတို့က ခြေတစ်လှမ်း ဦးသွားခဲ့သည်။

"အရှင် နှစ်ယောက်... ဒီကိစ္စကို ငါတို့ဆီသာ လွှဲထားလိုက်ပါ..."

မဟာအကြီးအကဲ၏ မျက်နှာအမူအရာသည် သိပ်မကောင်းလှဘဲ တစ်ဖက်လူကို ဆက်လက်၍ ဖိနှိပ်ရန် သူ ကြံရွယ်ထားသည်။

လူများစွာ၏ရှေ့ အထူးသဖြင့် ခုံးဝူတောက်၏ရှေ့တွင်...

မဟာအကြီးအကဲဖြစ်သော သူသည် တစ်ဖက်လူကို အနိုင်မယူနိုင်ခြင်းက သူ့ကို အလွန်အရှက်ရသကဲ့သို့ ခံစားရစေခဲ့သည်။

သို့သော် ခုံးဝူတောက်သည် များစွာအာရုံမစိုက်ဘဲ သူတို့နှစ်ဦးကို တိုက်ရိုက်ကျော်ဖြတ်သွားလေ၏။

သူက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"မလိုအပ်ပါဘူး... သွေးပူလေ့ကျင့်ခန်း တစ်ခုလို့ပဲ သဘောထားလိုက်မယ် .."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်နှာသည် ချက်ချင်းအေးခဲ့တောင့်တင်းသွားပြီး ပြင်းထန်သော အရှက်ရမှုတစ်ခုက သူ၏နှလုံးသားထဲတွင် လှိုင်းထသွားသည်။

တစ်ဖက်လူက သူ့ကို ကစားစရာတစ်ခုကဲ့သို့ ဆက်ဆံနေသလော..

"မင်းရဲ့ အဲ့ဒီ ယုံကြည်မှုဆိုတာက မသိနားမလည်သူတွေရဲ့ အကြောက်တရား ကင်းမဲ့မှု ကြောင့်လား..."

"ဒါမှမဟုတ် အခုလေးတင် ကောင်းကင်တာအိုရဲ့ ကာကွယ်မှုလေး နည်းနည်ကို ရှင်းပြလို့မရအောင် ရရှိပြီးတဲ့နောက်မှာ မင်းက မောက်မာဖို့ ယုံကြည်မှု ရှိသွားတာလား..."

သူ၏အသံ အဆုံးသတ်သွားသည်နှင့်....

အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီ၏ စိတ်နှလုံးသား ထိတ်လန့်မှုကြောင့် တုန်ရီသွားသည်။

ကောင်းကင်တာအို ကာကွယ်မှုလား...

ကောင်းကင်ဘုံ တာအိုနယ်မြေ၌ သူတို့ကဲ့သို့ ကျောင်းအုပ်ကြီးများသာ ထိုကဲ့သို့ အစွမ်းထက်သည့် ကာကွယ်မှုကို ရရှိရန် အရည်အချင်း ပြည့်မီသည်။

မုဟောက်သည် သာမန်တပည့်တစ်ဦးမျှသာ ဖြစ်သော်လည်း သူသည် ကောင်းကင်တာအို ကာကွယ်မှုကို ရရှိနိုင်သလော...

ယခင်က တစ်ဖက်လူ ပြောဆိုခဲ့သည့်စကားသည် အမှန်တကယ် မှန်ကန်နေနိုင်သလော....

သူ များစွာမတွေးနိုင်မီမှာပင်..

ဝုန်း...

နောက်ထပ်အချိန်တခဏတွင် ကြီးမားကျယ်ပြန့်သော ဖိအားတစ်ခုသည်...

ခုံးဝူတောက်ကို ဗဟိုပြု၍ လောကကြီးကို ဖျက်ဆီးပစ်မည့် ဆူနာမီလှိုင်းလုံးတစ်ခုအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ပတ်ဝန်းကျင်တဝိုက်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော မှော်စာလုံးလေပြင်းတစ်ရပ် ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။

ဥပဒေသများ လှိုင်းထသွားပြီး လောကကြီးတခွင်လုံး တုန်ခါသွားလေ၏။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအား၏ လွှမ်းခြုံမှုအောက်တွင်...

လူတိုင်းသည် သူတို့စိတ်ဝိညာဉ်များ၏ အနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် အကြောက်တရားတစ်ခု ဖြစ်ပေါ်လာသည်ကိုသာ ခံစားလိုက်ရသည်။

အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီပင်လျှင် မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ယင်နေသည်။

"ဒါက... နတ်ဘုရားသားတော် ဝူတောက်ရဲ့ စွမ်းအားလား..."

အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီက တီးတိုးရေရွတ်လိုက်သည်။

တစ်ဖက်လူသည် သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံမျှသာ ဖြစ်သော်လည်း ဤသည်က လူငယ်မျိုးဆက်များအပေါ် သူ၏အသိအမြင်ကို များစွာဆန့်ကျင်ဘက်ဖြစ်သွားစေခဲ့လေပြီ။

အကယ်၍ တစ်ဖက်လူသာ သူ၏စွမ်းအားကုန်ကို ထုတ်သုံးမည်ဆိုလျှင်.....

သူကိုယ်တိုင်ပင် ဘေးဖယ်ပေးရနိုင်ပြီး ထိုလူငယ်နှင့် ယှဉ်ပြိုင်ရန် ခက်ခဲကြောင်း တွေ့ရှိရပေလိမ့်မည်။

ခရက်... ခရက်... ခရက်.......

သက်ဆိုင်သူဖြစ်သော တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကောင်းကင်တာအိုမှ ကာကွယ်မှုတစ်ခု ရှိနေလျှင်ပင်...

ဤအချိန်အခိုက်အတန့်တွင် ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်၌ သူ၏ မျက်နှာသည် ထိန်းချုပ်မရအောင် သိသိသာသာ ပြောင်းလဲသွားလေ၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများပင်လျှင် ဖိအားကြောင့် အက်ကွဲသံများ ထွက်ပေါ်နေသည်။

သူ့ကို ပို၍အရှက်ရသကဲ့သို့ ခံစားရစေသောအရာမှာ ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် သူ့ကို ဒူးထောက်ရန် အတင်းအကျပ် ခိုင်းစေချင်နေပုံရခြင်းပင်။

သူသည် သူ၏စွမ်းအားကုန်အသုံးပြု၍ ခုခံသည့်တိုင် သူ၏ခန္ဓာကိုယ်သည် ဒူးတစ်ဖက်ထောက်နေသည့် ကိုယ်ဟန်အမူအရာသို့ ဖိနှိပ်ခံရပြီးဖြစ်သည်။

သူ၏ အားကိုးရာလျှို့ဝှက်ချက်များထဲမှ တစ်ခုအဖြစ် သူ သတ်မှတ်ထားသော ကောင်းကင်တာအို ကာကွယ်မှုသည် အကျိုးသက်ရောက်မှု မရှိသလောက်နီးပါးပင်။

"သူ့ရဲ့ စွမ်းအားက... ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အစွမ်းထက်နေရတာလဲ..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အံ့ကြိတ်ကာ သူ၏ခေါင်းကို အားယူ၍ မော့ကြည့်လိုက်၏။

သို့သော် ဤအချိန်အခိုက်အတန့်တွင် သူ၏ မျက်လုံးထဲတွင် ခုံးဝူတောက်သည် သေမျိုးလောကကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးအလားပင်။

အထူးသဖြင့် ထိုခံစားချက်မဲ့နေသော မျက်လုံးများထဲတွင် သူ့အပေါ် နက်ရှိုင်းသော အထင်သေးမှုတစ်ခု ရှိနေသည်။

ဤသည်မှာ ကြွားလုံးထုတ်ရုံသက်သက် မဟုတ်လော...

ယခုအချိန်တွင် ထိုအရာကို မည်သူက မလုပ်တတ်ဘဲ နေမည်နည်း။

ခုံးဝူတောက်၏မျက်နှာပေါ်တွင် မည်သည့် စိတ်ခံစားမှုမှ မပြဘဲ ခံစားချက်မဲ့မှုနှင့် သာလွန်ထူးကဲမှုများသာ ရှိနေသော်လည်း သူ၏စိတ်နှလုံးသားထဲတွင် အဆုံးအစမရှိ လှောင်ပြောင်နေလေ၏။

အကယ်၍ သူသာ ယနေ့ ဤနေရာတွင် မရှိခဲ့လျှင်...

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကြွားလုံးထုတ်ရန်နှင့် မျက်နှာဖြတ်ရိုက်ရန် သေချာပေါက် အောင်မြင်ပေလိမ့်မည်။

သူသည် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်တစ်ခုလုံးကို သူ့အား အညံ့ခံစေရုံသာမက...

သူ၏စေ့စပ်ထားသူကိုပင် သူ့အား အမြင်သစ်ဖြင့် ကြည့်လာစေမည်ဖြစ်ပြီး ထိုအချိန်မှစ၍ သူသည် အမှန်တကယ်ကို ထင်ပေါ်ကျော်ကြားလာပေလိမ့်မည်။

သို့သော် ကံမကောင်းစွာဖြင့် တစ်ဖက်လူသည် သူ့အတွက် ဖျော်ဖြေမှု ပေးစွမ်းနိုင်သော သားကောင်တစ်ကောင်မျှသာ ဖြစ်နေသည်။

..........

လောကကြီးသည် တိတ်ဆိတ်နေလေ၏။

ယခင်က ခမ်းနားထည်ဝါပြီး မောက်မာခဲ့သော တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ယခုအချိန်၌ အရှက်ကွဲနေသော ခွေးတစ်ကောင်ကဲ့သို့ ထိုနေရာတွင် အခိုင်အမာ ဖိနှိပ်ခံထားရသည်။

သူ့တွင် ခုခံနိုင်စွမ်း လုံးဝမရှိတော့ပေ။

သူသည် ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခုခံရန် သူ၏စွမ်းအားများအားလုံးကိုသာ ပြန်လည်၍ လမ်းကြောင်းပြောင်းနိုင်တော့သည်။

နာလန်ချိုးရန်သည် ဤအရာအားလုံးကို ကြီးမားသော အံ့အားသင့်မှုဖြင့် ကြည့်နေလေသည်။

ရုတ်တရက် ပုံစံပြောင်းနေသော မုဟောက်နှင့် နှိုင်းယှဉ်လျှင်....

ခုံးဝူတောက်၏စွမ်းအားက သူမအတွက် ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေသည်။

ခုံးဝူတောက် အစွမ်းထက်ကြောင်း သူမ ယခင်က သိထားခဲ့သည်။

သို့သော် တစ်ဖက်လူသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ပေ။

ဤစွမ်းအားအဆင့်သည် သူတို့၏ ကျောင်းအုပ်ကြီးများကိုပင် ယှဉ်ပြိုင်နိုင်သည်။

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး နာလန်ချိုးရန်က သခင်ရဲ့ အစွမ်းထက်တဲ့ စွမ်းအားကြောင့် အထင်ကြီးသွားတာကို ထောက်လှမ်းတွေ့ရှိရပါတယ်...]

[သူမကို ယဉ်ပါးအောင် သွေးဆောင်မှု အဆင့်က ၂၂ ရာခိုင်နှုန်း တိုးလာပါတယ်...]

[သူမရဲ့ ကောင်းကင်အမိန့်တော်အမှတ်ကို ၁၆၀၀ လျှော့ချလိုက်ပြီး ၄၆၀၀ မှတ် ကျန်ရှိနေပါတယ်...]

[သုံးဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၄၈၀၀ ကို ရရှိခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]

[သူမကို ယဉ်ပါးအောင် သွေးဆောင်မှု အဆင့်ကတော့ ၃၀ ရာခိုင်နှုန်း ပါ...]

တစ်ချိန်တည်းမှာပင် အံ့အားသင့်မှုအပြီးတွင်...

နာလန်ချိုးရန်တွင် တွန့်ဆုတ်နေသော မျက်နှာအမူအရာမျိုး ရှိနေသည်။

မုဟောက်သည် သူမ၏စေ့စပ်ထားသူပင်။

သူ၏စေ့စပ်ထားသူ အနေဖြင့် အကယ်၍ သူမသာ သူ ဤနေရာတွင် ဖိနှိပ်ခံရပြီး သတ်ဖြတ်ခံရသည်ကို ထိုင်ကြည့်နေမည်ဆိုလျှင် ဤကိစ္စအားခွင့်လွှတ်၍ရနိုင်မည် မဟုတ်ပေ။

သို့သော် ခုံးဝူတောက်၏အထောက်အထားသည် ထူးခြားပေ၏။

အကယ်၍ သူမသည် မုဟောက်အတွက် တောင်းပန်ခြင်းဖြင့် တစ်ဖက်လူကို စော်ကားမိမည်ဆိုလျှင် ဤသည်က သူမ တောင့်မခံနိုင်သော ကိစ္စတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

နာလန်ချိုးရန်သည် ခက်ခဲသော အခြေအနေတစ်ခုတွင် ရှိနေစဉ်မှာပင်...

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ဒေါသထွက်နေသောအသံကြီး ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"ဟမ့်... နာလန်ချိုးရန်... ဟန်ဆောင်တာကို ရပ်လိုက်စမ်း..."

သူ၏ ယခင်ဘဝတွင် သူသည် အနည်းဆုံးအနေဖြင့် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်ခဲ့ပြီး လူများစွာနှင့် တွေ့ဆုံခဲ့ဖူးသည်။

သူမ၏စိတ်ထဲတွင် မည်သည့်အရာ ရှိနေသည်ကို ခန့်မှန်းရန်အတွက် နာလန်ချိုးရန်၏မျက်နှာအမူအရာကို တစ်ချက်ကြည့်လိုက်ရုံသာ လိုအပ်သည်။

သူမ၏လုပ်ရပ်များသည် သူ၏နှလုံးသားကို မနွေးထွေးစေရုံသာမက သူမကို လုံးဝရွံရှာသွားစေခဲ့သည်။

သူ၏ စေ့စပ်ထားသူဖြစ်သည့်တိုင် သူမသည် အစေခံတစ်ယောက်ကဲ့သို့ တခြားအမျိုးသား တစ်ဦးနောက်သို့ လိုက်နေသည်။

ယခု သူမ လိုက်နေသော အမျိုးသား၏ ဖိနှိပ်ခြင်းကို သူ ခံနေရပြီဖြစ်ရာ....

သူမက မည်သူ့အတွက် ဤကဲ့သို့ မျက်နှာအမူအရာမျိုး လုပ်ပြနေသနည်း။

သူမက သူ့ကို တမင်သက်သက် အရှက်ခွဲနေသလော....

"နာလန်ချိုးရန်... မင်းက အိမ်ပါသားမက် တစ်ယောက်ဖြစ်တဲ့ ငါ့ကို အထင်သေးတယ်ဆိုတာကို ငါ အချိန်အတော်ကြာကတည်းက သိထားပြီးသားပါ..."

"ဒါပေမယ့် တစ်နေ့ကျရင်... ဒီနေ့ မင်း ချခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် မင်းကို သေချာပေါက် နောင်တရအောင် ငါ လုပ်ပြမယ်..."

ဤဘဝ၏ ကောင်းကင်ကံကြမ္မာကို သူ ရရှိပြီး ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်လာချိန်၌ မည်ကဲ့သို့ အမျိုးသမီးမျိုးကို သူ မရနိုင်ဘဲ နေမည်နည်း။

အမှိုက် မိသားစုတစ်ခုမှ သခင်မလေး တစ်ယောက်ကို သူ အဖက်လုပ်မည်ပင် မဟုတ်ချေ။

"မုဟောက်... နင်..."

ဤစကားများကို ကြားသောအခါ နာလန်ချိုးရန်ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

သူမသည် စေ့စပ်ထားသူနှင့် များစွာ အဆက်အသွယ် မရှိခဲ့သော်လည်း...

သူမ၏စေ့စပ်ထားသူသည် တခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ သူမ အမြဲတစေ ခံစားနေရသည်။

ထိုအရာက သူမကို သူ့အား သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားရစေခဲ့သည်။

ဤရုန့်ရင်းကြမ်းတမ်းသော စကားများကို ပြောဆိုပြီးနောက် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် လက်ရှိအချိန်တွင် သူသည် ခုံးဝူတောက်၏ပြိုင်ဘက် မဟုတ်ကြောင်း သိထားလေ၏။

အချိန်ဆက်ဆွဲနေခြင်းသည် သူ့အတွက် အလွန်အမင်း အဆင်မပြေမှုများ သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ဝီ...

နောက်တစ်ခဏတွင် တောက်ပသော အလင်းတန်းများသည် သူ၏ခန္ဓာကိုယ်အရေပြား မျက်နှာပြင်မှ လှိုင်းထလာသည်။

ဟင်းလင်းပြင်ရှိ မမြင်နိုင်သော ကောင်းကင်တာအို စွမ်းအားသည် ဆွဲငင်ခံလိုက်ရသကဲ့သို့ ကြယ်မြစ်တစ်ခုအလား စီးဆင်းလာပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ဝန်းရံသွားသည်။

အချိန်တခဏအတွင်းမှာပင် ကျယ်ပြန့်သော ကြယ်ရောင်အလင်းတန်းများသည် သူ၏ ခြေရင်းတွင် အထူးဝင်္ကပါဖွဲ့စည်းပုံ တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

"အရှင်... သတိထားပါ... ဒီကောင်ဆီမှာ အားကိုးနိုင်တဲ့ ဝှက်ဖဲတစ်ခု ရှိနေသေးတယ်..."

အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီနှင့် ကျောင်းတော် အကြီးအကဲတစ်စုက အော်ဟစ်လိုက်ပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ဖမ်းဆီးချင်ကြသည်။

သို့သော် သူတို့ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် တောက်ပသော ကြယ်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

အချိန်တခဏအကြာတွင် ထိုအရာများ၏ လွှမ်းခြုံခြင်းကိုခံထားရသော တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏မူလ နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

"ဒီလူယုတ်မာကောင်... သူက ဘယ်လိုများ ထွက်ပြေးရဲတာလဲ..."

ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှ လူများသည် ဒေါသထွက်သွားကြပြီး မိုင်တစ်ရာ ပတ်လည်ကို ရှာဖွေရန် သူတို့၏ နတ်ဘုရားစိတ်အာရုံကို ချက်ချင်းအသုံးပြုလိုက်ကြသည်။

သို့သော် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ သဲလွန်စကို သူတို့ မတွေ့ရပေ။

"ငါ တကယ်ကို သူ့ကို အထင်မှားခဲ့တာပဲ... ဒီကောင်လေးရဲ့ ထွက်ပြေးတဲ့ နည်းလမ်းတွေက တကယ့်ကို လိမ္မာပါးနပ်တာပဲ..."

"နတ်ဘုရားသားတော်... စိတ်ချပါ... ငါတို့ရဲ့ ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်က မြေကြီးအောက် သုံးပေလောက် နက်နက်ထိ တူးရမယ်ဆိုရင်တောင် အရှင့်ကို စော်ကားခဲ့တဲ့ ဒီ အပြစ်သားကို ငါတို့ သေချာပေါက် ရှာတွေ့မှာပါ..."

အစစ်အမှန်ပုဂ္ဂိုလ်ထျန်ယွီက အံ့ကြိတ်ကာ တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ဖမ်းဆီးရန် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်မှလူများအား အမိန့်များကို လျှင်မြန်စွာ ပေးလိုက်သည်။

...

အခန်း (၉၆) အရည်အချင်းပြည့်မီသော ရတနာရှာဖွေရေး ကြွက်တစ်ကောင် ဖြစ်လာရန်...အရာအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်

သို့သော် တခြားသူများ၏ အထိတ်တလန့်ဖြစ်မှုနှင့် နှိုင်းယှဉ်လျှင် ခုံးဝူတောက်သည် အလွန်အမင်း တည်ငြိမ်နေပုံရသည်။

တစ်ဖက်လူ ထွက်ပြေးသွားသလော...

သူ၏ရှေ့တွင် တစ်ဖက်လူသည် အမှန်တကယ် ထွက်ပြေးနိုင်မည်လော...

သူက တမင်သက်သက် လွှတ်ပေးလိုက်ခြင်းသာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် မကြာသေးမီကမှ ခန္ဓာကိုယ်ပူးကပ်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်းတို့ကို ခံစားခဲ့ရခြင်းဖြစ်သည်။

သူ၏ကျင့်ကြံခြင်းနယ်ပယ်သည် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ နိမ့်ကျနေလေ၏။

တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ဤကဲ့သို့ သတ်ပစ်ခြင်းသည် အလွန်ပျင်းစရာ ကောင်းပေမည်။

ထို့ပြင် တစ်ဖက်လူသည် ကောင်းကင်အမိန့်တော်အမှတ် များစွာကို ပိုင်ဆိုင်ထားဆဲပင်။

သူသည် နောက်ပိုင်းတွင် အခွင့်အရေးများစွာနှင့် သေချာပေါက် ကြုံတွေ့ရပေလိမ့်မည်။

ထို့အပြင် တစ်ဖက်လူအပေါ်တွင် အစွမ်းထက်သော တခြားကောင်းကင်တာအိုစွမ်းအား တစ်ခုကိုလည်း သူ အာရုံခံမိခဲ့သည်။

အကယ်၍ သူသာ ဤအရာမှတစ်ဆင့် ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ကောင်းကင်တာအိုကို ဖမ်းဆုပ်နိုင်မည်ဆိုလျှင် ဤသည်က ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။

တစ်ဖက်လူသည် သူ၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်သည်မှာ သေချာပေါက်ပင်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူ မထွက်ခွာမီ စနစ်၏အကူအညီဖြင့် သူတစ်ယောက်တည်းသာ သိနိုင်သော နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားတစ်ခုကို ချိတ်ပိတ်ထားခဲ့ပြီးဖြစ်သည်။

တစ်ဖက်လူသည် မည်သည့်အရာနှင့် ကြုံတွေ့ရပါစေ သို့မဟုတ် မည်ကဲ့သို့ မြင်ကွင်းများကို မြင်ရပါစေ ထိုအရာများကို သူ ရှင်းရှင်းလင်းလင်း သိနိုင်သည်။

[ဒင်... ပုံမှန်မဟုတ်သော ကောင်းကင်ကံကြမ္မာပိုင်ရှင် တုန်လှုပ်ချောက်ချား အင်မော်တယ်ရဲ့ မြင့်တက်မှုက သခင်ထံမှ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုကို ခံစားခဲ့ရပြီးတော့ သူ့ရဲ့ ကောင်းကင်အမိန့်တော်အမှတ် ၃၀၀၀ လျော့ကျသွားပြီး ၂၁၅၀၀ မှတ် ကျန်ရှိနေကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်...]

[နှစ်ဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို အောင်မြင်စွာ ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၆၀၀၀ ကို ရရှိခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]

ဤစကားကို ကြားသောအခါ ခုံးဝူတောက်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

ဤလူသည် သူ၏ယခင်ဘဝက မောက်မာမှုကို အမှန်တကယ်ပင် မပြုပြင်နိုင်သေးချေ။

သူသည် လေနှင့်မိုးကို ဆင့်ခေါ်နိုင်သော ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်ဟု သူ့ကိုယ်သူ ထင်မှတ်နေဆဲ ဖြစ်သလော....

ခုံးဝူတောက်၏မျက်လုံးထဲတွင်မူ သူသည် စိတ်ကြိုက်ခြယ်လှယ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်ကို သူ မသိခဲ့ပေ။

"တုန်လှုပ်ချောက်ချား အင်မော်တယ်... အင်း တုန်လှုပ်ချောက်ချား အင်မော်တယ်... မင်းက ရတနာရှာတဲ့ ကြွက်တစ်ကောင် အနေနဲ့ မင်းရဲ့ တန်ဖိုးကို အကောင်းဆုံး အသုံးချရမယ်..."

"ဒီနတ်ဘုရားသားတော်ကို စိတ်မပျက်စေနဲ့..."

ခုံးဝူတောက်သည် ကောင်းကင်ကို မော့ကြည့်လိုက်၏။

သူ၏အတွေးများ အနည်းငယ် လှုပ်ရှားသွားသည်နှင့် သူ၏မျက်လုံးများမှ အနက်ရှိုင်းဆုံးနေရာတွင် ဥပဒေသမှော်စာလုံးများ ဖြစ်ပေါ်လာပြီး မိုင်ထောင်ချီသော တောင်များနှင့် မြစ်များကို တစ်ချက်ကြည့်ရုံဖြင့် ဖောက်ထွင်းမြင်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အသင်္ချေသူတော်စင်မြို့မှ မိုင်ထောင်ချီဝေးသော တောင်တန်းသစ်တောတစ်ခုတွင်...

"ဖူး..."

ကောင်းကင်တာအို၏ စွမ်းအားကို အလွန်အကျွံ အသုံးပြုခဲ့သော တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်တိုက်ခိုက်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူ၏သွေးချီများ မတည်မငြိမ် ဖြစ်လာပြီး သူသည် သွေးအများအပြားကို အန်ထုတ်လိုက်ရ၏။

သူ၏မျက်နှာ ဖြူဖျော့နေသော်လည်း သူ၏ မျက်လုံးများတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော သတ်ဖြတ်လိုစိတ်များဖြင့် လှိုင်းထနေသည်။

"တောက်... ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်... ပြီးတော့ အဲ့ဒီ အရေးမပါတဲ့ကောင်..."

"တစ်နေ့ကျရင်... ငါက မင်းတို့ အားလုံးကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်မယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က သားရဲ တစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံတစ်သံ ထုတ်လွှတ်လိုက်သည်။

သူသည် မကြာသေးမီကမှ ခန္ဓာကိုယ်ပူးကပ်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကို ခံစားခဲ့ရသည်။

သူ၏ ယခင်ဘဝ မှတ်ဉာဏ်များနှင့် ကျင့်စဉ်၏ အကူအညီဖြင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို မြှင့်တင်ထားပြီး ဖြစ်သော်လည်း သူသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် သို့မဟုတ် နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရှိရန် အလွန်ဝေးကွာနေဆဲပင်။

အထူးသဖြင့် သူသည် တန်ကြေးအမြောက်အများကို ပေးဆပ်ကာ ကောင်းကင်တာအို၏ စွမ်းအားကို အသုံးပြုခဲ့ရသည်။

ဤသည်က မကြာသေးမီ ရက်ပိုင်းအတွင်းက အခက်အခဲများစွာဖြင့် သူ စုဆောင်းထားခဲ့သော စွမ်းအားများကို လုံးဝကုန်ဆုံးသွားစေခဲ့သည်။

ရလဒ်အနေဖြင့် သူသည် မူလဘူတ သွေးအဆီအနှစ်များကိုပင် ဆုံးရှုံးခဲ့ရပြီး ဤသည်မှာ သူ ကုသရန်ခက်ခဲနိုင်သော ဒဏ်ရာတစ်ခုပင်။

"အစက ငါ့ရဲ့ အစီအစဉ်အရဆိုရင် ငါက ကောင်းကင်တာအိုနဲ့ အပြည့်အဝ ဆက်သွယ်နိုင်ရုံတင်မကဘူး ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်ကိုလည်း ငါ့ရဲ့လက်ထဲမှာ ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင်မှာ..."

"အဲ့ဒါတွေ အားလုံးက အဲ့ဒီ သောက်ရေးမပါတဲ့ကောင်ကြောင့်ပဲ... သူက ငါ့ရဲ့ အစီအစဉ်တွေ အားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကျယ်လောင်စွာ အော်ဟစ်၍ ဆဲဆိုလိုက်၏။

ဤတစ်ကြိမ်တွင် သူသည် ဇနီးသည်နှင့်စစ်တပ်နှစ်ခုလုံးကို ဆုံးရှုံးခဲ့ရသူကဲ့သို့ ဖြစ်သွားလေပြီ။

မူလဘူတ သွေးအဆီအနှစ်များ ကုန်ဆုံးသွားသည်နှင့် ဤသည်က သူ၏ တာအိုအခြေခံအုတ်မြစ်ကို တုန်ခါသွားစေပေလိမ့်မည်။

သူသည် အနာဂတ်တွင် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်လာရန် ရည်ရွယ်ထားခြင်းပင်။

ယခုချိန်၌ သူ၏တာအိုအခြေခံအုတ်မြစ်အပေါ် သက်ရောက်မှုရှိသွားပြီဖြစ်ရာ သူ မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

"ထားလိုက်တော့... ငါ့ဆီမှာ ကိုးရောင်ခြယ် အင်မော်တယ်သွေး ရှိနေသရွေ့... ငါက ကောင်းကင်တာအိုနဲ့ ဆက်သွယ်ဖို့ အခွင့်အရေး ရှိနေသေးတယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

"ဒါ့ပြင်... ငါ့မှာ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိနေသေးတယ်... ပြန်လည်မြင့်တက်လာဖို့က မခက်ခဲပါဘူး..."

"ငါက ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်ကို မသိမ်းပိုက်နိုင်ရင်တောင် ကိစ္စမရှိဘူး... ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတော်စင်နန်းတော်တွေ ရှိသေးတာပဲ..."

"ဒီသူတော်စင်နန်းတော်တွေကို သိမ်းပိုက်တာက ငါ့အတွက် လက်တစ်ဖက် လှန်လိုက်သလိုမျိုး လွယ်ကူတယ်..."

"အဲ့ဒီအချိန်ရောက်ရင် ကောင်းကင်ဘုံ တာအိုနယ်မြေက ငါ့အပိုင် ဖြစ်ရုံတင်မကဘူး... ရှေးဟောင်းမဟာတာအို အမှတ်အသားကလည်း ငါ့ရဲ့အပိုင် ဖြစ်လာမှာပဲ..."

တိုးညှင်းသော ရေရွတ်သံ အနည်းငယ်အပြီးတွင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်ကာ အခံရခက်စွာဖြင့် မတ်တတ်ထရပ်လိုက်၏။

သူ၏မြင့်တက်လာမှုအတွက် အခွင့်အရေး တစ်ခုကို ရှာဖွေရန် အနီးဆုံး သူတော်စင်နန်းတော်သို့ အရင်ဆုံးသွားရန် သူ ဆုံးဖြတ်လိုက်သည်။

သို့သော် သူ မသိခဲ့သောအရာမှာ သူ၏ လည်ပင်းအနောက်ဘက်ရှိ တာအို အမှတ်အသားတစ်ခုသည် မှေးမှိန်စွာ လင်းလက်နေခြင်းပင်။

အစောပိုင်းက သူ ပြောဆိုခဲ့သမျှ အရာအားလုံးကို ခုံးဝူတောက်က ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။

ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်...

ခုံးဝူတောက်၏နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။

"ကိုးရောင်ခြယ် အင်မော်တယ်သွေးလား... အဲ့ဒါက မင်းရဲ့ အကြီးမားဆုံး အားကိုးရာလျှို့ဝှက်ချက်လား..."

"ဒါဆိုရင် မင်းက ဒီကစားပွဲကို ငါ့အတွက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်မိတယ်..."

ခုံးဝူတောက်သည် သူ၏စိတ်နှလုံးသားထဲတွင် နောက်ပြောင်ကျီစယ်လိုသော ပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရသည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏ ပထမဆုံး ရတနာရှာသော ကြွက်ပင်။

တစ်ဖက်လူ ရှာတွေ့သော အခွင့်အရေးသည် သူ့ကို သိပ်စိတ်ပျက်စေမည်မဟုတ်ဟု သူ မျှော်လင့်မိသည်။

"နတ်ဘုရားသားတော် ဝူတောက်..."

နာလန်ချိုးရန်သည် မည်သည့်အချိန်က ရောက်လာသည်မသိရဘဲ ခုံးဝူတောက်၏နံဘေးသို့ ရောက်ရှိနေလေပြီ။

သူမသည် ရုတ်တရက် လက်နှစ်ဖက်ကို ပူးဆုပ်ကာ ခုံးဝူတောက်ကို ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်ပြီး ပြောဆိုသည်။

"မုဟောက်က ခုဏကက နတ်ဘုရားသားတော် ဝူတောက်ကို အများကြီး စော်ကားခဲ့ပါတယ်... သူ့ကိုယ်စား အရှင့်ကို ကျွန်မ တောင်းပန်ပါတယ်..."

ယခုလေးတင် ဖြစ်ပျက်ခဲ့သောအရာက သူမအား မုဟောက်အပေါ် ရွံရှာမှုများစွာကို ခံစားရစေခဲ့သော်လည်း သူမတို့အကြားရှိ စေ့စပ်ထားမှုကို အောင်မြင်စွာ မဖျက်သိမ်းနိုင်သေးချေ။

သူမသည် မုဟောက်၏ နာမည်ခံ စေ့စပ်ထားသူ ဖြစ်နေဆဲပင်။

တစ်ဖက်လူသည် ခုံးဝူတောက်ကို အလွန်အဆင်ခြင်မဲ့စွာ စော်ကားခဲ့ပြီးဖြစ်ရာ သူမ၏ မိသားစု ပါဝင်ပတ်သက်ခြင်းမှ ကာကွယ်ရန် သူမ ရှေ့ထွက်လာပြီး ခုံးဝူတောက်ကို ရိုသေလေးစားစွာ တောင်းပန်ရပေမည်။

ခုံးဝူတောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူမ ဘာတွေးနေသည်ကို မြင်လိုက်ရသကဲ့သို့ သူက အပြုံးဖြင့် ပြောဆိုလိုက်သည်။

"မိန်းကလေးနာလန်... ဒီလို လုပ်ဖို့ မလိုပါဘူး... ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ပါဘူး...ဒါ့ပြင်... မင်း ပြောခဲ့တဲ့ စေ့စပ်ထားသူက မင်း တစ်ချိန်က သိခဲ့တဲ့ စေ့စပ်ထားသူ မဟုတ်တော့ဘူး..."

ဤစကားကို ကြားသောအခါ နာလန်ချိုးရန်သည် မိုးကြိုးပစ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နေရာတွင် ချက်ချင်းအေးခဲတောင့်တင်းသွားသည်။

သူသည် သူမ၏ စေ့စပ်ထားသူ မဟုတ်တော့သလော....

နတ်ဘုရားသားတော် ဝူတောက်က ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့်အရာကို ဆိုလိုသနည်း...

သို့သော် ယခင်က မုဟောက်၏ ပုံမှန်မဟုတ်သော အပြုအမူများကို ပြန်လည်အမှတ်ရပြီးနောက် ဖြစ်နိုင်သည်မှာ...

နာလန်ချိုးရန်၏မျက်လုံးသူငယ်အိမ်များသည် အပ်များကဲ့သို့ ကျုံ့သွားပြီး သူမ၏နှလုံးသားထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေလေပြီ။

မည်သို့ပင်ဆိုစေကာမု သူမ၏နားလည်မှုအရ သူမ၏စေ့စပ်ထားသူသည် ထိုကဲ့သို့ ကောင်းကင်ကို အန်တုသည့် နည်းလမ်းများကို လုံးဝပိုင်ဆိုင်မထားပေ။

သူမ၏ကျောင်းတော်ရှိ မဟာအကြီးအကဲထံမှ ထိုးနှက်ချက်တစ်ခုကိုလည်း သူ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

မုဟောက်သည် မိစ္ဆာအိုကြီးတစ်ကောင်၏ ပူးကပ်ခြင်းကို ခံလိုက်ရသည်ကလွဲ၍ ဤကိစ္စများကို ရှင်းပြနိုင်သည့်နည်းလမ်း မရှိပေ။

ထို့ကြောင့်သာ သူသည် ကောင်းကင်ကို အန်တုသော နည်းလမ်းများစွာကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေမည်။

သို့သော် ဤသည်က သူမကို ပို၍ပင် ထိတ်လန့်သွားစေခဲ့ပြီး သူမ၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားသည်။

အစောပိုင်းက သူ ထွက်ပြေးသွားချိန်တွင် ဒေါသများ အရှက်ရမှုများဖြင့် ပြည့်နှက်နေသော မုဟောက်၏ မျက်လုံးများကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

အကယ်၍ တစ်ဖက်လူသာ အမှန်တကယ် ပူးကပ်ခံလိုက်ရမည်ဆိုလျှင် သူသည် ဤကိစ္စကြောင့် သူမ၏နာလန်မိသားစုကို ရူးသွပ်စွာ လက်စားချေမည်လော....

"စိတ်မပူပါနဲ့... မင်းရဲ့ နာလန်မိသားစုက ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေနဲ့ ပတ်သက်မှုနည်းနည်း ရှိပါတယ်..."

ထိုအချိန်မှာပင် ခုံးဝူတောက်၏အသံ ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"ဒီကိစ္စကို ငါ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး..."

"သေချာတာပေါ့... တကယ်လို့ မင်းက သူနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းချင်ရင်လည်း ငါ မင်းကို ကူညီပေးပါ့မယ်..."

ဤစကားကို ကြားသောအခါ နာလန်ချိုးရန်သည် ခုံးဝူတောက်ကို အလွန်အမင်း ကျေးဇူးတင်မှုဖြင့် မော့ကြည့်လိုက်၏။

သူ၏စကားများသည် သူမ၏ စိုးရိမ်ပူပန်မှုများကို ချက်ချင်းဆိုသလိုပင် လုံးဝပျောက်ကွယ်သွားစေခဲ့သည်။

တစ်ဖက်လူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော် ခုံးဝူတောက်ပင်။

သူသည် ကောင်းကင်ဘုံသို့ ရောက်ရှိလုမတတ် အဆင့်မြင့်မားသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။

တစ်ဖက်လူက ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်ပြီးဖြစ်ရာ ဤကိစ္စသည် လုံးလုံးလျားလျား ပြေလည်သွားလေပြီ။

"အကူအညီပေးတဲ့အတွက် နတ်ဘုရားသားတော် ဝူတောက်ကို အများကြီး ကျေးဇူးတင်ပါတယ်..."

"နာလန်ချိုးရန်က အကန့်အသတ်မရှိ ကျေးဇူးတင်ပါတယ်..."

[ဒင်... နာလန်ချိုးရန်က သခင်အပေါ် ကြီးမားတဲ့ ကျေးဇူးတင်မှုကို ခံစားနေရကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်... သူကို ယဉ်ပါးအောင် သွေးဆောင်မှုအဆင့်က ၄၀ ရာခိုင်နှုန်း တိုးလာပါတယ်...]

[တစ်ဖက်လူရဲ့ ကောင်းကင်အမိန့်တော်အမှတ် ၃၀၀၀ကို လျှော့ချလိုက်ပြီး ၁၆၀၀ မှတ် ကျန်ရှိနေပါတယ်...]

[နှစ်ဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၆၀၀၀ ကို ရရှိခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]

[တစ်ဖက်လူကို ယဉ်ပါးအောင် သွေးဆောင်မှု အဆင့်ကတော့ ၇၀ ရာခိုင်နှုန်း ပါ...]

စနစ်၏သတင်းပို့မှုကို ကြားသောအခါ ခုံးဝူတောက်သည် သူ၏စိတ်နှလုံးသားထဲတွင် ဝမ်းသာသွားသည်။

တစ်ဖက်လူအပေါ် ယဉ်ပါးအောင် သွေးဆောင်မှု အဆင့်တွင် သိသာထင်ရှားသော တိုးတက်မှု ရှိနေခြင်းသည် သူ၏ မျှော်လင့်ချက်များအတွင်း၌ လုံးဝရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် မူလက သူတို့အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဆက်စပ်ပစ္စည်းတစ်ခုသာ ဖြစ်သည်။

ထို့အပြင် ဤလုပ်ရပ်သည် အရှင်သခင်ဖြစ်သော သူက အထူးပေးသနားလိုက်သည့် မျက်နှာသာပေးမှုတစ်ခုနှင့်လည်း တူညီပေ၏။

နောက်တစ်ကြိမ် သူ တုန်လှုပ်ချောက်ချား အင်မော်တယ်နှင့် တွေ့ဆုံသောအခါ ဤလူ၏ နာမည်ခံ စေ့စပ်ထားသူသည် သူ့အပေါ် လုံးဝအညံ့ခံသွားလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။

All Chapters