အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
Chapter 137
~
အခန်း ၁၃၇
~
ယန်မြို့.. အပြင်မြို့..လူနေရပ်ကွက်တွင်..
ချောင်မူ တံခါးအပြင်သို့ လျှောက်ထွက်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ကာ အတိတ်က ရင်းနှီးနေသော မြင်ကွင်းများကို ငေးကြည့်နေမိသည်။
ယန်မြို့၏ အပြင်မြို့တွင် လူသူကင်းမဲ့နေသော အိမ်များစွာ ရှိချေသည် ။
ယခုတစ်ကြိမ်တွက် ဝူကျိအသင်းသည် ယာယီနေထိုင်ရန် အိမ်တစ်လုံးကို ရွေးခဲ့သည် ။
ဝူချီကျန်းက ချောင်မူထွက်သွားသည်ကို မတားဘဲ မေးစေ့ကို ပွတ်ရင် စိတ်ဝင်တစား စောင့်ကြည့်နေလေ၏ ။
ချောင်မူသည် ခြံဝင်းပတ်ပတ်လည်ကို ကြည့်ပြီးနောက် အဝေးမှ ခြေသံသဲ့သဲ့ကို ကြားလိုက်ရသည် ။ အပြင်ဘက်တွင် လမ်းသွားလမ်းလာတစ်ဦး လျှောက်လှမ်း လာနေ၏ ။
လမ်းကြားထဲမှာ လျှောက်သွားနေသည့် အသက်လတ်ပိုင်းအရွယ် ထိုသူသည် လယ်သမားအိုကြီးတစ်ယောက်နှင့်ပင် တူနေပေသည် ။
သူ့မျက်နှာထက်တွင် သွားဝါကြီးများ ပေါ်အောင် အားရပါးပြုံးနေပြီး လမ်းသွားလမ်းလာများကို ဖော်ရွေစွာ နုတ်ဆက်နေသည် ။
ထိုလူက ချောင်မူ၏ အကြည့်ကို သတိထားမိသွားပြီး အနည်းငယ်အံ့သြ သွားဟန်ဖြင့် လှည့်ကြည့်လိုက်သည် ။
' ဟွမ်ကြီးပါလား.. '
ချောင်မူသည် ယန်မြို့သို့ ရောက်သည်နှင့် အသိမိတ်ဆွေဟောင်းတစ်ဦးနှင့် တိုက်မိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အလျင်စလိုဖြင့် ခေါင်းလှည့်ကာ ခြံဝင်းထဲသို့ ပြန်လျှောက်လာခဲ့သည်။ သူ၏ ခန္ဓာပြောင်းကျင့်စဥ်သည် မိတ်ကပ်ဖြင့် ရုပ်ဖျက်သည့် အဆင့်သာ ရှိနေသေး၏ ။
ထို့အပြင် သိုင်းသူတော်စင်ကြောင့် သူ၏ ရုပ်ဖျက်ထားမှု မရှိတော့ဘဲ မူလရုပ်သွင် ဖြစ်နေပေသည် ။
လက်ရှိ ချောင်မူ၏ အသက်သည် ၆၀ ပြည့်ပြီးသော်လည်း သက်ရှည်လက်သီးကြောင့် သာမန်အသက်၆၀ များထက် ငယ်ရွယ်နေ၏ ။ သူ ရုပ်ဖျက်ထားစဥ်ကသာ အဘိုးကြီးတစ်ယောက်လို နေထိုင်နေခြင်းဖြစ်သည် ။
ဝူချီကျန်းက ချောင်မူ၏ အပြုအမူများကို ဂရုတစိုက် စောင့်ကြည့်နေပြီး စကားစတင် ပြောလိုက်သည် ။
" ခင်ဗျား မြင်တဲ့အတိုင်းပဲ.. ခုကျုပ်တို့က ယန်မြို့မှာ ရောက်နေတာ... "
" ချင်းမင် တောင်တန်းက ယန်မြို့ အနောက်ဘက်မှာ ဆိုတော့ ဒီမှာ အနားယူရင်း စောင့်နေကြတာပေါ့.. "
" ယုံဟဲ ဧကရာဇ်ကို လုပ်ကြံဖို့ အကောင်းဆုံး အချိန်က ချင်းယွင် ဘုရားကျောင်းကို သူ ရောက်တဲ့အချိန်ပဲ.. "
" ဒါပေမဲ့ ကံမကောင်းတာက ငါတို့ အခုထိ ယုံဟဲဧကရာဇ်ရဲ့ တည်နေရာ တိတိကျကျကို မသိရသေးဘူး.. "
ဝူကျီအသင်းမှ လျှို့ဝှက်ကြယ်သံတမန်သည် ယန်မြို့သို့ ဧကရာဇ်ယုံဟဲ၏ ခြေရာကိုရှာဖွေရန် လာလေ့ရှိပြီး ကုံးယန်နှင့်လည်း တွေ့ဆုံခဲ့သည်။
သို့ရာတွင် ကြယ်သံတမန်လည်း သတင်းမရသေးကြောင်း သိသာလှ၏ ။
ယခုအချိန်တွင် ယုံဟဲဧကရာဇ်သည် နန်ကျိုးပြည်နယ်သို့ ရောက်နေသော်လည်း ယန်မြို့တွင် မဟုတ်ဘဲ ဟဲရန်မြို့တွင် ဖြစ်သည် ။
ဝူချီကျန်း ပြောသည်ကို ကြားလျှင် ချောင်မူ အံ့အားသင့်သွားသည် ။
မဟာယန်ဧကရာဇ်အနေဖြင့် ယုံဟဲဧကရာဇ် လုပ်သမျှ အရာတိုင်းသည် တစ်ဦးတစ်ယောက်ထဲနှင့် မသက်ဆိုင်ပေ ။ သူသာ ရွှမ်ထျန်းဘုရားကျောင်းကို ဦးညွတ်လိုက်ပါက ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည် ။
" ဟူး..ဝူကျိ အသင်းက ဧကရာဇ်ကို လုပ်ကြံချင်တာ ဒါကြောင့်ကိုး... "
ချောင်မူက သက်ပြင်းချရင်း ညီးတွားလိုက်သည် ။
သူ့အတွက်မူ အရည်အချင်းမရှိမှုကြောင့် နာမည်ကြီးသော ဧကရာဇ်ကို လုပ်ကြံရန် စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး မရှိချေ ။
ထို့ကြောင့် ဤအလုပ်သည် သူနှင့် အမှန်တကယ်ပင် ကိုက်ညီလှသည် ။ ဤအလုပ်ပြီးသည့်နောက် သိုင်းသူတော်စင်ထံမှ ထိပ်တန်းလျှို့ဝှင်သိုင်းကျမ်းများပါ ရအုံးမည်ဖြစ်၍ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင် ။
ဝူချီကျန်းက ...
" ယန်ဧကရာဇ် ချင်ယွင်ဘုရားကျောင်းကို သွားလည်မယ့် အချိန်က နောက်လ ရဲ့ ပထမဆုံးနေ့ ဆိုတော့ ခုက စတွက်ရင် ခုနှစ်ရက် ရှစ်ရက်လောက် လိုသေးတယ်.. "
" ပထမနေ့အထိ ယုံဟဲဧကရာဇ်ရဲ့ သဲလွန်စ ရှာမတွေ့ရင် လုပ်ကြံမယ့် ကိစ္စက အောက်မြင်နိုင်ချေ အရမ်းနည်းသွားမှာ.. "
ဝူကျိအသင်းသည် မလိုအပ်ဘဲ ရွှမ်ထျန်း ဂိုဏ်းကို ရန်မစချင်ပေ ။ ရွှမ်ထျန်းဂိုဏ်း၏ ချင်းယွင်ဘုရားကျောင်းတွင် လုပ်ကြံပါက ကျားဖျင် တုတ်နှင့် ထိုးမိသလို ဖြစ်သွားပေလိမ့်မည် ။
Chapter 138
~
အခန်း ၁၃၈
~
ဧကရာဇ်ကို လုပ်ကြံရာတွင် မအောင်မြင်နိုင်ရုံသာမက ရွှမ်ထျန်းဂိုဏ်းမှ ဝူကျိအသင်းအာ လုံးဝဖယ်ရှားခံရနိုင်ခြေလည်း ရှိသည်။
ဝူချီကျန်းက တည်ကြည်စွာ ပြောလိုက်သည် ။
" ချောင်ကျန့် .. ဒီလုပ်ကြံမယ့် ကိစ္စက အန္တရာယ်များတယ်နော်.. သိုင်းသူတော်စင် ကိုယ်တိုင်တောင် အန္တရာယ် မကင်းဘူး ..ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ရနိုင်တယ်.. "
" ဒီကိစ္စမှာ သိုင်းသူတော်စင်က ခင်ဗျားကို လေ့ကျင့်ပေးချင်ယုံ သပ်သပ်ပဲ .."
" ခင်ဗျား သေသွားရင်လည်း ခင်ဗျား အားနည်းနေတာက အပြစ်ပဲ.. ခင်ဗျား အသက်ရှင်နိုင်ရင်တော့ သိုင်းသူတော်စင်က အကောင်းဆုံး ထိပ်တန်းကျင့်စဥ်တွေကို ဆုအဖြစ်ပေးလိမ့်မယ်.. "
" ဒါ့ကြောင့် အသက်ရှင်ဖို့က အဓိက ထားပြီး ကြိုးစားပါ.. "
ချောင်မူက ဂရုတစိုက် နားထောင်နေခဲ့သော်လည်း ထိုစကားကို ကြားသောအခါ သူ အနည်းငယ် ရှုပ်ထွေးသွားသည်။
သိုင်းသူတော်စင် ပြောစဥ်တုန်းက သူနားမလည်ခဲ့သော်လည်း ယခုမှ နားလည်လာခဲ့သည် ။ သူ၏ တာဝန်အစစ်အမှန်မှာ အသက်ရှင်ရန် ဖြစ်နေသည်လော ။
သို့ရာတွင် ထိုသို့ ဆိုလျှင် သူ့အတွက် မလွယ်ကူပေ ။ သေရမည်ဆိုပါက ပိုလွယ်ပေလိမ့်မည် ။
' ငါ သိုင်းသူတော်စင်ဆီက ထိပ်တန်းကျင့်စဥ်တွေ လိုချင်ရင် အသက်ရှင်နေရမယ် ဆိုပါလား.. ငါ့ရဲ့ သေချင်စိတ်ကို ဖျောက်ပြီး အသက်ရှင်ဖို့ အကောင်းဆုံး ကြိုးစားရမယ်.. '
' ဒါပေမဲ့ သေလမ်းမရှာဖို့က ခက်ခဲလွန်းတယ် ငါ လုပ်နိုင်ပါ့မလား.. '
ချောင်မူ စိတ်အိုက်သွား၏ ။ သို့သော်လည်း သူသေချာ စဥ်းစားကြည့်လျှင် သူ့အသက်မှာ ၆၀ ကျော်တွင်ဖြစ်ပြီး သန်မာနေသေးသော်လည်း နောင်နှစ်အနည်းငယ်ကြာလျှင် အိုမင်းလာတော့မည်ဖြစ်သည် ။ သွေးနှင့်ချီများ ကျဆင်းလာပေတော့မည် ။
ထို့ကြောင့် ဝူကျိအသင်းတွင် ရှိသော သက်ရှည်လက်သီးသုတ္တန်အပြည့်အစုံကို အမြန်ဆုံး ရယူနိုင်လျှင် အကောင်းဆုံးပင် ။
' သက်ရှည်လက်သီးသုတ္တန်အပြည့်အစုံ မရသေးရင် ငါ ဖျင်မယားသင့်သေးဘူး.. ငါ့အသက်ကို ငါတန်ဖိုးထားရမယ်.. '
' သက်ရှည်လက်သီးသုတ္တန် အပြည့်အစုံရမှ သေလမ်းဆက်ရှာကြတာပေါ့.. "
ချောင်မူ အတွေးထဲတွင် နစ်မြောနေစဥ် တံခါးအပြင်ဘက်မှ ခြေသံများ ထပ်မံထွက်ပေါ်လာပြီး ဝင်လာသော သူများမှာ သူ မမျှော်လင့်ထားသူ ဖြစ်နေ၏ ။
တစ်ယောက်မှာ သိုင်းသူတော်စင်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ရုပ်ဖျက်ထားသော ဝမ်စုန့်ဟဲ ဖြစ်သည် ။
ဝမ်စုန့်ဟဲသည် တံခါးဝမှ ဝင်လာပြီး အထဲသို့ ရောက်ရောက်ချင်း သူ့အကြည့်က ချောင်မူ၏ မျက်နှာထံသို့ ချက်ချင်းရောက်သွား၏ ။
" ချောင်ဆန်းလား..'
သူ၏ စိတ်တစ်ခုလုံး တုန်လှုပ်သွားပြီး အတွေးများ ပျောက်ဆုံးသွားသည် ။
သူ ချောင်ပိုင်ဖူ၏ သေဆုံးမှု သတင်းကို ကြားထားပြီး ဖြစ်၍ ယန်မြို့တွင် မည်သို့ ပြန်ပေါ်လာနိုင်ပါသနည်း ။
ချောင်မျိုးနွယ်များသည် ချောင်မူမှ စတင်ပြီး ချောင်ပိုင်ဖူအထိ လူအများ၏ ရှေ့မှောက်တွင် သေဆုံးခဲ့ရခြင်း ဖြစ်သည် ။
အသက်ရှင်ကျန်ရစ်သူဟူ၍ ကုံးယန်အား အောင်မြင်စွာ လုပ်ကြံနိုင်ခဲ့သော ချောင်ဆန်းတစ်ယောက်သာ ရှိပေသည် ။
သို့သော်လည်း ချောင်ဆန်း၏ ဘေးတွင်ရပ်နေသော ဝူချီကျန်းကို ကြည့်ပြီး သူသဘောပေါက်သွား၏ ။ ဤကဲ့သို့ ပညာရှိတစ်ယောက်က ကူညီခဲ့မည်ဆိုလျှင် ချောင်ဆန်း၏ ဒဏ်ရာများသည် လွယ်လင့်တကူ ပျောက်ကင်းနိုင်သေသည် ။ သူ တွေးလိုက်သည် ။
' ချောင်ဆန်းက ငါ့ခံတပ်က ထွက်သွားပြီးနောက် ဝူကျိအသင်းထဲ ရောက်သွားတာလား.. သူ့ကံဆိုးမှုကို ကံကောင်းမှုအဖြစ်ပြောင်းလဲပြီး ဒဏ်ရာ ကူသနိုင်လိုက်တာလား.. '
' ဟဲရန်မြို့မှာ သူတော်စင်မ ဝူချင်းရှင်း မီးနဲ့ရှို့လို့ သေသွားတဲ့ ချောင်ပိုင်ဖူက နောက်ထပ် ချောင်မိသားစုဝင် တစ်ယောက်လား.. '
' အား မဟုတ်ဘူး.. မဟုတ်ဘူး.. ငါ သိတယ့် ချောင်ဆန်းက မင်းထက်ငယ်တယ်.. '
ဝမ်စုန့်ဟဲ လျင်မြန်စွာ နားလည်သွားသည် ။ ဤလူသည် ချောင်ဆန်းဖြစ်ဖြစ် ချောင်ကျန့် ဖြစ်ဖြစ် အရေးမကြီးပေ ။ မည်သူ ဖြစ်ပါစေ သူ မဖော်ထုတ်သင့် ။ ရာဇဝင် လူဆိုးကြီး အနားမှာ ရှိနေ၍ သတိထားသည်က တော်ကာကြပေမည် ။
သို့သော်လည်း သိုင်းသူတော်စင်က သူ့အား တိတ်တဆိတ်အကဲခတ်နေသည်ကိုတော့ သူ သတိမထားမိလိုက်ပေ ။