← Chapters

ပထမဆုံးတွေ့ရသော မိတ်ဆွေဟောင်းကြီး

Vol. 11 Ch. 1033

ပထမဆုံးတွေ့ရသော မိတ်ဆွေဟောင်းကြီး

Vol. 11 Ch. 1033

လေအေးများသည် ပုံမှန်အတိုင်း တိုက်ခတ်နေပါသော်လည်း တုန်ရီနေသော လူမိုက်သုံးယောက်ကို တိုက်ခိုက်သွားစဥ် သူတို့မှာ ချွေးများစိုရွှဲသွား၏။

" မသေမျိုး "

စွန်းဝူ၏နှုတ်မှ လွှတ်ခနဲထွက်သွားသည်။

" သေချာပေါက် မသေမျိုးတစ်ယောက်ပဲ "

မသေမျိုးတစ်ယောက်အား ဓားဖြင့်ထိုးခဲ့မိသည်ကို တွေးလိုက်ရုံနှင့် စွန်းဝူမှာ ငိုချင်သွားတော့သည်။ အမှန်တွင် သူ့ဘဝအဆုံးသတ်တော့မည်ဖြစ်ကြောင်း သူ သေချာသွားလေပြီ။

" ဒီကောင်က မသေမျိုးဆိုရင် ဘယ်လိုလုပ်ရမလဲ"

လူမိုက်တစ်ယောက်က ပြောသည်။

" ငါ အရင်နှစ်တွေတုန်းက မသေမျိုးတစ်ယောက်ကို တွေ့ခဲ့ဖူးတယ်။ အဲဒီအကောင် ဝက်လိုအပေါ်ခံလိုက်ရတာပဲ"

ဤရောင်ရင်းမှာ သူ အတိတ်က မြင်ခဲ့ရသည်ကို ဝေဝါးနေသည်လော သို့မဟုတ် ဖြောင့်ဖြောင့်ပင်မတွေးနိုင်အောင် အလွန်ကြောက်လန့်နေသည်လော။ မည်သို့ပင်ဖြစ်စေ သူက ပုဆိန်တစ်လက်ကို ကပျာကယာထုတ်ပြီး ပိုင်ရှောင်ချန်း၏ ခေါင်းကို ရွယ်လိုက်သည်။

" သူက မသေမျိုးတစ်ယောက်ဆိုရင် ငါတို့တော့ ဘယ်လိုပဲဖြစ်ဖြစ် သေပြီ။ ဒီတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရမှာပဲ "

လူမိုက်က ဟိန်းဟောက်ကာ ပုဆိန်ကို အားရှိသမျှအကုန် လွှဲချလိုက်သည်။ ၄င်းထိသွားသောအခါ အက်ကွဲသံတစ်သံကြားလိုက်ရကာ ပုဆိန်လက်ကိုင် အစိတ်စိတ်အမြွှာမြွာကွဲအက်သွားလေသည်။ ပုဆိန်အသွားမှာမူ ကျောက်တုံးကြီးကို ထိလိုက်သည့်အလား ခပ်ဝါးဝါးအလင်းအသွင်ဖြင့် နောက်သို့ ဝှီးခနဲကန်ထွက်သွားပြီး လူမိုက်၏မျက်နှာထဲ စိုက်ဝင်သွားတော့သည်။

ဒဏ်ရာမှ သွေးများ စီးမကျခင်ပင် လူမိုက်သည် နောက်သို့ယိမ်းထိုးသွားပြီးနောက် ကျောနှင့် ပစ်ကျကာ သေသွားလေပြီ။

စွန်းဝူနှင့် အခြားလူမိုက်မှာ လိပ်ပြာလွင့်မတတ် ကြောက်သွားတော့သည်။ သူတို့သည် စူးစူးဝါးဝါးအော်ဟစ်၍ လှည့်ပြေးသွားကြ၏။

သူတို့က ကြောက်ကြောက်လန့်လန့်နှင့် မြို့ထဲတွင် နောက်တစ်ညမနေရဲတော့ပေ။ မြင်းများခိုးပြီးနောက် ညအမှောင်ထဲ စီးထွက်သွားတော့သည်။

ဘုရားကျောင်းထဲတွင် လေအေးများသည် ပုဆိန်ခေါင်းစိုက်နေသော မျက်နှာနှင့် အလောင်းပေါ် တိုက်ခတ်သွား၏။ နောက်ဆုံးတွင် သွေးများက မလှုပ်မယှက်ရှိသော အလောင်းကြီး၏ ပတ်လည်တွင် အိုင်ထွန်းလာတော့သည်။

အချိန်အနည်းငယ်ကုန်ဆုံးသွားပြီး ပိုင်ရှောင်ချန်းက သူ၏မျက်လုံးများကို ဖွင့်လိုက်နိုင်လေသည်။ သူက ဝါးရုံတောနှင့် သူ့ဘေးတွင် လဲနေသော အလောင်းကို ကြည့်ပြီးနောက် ကုန်းရုန်းထလိုက်သည်။ အရက်နာကျရင်း နိုးလာသည်ကို စိတ်ပျက်သဖြင့် သူက အရက်အနည်းငယ်ထပ်ဝယ်ရန် အရက်ဆိုင်ကို ဒယိမ်းဒယိုင်သွားလေသည်။ ပြန်လာပြီးနောက် သူက နံရံကိုမှီထိုင်ပြီး သူ၏နံစော်နေသော အဝတ်များနှင့်ဆံပင်ကို သတိမမူမိဟန်ဖြင့် နောက်ထပ်သောက်ပြန်တော့သည်။

များမကြာမီ သေရည်က သူ၏ အတွေးများထဲ ပျော်မွေ့စေကာ မည်သည့်နာကျင်မှုနှင့် ခါးသီးနာကျည်းဖွယ် မှတ်ဉာဏ်များကိုမဆို မေ့ပျောက်သွားစေတော့သည်။

သူ သောက်နေစဥ် ကောင်းကင်ကြီး မည်းမှောင်သွား၏။ မကြာမီ အာရုဏ်ဦး၏ အရိပ်အယောင်များ မိုးကုပ်စက်ဝန်းတွင် မြင်လာရပြီး မဟူရာအမှောင်ထုက စတင်ဆုတ်ခွာလာတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အမူအရာသည် မယုံကြည်နိုင်မှုများဖြင့် ဝင်းလက်သွား၏။ သူက သူ့မျက်လုံးများကို မနီးမဝေးရှိ ဝါးရုံတောထံ အားစိုက်လိုက်ပြီး ရုတ်တရက် တုန်ရီလာတော့သည်။

အမှန်တွင် သူ့လက်က ပြင်းပြင်းထန်ထန် တုန်ယင်လာသည့်အတွက် သေရည်အိုးပင် လွတ်ကျသွားလေသည်။

ထိုနေရာ ၊ ဝါးရုံတောထဲမှ လမ်းလျှောက်ထွက်လာသည်ကား အနက်ရောင်ဝတ်ရုံနှင့် အရပ်မြင့်မြင့်လူတစ်ယောက်ပင်။ သူက ဘုရားကျောင်းနှင့် ဘေးပတ်ဝန်းကျင်ကို မြေအောက်ကမ္ဘာငရဲအဖြစ် ပြောင်းလဲပေးနိုင်သော ရက်စက်ပြီး သရဲကဲ့သို့ စွမ်းအင်တစ်ခုဖြင့် ရစ်ပတ်နေလျက် ညနှင့်တစ်သားတည်း ဖြစ်နေဟန်တူ၏။

ထိုလူက ပိုင်ရှောင်ချန်းထံ လျှောက်လာပြီး သူ့အပေါ် အုပ်မိုးသွားပြီးနောက် စိတ်ထိခိုက်စွာ သက်ပြင်းချလိုက်သည်။ သူစကားပြောသောအခါ ရှေးဆန်သောအသံကြီး ထွက်လာသည်။

" အဲဒီအိုးထဲ ကျန်သေးလား။ ငါ နည်းနည်းပါးပါးလောက် ရနိုင်မလား"

" အစ်ကိုကြီး ... သရဲကြီး ... "

ပိုင်ရှောင်ချန်းမှာ အနက်ရောင်နှင့် အနှီအရပ်မြင့်မြင့်လူအား ကြောင်တောင်တောင်သာ ကြည့်နေနိုင်တော့သည်။

ထိုလူကား သရဲကြီးဘုရင်မှလွဲ၍ တခြားလူမဟုတ်ပေ။

ဤသည်က ထာဝရနယ်မြေများထဲ ရောက်ပြီးနောက် ပိုင်ရှောင်ချန်း ပထမဆုံး တွေ့ဆုံသည့် အသက်ရှင်နေသောမိတ်ဆွေ ဖြစ်ပေသည်။

သရဲကြီးဘုရင်ကိုကြည့်ရသည်မှာ ကောင်းကင်တံတားဒေသကထက် ပို၍အိုမင်းရင့်ရော်နေတော့သည်။ သူ့မျက်နှာပေါ်တွင် အမာရွတ်များရှိ၏။ သူက ထာဝရနယ်မြေများသို့ တည်နေရာရွှေ့ပြောင်းခံခဲ့ရကတည်းက နှစ်ဝက်ကျော်အတွင်း ဘေးဒုက္ခများစွာကို ကြုံတွေခဲ့ရမှန်း သိသာလှသည်။

သူက အလွန်ပင်ပန်းနေေသာအသွင်ဖြင့် ပိုင်ရှောင်ချန်း၏ဘေးတွင် ထိုင်ချလိုက်သည်။ ဘုရားကျောင်းနံရံကို မှီပြီးနောက် သူက သေရည်အိုးကို လှမ်းဆွဲပြီး အားပါးတရ တကျိုက်ကျိုက်မော့ချလိုက်သည်။

ပိုင်ရှောင်ချန်းက ရုတ်တရက် ထရပ်ပြီး ပတ်ဝန်းကျင်သို့ နတ်ဘုရားအာရုံအချို့ ပို့လွှတ်လိုက်သည်။

" လုပ်မနေနဲ့ "

သရဲကြီးဘုရင်က လှည့်ပင်မကြည့်ဘဲ ပြောသည်။

" ကျစ်မိုကော တခြားလူတွေကော ဘယ်ရောက်နေလဲ ငါ မသိဘူး။ ဒီမှာရှိတဲ့ တစ်ယောက်တည်းသောလူက ... ငါပဲ "

ထို့နောက် သူက ဆက်သောက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ရုတ်တရက် ရပ်နေရန်ပင် အားအင်ကုန်ခမ်းသွားဟန်တူသည်။ သူက မြေပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး သရဲကြီးဘုရင်ထံမှ သေရည်အိုးကို ပြန်ယူကာ တစ်ကျိုက်သောက်လိုက်သည်။ သို့သော် ၄င်းမှာ ကုန်နေလေပြီ။ သူက နောက်ဆုံးလက်ကျန် တစ်စက်နှစ်စက်ရရန် ရှေ့နောက်ခါပြီးနောက် ဘေးကို လွှင့်ပစ်လိုက်သည်။

သရဲကြီးဘုရင်က ဘာမှမပြောပေ။

" ခင်ဗျား ကျုပ်ကို ဘယ်လိုရှာတွေ့တာလဲ" ပိုင်ရှောင်ချန်းက အက်ကွဲကွဲအသံဖြင့် မေးလိုက်သည်။

သရဲကြီးဘုရင်က သူ့အိတ်ထဲမှ သေရည်အိုးတစ်အိုးကို ထုတ်ပြီး တစ်ကျိုက်သောက်ကာ ပိုင်ရှောင်ချန်းကို ပစ်ပေးလိုက်သည်။

" နှစ်ဝက်လောက်ရှာပြီးတော့ပေါ့ "

ကမ္ဘာကြီး ပျက်စီးသွားသည့် အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် ကောင်းကင်တံတားတာအိုနှင့် တိုက်ပွဲကြောင့် ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရရှိသွားခဲ့၍ တည်နေရာရွှေ့ပြောင်းပြီးသည်နှင့် သတိလစ်သွားခဲ့သည်။ သို့သော် သရဲကြီးဘုရင်က သတိမလစ်ခဲ့ပေ။ သူက သူ့နည်းတူ ပိုင်ရှောင်ချန်း မိစ္ဆာဧကရာဇ်နိုင်ငံတော်ရှိ တတိယမြောက်အင်မော်တယ်နယ်မြေထံ သယ်ဆောင်သွားခံရသည်ကို စောင့်ကြည့်နေခဲ့သည်။

သူသည် ရှာဖွေခြင်းများအား ချက်ချင်းပင် စတင်ခဲ့၏။ ပိုင်ရှောင်ချန်းနည်းတူ သူက အလောင်းပေါင်းများစွာအား တွေခဲ့ရသဖြင့် နောက်ဆုံးတွင် ခါးသီးနာကျည်းပြီး မျှော်လင့်ချက်များ ကုန်ခမ်းလာခဲ့သည်။ သို့သော် သူသည် ပိုင်ရှောင်ချန်း အသက်ရှင်သည်ဆိုသော ... ယုံကြည်ချက်ကို မြဲမြံစွာ ကိုင်စွဲထားခဲ့၏။

ထိုယုံကြည်ချက်က ယနေ့ သူ့ကို .... ဘုရားကျောင်းအပြင်တွင် အချိန်ဖြုန်းနေသော ပိုင်ရှောင်ချန်းအား နောက်ဆုံး တွေ့သည့်တိုင်အောင် လပေါင်းများစွာ တွန်းပို့ပေးလိုက်သည်။

အမှန်တွင် သရဲကြီးဘုရင်သည်လည်း ပိုင်ရှောင်ချန်းကဲ့သို့ အခြေအနေဆိုး၏။ မြေရိုင်းဒေသက စစ်ပွဲပြီးနောက် ကမ္ဘာကြီး ဖျက်စီးခံလိုက်ရပြီး သူ့သမီးပျောက်ဆုံးသွားလေသည်။ သူသည် တစ်ခါက ဗဟိုဧကရာဇ်နိုင်ငံတော်ရှိ အင်အားကြီးသောကောင်းကင်ဘုရင်တစ်ဆူဖြစ်ခဲ့သော်လည်း ယခုတွင် အရာအားလုံးပြောင်းလဲသွားလေပြီ။

သရဲကြီးမြို့တော်တွင် သူသိမ်းပိုက်ခဲ့သည့် ဇနီးဖြစ်သူကိုလည်း မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် အင်အားကြီးသောသရဲကြီးဘုရင်၏ နှလုံးသားက နောက်ဆုံးတွင် မှောင်မိုက်လာတော့သည်။

သူ တစ်ခါက အုပ်ချုပ်ခဲ့သည့်လူများနှင့် သူ၏ယခင်ဂုဏ်ကျက်သရေအပေါင်းမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏ ... ၎င်းတို့သည် အတိတ်က အကြောင်းအရာများအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။ ယခု သူက ထာဝရနယ်မြေများတွင် ... အစမှပြန်စရန် တစ်ယောက်တည်း ဖြစ်နေလေပြီ။

ယခု သူ မည်မျှအသက်ကြီးသည်ကို စဥ်းစားကာ ဒုံရင်းဘဝသို့ ပြန်ရောက်နေသည့်အတွေးကြောင့် သူ ခါးသီးနာကျည်းစွာ သက်ပြင်းမိလိုက်သည်။ အနိမ့်ဆုံးအခြေအနေရောက်သည့်အချိန်တွင် ထာဝရနယ်မြေများ၌ သေရည်က အံ့ဩဖွယ်ကောင်းသောအရာတစ်ခုဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေသည်။

ဤသေရည်က သာမန်လူများကိုသာမက မသေမျိုးများကိုလည်း မူးယစ်စေနိုင်သည်။

ပိုင်ရှောင်ချန်းက နောက်တစ်ကျိုက်သောက်လိုက်ပြီး အဝေးကို တခဏကြာ စိုက်ကြည့်နေ၏။ နောက်ဆုံးတွင် သူက ပြောသည်။

" ခင်ဗျား တွေ့လား ... "

သူ မည်သည့်အကြောင်း ပြောနေသည်ကို သရဲကြီးဘုရင် သိမည်ဟု သေချာသဖြင့် သူက သူ့စကားကို အဆုံးမသတ်လိုက်ပေ။

တခဏကြာပြီးနောက် သရဲကြီးဘုရင်က ပြန်ဖြေသည်။

" အသက်ရှင်တဲ့ တခြားတစ်ယောက်ယောက်ကို ငါ တွေ့တာလား။ မင်းက ငါ တွေ့တဲ့ တစ်ယောက်တည်းသောလူပဲ။ ဒါပေမဲ့ တည်နေရာရွှေ့ပြောင်းရာမှာ လူအများကြီး သေခဲ့ပေမယ့် အသက်ရှင်ကျန်ခဲ့တဲ့လူတချို့ ရှိတယ်ဆိုတာ သေချာတယ်။ ငါ ကြယ်တာရာကောင်းကင်ကိုဖြတ်ပြီး ပျံသန်းနေကြတဲ့လူတွေအများကြီး တွေ့ခဲ့တယ်ကွာ "

ပိုင်ရှောင်ချန်းက မဟူရာကောင်းကင်ကြီးကိုသာ တိတ်ဆိတ်စွာ ကြည့်နေသည်။

သူ ထိုသို့ ကြည့်ရှုနေစဥ် ထာဝရနယ်မြေများ၏ အခြား အင်မော်တယ်နယ်မြေများပေါ်တွင် ထိုသို့ကြည့်နေကြသည့် တခြားလူများလည်း ရှိ၏။ သူတို့က မတူညီသောနယ်မြေများ၊ မတူညီသော ကုန်းမြေထုများ၊ မတူညီသော နိုင်ငံများမှာ ရှိနေသည်။ တချို့က မြို့များထဲ၊ အချို့က သဲကန္တာရများထဲ… သို့သော် သူတို့အားလုံး၏ သွေးကြောများထဲ၌ ကောင်းကင်တံတားနယ်မြေများ၏ သွေးများစီးဆင်းနေပြီး လူအားလုံးမှာ မရင်းနှီးသော ညကောင်းကင်ကြီးအား မော့ကြည့်နေကြလေသည်။

သူတို့သည် ကြယ်အစုအဝေးကြီးအလား သူတို့၏ ကံကြမ္မာကို ဒူးထောက်အရှုံးမပေးလိုဘဲ ပြင်းပြသောစိတ်ဆန္ဒအသီးသီးဖြင့် တလက်လက်တောက်ပနေကြပေသည်။

လီချင်းဟောက်၊ စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၊ နတ်ဆရာ၊ ရွှီပေါက်ချိုင် …

ကျိုးကျစ်မို၊ စုန့်ကျင်းဝမ် ...

ဘရူဆာသည်လည်း ထိုနေရာတွင် ရှိနေသည်။ ပိုင်ရှောင်ချန်းက ရူးသွပ်သွားခဲ့၍ တိုက်ပွဲ၏ နောက်ဆုံးဗျာများရသော အခိုက်အတန့်များတွင် ဘရူဆာအကြောင်း မေ့သွားခဲ့သည်။ ထာဝရနယ်မြေများထံ တည်နေရာရွှေ့ပြောင်းခံရပြီးနောက် ဘရူဆာက သူစိမ်းများအကြားရောက်နေသည်ကို တွေ့ခဲ့ရ၍ ကြောက်လန့်နေခဲ့သည်။ ပိုင်ရှောင်ချန်း၏ အရှိန်အဝါကို အာရုံမရသော်လည်း သူသည် အခြားရင်းနှီးသောအငွေ့အသက်များအား အာရုံရလိုက်သည်။ ထို့နောက် အချိန်တစ်ခုအထိ ရှာပြီးနောက် သူ စုန့်ကျင်းဝမ်ကို ရှာတွေ့ခဲ့လေသည် ...

ထိုအချိန်တွင် ရင်းနှီးသောအငွေ့အသက်များက စုန့်ကျင်းဝမ်ထံမှ မဟုတ်ဘဲ သူမ၏ဝမ်းဗိုက်ထဲမှ လာနေကြောင်း သူ သဘောပေါက်လိုက်သည် ...

သွေးက ရင်းနှီးသော်လည်း အရှိန်အဝါကတော့ မဟုတ်ပေ။ ဘရူဆာမှာ နားမလည်တော့။ သို့သော် စုန့်ကျင်းဝမ်၏ ပီတိအပြုံးကို မြင်သောအခါ သူသည် သူမကို ကာကွယ်ရမည်ဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ထဲက အရှိန်အဝါကိုလည်း ကာကွယ်ရမည်ဖြစ်ကြောင်း သိလိုက်လေသည်။

ဘရူဆာသည် ဤထူးဆန်းသောနယ်မြေတွင် သူမြင်ရန် တောင့်တနေသော ရင်းနှီးသည့်မျက်နှာကို အနှေးနှင့်အမြန် တွေ့တော့မည်ဖြစ်ကြောင်း သိထားသည် ...

All Chapters