← Chapters

စီရင်စု ဆယ့်ခုနစ်စုကို လှုပ်ယမ်းပစ်မည့်ဓား

Vol. 11 Ch. 1038

စီရင်စု ဆယ့်ခုနစ်စုကို လှုပ်ယမ်းပစ်မည့်ဓား

Vol. 11 Ch. 1038

" တတိယအယ်မော်တယ်နယ်မြေမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ပညာရှင် ဆယ့်ခုနစ်ယောက်ရှိတယ် "

သရဲကြီးဘုရင်က ပြော၏။

" ဒေသခံတွေကတော့ သူတို့ကို ဆရာကြီးတွေလို့ ခေါ်ကြတယ် “

" ဒါပေမဲ့ ငါတို့မလှုပ်ရှားခင် ထွက်ပြေးဖို့လမ်းကြောင်းကို သေချာပြင်ဆင်ထားသင့်တယ်။ ငါ ဒီနတ်အဆင့်ကျင့်ကြံသူရဲ့ မှတ်ဉာဏ်တွေထဲက တတိယအင်မော်တယ်နယ်မြေရဲ့ မြေပုံတစ်ခုကို တွေ့လိုက်တယ်။ အနောက်မြောက်တည့်တည့်တစ်နေရာ ၊ စီရင်စုရဲ့ တစ်ဝက်လောက်မှာ မြင့်မြတ်တဲ့ပင်လယ်ကြီးတစ်စင်းရှိတယ် "

ထို့နောက် သူက ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ပြီး နတ်ဘုရားအာရုံမှတစ်ဆင့် အချက်အလက်တစ်ချို့ တံဆိပ်ရိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို ပစ်ပေးလိုက်သည်။

ပိုင်ရှောင်ချန်းက ၄င်းကို လေထဲမှ ဖမ်းဆွဲပြီး ကြည့်လိုက်သည်။ ၄င်းတွင် တတိယအင်မော်တယ်နယ်မြေ၏ ယေဘုယျမြေပုံတစ်ခုသာမက စီရင်စုအမျိုးမျိုးကို ကြီးကြပ်သည့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများအကြောင်း အချက်အလက်များလည်း ပါ၏။ အချက်အလက်များက အသေးစိတ်မကျသော်လည်း အတန်အသင့် ပြည့်စုံသည်။

ပိုင်ရှောင်ချန်းသည် အစောပိုင်းက သရဲကြီးဘုရင် ဖော်ပြခဲ့သည့် အသေးစိတ်အကြောင်းစုံကို သတိထားမိလိုက်သည်။

သရဲကြီးဘုရင်မှာ သတ်ဖြတ်လိုစိတ်များဖြင့် မျက်ဝန်းများတောက်ပနေကာ ပြော၏။

" တစ်ယောက်တစ်နေရာစီကိုသွား၊ နတ်ဘုရားတစ်ပိုင်းတစ်ယောက်ကို သုတ်သင် ပြီးတော့မှ ပြန်ဆုံကြရင် ဘယ်လိုလဲ “

" ကျုံးရှန်စီရင်စုရဲ့ သခင် ချန်ယွမ်ကျစ်က အစောပိုင်းနတ်ဘုရားတစ်ပိုင်းအဆင့်မှာပဲ ရှိတာ။ ငါ သူ့ကို ကိုင်တွယ်နိုင်တာ လုံးဝ သေချာတယ်။ ကျုံးရှန် စီရင်စုဘေးက လီလောင်ဟိုင်လို့ခေါ်တဲ့ ဆရာကြီးတစ်ယောက် အုပ်ချုပ်နေတဲ့ တိမ်ပင်လယ်စီရင်စု။ သူက နှောင်းပိုင်းနတ်ဘုရားတစ်ပိုင်းအဆင့်မှာ။ ရှောင်ချန်း… မင်းသူ့ကို ကိုယ်တွယ်ရင် ဘယ်လိုလဲ"

ပိုင်ရှောင်ချန်းက အဖြေအတိအကျမပေး၊ သူ့မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်က ပြောရန်လိုအပ်သည့် အရာရာတိုင်းကို ပြောပြနေ၏။ သရဲကြီးဘုရင်က ခေါင်းညိတ်ပြီး အချက်အလက်အချို့အား ဆက်ရန် ပြင်လိုက်စဥ် ပိုင်ရှောင်ချန်းက ပြောသည်။

" သရဲမယ်တော်က ဒီနေရာတစ်ခုလုံးကို အုပ်ချုပ်တာဆိုတော့ သူ သေချာပေါက်သတိထားမိမှာပဲ။ ကျုပ်တို့ မြန်မြန်လုပ်ဖို့လိုတယ်။ ပြီးတော့ ကျုပ်တို့ ပြန်ဆုံဖို့ နေရာကောင်းတစ်ခု ရွေးရမယ်။ ကျုပ်တို့ထဲက တစ်ယောက်ယောက် နောက်ကျရင် ထိုင်စောင့်မနေတော့ဘူး။ တတိယအင်မော်တယ်နယ်မြေကနေ ထွက်ခွာပြီး သူတော်စင်ဧကရာဇ်နိုင်ငံတော်ဆီ တန်းသွားရမယ် "

ပိုင်ရှောင်ချန်းက အစီအစဥ်ဆွဲရာတွင် ပါဝင်လာသည့်အချက်က သရဲကြီးဘုရင်၏အမူအရာကို သိသိသာသာ ဝင်းလက်သွားစေတော့သည်။ သူသည် မြေရိုင်းဒေသရှိ အရာခပ်သိမ်းကို ပိုင်ရှောင်ချန်း မည်သို့ကိုယ်တွယ်ခဲ့ပုံနှင့်ပတ်သက်၍ အမြဲ အထင်ကြီးခဲ့ရသည် မဟုတ်ပါလော။ နောက်ထပ်အချိန်အနည်းငယ်ကြာသည်အထိ သူတို့နှစ်ယောက် ဆက်လက်ဆွေးနွေးပြီး အစီအစဥ်ကို ထပ်မံမွမ်းမံလိုက်ကြသည်။ နောက်ဆုံးတွင် သရဲကြီးဘုရင်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။

" ဘေးကင်းဖို့က ပထမ "

သူက ဆို၏။ ထို့နောက် သူက လှည့်၍ ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ပိုင်ရှောင်ချန်းသည် သူ တစ်နှစ်တာ ကောင်းစွာ ကုန်ဆုံးခဲ့သည့်နေရာဖြစ်သော ဘုရားပျက်ကြီးကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူက ဆီးနှင်းများ၊ မိုးရေစက်များနှင့် ကွဲနေသောအရက်အိုးကို ကြည့်သည်။

နောက်ဆုံးတွင် သူက နတ်ဘုရားအာရုံများကို ပို့လွှတ်ကာ တစ်မြို့လုံးကိုလွှမ်းခြုံစေလိုက်သည်။ ယခုတွင် သူ၏မျက်ဝန်းများမှာ နောက်ဆုံးအကြိမ်အဖြစ် သူ၏သက်စောင့်အားမီးတောက်က ပြန်လည်တောက်လောင်လာသည့်အလား တောက်ပစွာ လင်းလက်နေလေပြီ။

" ထွက်သွားဖို့ အချိန်ကျပြီ ... ငါ့မိတ်ဆွေ သရဲကြီးဘုရင် မှန်တယ်။ ငါ အခုတော့ သိပြီ ... မျှော်လင့်ချက်…။ ကောင်းကင်တံတားလူတွေအတွက် မျှော်လင့်ချက်၊ ငါကိုယ်တိုင်အတွက် မျှော်လင့်ချက်၊ ဟောက်အာအတွက် မျှော်လင့်ချက် “

သူက သူ့လက်ခုံပေါ်ရှိ အမာရွတ်ကို ငုံ့ကြည့်လိုက်သည်တွင် လွန်ခဲ့သောလပေါင်းများစွာက ဖြစ်ခဲ့သည်ထက် လုံးလုံးလျားလျား ခြားနားနေတော့သည်။ ယခုတွင် သူက ဆရာကြီးဆယ့်ခုနစ်ဦးအား မကြာခင် တဖိန့်ဖိန့်တုန်အောင် ကြောက်လန့်သွားစေမည့် ဓားအိမ်တွင်းမှ မထုတ်ရသေးသော ဓားတစ်ချောင်းအလားပင်။

" ငါ့တာအိုက အမြဲ ထာဝရအသက်ရှည်ဖို့၊ ငါ့မိတ်ဆွေတွေနဲ့ မိသားစုတွေအားလုံးကိုလည်း အလားတူ အမြဲ ထာဝရအသက်ရှည်စေဖို့ဆိုတဲ့ အခွင့်အရေး ရရှိစေဖို့ပဲ။ "

" တိုက်ခိုက်တာတွေ သတ်ဖြတ်တာတွေအပေါ် ငါ ထပ်သံသယဝင်မနေတော့ဘူး။ ငါ ထာဝရအသက်ရှည်ချင်ရင် ငါ့လမ်းတစ်လျှောက်မှာရှိတဲ့ အခက်အခဲတွေ ဆူးငြှောင့်ခလုတ်တွေကို ရင်ဆိုင်ရမှာပဲ။ လက်ထဲမှာ ဓားမရှိဘဲ ငါ့လမ်းကြောင်းကို ပိတ်ဆို့နေတဲ့ ဆူးပင်ချုံနွယ်တွေကို ဘယ်လိုလုပ် ခုတ်ထွင်ရှင်းလင်းသွားနိုင်မလဲ “

" ငါ သေရမှာ ကြောက်နေတုန်းပဲ။ ဒါပေမဲ့ ကြောက်နေတာက ... အသုံးမဝင်ဘူး။ ကောင်းတစ်ခုခုဖြစ်စေမယ့် တစ်ခုတည်းသော အရာက ပိုသန်မာလာဖို့ပဲ။ ငါက ဘယ်သူမှသတ်လို့မရတဲ့ လူမျိုး ဖြစ်ဖို့လိုတယ်။ ဒါက ငါ့မဟာတာအိုကို ကာကွယ်ဖို့နည်းလမ်းပဲ "

သူက ရှေ့တစ်လှမ်းလှမ်းရန် ခြေထောက်ကို မြှောက်လိုက်ပြီး ခြေပြန်ချလိုက်သည့်အခါ ဆီးနှင်းမိုးပေါက်များ ရပ်တန့်သွားဟန်တူသည်။

သတိပြု၍မရနိုင်သော အခိုးအငွေ့များ ရုတ်တရက် အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည့်အလားပင်။

" အချိန်အခါသာ သင့်ပါစေ… ငါက ကောင်းကင်နဲ့မြေပြင်မှာရှိတဲ့အရာအားလုံးကို ဖျက်စီးပစ်နိုင်တယ်လို့ ကောင်းကင်တံတားကလူတွေက အမြဲပြောကြတယ်။ အေး… အခု ငါတို့ ကောင်းကင်တံတားကလူတွေကို ကျွန်ပြုချင်တဲ့ အင်ပါယာနိုင်ငံတော်နဲ့ လက်ခံလိုတဲ့နိုင်ငံကို တွေ့ပြီ။ အဲဒီနှစ်နိုင်ငံလုံးကို ငါ တကယ် ဖျက်စီးပစ်နိုင်မလား ကြည့်ဖို့ အချိန်ကျလာပြီ ထင်တယ် "

ထို့နောက် သူက ပျောက်ကွယ်သွားပြီး အပေါ်ထက် လေထဲ ပြန်ပေါ်လာ၏။

သူ၏အရှိန်အဝါကို ဖုံံးကွယ်ထားသည့်အတွက် နတ်ဘုရားတစ်ပိုင်းအဆင့်၏ အထွတ်အထိပ်ရှိ လူတစ်ယောက်ပင် သူ့ကိုသတိထားမိနိုင်မည် မဟုတ်ပေ။ တစ်စုံတခု သတိထားမိလောက်မည့် တစ်ဦးတည်းသောလူကား .... ကောင်းကင်ဧကရာဇ်တစ်ပါးသာ ဖြစ်ပေမည်။

ယခုတွင် ပိုင်ရှောင်ချန်းသည် ထိုအထွတ်အထိပ်အဆင့်ကို ကျော်လွန်ခဲ့ပြီးဖြစ်သည်။ ထိုမျှသာမက သူက ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏အထွတ်အထိပ်ဟူ၍ပြောရန်မှာလည်း အပြည့်အဝမှန်ကန်မည်မဟုတ်ပေ။ ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏အထွတ်အထိပ်ပင် ... သူ့အတွက် ပြိုင်ဘက်ဖြစ်မည် မဟုတ်ပေ။

သူသည် ကောင်းကင်ဧကရာဇ်အစစ်တစ်ပါးနှင့် တိုက်ခိုက်ရန် အဆင့်မှာ မဟုတ်သေးသော်လည်း အမှန်တကယ်အားဖြင့် သူ၏အတိုက်အခိုက်စွမ်းရည်သည် … ထိုကောင်းကင်ဧကရာဇ်တစ်ပါးနှင့် အတူတူပင် ဖြစ်သည်။

" အဲဒီ သွေးပဏ္ဍာကိုယူပြီး သူတော်စင်ဧကရာဇ်နိုင်ငံတော်ကို သွားရမယ်... အဲဒီနေရာမှာ ငါရခွင့်ရှိမယ့် ရင်းမြစ်တွေနဲ့ဆို ငါ အဆင့်တက်ပြီး ကောင်းကင်ဧကရာဇ်အစစ်တစ်ပါး ဖြစ်နိုင်တယ် "

သူ၏အတွေးရထားက ထိုနေရာရောက်သော် သူက စိတ်ပျက်ခြင်းများနှင့် စိတ်ဓာတ်ကျခြင်းများအားလုံးကို မြှုပ်နှံလိုက်သည်။ ထို့နောက် သူ ရိပ်ခနဲလှုပ်ရှားလိုက်တော့သည်။

***

တိမ်ပင်လယ်စီရင်စုသည် ကျုံးရှန်စီရင်စု၏ ဘေးကပ်ရက်တွင် ရှိသည်။ ကျုံးရှန် စီရင်စုတွင် မရေမတွက်နိုင်သောတောင်ထိပ်များ ပြည့်နှက်နေကာ တိမ်ပင်လယ်စီရင်စုမှာမူ လွင်ပြင်ကျယ်ကြီးတစ်ခုဖြင့် ပြုလုပ်ထားပေသည်။ ထိုနေရာရှိ ကောင်းကင်နှင့်မြေကြီး၏ စိတ်စွမ်းအင်များသည် အခြားစီရင်စုအများစုထက် သာလွန်သည်ဖြစ်၍ ကျင့်ကြံခြင်းအားထုတ်ရန် တတိယအင်မော်တယ်နယ်မြေထဲတွင် အကောင်းဆုံးနေရာများအနက် တစ်နေရာ ဖြစ်သည်။

သို့ဖြစ်၍ ဤနေရာရှိ ဆရာကြီးသည် သေချာပေါက် သာမန် အစောပိုင်းနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်မည်မဟုတ်ပေ။ နှောင်းပိုင်းနတ်ဘုရားတစ်ပိုင်းအဆင့်ရှိ လူတစ်ယောက်သာ ထိုကဲ့သို့နေရာတစ်နေရာအား ကြီးကြပ်ရန် ယုံကြည်၍ ရလောက်မည် ဖြစ်သည်။

တိမ်ပင်လယ်စီရင်စုတွင် ဘေးပတ်ဝန်းကျင်စီရင်စုများထက် ပိုမိုများပြားသော နတ်အဆင့်ကျင့်ကြံသူများလည်းရှိသည်။ အုပ်ချုပ်ရေးအဖွဲ့ကိုးဖွဲ့နှင့် မြို့ကြီးမြို့ငယ်တစ်ရာကျော်ရှိပြီး ကျယ်ပြန့်သော ဆေးပင်စိုက်ခင်းများက ဝန်းရံထား၏။

ဆရာကြီးလီလောင်ဟိုင်၏ တရားဝင်နေအိမ်သည် တိမ်ပင်လယ်စီရင်စု၏ အလယ်ဗဟိုရှိ လူစည်ကားသော မြို့တော်ထဲတွင် ရှိသည်။ ထိုနေရာကား အကျယ်ပြန့်ဆုံး ဆေးပင်စိုက်ခင်းများ တည်ရှိရာလည်း ဖြစ်၏။

မြေရိုင်းဒေသရှိ ဗဟိုဧကရာဇ်မြို့တော်ပင် အရွယ်အစားအရ ဤမြို့တော်နှင့် မယှဥ်နိုင်ပေ။ ယခုအချိန်တွင် နေဝင်ဆည်းဆာ၏ အရိပ်များအောက်ဝယ် မြို့တော်ကို ပြည့်နှက်နေသော တလက်လက်မီးအိမ်အလင်းရောင်များက လွန်စွာအသက်ဝင်သော မြင်ကွင်းတစ်ခုကို ဖန်ဆင်းနေတော့သည်။

ကျင့်ကြံသူများဖြစ်စေ၊ သာမန်လူများဖြစ်စေ မြို့လမ်းသွယ်လမ်းမများထက်တွင် ဟိုမှသည် ဥဒဟို သွားလာနေကြ၏။ မြို့ထဲတွင် ပျံသန်းခြင်းကို တားမြစ်ထားပြီး ကင်းလှည့်တပ်သားအဖွဲ့များကို မြို့အနှံ့ မြင်နိုင်လေသည်။

မကြာမီ ပိုင်ရှောင်ချန်းသည် ခပ်ဝေးဝေးရှိ လေထဲတွင် ပေါ်လာကာ မြို့တော်၏ ဆူညံပွက်လောက်ရိုက်နေသည့်မြင်ကွင်းအား မြင်နေရသလို အသံဗလံများကိုလည်း ကြားလိုက်ရသည်။

ထိုသည်က သူ့အတွက် ထာဝရနယ်မြေများရှိ မြို့ကြီးတစ်မြို့ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်သည့်တိုင် အံ့သြစရာကောင်းသောမြင်ကွင်းတစ်ရပ် ဖြစ်နေသေးသည်။

" ထာဝရနယ်မြေတွေက ... တကယ်ကြီးမားတာပဲ "

သူ့ရှေ့တည့်တည့်ရှိ လမ်းကိုကြည့်၍ သူက ဆက်သွားလိုက်သည်။ ပျံသန်းခြင်းကို တားမြစ်ထားသော ကန့်သတ်မန္တန်များ ရှိပါသော်လည်း ပိုင်ရှောင်ချန်း၏ ထာဝရပြုစားသိုင်းနှင့် ကျင့်ကြံခြင်းအခြေခံကို တားဆီးရာတွင် အသုံးမဝင်ချေ။ တခဏလေးအတွင်း သူသည် မြို့တော်၏ အလယ်တည့်တည့်ရှိ လေထဲပေါ်လာကာ အောက်ဘက်ရှိ တစ်နေရာကို ငုံ့ကြည့်နေသည်။

ထိုနေရာတွင် ဒေသခံကျင့်ကြံသူများ နေ့ရောညပါ စောင့်ကြပ်နေကြသော ဧရာမကျောက်ဂိတ်တံခါးကြီးတစ်ခု ရှိသည်။ ထိုကျောက်ဂိတ်တံခါးကြီးထဲတွင် လီလောင်ဟိုင် ဖန်တီးထားသော သူ၏ကိုယ်ပိုင်အင်မော်တယ်ဂူပါဝင်သည့် လွင်ပြင်ကြီးတစ်ခုရှိသည်။

လီလောင်ဟိုင်သည် တံခါးပိတ်ကျင့်ကြံခြင်းဖြင့်သာ သူ၏အချိန်အများစုကို ကုန်ဆုံးလေ့ရှိပြီး လူပုံအလယ် တွေ့ရခဲ၏။ သူက မိစ္ဆာဧကရာဇ်က ကောင်းကင်ဧကရာဇ်များအတွက် အမိန့်များ ပေးပို့လာသည့်အခါမှသာ ထွက်လာတတ်သည်။ လွန်ခဲ့သော လပေါင်းများစွာက ကောင်းကင်တံတား၏လူအများ ထာဝရနယ်မြေများအထဲ တည်နေရာရွှေ့ပြောင်းခံရပြီးသည့်နောက်တွင် သူသည် မကြာခဏ ထွက်လာတတ်၏။ အခြားသူများနည်းတူ သူသည် ကောင်းကင်တံတားနယ်မြေမှလူများ၏သွေးများအား စိတ်ဝင်စားလေသည်။ တိမ်ပင်လယ်စီရင်စုတွင် ဖမ်းမိသည့် ထိုသွေးများရှိသောမည်သူ့ကျင့်ကြံသူမဆို သူ့ထံသို့ တိုက်ရိုက်အပို့ခံကြရသည်။

ကျောက်တံခါးကြီးအား ကြည့်ရှုပြီးနောက် ပိုင်ရှောင်ချန်းက ခြေတစ်လှမ်းတိုးကာ ၄င်းရှေ့တည့်တည့် ရောက်သွားစေလိုက်သည်။ နတ်အဆင့်ကျင့်ကြံသူသုံးယောက်သည် ထိုနေရာကို စောင့်ကြပ်ကာ တင်ပျဥ်ခွေထိုင်နေ၏။ ကောင်းကင်ဧကရာဇ်တစ်ပါးထံမှ ဓမ္မအမိန့်တစ်ခု မပြောသရွေ့ မည်သည့်လူပုဂ္ဂိုလ်ကိုမဆို သူတို့ ဝင်ခွင့်ပေးမည် မဟုတ်ပေ။

သို့သော် ပိုင်ရှောင်ချန်းက သူတို့အကြားတွင် ပေါ်လာခဲ့ကြောင်း သူတို့ သိပင်မသိလိုက်ပေ။ သူက မတူညီသော ဟင်းလင်းပြင်တစ်ခုတွင် တည်ရှိနေသည့်အလားပင်။

သူက သူတို့ကို လျစ်လျူရှုကာ ကျောက်တံခါးထံ အေးအေးလူလူ လမ်းလျှောက်သွား၏။ လှိုင်းဂယက်လေးတစ်ခုဖြစ်စေ၊ စွမ်းအင်အခိုးအငွေ့တစ်မျှင်ဖြစ်စေ ထွက်မလာပေ။ သူသည် ပကတိတိတ်ဆိတ်ငြိမ်သက်စွာဖြင့် အင်မော်တယ်ဂူထဲ ပေါ်လာတော့သည်။

သူပေါ်လာသည့်နေရာကား အမှန်တကယ်တွင် လွင်ပြင်၏ တစိတ်တပိုင်းသာဖြစ်သည်။ လွင်ပြင်၏အလယ်တွင် ထောင့်ဖြတ် မီတာ ၃၀၀၀၀ခန့် ရှိ ဆေးပင်စိုက်ခင်းကြီးတစ်ခင်းရှိသည်။ ထိုနေရာတွင် ဆေးပင်အမျိုးအစားပေါင်းစုံ ပေါက်ရောက်နေပြီး အများစုမှာ ယခင်က ပိုင်ရှောင်ချန်း တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ကျောမှာဘုကြီးနှင့် အဘိုးကြီးတစ်ယောက်က လေထဲတွင် မျောလွင့်နေသော လူ့ခန္ဓာကိုယ်ရာပေါင်းစွာ၏ အလယ်တွင် ရပ်နေပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်နေသည်။ ထိုခန္ဓာကိုယ်များမှာ အသက်ရှိနေသည်လား၊ သေနေသည်လား ပြောရန်မဖြစ်နိုင်ပေ။

သူက စိတ်လှုပ်ရှားစွာြဖင့် အော်ဟစ်ရယ်မောလုနီးပါး ကျယ်လောင်စွာ ပြောသည်။

" ဝိညာဥ်ဆေးကို ဝိညာဥ်သွေးမျိုးစပ်ခြင်းအဖြစ် ငါ မြှင့်တင်ရမယ်။ ဒါအလုပ်ဖြစ်ရင်တော့ အင်ပါယာမြို့တော်ကို ငါ ပဏ္ဍာ သွားဆက်သရင် ဆုလာဘ် ရက်ရက်ရောရောရမှာပဲ"

All Chapters