ပုံပြင်ကို ခိုးနားထောင်နေသူ
Vol. 11 Ch. 1030
ရောင်နီလာချိန်…
ပြာလဲ့နေသော မိုးသားကောင်းကင်ယံတွင် တိမ်စိုင်တိမ်ခဲများက နေရာယူထားလေ၏။။ အရှေ့ယွန်းယွန်းဆီမှ သူရိန်နေမင်းကြီးက တဖြည်းဖြည်း မြင့်တက်လာကာ မိုးသားတိမ်တိုက်များကို ခရမ်းရောင်မှ အနီရင့်ရောင်အဖြစ် အသွင်ပြောင်းလဲပေးနေသည်။
နောက်ဆုံးတွင် နေရောင်ခြည်တန်းလေးများသည် တိမ်စိုင်တိမ်ခဲများကို ထွင်းဖောက်၍ လောကတစ်ခွင်အား အရောင်အသွေးစုံလင်စွာဖြင့် ဖြန့်ကျက်လာလေသည်။ ထိုအခါသမယဝယ် အဘိုးကြီးတစ်ဦးနှင့် ကလေးငယ်တစ်ယောက်က သစ်ပင်ကြီးများ အုံ့ဆိုင်းနေသာ တောင်စဥ်တန်းများကိုဖြတ်၍ ခရီးဆက်နေလေသည်။
အဘိုးကြီးက တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားပါသော်လည်း သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်နေသည်ကို ကြည့်၍ အမြုတေအဆင့်သို့ ရောက်ရှိနေသူတစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။ သူနှင့်အတူ ပါလာသော ကလေးငယ်မှာ ချီစုစည်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့သည် မြို့ထဲဝင်လာကြပြီး ဘုရားကျောင်းထံ ရောက်ရှိလာကြ၏။ ဝင်ပေါက်အပြင်ဘက်သို့အရောက်တွင် ကလေးငယ်က နံရံကိုမှီနေသော ပိုင်ရှောင်ချန်းအား မြင်လိုက်လေသည်။ သူ မျက်မှောင်ကြုတ်သွား၏။
" ကမ္ဘာကြီးက သိပ်ကို ခါးသီးစရာကောင်းတဲ့ နယ်မြေကြီးတစ်ခုပဲ "
အဘိုးကြီးက ပြောသည်။
“ မဟာတာအိုကို နားလည်အောင် မလုပ်နိုင်တဲ့လူတွေက သူတို့ဘဝကို ပိုးကောင်တွေလိုမျိုး နေထိုင်ကြရတယ်။ သူ့ကို အာရုံထားမနေနဲ့ "
သူက ခေါင်းခါယမ်းကာ လူငယ်လေးကို အထဲသို့ ခေါ်ဆောင်သွားလေသည်။ လွန်လေပြီးသော အချိန်ကာလတစ်အကြာက ဘုရားကျောင်းကြီးက မီးလောင်ပြာကျလုနီးပါးဖြစ်ခဲ့၍ ဆိုးဆိုးရွားရွား ပုံပျက်ဆင်းပျက် ဖြစ်နေပေသည်။
" ဆရာ ဒီနေရာလား "
အဘိုးကြီးက ခေါင်းညိတ်သည်။
" အင်း ၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကောင်းကင်ဘုံကနေ မီးတွေ ဒီနေရာကို ကျဆင်းလာခဲ့တယ်။ ဒီနေရာမှာ မင်းကိုယ်မင်း မြှုပ်နှံထား။ ဒါဆို မင်းရဲ့ မီးလျှံမန္တန် နောက်တစ်ဆင့်တက်လိမ့်မယ် "
သူက ဘုရားကျောင်း၏ အပျက်အစီးများကို ဝေ့ကြည့်ကာ သက်ပြင်းချလိုက်သည်။
" ဒါက တစ်ခါတုန်းက ထာဝရမယ်တော်ရဲ့ ဘုရားကျောင်းဖြစ်ခဲ့တာ။ မင်း ကျင့်ကြံအားမထုတ်ခင် သေသေချာချာဂါဝရပြု"
" ထာဝရမယ်တော် "
ကလေးငယ်က အံ့ဩနေသောမျက်ဝန်းများဖြင့် မေးမြန်းလိုက်သည်။ သူက ကပျာကယာ လက်ယှက်ပြီး လေးလေးစားစား ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် သူက သူ့ဆရာကို မော့ကြည့်ကာ မေး၏။
" ဆရာ ထာဝရသားတော်တွေနဲ့ ကောင်းကင်အလွန်က ရန်သူကြီးအကြောင်း ဇာတ်လမ်းက အမှန်ပဲလား။ ပြီးတော့လေ ကျွန်တော်တို့ ကောင်းကင်ကို မော့ကြည့်ရင်ရော နောက်ကွယ်က ရန်သူကို မြင်နိုင်လား "
အမှန်တကယ်တွင် ကလေးငယ်သည် သူ၏မေးခွန်းများအတွက် အဖြေများအား သိထားပြီးဖြစ်ပါသော်လည်း သူက အရာရာကို နှံ့စပ်သိမြင်သော အနန္တတန်ခိုးရှင် ဆရာထံမှ အဖြေစကား ရှင်းပြသည်ကို ကြားချင်သေးသည်။
ဤအချိန်တွင် ဆရာနှင့်တပည့်အကြား စကားလုံးများက ပိုင်ရှောင်ချန်း၏နားစည်ကို တိုးဝှေ့ရိုက်ခတ်လာခဲ့သည်ဖြစ်၍ သူက သူ၏ရီဝေဝေ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူသည် အရက်နာကျနေပြီး ခေါင်းတဒိန်းဒိန်းကိုက်နေသည်။ ယခုလောလောဆယ်တွင် သူ သဲသဲကွဲကွဲပင် မမြင်ရချေ။ သို့သော်လည်း ထိုသည်က သူ၏နှလုံးသားထဲတွင် တရိပ်ရိပ်မြင့်တက်ကာ တစ်ဆို့လာနေသည့် နာကျင်မှုများနှင့် နောက်ကျိရှုပ်ထွေးနေခြင်း ရောယှက်ပါဝင်နေသော မှတ်ဥာဏ်များကို တားဆီးခြင်းငှာ မစွမ်းသာပေ။
သူသည် တုလင်ဖေးနှင့် အတင်းအကြပ် ပေါင်းစည်းရန် လုပ်ဆောင်ခံခဲ့ရသည်များ၊ သူ၏ရှေ့မှောက်တွင် သူ့တပည့် သေသွားခဲ့ရသည့်အကြောင်းများကို စေ့စေ့ငုံငုံ တွေးနေမိသည်။ သူသည် ဖြစ်ပျက်ခဲ့သော ပြောင်မြောက်သည့်လှည့်ကွက်များနှင့် အကြံအစည်များအပြင် သူ့မျက်စိရှေ့မှာပင် တစ်ကမ္ဘာလုံး မည်သို့ပျက်စီးသွားခဲ့ရပုံများကို တစိမ့်စိမ့် တွေးနေမိလေသည်။
သူ ကြုံတွေ့ခဲ့သည့် အရာအားလုံးမှာ သူ့မျိုးဆက်၏ လူအများစု တစ်ခါမှပင် စိတ်မကူးနိုင်သည့် အရာများဖြစ်ပေသည်။
ထိုအရာအားလုံးကြောင့် ယခုအခါ သူသည် စိတ်နှလုံးရှုပ်ထွေးလျက် ခါးသီးနာကျင်နေတော့သည်။ သူ လမ်းပျောက်နေလေပြီ။
သို့ဖြစ်၍ သူ၏သေရည်မူးမူးဖြစ်နေသော အိပ်မက်များသည်သာ သူ့ကို တဖန် ပျော်ရွှင်ကာ စိတ်ချမ်းသာစေခြင်းငှာ စွမ်းဆောင်နိုင်ပေသည်။ သို့သော် အမူးပြေသောအခါ ကောင်းကင်တံတားဒေသ၏ ကောင်းကင်ကြီး မဟုတ်သည့် ကောင်းကင်ကို မော့ကြည့်ပြီးနောက်တွင် စိတ်ဓာတ်ကျမှုများက သူ့ကို နောက်တဖန် တင်းကြပ်စွာ ဖမ်းဆုပ်လာတတ်စမြဲ။
ဤထူးဆန်းသောကမ္ဘာကြီးအား ရက်ပေါင်း၊လပေါင်းများစွာ လျှောက်ပတ်ကြည့်ပြီးနောက် သူသည် ဒေသခံနယ်သားများထံမှ ... အင်မော်တယ်နယ်မြေများဆီသို့ သူ ရောက်ရှိနေခြင်းဖြစ်ကြောင်း ကြားသိခဲ့ရသည်။
ဤနေရာရှိ သာမန်လူသားများပင်လျှင် ဤနေရာနှင့်ပတ်သက်သည့် လှပသောဒဏ္ဍာရီများကို သိကြ၏ ... အမှန်တကယ်ဆိုရလျှင် သူတို့က ဧရာမပန်းပွင့်ကြီးတစ်ပွင့်ပေါ်တွင် နေထိုင်နေခြင်းဖြစ်ပေသည်။
ထာဝရပန်းပွင့်သည် စိတ်ကူးဖြင့်မှန်းဆကြည့်နိုင်သည်ထက်ပင် များစွာ ကျယ်ဝန်းပြီး ၎င်း၏ပွင့်ဖတ်ကြီးငါးဖတ်က အင်မော်တယ်နယ်မြေများဟုခေါ်သော ဧရာမစီရင်စုကြီးများ ဖြစ်ပေသည်။
လူအများစုက ပန်းပွင့်ကြီးကို ထာဝရမယ်တော်ဟူ၍ ညွှန်းဆိုကာ ဘာသာရေးအရကိုးကွယ်ဆည်းကပ်ကြလေသည်။ ဤကဲ့သို့ သေးငယ်ပြီး ဝေးလံခေါင်ဖျားသော မြို့ငယ်များမှာပင် သူမကို ကိုးကွယ်သည့်အနေဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်းများရှိပေသည်။
ဒဏ္ဍာရီများအရ ထာဝရပန်းပွင့်ကြီး၏ ပွင့်ချပ်များအပေါ်တွင် လူအများ အခြေချနေထိုင်လာခဲ့ကြသည်မှာ နှစ်ပဋိစ္ဆေဒများစွာ ကြာမြင့်လာခဲ့ပြီဖြစ်သည်။ အမှန်တကယ်ဆိုရလျှင် ကမ္ဘာဦးအခြေတည်စအချိန်မှ အစပြု၍ ယခုတိုင်အောင် လူအများ နေထိုင်ရှင်သန်လာခဲ့ကြသည်ဟူ၍ ဆိုစမှတ်ပြုကြသည်။
အင်မော်တယ်နယ်မြေကြီးငါးခုအကြားတွင် ထာဝရပင်လယ်ဟုခေါ်တွင်သည့် သာမန်လူသားများ အနားမရစ်သီနိုင်ပါသော မြူပင်လယ်ကြီးတစ်စင်းရှိသည်။ ပုံပြင်ဇာတ်လမ်းများအရ ... ထာဝရပင်လယ်ကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် ဧရာမရုပ်တုကြီးသုံးခု တခါက တည်ရှိခဲ့ဖူးသည်။
လူအများက အနှီရုပ်တုကြီးများကို ထာဝရသားတော်များဟု ခေါ်ဆိုကြသည်။ ဒဏ္ဍာရီများထဲတွင် ထိုထာဝရသားတော်ရုပ်တုသုံးဆူသည် ကောင်းကင်အလွန်က ရန်သူကြီးနှင့် ခမ်းနားကြီးကျယ်သောတိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့ဖူး၏။ နောက်ဆုံးတိုက်ပွဲတွင် ကောင်းကင်အလွန်မှ ရန်သူကြီးသည် အိပ်မောကျသွားခဲ့ပြီး ထာဝရသားတော်သုံးပါးမှာ ရုပ်တုများ ဖြစ်လာခဲ့သည်။
၄င်းသည် အင်မော်တယ်နယ်မြေများတွင် နှစ်ပေါင်းများစွာ ပြောဆိုလာခဲ့ကြသော ပုံပြင်တစ်ပုဒ်ဖြစ်သည်။ ကြိမ်ဖန်များစွာ ခေတ်အဆက်ဆက်လက်ဆင့်ကမ်းခံခဲ့ကြရသည့် ပုံပြင်များကား နောက်ဆုံးတွင် မေ့သည်ကမေ့ သို့မဟုတ် ပြောင်းလဲသည်က ပြောင်းလဲကုန်ကြသည်။ များသောအားဖြင့် ... လူအများက အနှီပုံပြင်များကို မယုံကြည်ခြင်းဖြင့်သာ ရပ်သွားတတ်ကြ၏။
သို့ပင်ငြား .... ထာဝရသားတော်သုံးပါးနှင့် ကောင်းကင်အလွန်မှ ရန်သူကြီး၏ ပုံပြင်မှာ ဘယ်တော့မှ မေ့ပျောက်မခံခဲ့ရပေ။ သာမန်လူသားများပင်လျှင် ပုံပြင်က ဒဏ္ဍာရီလာ မဟုတ်ကြောင်း အပြည့်အဝ ယုံကြည်ကြသည်။ ၄င်းက အမှန်တရားပင်။
ပိုင်ရှောင်ချန်းက ခြောက်သွေ့နေသော သူ၏နှုတ်ခမ်းတွင် သေရည်အိုးကို တေ့ပြီး ခပ်ကြာကြာ သောက်လိုက်သည်။ သူသည် ဘုရားကျောင်းထဲရှိ ဆရာတပည့်နှစ်ဦး စကားပြောနေသည်ကို နားထောင်ရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ ဤကမ္ဘာကို လွန်ခဲ့သော နှစ်ဝက်ကျော်ခန့် ပထမဆုံးအကြိမ် သူ ရောက်ခဲ့စဥ်က သူ နိုးထလာခဲ့ပြီး မော့ကြည့်လိုက်သည်တွင် အံ့သြခြင်းကြီးစွာဖြင့် မှင်သက်သွားခဲ့ရသည်။
ဤကောင်းကင်ကြီးမှာ သူမြင်လေ့ရှိသည့် ကောင်းကင်ကြီးနှင့် လွန်စွာကွဲပြားသည်။ ယခု သူက ဆရာဖြစ်သူ အင်မော်တယ်နယ်မြေ၏ သမိုင်းအကြောင်းပြောပြနေသည်ကို နားထောင်ကာ တူညီသောအံ့သြခြင်းဖြင့် ကောင်းကင်ကြီးကို ငေးကြည့်နေလေ၏။
ဤကောင်းကင်ကြီး၏ တစ်ဖက်တစ်ချက်စီတွင် ... ဧရာမတောင်ကြီးငါးလုံး ရစ်ဝဲနေ၏။ တောင်ငါးလုံးနှစ်စုံ၏ အခြေများတွင် အင်မော်နယ်မြေတစ်မြေကဲ့သို့ ကြီးမားသည့် ဧရာမကုန်းမြေထုကြီးနှစ်ခုရှိသည်။
တောင်များနှင့် ကုန်းမြေထုများသည် အင်မော်တယ်နယ်မြေထဲမှ ထိုးထွက်မနေဘဲ ... ကောင်းကင်ဘုံ၏ အစိတ်အပိုင်းတစ်ခုအလား လေပေါ်ရစ်ဝဲနေသည်။
" တောင်တွေ၊ ကုန်းမြေထုတွေ"
ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရေရွတ်လိုက်၏။
" မဟုတ်ဘူး ... ဒါတွေက သေချာပေါက် ဧရာမလက်ကြီးနှစ်ဖက်ပဲ။ ဧရာမဘီလူးကြီးရဲ့.... လက်တွေ "
ထိုသည်က လွန်ခဲ့သော လအနည်းငယ်အကြာက ကောင်းကင်ယံကို သူ ပထမဆုံး မော့ကြည့်လိုက်စဥ် မြင်မြင်ချင်း သတ်မှတ်လိုက်မှု ဖြစ်ပေသည်။
အမှန်တွင် အင်မော်တယ်နယ်မြေများက ကလေးများသည်ပင် ထိုအကြောင်းကိစ္စများ၏ သမိုင်းကြောင်းကို သိကြပေသည်။ မိုးကောင်းကင်ယံတွင် ဧရာမလက်ကြီးနှစ်ဖက်အပြင်... မျက်နှာတစ်ခုလည်းရှိသည် မဟုတ်ပါလော။
မျက်နှာကြီးက ကောင်းကင်ထဲရှိ အတော်လေး အလှမ်းဝေးကွာသောနေရာမှာ ရှိနေပါသော်လည်း လူတိုင်း ပြတ်ပြတ်သားသားမြင်နိုင်သေးသည်။ ၄င်းမှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်၍ ပြောရလျှင် ကြောက်စရာကောင်းလှသည်။
ထိုမျက်နှာကြီးသည် အင်မော်တယ်နယ်မြေများအပေါ်ထက် ကောင်းကင်ယံတွင် အချိန်ပြည့် ရှိနေသည်။
လူ့ဘီလူးကြီးမှာ အလွန်ကြီးမားလှသည်ဖြစ်၍ ၄င်း၏မျက်နှာတစ်ဝက်ကပင်လျှင် အင်မော်တယ်နယ်မြေများအပေါ်ရှိ ကောင်းကင်တစ်ခုလုံးနီးပါး ဖုံးလွှမ်းသွားစေနိုင်သည်အထိ ကြီးမားသည်။ ထို့ပြင် ၄င်း၏လက်ကြီးသည်လည်း ... အင်မော်တယ်နယ်မြေများကို အမှုန့်ခြေပစ်ရန် အသင့်ပြင်ထားဟန်တူသည်။
" ပြီးတော့ သူက "
ဘုရားကျောင်းထဲက အဖိုးကြီးက ပြောသည်။
" ထာဝရသားတော်သုံးပါးကို တိုက်ခိုက်ခဲ့ရတဲ့ ကောင်းကင်အလွန်က ရန်သူကြီးပဲ "
ဒဏ္ဍာရီများအရ ကောင်းကင်အလွန်မှ ရန်သူကြီးသည် ကြယ်တာရာကောင်းကင်ကြီးကို ဖျက်စီးခဲ့သော်လည်း အင်မော်တယ်နယ်မြေများ၏ အပြင်ဘက်တွင် ထာဝရသားတော်သုံးပါး၏ တားဆီးခြင်း ခံခဲ့ရလေသည်။ ထိုသားတော်သုံးပါးက သူတို့ကိုယ်သူတို့ စတေးကာ ကောင်းကင်အလွန်က ရန်သူကြီးအား ပိတ်လှောင်ကာ အိပ်မောကျသွားစေခဲ့သည်။
နောင်တချိန်တွင် လူ့ဘီလူးကြီးနိုးထလာကာ မျက်လုံးများဖွင့်လာပြီး အင်မော်တယ်နယ်မြေများကို ဖျက်စီးရန် ကြိုးစားလိမ့်မည်ဟူ၍ ပုံပြင်များက ဆိုကြလေသည်။
ပိုင်ရှောင်ချန်းက သေရည် နောက်တစ်ကျိုက် မော့လိုက်သည်။
ဤပုံပြင်ဇာတ်လမ်းကို လွန်ခဲ့သောလပေါင်းများစွာတစ်လျှောက် သူ အကြိမ်ပေါင်းများစွာ ကြားခဲ့ပြီးဖြစ်၍ ဤတစ်ကြိမ်တွင် ၄င်းက သူ့ကို လွန်ခဲ့သော နှစ်ပေါင်းများစွာက အရိုးသင်္ဘောကြီး၏ ကုန်းပတ်နံပါတ်တစ် ပေါ်တွင် မြင်ခဲ့ရသည့် နံရံဆေးရေးပန်းချီကို တွေးမိစေလိုက်သည်။ ယင်းမှာ... တူညီသောဇာတ်လမ်းအလားပင်။
" လူတွေ ပြောကြတာတော့ ... ထာဝရသားတော်သုံးပါးက ကောင်းကင်အလွန်က ရန်သူကြီးကို ပိတ်လှောင်ပြီးတဲ့နောက် ပျက်စီးစေတဲ့အခိုးအငွေ့တွေ ကမ္ဘာတစ်ခုလုံးပြည့်သွားတယ်။ ဒါကြောင့် ထာဝရသားတော်တွေက သူတို့လူတွေကို သူတို့ခန္ဓာကိုယ်ထဲ ခေါ်သွားပြီးတော့ ထာဝရပင်လယ်ရဲ့အောက်ခြေမှာ ရပ်နေကြတဲ့ ဧရာမရုပ်တုကြီးသုံးခုအဖြစ် ပြောင်းလိုက်ကြတာပဲ “
" ထာဝရသားတော်တွေက သူတို့ခန္ဓာကိုယ် ဖြစ်တဲ့ ကမ္ဘာတွေထဲမှာ နေထိုင်ကြတဲ့ သက်ရှိအရာအားလုံးကို ကလေးမွေးဖွားနိုင်စေဖို့ သူတို့ရဲ့ နောက်ဆုံးလက်ကျန်သက်စောင့်အားကို သုံးလိုက်ကြတာလို့လဲ ပြောကြတယ်။ သူတို့ရဲ့ မျိုးဆက်တွေက တော်ဝင်မျိုးနွယ်စုတွေ ဖြစ်လာကြတယ်။ ပြီးတော့ တော်ဝင်မျိုးနွယ်စုထဲက ဧကရာဇ်တွေက လူတွေကို ဦးဆောင်ပြီး ကမ္ဘာကြီးထဲမှာ ဗဟုသုတတွေနဲ့ ကျင့်ကြံခြင်းဆိုင်ရာနည်းလမ်းတွေ ပျံ့နှံ့အောင် ဆောင်ရွက်ကြတယ် “
" နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ပထမဆုံးရုပ်တုကြီး ကြေမွသွားတယ် … အဲဒီကမ္ဘာကြီးကနေ လူတွေထွက်လာပြီး အင်မော်တယ်နယ်မြေတွေကို သူတို့ ပထမဆုံး တွေ့ကြတာလို့ ဒဏ္ဍာရီတွေကလဲ ပြောကြတယ်။ ကောင်းကင်က ထူးဆန်းတဲ့အရာတွေကို သူတို့ မြင်တဲ့အခါမှာတော့ သူတို့ အပြင်ကို ရောက်ရောက်ချင်း အချိန်ကလောက် မပျော်ရွှင်ကြတော့ဘူး။ ဒါပေမဲ့ သူတို့ဧကရာဇ်ရဲ့ လမ်းညွှန်မှုအောက်မှာ အခြေချလာကြပြီး လူဦးရေတိုးပွားလာကြတယ် ... "
ပိုင်ရှောင်ချန်းသည် ဘုရားကျောင်းထဲက ဇာတ်လမ်းကို နားထောင်ရင်း ပြုံးချင်သည့်တိုင် မပြုံးနိုင်ပေ။ ဤသည်က သူ ပထမဆုံး ပုံပြင်နားထောင်ဖူးခြင်းမဟုတ်စေကာမူ သူ နားထောင်မိသည့်အခါတိုင်း ရိုးတွင်းချင်ဆီအထိ တုန်လှုပ်သွားရသည်။
မူရင်းစာရေးသူ အာကန်းဆီမှ မှတ်ချက်။ ။ကျွန်ုပ်တို့ ဝတ္ထုတွေကို ဖတ်ရှုကြတဲ့အခါ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနဲ့ ဝမ်းသာမှုဆိုပြီး အဓိကခံစားချက်လေးခုပါဝင်တာ တွေ့ရှိရပါမယ်။ ဒီဝတ္ထုကတော့ ဆိုးဆိုးဝါးဝါး အဆုံးသတ်ဖြစ်လာလိမ့်မယ်ဆိုပြီး တချို့လူတွေ ထင်ကြေးပေးနေကြတာကိုလည်း ကျွန်ုပ် တွေ့နေရပါတယ်။ အဲဒါကြောင့် ကျွန်ုပ်အနေနဲ့ အင်္ကျီလက်ကိုခါယမ်းပြီး လောကတစ်ခွင်ကြားအောင် အော်ဟစ်ပြောလိုက်ချင်ပါသေးတယ်။
" ဘယ်သူက အဲဒါမျိုး ပြောရဲတာတုန်း… မဖြစ်နိုင်တာကွာ။ အဲဒါမျိုးဘယ်တော့မှ မဖြစ်စေရဘူးလို့ ငါ့ရဲ့ နုနုထွတ်ထွတ်ရုပ်ရည်လေးနဲ့တောင် လောင်းကြေးထပ်လိုက်ချင်သေးတယ် "