ဝမ်းနည်းနေသော သရဲမျက်နှာ
Vol. 11 Ch. 1045
ပိုင်ရှောင်ချန်း၏မျက်နှာ အတန်ငယ် နီမြန်းသွားကာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ကောင်းကင်ဧကရာဇ်တစ်ပါးအား ပြန်ပေးဆွဲေတာ့မည့်အကြောင်း သူ သေချာစဥ်းစားတွေးတောမိသောအခါ သူက ယခင်နှင့် များစွာပြောင်းလဲသွားခဲ့သည်ကို နားလည်လိုက်သည်။
ထို့ပြင် ပြန်ပေးဆွဲမည့်လူက ကောင်းကင်တံတားတာအိုကဲ့သို့ ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်မဟုတ်ဘဲ ကောင်းကင်ဧကရာဇ်အစစ် ဖြစ်သည်။ အလွန်အံ့အားသင့်ဖွယ်ကောင်းသော အရိုးသင်္ဘောကြီးကို ပိုင်ဆိုင်ထားသည့် မဟာယနအဆင့်ပညာရှင်တစ်ဦးဖြစ်သော သရဲမယ်တော်ကြီးပင်။
" သောက်ကျိုးနည်းကွာ … ဘာကြောက်စရာလိုလို့တုန်း။ ငါက မြောက်ပိုင်းရဲ့ မဟာဓားနဲ့ ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်ရဲ့အထွတ်အထိပ် ဗဟိုဘိုးဘေးကြီးလေ။ ပြီးတော့ ငါ အမြုတေအဆင့်မှာတုန်းက နတ်ဘုရားတစ်ပိုင်းအဆင့်တစ်ယောက်ကို ပြန်ပေးဆွဲခဲ့တယ်။ ငါ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်တော့ ကောင်းကင်တံတားတာအိုကို ပါးပိတ်ရိုက်ပစ်ခဲ့သေးတာပဲ။ အဲဒီ ပျော့တိပျော့ညံ့သရဲမယ်တော်လောက်ကတော့ ... ပြန်ပေးဆွဲရတာ လွယ်လွယ်လေးနေမှာပါကွာ "
ထိုကိစ္စရပ်အားလုံးက ရူးနှမ်းဖွယ်ရာအတိ ဖြစ်ပါသော်လည်း ပိုင်ရှောင်ချန်း၏ နှလုံးသားကို စိတ်လှုပ်ရှားမှုများဖြင့်သာ တဒိန်းဒိန်းခုန်နေစေတော့သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက မြေရိုင်းဒေသတွင် သူနှင့် လိပ်ကလေးတို့ သရဲကြီးဘုရင်ကို ပြန်ပေးဆွဲခဲ့သည့်ပမာ သူ ခံစားနေရသည်။ ပို၍အားကောင်းသည်မှလွဲ၍ တစ်ထေရာတည်းတူသော ခံစားချက်ပင်။ သူက မျက်လုံးများ နီစွေးလျက် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သရဲကြီးဘုရင်ကို လှည့်ကြည့်လိုက်သည်။
" မစိုးရိမ်ပါနဲ့ မိတ်ဆွေသရဲကြီး "
သူက အံကြိတ်ထားသည့်ကြားမှ ပြောသည်။
" ကျုပ်မှာ လူတွေကို ပြန်ပေးဆွဲတဲ့ အတွေ့အကြုံအများကြီးရှိတယ် "
သရဲကြီးဘုရင်၏ မျက်လုံးများသည်လည်း နီစွေးနေပြီး အရိုးသားဆုံးပြောရပါက ယခု ပိုင်ရှောင်ချန်း ပြောခဲ့သော စကားများနှင့်ပတ်သက်၍ သူ သိပ်မပျော်ပေ။ အထူးသဖြင့် ' အတွေ့အကြုံအများကြီးရှိတယ် ' ဆိုသော အကြောင်းဖြစ်သည်။ သူ၏အမူအရာ အရုပ်ဆိုးအကျည်းတန်သွားကာ ပြန်ဟောက်၏။
" ဘာ ၊ ငါက သရဲမယ်တော်လို အပေါက်ဆိုးဆိုးအဖွားကြီးကို ကြောက်တယ်ထင်တယ်ပေါ့ "
ပိုင်ရှောင်ချန်းက သူ့ကို လျစ်လျူရှုကာ မေးစေ့ကိုပွတ်၍ မရေမတွက်နိုင်သော အကြံအစည်များ၊ အထူးသဖြင့် အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက သရဲကြီးဘုရင်ကို သူပြန်ပေးဆွဲခဲ့သောအခါ ကောင်းကောင်းအလုပ်ဖြစ်ခဲ့သော နည်းလမ်းများစွာကို တွေးတောကာ မျက်လုံးများ တဖျပ်ဖျပ်လက်နေသည်။
သူက အသံကိုနှိမ့်ကာ ပြော၏။
" ကျုပ်ရဲ့ ပြန်ပေးဆွဲတဲ့အတွေ့အကြုံအရ တစ်ချက်တည်းအကုန်ပြီးသွားအောင် လုပ်တာ အကောင်းဆုံးပဲထင်တယ်။ ခင်ဗျားကို ကျုပ်လလုပ်ခဲ့သလိုမျိုးပေါ့။ လျှပ်စီးလို ဖြတ်ရိုက် "
သူက အတွေးများနှင့် လွန်စွာ ရစ်ပတ်နေ၍ သရဲကြီးဘုရင် အလွန် ဒေါပွသောအခြေအနေသို့ ရောက်ရှိလာသည်ကို သတိမထားမိပေ။
" စစ်သင်္ဘောကို နာနာထု၊ အထဲကိုဝင်၊ သရဲမယ်တော်ကိုဖမ်း ပြီးရင် အဲဒီကထွက်။ ဒါမှမဟုတ် ... သရဲမယ်တော် သင်္ဘောအပြင်ထွက်လာအောင်လုပ် ... ခင်ဗျားကို ကျုပ် ဟိုကျောက်လိပ်ကြီးထဲက မန္တန်အစီအရင်ကနေ ဆွဲထုတ်လိုက်တဲ့အချိန်ကလိုပေါ့ "
သရဲကြီးဘုရင်မှာ ပြန်ပေးဆွဲခံရသည်က မည်သည်နှင့်တူခဲ့သည်ကို ပြန်တွေးမိလိုက်သဖြင့် အေးစက်စက် နှာမှုတ်လိုက်သည်။ သူ့ခေါင်းထဲ ထိုမှတ်ဉာဏ်များပေါ်လာသည့်အခါတိုင်း သူ ပိုင်ရှောင်ချန်းကို သေလောက်အောင်ရိုက်ပစ်ချင်စိတ်များ ပြင်းပြလာလေသည်။ ယခုအချိန်သည်လည်း ထိုနည်းတူပင် … သို့သော် သူတို့၏ ကျင့်ကြံခြင်းအခြေခံများ ကွာခြားကြောင့် သူ သက်ပြင်းသာချလိုက်နိုင်တော့သည်။
" သူ အဲဒီအရိုးသင်္ဘောက ထွက်လာတာနဲ့ ကျုပ် သူ့ကို ခဏနှောင့်ယှက်လိုက်မယ်။ အဲဒီအချိန် ခင်ဗျားဝင်လာလိုက် သရဲကြီး … ခင်ဗျားသိလား၊ ကျုပ်တို့ သရဲမယ်တော်ကို ပြန်ပေးဆွဲရုံတင်မကဘူး သူ့အရိုးသင်္ဘောကြီးကို ခိုးကြမယ်။ ပြီးတော့ သူ့ပစ္စည်းတွေကိုရောပဲ။ ကျုပ်တို့ သမိုင်းတွင်မယ့်အရာလုပ်ရင် တကယ် သမိုင်းတွင်စေရမယ်"
ထို့နောက် သူက အစီအစဥ်ကို အသေးစိတ် ဆက်လက်ရှင်းပြလေသည်။ အထူးသဖြင့် အာရုံစိုက်ရန်လိုအပ်သည့် အရေးကြီးသော အခန်းကဏ္ဍများ ဖြစ်သည်။
သရဲကြီး နားထောင်နေစဥ် သူ၏မျက်လုံးများ ပြူးကျယ်လာပြီး သူသည် ရုတ်တရက် သရဲမယ်တော် ပိုင်ရှောင်ချန်းနှင့်ပက်ပင်းတိုးသည်မှာ မည်မျှကံဆိုးကြောင်း တွေးလိုက်မိတော့သည် ...
တချိန်တည်းမှာပင် ကြံစည်ထားသည့်အစီအစဥ်က သူ၏စိတ်လှုပ်ရှားမှုများအား အတန်ငယ်လျော့ကျသွားစေ၏။ ၄င်းက ပြီးပြည့်စုံသောအစီအစဥ်တော့ မဟုတ်သော်လည်း အလုပ်ဖြစ်မည့်ပုံပေါ်လေသည်။
မကြာမီ သူ့နောက်ရှိ ကောင်းကင်ယံတွင် အနက်ရောင်မြူခိုးများပြည့်နှက်သွားပြီး အဝေးမှ သူတို့ထံ တဟုန်ထိုးပြေးလာသော အရိုးဖွတ်ကြီးပေါ်လာလေသည်။
ပိုင်ရှောင်ချန်းက ပကတိအခြေအနေကို ရောက်ရှိလာသည့်အတွက် အံတင်းတင်း ကြိတ်လိုက်သည်။ သရဲမယ်တော်ကို ပြန်ပေးဆွဲရာနှင့် ပတ်သက်လျှင် သူ၏အတိုက်အခိုက်စွမ်းရည်က ပြဿနာဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် အရိုးဖွတ်ကြီးချဥ်းကပ်လာစဥ် သူက မြောက်ပိုင်း၏မဟာဓားနှင့် ဆက်သွယ်ရန် သူ့အိတ်ကို ပုတ်လိုက်သည်။ ထို့နောက် သူက အထဲသို့ အတွေးများပေးပို့၍ ဟန်ဇောင်ခေါင်းဆောင်မကြီးကို ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
တခဏကြာသော် သူ၏ မျက်လုံးများ ဝင်းလဲ့သွား၏။ ဟန်ဇောင်သခင်မကြီးက ပြန်လည် မတုံ့ပြန်သော်လည်း သူသည် ငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီးထံမှ တုံ့ပြန်ချက်တစ်ခု အာရုံရလိုက်သည်။
ပိုင်ရှောင်ချန်းသည် ဓား၏ကမ္ဘာကြီးထဲတွင် ငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီးကို ထားခဲ့ပြီး နောက်ပိုင်းတွင် သူ့အကြောင်း များများစားစားမတွေးခဲ့ပေ။ သို့သော် ဟန်ဇောင်သခင်မကြီးက လက်နက်စောင့်ဝိညာဥ်ဖြစ်လာပြီးနောက် လက်နက်စောင့်ဝိညာဥ်ဖြစ်ရန် သူမနှင့်ယှဥ်ပြိုင်ခဲ့သည့် သရဲကြီးအား ဘာမှမလုပ်နိုင်ခဲ့ပေ။ သူမက သူ့ကို မရပ်မနား မနှိပ်စက်ခဲ့သော်လည်း ကျွန်ပြုခဲ့လေသည်။
သရဲမျက်နှာကြီး အပြင်ထွက်လာသည်နှင့် သူ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သေချာလှသည်။ သူ၏မျက်နှာပေါ်တွင် အပြုံးအစအနပင်မရှိတော့ဘဲ မှုန်ကုပ်ကုပ်အမူအရာတစ်ခုသာ ကျန်တော့သည်။ သို့သော် သူသည် ထာဝရနယ်မြေများ၏ အရှိန်အဝါနှင့် ထိလိုက်သည်နှင့်တစ်ပြိုင်နက် ယခင်အားအင်ချည့်နဲ့နေသော အခြေအနေမှ ပြန်လည်သက်သာလာလေသည်။
" ဒါ ... ဒါက ... "
သူက စိတ်လှုပ်ရှားစွာ အထစ်ထစ်အငေါ့ငေါ့ပြောပြီး လှည့်ကြည့်လိုက်ရာ ပိုင်ရှောင်ချန်းကို သတိထားမိလိုက်သည်။
သူက ပိုင်ရှောင်ချန်း သူ့ကိုလုပ်ခဲ့သည့် ဆိုးဝါးသောမှတ်ဉာဏ်များကို ပြန်သတိရလိုက်သဖြင့် ချက်ချင်း တုန်ရီသွားတော့သည်။ ထို့နောက် နီးကပ်လာနေသော အရိုးဖွတ်ကြီးကို သတိထားမိလိုက်သည်။
" ဘုရားရေ … လူစုံတက်စုံပါလားဟ " သရဲမျက်နှာကြီးမှာ လွှတ်ပေးခံလိုက်ရသည်နှင့် အလွန်ရင်းနှီးသောမျက်နှာများကို ပက်ပင်းတိုးလိမ့်မည်ဟု ဘယ်တော့မှ စိတ်မကူးခဲ့ဖူးပေ။ သူ၏ပထမဆုံး အလိုအလျောက်တုံ့ပြန်မှုမှာ ထွက်ပြေးရန်ဖြစ်သော်လည်း သူ မလုပ်နိုင်ခင် ပိုင်ရှောင်ချန်းက သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်၏။
" ခင်ဗျားက လောကနတ်ဘုရားတစ်ပိုင်းအဆင့်ရဲ့ အထွတ်အထိပ်လို့ ပြောထားတာ မဟုတ်လား။ အဲဒီလို ကျင့်ကြံခြင်းအဆင့်ရှိေနတာကို ဘာတွေ ကြောက်နေရတာတုန်း "
သူက သရဲမျက်နှာကြီး အပေါ်တွင် မြောင်ပိုင်း၏မဟာဓား ထားရှိသော ကျွန်ပြုချုပ်နှောင်ခြင်းတံဆိပ်ကို ပဲ့တင်ထပ်နေစေသည့် အေးစက်စက်နှာမှုတ်သံတစ်ခုနှင့် သူ၏စကားလုံးများကို အသားပေးလိုက်သည်။ သရဲမျက်နှာကြီး မတုံ့ပြန်နိုင်ခင် သူက ချာခနဲလှည့်ပြီး အရိုးသင်္ဘောကြီးထံ တဟုန်ထိုးပြေးဝင်သွား၏။
" မဖြစ်ဘူး။ ငါ အခုထက်ထိ အပြည့်အဝမသက်သာသေးဘူး။ အဲဒီတုန်းက ငါလျှောက်လေထွားနေတာ ... ငါ့ကို မိစ္ဆာဧကရာဇ် ဖမ်းတုန်းက ငါက လောကနတ်ဘုရားတစ်ပိုင်းအဆင့်ရဲ့ အထွတ်အထိပ် မဟုတ်ပေမယ့် သူက ငါ့ဝိညာဥ်ကို သန့်စင်ပြီး သရဲမယ်တော်က ငါ့ကို အကျဥ်းချခဲ့တာ။ အဲဒီနောက်ပိုင်း ကောင်းကင်တံတားတာအိုက ငါ့အစိတ်အပိုင်းတစ်ခုကို ဆွဲထုတ်သွားတယ်လေ။ ငါ လောကနတ်ဘုရားတစ်ပိုင်းအဆင့်ရဲ့ အထွတ်အထိပ်မဟုတ်တော့ဘူး။ အကုန်လုံးအတွက် တောင်းပန်ပါတယ်ကွာ။ ငါမလုပ်နိုင်ဘူး အီးးး ... "
သရဲမျက်နှာကြီးအတွက် ကံဆိုးစွာပင် သူက သူ့ကိုယ်သူ နည်းနည်းလေးပင် မထိန်းချုပ်နိုင်သည်ဖြစ်၍ အရိုးဖွတ်ကြီးထံ ချက်ချင်းနီးကပ်သွားတော့သည်။
ထိုအချိန်တွင် သရဲကြီးဘုရင်ကလည်း ဟစ်ကြွေးလိုက်ပြီး အလင်းတန်းတစ်တန်းအသွင်ဖြင့် အရိုးသင်္ဘောကြီးထံ တဟုန်ထိုးပြေးဝင်သွား၏။
ငွေစန္ဒာပန်းက ပြင်းထန်သော ရက်စက်ကြမ်းကြုတ်မှုနှင့်အတူ နတ်ဘုရားတစ်ပိုင်းအဆင့် မဟာစက်ဝန်း၏ အခိုးအငွေ့များကို ထုတ်လွှတ်ကာ ပူးပေါင်းလိုက်သည်။
ထို့နောက် ပိုင်ရှောင်ချန်းက အံတင်းတင်းကြိတ်ကာ ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်ထက် သာလွန်သော အပြင်အားကို ဆင့်ခေါ်လိုက်သည်။
သရဲမယ်တော်က ရုတ်တရက် ပူးပေါင်းတိုက်ကွက်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွား၏။ သူမသည် အစောပိုင်းက သရဲကြီးဘုရင်နှင့် ငွေစန္ဒာပန်းတိုက်ခိုက်နေသည်ကို မြင်ခဲ့ပြီးဖြစ်သော်လည်း ငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီးကို မြင်သည်တွင် အလွန်အမင်း အံ့အားသင့်သွားတော့သည်။
" ပိုင်ရှောင်ချန်း အဲဒီသရဲအိုကြီးကို အလုပ်လုပ်ခိုင်းနိုင်တာ ယုံတောင်မယုံနိုင်ဘူး" သူမ၏မျက်လုံးများ မှေးသွားကာ မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ ဖွတ်ကြီး၏ပါးစပ်မှ မီးပင်လယ်တစ်စင်းထွက်လာတော့သည်။
ငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီးက မီးပင်လယ်ကို ပထမဆုံး ရင်ဆိုင်လိုက်ရသည်။ သူက အော်ဟစ်ငိုကြွေးလုမတတ် ဖြစ်နေဟန်ဖြင့် ဟိန်းဟောက်၍ အားကုန်ထုတ်လိုက်တော့သည်။ သူ၏ပါးစပ်ကို ဖွင့်ကာ မကောင်းဆိုးဝါးလေတစ်ချက် ပို့လွှတ်လိုက်ရာ မီးပင်လယ်ကြီးအား ဝင်တိုက်၍ နှစ်ခြမ်းတိတိ ခွဲခြမ်းပစ်လိုက်သည်။
ငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီးသည် တစ်ခါက အရိုးဖွတ်စစ်သင်္ဘောကြီးပေါ်တွင် အဓိကအလံတစ်ခုအဖြစ် တည်ရှိခဲ့ဖူးသောကြောင့် ၄င်းကို ကောင်းကောင်းနားလည်သည်။ မီးပင်လယ်အား နှစ်ခြမ်းခွဲပြီးနောက် သူက သူ့ကိုယ်သူ အနက်ရောင်စီးကြောင်းတစ်ကြောင်းအား ရင်ဆိုင်နေရသည်ကို တွေ့လိုက်ရသည်။ သူက ဟိန်းဟောက်ကြုံးဝါးကာ အလင်းအား တစ်လုပ်တည်း မျိုချ၍ ၄င်းကို ဝင်တိုက်လိုက်သည်။ ထိုအချိန်တွင် သရဲမျက်နှာကြီးနှစ်ခုမှာ အလွန်ကြောက်လန့်သွားသဖြင့် သရဲမယ်တော်၏ထိန်းချုပ်မှုကို ရုန်းကန်ကာ နောက်ဆုတ်လိုက်ကြသည်။
မည်သည့်အရာမှ လမ်းပိတ်မနေ၍ ငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီးနှင့် ပိုင်ရှောင်ချန်းသည် အရိုးသင်္ဘော၏ ပင်မကုန်းပတ်ပေါ်တည့်တည့်တွင် ပေါ်လာသည်။ သရဲမျက်နှာကြီးမှာမူ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် ရှေ့သို့ပြေးသွားကာ သင်္ဘောကြီးအား ဝင်ဆောင့်လိုက်သည်။
သရဲမယ်တော်က အေးစက်စက်ရယ်ကာ ပြော၏။
" အဲဒီသရဲအိုကြီးက နင့်ရဲ့ နောက်ထပ်ဝှက်ဖဲတစ်ချပ်ပေါ့ "
သူမက လက်ကိုဝှေ့ယမ်းကာ ပိုင်ရှောင်ချန်းနှင့် သူ၏ မဟာမိတ်များ ပစ်လွှတ်လိုက်သည့် နတ်ဘုရားစွမ်းရည်များအားလုံးကို ပိတ်ဆို့နိုင်သည့် သွေးရောင်အကာအကွယ်မြူတိမ်ကြီးကို ဆင့်ခေါ်လိုက်သည်။
ငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီးက သွေးမြူတိမ်ကြီးကို ထိသွားပြီး ကြီးမားသောတန်ပြန်အားတိုက်ကွက်တစ်ကွက်ကို ခံစားလိုက်ရသဖြင့် စူးစူးဝါးဝါးအော်ဟစ်ကာ နောက်သို့ လွင့်ထွက်သွားတော့သည်။
ဒုတိယမြောက် ပေါက်ကွဲသံတစ်သံထွက်ပေါ်သွားပြီး ငွေစန္ဒာပန်း၏ရိုးတန်ပေါ်တွင် အက်ကွဲသံများ ပျံ့နှံ့သွား၏။ သရဲကြီးဘုရင်က ဟိန်းဟောက်ကာ အရာအားလုံးပုံအော၍ ဧရာမသရဲကြီးတစ်ကောင်အသွင်ပြောင်းကာ ဒိုင်းကြီးအား ခေါင်းဖြင့်တိုက်လိုက်သည်။
ထိုးနှက်ချက်သုံးချက် တစ်ချက်ပြီးတစ်ချက်ခံရပြီးနောက် သွေးမြူတိမ်ကြီးမှာ စတင်အားနည်းလာပြီး ထိုအချိန်မှာပင် ပိုင်ရှောင်ချန်းက ထာဝရဧကရာဇ်လက်သီးကို ထုတ်လွှတ်လိုက်သည်။
မိုးခြိမ်းသံတမျှကျယ်လောင်သော ထစ်ခြုန်းသံကြီး ထွက်ပေါ်လာကာ သွေးမြူတိမ်ကြီးက နောက်ထပ်တန်ပြန်အားတိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်သည်။ သို့သော် အစောပိုင်းက တရစပ် တိုက်ကွက်များကို ခုခံခဲ့ရသည်ဖြစ်၍ သိပ်အားမပြင်းချေ။
ပိုင်ရှောင်ချန်းက ပါးစပ်မှ သွေးများစီးကျနေလျက် သူ၏ညာလက်ကို ဆန့်ထုတ်ကာ မြောက်ပိုင်း၏ မဟာဓားကြီးကို နောက်တစ်ကြိမ်ဆင့်ခေါ်လိုက်သည်။
သူက သွေးမြူတိမ်ကြီးအား ခုတ်ပိုင်းလိုက်သည်နှင့်တစ်ပြိုင်နက် အပြာရောင်ဓားသည် ကမ္ဘာရတနာတစ်ပါး၏ အစိတ်အပိုင်းအား ထုတ်လွှတ်လိုက်တော့သည်။
သရဲမယ်တော်မှာ ပင့်သပ်ရှိုက်သွားပြီး သူမ၏မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းတစ်စ ပေါ်လာ၏။ ပိုင်ရှောင်ချန်းက မြောက်ပိုင်း၏မဟာဓားအားအသုံးပြုရန်အတွက် သူမ အချိန်အနည်းငယ် စောင့်နေခဲ့ရသည်။ လွန်ခဲ့သောလပေါင်းများစွာက ၄င်းနှင့်ပတ်သက်သော ဇာတ်လမ်းများစွာ သူမ ကြားခဲ့၍ ၄င်းက မည်သည့်အရာဖြစ်သည်ကို အခြေခံ နားလည်လာခဲ့သည်။
" နောက်ဆုံးတော့ နင်က အဲဒီဓားကို ထုတ်ပြီပေါ့လေ "
သူမက ခပ်တိုးတိုးရယ်ကာ လက်တစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ပြီးနောက် အရိုးသင်္ဘောကြီးထံ လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်သည်။