← Chapters

ဖိတ်ကြားချက်

Vol. 11 Ch. 1093

ဖိတ်ကြားချက်

Vol. 11 Ch. 1093

ပိုင်ရှောင်ချန်းမှာ နောက်ရက်များအတွင်း အလွန်စိတ်ချမ်းသာသော ဘဝတစ်ခုကို ပိုင်ဆိုင်နေတော့သည်။ လူအများ အဆင့်မတက်နိုင်အောင် ဟန့်တားခြင်းဖြင့် သူ၏ကိုယ်ပိုင်ဥစ္စာဓနကို ကာကွယ်ခြင်းက သူ့ကို ဤယပ်တောင်အစုတ်ကြီးထံ လာခဲ့ခြင်းက သေချာပေါက်တန်ကြောင်း ကောက်ချက်ချလိုက်စေတော့သည်။

ထို့အပြင် လူအများ အဆင့်တက်ခြင်းမှ အမှန်တကယ် သူကာကွယ်နိုင်သည့်အချက်က သူသည် ယပ်တောင်၏ပိုင်ရှင်ဖြစ်ကြောင်း ညွှန်ပြနေသည်။

ထိုကဲ့သို့အတွေးများနှင့် အတူလာသော မျှော်လင့်ချက်များက သူ့ကို အလွန်စိတ်အားတက်ကြွနေစေသည်။ ပို၍ကောင်းသည်မှာ ဖြစ်ပျက်နေသည်များကို တစ်ယောက်မှ မသိကြခြင်းပင်။ သူ့မျက်နှာပေါ်တွင် ဆင်မြန်းထားသည့် စိတ်ပျက်အားငယ်နေသောအသွင်နှင့် သူ၏အဆက်မပြတ်သက်ပြင်းချသံများက ယခုတွင် အလေ့အကျင်တစ်ခု ဖြစ်နေလေသည်။

နောက်ထပ်လဝက်ကုန်ဆုံးသွား၏။ ပိုင်ရှောင်ချန်းသည် ကန့်သတ်ချိန်ကုန်လွန်သည့်တိုင်အောင် နေ့ရက်များသာ ရေတွက်နေတော့သည်။ သို့သော် ထိုအချိန်တွင် ဤအခိုက်အတန့်အထိ သူ့ကို လုံးဝလျစ်လျရှုထားခဲ့သော ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာက စကားပြောရန် ရောက်လာ၏။

သူတို့ ရုတ်တရက်ပေါ်လာခြင်းက သူ့ကို အလန့်တကြား ဖြစ်သွားစေသည်။ သို့သော် သူက မျက်နှာအမူအရာကို ဟန်မပျက်ဆက်ထိန်းထား၏။ သူသည် ရင်တဒိန်းဒိန်းခုန်လျက် အခြားကောင်းကင်ဧကရာဇ်နှစ်ပါးက ဖြစ်ပျက်နေသည်များနှင့် ပတ်သက်၍ သဲလွန်စတချို့တလေ ရသွားသည်လား အကဲခတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ဂူထျန်ကျွင်း၏ အမူအရာက ထုံးစံအတိုင်း တင်းမာခက်ထန်နေချိန် စီမာယွမ်ဟာက ပြုံးနေသဖြင့် ထိုသို့ဖြစ်ပုံမရပေ။

အနီးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို မောင်းထုတ်ပြီးနောက် စီမာယွမ်ဟာက ပိုင်ရှောင်ချန်းကို ခေါင်းအစခြေအဆုံးကြည့်ပြီးနောက် ပြော၏။

" တာအိုရောင်ရင်းပိုင် မင်း အခုထိ နှစ်လတောင် အဆင့်ခုနစ်မှာပဲ တစ်နေတာ ငါတို့ သတိထားမိလို့ အပေးအယူလုပ်ဖို့ မင်း စိတ်ဝင်စားမလား သိချင်နေတာ "

ထိုစကားကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ကျဥ်းမြောင်းသွား၏။

စီမာယွမ်ဟာက ဘာမှမဖြစ်ပေ။ အမှန်တကယ်တွင် သူ၏အပြုံးသည် ပို၍သိသာလာပြီး ဆက်ရှင်းပြတော့သည်။

" တာအိုရောင်ရင်းပိုင် … ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ မူလနတ်ဆိုးမင်းသားနဲ့ ဝိညာဥ်ဝါးမျိုသခင်တို့ ပျောက်သွားတာ မင်း ကြားမှာပဲ "

ထိုစကားလုံးများက ပိုင်ရှောင်ချန်းကို ဒိန်းခနဲ ရင်ခုန်သွားစေ၏။ သူသည် ထိုကောင်းကင်ဧကရာဇ်သုံးပါး မည်သည့်နေရာရောက်တွင် ရှိနေသည်ကို အတိအကျသိလေသည်။ သို့သော် စီမာယွမ်ဟွာ၏စကားလုံးများထဲတွင် သူမသိသည့် ဖုံးကွယ်ထားသော သွယ်ဝိုက်ညွှန်းဆိုချက်များအချို့ရှိပုံရလေသည်။

သူက သူ၏လိပ်ပြာမလုံမှုကို ဖုံးကွယ်ရန် အတန်ငယ် စိန်းစိန်းဝါးဝါးကြည့်၍ အေးစက်စွာ ပြောသည်။

" တာအိုရောင်းရင်းစီမာ ခင်ဗျားမှာ ပြောချင်တာရှိရင် တည့်သာပြောပါ "

" အထင်မလွဲပါနဲ့ တာအိုရောင်ရင်းပိုင်ရယ် " စီမာယွမ်ဟွာက ခါတိုင်းနည်းတူ ပြုံး၍ ပြန်ဖြေ၏။

" ကျုပ်မှာ မကောင်းတဲ့အကြံအစည်မရှိပါဘူး။ တာအိုရောင်ရင်းပိုင် မင်းက အစကကောင်းကင်တံတားဒေသကဆိုပေမယ့် အခုအချိန်မှာ ကျုပ်တို့အားလုံးက သူတော်စင်ဧကရာဇ်နိုင်ငံတော်ကို ကိုယ်စားပြုတယ် “

" ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ မူလနတ်ဆိုးမင်းသားနဲ့ ဝိညာဥ်ဝါးမျိုသခင်တို့ကိစ္စနဲ့ပတ်သက်လို့ အင်း ကျုပ် မင်းကို ဘာမှ ထိမ်ချန်ထားမှာ မဟုတ်ပါဘူး။ တောအိုရောင်ရင်းဂူနဲ့ ကျုပ် ဟိုတလောထဲက အဲဒီကိစ္စကို သုံးသပ်ပြီးပြီ။ ကျုပ်တို့ ရှာတွေ့ခဲ့တဲ့ သဲလွန်စတွေအရ ... အဲဒီကောင်းကင်ဧကရာဇ်သုံးပါးက စိန်ခေါ်မှုအဆင့်တွေကို အတူဝင်ရောက်ပြီး ပူးပေါင်းကျော်ဖြတ်ခွင့်ပြုတဲ့ လွယ်ပေါက်တစ်ပေါက် ရှာတွေ့ခဲ့တာ သေချာတယ် "

စီမာယွမ်ဟွာက ယုံကြည်ချက်များစွာနှင့် ပြောပြီးနောက် ပိုင်ရှောင်ချန်းက မည်သို့တုံ့ပြန်မည်ကို ကြည့်ရန်စောင့်လိုက်သည်။

ပိုင်ရှောင်ချန်းက လျင်မြန်စွာပင် သူ့မျက်နှာအပေါ်၌ တွေဝေပြီး မသင်္ကာသော အမူအရာဖမ်းလိုက်လေသည်။

" အဖြစ်နိုင်ဆုံးက … " စီမာယွမ်ဟွာက ဆက်ပြောသည်။

" သူတို့သုံးယောက် အဆင့်မြင့်တစ်ခုခုမှာ ပိတ်နေတာဖြစ်ဖြစ် ... ဒါမှမဟုတ် ယပ်တောင်အစုတ်ကြီးရဲ့ မတူညီတဲ့ အပိုင်းတစ်ခုထဲ ဝင်ရောက်ဖို့ တခြားလှည့်ကွက်တစ်ကွက် သုံးသွားတာဖြစ်မယ် “

" ဘယ်လိုပဲဖြစ်ဖြစ် ကန့်သတ်ချိန်က နီးကပ်လာနေပြီ။ ကျုပ်တို့မှာ တစ်လလေးပဲကျန်တော့တယ်။ အခု ကျုပ်တို့သုံးယောက် မပူးပေါင်းရင် တစ်ယောက်မှ ကံကြမ္မာမရမှာကို စိုးရိမ်တယ် "

ဤအချိန်တွင် စီမာယွမ်ဟွာသည် ပြုံးမနေတော့ဘဲ အလွန်လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

" ကျုပ် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ ဘယ် လွယ်ပေါက်ကို ရှာတွေခဲ့လဲဆိုတာ သိဖို့ ကြိုးစားရင်း အချိန်တော်တော်ပေးခဲ့တယ်။ နောက်ဆုံးတော့ ကျုပ်လဲ အဲဒီလိုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ကျုပ်တို့ သုံးယောက်လုံး အဆင့်တစ်ခုတည်းရောက်အောင် ကျုပ် သေချာပေါက်လုပ်နိုင်တယ် “

" မင်းသိတဲ့အတိုင်း တာအိုရောင်ရင်းဂူနဲ့ ကျုပ်က အဆင့်ဆယ့်ရှစ်ကို ရောက်နေပြီ။ အဲဒီနေရာမှာ ဆက်မတက်နိုင်ဘဲ တစ်နေတာကြာပြီ။ ဒါကြောင့် မင်းကို အကူအညီလာတောင်းတာ တာအိုရောင်ရင်းပိုင် “

" မင်းကို အဆင့်ခုနစ်နဲ့ အဲဒီနောက်ပိုင်း အဆင့်တွေ ကျော်နိုင်အောင် ကျုပ်တို့ ကူညီပေးနိုင်တယ်။ ပြီးရင် အဆင့်ဆယ့်ရှစ် ရောက်တာနဲ့ ကျုပ်တို့ သုံးယောက်လုံး ကျန်တဲ့ လတစ်လျှောက် အစွမ်းကုန်သွားနိုင်မယ် "

ပိုင်ရှောင်ချန်း နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူဖြစ်ခဲ့တုန်းက စီမာယွမ်ဟာအနေဖြင့် သူ့ကို ယခုကဲ့သို့ အကူအညီမျိုးအတွက် တိုက်ရိုက်အကူအညီတောင်းမည်လည်းမဟုတ်သလို အကြောင်းမှန်ကိုလည်း ပြောမည်မဟုတ်ပေ။ သို့သော် ယခုတွင် ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်ပြီး သူတို့အချင်းချင်း တစ်ခါမှ အတူတူအလုပ်မလုပ်ဖူးသော်လည်း သူက ပျော့ညံသူမဟုတ်ကြောင်း စီမာယွမ်ဟာ သိသည်။

သိသာစွာပင် သူသည် သူ အလုပ်အတူလုပ်ရန် စီစဥ်ထားသည်လူတစ်ယောက်ကို အမှန်ပြောရန် အရေးကြီးသည်ဟု ခံစားရသောကြောင့် အသေးစိတ်အကုန်လုံး ပြောပြလိုက်လေသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်း မည်သို့ဆုံးဖြတ်မည်ကို ကြည့်ရန် စောင့်လိုက်သည်။

သူသည် ပိုင်ရှောင်ချန်း သဘောတူလိမ့်မည်ဟု ယုံကြည်ထား၏။ အမှန်တကယ်ဆိုရလျှင် ဂူထျန်ကျွင်းနှင့် ထိုကိစ္စအကြောင်း ဆွေးနွေးပြီးသည့်နောက်တွင် ပိုင်ရှောင်ချန်းက ငြင်းလိမ့်မည်မဟုတ်ကြောင်း လုံးဝသေချာနေသည်။ ပိုင်ရှောင်ချန်းသည် ကျင့်ကြံခြင်းအခြေခံနှင့်မသက်ဆိုင်သည့် အဆင့်ခုနစ်တွင် ပိတ်မိနေသည်မဟုတ်ပါလော။ ၄င်းက ဝင်္ကပါတစ်ခုဖြစ်သည့်အတွက် သတ်မှတ်ထားသောဗျူဟာတစ်ခုမရှိဘဲ ကျော်ဖြတ်ရခက်သည်။

ပိုင်ရှောင်ချန်းသာ ကမ်းလှမ်းချက်ကို လက်ခံပါက သူသည် အနည်းဆုံးအဆင့်ဆယ့်ရှစ်အထိ မည်သည့်ပြဿနာမှမရှိဘဲ ရောက်နိုင်မည်ဖြစ်သည်။ ထို့ပြင် သူသည် ဂူထျန်ကျွင်း၊ စီမာယွမ်ဟွာတို့နှင့်အတူ အလုပ်လုပ်ရမည်ကို ထည့်တွက်ပါက သူတို့ဝေးဝေးရောက်နိုင်မည်မှာ သေချာသည်။

ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟာတို့အတွက် သူတို့သည့် ရှေ့မှကူညီပေးမည့်လူများဖြစ်သည်။ သို့ဖြစ်၍ ပိုင်ရှောင်ချန်း ငြင်းဆိုသင့်သည့် အကြောင်းအရင်းတစ်ခုကိုမှ သူတို့ မမြင်ပေ။

ပိုင်ရှောင်ချန်းက တခဏကြာသည်အထိ တိတ်ဆိတ်စွာထိုင်နေသည်။ စီမာယွမ်ဟွာ၏ အမြင်အရ သူ့ကိုကြည့်ရသည်မှာ ဖြစ်နိုင်သောအကျိုးအမြတ်များနှင့်ပတ်သက်၍ တွေးနေသည့်ပုံရသည်။ သို့သော် သူ အမှန်တကယ်တွေးနေသည်က သူငြင်းလိုက်လျှင် ကျရောက်လာမည့် ဒေါသများနှင့်ပတ်သက်၍ ဖြစ်သည်။

" ဒီလူတွေကွာ ငါ့ကို ဒုက္ခလာရှာနေတာလား။ အဆင့် ခုနစ်မှာပဲ နေခွင့်ပေးလိုက်။ ဒါဆို လစေ့တာနဲ့ ယပ်တောင်က ငါ့အပိုင်ဖြစ်ပြီ။ ဘာလို့ အဖွဲ့ဖွဲဖို့ လာတာတုန်း “

" ငါ တကယ် မငြင်းနိူင်ဘူးလား။ အဲဒါ ဘာမှအဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ သူတို့သံသယဝင်သွားအောင်ပဲ လုပ်မိလိမ့်မှာ။ ပြီးတော့ သူတို့က ပါးနပ်တော့ တကယ့်အဖြစ်အပျက်တွေကို ခန့်မှန်းနေလောက်တယ်။ ဒါဆို ပြဿနာပဲ "

သူသည် ကမ်းလှမ်းမှုကို အမှန်တကယ် လက်မခံချင်သော်လည်း ငြင၍မရကြောင်း သိလေသည်။

" အဆင့်ခုနစ် ကနေ ဆယ့်ခုနစ်အထိ ဆုလာဘ်တွေကို ဘယ်လိုခွဲမှာလဲ "

သူက အေးစက်စွာ မေးလိုက်သည်။

" အဲဒီနောက်ပိုင်း ဆုလာဘ်တွေကော ဘယ်လိုလဲ "

စီမာယွမ်ဟွာသည် ထိုမေးခွန်းကို ကြားသောအခါ ပြုံးလိုက်၏။

" တာအိုရောင်ရင်းပိုင် မင်းဘာသာ ကျော်ဖြတ်တဲ့ အဆင့်တွေအားလုံးရဲ့ ဆုလာဘ်တွေကို မင်း သိမ်းနိုင်တယ်။ ငါတို့ အတူအလုပ်လုပ်တာနဲ့ အညီအမျှခွဲကြမယ်လေ။ သဘောတူလား တာအိုရောင်ရင်း ဂူ "

ထို့နောက် စီမာယွမ်ဟွာက ဂူထျန်ကျွင်းကို လှမ်းကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းမှာမူ သဘောတူညီချက်နှင့်ပတ်သက်၍ သိပ်မပျော်သော်လည်း ထိုသည်ကို မဖော်ပြဘဲ ဂူထျန်ကျွင်းကို ကြည့်လိုက်သည်။

ဂူထျန်ကျွင်းက ဘာမှပြန်မပြော။ သူက အေးစက်စက် နှာမှုတ်ပြီး ခေါင်းသာညိတ်လေသည်။

စီမာယွမ်ဟွာမှာ သူ၏ပန်းတိုင်သို့ ရောက်သွားသဖြင့် အလွန်ကျေနပ်သွားပြီး ပိုင်ရှောင်ချန်းက သူတို့ကို နောင်တမရဘဲ ပူးပေါင်းမည်ဖြစ်ကြောင်းလည်း ယုံကြည်သွားသည်။ သူနောင်တရလျှင်တောင်မှ စီမာယွမ်ဟွာတွင် သူ စိတ်ပြောင်းအောင် စည်းရုံးသွမ်းသွင်းရန် နည်းလမ်းများစွာရှိလေသည်။

စီမာယွမ်ဟာက စိတ်ထဲသိမ်းထားစရာ မလိုတော့သဖြင့် ပိုင်ရှောင်ချန်းကို အဆင့်ခုနစ်ကို ကျော်ဖြတ်ရန် လျှို့ဝှက်ချက် အလျင်အမြန် ပြောပြလိုက်သည်။

" ခင်ဗျားက ဝင်္ကပါကို ဖျက်စီးပစ်လိုက်တာလား "

ပိုင်ရှောင်ချန်းက မှင်သက်လျက် မေးလိုက်သည်။ အမှန်မှာ သူသည် နောက်ပိုင်း အဆင့်ခုနစ်အကြောင်းကို တွေးပင်မတွေးခဲ့ပေ။ သို့သော် စီမာယွမ်ဟွာ၏ ရှင်းပြချက်ကို ကြားပြီး အတန်ငယ်တွေးတောပြီးနောက် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။ ထို့ပြင် ထိုအချက်အရ ကောင်းကင်ဧကရာဇ်ဝိရူပက္ခက မည်သည့်အတွက်ကြောင့် အဆင့်အား အလွန်လျင်မြန်စွာ အောင်မြင်ခဲ့သည်ကိုလည်း ရှင်းပြနေသည်။ ထိုသည်က သူ၏ပင်ကိုယ်စရိုက်နှင့် အပြည့်အဝကိုက်ညီနေတော့သည်။

သူက ထွက်ပေါက်ကို ရှာမတွေ့ခဲ့၍ ဖောက်ခွဲပစ်ခဲ့ခြင်းသာ…

အမှန်တကယ်တော့ ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအခြေခံဖြင့်သာ ထိုသို့ပြုလုပ်နိုင်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံခြင်းမှာ ရလောက်မည်မဟုတ်ပေ။

စီမာယွမ်ဟာက ပြုံး၍ အဆင့်ရှစ် မှ ဆယ့်ခုနစ်အထိ ကျန်ရှိသော အဆင့်များအားလုံးအား မည်သို့ကျော်ဖြတ်ခဲ့ပုံကို ဆက်လက်ရှင်းပြသည်။ အမှန်တကယ်ဆိုရလျှင် သူ မည်မျှမြန်မြန်ပြောနေသည်ကို တွေးကြည့်ပါက သူသည် ပိုင်ရှောင်ချန်းက အဆင့်များကို ပြောမနေရဘဲ ချက်ချင်း ကျော်ဖြတ်စေရန် စိတ်စောနေပုံရ၏။

ပိုင်ရှောင်ချန်းတွင်ရှိသည့် အဆင့်များအားထိန်းချုပ်နိုင်စွမ်းကို စဥ်းစားကြည့်ပါက စီမာယွမ်ဟာက မည်သည်ကိုမှကွယ်ဝှက်မထားကြောင်း ပြောနိုင်၏။ အဆုံးသတ်တွင် သူ မလုပ်ချင်သေးသော်လည်း ရွေးချယ်စရာမရှိသဖြင့် ထရပ်ပြီး အဆင့်ခုနစ်ထံ ဦးတည်လိုက်လေသည်။

သို့သော် သူသည် တတ်နိုင်သမျှ အချိန်များများဆွဲသေးလေသည်။ တစ်လလုံးကျန်သေးသည့်အတွက် သူဆွဲနိုင်သည့် ရက်တိုင်းက အရေးကြီးလေသည်။

သို့သော် ပိုင်ရှောင်ချန်းသည် စီမာယွမ်ဟာနှင့် ဂူထျန်ကျွင်းတို့၏စိတ်ဇောကို လျှော့တွက်ခဲ့မိ၏။ သူ အဆင့်ဆယ့်တစ်သာ ရောက်ခဲ့သည့် အတောအတွင်း သုံးရက်ကုန်ဆုံးသွားချိန်တွင် အခြားကောင်းကင်ဧကရာဇ်နှစ်ပါးမှာ စိတ်မရှည်တော့သဖြင့် တိုက်ရိုက်ကူညီရန် အထူးလျှို့ဝှက်မှော်ပညာတစ်ရပ်ကို သုံးလိုက်ကြလေသည်။

ပိုင်ရှောင်ချန်းမှာ တကယ်တမ်းဆိုရလျှင် ဘာမှလုပ်စရာမလိုပေ။ သူတို့၏ လျှို့ဝှက်မှော်ပညာဖြင့် အဆင့်က တူဖြင့်ထုနှက်ခံရသော ရေခဲတုံးသဖွယ် ပျောက်ကွယ်သွားသည်။ ပိုင်ရှောင်ချန်းမှာ အချိန်တိုလေးအတွင်း တစ်ရက်တည်းနှင့် အဆင့်ဆယ့်ခုနစ်အထိ ရောက်သွားသဖြင့် ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။

လက်ထဲတွင် ဆုလာဘ်များဖြင့် သူက ဘေးဘီဝဲယာကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေတော့သည်။

" ဟိုအယုတ်တမာကောင်နှစ်ကောင် တကယ်ပဲ ငါ့အတွက် အပြတ်ရှင်းပေးတာလား "

သူက သတိအပြည့်ထားကာ တွေးလိုက်သည်။ စီမာယွမ်ဟာသာ သိပ်စိတ်မစောနေပါက ဗြောင်ကျကျ ဘယ်တော့မှလုပ်ခဲ့မည်မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်းက အလွန်နှေးကွေးစွာ သွားနေခဲ့သည်။ ထိုနှုန်းအရဆိုလျှင် သူ့အတွက် အဆင့်ဆယ့်ခုနစ်သို့ရောက်ရန် လဝက်ကြာမည်ဖြစ်သည်။

" ဒီလူက အန္တရာယ်ကင်းကင်း နေတတ်လွန်းတယ် ... " စီမာယွမ်ဟာက တွေးလိုက်သည်။

" ဒါပေမဲ့ သူက အဆင့်ဆယ့်ရှစ်ကို တစ်ခါတည်း ရောက်တာသွားတာပါပဲ..."

သူသည် စိတ်ထဲတွင် နှာမှုတ်နေသော်လည်း အပြင်ပန်းတွင် ဖော်ရွှင်ခင်မင်သော အမူအရာဖြစ်သည်။

" တာအိုရောင်ရင်းပိုင် … ဒါတွေအားလုံးကို မင်း နည်းနည်း မသင်္ကာ ဖြစ်နေတာ ကျုပ်သိတယ်။ ဒါပေမဲ့ ကျုပ် တကယ် ရိုးရိုးသားသားပြောနေတာ။ ကျုပ်တို့အတူတူအလုပ်မလုပ်ရင် အဆင့်ဆယ့်ရှစ်ကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ အချိန်ကလဲ ကုန်နေပြီ။ အဲဒီတော့ ဘာအတွက်ကြောင့် ကျုပ်တို့ အခုချက်ချင်း အဆင့်ထဲ မဝင်ရမှာတုန်း "

All Chapters