← Chapters

ငါ ထပ်လုပ်ရမယ်

Vol. 11 Ch. 1091

ငါ ထပ်လုပ်ရမယ်

Vol. 11 Ch. 1091

စိတ်တိုစရာအကောင်းဆုံးက ကောင်းကင်ဧကရာဇ်ဝိရူပက္ခသည် မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်တို့အား ယပ်တောင်အရိုးတစ်ချောင်းထဲ သူနှင့်အတူခေါ်သွားရန် နည်းလမ်းတစ်ခု ရှာတွေ့သွားခဲ့၏။ သူတို့သုံးယောက်က အဆင့်ဆယ့်ရှစ်ကို စိန်ခေါ်ရန် ပူးပေါင်းခဲ့ကြလေသည်။

ကြည့်ရသရွေ့ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ ယပ်တောင်ထဲရှိ အတွေ့အကြုံများက ပိုင်ရှောင်ချန်းပင် သတိမထားမိသော လွယ်ပေါက်တစ်ခုကို ရှာတွေ့စေခဲ့ပုံရသည်။ ထိုကောင်းကင်ဧကရာဇ်အဆင့် ဧရာမဦးခေါင်းကြီး ကန္တာရထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့က သုတ်သင်ပစ်လိုက်လေသည်။

အဆင့်ဆယ့်ရှစ်ကို အလွယ်တကူကျော်ဖြတ်ပြီးနောက် သူတို့သုံးယောက်သည် အဆင့်ဆယ့်ကိုးကိုကျော်ဖြတ်ရန် တူညီသောနည်းလမ်းကို အသုံးပြုကြ၏။ ဤအခိုက်အတန့်တွင် သူတို့သည် အဆင့်နှစ်ဆယ်သို့ ရောက်နေလေပြီ။

ကံကောင်းထောက်မစွာ အဆင့်နှစ်ဆယ်သည် ယခင်အဆင့်များထက် လွန်စွာ ခက်ခဲသည်။ ကောင်းကင်ဧကရာဇ်သုံးပါးက လူတစ်ပိုင်းနွားတစ်ပိုင်းမွန်းစတားတစ်မျိုးနှင့် တိုက်ခိုက်နေကြ၏။ အမြန်နှုန်းအရဖြစ်စေ၊ အပြင်အားကိုယ်ခွန်အားဖြစ်စေ ၊ လူတစ်ပိုင်းနွားတစ်ပိုင်းများသည် ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် အပေါင်းအဖော်များထက် များစွာသာလွန်သည်။

ထို့အပြင် သူတို့က အထီးများဖြစ်၍ အရွယ်အစားကြီးမားပြီး စိတ်နေသဘောထားအားဖြင့် ကြမ်းတမ်းခက်ထန်သည်။

အဆင့်ဆယ့်နှစ်ဖြစ်သည့် ကျယ်ပြောသောကွင်းပြင်ကြီးတွင် သူတို့၏ မိုးခြိမ်းတမျှကျယ်လောင်သော အော်ဟစ်သံများ ၊ ဟိန်းဟောက်သံများဖြင့် ပြည့်နှက်နေတော့သည်။

လူတစ်ပိုင်းနွားတစ်ပိုင်း မွန်းစတားများမှာ အလွန်အသိဉာဏ်ရှိသည်ကို မဆိုထားဘိ မှော်သိုင်းများ ထုတ်လွှတ်ရန် မန္တန်လက်ကွက်များပင် ဖော်စရာ မလိုပေ။ သူတို့က ပင်ကိုယ်အားဖြင့် နတ်ဘုရားစွမ်းရည်အမျိုးမျိုးကို အသုံးပြုနိုင်ရာ ၄င်းတို့သည် အဝါရောင်ရောင်ခြည်စက်ဝန်းများအသွင်ဖြင့် ထင်ရှားပေါ်လွင်လာပြီး ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် အခြားကောင်းကင်ဧကရာဇ်များထံ မြန်ဆန်စွာ တဟုန်ထိုး ပြေးဝင်လာကြလေသည်။

ရောင်ခြည်စက်ဝန်းတစ်ခုဖြင့် ထိမိသည့် မည်သူမဆို စိတ်ဝိညာဥ်တိုင်အောင် တုန်ခါသွားမည်ဖြစ်သည်။

ဤအခြေအနေတွင် မည်သည့်နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူမဆို ချက်ချင်း အနိုင်ယူခံရမည်ဖြစ်ပြီး အဆင့်၏အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းခံရမည်ဖြစ်၏။ တကယ်တမ်းဆိုရလျှင် ကောင်းကင်ဧကရာဇ်များပင် တစ်ယောက်တည်းဆိုပါက ဒုက္ခရောက်မည်ဖြစ်သည်။ သုံးယောက်အဖွဲ့ဖြစ်မှသာ သူတို့ တောင့်ခံနိုင်ပေမည်။

ကြည့်ရသရွေ့ ဤ အဆင့်နှစ်ဆယ်သည် အပိုင်းအခြားအမှတ်တစ်ခုဖြစ်ပုံရသောကြောင့် အတိုင်းထက်အလွန် ခက်ခဲနေခြင်း ဖြစ်တန်ရာသည်။ မည်မျှခက်ခဲသည်ကိုဆိုရသော် ယခင်အဆင့်တစ်ခုမှ မမီနိုင်ပေ။

အခွင့်အရေးတစ်ခုရှိလောက်သည့် တစ်ဦးသောလူမှာ မယုံနိုင်စရာကောင်းသော ပြန်လည်ကုစားခြင်းစွမ်းအားများ ရှိသူ ပိုင်ရှောင်ချန်းသာ ဖြစ်သည်။

ဤအခြင်းအရာနှင့်သက်ဆိုင်သော နောက်တစ်ချက်မှာ မွန်းစတားများသည် ထာဝရအင်မော်တယ်နယ်မြေများတွင် မတည်ရှိသောအရာများ ဖြစ်၏။

ရှင်းရှင်းလင်းလင်းပင် သူတို့သည် ဤယပ်တောင်၏ ပိုင်ရှင်လာခဲ့သည့် ကမ္ဘာတစ်ခုခုမှ ဖြစ်ဟန်တူသည်။

အဆင့်က လွန်စွာ ခက်ခဲနေခြင်းကြောင့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် သူ့မဟာမိတ်များမှာ အလွယ်တကူ မကျော်ဖြတ်နိုင်ကြပေ။ သူတို့ကျော်ဖြတ်ခဲ့လျှင်တော့ ပိုင်ရှောင်ချန်းသည် သူတို့ကို ဆက်လက်ရှာဖွေရန် နိုးကြားခဲ့မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းက သူတို့ တိုက်ခိုက်သည်ကို စောင့်ကြည့်နေစဥ် ဤအဆင့်ကို သူတို့ ကျော်ဖြတ်သွားပါက အလွန်အန္တရာယ်များလိမ့်မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထို့အပြင် သူသည် ယပ်တောင်၏လုပ်ပိုင်ခွင့်အဆင့်အချို့ကိုရရှိရန် အလွန်အမင်း ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရ၍ အခြားလူတစ်ယောက် လက်ထဲ အလွယ်တကူ ထည့်ပေးနိုင်မည် မဟုတ်ပေ။

"ငါ အရင်က တကယ် သနားနေခဲ့ပုံပဲ။ ကောင်းပြီလေ အဘိုးကြီး ဝိရူပက္ခ … ခင်ဗျားက ကလိမ်ကကျစ်ကျဖို့ စိတ်ပိုင်းဖြတ်ထားပေမယ့် ကျုပ်က ခပ်လွယ်လွယ် ခွင့်မပြုပေးနိုင်ဘူး။ ခင်ဗျားက ကျုပ်နဲ့ ကလိမ်ကျတဲ့နေရာမှာ ပြိုင်ချင်တယ်ပေါ့လေ။ ကျုပ် ခင်ဗျားကို ဘယ်လောက်ညှင်းပန်းနှိပ်စက်မလဲ ကြည့်ချင်တယ်ပေါ့လေ။ ငါ့ချီးတဲ့မှပဲ ပိုင်ရှောင်ချန်း ဘဝမှာ လူလိမ်တွေလောက် မုန်းတာ မရှိဘူး "

စိန်ခေါ်ပွဲအမျိုးမျိုးရှိ အခြားမည်သည့်ကျင့်ကြံသူတစ်ယောက်ကိုမှ စိတ်ပူရန်အချိန်မရှိတော့သည်ဖြစ်၍ သူက သူ၏စိတ်စွမ်းအင်အားလုံးကို မိစ္ဆာဧကရာဇ်နိုင်ငံမှ ကောင်းကင်ဧကရာဇ်သုံးပါးအပေါ် အာရုံစိုက်လိုက်၏။

သူသည် သူတို့အားထုတ်မှုအောင်မြင်အောင် ဘယ်နည်းနှင့်မှ ခွင့်ပြုနိုင်မည် မဟုတ်ပေ။ သူက ယပ်တောင်နှင့်ဆက်သွယ်မှုကို ဆင့်ခေါ်၍ ခက်ခဲမှုအဆင့်ကို မြင့်နိုင်သမျှမြင့်မြင့် သတ်မှတ်ရန် နတ်ဘုရားအာရုံအချို့အား အဆင့်နှစ်ဆယ်အထဲ ပို့လွှတ်လိုက်သည်။

သူက မည်သည်ကိုမှ မထိမ်ချန်ထားသလို နည်းနည်းလေးပင် တုံ့ဆိုင်းမနေပေ။ ချက်ချင်းပင် ကောင်းကင်ဧကရာဇ်သုံးပါးပတ်လည်ရှိ လေထုကြီးမှာ လှိူင်းဂယက်များထလာပြီး ပုံပျက်ရှုံ့တွလာ၏။

ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့်အဖွဲ့သည် လူတစ်ပိုင်းနွားတစ်ပိုင်း မွန်းစတားကြီးဆယ်ကောင်နှင့် တိုက်ခိုက်နေသည့် ခုလတ်တွင်ဖြစ်သည်။ တိုက်ပွဲက ရက်စက်ပြီး ပြင်းထန်သောပေါက်ကွဲသံများ လေထဲ ပြည့်နှက်နေရာ ကောင်းကင်ဧကရာဇ်သုံးပါး၏မျက်လုံးများ တဖျပ်ဖျပ်လက်လာတော့သည်။

" ငါတို့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ ခံစားနေရတယ် "

ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ဟိန်းဟောက်သံတစ်သံဖြင့် ပြော၏။

" အဲဒီနောက်ပိုင်းအဆင့်တွေက ပိုလွယ်လိမ့်မယ်။ အဆုံးသတ်မှာ ဘယ်သူ အမွေအနှစ်ကို ရမလဲ ဆိုတာကတော့ ကံတရားပေါ် မူတည်တယ် "

ကောင်းကင်ဧကရာဇ်ဝိရူပက္ခအနေဖြင့် အဆင့်များတွင် လွယ်ပေါက်ကို ရှာတွေ့နိုင်ခဲ့သည်မှာ သူ၏ ထိပ်တန်းပြိုင်ပွဲဝင်ရာထူးကြောင့် ဖြစ်၏။ ပို၍အရေးကြီးသည်က အတွင်းရှိ အဆင့်များကို လွှမ်းမိုးထားသော ယပ်တောင်အစုတ်ကြီးက မပြည့်စုံပေ။

လျှို့ဝှက်ချက်ကို ရှာတွေ့ပြီးနောက် သူက အဆင့်များကို မည်သို့ကျော်ဖြတ်သွားရန်နှင့်ပတ်သက်၍ အခြားကောင်းကင်ဧကရာဇ်နှစ်ပါးနှင့် သဘောတူညီချက်တစ်ခုလုပ်ခဲ့သည်။ ယခုလောလောဆယ်တွင် မူလနတ်ဆိုးမင်းသားက စောင်ကြွားကြွားရယ်မောနေပြီး အေးစက်စက်မျက်နှာထားပိုင်ရှင် ဝိညာဥ်ဝါးမျိုသခင်ပင် သူ၏ စိတ်လှုပ်ရှားမှုများ ဖုံးဖိရန် အခက်ကြုံနေတော့သည်။ ဤလူတစ်ပိုင်းနွားတစ်ပိုင်း မွန်းစတားများသည် အလွန်သန်မာသော်လည်း အဆုံးသတ်တွင် တစ်ကောင်စီတိုင်းအား အနိုင်ယူနိုင်မည်ဟု သူတို့သုံးယောက်လုံး သေချာနေသည်။

ဤပူးပေါင်းခြင်းက ပြည့်စုံသည်ဟု မဖော်ပြနိုင်သော်လည်း သူတို့အားလုံးက နှစ်ပေါင်းများစွာ တစ်ယောက်နှင့်တစ်ယောက် သိခဲ့ကြပြီး ယခင်က အတူတူအလုပ်လုပ်ခဲ့ဖူးသည်။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ခွန်အားအဖြစ်ဆောင်ရွက်၍ ဝိညာဥ်ဝါးမျိုသခင်က နတ်ဘုရားစွမ်းရည်များဖြင့် အားဖြည့်ပေးပြီး မူလနတ်ဆိုးမင်းသားက သူတို့ကိုကာကွယ်ရန် သူ၏ မန္တန်ဝင်္ကပါစွမ်းအားကို အသုံးပြုလေသည်။ သူတို့သည် တိုက်ပွဲတစ်လျှောက်လုံးတွင် နောက်ဆုတ်ရခြင်းများဖြင့် တွေ့ကြုံရပါသော်လည်း ကျွမ်းကျင်ပါးနပ်မှုများဖြင့် တိုက်ခိုက်နေကြသေးသည်။

ယခုတွင် လူတစ်ပိုင်းနွားတစ်ပိုင်း မွန်းစတားများမှာ သိသိသာသာ အားအင်ကုန်ခမ်းလာကြ၏။ သူတို့ တစ်ချက်ယိမ်းယိုင်သည်နှင့် ကောင်းကင်ဧကရာဇ်သုံးပါးသည် လှုပ်ရှား၍ ချေမှုန်းပစ်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းက အေးစက်စက်ရယ်လိုက်သည်။ အစောပိုင်းက သူသည် ခက်ခဲမှုအဆင့် များ ထိန်းညှိုခြင်းနှင့်ပတ်သက်၍ အတန်ငယ်စိုးရိမ်နေခဲ့၏။ သို့သော် ယခုတွင် သူ နည်းနည်းလေးပင် စိတ်လှုပ်ရှားမနေတော့ပေ။ ထို့အပြင် သူသည် မကြာသေးခင်က ယပ်တောင်စောင့်ဝိညာဥ်နှင့် လွန်ဆွဲမှုပြီးနောက် သူ၏ကိုယ်ပိုင်ထိန်းချုပ်မှုအဆင့် တိုးတက်လာခဲ့ကြောင်း အာရုံရလိုက်သည်။

ထိုမျှသာမက သူ၏နတ်ဘုရားအာရုံက ယခုတွင် သူ့မှာ စိန်ခေါ်ပွဲများရှိ တည်နေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်ချက်၏ အသက်ဝင်ခြင်းကို အချိန်ဆွဲရန် စွမ်းအားရှိကြောင်း ပြောနေလေသည်။

" ငါ ဘယ်လောက် အချိန်ဆွဲနိုင်မလဲ သိချင်လိုက်တာ.... "

သူက နှုတ်ခမ်းကို သပ်၍ တွေးလိုက်သည်။ တခဏကြာပြီးနောက် သူက အိတ်ကိုပုတ်ပြီး သူ့မျက်လုံးများထဲတွင် ကေါက်ကျစ်သောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

ထိုအချိန် စိန်ခေါ်ပွဲထဲ၌ လူတစ်ပိုင်းနွားတစ်ပိုင်းမွန်းစတားများသည် နောက်ဆုံးလဲကျသွားသဖြင့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ ဝိညာဥ်ဝါးမျိုသခင်နှင့် မူလနတ်ဆိုးမင်းသားတို့က လိုအပ်ချက်များနှင့် ကိုက်ညီသွားခဲ့ပြီး စိန်ခေါ်ပွဲပြီးမြောက်သွားပြီဖြစ်ကြောင်း ညွှန်ပြနေတော့သည်။

" ငါတို့ လုပ်နိုင်သွားပြီ "

ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ပြုံး၍ ပြောသည်။ မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်တို့နှစ်ယောက်လည်း အတော်လေး စိတ်လှုပ်ရှားနေကြ၏။ သို့သော် သူတို့သုံးယောက် တည်နေရာရွှေ့ပြောင်းခံရရန် စောင့်နေစဥ် အပေါ်မှ ကြီးမားသော အားကြီးတစ်ခု သူတို့အပေါ် ရုတ်တရက် ကျရောက်လာလေသည်။

"အဲဒီ အရှိန်အဝါ ... "

ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ယခင်က တွေ့ကြုံခဲ့သည်ကိုစဥ်းစားကာ ပထမဆုံး စိတ်ထင့်သွားသူဖြစ်သည်။ သူက နောက်ဆုတ်၍ အော်လိုက်သည်။

" ထူးဆန်းတာတစ်ခုခု ထပ်ဖြစ်တော့မယ် "

ထိုအခါမှာသာ မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်တို့မှာ အဆင့်နှစ်ဆယ်တွင် ပြည့်နှက်လာသော တူညီသည့်ဖိအားကို အာရုံရလိုက်ကြသည်။

သူတို့၏မျက်နှာများ ရိပ်ခနဲဖြစ်သွားကာ သူတို့လည်း နောက်ဆုတ်လိုက်ကြ၏။ ထိုအချိန်တွင် ကြောက်စရာကောင်းသောပုံရိပ်များ လေထဲတွင် ဖြစ်တည်လာသဖြင့် ထစ်ခြုန်းမြည်သံများ အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားလေသည်။

၁ …

၁၀ ….

၅၀ …

မကြာမီ လူတစ်ပိုင်းနွားတစ်ပိုင်း မွန်းစတားများအကောင် ၁၀၀ ဖြစ်သွားပြီး အားလုံးက ရက်စက်ကြမ်းကြတ်မှုများ၊ စွမ်းအင်များဖြင့် တဟုန်းဟုန်းတောက်လျက် ကောင်းကင်ဧကရာဇ်သုံးပါးအား စိုက်ကြည့်နေကြသည်။ ထို့နောက် သူတို့က တိုက်ခိုက်ရန်ချီတက်ဝင်လာကြလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်များတုန်ခါလာပြီး အနီးနားရှိတောင်တန်းများ တသိမ့်သိမ့်တုန်လာတော့သည်။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ မျက်နှာမှာ ပျက်သွားပြီး မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်တို့နှစ်ယောက်လုံး ပင့်သက်ရှိုက်မိသွားတော့သည်။

"လူတစ်ပိုင်းနွားတစ်ပိုင်း မွန်းစတား ဆယ်ကောင်နဲ့တင်ကို တော်တော်ပင်ပန်းနေပြီ။ အခုတော့ ငါတို့ အကောင်တစ်ရာနဲ့ ရင်ဆိုင်ရမှာတဲ့လား "

မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်မှာ အစွမ်းကုန် မတိုက်ခိုက်လို၍မဟုတ်ပေ။ သို့သော် သူတို့မှာ မကြာသေးခင်က လူတစ်ပိုင်းနွားတစ်ပိုင်း မွန်းစတားများကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရသည်။ ယခုတွင် ပြီးဆုံးသွားပြီဟူ၍ မျှော်လင့်ချက်များမြင့်တက်လာဆဲမှာပင် သူတို့ မည်မျှမှားခဲ့ကြောင့် ရုတ်တရက် သဘောပေါက်လိုက်လေသည်။

ကောင်းကင်ဧကရာဇ်များနောက်ဆုတ်သွားပြီး လူတစ်ပိုင်းနွားတစ်ပိုင်း မွန်းစတားများက လေကိုခွင်း၍ သူတို့ထံ ပြေးဝင်လာကြချိန် ပိုင်ရှောင်ချန်းက အေးစက်စက် ရယ်လိုက်သည်။

" ဒီအတိုင်းပြေးလို့ရမယ် ထင်နေလား။ တစ်ရာက မလုံလောက်သေးရင် ငါ ထပ်ထည့်ပေးမယ် "

သူက အံတင်းတင်းကြိတ်ကာ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၏ အဟုန်ကိုသေချာပေါက်အဆုံးသတ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုသို့မဟုတ်လျှင် နောက်တစ်ကြိမ် ယပ်တောင်၏အစောင့်အရှောက်ဝိညာဥ်က ထိန်းချုပ်မှုအတွက် ပြန်ရုန်းကန်ပါက သူသည် ထိုအခိုက်အတန့်ကို အခွင့်အကောင်းယူ၍ အဆင့် နှစ်ဆယ်ကို သေချာပေါက် ကျော်ဖြတ်သွားမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းက စိတ်ပိုင်းဖြတ်ကာ ဆက်လုပ်လိုက်သည်။

ထစ်ခြုန်းမြည်သံများက အဆင့်နှစ်ဆယ်တွင် ပြည့်နှက်လာပြီး ပို၍များပြားသော လူတစ်ပိုင်းနွားတစ်ပိုင်း မွန်းစတားများ သူတို့ပတ်ပတ်လည်ရှိ မြက်များမှ ထိုးထွက်လာသည့်အတွက် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ ဝိညာဥ်ဝါးမျိုသခင်နှင့် မူလနတ်ဆိုးမင်းသားတို့မှာ ထိတ်လန့်တုန်လှုပ်ကာ ရူးချင်သွားတော့သည်။ တစ်ကောင်ပြီးတစ်ကောင် တပ်မက်မှုများဖြင့် ဟိန်းဟောက်၍ ရှေ့တက်လာကြ၏။

စွမ်းအားကြီးသော ကောင်းကင်ဧကရာဇ်ဝိရူပက္ခပင် သူ၏ဦးရေခွံပေါက်ကွဲတော့မတတ် စပ်ဖျဥ်းလာသည်ကို ခံစားလိုက်ရ၏။

" ဗုဒ္ဓေါ ... "

All Chapters