← Chapters

သရဲမယ်တော်နှင့် ပြင်းထန်သောတိုက်ပွဲ

Vol. 11 Ch. 1042

သရဲမယ်တော်နှင့် ပြင်းထန်သောတိုက်ပွဲ

Vol. 11 Ch. 1042

အရိုးဖွတ်ကြီးက ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်ထံသို့ ကောင်းကင်ကိုဖြတ်၍ တဟုန်ထိုးသွားနေစဥ် သရဲမယ်တော်၏ ခေါင်းထဲ၌ မရေမတွက်နိုင်သော အတွေးပေါင်းများစွာ ဖြတ်ပြေးသွား၏။

အတန်ငယ်ဝေးသောနေရာမှပင် ပတ်ပတ်လည်ရှိ လေများကို ပုံပျက်ရှုံ့တွသွားစေသော အရိုးဖွတ်ကြီး၏ ကြောက်မက်ဖွယ်စွမ်းအင်များကို မြင်နိုင်ပေသည်။

ကောင်းကင်တံတားဒေသတွင် ယခုကဲ့သို့ အင်အားကြီးမားသော အရိုးဖွတ်ကြီးမျိုးသည် ဖြတ်သွားရုံနှင် တောင်များပြိုကျ၍ မြေပြင်များအား ဖွတ်ဖွတ်ညက်ညက်ကြေသွားစေနိုင်သည်။ သို့သော် ဤသည်မှာ ထာဝရနယ်မြေများဖြစ်သောကြောင့် အင်အားကြီးမားသော စွမ်းအင်အခိုးအငွေ့များသည် ပတ်ပတ်လည်ကုန်းမြေထုများကို ဘာမှမဖြစ်စေဘဲ တလိပ်လိပ်လှိုင်းထနေသော ထာဝရပင်လယ်ကိုမူ ထည့်ပြောစရာပင် မလိုတော့ပေ။

ဧရာမဖွတ်ကြီးနှင့်ယှဥ်ပါက ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်မှာ ပိုးကောင်လေးများအလားပင်။

ဖွတ်ကြီး၏ ပြင်းထန်သောစွမ်းအင်များက နီးသထက် နီးလာစဥ် သရဲကြီးဘုရင်မှာ သူ၏ကျင့်ကြံခြင်းအခြေခံ မတည်မငြိမ်ဖြစ်လာကြောင်း အာရုံရလိုက်သဖြင့် ရင်တဒိန်းဒိန်းခုန်လာတော့သည်။

" ဘယ်လို သင်္ဘောကြီး တုန်း "

သူက အံ့သြတုန်လှုပ်လျက် ခေါင်းကျိမ်းသွားကာ ပြောလိုက်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့အိတ်ထဲမှ လသဏ္ဍာန်အလင်းတစ်ခု ထွက်လာ၏။ ၄င်းသည်ကား ကောင်းကင်တံတားတာအိုနှင့် တိုက်ပွဲအတောအတွင်း ထွက်ပေါ်လာခဲ့သော သူ၏ငွေစန္ဒာပန်းဖြစ်လေသည်။

ယခင်နှစ်၏အချိန်အများစုအား ပြန်လည်ကုသရာတွင် အချိန်ပေးပြီးနောက် ငွေစန္ဒာပန်းသည် ပုံမှန်နီးပါး ပြန်ဖြစ်သွား၏။ ထို့အပြင် အိမ်၏ အငွေ့အသက်နှင့် ကောင်းကင်နှင့်မြေကြီး၏ ရင်းနှီးသော စိတ်စွမ်းအင်များက သူ့ကို စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားစေသည်။ ပိုင်ရှောင်ချန်းက စေခိုင်းမှုကြောင့် ငွေစန္ဒာပန်းသည် သရဲကြီးဘုရင်ထံ တဟုန်ထိုးသွားပြီး သူ့ကို အရိုးသင်္ဘောကြီး၏ ဖိအားထံမှ အတိုင်းအတာတစ်ခုအထိ ခုခံပေးရင်း သူ့ပတ်လည်တွင် အကာအကွယ်ပေးကာ ရစ်ပတ်လိုက်သည်။

သရဲကြီးဘုရင်က ငွေစန္ဒာပန်းကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွား၏။ အထူးသဖြင့် ၄င်းက နတ်ဘုရားတစ်ပိုင်းအဆင့်၏ မဟာစက်ဝန်းနှင့်ညီမျှသော အခိုးအငွေ့များအား ထုတ်လွှတ်နေသည်ကို ခံစားမိသောအခါတွင် ဖြစ်ပေသည်။

" ဘာ ကြီး တုန်း ဟ .... မင်းဘကြီးတဲ့မှ နတ်ဘုရားတစ်ပိုင်းအဆင့်မဟာစက်ဝန်း... ငါ...ငါ့ထက်တောင် အစွမ်းထက်နေပါရော့လား “

ငွေစန္ဒာပန်းထံမှ ထည့်ပေါင်းလိုက်သော အားက သရဲကြီးဘုရင်ကို အရှိန်တင်ပေးလိုက်ပြီး ပိုင်ရှောင်ချန်းနှင့်အတူ သူသည် ထာဝရပင်လယ်အတွင်း ပျံပြေးလိုက်သည်။

သူတို့နှစ်ယောက်က တစ်ချိုးတည်း လစ်ပြေးသွားကြစဥ် အရိုးဖွတ်ကြီး၏ မျက်လုံးများထဲတွင် အနက်ရောင်မီးတောက်များ ရုတ်ချည်း တောက်လောင်လာကာ အတိုင်းအတာတစ်ခုထိ အသိဉာဏ်ရှိသွားစေသည်။ တချိန်တည်းမှာပင် သရဲမယ်တော်က မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ ဖွတ်ကြီး၏ ပါးစပ်ဟသွားပြီး ပိုင်ရှောင်ချန်းဘက်သို့ ဟိန်းဟောက်လိုက်သည်။

ဟိန်းဟောက်သံကြီးနှင့်အတူ အနက်ရောင်မီးတောက်များ ပါလာပြီး ပိုင်ရှောင်ချန်းထံ တိုးဝင်လာကြ၏။

၄င်းက တဟုန်းဟုန်းတောက်လောင်နေသော မီးပင်လယ်ကြီးဖြစ်ပြီး ၄င်း၏အပူမှာ အလွန်ပြင်းထန်သဖြင့် လမ်းတလျှောက်ရှိ မည်သည့်အရာကိုမဆို အရည်ပျော်သွားစေနိုင်ပုံရ၏။

မီးတောက်ပင်လယ်ထဲတွင် ကြောက်မက်ဖွယ်စွမ်းအားကြီးကို အာရုံရလိုက်သဖြင့် ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက ချာခနဲလှည့်၍ လက်သီးဆုပ်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

သူ၏အပြင်အားများ ထွက်ပေါ်လာပြီး သူ၏လက်သီးကြီးက မီးတောက်ပင်လယ်နှင့် ထိလိုက်ရာ မရေမတွက်နိုင်သော တုန်ခါလှိုင်းများ တလိပ်လိပ်ထွက်လာတော့သည်။

နားကွဲလုမတတ် ပေါက်ကွဲသံကြီး လေထဲတွင် ပြည့်နှက်သွားပြီး မီးတောက်ပင်လယ်ကြီးသည် လည်မျိုမှ ဖမ်းဆုပ်ခံလိုက်ရသည့် လူတစ်ယောက်အလား တုန့်ခနဲ ရပ်သွား၏။

သရဲမယ်တော်က အေးစက်စက်နှာမှုတ်ကာ အရိုးဖွတ်ကြီးကို နောက်ထပ်အမိန့်ပေးလိုက်သည်။ ၄င်း၏ပါးစပ်မှ ဒုတိယမီးပင်လယ်နှင့်အတူ နောက်ထပ်ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။ သို့သော် ဤတစ်ခုသည် ယခင်တစ်ခုထက် များစွာ စွမ်းအားကြီးပြီး ပိုင်ရှောင်ချန်း၏ လက်သီးချက်ကြီး ဖန်တီးလိုက်သည့် လေမုန်တိုင်းကြီးအား ချက်ချင်း ဖျက်စီးပစ်လိုက်လေသည်။ ထို့နောက် ၄င်းက ရက်စက်ကြမ်းကြုတ်သော ဧရာမသရဲမျက်နှာကြီးအသွင် ပေါင်းစည်းသွားပြီး ရှေ့သို့ အလွန်ဆာလောင်မွတ်သိပ်စွာ ဆတ်ခနဲ လှမ်းဟပ်လိုက်သည်။

ဤအချိန်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူခုနစ်ဦးသည် ကြယ်ပျံများအလား ချဥ်းကပ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်၏အပေါ်တည့်တည့်သို့ ရောက်နေလေပြီ။

သူတို့အနက် သုံးယောက်က မန္တန်လက်ကွက်များဖော်ကာ နားကွဲလုမတတ် စူးစူးဝါးဝါးအော်မြည်နေသည့် ဧရာမမီးငှက်ကြီးများကို ဆင့်ခေါ်လိုက်သည်။ ငှက်များက နတ်ဘုရားတစ်ပိုင်းများနှင့် ပေါင်းစည်းသွားကာ နောက်ထပ်အမြန်နှုန်းကို ပေးလိုက်ကြသည်။

သရဲကြီးဘုရင်၏ မျက်နှာပေါ်တွင် အရုပ်ဆိုးသောအမူအရာတစ်ခုကို မြင်နိုင်ပြီး သူက နောက်ဆုတ်၍ လက်ကို ဝှေ့ယမ်းလိုက်ကာ သူ့ကိုယ်သူကာကွယ်ရန် သရဲမြူတိမ်တစ်ခုကို စေလွှတ်လိုက်သည်။ တချိန်တည်းမှာပင် ငွေစန္ဒာပန်းက ဘာမှမထိမ်ချန်းထားဘဲ သူ့ကို အကူအညီပေးလိုက်၏။

ထာဝရပင်လယ်၏ေကာင်းကင်ယံတွင် တိုက်ပွဲကြီးတစ်ခု အစပျိုးနေလေပြီ။

ရက်စက်ကြမ်းကြုတ်သော သရဲမျက်နှာကြီး နီးကပ်လာစဥ် ပိုင်ရှောင်ချန်းက လျှပ်စီးတိမ်တိုက်ဘိုအေအသွင်ပြောင်းလဲခြင်းသိုင်းကို ထုတ်ဖော်ရန် ထာဝရအသက်ရှည်အပိုင်းကို သုံးလိုက်သည်။ သူက ဟိန်းဟောက်ကာ မီတာ ၃၀၀ အမြင့်သို့ အသွင်ပြောင်းလာလေသည်။ လူသားမျိုးနွယ်အားလုံး၏ ဘိုးဘေးကြီးအလား မူလ ဗဟိုဘိုးဘေးကြီးဖြစ်သည့် သူသည် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်ဖြန့်ကားလျက် ခုန်တက်ကာ သရဲမျက်နှာကြီးကို ဝင်တိုက်လိုက်သည်။

သရဲမျက်နှာကြီးက ဟိန်းဟောက်လိုက်သည့်တိုင် ၄င်းကိုယ်၄င်း ကာကွယ်ရန် အင်အားမရှိဘဲ မရေမတွက်နိုင်သော အနက်ရောင်မီးပွားများအဖြစ် ကြွေမွသွားကာ အောက်ရှိ ထာဝရပင်လယ်ပေါ် ကျသွားတော့သည်။

" သချိုင်းစောင့်ကြီးက သူ့ကိုရွေးတာ အံသြစရာတော့ မရှိဘူး "

သရဲမယ်တော်က ပိုင်ရှောင်ချန်းကို အေးတိအေးစက်ငုံ့ကြည့်ကာ တွေးလိုက်သည်။

" ပြီးတော့ သူက ကောင်းကင်တံတားတာအိုကိုလဲ အနိုင်ယူနိုင်ခဲ့တယ်။ သူ့စိတ်တိုင်းကျ ဝှက်ဖဲတွေရှိနေမှာ သေချာတယ် "

သူမကိုယ်တိုင် တိုက်ပွဲထဲ စိတ်လိုက်မာန်ပါ အလောတကြီး ဝင်သွားမည့်အစား သူမက အရိုးသင်္ဘောကြီး၏ ကုန်းပတ်ပေါ်မှသာ စောင့်နေ၏။

ကောင်းကင်တံတားကျင့်ကြံသူများကို သူမ လိုက်ရှာနေခဲ့သည့် လများအတောအတွင်း ပိုင်ရှောင်ချန်းနှင့် ကောင်းကင်တံတားတာအို ကြားက ခမ်းနားကြီးကျယ်သော နောက်ဆုံးတိုက်ပွဲ၏ အတန်အသင့်နားလည်စေနိုင်သော သဲလွန်စအတော်များများ စုဆောင်းမိခဲ့လေသည်။

သူမသည် အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်သဖြင့် ပိုင်ရှောင်ချန်းထက် အဆင့်မြင့်သည်ဟူ၍ ယုံကြည်ချက်အပြည့်အဝ ရှိနေသည်။ သို့ထိတိုင် သူမက သတိရှိထားနေသည်။ သူမ၏အရိုးဖွတ်ကြီးသည် မိစ္ဆာဧကရာဇ်နိုင်ငံတော်ရှိ အခြားကောင်းကင်ဧကရာဇ်များ၏ မနာလိုအားကျရာဖြစ်၍ သူမက ပိုင်ရှောင်ချန်းကို ဦးစွာ တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။

သူမက အေးတိအေးစက်ရယ်မောကာ နောက်ထပ်မန္တန်လက်ကွက်ဖန်တီးလိုက်ရာ နောက်ထပ် အနက်ရောင်မီးပင်လယ် လွင့်ပျံလာပြန်သည်။ မီးပင်လယ်အတွင်းဝယ် ကိုးမီတာမြင့်မားသော အလံတိုင်ကြီးတစ်တိုင် ရှိနေကာ ပိုင်ရှောင်ချန်းထံ တန်းတန်းမတ်မတ်ပြေးဝင်သွားသည်။

ဤမျှနှင့်မပြီးသေးချေ။ ယခု သရဲမယ်တော်က ဘယ်လက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်လိုက်ရာ မှော်သင်္ကတတစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် စစ်သင်္ဘော၏ ကုန်းပတ်ပေါ်ရှိ သရဲအလံနှစ်ခု စတင်လှုပ်ယမ်းလာပြီး သရဲမျက်နှာကြီးပေါ်ထွက်လာကာ မီးပင်လယ်နှင့်ပူးပေါင်းတိုက်ခိုက်လိုက်သည်။

ပိုင်ရှောင်ချန်း၏ အမူအရာမှာ ရှုံ့မဲ့သွားတော့သည်။ သရဲမယ်တော်နှင့် ရင်ဆိုင်ရန် လွယ်ကူမည် မဟုတ်သည်ကို သူ သိထားခဲ့သည်။ သူမ၏ အရိုးဖွတ်ကြီး၊ ကြောက်မက်ဖွယ်အဖျက်စွမ်းအားများပါဝင်သည့် မီးပင်လယ်နှင့် ၄င်း၏ ပေါက်ကွဲမှုသုံးခါခန့်ကပင် ပတ်ဝန်းကျင်တစ်ခုလုံး အန္တရာယ်အငွေ့အသက်များဖြင့် ပြည့်နှက်သွားစေသည်။

ပိုင်ရှောင်ချန်းမှာ ကြောက်ခမန်းလိလိ ပြန်လည်ကုစားခြင်းစွမ်းအားများ ရှိသော်လည်း သူ့ကို အဆက်မပြတ် တိုက်ခိုက်လာြခင်းကြောင့် သူ မျက်မှောင်ကြုတ်သွားတော့သည်။

သူ ထိပ်တိုက်ရင်ဆိုင်ရန် ခက်ခဲလွန်းသည့် အလင်းတန်းကြီး၊ ထို့နောက် သရဲမျက်နှာကြီးနှစ်ခု… ထိုအရာများက ငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီးကို မယှဥ်နိုင်ပါသော်လည်း ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ် စွမ်းအားများ ထုတ်လွှတ်နေသေးပြီး အလွန်အသိဉာဏ်ရှိနေဟန် တူသည်။

" သရဲမယ်တော်က ငါနဲ့ ကောင်းကင်တံတားတာအို တိုက်ပွဲအကြောင်း သိေနတာ ဖြစ်မယ်။ အဲဒါကြောင့် သူ အရမ်းသတိထားနေတာပဲ။ သူက ငါ့ဝှက်ဖဲတွေကို စောစောသုံးစေချင်တယ်။ ဒါပေမဲ့ မိစ္ဆာဧကရာဇ်နိုင်ငံတော်ရဲ့ နယ်စပ်တွေနဲ့ ဒီလောက်နီးတဲ့နေရာမှာ ငါ မလုပ်နိုင်ဘူး ... "

သူက အံတင်းတင်းကြိတ်ကာ အလင်းတန်း၊ မီးတောက်ပင်လယ်နှင့် သရဲမျက်နှာတို့ကို မျက်နှာချင်းဆိုင်၍ လက်သီးဆုပ်လိုက်သည်။ ချက်ချင်းပင် အနက်ရောက်လေပွေကြီးတစ်ခု လက်သီး၏ပတ်လည်တွင် ဖြစ်ပေါ်လာတော့သည်။

ထို့နောက် အရိပ်ဧကရာဇ်ကြီးတစ်ပါးက သြဇာကြီးမားသောစွမ်းအင်များကို နေရာအနှံ့ပို့လွှတ်လျက် ပေါ်ပေါက်လာသည့်အတွက် တဂျိန်းဂျိန်းထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားတော့သည်။

" ငါ အရင်က ကောင်းကင်ဧကရာဇ်အစစ်တစ်ယောက်နဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးဘူး။ ငါ မဟာယနအဆင့်ကိုရောက်ဖို့ ဘယ်လောက်လိုနေသေးလဲ ကြည့်ကြတာပေါ့ "

သူ၏ မျက်လုံးများ လုံးဝနီရဲလျက် သူ့လက်သီးမှ ပြင်းထန်သောစွမ်းအင်အခိုးအငွေ့များး ထွက်လာတော့သည်။

All Chapters