← Chapters

နယ်စား

Vol. 11 Ch. 1056

နယ်စား

Vol. 11 Ch. 1056

ပိုင်ရှောင်ချန်း၏ အဆိုးရွားဆုံးအိပ်မက်များထဲမှာပင် ခွကျသော ကောင်းကင်မြို့စားလျှိုယုံနှင့် ထပ်တွေ့လိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးချေ။ ထို့ပြင် သူတို့နှစ်ဦး စတွေ့ကတည်းက သူ့ရင်ထဲတွင် နက်ရှိုင်းသော ခံစားချက်တစ်ခု ပေးထားခဲ့သည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်းက ထိုပြစ်မှု ၁၀၀စာရင်းအား ဘယ်သောအခါမှ မေ့မည် မဟုတ်ပေ။ ထိုလူ၏ မဟာကောင်းကင်းသခင်ထံ လှိုက်လှိုက်လှဲလှဲ ပြောပုံဆိုပုံနှင့် အခြေအနေများပြောင်းပြန်ဖြစ်ပြီးနောက် ထိုလူမဟာတံတိုင်းထံ ထွက်ပြေးခြင်းဖြင့် အဆုံးသတ်သွားသည်ကို သူ မျက်လုံးထဲ ပုံဖော်နိုင်သေးသည်။

မဟာတံတိုင်းကြီးပြိုလဲသွားကာ ပိုင်ရှောင်ချန်းက ထိုကိစ္စအား မေ့မေ့ပျောက်ပျာက်ဖြစ်သွားပြီး အချိန်များစွာ ကြာပြီးနောက် ဤနေရာတွင်ပေါ်လာကာ သူ့မှာ ပြစ်မှု ၃၀၀ စာရင်းရှိသည်ဟူ၍ ကြေညာနေသည်။

"မဟာကောင်းကင်းသခင် ငါ့ကို ဗဟိုဧကရာဇ်မြို့တော်ရဲ့ အဝေးလွှတ်ခဲ့တုန်းက ဒီလူကို ဘယ်တော့မှ ခြေရာခံမရခဲ့ဘူး။ ဒီလူမှာ ဘယ်လိုကံကောင်းချင်းမျိုး ရှိနေတာတုန်း။ သူ မဟာတံတိုင်းပြိုတုန်းကတင် မဟုတ်ဘူး တစ်ကမ္ဘာလုံးပျက်တုန်းကတောင် အသက်ရှင်တာ ထားဦး။ ဒါပေမဲ့ ဘယ်လိုလုပ် ဖက်တီးကြီးကျန်းထက်တောင် အဆင်ပြေပြီး အရေးပါတဲ့ မင်းမှုထမ်းတစ်ယောက် ဖြစ်လာတာတုန်း “

" ပြီးတော့ ... သူ ဝိတ်တော်ကျသွားတယ်။ သူ့ အသားရေကလဲ တင်းရင်းပြီး ပိုတောင်နုသွားသလိုပဲ။ အရင်ကထက် ခံ့ညားပြီး ဟိတ်နဲ့ဟန်နဲ့ ပိုတောင် ချောလာသလိုပဲ … "

ပိုင်ရှောင်ချန်းမှာ အနှီကောင်းကင်မြို့စားလျှိုအား အတန်ငယ် မနာလိုစိတ်မဖြစ်ဘဲ မနေနိုင်တော့ပေ။ ဤလူကား လွန်စွာ ကံကောင်းရုံသာမက သူတော်စင်ဧကရာဇ်မြို့တော်တွင် ကြီးကျယ်ခမ်းနားသော ဘဝကြီးဖြင့် သာယာအေးချမ်းစွာ နေထိုင်နေသည်။

ကောင်းကင်မြို့စားလျှိုသည် ပိုင်ရှောင်ချန်း၏ အမူအရာနှင့် နန်းတော်ထဲက အခြားအရေးပါသောလူများအားလုံး သူ့ကို ချီးကျူးသောအမူအရာများဖြင့် ကြည့်နေသည်ကို မြင်သောအခါ သူ၏နှလုံးသားတွင် ဂုဏ်ယူခြင်းများ ပြည့်နှက်လာတော့သည်။ သူက ပြစ်မှု ၃၀၀လုံးအား တရစပ်ပြောရန် ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်းက အင်္ကျီလက်စကို ခါယမ်းလိုက်ရာ ကုန်းစွန်ဝမ်အာနှင့် သူဖမ်းဆီးခဲ့သော အခြားနတ်ဘုရားတစ်ပိုင်းများ သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။

" သူတော်စင်ဧကရာဇ် ဒါက ခင်ဗျားအတွက် ကျုပ်ပြင်ဆင်ထားတဲ့ လက်ဆောင်ပဲ "

သူက အာသွက်လျှာသွက်ရှိသော ကောင်းကင်နယ်စားလျှိုနှင့် ပြိုင်မပြောနိုင်ကြောင်း သိသဖြင့် အဓိကအကြောင်းအရာထံ သွားရန်သာ ဆုံးဖြတ်လိုက်သည်။

ကုန်းစွန်းဝမ်အာ ပေါ်လာသည်နှင့်တစ်ပြိုက်နက် မျက်လုံးပေါင်းထောင်ပေါင်းများစွာက သူမအပေါ် ကျရောက်လာ၏။ အထူးသဖြင့် လူအုပ်ကြီးအရှေ့တွင် ရပ်နေသော ဂုထျန်ကျွင်းနှင့် တူညီသောအဆင့်မှာရှိသည့် အခြားကောင်းကင်ဧကရာဇ်များဖြစ်သည်။

သူတော်စင်ဧကရာဇ်ပင် ကုန်းစွန်းဝမ်အာကို အလွန်စိတ်ဝင်စားသဖြင့် ကောင်းကင်မြို့စားလျှိုအကြောင်း လုံးလုံးမေ့သွားတော့သည်။

ဖြစ်ပျက်သွားသည်ကို မြင်သောအခါ ကောင်းကင်မြို့စားလျှိုက အနေရခက်စွာ နှာခေါင်းကိုပွတ်ပြီးနောက် လူအုပ်ကြီးထဲ ပြန်ရောလိုက်သည်။

" ရတယ်လေ ငါ့လက်ထဲက ထပ်ထွက်သွားပြန်ပြီပေါ့ ပိုင်ရှောင်ချန်းရေ။ သိပ်တော်တယ် … ဒါပေမဲ့ အနှေးနဲ့အမြန် ငါ ပြင်ဆင်ထားတဲ့ ပြစ်မှု ၁၀၀၀ကို ထုတ်ပြောပြမယ်ကွ"

ကုန်းစွန်းဝမ်အာသည် လူအုပ်ကြီးကို အေးဆေးတည်ငြိမ်စွာ ဝေ့ဝိုက်ကြည့်ပြီးနောက် သူတော်စင်ဧကရာဇ်ကို ဒူးညွှတ်အရိုအသေပေးလိုက်သည်။ သို့သော် သူမက ဘာမှမပြောပေ။ မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ ကောင်းကင်ဧကရာဇ်တစ်ပါးအနေဖြင့် သူမသည် စွမ်းအားကြီးပြီး အရေးပါသော အခြားလူများကို ရိုသေလေးစားမှုပြသမည်ဖြစ်သော်လည်း လွန်လွန်ကျူးကျူး လုပ်မည်တော့ မဟုတ်ပေ။ သူတော်စင်ဧကရာဇ်နိုင်ငံတော်တွင် သူမ အန္တရာယ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း သူမ ယုံကြည်ထားသည်။

ဆန့်ကျင်ဘက်အားဖြင့် စိတ်ပျက်အားငယ်သော အရိပ်အယောင်များကို တဆတ်ဆတ်တုန်ရီနေသော နတ်ဘုရားတစ်ပိုင်းများ၏မျက်နှာများပေါ်၌ မြင်နိုင်ပေသည်။ ကောင်းကင်ဧကရာဇ်များနှင့် သူတော်စင်ဧကရာဇ်ထံမှ ဖိအားက သူတို့ကို လဲပြိုတော့မတတ် ခံစားနေရစေတော့သည်။

တခဏကြာပြီးနောက် သူတော်စင်ဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူက အလွန်စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ပလ္လင်မှ ထရပ်လေသည်။ ဤသည်မှာ သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ သမိုင်းတစ်လျှောက် လူအများက သူ့ကို ဆက်သခဲ့ဖူးသမျှထက် အထင်ကြီးဖွယ်အကောင်းဆုံးဖြစ်သည် မဟုတ်ပါလော။

သူက ကုန်းစွန်ဝမ်းအာကို မသတ်နိုင်သော်လည်း သူမက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သည်ကို စဥ်းစားကြည့်ပါက သူမကို မြောက်မြားစွာသော နယ်မြေများ တောင်းဆိုမှုအတွက် လဲလှယ်နိုင်မည် ဖြစ်သည်။ နိုင်ငံနှစ်နိုင်ငံအကြား ပဋိပက္ခအများဆုံးဖြစ်ရာ အကြောင်းရင်းဖြစ်သော စီရင်စုများကို ထည့်တွက်ပါက ဤသည်မှာ ခမ်းနားကြီးကျယ်သော အခွင့်ကောင်းတစ်ရပ် ဖြစ်၏။

ကျေနပ်စရာအကောင်းဆုံးအချက်မှာ မိစ္ဆာဧကရာဇ်နှင့် သဘောတူညီချက်တစ်ခုကိုမှ ဖောက်ဖျက်ထားခြင်း မဟုတ်သောကြောင့်ပင်။ ဤလက်ဆောင်က ရှာဖွေခဲ့ခြင်းကြောင့်မဟုတ်ဘဲ သူ့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည် မဟုတ်ပါလော။ မိစ္ဆာဧကရာဇ် ကလဲ့စားပြန်ချေလိုလျှင်တောင်မှ မည်သည့်အရာတွက်မဆို သူတော်စင်ဧကရာဇ်ကို သူ အပြစ်တင်နိုင်မည်မဟုတ်ပေ။

" ကောင်းတယ်။ တော်တယ်။ အပြောင်မြောက်ဆုံးပဲ "

သူတော်စင်ဧကရာဇ်က အားရဝမ်းသာ ရယ်မောကာ ရင်ပြင်၏ အခြားအဆုံးတစ်ဖက်ရှိ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်ကို လှမ်းကြည့်လိုက်သည်။

" သရဲကြီး ရှေ့တက်ပြီး ငါ့အမိန့်ကို နာခံစေ "

သရဲကြီးဘုရင်၏ မျက်ဝန်းများ တဖျပ်ဖျပ်လက်လာကာ ရှေ့တက်လာပြီးနောက် သူတော်စင်ဧကရာဇ်ထံ လက်ယှက်လိုက်သည်။

" အခုကစပြီး သရဲကြီးက တာကျန်းစီရင်စုရဲ့ ဆရာသခင်ဖြစ်ပြီး အဲဒီက သက်ရှိအရာအားလုံးရဲ့ သက်စောင့်အမွှေးတိုင်ကို ထိန်းချုပ်ခွင့် ပေးအပ်ခံရတယ် “

ထာဝရအင်မော်တယ်နယ်မြေများတွင် စီရင်စုတစ်စုသည် အနည်းဆုံး ကောင်းကင်တံတားဒေသတစ်ခုလုံးနှင့် တူညီသော အရွယ်အစားရှိ၏။ တာကျန်းစီရင်စု၏ ဆရာသခင်တစ်ယောက်အနေဖြင့် သရဲကြီးဘုရင်၏ စကားလုံးများသည် ဥပဒေဖြစ်မည်ဖြစ်သည်။

ထိုကဲ့သို့ ဆုလာဘ်မျိုးက သရဲကြီးဘုရင်ကဲ့သို့ ဂုဏ်အရှိန်အဝါကြီးမားသော လူတစ်ယောက်အတွက် အလွန်သင့်တော်လေသည်။ အမှန်တကယ်ဆိုရလျှင် ဤစွန်စားခန်းတွင် သူ ရရှိရန် မျှော်လင့်ခဲ့သော အဓိကအရာမှာ ကောင်းကင်တံတားဒေသမှ လူများအား စတင်ခိုလှုံခွင့်ပေးရန် သင့်တော်သောနေရာတစ်ခု ဖြစ်ပေသည်။

" ကျေးဇူးတင်ပါတယ် သူတော်စင်ဧကရာဇ်ခင်ဗျား "

သူက ဦးညွှတ်ရာမှ ပြန်မတ်လိုက်သောအခါ ရှေးမဆွက သူ၏အသွင်အပြင်နှင့် ကွဲပြားသွားဟန်တူသည်။ ယခုအခါ သူက ထာဝရနယ်မြေများထဲတွင် အခြေခံအုတ်မြစ်တစ်ခု ရှိပြီဖြစ်၏။ သူသည် ခြေဦးတည့်ရာ လျှောက်သွားနေသော သင်းကွဲကျင့်ကြံသူမဟုတ်တော့သည့်အပြင် အမြဲ သေစေနိုင်သော အန္တရာယ်တွင်းထဲ ကျရောက်တော့မည် မဟုတ်ပေ။ ၄င်းက ပိုင်ရှောင်ချန်းနှင့်သူ အစကတည်းက ဆွေးနွေးခဲ့သည်နှင့် တသွေမတိမ်းပင် ဖြစ်သည်။

ပိုင်ရှောင်ချန်းသည်လည်း အလွန်စိတ်လှုပ်ရှားနေ၏။ သရဲကြီးဘုရင်အား စီရင်စုတစ်စုလုံးပေးအပ်ခဲ့သည်ကို မြင်သောအခါ သူက အဖြစ်အပျက်များထဲက သူ၏အခန်းကဏ္ဍကို စဥ်းစားကာ သူ၏ဆုလာဘ်က မည်သည့်အရာဖြစ်လိမ့်မည်ကို မသိချင်ဘဲ မနေနိုင်တော့ပေ။

ထို့နောက် သူတော်စင်ဧကရာဇ်၏ မျက်ဝန်းများ တလက်လက်တောက်ပလာကာ ပိုင်ရှောင်ချန်းကို ကြည့်၍ ပြောလိုက်၏။

" ပိုင်ရှောင်ချန်း … ငါ့အမိန့်တော် ကြာ​းနာစေ “

ပိုင်ရှောင်ချန်းက မျက်နှာပေါ်တွင် အဆုံးစွန်ထိ ရိုသေလေးစားသော အမူအရာတစ်ခု ဖမ်းလိုက်သည်။ သူသည် သင့်တင့်လျောက်ပတ်သော အချိန်တွင် ဦးညွှတ်ရမည်ဖြစ်ကြောင်း သိထား၍ ယခုသူ၏အသွင်အပြင်သည်လည်း သူ သိထားသမျှထဲက တစ်ခုပင်။ လူတစ်ယောက်အနေဖြင့် ပန်းတိုင်ကိုရောက်ရန် ထိုသို့လုပ်ခြင်းသည် မျက်နှာပျက်စရာ မဟုတ်ပေ။

" ပိုင်ရှောင်ချန်းက ကြီးကျယ်ခမ်းနားတဲ့ တာဝန်ကို ဆောင်ရွက်ပေးခဲ့တယ်။ သူက ကောင်းကင်တံတားဒေသမှာ အင်မတန် မြင့်မားတဲ့ အဆင့်အတန်းရှိတဲ့ လူတစ်ယောက်၊ ဘယ်သူမှ မနှိုင်းယှဥ်နိုင်တဲ့ သြဇာတိက္ကမနဲ့ ဂုဏ်သတင်းကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေတယ်။ ”

" သူတော်စင်ဧကရာဇ်နိုင်ငံတော်မှာ ကောင်းကင်ဧကရာဇ်တွေပဲ ဘုရင်ဘွဲ့ကို ရထိုက်တာဖြစ်တယ်။ ဘုရင်တွေရဲ့အောက်မှာ နယ်စားတွေပဲ။ အဲဒါကြောင့် ကောင်းကင်တံတားနယ်စားက ဘုရင်တစ်ပါးပြီးရင် လူများစွာရဲ့ ခေါင်းဆောင် ဖြစ်ထိုက်တယ် “

" သူ့ကို သူတော်စင်ဧကရာဇ်မြို့အတွင်းက မြင့်မြတ်တဲ့မြေတစ်ကွက်၊ ကောင်းကင်ရေကန်က နဂါးငါးတစ်ကောင်၊ မြို့စားဝတ်ရုံနဲ့ ခုနစ်ရောင်ခြယ် ကျောက်မျက်ရတနာ ခါးပတ်တစ်ခု ချီးမြှင့်လိုက် "

သူတော်စင်ဧကရာဇ်၏စကားလုံးများ ပဲ့တင်ထပ်သွားသည်နှင့် ဝန်းရံနေကြသော မူးမတ်မျိုးနွယ်များ၏ မျက်နှာများအပေါ်တွင် အလွန်လေးနက်သောအမူအရာများကို မြင်နိုင်လေသည်။

၄င်းမှာ အလွန်မက်မောဖွယ်ကောင်းသော ဆုလာဘ်တစ်ခု ဖြစ်ပေသည်။ ပိုင်ရှောင်ချန်းက နယ်စားကောင်းကင်တံတားအဖြစ် ဘွဲ့ထူးပေးအပ်ခံခဲ့ရသည်သာမက နဂါးငါးတစ်ကောင်နှင့်အတူ မြင့်မြတ်သောမြေတစ်ကွက်လည်း ပေးအပ်ခံခဲ့ရ၏။ မြို့စားဝတ်ရုံသည် မှော်ပစ္စည်းတစ်မျိုးဖြစ်ပြီး ခုနစ်ရောင်ခြယ်ခါးပတ်သည် အင်ပါယာနန်းတော်ကိုထိန်းချုပ်သည့် နန်းတော်စောင့်ဝိညာဥ်ထံမှ မည်သည့်ဖိအားကိုမှ မခံစားရအောင် ဆောင်ရွက်ပေးသည်။

ထိုအရာအားလုံးက လွန်စွာ အထင်ကြီးစရာ ကောင်းသည့်တိုင် နောက်ဆုံးတွင် ... ဗလာဆုလာဘ်ကြီးသာ ဖြစ်တော့သည်။

အမှန်တွင် ပိုင်ရှောင်ချန်းသည် တကယ်ပင် အလွန် ထူးခြားသော နေရာတစ်နေရာတွင် ရှိ၏။ သူတော်စင်ဧကရာဇ်က သရဲကြီးဘုရင်အား စီရင်စုနယ်တစ်ခုလုံး ပေးအပ်ခဲ့သော်လည်း ထိုသည်က ပိုင်ရှောင်ချန်းအတွက် အလားအလာမရှိပေ။ သူတော်စင်ဧကရာဇ်သည် ကောင်းကင်တံတားလူများအား အခြေခံအင်အားစုတစ်စု တည်ဆောက်ရန် တကယ့်နေရာတစ်ခု မပေးချင်ပေ။

သူ၏ပန်းတိုင်က ကောင်းကင်တံတားကျင့်ကြံသူများကို သူတော်စင်ဧကရာဇ်နိုင်ငံတော်ထဲ သိမ်းသွင်းရန် ဖြစ်သည်။ သိသာထင်ရှားစွာပင် ဗဟိုဘိုးဘေးကြီးဖြစ်သော ပိုင်ရှောင်ချန်းအား တောင့်တင်းခိုင်မာသော အာဏာတစ်စုံတရာပေးရန်မှာ ယုတ္တိရှိမည် မဟုတ်ပေ။

သူက ပိုင်ရှောင်ချန်းကို သူတော်စင်ဧကရာဇ်မြို့တော်တွင် နေစေချင်ပြီး မည့်သည့်ပြဿနာမှ မဖြစ်ပွားစေလိုပေ။ အကောင်းဆုံးအနေဖြင့် သူက ပြယုဂ်တစ်ခု ဖြစ်နိုင်သည်။ နောက်ပိုင်း ကောင်းကင်တံတားသားများအားလုံးကို သူတော်စင်ဧကရာဇ်နိုင်ငံတော်ထဲ အောင်အောင်မြင်မြင် သိမ်းသွင်းပြီးသည့်နောက်တွင် ပိုင်ရှောင်ချန်း၏ အသုံးဝင်မှုကား အဆုံးသတ်သွားမည်ဖြစ်ပြီး လိုအပ်ပါက ရှင်းပစ်နိုင်သည်။

အမှန်က ပိုင်ရှောင်ချန်းက သွေးပဏ္ဍာကို ယူဆောင်မလာလျှင်ပင် သူ၏ဆုလာဘ်က တူညီမည်ဖြစ်၏။ သူတော်စင်ဧကရာဇ်သည် သရဲမယ်တော်ကို သူ့ထံခေါ်ဆောင်လာခဲ့သည့်အတွက် ကျေနပ်သော်လည်း ရင်ထဲတွင် သူ နောင်တရကာ သက်ပြင်းချနေတော့သည်။

ရလဒ်အဖြစ် သူ၏နိုင်ငံတော်ရှိ အရာရှိအရာခံများနှင့် မိစ္ဆာဧကရာဇ်နိုင်ငံတော်မှလူများလည်း အပါအဝင် လူတိုင်း အနီးကပ်စောင့်ကြည့်နေကြမည် မဟုတ်ပါလော။ လက်ဆောင်၏ ဧရာမတန်ဖိုးကြီးကို ထည့်စဥ်းစားကာ သူတော်စင်ဧကရာဇ်က ဆုလာဘ်တစ်ခုခုကို ချီးမြှင့်ရမည်ဖြစ်သည်။ ထို့ပြင် ထိုအခြင်းအရာကြောင့် သရဲကြီးဘုရင်ထံ စီရင်စုတစ်စုနှင့် ဆရာကြီးဘွဲ့ပေးအပ်ခဲ့ခြင်းဖြစ်ပေသည်။

ပုံမှန်ဆိုလျှင် သူသည် ကောင်းကင်တံတားဒေသလူများကို သူတို့သဘောကျ စီရင်ပိုင်ခွင့်ရှိရန် အခွင့်အရေးနည်းနည်းလေးပင် ဘယ်တော့မှ ပေးမည် မဟုတ်ပေ။

" အချိန်ကောင်းရောက်တဲ့အထိ စောင့်ပြီး သရဲကြီးဘုရင်ရဲ့ ရာထူးကိုဖယ်ရှားဖို့ စဥ်းစားရမယ် "

သူတော်စင်ဧကရာဇ်သည် ပိုင်ရှောင်ချန်းကို လေးနက်နွေးထွေးစွာဖြင့် စိုက်ကြည့်နေချိန် ရင်ထဲတွင် အေးတိအေးစက်ရယ်နေတော့သည်။

" ဒါက သူတော်စင်ဧကရာဇ်မြို့တော်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာမလား။ နယ်စားကောင်းကင်တံတား … မင်း အခြေကျဖို့ အချိန်နည်းနည်းလိုမယ်ဆိုတာ သေချာတယ်။ ကောင်းကင်တံတားဒေသအကြောင်းပဲဖြစ်ဖြစ်၊ မင်းလူတွေအတွက်ဖြစ်ဖြစ် စိုးရိမ်စရာမလိုဘူး။ ငါ အကုန်စောင့်ရှောက်ပေးထားမယ် “

" ခရီးနှင်လာရတာ သေချာပေါက် ပင်ပန်းနေရောပေါ့ နယ်စားကောင်းကင်တံတားရေ။ အခုကစပြီး ကျင့်ကြံခြင်းအပေါ်မှာပဲ အေးအေးချမ်းချမ်းသာ အာရုံစိုက်။ မင်း မကြာခင် အဆင့်တက်တော့မယ်ဆိုတာ သေချာတယ်။ မင်း ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်တာနဲ့ မင်းကို ဘုရင်ဘွဲ့ထူးပေးအပ်ဖို့ သိပ်ကို ပျော်နေမှာ "

သူတော်စင်ဧကရာဇ်စကားပြောလိုက်စဥ် လူအုပ်ကြီး၏ တင်းမာသောမျက်နှာများပေါ်တွင် အေးစက်သော အရိပ်အယောင်များကို မြင်နိုင်၏။ ဤအချိန်တွင် ပိုင်ရှောင်ချန်းပင် သူ့ကို ပေးအပ်ခဲ့သည် ဆုလာဘ်က များသောအားဖြင့် အတုအယောင်သာဖြစ်ကြောင်း ပြောနိုင်သည်။

အမှန်တော့ သူနှင့် သရဲကြီးဘုရင်က လမ်းတစ်လျှောက်တွင် တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ယခုကဲ့သို့ဖြစ်ပျက်လိမ့်မည်ဟု ခန့်မှန်းခဲ့ပြီးဖြစ်သည်။ အဆုံးသတ်တွင် သူတို့၏ခပ်ရေးရေးမျှော်လင့်ချက်မှအပ သူတို့အတွက် သူတော်စင်ဧကရာဇ်၏ အကြံအစည်က မိစ္ဆာဧကရာဇ်နှင့် ထူးမခြားနား ဖြစ်ကြောင်း ပေါ်လာတော့သည်။

သူက ကိစ္စရပ်များအား ကွဲပြားစွာ ဆောင်ရွက်လိုက်ခြင်းသာ ဖြစ်ပေသည်။

" ဒါပေမဲ့ သွေးပဏ္ဍာသာမပါရင် သရဲကြီးဘုရင်ကို စီရင်စုပေးမှာမဟုတ်တာ သေချာတယ် "

ယခုတွင် ပိုင်ရှောင်ချန်းသည် ဧကရာဇ်နှစ်ပါးကား အသိုက်တစ်ခုတည်းမှ မြွေပါများသာဖြစ်ကြောင်း လုံးဝ ယုံကြည်သွားလေပြီ။

" တစ်ယောက်က ရက်စက်တယ်၊ တစ်ယောက်က ကြောင်သူတော် ကြွက်သူခိုး ... "

ပိုင်ရှောင်ချန်းက ခပ်ယဲ့ယဲ့ပြုံး၍ တွေးလိုက်သည်။ သူသည် အတန်ငယ်စိတ်ပျက်သွားသော်လည်း အံ့သြမသွားပေ။ သူတော်စင်ဧကရာဇ်ပြောခဲ့သည့်အထဲ တစ်ခုက သေချာပေါက်မှန်သည် မဟုတ်ပါလော။

" ငါ မကြာခင် သေချာပေါက် ကျင့်ကြံခြင်းအခြေခံ အဆင့်တက်စေရမယ် "

သူက လက်ယှက််ပြီး သူတော်စင်ဧကရာဇ်ကို ဦးညွှတ်၍ သရဲကြီးဘုရင်ထံ နှုတ်ဆက်စကားပြောရန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ကောင်းကင်မြို့စားလျှိုက ထအော်လေသည်။

" အရှင်မင်းမြတ် သူတော်စင်ဧကရာဇ် … ပိုင်ရှောင်ချန်းကို သူတော်စင်ဧကရာဇ်မြို့တော်ထဲမှာ လုံးဝနေခွင့်မပြုပါနဲ့ဘုရား။ အဲဒါက ကျွန်တော်မျိုးတို့အားလုံးကို သေတွင်းထဲ ပို့ပေးပါလိမ့်မယ် "

All Chapters