← Chapters

မင်းတို့ နောင်တရကြလိမ့်မယ်

Vol. 11 Ch. 1064

မင်းတို့ နောင်တရကြလိမ့်မယ်

Vol. 11 Ch. 1064

ပိုင်ရှောင်ချန်းသည် ကောင်းကင်တံတားဒေသ၏ ဗဟိုဘိုးဘေးကြီးဆိုသော အဆင့်အတန်းနှင့်အတူ သရဲမယ်တော်ကို ပြန်ပေးဆွဲခဲ့ခြင်းအတွက် နာမည်ကြီးပြီးသားဖြစ်၏။ သို့သော် ယခုတွင် သူသည် ကောင်းကင်နဂါးတူငါးများကျေးဇူးဖြင့် ပို၍ပင် နာမည်ကြီးလာတော့သည်။

နေ့ချင်းညချင်းပင် ကောင်းကင်တံတားနယ်စား ပိုင်ရှောင်ချန်းဆိုသော နာမည်ကား သူတော်စင်ဧကရာဇ်တစ်မြို့လုံးကို လှုပ်ခတ်သွားလေသည်။

" မင်း ကြားလား။ ကောင်းကင်တံတားနယ်စားက ကောင်းကင်နဂါးတူငါး သုံးထောင်ကျော် ဖမ်းခဲ့ပေမယ့် အဆုံးသတ်ကျတော့ သူတော်စင်ဧကရာဇ်က သူ့ကို လုံးဝအပြစ်မပေးခဲ့ဘူး "

" သူ့ကို အပြစ်မပေးရုံတင်မကဘူး၊ အရှင်မင်းမြတ် သူတော်စင်ဧကရာဇ်က တကယ်ကြီး ကောင်းကင်ရေကန်ကို ပိတ်လှောင်ခဲ့တာကွ "

" သူက တကယ်ကြီး သူတော်စင်ဧကရာဇ်ကို ကောင်းကင်ရေကန်ကို ပိတ်လှောင်ဖို့ ဖိအားပေးခဲ့တယ်။ ဒီပိုင်ရှောင်ချန်းကို လုံးဝလိုက်မမှီတော့ဘူး။ နောက်လဝက်လောက်သာ ထပ်ပေးကြည့်လိုက် သူကောင်းကင်နဂါးတူငါးတွေ မျိုးတုန်းတဲ့အထိ ဖမ်းလိမ့်မယ်ဆိုတာ ငါလောင်းရဲတယ် "

ထိုကဲ့သို့ပြောစကားမျိုးစုံ မြို့တော်အတွင်း ပျံ့နှံ့လာပြီး နောက်တစ်ဖန်ထပ်၍ ပိုင်ရှောင်ချန်းသည် လူအများအာရုံစိုက်ရာအဖြစ် ခံစားလိုက်ရတော့သည်။ ယခုတွင် သူအပြင်ထွက်သည့်အချိန် သူ့အပေါ်ကျရောက်လာသော မျက်လုံးများသည် ယခင်ထက် အဆများစွာ များပြားလာသည်။

သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လူအများက သူ့ကို လက်ညှိုးထိုးပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောကြသည်။

" ငါက တကယ်ပဲ ထူးချွန်ပြောင်မြောက်လွန်းတယ် ထင်ပါတယ်ကွာ။ ထာဝရအင်မော်တယ်နယ်မြေက ကျင့်ကြံသူတွေတောင်မှ ငါ့ကို ကြည့်တဲ့အချိန် သူတို့စိတ်ခံစားချက်တွေကို မထိန်းသိမ်းနိုင်တော့ပါလား "

သူက ထိုအာရုံခံစားချက်တွင် အရသာခံကာ ချောင်းဟန့်လိုက်သည်။ ယခုအခြေအနေက သူ့အတွက် နည်းနည်းလေးပင် မထူးဆန်းပေ။ သူသည် ယခင်က ယခုလိုကိစ္စများကို ကြိမ်ဖန်များစွာ တွေ့ကြုံခဲ့ဖူးပြီး မဟုတ်ပါလော။

သို့သော် သူ အားရကျေနပ်စွာ သက်ပြင်းချလိုက်ချိန်မှာပင် မြေရိုင်းသား ကောင်းကင်နယ်စားလျှိုက လက်ရှိအခွင့်အရေးကိုယူ၍ သူတော်စင်ဧကရာဇ်ထံ ပိုင်ရှောင်ချန်းအား နှံ့စပ်စွာ ပြင်းပြင်းထန်ထန်ဝေဖန်ရှုံ့ချထားသည့် စာအရှည်ကြီးတစ်စောင် ရေးသားပေးပို့ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်ကြိမ် တရားခွင်ကျင်းပစဥ် ကောင်းကင်နယ်စားလျှိုက နန်းတွင်းမှူးမတ်များအားလုံးအရှေ့ လမ်းလျှောက်ထွက်လာပြီး သူတော်စင်ဧကရာဇ်ကို လက်ယှက်အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အသက်ရှူရန်ပင် မရပ်နားဘဲ သူ၏ မိန့်ခွန်းအား ဟောပြောတော့သည်။

" ပိုင်ရှောင်ချန်းက ဘယ်လိုနည်းလမ်းနဲ့ ကောင်းကင်နဂါးတူငါးတွေကို ခိုးလဲ ကျွန်တော်မျိုး ရှင်းပြပါမယ် ”

" ကျွန်တော်မျိုးရဲ့ ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းလေ့လာချက်နဲ့ ပိုင်ရှောင်ချန်းကို နားလည်ခြင်းအပြင် လေ့လာဖို့ တကယ့် ကောင်းကင်နဂါးတူငါးတစ်ကောင်ကို ဝယ်ခဲ့တဲ့ မြောက်မြားစွာသော ကုန်ကျစရိတ်တွေအပေါ် အခြေခံပြီး နောက်ဆုံးဖြစ်ခဲ့လဲဆိုတာ ကျွန်တော်မျိုး နားလည်လိုက်ပါပြီ “

" အရှင်မင်းမြတ်ခင်ဗျား ပိုင်ရှောင်ချန်းက သေချာပေါက် ဆေးတစ်မျိုးကို သုံးခဲ့တာပါ “

" ကျွန်တော်မျိုး ကောင်းကင်တံတားဒေသရဲ့ ဆေးဖော်စပ်နည်းတွေအကြောင်း များများစားစား မသိပေမယ့် သူတော်စင်ဧကရာဇ်နိုင်ငံတော်နဲ့ ကွဲပြားတာကိုတော့ ကောင်းကောင်းသိပါတယ်။ ဒါကြောင့် သူက မွန်မြတ်တဲ့ ကောင်းကင်နဂါးတူငါးတွေကို ဘေးသင့်စေဖို့ ဝိညာဥ်ဆေးတချို့သုံးပြီး ခိုးယူသွားတာလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ် “

" ကောင်းကင်နဂါးတူငါးတွေက အပြစ်ကင်းတဲ့ နစ်နာသူတွေဖြစ်ပြီး နိုင်ငံ့ရတနာတွေဆိုလဲ မမှားပါဘူး။ သူတို့က လူ့နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ ကောက်ကျစ်စဥ်းလဲမှုတွေနဲ့ မရင်းနှီးဘူး။ ဒါကြောင့် သူတို့မှာ နိုင်ငံတည်ထောင်စဥ်ကတည်းက ကျူးလွန်ခဲ့သမျှထဲ စံတင်လောက်ဆုံးနဲ့ တစ်ခါမှမကြုံဖူးတဲ့ မှားယွင်းစွာ စီရင်ခြင်းမှာ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတယ်။ လူတွေနဲ့ နတ်ဘုရားတွေ ဒေါသူပုန်ထကုန်တာကြောင့် ကျွန်တော်မျိုး ကောင်းကင်နဂါးတူငါးတွေရဲ့ နစ်နာမှုအတွက် လျော်ကြေးတောင်းဆိုလိုပါတယ်။ အရှင်မင်းမြတ် ပိုင်ရှောင်ချန်းကို ကောင်းကင်ရေကန်ထဲပစ်ချပြီး သူ့ကို ငါးစာကျွေးလိုက်ပါ လို့ ကျွန်တော်မျိုး အနူးအညွတ်တောင်းဆိုပါတယ် "

ပိုင်ရှောင်ချန်းမှာ သူ၏စကားလုံးများကြောင့် ပင့်သက်ရှိုက်သွားတော့သည်။ တရားခွင်ကျင်းပခြင်းသည် တစ်လတွင် တစ်ခါသာကျင်းပပြီး သူ ပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်၏။ တရားခွင်ကျင်းပခြင်းအစီအစဥ် ဘယ်သူကမှ မစီစဥ်ထားသည့်ပုံရသည်။ သူတော်စင်ဧကရာဇ်သည် ခါတိုင်းကဲ့သို့ နွေးထွေးပြီး တည်ငြိမ်အေးဆေးနေဟန် တူလေသည်။

သို့သော် လုံးဝမထင်မှတ်ထားသောအသွင်ဖြင့် ကောင်းကင်မြို့စားလျှိုက ရုတ်တရက် သူ၏စွဲချက်များနှင့်အတူ ဝင်ရောက်လာလေသည်။ ၄င်းမှာ အမှန်တကယ် စိတ်တိုစရာကောင်းပေသည်။

" ကောင်းပြီလေ လျှိုအဘိုးကြီး "

သူက စိတ်ထဲတွင် ရေရွတ်လိုက်သည်။

" ဘယ်လိုလဲ ကျုပ်သိပြီ။ ကျုပ် ကောင်းကင်နဂါးတူငါးရတုန်းက ကောင်းကင်တံတားဒေသကမလို့ ခင်ဗျားကို ပိုပေးခဲ့တယ်။ အခုတော့ ခင်ဗျားက ကျုပ်ကို ငါးစာကျွေးချင်တယ်ပေါ့လေ။ အေး ခင်ဗျားအတွက် ကျုပ် ဘာပြင်ဆင်ထားမလဲ စောင့်သာကြည့်လိုက် "

သူက စိတ်ထဲတွင် အေးတိအေးစက် ရယ်ကာ ကောင်းကင်မြို့စားလျှိုအား သင်ခန်းစာပေးရန်အတွက် အစီအစဉ်တစ်ခု စဥ်းစားလိုက်သည်။ မြေရိုင်းဒေသမှာက သူသည် မဟာတံတိုင်းဆီ ထွက်ပြေးခြင်းဖြင့် အဆုံးသတ်ခဲ့သော်လည်း ယခုတွင်ကား သူ့တွင် ထွက်ပြေးစရာမြေမရှိပေ။

ရင်ပြင်ရှိ မှူးမတ်များ၏မျက်နှာများအပေါ်တွင် ထူးဆန်းသောအမူအရာများစွာ မြင်နိုင်၏။ သူတို့က ကောင်းကင်မြို့စားလျှိုကို ကြည့်ပြီးနောက် ပိုင်ရှောင်ချန်းကို ကြည့်ကာ ဘယ်သူမှ စကားတစ်ခွန်း မဆိုကြပေ။ လူအတော်များများမှာ ကောင်းကင်မြို့စားလျှိုကို အေးတိအေးစက် မျက်မှောင်ကြုတ်ကြည့်နေကြတော့သည်။

ထိုလူများက ရုတ်တရက် ပိုင်ရှောင်ချန်း၏ဘက်တော်များဖြစ်သွား၍မဟုတ်။ ပုံမှန်ဆိုလျှင် သူတို့သည် သူ အရေးနိမ့်နေချိန် ထုနှက်ရသည်ကို သဘောကျမည်ဖြစ်၏။ သို့သော် သူတို့အားလုံးက သူ့ထံမှ ကောင်းကင်နဂါးတူငါးလက်ဆောင်များ လက်ခံထားခဲ့သည်။ ထိုသို့ပြုလုပ်မိခဲ့သည်ကို နောင်တရသော်လည်း ပြီးခဲ့သည်က ပြီးပြီဖြစ်သည်။ သူတော်စင်ဧကရာဇ်ပင် ထိုကိစ္စအား ပြန်အစမဖော်လိုဘဲ ယခုရောင်းရင်းလျှိုက တရားခွင်တွင် ထိုကိစ္စကို အလွန်ရုးရူးမိုက်မိုက် ပြန်အစဖော်ခြင်းက အတော်လေးစိတ်တိုဖွယ်ကောင်းလေသည်။

သူတော်စင်ဧကရာဇ်၏ မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ်အရိပ်အယောင်တစ်ခုပေါ်လာ၏။ ပိုင်ရှောင်ချန်းသည် ကောင်းကင်နဂါးတူငါးကပ်ဘေး၏ လက်သည်တရားခံဖြစ်သော်လည်း မင်းမျိုးနွယ်အထက်တန်းလွှာရှိ အရေးပါသောလူများအားလုံးနီးပါး ပါဝင်နေသည် မဟုတ်ပါလော။

သူ မည်သည့်နည်းလမ်းမှ ကြည့်သည်ဖြစ်စေ ခေါင်းခဲစရာကြီး ဖြစ်နေသည်။ ထို့အပြင် အတိတ်တွင် သူသည် ကောင်းကင်နဂါးတူငါးများအား စားသုံးရန် တွေးပင် တွေးမိမည်မဟုတ်ပေ။ ငါးများက နိုင်ငံ့ရတနာများဖြစ်သည့်အတွက် လက်ဆောင်များအဖြစ်သာ ပေးအပ်ခဲ့သည်။ သို့သော် ယခုတော့ …

ကောင်းကင်မြို့စားလျှို ယခုလေးတင် ထောက်ပြခဲ့သမျှထဲ သူတော်စင်ဧကရာဇ် မသိထားသည့်အရာဟူ၍ မရှိပေ။ အဓိကအဖြစ်အပျက်ကြီးဖြစ်ပြီးနောက် သူသည် ကောင်းကင်ရေကန်ကို နက်နက်နဲနဲ စုံစမ်းစစ်ဆေးခဲ့ပြီး ထိုသုံးသပ်ချက်ကို ညွှန်ပြနေသည့် သက်သေကို ရှာတွေ့လေသည်။ သို့သော် ထိုအချိန်တွင် ၄င်းက အရေးမကြီးတော့ပေ။ ထို့ပြင် ပိုင်ရှောင်ချန်းက အလွန်ဂရုစိုက်ခဲ့၍ တစ်ပိုင်းတစနှင့်မရေရာဆုံးသော သဲလွန်စအဖြစ်သာ ကျန်ရစ်ခဲ့သည်။

သူတော်စင်ဧကရာဇ်သာ ထိုကိစ္စကို အမှန်တကယ် ဆက်လိုက်ချင်ပါက သူ လိုက်နိုင်လေသည်။ သို့သော် အဖြစ်အပျက်အားလုံးကို စဥ်းစားပြီးနောက် သူသည် မလိုက်တော့ရန် ဆုံးဖြတ်လိုက်၏။ သို့သော် သူ့တွင် အဓိကအချက်ရှိသည်။ သူ နောက်ပိုင်း ရေကန်ကို မပိတ်လှောင်တော့ဘဲ ပိုင်ရှောင်ချန်းသာ ငါးဆက်မြှားမည်ဆိုပါက သေဒဏ်ချမှတ်မည်သာ ဖြစ်၏။

သူတော်စင်ဧကရာဇ်က စိတ်ပျက်မှုများကို ထိန်းချုပ်ကာ အေးဆေးတည်ငြိမ်စွာ ပြောသည်။

" သက်သေတစ်စုံတရာ ရှိလား မောင်မင်း "

" စစ်ဆေးကြည့်လိုက်ပါ အရှင်မင်းမြတ် " ကောင်းကင်မ်ြို့စားလျှိုက စိတ်လှုပ်တရှား ပြန်ဖြေ၏။

" အရှင်မင်းမြတ် သေချာပေါက် သက်သေတွေ့ပါလိမ့်မယ် "

" သိပ်ကောင်းတယ် မင်းတို့အားလုံး ပြန်လို့ရပါပြီ။ ငါ စစ်ဆေးဖို့ စီမံလိုက်မယ် "

ထို့နောက် သူတော်စင်ဧကရာဇ်က ကြားနာမှုရပ်ဆိုင်းကြောင်း ဆိုကာ ထရပ်လိုက်သည်။

လူအုပ်ကြီး အရပ်မျက်နှာအသီးသီးခွဲထွက်သွားစဥ် အေးစက်သောအကြည့်တစ်ချက်က ကောင်းကင်မြို့စားရှိရာသို့ စူးစိုက်နေတော့သည်။

ကောင်းကင်မြို့စားလျှိုသော တစ်စုံတစ်ခု မူမမှန်ကြောင်း အာရုံရလိုက်ပြီး သူတော်စင်ဧကရာဇ် သွယ်ဝိုက်ပြောခဲ့သည့်စကားများကို သဘောပေါက်လိုက်သဖြင့် တဆ်ဆတ်တုန်ယင်သွားလေသည်။

" မင်းတို့လူတွေ မသိဘူးမလား "

သူကရင်ထဲတွင် အော်ဟစ်လိုက်သည်။

" မင်းတို့ ဒါကို နောင်တရလိမ့်မယ်။ ပိုင်ရှောင်ချန်းက ... သဘာဝအလျောက်မွေးဖွားလာတဲ့ ကပ်ဘေးကြီးကွ "

ကောင်းကင်မြို့စားလျှိုမှာ နောင်တများ၊ မခံမရပ်နိုင်မှုများဖြင့် ပြည့်နှက်နေချိန် ပိုင်ရှောင်ချန်းက အမှန်တကယ် ဒေါကန်နေသည်။ သူက အေးစက်စက်နှာမှုတ်ကာ သင်ခန်းစာပေးရန် ပို၍ပင် ခိုင်မာပြတ်သားလျက် မီးဝင်းဝင်းတောက်နေသော အကြည့်ဖြင့် ကောင်းကင်မြို့စားလျှိုအား စူးစိုက်ကြည့်နေတော့သည်။

လက်ရှိအချိန်သည် ဆောင်းနှောင်းရာသီဖြစ်၏။ တရားခွင်မှ ထွက်ခွာလာပြီး သူ၏ မြင့်မြတ်သောနယ်မြေသို့ ဦးတည်ပြီးနောက် ပိုင်ရှောင်ချန်းသည် ကောင်းကင်မြို့စားလျှိုအား မည်သို့ရင်ဆိုင်ရန်တွေးကာ တချိန်တည်းမှာပင် ကောင်းကင်ရေကန်၏ ရေခဲမျက်နှာပြင်နှင့်ပတ်သက်၍ မည်သို့လုပ်ရန် စဥ်းစားနေတော့သည်။ နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်၏။

" ကဲပါလေ ဘယ်လိုနေနေ ကောင်းကင်နဂါးငါးတွေက ထိရောက်မှုနည်းပါးစပြုလာပြီဆိုတော့ မမြှားတာပဲကောင်းတယ်ထင်ပါတယ် "

သူက ခေါင်းကို ခါယမ်းကာ မြင့်မြတ်သောနယ်မြေကို ဆက်လျှောက်သွားတော့သည်။ သို့သော် လမ်းတစ်လျှောက် တစ်နေရာတွင် သူသည် ကောင်းကင်ရေကန်၏ ထိပ်က ရေခဲအလွှာထူကြီးကို မရည်ရွယ်ဘဲ လှမ်းကြည့်မိလိုက်ပြီး ရေခဲကို ခွဲရန်အလား ခေါင်းဖြင့် တဒုန်းဒုန်းဝင်ဆောင့်နေသော ကောင်းကင်နဂါးတူငါးတစ်ကောင်ဟုထင်ရသောအရိပ်တစ်ခုကို ဝိုးတိုးဝါးတားမြင်လိုက်ရသည်။ ကံဆိုးစွာပင် ရေကန်ကိုပိတ်လှောင်ရန် အသုံးပြုခဲ့သည့် မှော်အတတ်များက အလွန်စွမ်းအားကြီးလွန်းသဖြင့် ရေခဲအား ခွဲရန် မဖြစ်နိုင်ပေ။

သို့သော် ပိုင်ရှောင်ချန်းမှာ မြင်နေသည့်အချင်းအရာကြောင့် သူ့နဖူးတွင် ချွေးများ ဘူးသီးလောက် ထွက်လာတော့သည်။

" ငါ တစ်ခုခု မေ့သွားတာပဲ "

သူ၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်၍ ရင်ခုန်သံတို့မြန်လာကာ သူ တွေးလိုက်သည်။ ယခုတွင် သူသတိမမူခဲ့သောအရာတစ်ခုရှိကြောင်း သူ သဘောပေါက်လိုက်လေပြီ။

" ငါးတွေက ... မူးယစ်ဆေးလုံးကို စွဲလမ်းနေပြီ။ ငါ လဝက်လောက် ငါးမြှားခဲ့တုန်းက သူတို့အာသာပြေဖို့ ရေထဲကို မူးယစ်ဆေးလုံး နည်းနည်းပါးပါး တစ်ခါတလေ ပစ်ထည့်သေးတယ် “

" ဒါပေမဲ့ အခု ရေကန်က ပိတ်လှောင်ခံထားရတော့ ငါးတွေမှာ သေချာပေါက် မူးယစ်ဆေးလုံး မရှိတော့ဘူး။ သူတို့အတွက် ဆေးစွဲတာကို အစိမ်းလိုက်ဖြတ်ချခံလိုက်သလိုဖြစ်သွားမှာ... "

သူ၏မျက်နှာပေါ်သို့ ချွေးများ စီးကျလာတော့သည်။

" မင်းမဘေ ငါးတွေ ရူးတော့ မရူးသွားလောက်ဘူးမလား "

သူက ရင်တဒိန်းဒိန်းခုန်ကာ သူတော်စင်ဧကရာဇ်ကို သတိသွားပေးရန်ကြံလိုက်သည်။ သို့သော် ပြဿနာကို တောင်းဆိုနေသကဲ့သို့ ဖြစ်နေလိမ့်မည်။

" အင်း ... သူငါ့ကို မပြစ်တင်လောက်ဘူးမလား။ သူက ကောင်းကင်ရေကန်ကို ပိတ်လှောင်တဲ့လူလေ... "

ဤကဲ့သို့ တစ်ကိုယ်တည်းရေရွတ်ရင်း သူ၏ မြင့်မြတ်သောနယ်မြေသို့ ကတမ်းကတန်းပြန်သွားတော့သည်။

နောက်ရက်များတွင် သူက စိုးရိမ်ကြောင့်ကြမှုများဖြင့် ရင်ထိတ်နေလေသည်။ သစ်ရွက်လေးတစ်ရွက် ပွတ်တိုက်သံကပင် သူ့ကို ချောက်ချားစေသည်။ ကောင်းကင်နဂါးတူငါးများ အချိန်မရွေးရူးသွားတော့မည်ဟု သူ ယုံကြည်နေသည်။

" ငါ သူတို့ကို မူးယစ်ဆေးလုံးတွေ ကျွေးဖို့ နည်းတစ်နည်းတော့ စဥ်းစားသင့်တယ် "

သူ သက်ပြင်းချပြီး ပြဿနာအား စဥ်းစားနေချိန်မှာပင် သူတော်စင်ဧကရာဇ်တစ်နိုင်ငံလုံး တသိမ့်သိမ့်တုန်သွားတော့သည်။

ကြာရွက်များမှ အစပြု၍ သူ့တို့အပေါ်က အဆောက်အဦများအထိ အရာအားလုံး တုန်ခါသွားလေသည်။ အင်ပါယာနန်းတော်နှင့် ပဒုမ္မာကြာပွင့်ပင် တဆတ်ဆတ်တုန်သွား၏။ ချက်ချင်းပင် နေရာတိုင်းမှ ကျင့်ကြံသူများမှာ မည်သည်တို့ဖြစ်ပျက်နေသည်ကိုကြည့်ရှုရန် အပြင်သို့ အပြေးအလွှားထွက်လာကြတော့သည်။

" အခုလေးတင် ဘာဖြစ်သွားတာတုန်း "

" ရန်သူတွေ တိုက်ခိုက်နေတာလား "

နန်းတွင်းမှူးမတ်များအားလုံး အံ့သြတုန်လှုပ်သွားကြလေသည်။ ချိန်စုနှင့် အခြားကောင်းကင်ဧကရာဇ်များက ဖြစ်ပျက်နေသည်များကို ကြည့်ရှူရန် သူတို့၏နတ်ဘုရားအာရုံများကို ပို့လွှတ်လိုက်ကြ၏။အင်ပါယာနန်းတော်ထံမှ နတ်ဘုရားအာရုံသည်လည်း မိုးကောင်းကင်နှင့်ပထဝီမြေကြီးအားလုံးကို သိမ်းပိုက်ရန် စီးဆင်းလာတော့သည်။

" ဒါက.... "

" ကောင်းကင်နဂါးတူငါးတွေ… "

" သူတို့ ... သူတို့ ရူးနေပြီ။ ကြာရွက်တွေကို စားနေကြတာဟ "

ငါးများမှာ ရေခဲအလွှာကို မထိုးဖောက်နိုင်၍ မြို့တော်၏အခြေခံဖြစ်သော ကြာရွက်များကို စတင်ဝါးစားလာကြတော့သည်။

ပိုင်ရှောင်ချန်းတစ်ယောက် မည်သည်တို့ဖြစ်ပျက်နေသည်ကို သဘောပေါက်လိုက်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အော်ငိုလုမတတ် ဖြစ်သွားလေတော့သည်။

All Chapters