← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

Chapter 131

~

အခန်း ၁၃၁

~

" ခင်ဗျား.. ကြားပြီးပြီလား..."

လက်ဖက်ရည်ဆိုင် အဝင်ဝတွင် ဝိညာဥ်နားစွင့်သူက ရင်းနှီးနေသော ဖောက်သည်တစ်ဦးကို ပခုံးပုတ်လိုက်ပြီး ...

" သိုင်းသူတော်စင် ပြန်ပေါ်လာပြီဆိုတဲ့ ကောလဟာလတွေ ထွက်နေတယ်နော်.."

" ဟုတ်ပါ့.. ကျုပ်လည်း ကြားလိုက်တယ် ..အရင်ခေတ်က ထိပ်သီးသိုင်းသမား ဆယ်ယောက်.. သိုင်းသူတော်စင်ရဲ့ လက်ချက်နဲ့ သေသွားတာတဲ့.. .. "

ဖောက်သည်က သက်ပြင်းချလိုက်ပြီး...

" ဟူးး... ကျုပ် တကယ်ကို ဒီလို ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး.. အဲ့တုန်းက ထိပ်သီးသိုင်းသမားတွေ သေရတာ မျိုးနွယ်ခြားတွေကြောင့်လို့ ထင်ထားတာ.. "

" သိုင်းသူတော်စင်.. သိုင်း​လောကကို မွှေတုန်းက အဲ့ သိုင်းပညာရှင်တွေ ပေါ်မလာတာ ဒါကြောင့်ကိုး.. သူတို့က အရင်သေသွားတာပဲ.. "

ဝိညာဥ်နားစွင့်သူက အလာပသလာပ အနည်းငယ် ပြောပြီးနောက် နောက်ဖောက်သည်တစ်ဦး၏ ဝိုင်းသို့ ကူးသွားပြန်သည် ။

" ခင်ဗျား ကြားပြီးပြီလား.. သိုင်းသူတော်စင်......."

" လူတွေ စားတဲ့ နတ်ဆိုးတစ်ကောင်ပဲ.. "

ထိုဖောက်သည်က ဝိညာဥ်နားစွင့်သူ စကားဆုံးအောင် မပြောရသေးခင် စိတ်အားထက်သန်စွာဖြင့် ဖြတ်ပြောလိုက်သည် ။

" လွန်ခဲ့တဲ့ ရက်အနည်းငယ်က.. သိုင်းသူတော်စင်နဲ့ အင်မော်တယ် သူတော်စင်မ ဝူချင်းရှင်းတို့ မြို့ပြင်မှာ တိုက်ခိုက်ကြတယ်တဲ့.. သူတို့နှစ်ယောက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပြီး နောက်ဆုံးကြ သိုင်းသူတော်စင်က ဝူချင်းရှင်းကို စုပ်ယူလိုက်တယ်ဆိုပဲ.. သိုင်းသူတော်စင်က နတ်ဆိုးဆိုတာ လုံးဝကို ယုံနိုင်စရာ မရှိဘူး.. သူနှစ်ပေါင်းများစွာ ပျိုးထောင်လာတဲ့ သူ့တပည့်ကို သူဘာလို့ ဒီလို လုပ်ရက်ရတာလဲ.. "

ဝိညာဥ်နားစွင့်သူ..... "......"

" နေပါဦး.. ဒီအကြောင်းကို ခင်ဗျား ဘယ်က ကြားလာတာလဲ.. "

ဝိညာဥ်နားစွင့်သူက ခဏတာ ဆွံ့အနေပြီးနောက် အံ့အားသင့်စွာ မေးလိုက်သည် ။

" ဒီရေနားစွင့်မျှော်စင်ကနေလေ.. ခင်ဗျား ဒီရေနားစွင့်မျှော်စင်အကြောင်း ကြားဖူးလား.. သိုင်းလောကမှာ လျှို့ဝှက်အဆန်းကြယ်ဆုံး အဖွဲ့အစည်းပဲ.. ရှောင်လင်နဲ့ ဝူတန်ဂိုဏ်း အဖျက်ဆီးခံလိုက်ရပေမဲ့ ဒီရေနားစွင့် မျှော်စင်က ခုထိ ရှိနေတုန်းပဲ.. "

" ဒီရေနားစွင့်မျှော်စင်က ဒီလို ကောလဟာတွေကို ဖြန့်ရတာ ကြိုက်ပုံရတယ်.. အထူးသဖြင့် ဝိညာဥ်နားစွင့်သူဆိုတဲ့ သူတို့ကို အထူးစွမ်းရည် ရှိတယ်လို့ ပြောတဲ့သူက အဆိုးဆုံးပဲ.. "

" အဟမ်း... ဒီရေနားစွင့်မျှော်စင်က ပြောတာ ဆိုရင်တောင် ကျုပ်တို့ ကိုယ်တိုင် အထောက်အထားတွေက မှန်မမှန် စမ်းစစ်သင့်တယ် .."

ဝိညာဥ်နားစွင့်သူက ရုပ်တည်ကြီးဖြင့် ပြောလိုက်ပြီး ...

" ခင်ဗျား ပြောတဲ့ အကြောင်းက တကယ်ကို မယုံနိုင်စရာပဲ.. "

" ဘာမယုံနိုင်စရာရှိမှာလဲ.. တကယ်တော့ ကျုပ်ကိုယ်တိုင် အဲ့နေရာမှာ ရှိနေခဲ့တာ.. "

ဖောက်သည်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ သူ၏ အိတ်ထောင်ထဲမှ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူကာ ဝိညာဥ်နားစွင့်သူကို ပေးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏ ။

ဝိညာဥ် နားစွင့်သူက ရှုပ်ထွေးဟန်ဖြင့် စာအုပ်ကို ယူလိုက်ပြီး လှန်ကြည့်လိုက်သည် ။

" သိုင်းသူတော်စင်က အေးစက်စက်.. မောက်မာ ရိုင်းစိုင်းတဲ့ အမူအရာနဲ့ အင်မော်တယ်ဂိတ် သူတော်စင်မ ဝူချင်းရှင်းကို ငုံ့ကြည့်လိုက်တယ်.. သူ့ရဲ့ လေသံက ထာဝရရေခဲတောင်ကြီးလို လုံးဝအေးစက်နေတာ.. ကလေးမ.. နင်မီးနဲ့ မကစားချင်နဲ့.. "

" နင် ငါ့အနားက ထွက်သွားရဲရင် အင်မော်တယ်ဂိတ်တွေတောင် နင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး.. "

" ချင်းရှင်း.. နင့်ရဲ့ အားနည်းချက်က စိတ်တည်ငြိမ်မှု မရှိတာပဲ.. လာလာ နင့်ရဲ့ စိတ်ဘယ်လောက် တည်ငြိမ်သွားပြီလဲ ဆိုတာကို ငါစမ်းကြည့်ရမယ်.. "

" ....."

ဝိညာဥ်နားစွင့်သူက စာအုပ်ကို ပြန်ပိတ်လိုက်၏ ။ သူ၏ အတွေးများပင် ချာချာလည်သလို ခံစားမိလိုက်သည် ။

ဖောက်သည်က ပြုံးရွှင်နေသော မျက်နှာဖြင့်...

" ငွေတစ်စ.. "

' စာအုပ်ရောင်းတဲ့သူနဲ့ လာတွေ့နေတာပဲ.. '

' ဒီလူတွေက ငါ့ထက်တောင် မြန်နေသေးတယ်.. သိုင်းသူတော်စင် ပေါ်လာတာ ရက်ပိုင်းပဲ ရှိသေးတာကို သူတို့က အပြာစာအုပ်တွေ ရေးတောင်ပြီးနေပြီ.. '

စာအုပ်ရောင်းသူက ဝိညာဥ်နားစွင့်သူ တိတ်ဆိတ်နေသည်ကို မြင်လျှင် စာအုပ်အား သဘောမကျဟု ထင်သွားပြီး နောက်ထပ် စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူလိုက်ကာ...

" မကြိုက်ဘူးလား.. ဒီမှာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ နောက်ထပ် စာအုပ်ရှိသေးတယ်.. "

" သိုင်းသူတော်စင် ကိုယ်တိုင်တောင် ချီးကျူးရတဲ့ လျှို့ဝှက်နည်းစနစ် သိုင်းကျမ်းနော်.. ခင်ဗျားနဲ့ ကျုပ် ရင်းနှီးနေလို့ ငွေစ နှစ်စနဲ့ပဲ ရောင်းပေးမယ်.. "

ဝိညာဥ်နားစွင့်သူက ကောင်းကင်လက်ညှိုးနည်းစနစ်ဟူသော သိုင်းကျမ်းကို ကိုင်ဆောင်ထားသည့် စာအုပ်ရောင်းသူကို ကြည့်ပြီး လေးလေးနက်နက် စဥ်းစားနေ၏ ။

သိပ်မကြာမီ...

ဝိညာဥ်နားစွင့်သူက စာအုပ် တစ်ထပ်ကြီး ကိုင်ပြီး ထွက်လာသည်ကို ကျန်းချန်က ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်နေပေသည် ။

" ဒီ စာအုပ် ရောင်းသူက ပါရမီ ရှိပုံပဲ.. လှုပ်ရှားတာလဲ သွက်သွက်လက်လက် နဲ့.. ထူးဆန်းတဲ့ဇာတ်လမ်း ပြောသူတစ်ယောက်ရဲ့ အရည်အသွေးကို သူ့ဆီမှာ မြင်နေရတယ်.. "

ဝိညာဥ်နားစွင့်သူက မလုံမလဲဖြင့် ...

" သူ့ရဲ့ စာရေးဟန် အဆင်ပြေရင် ဒီရေနားစွင့်​ေမျှော်စင်ကို ဖိတ်ခေါ််ရမယ် .."

ကျန်းချန်က ပြန်မပြောပေ ။ ဝိညာဥ် နားစွင့်သူက သူ၏ စီနီယာ ဖြစ်သဖြင့် ဘာပြောပြော နားထောင်ရပေမည် ။

" ဒီကိစ္စလေးကို ဘေးဖယ်ထားလိုက်တော့.. "

ဝိညာဥ်နားစွင့်သူက စာအုပ်များကို အိတ်ထဲ ထိုးထည့်လိုက်ပြီး...

" သိုင်းသူတော်စင်ရဲ့ သတင်းက လူသိများလာပြီ.. "

" အစက ရေကို ပိုနောက်အောင် သတင်းဖြန့်ဖို့ တွေးထားပေမည့် ခု ငါတို့ ဝင်ပါစရာ မလိုတော့ဘူး.. ဒီသတင်းက ဆူနာမီ လှိုင်းလို ပြန့်နေပြီ.. ငါတို့ ဝင်ပါစရာမလိုတော့ဘူး.. "

ဝိညာဥ်နားစွင့်သူက သက်ပြင်းချလိုက်၏ ။ ဤသတင်းက လျင်မြန်စွာ ပြန့်သွားသဖြင့်သာ စာအုပ်ရောင်းသူများက ဇာတ်လမ်းဆင်၍ ရေးကြခြင်းဖြစ်သည် ။

" ဒါနဲ့.. ကျန်းချန်.. မင်း ဒီသတင်းထဲက ချောင်မိသားစု အကြောင်းကို စိတ်မဝင်စားဘူးလား.. သိုင်းသူတော်စင် ပေါ်လာတဲ့ အချိန်မှာ ချောင်မျိုးရိုးနဲ့ လူတစ်ယောက်လည်း ရှိတယ်.. "

" ချောင်ပိုင်ဖူက သူတော်စင်မ လက်ချက်နဲ့ ရွှမ်ထျန်း ဘုရားကျောင်း အဝင်ဝမှာ မီးအရှို့ခံပြီး သေခဲ့ရတာ.. "

" သူတို့ ချောင်မိသားစု အကြီအကဲ ချောင်ကျန့်က သူတော်စင်မ ကို အမဲလိုက်တယ့် အဖွဲ့ထဲ ချက်ချင်းဝင်သွားတာပဲ.. ဒီကိစ္စမှာ သိုင်းသူတော်စင် ကိုယ်တိုင်ပါလာမယ်လို့ ဘယ်သူထင်မှာလဲ.. ခု​တော့ ချောင်ကျန့်တောင် သိုင်းသူတော်စင် လက်ထဲ ရောက်သွားပြီ..."

ကျန်းချန်က စိတ်ထိခိုက်သွားပြီး...

" ဒီ ချောင်ကျန့်က အတော် ရဲရင့်တဲ့ သူပဲ.. "

သူသည် ကျောက်စိမ်းမျက်နှာနဂါး နှင့် ယခုအကြောင်း၏ အပြည့်အစုံကို စကားပြောခဲ့ရသဖြင့် ပို၍ သိလေသည် ။

" ချောင်ကျန့် ပြောသလိုသာ ချောင်မိသားစုဝင်တွေ အများကြီး ရှိပြီး ပိုပြီး သန်မာကြရင် အရမ်းကောင်းမှာပဲ.. ဟူးးးး..."

ကျန်းချန် သက်ပြင်းချလိုက်သည် ။ သိုင်းလောက၏ ခေါင်းဆောင်ဖြစ်သော သိုင်းသူတော်စင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးက ဤသို့ ဖြစ်နေ၍ ဒီရေနားစွင့်မျှော်စင်မှ ပုံပြောသူများအားလုံး အံ့အားသင့်ခဲ့ရ၏ ။

ထိုအခိုက်...

သူတို့စကားပြောနေစဥ် စျေးအရှေ့ဘက်တွင် ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာ၏ ။

အဝေးရှိ လမ်းမပေါ်တွင် ခရီးသွားနှစ်ယောက် ရန်ဖြစ်နေသည်ကို မြင်လိုက်ရသည် ။

ကျန်းချန်နှင့်ဝိညာဥ်နားစွင့်သူတို့ စပ်စုရန် အနားသို့ လျှောက်သွားလျှင် သိုင်းသူတော်စင်၏ ကောလဟာလများကြောင့် ရန်ဖြစ်နေကြမှန်း သိလိုက်ကြ၏ ။

Chapter 132

~

အခန်း ၁၃၂

~

ခရီးသွားနှစ်ယောက်သည် မူလက အနီးအနားရှိ စားသောက်ဆိုင်တစ်ခုတွင် စားနေရင်း စကားစမြည် ပြောနေကြသော်လည်း တဖြည်းဖြည်း ရန်ပွဲအသွင်ပြောင်းလာခြင်းပင် ။

" ငါတို့လို သိုင်း ပညာရှင်တွေအတွက် သိုင်းသူတော်စင်ဆိုတာ နောက်ဆုံးမျှော်လင့်ချက်ပဲ.. "

ပထမဓားသမားက မျက်နှာနီရဲနေကာ အရက်အိုးကို မော့သောက်ပြီး ဒေါသတကြီး ပြောလိုက်သည် ။

" မျိုးနွယ်ခြားတွေနဲ့ ငါတို့က လူမျိုးနွယ်ခြင်း အတူတူပဲ.. ဒါပေမဲ့ ငါတို့ကို တန်းတူ ဆက်ဆံဖူးလို့လား .."

" သူတို့အမြင်မှာ ငါတို့က ကျွန်တွေပဲ.. ငါတို့ သိုင်းလောကမှာ သိုင်းသူတော်စင်က အသန်မာဆုံးဆို​တော့ မျိုးနွယ်ခြားတွေရဲ့ ရင်ဆိုင်နိုင်မယ့်သူဆိုရင် သူပဲ ဖြစ်မယ်.. သူက သိုင်းလောကရဲ့ ​နောက်ဆုံး မျှော်လင့်ချက်ကွ.. "

" သောက်အဓိပ္ပါယ် မရှိတဲ့ စကားတွေ.. "

ဒုတိယဓားသမားက...

" သိုင်းသူတော်စင်က လူတိုင်းကို ကိုယ်စားပြုနိုင်လို့လား.. ငါတို့ သိုင်းလောကသားတွေကို ကိုယ်စားပြုနိုင်လို့လား.. သာမန်လူတွေကို ကိုယ်စားပြုနိုင်လို့လား.. စစ်သည်တွေကို ကိုယ်စားပြုနိုင်လို့လား.. "

" မင်းက ဦးနှောက်မရှိတဲ့ကောင်.. သိုင်းသူတော်စင် မင်းကို လာစားရင် မင်းဟာမင်း ပျော်ပျော်ကြီး အသေခံလိုက်တော့.. "

ပထမဓားသမား က မျက်လုံးပြူးကျယ်ကာ လည်ချောင်းတစ်ဆို့နေသလို ပါးစပ်ကြီးဟနေပြီး ခဏကြာမှ...

" ငါနဲ့ ဘာဆိုင်လို့လဲ.. သိုင်းသူတော်စင်က အဆင့်မြင့် သိုင်းပညာရှင်ကိုပဲ စားတာ.. ငါက အခုမှ အဆင့် ၈ ပဲရှိသေးတယ်.. "

" မင်းတောင် မသေရဲဘဲနဲ့.. မင်းက အာချောင်နေရုံ သပ်သပ်ပဲ.. "

ဒုတိယဓားသမားသည် မူးနေသဖြင့် ခြေလှမ်းများ ယိုင်ထိုးနေ၏ ။ သူက...

" လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက သိုင်းသူတော်စင်က သိုင်းလောက ထိပ်သီးဆယ်ယောက်ကို စားခဲ့တယ်.. နောက်ပိုင်း နှစ်တွေမှာ တပည့် သုံးထောင်ကို စားခဲ့တယ်.. အခုအချိန်မှာ.. အနာဂတ်မှာရော.. "

" သူ့မှာ စားစရာ မရှိတော့ရင် ဘာစားမယ်လို့ မင်းထင်လဲ.. "

" မင်းက မဖြစ်နိုင်တာတွေ ပြောနေတာ.. ဒီလောကမှာ အားကြီးသူက အားနည်းသူကို နိုင်စားတာ သဘာဝပဲ.. "

ပထမ ဓားသမား၏ မျက်နှာက မည်းမှောင်သွားပြီး ဓားဆွဲထုတ်ကာ ဒုတိယဓားသမားကို တိုက်ခိုက်တော့သည် ။

ပတ်ဝန်းကျင်ရှိ ပွဲကြည့်နေသူများမှာ စက်ဝိုင်းပုံ ဝိုင်းပတ်နေကြပြီး လက်ခုတ်လက်ဝါးတီး၍ အားပေးနေကြ၏ ။

သိုင်းသူတော်စင် ဆိုသည်က နှစ်ပေါင်းလေးဆယ်တိုင်တိုင် လူမြင်ကွင်းသို့ မထွက်ခဲ့သဖြင့် သာမန်လူများအကြားတွင် ဒဏ္ဍာရီ တစ်ပုဒ်သာ ဖြစ်လေသည် ။

ကပ်ရောဂါများဖြင့် မဟာယန်ပြည်သူများ၏ သက်တမ်းမှာ တိုတောင်းလှသဖြင့် ထိုနှစ်လေးဆယ် ဆိုသည်က မျိုးဆက်နှစ်ခုစာမျှပင် ရှိနေချေ၏ ။

ထို့ကြောင့် သိုင်းသူတော်စင်၏ သတင်းက သာမန်လူများအပေါ်တွင် လွှမ်းမိုးမှု သိပ်မရှိပေ ။

" ဟားဟားဟား.. တိုက်ကြ..အားပါပါ ချကြပါဟ.. သွေးတွေ မြစ်လိုစီးကျလာအောင် တိုက်ကြစမ်းပါ.. "

လူအုပ်ထဲရှိ ရွှမ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူက ပျော်ရွှာင်စွာ အားပေးနေလေ၏ ။

" ဒီအရူးတွေအတွက် ငါတို့ ဝင်ပက်သက်စရာမလိုဘူး.. "

" သိုင်းသူတော်စင် ကိုယ်တိုင်တောင် သူ့ကို ထောက်ခံတဲ့သူတွေ ရှိတာ ယုံနိုင်မယ် မထင်ဘူး.. "

" ဟီးဟီး.. အဲ့တာကြောင့် လူသားတွေက စိတ်ဝင်စားစရာ ကောင်းနေတာပေါ့.. "

ခဏကြာပြီးနောက် စစ်သည်များနှင့် အုပ်ချုပ်ရေးမှူးလော့ ကိုယ်တိုင်ရောက်လာကာ မူးရူးနေသော သိုင်းပညာရှင်နှစ်ယောက်ကို ဖမ်းဆီးလိုက်ကြသည် ။

" ဘုရားကျောင်းကို ပြန်ကြရအောင်.. "

" ကံကောင်းတာက ငါတို့ ဘုရားကျောင်းကို ဝင်လိုက်တော့ သာမန်သိုင်းပညာရှင် မဟုတ်တော့ဘူး.. ရွှမ်ထျန်းဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီ.. "

ထိုကျင့်ကြံသူတစ်ဖြစ်လဲ အဆင့်နိမ့်သိုင်းပညာရှင်များက အဖမ်းခံလိုက်ရသော သိုင်းပညာရှင်များကို ပြုံး၍ ကြည့်နေကြပြီး ​ဆွေးနွေးနေကြ၏ ။

" သိုင်းသူတော်စင် ကိစ္စက ပေါ့သေးသေးတော့ မဟုတ်ဘူး .. ငါတို့ တောင်ပေါ်က စီနီယာ အကိုတွေကို သတင်းပို့ရင် ကောင်းမလား. သူတို့ သဘောကျရင် ဂိုဏ်းရဲ့ နက်နဲတဲ့ ပညာရပ်တွေကို သင်ပေးချင် သင်ပေးမှာ.. "

ထိုသူများသည် ရွှမ်ထျန်းဘုရားကျောင်းသို့ ပြန်သွားကြလေတော့၏ ။

…………….

ချင်းမင်တောင်တန်း၏ နက်ရှိုင်းသော နေရာရှိ ရွှမ်ထျန်းဂိုဏ်း...

" တပည့်ချီယန်က အကြီးအကဲများကို လေးစားစွာဖြင့် နှုတ်ခွန်းဆက်ပါတယ်.. "

တာအိုကျင့်ကြံသူ ချီယန်က ရွှမ်ထျန်း ဂိုဏ်း၏ အဓိက ခန်းမရှိ အကြီးအကဲများကို ရိုသေစွာ ဦးညွှတ်လိုက်သည် ။

ချီယန်သည် ရွှမ်ထျန်းဂိုဏ်း၏ ခြေမြန်တော်အဖြစ် တာဝန်ထမ်းဆောင်နေပြီး သေမျိုးမြို့ရှိ တာအိုဘုရားကျောင်းကိုလည်း ကာကွယ်ရန် တာဝန်ယူထားသည် ။ ဆုလဒ်အနေဖြင့် ဘုရားကျောင်း၏ အပူဇော်ခံ အနိမ့်ဆုံး နေရာတွင် သူ၏ ရုပ်ထု ကို ထားခွင့် ရခဲ့သည် ။

သူ၏ ခွန်အားအရ သိုင်းပညာရှင်များကို အနိုင်ယူရန် မခက်ခဲပေ ။

" ချီယန်.. မင်း.. အဲ့ သိုင်းသူတော်စင်ကို ဖမ်းမမိ ခဲ့ဘူးလား.. "

အကြီးအကဲဆွန်းက မျက်မှောင်ကြုတ်လိုက်ပြီး...

" ယုံဟဲဧကရာဇ်ကို ကျေနပ်အောင် လုပ်ပေးတာပေမဲ့ သိုင်းသူတော်စင် တကယ်ပေါ်လာလိမ့်မယ်လို့ ထင်မထားလိုက်ဘူး .."

" အဲ့ ကြွက်က နှစ်လေးဆယ်လောက် ပုန်းနေပြီး ပေါ်လာရဲသေးတာပဲ.. "

သူတို့၏ အစောပိုင်း ရည်ရွယ်ချက်မှာ ဝူချင်းရှင်းအား သူတော်စင်အဖြစ် ခန့်အပ်ပြီး သိုင်းသူတော်စင်ကို မျှားခေါ်ရန်ဖြစ်သည် ။ သို့သော်လည်း သိုင်းသူတော်စင်က နှစ်သုံးဆယ်ကြာသည့်တိုင် ပေါ်မလာခဲ့ပေ ။ ယခု နှင်ထုတ်လိုက်ချိန်မှ ရုတ်တရက်ပေါ်လာ၏ ။

" အဲ့ကြွက်က ညဏ်တအားများတယ်.. သူပေါ်လာပြီဆိုတော့ သူတို့ ကြံစည်နေတဲ့ တစ်ခုခုတော့ ရှိလိမ့်မယ်.. "

" အင်မော်တယ်လမ်းစဥ်က မှန်ကန်တဲ့ လမ်းစဥ် ဖြစ်နေတာ သနားစရာပဲ သိုင်းသူတော်စင်က နတ်ဆိုးလမ်းစဥ်ထဲ ရောက်သွားပြီ.. နောက်ဆုံး သေလမ်းပဲရှိတော့တယ်.. "

အကြီးအကဲဆွန်းက အလေးမထားဟန်ဖြင့် ...

" ဝူချင်းရှင်းမရှိလည်း ငါတို့မှာ ပိုအရေးပါတဲ့ ငါးစာရှိသေးတယ်.. အဲ့တာ ယုံဟဲဧကရာဇ်ပဲ.. "

" သိုင်းသူတော်စင်သာ ချင်းမင်တောင်တန်းကို လာရဲရင် အနာဂတ်မှာ ပြဿနာ မ​ဖြစ်ရအောင် သူ့ကို အဆုံးသတ်ပေးရမယ်.. "

ရွှမ်ထျန်း အင်မော်တယ်ဂိတ်အတွက် ဟုံဟဲဧကရာဇ်၏ ဂါရဝပြုမှုသည် သိုင်းသူတော်စင်ထက် များစွာပို၍ အရေးကြီးပေသည် ။

All Chapters