← Chapters

မိုးမြေဧကရာဇ်စွမ်းအား

Vol. 11 Ch. 1083

မိုးမြေဧကရာဇ်စွမ်းအား

Vol. 11 Ch. 1083

မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ လူများ တစတစများပြားစွာ ရောက်လာသည့်တိုင် ဘယ်သူမှ ဂရုမစိုက်ပေ။ သူတို့က ကောင်းကင်ဧကရာဇ်များမဟုတ်ဘဲ နတ်ဘုရားတစ်ပိုင်းပညာရှင်များသာ ဖြစ်သည် မဟုတ်ပါလော။ ထို့ပြင် သူတို့က ရောက်သည်နှင့် ဖြစ်ပျက်နေသောမြင်ကွင်းကို လှမ်းကြည့်လိုက်ကြလေသည်။

ပိုင်ရှောင်ချန်းက သူ့ကို တစ်ယောက်ယောက်က တိုက်ခိုက်စေချင်သည့်အလား ပြောနေသည်ကို လူတိုင်း စောင့်ကြည့်နေကြသည်။

" လာစမ်းပါ။ ကျုပ်ကို ရိုက်ကြစမ်းပါ။ လုပ်ပါ မူလနတ်ဆိုးမင်းသား။ လာလေဗျာ ဝိညာဥ်ဝါးမျိုသခင်ကလဲ။ ခင်ဗျားတို့ ကျုပ်ကို ရိုက်မှာလား မရိုက်ဘူးလား။ မြန်မြန်လေး ကျုပ် အဆင်သင့်ဖြစ်နေပြီ။ လုပ်စမ်းပါ "

သူသည် အမှန်တကယ် တက်ကြွနေဟန်တူ၏။

မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်တို့၏ မျက်နှာများ ရှုံ့မဲ့နေသည်ကို မြင်နိုင်သည်။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခနည်းတူ သူတို့က နတ်ဘုရားအာရုံကို အသုံးမပြုနိုင်၍ ဖြစ်ပျက်နေသည့်အရာများကို အတည်မပြုနိုင်ပေ။ သူတို့သည် ပိုင်ရှောင်ချန်းတွင် အဖိုးတန်ရတနာတစ်မျိုးမျိုးရှိကြောင်း အတော်လေးသေချာနေပါသော်လည်း ကောင်းကင်ဧကရာဇ်အဆင့်တာအိုမှော်ပညာအတတ်သာ ထိုရတနာကို တစ်ခုခုလုပ်နိုင်လိမ့်မည်။ သာမန်မှော်ပညာက မလုပ်နိုင်ပေ။

ထိုမှော်ပစ္စည်းအကာကို ထိမိခြင်းမှ တန်ပြန်အားသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ အစိတ်စိတ်အမြွှာမြွာကွဲကြေနေသော ညာလက်နှင့် သူ့ပါးစပ်မှ စီးကျနေသောသွေးက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သက်သေထူနေတော့သည်။ မူလနတ်ဆိုးမင်းသားသော်လည်း ဝိညာဥ်ဝါးမျိုသခင်သော်လည်းကောင်း၊ ကောင်းကင်ဧကရာဇ်ဝိရူပက္ခကဲ့သို့ တူညီသောအဆင့် အပြင်ခန္ဓာကိုယ်များ မရှိကြပေ။ ထိုကဲ့သို့တန်ပြအားတစ်ခုက သူတို့ကို ထိခိုက်လျှင် သူတို့ ပို၍ ခံစားရမည်ဖြစ်သည်။

၄င်းက သူတို့ကို အမြဲထာဝရ မထိခိုက်စေနိုင်သော်လည်း ဆိုးဆိုးရွားရွားထိခိုက်သွားစေမည်ဖြစ်သည်။ ထို့ပြင် ဤစွန်းစားခန်းတစ်ခုလုံးက ကံကြမ္မာကောင်းရှာဖွေရန်ဖြစ်၏။ မကြာသေးခင်က သူတို့သည် အခြားသူများအား လွှမ်းမိုးရန် ပိုင်ရှောင်ချန်းကို နင်းခြေနိုင်သည်ဟု ယူဆခဲ့သည်။ သူက အလွန်မာကြောနေလိမ့်မည်ဟု သူတို့တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ ဤအချိန်တွင် သူတို့နှစ်ယောက်က သူ့ကို ပုံမှန်အတိုင်းသေချာပေါက် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

ပို၍ဆိုးဝါးသည်မှာ သူတို့ကို ရိုက်နှက်အောင် အတင်းအကြပ် တောင်းဆိုသည့် ကောင်းကင်ဧကရာဇ်တစ်ပါးကို သူတို့ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ...

" လုံးဝပြင်လို့မရဘူး "

" သူ့မှာ သေချာပေါက် အကာအကွယ်အဖိုးတန်ရတနာတချို့ရှိတယ်။ ဒါကြောင့် ငါတို့ သူ့ကို ထပ်ရိုက်အောင် ကြိုးစားနေတာ "

" သူ ဒါတွေအားလုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ "

မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ လူများ ဒေါသထွက်လာကြပြီး ဘေးဘက်က သူတော်စင်ဧကရာဇ်နိုင်ငံတော်မှ ကျင့်ကြံသူများမှာ ရှက်လာကြတော့သည်။ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာက အနေရခက်စွာ အကြည့်များဖလှယ်လိုက်ပြီး ရုတ်တရက် သူတို့၏ အမြင်ပြောင်းလဲသွားလေသည်...

ပိုင်ရှောင်ချန်း ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်မလာခဲ့စဥ်က ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာသည် သူ့ထံပါးဝယ် ယခုကဲ့သို့ အဖိုးတန်ရတနာတစ်ပါးရှိနေကြောင်း သိရှိခဲ့လျှင် သူတို့သည် ထိုရတနာကိုရရှိရန် နည်းလမ်းမျိုးစုံသုံးကာ ကြံဖန်စဥ်းစားမည်ဖြစ်သည်။ သို့သော် ယခုတွင် ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်နေ၍ အရာအားလုံး ခြားနားသွားလေပြီ။ အမှန်တကယ်ဆိုရပါက မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်အတွက်ပင် ထိုရတနာအား အလွယ်တကူရရန် ဖြစ်နိုင်လောက်မည် မဟုတ်ပေ။

ပိုင်ရှောင်ချန်းတစ်ယောက်တည်းသာ ထာဝရအင်မော်တယ်နယ်မြေ၌ အခြားသူတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင်မရှိသော တာအိုသစ်စေ့ကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ထိုသည်က သူ့ကို ပို၍များပြားသောအန္တရာယ်အတွင်း ကျရောက်သွားစေမည်ဖြစ်သည့်တိုင် သူ့အနေဖြင့် လွတ်လပ်မှုများစွာ ရှိသည်ဟူ၍လည်း ဆိုနိုင်ပေသည်။

သူတို့ ခစားသည့် ဧကရာဇ်ကို သစ္စာဖောက်သည့် မည်သူမဆို တာအိုသစ်စေ့၏ အစိတ်အပိုင်း ပျက်စီးခြင်းကို ခံစားရမည်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းမပါ။

လူတိုင်းမှာ ရောထွေးသော ခံစားချက်များဖြင့် ရပ်နေစဥ် ပိုင်ရှောင်ချန်းက ပွဲရှာလိုက်သည်။

" ကောင်းပြီ ဝိရူပက္ခ "

သူက ကျယ်လောင်စွာ ပြော၏။

" သူတို့က သေချာပေါက် ကျုပ်ကို ရိုက်မှာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားအလှည့် ပြန်ရောက်လာပြီ။ လာစမ်းပါ။ ခင်ဗျား ညာလက်ကျိုးသွားပြီဆိုတော့ ကျုပ် အဲဒါကို အခု လျစ်လျူရှုပေးမယ်။ ခင်ဗျား ဘယ်လက်ကို သုံးလိုက်ဗျာ "

ကောင်းကင်ဧကရာဇ်ဝိရူပက္ခက သိသာစွာပင် ညိုမည်းသွားတော့သည်။ သူက အေးစက်စက်နှာမှုတ်ကာ မကြားချင်ယောင်ဆောင်လိုက်သည်။

သို့သော် မိစ္ဆာဧကရာဇ်နိုင်ငံတော်တပ်သားများအကြားရှိ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ တပည့်တစ်ယောက်ဖြစ်ကြောင်း သိသာစေသည့် တုတ်ခိုင်ထွားကြိုင်းသော သက်လတ်ပိုင်းအမျိုးသား၊ နတ်ဘုရားတစ်ပိုင်းဆရာကြီးတစ်ယောက်က မနေနိုင်ဘဲ အေးစက်စက်ထရယ်လိုက်သည်။

" ကောင်းကင်ဧကရာဇ် ပိုင် " သူက ပြော၏။

" ခင်ဗျား ရာထူးကို စဥ်းစားကြည့်ရင် ကျင့်ဝတ်နဲ့ညီညီ မပြုမူသင့်ဘူးလား။ လှောင်ပြောင်ရယ်မောနေတာ ဘာဖြစ်တာတုန်း။ အဖွားကြီးကျနေတာပဲ။ သတ္တိရှိရင် ခင်ဗျားရဲ့အကာအကွယ် ရတနာကို ဖယ်လိုက်လေ "

ပိုင်ရှောင်ချန်းက ထိူလူကို စွေစောင်းကြည့်၍ ပြော၏။

" မင်းက ဘယ်သူတုန်း "

ပိုင်ရှောင်ချန်းက သတိထားပြီး ဖြစ်သည်။ ဤလူက လူ့အန္ဓတစ်ယောက်နှင့် ထူးမခြားနား ဖြစ်ပါသော်လည်း လျှာစောင်းထက်ခြင်းအရ တော်တော်လေးပါးနပ်ကြောင်း သိသာသည်။

" ကျုပ်က လီတုံဟောင် "

" ကောင်းပြီ လီတုံဟောင် "

ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါးကြည့်၍ ပြန်ဖြေသည်။

" ငါ မှော်ပစ္စည်းကို ဖယ်လိုက်မယ်ကွာ။ မင်းငါ့ကို လာရိုက်၊ မင်း မရိုက်ရင် ငါ မင်းကို ရိုက်မယ် "

ဤမျက်နှာပြောင်မှုအဆင့်ကား သူတော်စင်ဧကရာဇ်နိုင်ငံမှ လူအများအတွက်ပင် လက်ခံရန် ခဲယဥ်းလွန်းလှသည် ...

ကောင်းကင်ဧကရာဇ်က နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူတစ်ယောက်ကို အကာကွယ်ရတနာမပါဘဲ ရိုက်ခိုင်းသည်မှာ ရယ်စရာကောင်းလေသည်။ ကောင်းကင်ဧကရာဇ်တစ်ပါး၏ တာအိုသစ်စေ့မှ ပေးသောစွမ်းအားကြောင့် မည်သည့်နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူမဆို ထိုသို့ပြုလုပ်ခြင်းအားဖြင့် အပြင်းအထန် ထိုခိုက်ဒဏ်ရာရသွားမည်ဖြစ်သည်။

အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က လူသားတစ်ယောက်ကို ရိုက်ရန် တောင်းဆိုနေသည့်အလားဖြစ်ပေမည် ...

လီတုံဟောင်မှာ ပိုင်ရှောင်ချန်း၏ စကားလုံးများကြောင့် ဒေါသူပုန်ထသွားပြီး ဒေါနှင့်မောနှင့် ပြန်ချတော့မည့်ဆဲဆဲ မိစ္ဆာဧကရာဇ်နိုင်ငံတော်ကျင့်ကြံသူများ၏ နောက်ဆုံးတစ်သုတ် ယပ်တောင်ထံ တည်နေရာရွှေ့ပြောင်းခံလိုက်ကြရ၏။ ထိုအချိန်တွင် ယပ်တောင်အစုတ်ကြီး၏ အချုပ်အနှောင် မန္တန်အသက်ဝင်လာပုံရ၍ ယပ်တောင်အရိုးများနှင့် ယပ်တောင်မျက်နှာပြင်တို့အားလုံး စူးရှတောက်ပသောအလင်းဖြင့် ဝင်းပလာတော့သည်။

၄င်းမှာ အလွန်စူးရှလွန်းသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှိသမျှလူတိုင်း၏စိတ်များအားလုံး ဗလာကျင်းသွားတော့သည်။

ကောင်းကင်ဧကရာဇ်များပင် စွမ်းအားမဲ့သွား၏။ လူတိုင်း ချက်ချင်း မှင်သက်သွားသဖြင့် အသိစိတ်များ ပျောက်ဆုံးသွားလေသည်။

ထိုအခိုက်တန့်တွင် ယပ်တောင်အစုတ်ကြီးမှာ အောက်ဘက်ရှိထာဝရအင်မော်တယ်နယ်မြေမှ လူအများမြင်ရသည့် ကြယ်တာရာ ကောင်းကင်အတွင်းရှိ ကြယ်အသစ်တစ်လုံးအလားပင်။

ထိုအလင်းက ယပ်တောင်ကို ဧရာမမိုးမြေဧကရာဇ်ကြီးကို ကျော်လွန်သွားစေပြီး အောက်ဖက်ရှိ ကျင့်ကြံသူများကို လှုံ့ဆော်လိုက်ကာ အထိတ်တလန့် အော်ဟစ်သံများ ထွက်ပေါ်လာစေတော့သည်။

" အဲဒီအလင်းက ဘာကြီးတုန်း "

" ငါ့လခွမ်း ဘာ ... ဘာတွေဖြစ်နေတာတုန်း "

" အဲဒါက ယပ်တောင်အစုတ်ကြီးပါ။ ဘာလို့ ဒီလောက်တောင် စူးရှတောက်ပနေရတာတုန်း "

သူတော်စင်ဧကရာဇ်နိုင်ငံတော်နှင့် မိစ္ဆာဧကရာဇ်နိုင်ငံတော်ကို ဖွဲ့စည်းထားသည့် အင်မော်တယ်နယ်မြေငါးခုအတွင်းရှိ မရေမတွက်နိူင်သော လူအပေါင်းမှာ ဖြစ်ပျက်နေသည်ကို သတိပြုမိသွားကြပြီး တအံတသြ မော့ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ထာဝရအင်မော်တယ်နယ်မြေအားလုံးပြည့်နှက်သွားသည့် ယပ်တောင်အစုတ်ကြီးထံမှ ထုတ်လွှတ်နေသော ဖော်ပြ၍မရအောင် စွမ်းအားကြီးသည့် စွမ်းအင်တစ်ခုကို အာရုံရလိုက်၏။

ချိန်စု၊ ကုန်းစွန်းဝမ်အာနှင့် အခြားကောင်းကင်ဧကရာဇ်များက ထိုစွမ်းအင်ကို အာရုံရလိုက်သောအခါ သူတို့၏စိတ်နှလုံးများ အံ့သြတကြီး တုန်လှုပ်သွားကြသည်။

" အဲဒီစွမ်းအင် ... လောကနတ်ဘုရားအဆင့်ထက် ကျော်လွန်နေပါလား "

သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်မှာ ရူးမတတ်ခံစားလိုက်ရပြီး မျက်နှာများ ကွက်ခနဲ ပျက်သွားကြသည်။ သူတို့နှစ်ယောက်လုံးက ချက်ချင်း ပျောက်သွား၍ ယပ်တောင်အနီးနားရှိ ကောင်းကင်တွင် ပြန်ပေါ်လာလေသည်။

ကံဆိုးစွာပင် စူးရှတောက်ပနေသောအလင်းက သူတို့ကို ယပ်တောင်ထဲဝင်ရောက်ရန်အသာထား၊ အနားပင်ကပ်သွားလို့မရပေ။

" မိုးမြေဧကရာဇ်ရဲ့ အရှိန်အဝါ "

" သေစမ်း၊ အဲဒါက လောကနတ်ဘုရားအဆင့်မှော်ပစ္စည်း မဟုတ်ဘူးပဲ။ အဲဒါက အခုသေဆုံးသွားပြီဖြစ်တဲ့ မိုးမြေဧကရာဇ်တစ်ပါးပိုင်ဆိုင်တဲ့ အဖိုးတန်ရတနာပဲ "

လောကနတ်ဘုရားရတနာများနှင့် မိုးမြေဧကရာဇ်ရတနာများအကြားက ခြားနားချက်သည် အလွန်ကွာဟလှသဖြင့် တစ်ခုနှင့်တစ်ခု နှိုင်းယှဥ်မရလုနီးပါးပင်။ လောကနတ်ဘုရားရတနာတစ်ပါးသည် ကောင်းကင်ဧကရာဇ်နှစ်ပါး သိပ်ဂရုမစိုက်သည့် အရာဖြစ်သည်။ သို့သော် မိုးမြေဧကရာဇ်ရတနာတစ်ပါးမှာမူ ... နိုင်ငံနှစ်နိုင်ငံ လိုလိုလားလား စစ်မက်ဖြစ်ပွား၍ လုမည့် အမျိုးအစား ဖြစ်သည်။

ဧကရာဇ်နှစ်ပါးလုံးသည် လောကနတ်ဘုရားအဆင့်တွင် အလွန်ကြာမြင့်စွာ ရှိနေခဲ့ပြီး မည်သို့အဆင့်တက်ရမည်ကို မသိပေ။ မိုးမြေဧကရာဇ်အဆင့် အဖိုးတန်ရတနာတစ်ပါးက သူတို့ကို အဆင့်တက်နိုင်ရန် မျှော်လင့်ချက်များစွာ ပေးနိုင်မည်ဖြစ်သည်။

သူတို့ရှေ့တည့်တည့်တွင် ထိုကဲ့သို့မျှော်လင့်ချက်ကို မြင်ရသည်မှာ ရူးသွပ်စရာကောင်းသည်။ သို့သော် တိုက်ကွက်သော်လည်းကောင်း၊ ကျင့်စဥ်သော်လည်းကောင်း၊ သူတို့လမ်းကိုပိတ်ဆို့နေသည့်အလင်းကို ဘာမှမလုပ်နိုင်ပေ။

နောက်ဆုံးတွင် အလင်းမှာ တစတစပျောက်ကွယ်သွားသော်လည်း မည်သည်မဆို ဖြတ်သွားရန် မဖြစ်နိုင်သည့် အဟန့်အတားတစ်ခု ချန်ရစ်ခဲ့လေသည်။ အတွင်းရှိ လူများသာ ယပ်တောင်အစုတ်၏ ကံကြမ္မာကောင်းကို ရရှိနိုင်လောက်မည်ဖြစ်ရာ သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်အား ခိုကိုးရာမဲ့စွာ သွေးချင်းနီသောမျက်လုံးများဖြင့် ငေးကြည့်နေစေတော့သည်။

သူတို့ကို စိတ်သက်သာစေသည့် တစ်ခုတည်းသော အရာကား သူတို့အထဲစေလွှတ်ခဲ့သည့် အရေးပါသောကောင်းကင်ဧကရာဇ်များနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူအချို့၏ အဆင့်တက်နိုင်ချေ ဖြစ်သည်။

သို့သော် သူတော်စင်ဧကရာဇ်မှာ ပိုင်ရှောင်ချန်းကို သတိရလိုက်ပြီး နောင်တကြီးစွာရသွားတော့သည်။

" သေလိုက်ပါတော့ကွာ ငါ သူတို့ကို သွားခွင့်ပေးလိုက်တာ မယုံနိုင်ဘူး "

ထိုအချိန်တစ်ဝိုက်တွင် ယပ်တောင်ထံ ရောက်ရှိပြီးဖြစ်သည့် အဖွဲ့မှာ စိတ်နှင့်ကိုယ်ကပ်သွားတော့သည်။ သူတို့အသိပြန်ဝင်သောအခါ သူတို့ပတ်လည်တွင် သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်၏ အကြည့်စူးစူးများထံမှ ခွဲခြားထားသော မြူတိမ်တစ်ခုကို မြင်လိုက်ရသည်။

၄င်းက သူတို့ကို တုန်လှုပ်သွားစေသော်လည်း တချိန်တည်းမှာပင် သူတို့က ယပ်တောင်အရိုးများကို လှမ်းကြည့်၍ မျှော်လင့်ချက်များဖြင့် တဆတ်ဆတ်တုန်သွားကြလေသည်။

ထိုလူများထဲတွင် ကောင်းကင်ဧကရာဇ်များပင် ပါဝင်၏။ သူတို့တွင် အားအကောင်းဆုံး ကျင့်ကြံခြင်းအခြေခံများရှိသောကြောင့် ထိပ်ဆုံးရောက်ရန် အခွင့်အရေး ပိုများသည်။

ပိုင်ရှောင်ချန်းသည်လည်း ထိုနည်းတူပင်။ တစ်ဖွဲ့လုံး အသိစိတ်လုံးလုံးလွတ်သွားသော်လည်း ယပ်တောင်စောင့်ဝိညာဥ်ထံမှ သူတို့၏စိတ်ထဲသို့ စာတစ်စောင် သွတ်သွင်းခံလိုက်ရသည်။ ထိုစာ၏သဘောတရားက ပိုင်ရှောင်ချန်းကို လုံးလုံးလျားလျား မှင်သက်သွားစေ၏။ သူ၏အကြမ်းတမ်းဆုံးအိပ်မက်ထဲမှာပင် အစောပိုင်းက ယပ်တောင်စုတ်နှင့်ပတ်သက်သည့် သူ၏အကဲဖြတ်မှု လုံးဝမှားသွားကြောင်း ခန့်မှန်းမိမည် မဟုတ်ပေ။ ယပ်တောင်စုတ်သည် အလွန်အန္တရာယ်များသော နေရာတစ်ခုမဟုတ်ဘဲ ... တစ်ခါမှမကြံဖူးသည့် ကံကြမ္မာကောင်းနေရာတစ်နေရာပင် ဖြစ်တော့သည်။

" တစ်ယောက်ယောက်က ... ယပ်တောင်ရဲ့ ပိုင်ရှင်အသစ်ဖြစ်လာမယ်လား "

ပိုင်ရှောင်ချန်းမှာ ရင်အစုံနိမ့်ချည်မြင့်ချည်ဖြစ်လျက် တွေးလိုက်သည်။ ဤအချိန်တွင် လူတိုင်းသည် အမျိးမျိုးသော ယပ်တောင်အရိုးများထံ အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းလိုက်ကြသည်။

All Chapters