← Chapters

မူးရူးနေသော နဂါးတူငါးများ

Vol. 11 Ch. 1060

မူးရူးနေသော နဂါးတူငါးများ

Vol. 11 Ch. 1060

သူတော်စင်ဧကရာဇ်နိုင်ငံတော်ရှိ လူတိုင်းသည် သရဲမယ်တော်အား အပေးအယူလုပ်ခဲ့သည်နှင့် ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်နေကြ၏။

မိစ္ဆာဧကရာဇ်နိုင်ငံတော်က အပေးအယူအဖြစ် အစောပိုင်းက နှစ်နိုင်ငံကြားရှိ နှစ်ပေါင်းများစွာ ပဋိပက္ခတိုက်ပွဲလေးများအတွင်း သူတော်စင်ဧကရာဇ်နိုင်ငံ ဆုံးရှုံးခဲ့ရသည့် စီရင်စုသုံးစုကို ပြန်လည်ပေးအပ်ခဲ့လေသည်။

အကြောင်းစုံမသိသည့် ကျင့်ကြံသူများအတွက် နိုင်ငံနှစ်နိုင်ငံကြား ပြဿနာများတက်နေခြင်းကြောင့် ၎င်းက အဓိက အောင်နိုင်မှုကြီးအလား ဖြစ်လိမ့်မည်။

သို့သော် သူတော်စင်ဧကရာဇ်နိုင်ငံတော်ရှိ သြဇာအာဏာရှိသော လူများနှင့် သူတော်စင်ဧကရာဇ်ကိုယ်တိုင် ထိုမေးခွန်းထုတ်စရာစီရင်စုသုံးစုသည် သိမ်းပိုက်ထားခဲ့သည့်အချိန်များ တစ်လျှောက် စွန့်ပစ်နယ်မြေများ ဖြစ်လုနီးပါး ပစ်ထားခံခဲ့ရကြောင်း သိသည်။

မိစ္ဆာဧကရာဇ်နိုင်ငံတော်အတွက် ထိုနယ်မြေများသည် တန်ဖိုးမရှိသလို စိတ်ဝင်စားစရာလည်းမကောင်းပေ။ သို့သော် သူတော်စင်ဧကရာဇ်နိုင်ငံတော်အတွက် ဘာမှမရသည်ထက်စာလျှင် တော်သေး၏။ ထို့ပြင် သူတော်စင်ဧကရာဇ်သည် သူ တောင်းဆိုတာ အရမ်း လွန်သွားပါက မိစ္ဆာဧကရာဇ်သည် သရဲမယ်တော်ကိုသာ စွန့်လွှတ်ပြီး မည်သည့်ရပိုင်ခွင့်ကိုမှ ကမ်းလှမ်းတော့မဟုတ်ကြောင်း သိသည်။

ထိုသို့ဖြစ်လာလျှင် ဝန်ထုပ်ဝန်ပိုးများသည် သူတော်စင်ဧကရာဇ်ကို လောဘကြီးမှုအတွက် အရိပ်ကျလာမည်ဖြစ်ပြီး မိစ္ဆာဧကရာဇ်ပင် သူ၏လက်အောင်ငယ်သားများထံမှ အပြစ်တင်ခံရလိမ့်မည် မဟုတ်ပေ။

အကြောင်းအရာများအားလုံး စဥ်းစားပြီးနောက် နှစ်ဦးနှစ်ဖက်လုံး တင်းတိမ်ကျေနပ်စေသော သဘောတူညီချက်တစ်ခုကို ရောက်ရှိသွားပြီး ကြီးမားသောပြဿနာများ ဖြစ်ပေါ်ခြင်းမှ ဟန့်တားနိုင်လိုက်သည်။

ထိုအခြင်းအရာတစ်ခုကမှ ပိုင်ရှောင်ချန်းနှင့် ဘာမှ မသက်ဆိုင်ပေ။ အမှန်တကယ်ဆိုရပါက မည်သည့်ဘက်ကမှ စေ့စပ်ဆွေးနွေးခြင်းတွင် သူ့ကို လုံးဝမဖော်ပြကြပေ။ သူသည် ကိစ္စတစ်ရပ်လုံးတွင် အရေးပါသောဇာတ်ကောင်တစ်ယောက် ဖြစ်ခဲ့သော်လည်း နှစ်ဖက်လုံးသည် သူ မလုပ်ခဲ့သည့်အလား ဟန်ဆောင်လိုက်ကြ၏။

ပိုင်ရှောင်ချန်းက ထိုအကြောင်းကို ဂရုမစိုက်ပေ။ ယခုလောလောဆယ်တွင် သူသည် သူ၏မြင့်မြတ်သောမြေကွက်တွင် ထိုင်ကာ ကောင်းကင်နဂါးတူငါးပြဿနာကို စဥ်းစားနေသဖြင့် ခေါင်းထဲတွင် ထောင်ပေါင်းများစွာေသာ အတွေးများ ဖြတ်ပြေးနေကာ မျက်ရည်ဝဲနေသည်။

သူက ငါးများအကြောင်း တွေးတောနေခြင်းအား ရပ်တန့်ကာ သူတော်စင်ဧကရာဇ်မြို့တော်တွင် ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အချိန်အနည်းငယ် ယူလိုက်သည်။ ဤနေရာတွင် အသုံးပြုသည့် နည်းလမ်းများက ကောင်းကင်တံတားဒေသမှ နည်းလမ်းများနှင့် ဆင်တူသယောင်ရှိသော်လည်း ဖော်စပ်ရာတွင် လွန်စွာခက်ခဲကာ ကောင်းကင်တံတားဒေသနှင့် လွန်စွာ ကွာခြားကြောင်း သူ သိရှိလိုက်ရသည်။ ထိုဆေးလုံးများမှာ စျေးလည်း အလွန်ကြီးသည်။

နတ်ဘုရားတစ်ပိုင်းများအတွက် သင့်တော်သော ဆေးလုံးများသည် ရှားပါးရုံသာမက စျေးက ခေါက်ခိုက်နေသည်။

နောက်ထပ်ပြဿနာတစ်ခုက ပိုင်ရှောင်ချန်းတွင် ငွေကြေးများများစားစား မရှိပေ။ ပိုဆိုးသည်က သူ့မှာ ဆေးပင်အချို့ရှိသော်လည်း ဆေးဖော်စပ်နည်းများ မရှိသည့်အပြင် ဖော်စပ်နည်းအသစ်များ ဖန်တီးခြင်းမှာလည်း အလွန်ခက်ခဲပြီး အကုန်အကျများသောလုပ်ငန်း ဖြစ်သည်။ စိတ်စွမ်းအင်ကျောက်တုံးများစွာ ရရှိရန် နည်းလမ်းအချို့ မစဥ်းစားနိုင်သရွေ့ ဆေးလုံးများကိုသာ သူ အားထားနေပါက သေချာပေါက် မွဲတေပြာကျသွားမည် ဖြစ်သည်။

" ငွေကို ေချွတာဖို့ အကောင်းဆုံးနည်းလမ်းက ကောင်းကင်နဂါးတူငါးကို သုံးဖို့ပဲဖြစ်မယ် "

သူက သွေးချင်းချင်းနီရဲနေသောမျက်ဝန်းများဖြင့် သူ၏ကျင့်ကြံခြင်းအား ထောက်ပံ့ရန် တစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်း ဖြစ်ဟန်တူသည့် ကောင်းကင်ရေကန်ရှိရာသို့ စူးစိုက်ကြည့်လိုက်သည်။ သူက အံကိုကြိတ်၍ ပြော၏။

" ငါ ဒီအတိုင်းတော့ လက်မလျှော့ဘူး။ အဲဒီငါးတွေ ငါ့ကို အထင်သေးရဲတယ်ဆိုတော့ ငါလဲ သူတို့ကို သေချာပေါက် သင်ခန်းစာပေးရမယ် "

သူက ငါးမြှားတံကို ဆွဲယူကာ ကြာရွက်၏ အစွန်းနားကို အပြေးအလွှား သွားလိုက်သည်။ အရင်တစ်ခေါက်နှင့် မတူသောနေရာတစ်နေရာကို သူ ရွေးချယ်လိုက်ပြီး ငါးဖမ်းလေရာ ရက်အနည်းငယ်ကြာကုန်ဆုံးသွားပါသော်လည်း အဆုံးသတ်တွင် သူ သက်ပြင်းချကာ ထပ်မံလက်လျှော့လိုက်ရပြန်သည်။

ငါးများကား အင်မော်တယ်သတ္တဝါများအလားပင်။ မည်သည့်ငါးမြှားတံကို ရွေးချယ်စေကာမူ ငါးများက သူ၏ရှေ့တည့်တည့်တွင် ရစ်သီရစ်သီ ကူးခတ်နေကာ အထင်သေးသောအကြည့်များဖြင့် မကြာခဏ စိုက်ကြည့်လေသည်။

ပိုင်ရှောင်ချန်းသည် ထောင်ပေါင်းများစွာသော ငါးများ၏ အဖက်မတန်သလို အကြည့်ခံနေရသည့်အတောအတွင်း ရက်ပေါင်းများစွာ ကုန်လွန်သွားလေပြီ။ နောက်ဆုံးတွင် သူ၏ကမ္ဘာကြီး မည်းမှောင်လာတော့သည်။ တချိန်တည်းမှာပင် လူအများက သူလုပ်နေသည့်အရာအား သတိပြုမိသွားကြပြီး အတင်းအဖျင်းစကားများ ပျံ့နှံ့လာသည်။

" ကောင်းကင်တံတားနယ်စား ငါးမြှားနေတယ်ဟေ့ "

" အင်း သူက အရိုင်းအစိုင်းအပြင်လူပဲလေ။ မင်းညီလာခံမှာ သူ့အကြောင်းသူ ပြောတုန်းကတော့ တကယ့်ကို အံ့သြစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်လိုလိုနဲ့။ ဒါပေမဲ့ ကောင်းကင်နဂါးတူငါးနဲ့ပတ်သက်ရင် သူတော်စင်ဧကရာဇ်ချမှတ်ထားတဲ့ စည်းမျဥ်းရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို နားမလည်တဲ့ ပေါကြောင်ကြောင်တစ်ယောက်ပါကွာ။ ငါ မင်းကိုပြောမယ်သိလား။ အဲဒီလူသာ ငါးတစ်ကောင်ဖမ်းမိရင် ငါ့မျိုးရိုးကို သူ့မျိုးရိုးနာမည် ပြောင်းပစ်မယ်"

" ကြည့်ရတာ သူတော်စင်ဧကရာဇ်ရဲ့ ကြာရွက်တွေကတော့ ဆရာကြီးပင်လယ်နက်လို တမ်းတမ်းစွဲအရူးတစ်ယောက် ထပ်ရသွားပြီး ထင်ပါတယ် "

မင်းမျိုးနွယ်အထက်တန်းလွှာအကြားတွင် မည်သည့်ကြင်နာသောစကားတစ်ခွန်းကိုမှ မကြားရပေ။ ပိုင်ရှောင်ချန်းအား လူတိုင်း ဟာသလုပ်နေကြလေသည်။

သူတို့က ဂူထျန်ကျွင်းနည်းတူ အစကတည်းက ကောင်းကင်တံတားသားများကို အထင်သေးသည် မဟုတ်ပါလော။

ကောင်းကင်တံတားသားများအတွက် သူတို့အမြင်ကြည်စေရန်မှာ သူတို့၏အစေခံများလုပ်ရန်သာ ဖြစ်သည်။ သို့မှသာ သူတော်စင်ဧကရာဇ်နိုင်ငံတော်သည် ကောင်းကင်တံတားသားများကို သနားပြီး စာနာထောက်ထားသောစိတ်ဖြင့် ခေါ်ထားမည် ဖြစ်သည်။

သူတော်စင်ဧကရာဇ်သည် နောက်ဆုံးတွင် ဖြစ်ပျက်နေသည်များအား ကြားလိုက်ရပြီး ခေါင်းခါလိုက်၏။

" ကိစ္စမရှိဘူး " သူက အပြုံးတစ်စဖြင့် ပြော၏။

" ကောင်းကင်တံတားနယ်စားက ငါးဖမ်းရင်း အချိန်ဖြုန်းနေရင် ငါ့အတွက် သက်သာတာပေါ့ "

ခြားနားစွာတုံ့ပြန်သည့် တစ်ဦးတည်းသောလူမှာ လျှိုယုံဖြစ်၏။ ထိုကိစ္စအကြောင်း သူ ကြားသောအခါ အစက တုန်လှုပ်သွားသော်လည်း သူတော်စင်ဧကရာဇ်ထံ စာချွန်လွှာပါး၍ ပိုင်ရှောင်ချန်းကို ငါးမြှားခြင်းမှ တားမြစ်ရန် တောင်းဆိုလိုက်သည်။

သူ့အတွက် ဝမ်းနည်းဖွယ်ကောင်းစွာ သူသည် ကောင်းကင်တံတားဒေသမှဖြစ်၍ လူတိုင်းက သူ့ကို လျစ်လျူရှုထားကြလေသည်။ သူတော်စင်ဧကရာဇ်က ရေးသားထားသောတောင်းဆိုချက်ကို ကြည့်ရုံသာကြည့်ပြီးနောက် ဘေးသို့ပစ်လိုက်၏။

ကန်ထဲက ငါးများဖြစ်စေ၊ မြို့ထဲက အရာရှိများဖြစ်စေ၊ အရာလုံးသည် ပိုင်ရှောင်ချန်းအား အထင်သေးခြင်းများဖြင့် ကြည့်ကြလေသည်။ နောက်ဆုံးတွင် သူ သည်းမခံနိုင်သည့်အခြေအနေသို့ ရောက်ရှိသွားတော့သည်။

" မင်းမေဘ… ကောင်းပြီလေ ငါးမမြှားတော့ဘူးကွာ "

သူက မာနထောင်လွှားနေသောငါးများကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်စဥ် ရက်စက်သောအပြုံးတစ်စ သူ၏မျက်နှာပေါ်တွင် ရုတ်တရက် ပေါ်လာတော့သည်။ မည်သူမှ သူ့ကို စောင့်ကြည့်မနေကြောင်း သေချာစေရန် နတ်ဘုရားအာရုံအချို့ ပို့လွှတ်ပြီးနောက် သူ့အိတ်ထဲမှ မူးယစ်ဆေးလုံးတစ်လုံး ထုတ်ပြီး ကောင်းကင်ရေကန်ထဲ ပစ်ချလိုက်သည်။

ဘယ်သူမှ သတိမထားမိဘဲ ဆေးလုံးက ရေနှင့်ထိသည်နှင့် ချက်ချင်း အရည်ပျော်သွား၏။ အချိန်တိုလေးအတွင်း ဆေးလုံးမှာ အနီးနားရှိငါးများ၏ စုပ်ယူခြင်းခံလိုက်ရတော့သည်။

ပိုင်ရှောင်ချန်းက ငါးများကို နောက်ဆုံးတစ်ချက်ကြည့်ကာ အေးစက်စက်နှာမှုတ်၍ ထွက်သွားလေသည်။ ကျန်ရက်များတစ်လျှောက် သူသည် ကြာရွက်အစွန်းနားကို မကြာခဏသွားပြီး မူးယစ်ဆေးလုံးအနည်းငယ်ကို ခိုးကြောင်ခိုးဝှက် ရေထဲပစ်ချလေသည်။

သတိထားခံရမည်ကို ရှောင်ရှားရန်အလို့ငှာ သူက တစ်ကြိမ်လျှင် ဆေးလုံးနှစ်လုံးသုံးလုံးသာ ပစ်ထည့်ပြီး ရံဖန်ရံခါ တစ်လုံးသာ ထည့်၏။ အချို့အရာများက အချိန်ကြာမှ အောင်မြင်နိုင်ပြီး စိတ်ရှည်ရန်လိုအပ်ကြောင်း သူသိသည်။ ထိုနည်းအားဖြင့် လဝက်ကျော် ကုန်ဆုံးသွားလေပြီ...

တဖြေးဖြေးနှင့် မူးယစ်ဆေးလုံးများကို တုန့်ပြန့်လာသော ကောင်းကင်နဂါးတူငါးများ တစတစ များပြားလာတော့သည်။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက ရေစပ်နားလေးလျှောက်သွားရုံနှင့် ငါးများက မူးယစ်ဆေးလုံး၏အာနိသင်ပါဝင်နေသော ရေများရရှိရန် မျှော်လင့်ချက်များဖြင့် အုပ်လိုက်ကြီးကူးခတ်လာကြသည့်အဖြစ်ထိ ရောက်သွားတော့သည်။

သူ့ကို တစ်ပန်းသာစေသော အချက်နှစ်ချက် ရှိသည်။ ပထမအချက်က ကောင်းကင်နဂါးတူငါးများအတွက် ငါးမြှားနေသောလူတစ်ယောက်အနား လာရောက်စုအုံကြပြီး သူတို့ကို အထင်သေးသောအကြည့်ဖြင့် ကြည့်ရသည်မှာ သာမန် ဖြစ်သည်။ ဒုတိယက ပိုင်ရှောင်ချန်းသည် အာရုံစိုက်ခံရအနည်းဆုံး ချောင်ကျသောနေရာများကို သေချာရွေးချယ်ထား၏။

သူက ပို၍အန္တရာယ်ကင်းစေရန် လုပ်ဆောင်နေပြီး ရံဖန်ရံခါ ငါးမြှားယောင်လည်း ဆောင်နေတတ်သည်။

ရက်များကုန်ဆုံးသွားပြီး ကောင်းကင်နဂါးတူငါးများက သူ့ဆေးလုံးများအား ဝါးမျိုသည်ကို စောင့်ကြည့်ကာ သူ၏နှလုံးသားသည် ယခင်ကထက်ပိုသော ဂုဏ်ယူခြင်းများဖြင့် ပြည့်နှက်နေတော့သည်။

" မလောက်လေးမလောက်စား ကောင်းကင်နဂါးတူငါး။ ကိုယ်တော်ပိုင် ဘယ်လောက် အံသြစရာကောင်းလဲ မင်းတို့ကို ပြမယ်ကွ။ ငါ့ မူးယစ်ဆေးလုံးကို တစ်ချက်လောက်မြည်းဖူးတဲ့ လူတိုင်း စွဲလမ်းကုန်တာပဲ။ မင်းတို့က ခြွင်းချက်ဆိုတာ ငါမယုံဘူးကွ "

ပိုင်ရှောင်ချန်းမှာ အလွန်ဂုဏ်ယူပြီး သူ့ဆေးလုံးများအပေါ် ယုံကြည်ချက်ရှိသည်။ သူသည် ရေကန်ထဲက ငါးများသည် မူးယစ်ဆေးလုံးများအား မသုံးဘဲ နေနိုင်မည်မဟုတ်ကြောင်း လုံးဝသေချာသည်။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် ရေကန်ထဲ ဆေးလုံးများ မပစ်ချတော့ဘဲ ကောင်းကင်နဂါးတူငါးများက ဆေးဖြတ်ခံရသည့်လက္ခဏာများ စတင်ပြသမည့်အချိန်ကို စောင့်လိုက်သည်။

တစ်ရက်တွင် သူက ကြာရွက်၏အစွန်းနား၌ လမ်းလျှောက်နေစဥ် လူအုပ်ကြီး တရုံးရုံးဖြစ်လာပြီး အထိတ်တလန့် အော်ဟစ်နေကြသည်ကို မြင်လိုက်လေသည်။

" ဘုရားရေ … ကောင်းကင်နဂါးတူဂါးတွေက သိပ်လန်းပါလား။ ကြည့်ဦး ဟေ့ကောင်တွေ … ဟိုတစ်ကောင်က ဘယ်လိုငါးမြှားရမလဲ သိတယ်ကွ"

ပိုင်ရှောင်ချန်းက အပြေးအလွှားသွားပြီး ကြည့်လိုက်ရာ ငါးမြှားတံကိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်အလား ပါးစပ်ထဲတွင် ပင်လယ်ရေညှိအမျှင်ရှည်တစ်မျှင်နှင့် ကောင်းကင်နဂါးတူငါးတစ်ကောင်အား တွေ့လိုက်ရ၏။ သူသည် စိတ်လှုပ်ရှားကာ အရေးပါသော အခိုက်အတန့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။

သူသည် စိတ်လှုပ်ရှားမှုများ တဟုန်ထိုး မြင့်တက်လာကာ ယခုအခိုက်အတန့်အတွက် သူ ပြင်ဆင်ထားခဲ့သော မူးယစ်ဆေးလုံးများ သုတ်လိမ်းထားသည့် သူ၏ငါးမြှားတံကို ထုတ်လိုက်သည်။ ဘေးဘီဝဲယာကို ကြည့်ကာ သူသည် ထုံးစံအတိုင်း မလှုပ်မယှက်ထိုင်နေသော ဆရာကြီးပင်လယ်နက်နှင့် နီးကပ်နေကြောင်း သတိထားမိလိုက်သည်။ သူက ငါးမြှားတံကို မ,ကာ အပြေးအလွှားသွားပြီး သူ့ဘေးတွင် ထိုင်ချလိုက်ပြီးနောက် ငါးမြှားရန် ပြင်လိုက်သည်။

ဆရာကြီးပင်လယ်နက် မျက်မှောင်ကြုတ်သွားသည်။ သူသည် ပိုင်ရှောင်ချန်းက ကောင်းကင်တံတားနယ်စားဖြစ်ကြောင်း သိသည့်တိုင် မြို့ထဲက အခြားသူများနည်းတူ ကောင်းကင်တံတားသားများကို အထင်သေးလေသည်။ ထို့ပြင် ကောင်းကင်တံတားနယ်စားက အရင်ဆုံး ခွင့်ပြုချက်မတောင်းဘဲ သူ၏ငါးမြှားရန်နေရာကို ရောက်ချလာခဲ့သည် မဟုတ်လော။

ပို၍ဆိုးသည်က ပိုင်ရှောင်ချန်း၏ ငါးမြှားတံမှာ သာမန်အတိုင်းဖြစ်ပုံပေါ်သောကြောင့်ပင်။ ဆရာကြီး ပင်လယ်နက်၏ ငါးမြှားတံသည် နူးညံ့သောကျောက်စိမ်းမှ ပြုလုပ်ထားရာ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ပျော့ပျောင်းသည်။ ၄င်းတွင် စိတ်စွမ်းအင်များလည်း ပြည့်နှက်နေ၏။ ထို့ပြင် ပိုင်ရှောင်ချန်း၏မျက်နှာပေါ်တွင် ထင်ဟပ်နေသော မျှော်လင့်ချက်များမှာ အလွန် စိတ်ပျက်ဖွယ်ကောင်းလှသည်။

ဂူထျန်ကျွင်းနှင့်ရွယ်တူ နတ်ဘုရားတစ်ပိုင်းအဆင့်ပညာရှင်တစ်ဦးဖြစ်ပြီး ငယ်ရွယ်သူချိန်စုကိုပင် အကြံပေးခဲ့သည့် လူတစ်ယောက်အနေဖြင့် ဆရာကြီး ပင်လယ်နက်သည် မည်သည့်ရှုထောင့်မှကြည့်သည်ဖြစ်စေ နက်နဲသိမ်မွေ့စွာအရည်အချင်းရှိသူ ဖြစ်သည်။

" တွေ့ရတာဝမ်းသာပါတယ် ကောင်းကင်တံတားနယ်စား "

သူက အတန်ငယ် မျက်မှောင်ကြုတ်လျက် ပြောသည်။

" ငါးမြှားတာက စိတ်ရှည်ဖို့လိုတယ် မင်းသိလား။ ကံကောင်းခြင်းက လူတစ်ယောက်ကို အောင်မြင်မှုတွေ ဆောင်ကြည်းပေးပြီး ကံကြမ္မာက ကျရှုံးခြင်းတွေ သယ်ဆောင်လာတယ်ဆိုတဲ့ ရှေးစကားတစ်ခုရှိတယ်။ အဲဒီဆိုရိုးစကားကို နားလည်ရင် မင်း အေးချမ်းပြီး စိတ်တည်ငြိမ်လိမ့်မယ်။ မင်းစိတ်နှလုံးထဲမှာ ကောင်းကင်နဲ့မြေကြီးကို စွဲမှတ်ထားရမယ်။ သတ္တဝါတွေထဲမှာ မရေမတွက်နိုင်တဲ့သက်ရှိတွေ ရှိတယ်။ သူတို့အားလုံးက သူတို့သဘာဝအလျောက် အသိဉာဏ်ရှိကြတယ်။ မှတ်ထား … အရာအားလုံးက ဆက်စပ်နေတာ။ ကောင်းကင်နဂါးတူငါးတစ်ကောင်က မင်းနဲ့ ကံပါရင် မင်းဆီလာလိမ့်မယ်။ ဘဝဆိုတာ အဲဒါပဲ "

"လူအများစုက ငါ ဒီမှာ ငါးမြှားဖို့ ထိုင်နေတာလို့ထင်တယ်။ တကယ်က ငါ ဘဝအကြောင်းတွေးခေါ်စဥ်းစားနေတာ။မင်းလို စိတ်နေစိတ်ထားမျိုးနဲ့ ဒီနေရာမှာ အချိန်လာမဖြုန်းသင့်ဘူး "

သူ စကားပြောလိုက်ချိန်တွင် သူ့ကိုကြည့်ရသည်မှာ အခြားကမ္ဘာတစ်ခုမှ အရှိန်အဝါများဖြင့် ပြည့်နှက်နေပုံရ၏။

ပိုင်ရှောင်ချန်းမှာ အဘိုးကြီး ပြောခဲ့သည့်စကားများကို တစ်ခုတလေမှ နားမလည်ပါသော်လည်း လျှို့ဝှက်ဆန်းကြယ်သည့်လေသံပေါက်နေခြင်းကြောင့် အံအားသင့်သွားသည်။ သို့သော် ထိုလူက တံငါသည်တစ်ယောက်အနေနှင့် တော်တော်လေး တည်ငြိမ်အေးဆေးလှ၍ ပိုင်ရှောင်ချန်းက ခေါင်းတဆတ်ဆတ်ညိတ်ကာ သူ၏ကြိုးကို ကောင်းကင်ရေကန်ထဲ ချလိုက်သည်။

ပိုင်ရှောင်ချန်းက အမှန်တကယ် ငါးမြှားတော့မည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ဆရာကြီး ပင်လယ်နက်မှာ ပို၍စိတ်ပျက်သွားပြီး သူ၏မျက်လုံးများထဲရှိ အထင်သေးမှုများ ပို၍ပြင်းထန်လာတော့သည်။

" မင်း ... "

All Chapters