အမွေအနှစ်ကံကြမ္မာ
Vol. 11 Ch. 1084
" ဒဏ္ဍာရီတွေက ... မှန်နေပါလား "
ကောင်းကင်ဧကရာဇ်ဝိရူပက္ခအပါအဝင် ဘယ်သူမှ ပိုင်ရှောင်ချန်းကို အာရုံစိုက်မနေတော့ပေ။ လူတိုင်း ယပ်တောင်အရိုးလမ်းကြောင်းတစ်ခုထံ ဝင်ရောက်ရန် စိတ်ရောက်နေကြ၏။
ပိုင်ရှောင်ချန်းသည်လည်း ခေါင်းထဲတွင် အစောပိုင်းက ပေးပို့ခဲ့သော စာအသံမြည်ဟည်းနေပြီး ရင်တဒိန်းဒိန်းခုန်နေလျက် သူတို့နှင့်အတူ ပူးပေါင်းလိုက်သည်။
အမှန်တကယ်ဆိုရပါက ဤယပ်တောင်သည် လောကနတ်ဘုရားအဆင့်ရတနာတစ်ပါး မဟုတ်ပေ။ ၄င်းက မိုးမြေဧကရာဇ်တစ်ပါးနှင့် တစ်ခါသက်ဆိုင်ဖူးသော ... ကမ္ဘာရတနာတစ်ပါးဖြစ်၏။
မိုးမြေဧကရာဇ်အဆင့်သည် ထာဝရအင်မော်တယ်နယ်မြေရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာကို လုံးလုံးလျားလျား ရူးခါသွားစေနိုင်သည့် အရာတစ်ခုဖြစ်သည်။ သူတို့သည် ထိုကဲ့သို့ စွမ်းအားကြီးမားလာမည်ဆိုပါက မည်သည့်အရာကိုမဆိုလုပ်မည် ဖြစ်၏။
ချီစုစည်းမှုအဆင့်ကျင့်ကြံသူများနှင့် လောကနတ်ဘုရားဧကရာဇ်များအားလုံး ထိုပန်းတိုင်ကို ရောက်ရှိရန် မည်သည့်အတိုင်းအတာအထိမဆို သွားမည် ဖြစ်သည်။
ရှေးခေတ်ကတည်းက ယခုတိုင်အောင် ထာဝရအင်မော်တယ်နယ်မြေများတွင် မိုးမြေဧကရာဇ်သုံးပါးသာရှိခဲ့ဖူးပြီး သူတို့အားလုံး သေဆုံးသွားခဲ့ကြလေပြီ။ သူတို့သေဆုံးပြီးနောက် နိုင်ငံသုံးနိုင်ငံသည် မိစ္ဆာဧကရာဇ်နိုင်ငံတော်၊ သူတော်စင်ဧကရာဇ်နိုင်ငံတော်နှင့် ဗဟိုဧကရာဇ်နိုင်ငံတော်ဟူ၍ ဖြစ်လာခဲ့သည်။
သိသာထင်ရှားစွာပင် မိုးမြေဧကရာဇ်အဆင့်သည် အထွတ်အထိပ်ဖြစ်ပြီး ပြိုင်ဘက်ကင်းသည်။
အမှန်တကယ်တော့ မိုးမြေဧကရာဇ်အဆင့်အတွင်းမှာပင် မတူညီသောအဆင့်များ ရှိ၏။ ဥပမာဆိုရလျှင် ထာဝရအင်မော်တယ်နယ်မြေ၏ အပြင်ဘက်တွင် အိပ်ပျော်နေသော ဧရာမဘီလူးကြီးသည် မိုးမြေဧကရာဇ်များအကြားတွင် စွမ်းအားအကြီးမားဆုံး ဖြစ်သည်။ တကယ်တမ်းဆိုရပါက သူတို့ကို စံတင်လောက်သော သီးခြားဖြစ်တည်မှုဟူ၍ ခေါ်ဆိုလျှင် ချဲ့ကားရာရောက်မည် မထင်ပေ။
ကြယ်တာရာကောင်းကင်ထဲတွင် မရေမတွက်နိုင်သော ကမ္ဘာများရှိလေ့ရှိပြီး ကမ္ဘာအားလုံးက မိုးမြေဧကရာဇ်များအဖြစ် ပေါ်ထွက်ရန် အလားအလာရှိနိုင်သည်။ သို့သော် ယခုတွင် အရာအားလုံး ခြားနားသွားလေပြီ။ ထာဝရအင်မော်တယ်နယ်မြေအပြင်ဘက်ရှိ ထိုဧရာမမိုးမြေဧကရာဇ်ကြီးတစ်ဖြစ်လဲ ကောင်းကင်အလွန်ကရန်သူကြီးကိုယ်တိုင် ကြယ်တာရာကောင်းကင်တစ်ခုလုံးအား ဖျက်စီးပစ်သောအခါ ကပ်ဘေးကြီး ဖြစ်ပွားခဲ့သည်။ ကမ္ဘာအားလုံး၊ သက်ရှိအားလုံး သေဆုံးသွားခဲ့၍ အဆုံးမရှိသော အမှောင်ထုကြီး မွေးဖွားလာတော့သည်။
ယပ်တောင်အစုတ်ကြီးသည် တစ်ခါက ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်ခံလိုက်ရသော အမည်မသိ မိုးမြေဧကရာဇ်တစ်ပါးနှင့် သက်ဆိုင်ခဲ့ဖူး၏။ သို့သော် ထိုမိုးမြေဧကရာဇ်၏ အမွေအနှစ် ကျန်ရှိခဲ့လေသည်။ ၄င်းက ပျက်စီးသွားသော်လည်း ... အမွေအနှစ်ရတနာတစ်ပါးဖြစ်နေသေးသည်။
အမွေအနှစ်တစ်ခုဖြစ်သည်ဟု ယေဘုယျအားဖြင့် ညွှန်ပြရခြင်းမှာ အထူးသဖြင့် အမြုတေတာအိုသင်ခန်းစာများနှင့်သြဝါဒများကြောင့်ဖြစ်၏။
ဤယပ်တောင်စုတ်သည် မိုးမြေဧကရာဇ်တစ်ပါး၏ တာအိုသင်ခန်းစာများနှင့်သြဝါဒများ ပါဝင်သည့် အဖိုးထိုက်ရတနာတစ်ပါး ဖြစ်ပေသည်။
ထိုအမည်မသိမိုးမြေဧကရာဇ်သေဆုံးပြီးနောက်တွင် ယပ်တောင်အစုတ်ကြီးသည် မည်းမှောင်ကာ အသက်ကင်းမဲ့သော ဟင်းလင်းပြင်ကြီးတွင် လွင့်မျောနေခဲ့သည်။ ၄င်းက အဆုံးမရှိသော ပတ်လမ်းတစ်ခုတွင် မရပ်မနား ခရီးနှင်နေစဥ် တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့၏။ ၄င်းက ခရီးစဥ်စတင်သည့် အခိုက်အတန့်မှစ၍ ယခုအချိန်အထိ ဒုတိယမြောက်ပိုင်ရှင်အား တစ်ခါမှ မတွေ့ခဲ့ပေ။
ထို့ပြင် ထိုအမည်မသိမိုးမြေဧကရာဇ်၏ ဆက်ခံသူဖြစ်ရန် လူတစ်ယောက်သာ ဖြစ်နိုင်သည်။ ထိုလူတစ်ယောက်တည်းကသာ မိုးမြေဧကရာဇ်၏ အမြုတေတာအိုသင်ခန်းစာများနှင့်သြဝါဒများကို ဆက်ခံနိုင်မည်ဖြစ်သည်။
" အဲဒီရတနာယပ်တောင်ရဲ့ အရိုးတိုင်းက ... အမွေအနှစ်ဆီသွားတဲ့ လမ်းတွေပဲ။ လမ်းတိုင်းမှာ အဆင့်တစ်ရာပါဝင်တယ်။ သုံးလအတွင်း အဆင့်အများဆုံး သွားနိုင်တဲ့ ဘယ်သူမဆို ... ဒီမှော်ပစ္စည်းရဲ့ ပိုင်ရှင်အသစ်ဖြစ်မယ် “
" ငါ့ခေါင်းထဲ ပြောသွားတဲ့အသံအရတော့ ယပ်တောင်အရိုးအမျိုးမျိုးထဲက အဆင့်တစ်ရာလုံးက အတူတူပဲ။ ဒါ့အပြင် အဆင့်တစ်ဆင့်အောင်မြင်တိုင်း ဆုလာဘ်တစ်ခုရမယ်။ ဘာပဲပြောပြော ယပ်တောင်ရဲ့ ရည်ရွယ်ချက်က ဆက်ခံသူတစ်ယောက်ရှာဖို့ပဲလေ။ လူသတ်ဖို့မှ မဟုတ်ပဲ "
ထိုနောက်ဆုံးအချက်က နိုင်ငံနှစ်နိုင်ငံမှ ကျင့်ကြံသူများ အလွန်စိတ်လှုပ်ရှားနေရသည့်အကြောင်းရင်းပင် ဖြစ်သည်။
သို့ြဖစ်၍လည်း နတ်အဆင့်ကျင့်ကြံသူများ၏ရင်ထဲတွင် တပ်မက်စိတ်များစွာဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
ယခုတွင် သူတို့သည် ယပ်တောင်ကို ပိုင်ဆိုင်နိုင်ရန်နှင့် မိုးမြေဧကရာဇ်တစ်ပါး၏ အမြုတေတာအိုသင်ခန်းစာများနှင့် သြဝါဒများကို ရရှိရန် ကောင်းကင်ဧကရာဇ်များဖြင့် ဖက်ပြိုင်နိုင်ကြောင်း သဘောပေါက်လိုက်လေပြီ။ ပို၍ကောင်းသည်က အဆင့်အားလုံးက ဆုလာဘ်များ ချီးမြှင့်သောကြောင့်ပင်။ ထိုဆုလာဘ်များက မည်သည်တို့ဖြစ်ကြောင်း တစ်ဦးတစ်ယောက်မှ အတိအကျမသိရပါသော်လည်း ဤပစ္စည်းသည် တစ်ခါက မိုးမြေဧကရာဇ်တစ်ပါးနှင့် သက်ဆိုင်ခဲ့သည်ဖြစ်၍ မည်သည့်ဆုလာဘ်မဆို နတ်အဆင့်ကျင့်ကြံသူများနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူအပေါင်း ရူးသွပ်သွားစေရန်အထိ များပြားလိမ့်မည်။
ထိုသို့ဖြင့် လူတိုင်း ယပ်တောင်အရိုးများထံ တဟုန်ထိုးသွားကြတော့သည်။ တချို့လူများကား ပိုင်ရှောင်ချန်းထက်အရင် အတွင်းထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြပေပြီ။
ယပ်တောင်အရိုးတစ်ချောင်းကို ရွေးချယ်ပြီးနောက် သူက ဝင်တော့မည့်ဆဲဆဲ ရုတ်တရက် အနီးနားရှိ မတူညီသောယပ်တောင်အရိုးတစ်ခုက စူးရှတောက်ပသောအလင်းဖြင့် ဝင်းလက်သွားသည်။ တခဏကြာသော် သူတော်စင်ဧကရာဇ်နိုင်ငံတော်မှ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်သည် သွေးများအန်ကာ လိမ့်ထွက်လာ၏။ သူ အတန်ငယ်ယိမ်းယိုင်သွားပြီးနောက် သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်များပျက်သုဥ်းသွားသော အရိပ်အယောင်တစ်ခုဖြင့် တင်ပျဥ်ခွေလျက် တရားထိုင်လိုက်သည်။
ဤအခြင်းအရာကြောင့် ပိုင်ရှောင်ချန်းမှာ သိသိသာသာ အံ့အားသင့်သွား၏။
" ဟိုလူ မအောင်မြင်ဘူးလား။ သူက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဆိုပေမယ့် ပထမအဆင့်ကိုတောင် မကျော်ဖြတ်နိုင်ဘူးလား "
ရုတ်တရက် ပိုင်ရှောင်ချန်းသည် ခါတိုင်းထက်ပို၍ သတိထားရန်လိုအပ်ကြောင်း ခံစားလိုက်ရ၏။ တခဏာတာ တွေးပြီးနောက် သူက လှည့်ပြီး နတ်အဆင့်ကျင့်ကြံသူထံ အပြေးအလွှားသွားလိုက်သည်။
ထိုလူက ပိုင်ရှောင်ချန်း ချဥ်းကပ်လာသည်ကို မြင်သောအခါ သူသည် ကောင်းကင်တံတားဒေသမှ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့၊ သူက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်၏။ နတ်အဆင့်ကျင့်ကြံသူက ကပျာကယာထရပ်ပြီး လက်ယှက်အရိုအသေပေးလိုက်သည်။
" အဲဒီအထဲမှာ ဘာဖြစ်ခဲ့တာလဲ "
ပိုင်ရှောင်ချန်းက မေးသည်။
" မင်း မအောင်မြင်ဘူးလား။ ပထမအဆင့်မှာလေ "
နတ်အဆင့်ကျင့်ကြံသူက တခဏ ချီတုံချတုံဖြစ်သွား၏။ သူ အမှန်တရားကို ချန်လှပ်မထားတော့ဘဲ အသံကိုနှိမ့်ပြီး ပထမအဆင့်ကို ကျော်ဖြတ်ရန် နီးကပ်ခဲ့သော်လည်း အဆုံးသတ်တွင် ကျရှုံးခဲ့ကြောင်း ရှင်းပြလိုက်လေသည်။
သူ၏ဖော်ပြချက်အရ ပထမအဆင့်တွင် နတ်အဆင့်ရုပ်သေးရုပ်ငါးရုပ် ပါဝင်၏။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ ထိုအချိန်တွင် နတ်အဆင့်ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်မှာ ယပ်တောင်အရိုးများထံမှ ရုပ်ပျက်ဆင်းပျက်ထွက်လာ၏။ သူတို့အားလုံးမှာ ဒဏ်ရာအမျိုးမျိုးရှိသော်လည်း အသက်အန္တရာယ်တော့ မစိုးရိမ်ရပေ။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် အတန်ငယ်ပို၍ ယုံကြည်ချက်ရှိသွား၏။ သားရေချပ်ဝတ်တန်ဆာ အနည်းငယ်ထုတ်ကာ ဝတ်ဆင်ပြီးနောက် သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ယပ်တောင်အရိုထဲဝင်ရောက်ရန် မူလနေရာကို ပြန်သွားလိုက်သည်။
သူ၏ခြေထောက်က အရိုးကို ထိသည့်အခိုက်အတန့်၌ သူ၏နားထဲတွင် ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်သွားပြီး အမြင်အာရုံ ဝေဝါးသွားသည်။ သူ နောက်တစ်ဖန် သဲသဲကွဲကွဲပြန်မြင်ရသောအခါ သူသည် အဝိုင်းသဏ္ဍာန်ကွင်းတစ်ကွင်းထဲ ရောက်နေသည်။
များပြားသောဖိအားများ ကွင်းအပေါ်သက်ရောက်လာပြီး ကွင်းအရှေ့တွင် အလွန်ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခုဖြင့် လူတစ်ပိုင်း၊ သားရဲတစ်ပိုင်း ဧရာမရုပ်တုကြီးတစ်ရုပ်ရှိ၏။
ရုပ်တုကြီး၏အရှေ့တွင် မီးကဲ့သို့ ဝင်းလက်တောက်နေပသော အမွှေးများဖြင့် မျောက်ငါးကောင် တရားထိုင်နေသည်။ သူတို့က မျက်လုံးများ ဖွင့်လိုက်သောအခါ ညီတူညီမျှ ရဲရဲနီနေကြ၏။ သူတို့က ဟိန်းဟောက်ကာ အလင်းတန်းငါးတန်းအသွင်ပြောင်း၍ ပိုင်ရှောင်ချန်းထံ ပြေးဝင်လာကြသည်။
ပိုင်ရှောင်ချန်းမှာ အစပိုင်းတွင် ကြောက်လန့်တုန်ရီသွား၏။ မယုံနိုင်စရာကောင်းလောက်အောင် ချောက်ချားစရာကောင်းသည့် မျောက်များ၏ ကျင့်ကြံခြင်းအခြေခံအခိုးအငွေ့များကို စစ်ဆေးရန် မဖြစ်နိုင်သည် မဟုတ်ပါလော။
သို့သော် ပိုင်ရှောင်ချန်းက နောက်ဆုတ်လာရင်း မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
" ငါ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံကို မစစ်ဆေးနိုင်ပေမယ့် ... နှေးလွန်းနေတယ်။ ဒီတော့ အဆင့်တွေက ကျင့်ကြံခြင်းနဲ့တော့ မညှိပေးနိုင်ဘူးထင်တာပဲ … "
ယုံကြည်ချက်များဖြင့် သူ၏မျက်လုံးများ တောက်ပလာကာ သူက မျောက်ငါးကောင်ထံ ချီတက်လိုက်သည်။
သူက အသံကို မြှင့်၍ အော်လိုက်သည်။
" ငါ့လမ်းကိုရှုပ်တဲ့ ကောင်တွေ .... သေစမ်းကွာ "
သူ မည်မျှ သူရဲကောင်းဆန်နေသည်ကို တွေး၍ ကျေနပ်ကာ အရှိန်တင်လိုက်ပြီး မျောက်များထံ ချဥ်းကပ်သွားရာ လေမုန်တိုင်းကြီးတစ်ခု ဖြစ်တည်လာလေသည်။
သူက မည်သည့်နတ်ဘုရားစွမ်းရည်ကိုသော်လည်းကောင်း၊ မှော်သိုင်းများကိုသော်လည်းကောင်း အသုံးပြုရန် မလိုပေ။ သူ၏ အလွန်ပြင်းထန်သောအရှိန်အဟုန်ကြောင့် မျောက်သုံးကောင်မှာ သူ မထိရသေးခင် ပေါက်ကွဲသွားပြီး အငွေ့မျှင်ေဖျာ့ဖျော့လေးသာ ကျန်ရစ်ခဲ့တော့သည်။
အခြားနှစ်ကောင်က တခဏခံလိုက်သော်လည်း သူ ဖြတ်သွားစဥ် အငွေ့များအဖြစ် ပေါက်ကွဲသွားလေသည်။
ပိုင်ရှောင်ချန်းသည် စိတ်အေးလက်အေးဖြင့် ရုတ်တုကြီး၏ ခေါင်းထိပ်တွင် ရပ်လိုက်၏။ သူက လက်နှစ်ဖက်နောက်ပစ်၍ ဂုဏ်ယူစွာ အင်္ကျီလက်စကို ခါယမ်းလိုက်သည်။
" ပိုင်ရှောင်ချန်းရဲ့လမ်းကို လာပိတ်တဲ့ကောင်မှန်သမျှ .... ပြာကျသွားစေရမယ်ကွ "
သူက ရှေ့ဆက်သွားရန် ပြင်လိုက်စဥ်မှာပင် အငွေ့မျှင်များက ဆေးလုံးတစ်လုံးအဖြစ် အတူတကွပေါင်းစည်းသွားရာ လှမ်းဖမ်းလိုက်လေသည်။ ၄င်းမှာ အလွန်ကြည်လင်ပြီး ထူးဆန်းမွှေးပျံ့သောရနံ့တစ်ခုကို ထုတ်လွှတ်နေ၏။ သူသည် ဆေးလုံး၏နာမည်ကို မသိသော်လည်း သူ၏ ဆေးတာအိုအပေါ်အခြေခံ၍ နတ်အဆင့် လူများအတွက် အင်မော်တယ်ဆေးလုံးတစ်လုံးအဖြစ် ဖော်ပြနိုင်ကြောင်း ရုတ်ခြည်းပြောနိုင်သည်။
တကယ်တမ်းဆိုရလျှင် ထာဝရအင်မော်တယ်နယ်မြေမှ လူများအတွက် ၄င်းသည် နတ်အဆင့် အင်မော်တယ်ဆေးလုံးဆယ်လုံးထက် ပို၍ တန်ဖိုးရှိလောက်မည်ဖြစ်သည်။
သူက လွန်ဂုဏ်ယူဝမ်းမြောက်ကာ ဆေးလုံးကို သိမ်းလိုက်ချိန် သူ့ပတ်လည်ရှိ ကမ္ဘာကြီးပျောက်ကွယ်သွညးပြီး ယပ်တောင်အရိုးက သူ့အရှေ့တွင် ပေါ်လာ၏။ သူက တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ဒုတိယအဆင့်ကို ဆက်သွား၏။ ထို့နောက် တတိယအဆင့်......
သူသည် အဆင့် ခြောက် ကို ရောက်သည့်တိုင်အောင် အဆင့်တစ်ခုစီတိုင်းကို မြက်ခြောက်လေးများကဲ့သို့ အလွယ်တကူနင်းခြေသွား၏။
အဆင့်ခြောက်သည် အရှေ့အဆင့်များနှင့် သိသိသာသာ ကွဲပြားသည်။ သူ၏ပတ်ပတ်လည်တွင် အပေါ်သို့ ဦးတည်နေသည့် လှေကားထစ် ကိုးထစ်နှင့်အတူ အပျက်အစီးများ ပြန့်ကျဲနေလေသည်။ ရှစ်ထစ်မြောက်မှ နောက်ဆုံးအထစ်ထံ ခြေကြွလိုက်ချိန်တွင် သူသည် ဤအဆင့်၏ လျှို့ဝှက်ချက်က နင်းခြေမည့်ဖိအားနှင့်ပတ်သတ်ပြီး လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်အပေါ်တွင် အခြေခံကြောင်း သဘောပေါက်လိုက်သည်။
" ဒါက ငါ့ကို မတားနိုင်ဘူးကွ "
သူက အေးစက်စက်နှာမှုတ်ကာ အပြင်အားကို ဆင့်ခေါ်၍ ခြေဖဝါးကို နင်းချလိုက်ပြီး အဆင့်ခြောက် ပြီးဆုံးသွားလေသည်။