အခန်း (၁၄၈၇-၁၄၈၈)
Vol. 149 Ch. 1487-1488
အခန်း (၁၄၈၇) - အရောင်တင်မခံရလျှင်၊ ထက်မြက်မှု မရှိနိုင်
တိုက်ပွဲအခြေအနေမှာ တစ်ဖြည်းဖြည်း ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ နှစ်ဖက်စလုံးတွင် အမာခံတပည့် ငါးယောက်စီသာ ကျန်ရှိတော့သည့်အချိန်၌ စီနီယာအစ်မကြီး၏ အကြည့်များပင် လေးနက်တည်ကြည်လာသည်ကို ဖန့်ချန် သတိပြုမိလိုက်သည်။
လွန်ခဲ့သော အစီရင်ချင်း ယှဉ်ပြိုင်မှု အနည်းငယ်တွင် နှစ်ဖက်စလုံး၏ အင်အားမှာ အလွန်အမင်း တူညီနေကြသည်။
ဤသည်မှာ အောက်ခြေအမာခံတပည့်များ၏ နည်းလမ်းများမှာ အကန့်အသတ်မရှိ နီးစပ်နေကြပြီဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
ကွာဟချက် ရှိလျှင်ပင် အလွန်အမင်း ကြီးမားခြင်း မရှိတော့ချေ။
ယခင်က သူနှင့် ကြာနီနတ်မိမယ် တို့ လေ့ကျင့်စဉ်ကကဲ့သို့ပင်။
တစ်ဦးချင်း ကျင့်ကြံမှုအဆင့်မှာ ကွာခြားချက် ကြီးမားလှသော်လည်း အစီရင်ချင်း ယှဉ်ပြိုင်ရာတွင် ကြာနီနတ်မိမယ်ကို အပြတ်အသတ် အနိုင်ယူရန်မှာ သူ၏အတွက်ပင် လွယ်ကူသောကိစ္စ မဟုတ်ခဲ့ပေ။
ကြာနီနတ်မိမယ်နဲ့ ငါကတော့ သေချာပေါက် တိုက်ပွဲဝင်ရတော့မှာပဲ။
ဒါပေမဲ့ ဘယ်ဘက်က ပိုပြီး အသာစီးရမလဲဆိုတာ ကြည့်ရမယ်။
တကယ်လို့ ငါ့ရှေ့ကို ရောက်လာမယ့်သူက မသေမျိုးစွမ်းအား ကုန်ခမ်းနေတဲ့ ရုလိုင်ဘုရားကျောင်းက အမာခံတပည့်တစ်ယောက်ဆိုရင် ဒီပွဲကို နိုင်ဖို့ မခက်ခဲပါဘူး။
ဖန့်ချန်သည် သူ၏စိတ်ထဲတွင် ယခင်က တိုက်ပွဲများကို တစ်ပွဲချင်း ပြန်လည်သုံးသပ်နေမိသည်။
ရုလိုင်ဘုရားကျောင်း၏ လက်တစ်ထောင်အစီရင်၏ တိုက်ခိုက်ပုံ အဆင့်ဆင့်ကိုလည်း အသေအချာ မှတ်သားထားပြီး ဖြစ်သည်။
အမာခံတပည့်တစ်ဦးချင်းစီ၏ အလေ့အထမှာ ကွာခြားနိုင်သော်လည်း အစီရင်မသေမျိုးအတတ်ကိုသာ အသုံးမပြုနိုင်လျှင် အခြေခံတိုက်ကွက်များမှာ ထိုမျှသာ ရှိပေသည်။
ထိုအခါကျလျှင် ပြိုင်ဘက်၏ အကွက်ကို ကြည့်၍ ပြန်လည်တုံ့ပြန်ရုံသာ ရှိတော့သည်။
အဆိုးဆုံး သရေကျလျှင်ပင် ပြိုင်ဘက်ကို ရှုံးနိမ့်သွားစရာ အကြောင်းမရှိပေ။
"အစီရင်မသေမျိုးအတတ် ရုလိုင်ဘုရားကျောင်းက ကောင်တွေ တကယ်ကို ယုတ်မာကောက်ကျစ်တာပဲ "
ဖန့်ချန်သည် စီနီယာအစ်ကိုလေး၏ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံကို ရုတ်တရက် ကြားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ရုလိုင်ဘုရားကျောင်းနှင့် ရင်ဆိုင်နေသော ကျွယ်မင်နန်းတော်မှ အမာခံတပည့်မှာ တစ်ဖက်လူ၏ အစီရင်မသေမျိုးအတတ်အောက်တွင် ရှုံးနိမ့်သွားခဲ့ရလေပြီ။
စီနီယာအစ်မကြီးမှာ စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်နေသလို၊ စီနီယာအစ်မသုံးနှင့် အခြားသူများမှာလည်း နှုတ်ဆိတ်သွားကြသည်။
အသွေးသားနန်းတော်၊ ထိုက်ယီမသေမျိုးဂိုဏ်း၊ ကြယ်တစ်သောင်းနန်းတော်၊ ဝိညာဥ်နတ်ဘုရားဂိုဏ်းနှင့် ဝိညာဥ်သုတ်သင်ခြင်းဌာန တို့မှာမူ ထိုတစ်ကြိမ်တွင် မည်သူနိုင်၊ မည်သူရှုံးမည်ကို အဖြေထုတ်နိုင်သွားကြပြီ ဖြစ်သည်။
"ရုလိုင်ဘုရားကျောင်းကတော့ နိုင်ဖို့ သေချာသွားပြီ"
ယဲ့ချင်းချိုးက သက်ပြင်းချရင်း ဆိုသည်
"ရှောင်ကွမ်းယင်က ငါတို့ရဲ့ ကမ်းလှမ်းချက်ကို ဘာလို့ လက်မခံတာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။ သူတို့ရဲ့ ပြင်ဆင်မှုတွေက ပုံမှန်ထက်ကို ပိုပြီး ပြည့်စုံလွန်းနေတာပဲ "
ရုလိုင်ဘုရားကျောင်း၏ အဖွဲ့မှာ အပေါ်ယံကြည့်လျှင် ကျွယ်မင်နန်းတော်ထက် သိသိသာသာ အားနည်းနေဟန် ရှိသော်လည်း၊ ဤသည်မှာ ရှောင်ကွမ်းယင်က တမင်တကာ ဟန်ဆောင်ထားသော လှည့်စားမှုတစ်ခုသာ ဖြစ်နေခဲ့သည်။
"ဒီရှောင်ကွမ်းယင်က ကျွယ်မင်နန်းတော်ကို ပေါ့ပေါ့ဆဆဖြစ်အောင်၊ နိုင်တော့မယ်လို့ ထင်အောင် တမင် လုပ်ခဲ့တာပဲ "
လင်ပုချိသည် ထိုမိန်မလျာပုံစံ ဝတ်စုံနက်ဝတ် ဘုန်းကြီးကို ကြည့်ရင်း စိတ်ထဲတွင် ချောက်ချားမှုကို ခံစားလိုက်ရသည်။
အခုမှသာ သူသည် ရှဲ့အာမန် ပြောခဲ့သော စကားများကို ယုံကြည်လာတော့သည်။
ဖြစ်နိုင်သည်မှာ ထိုရှောင်ကွမ်းယင်သည် ရှဲ့အာမန်ကို သတ်ဖြတ်ရန် အကွက်ချ စီစဉ်ထားခြင်းပင် ဖြစ်ပေလိမ့်မည်။
အကယ်၍ ဤတစ်ကြိမ်တွင် ကျွယ်မင်နန်းတော်သာ တာ့လေယင်းကို မရရှိခဲ့လျှင် သိက္ခာကျရုံသာမက ဆုံးရှုံးမှုမှာလည်း အလွန်အမင်း ကြီးမားပေလိမ့်မည်။
တိုက်ပွဲတိုင်းတွင် ကုန်ဆုံးသွားသော အရာများမှာ ဖြူဖွေးတောက်ပသည့် မသေမျိုးကျောက်တုံး များ မဟုတ်ပါလား။
"ရှဲ့မိတ်ဆွေ... ဒီတိုက်ပွဲကို ဒီလောက်နဲ့တင် ရပ်လိုက်ရင် ဘယ်လိုလဲ "
ရှောင်ကွမ်းယင်၏ ဒဏ်ရာများမှာလည်း သက်သာသွားဟန် ရှိကာ သက်တမ်းမှာလည်း ထိခိုက်မှု မရှိပုံပေါ်သည်။
သူသည် စီနီယာအစ်မကြီးကို ပြုံးလျက် ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ လူ့စိတ်ကို ဖောက်ထွင်းမြင်နိုင်သည့်အလား တောက်ပနေသည်။
"အစီရင်မသေမျိုးအတတ် သုံးနိုင်ရုံနဲ့တင်လား သူ ဘယ်နှခါများ သုံးနိုင်မှာမို့လို့လဲ နင်တို့ နိုင်ပြီလို့ တကယ် ထင်နေတာလား "
စီနီယာအစ်မကြီးက အေးစက်စွာ ရယ်မောလိုက်ပြီး နောက်ထပ် အမာခံတပည့်တစ်ဦးကို ထွက်ရန် အချက်ပြလိုက်သည်။
"အချိန်ကို ရသလောက် ဆွဲထားပါ၊ သူ့ရဲ့ မသေမျိုးစွမ်းအားကို ကုန်အောင်လုပ် "
"ဟုတ်ကဲ့..."
ထိုအမာခံတပည့်မှာ ခေါင်းညိတ်ပြကာ တည်ကြည်သော မျက်ဝန်းများဖြင့် နဂါးနက်အစီရင်ကို မောင်းနှင်၍ လက်တစ်ထောင်အစီရင်၏ ရှေ့သို့ ရောက်လာခဲ့သည်။
ထိုလက်တစ်ထောင်အစီရင်၏ ဗဟိုတွင်မူ နှုတ်ခမ်းနီရဲရဲ၊ သွားဖြူဖြူနှင့် ဘုန်းကြီးလေး တစ်ပါး ရပ်နေသည်။
သူ၏ မျက်ဝန်းအစုံမှာ ရေသေတစ်အိုင်ကဲ့သို့ အေးစက်နေပြီး အချိန်ဆွဲခွင့် မပေးလိုသည့်အလား စက္ကန့်ပိုင်းအတွင်းမှာပင် အစီရင်မသေမျိုးအတတ်ကို ထုတ်သုံးလိုက်တော့သည်။
ကြည့်ရှုနေသူများ၏ အမြင်တွင်မူ ရှဲ့အာမန်သည် အရှုံးကို လက်မခံနိုင်ဘဲ အတင်းအကျပ် တောင့်ခံနေသည်ဟုသာ ထင်ကြတော့သည်။
ကျွယ်မင်နန်းတော်ဘက်တွင် အခြားဝှက်ဖဲ မကျန်တော့လျှင်...
"ကျွယ်မင်နန်းတော်မှာ မကြာသေးခင်ကမှ အမာခံတပည့်သစ် နှစ်ယောက် ရောက်လာတယ်လို့ ငါကြားတယ်။ သူတို့ရဲ့ ရာထူးတက်လှမ်းမှုကလည်း ကံကောင်းလို့ ဖြစ်လာတာလို့ ဆိုကြတာပဲ။ အခု အဲ့ဒီနှစ်ယောက်ကို ရှဲ့အာမန်က နောက်ဆုံးမှာ ထားထားပုံရတယ် "
ဝိညာဥ်သုတ်သင်ခြင်းဌာနမှ အကြီးအကဲ အမာခံတပည့်က ဘေးနားရှိသူကို ပြုံး၍ ပြောလိုက်သည်။
ဟွမ်ချင်းကျွဲ၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။
တစ်ဖက်လူ ပြောနေသော သူနှစ်ဦးထဲမှ တစ်ယောက်မှာ ဖန့်ချန် ဖြစ်သည်မှာ သေချာလှသည်။
ဖန့်မိတ်ဆွေတော့ ဒီတစ်ခါ... ရှုံးဖို့ များနေပြီ။
ရုလိုင်ဘုရားကျောင်းက အသာစီး ရသွားပြီဆိုတော့ ကျွယ်မင်နန်းတော်အတွက် အခွင့်အရေး သိပ်မကျန်တော့ဘူး။
နှမြောစရာပဲ။
ဟွမ်ချင်းကျွဲ စိတ်ထဲမှ သက်ပြင်းချမိသည်။
တစ်အောင့်ကြာပြီးနောက်တွင် ကျွယ်မင်နန်းတော်မှ ထိုအမာခံတပည့်မှာ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ အစီရင်မှာ အပြင်းအထန် ရိုက်ခွဲခံလိုက်ရကာ အရှုံးပေးလိုက်ရတော့သည်။
"နောက်တစ်ယောက် လာခဲ့ "
ဘုန်းကြီးလေးက အေးစက်စွာ ဆိုသည်။
သူ၏ နောက်တွင် နောက်ထပ် ငါးယောက် ကျန်သေးသည်။
ကျွယ်မင်နန်းတော်ဘက်မှာမူ သုံးယောက်သာ ကျန်တော့သည်။
သူ၏ မသေမျိုးစွမ်းအားမှာ ကျန်ရှိနေသော သုံးယောက်ကို ရင်ဆိုင်ရန် မလုံလောက်လျှင်ပင် ဘာဖြစ်သနည်း ရုလိုင်ဘုရားကျောင်းမှ ကျန်ရှိနေသော ငါးယောက်နှင့်ပင် ပြိုင်ဘက်ကို အသေအလဲ တိုက်နိုင်သေးသည်။
မကြာမီမှာပင် ကျွယ်မင်နန်းတော်မှ အမာခံတပည့် နောက်တစ်ဦးမှာလည်း ထိုဘုန်းကြီးလေး၏ လက်ထဲတွင် ထပ်မံ ရှုံးနိမ့်သွားခဲ့ပြန်သည်။
ထိုအဆင့်သို့ ရောက်သောအခါ ထိုဘုန်းကြီးလေးမှာ အားအင်ကုန်ခမ်းစပြုနေပြီး မသေမျိုးစွမ်းအား မလုံလောက်တော့သည်ကို လူတိုင်း ရိပ်မိကြသည်။
အများဆုံး နောက်တစ်ကြိမ်သာ အစီရင်မသေမျိုးအတတ်ကို သုံးနိုင်ပေလိမ့်မည်။
"ညီမလေး ကြာနီ... နင့်အလှည့် ရောက်ပြီ။ ဒါက နင့်အတွက် ပြင်ပရန်သူနဲ့ အစီရင်ချင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရတာပဲ၊ စိတ်မလှုပ်ရှားနဲ့ဦး "
စီနီယာအစ်မကြီးက ကြာနီနတ်မိမယ်ကို ပြုံး၍ အားပေးလိုက်သည်။
ကျန်ရှိနေသော လူများမှာမူ တိတ်ဆိတ်နေကြသည်။
ရှုံးနိမ့်မှုမှာ သေချာသလောက် ရှိနေပြီ မဟုတ်ပါလား။
ကြာနီနတ်မိမယ်သည် ယခုရှေ့က ဘုန်းကြီးလေးကို နိုင်လျှင်ပင် ဇာတ်သိမ်းကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
"စီနီယာအစ်မကြီး စိတ်ချပါ၊ ကျမ အစွမ်းကုန် ကြိုးစားပါ့မယ် "
ကြာနီနတ်မိမယ်က ပြောပြီးသည်နှင့် နဂါးနက်အစီရင်ကို မောင်းနှင်ကာ ဘုန်းကြီးလေးဆီသို့ ထွက်ခွာသွားခဲ့သည်။
ကြာနီမိတ်ဆွေက ရှောင်ကွမ်းယင်ရဲ့ အဲ့ဒီအတတ်ကို တတ်မတတ်တော့ မသိဘူး။
ဒါပေမဲ့... တတ်ခဲ့ရင်တောင် ဒီလိုနေရာမျိုးမှာ သုံးလို့မရဘူး၊ ပေါ်လွင်လွန်းတယ်။
ဖန့်ချန်၏ အတွေးပင် မဆုံးသေးမီမှာပင် ဘုန်းကြီးလေး၏ အပြောင်းအလဲကြောင့် သူ အံ့ဩသွားရသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ လက်တစ်ထောင်အစီရင်ထံမှ မိစ္ဆာမီးတောက်များ ဟုန်းဟုန်းတောက်လာခဲ့ပြန်သည်။
"ဒီအတတ်ကိုပဲ ထပ်သုံးပြန်ပြီ "
ကျွယ်မင်နန်းတော်မှ အမာခံတပည့်များမှာ ရုတ်တရက် မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။
ဒါကို ဘယ်လို တိုက်ရမှာလဲ
ဒီဘုန်းကြီးလေးက အစီရင်မသေမျိုးအတတ်ကို နားလည်ထားရုံသာမက၊ သက်တမ်းကို အရင်းအနှီးပြုသည့် ထိုထူးခြားသော အတတ်ကိုပါ သုံးနိုင်နေသည် မဟုတ်ပါလား။
လီရှမ်းဇီတို့လို လူမျိုးပင် တွေ့လျှင် ခေါင်းခဲရမည့် ပြိုင်ဘက်မျိုး ဖြစ်ကာ ရှုံးနိမ့်ဖို့ ရာခိုင်နှုန်း များလှသည်။
ယခု ပြိုင်ဘက်မှာ ကျွယ်မင်နန်းတော်မှ အမာခံတပည့်သစ် နှစ်ယောက်သာ ဖြစ်နေသည်...
"ရှောင်ကွမ်းယင်... နင် တကယ့်ကို လူလည်ပဲ"
စီနီယာအစ်မကြီးထံမှ အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။
ဤစကားသည် စီနီယာအစ်မကြီးကိုယ်တိုင်ပင် နောက်ဆက်တွဲ အခြေအနေကို မျှော်လင့်ချက် မရှိတော့ကြောင်း ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
"စုံစမ်းစမ်း... အဆုံးအထိ စုံစမ်းကြ။ သူတို့ရဲ့ ငါ ငရဲကို မဆင်းရင် ဘယ်သူဆင်းမလဲ ဆိုတဲ့ နည်းလမ်းက ဘယ်ကနေ လာတာလဲ၊ အစီရင်မသေမျိုးအတတ်ရဲ့ အမျိုးအစား တစ်ခုလားဆိုတာ သေချာ စစ်ဆေးကြ "
စီနီယာအစ်မကြီးက အေးစက်စွာ အမိန့်ပေးလိုက်သည်။
ဘယ်သူ့ကို ခိုင်းသည်ဟု အမည်တပ်မပြောသော်လည်း လူတိုင်းကတော့ သိပြီးသား ဖြစ်သည်။
အမာခံတပည့်များ ဖြစ်ကြသည့်အတိုင်း သူတို့၏ အရှိန်အဝါနှင့် စွမ်းအားမှာ ကြီးမားလှသဖြင့် ထိုကိစ္စကို စုံစမ်းရန်မှာ အလွန်အမင်း ခက်ခဲလိမ့်မည် မဟုတ်ပေ။
ကြာနီနတ်မိမယ်သည် ဘုန်းကြီးလေးနှင့် တိုက်ခိုက်နေလေပြီ။
အစပိုင်းကတည်းက သူမသည် အောက်စီးသို့ ရောက်နေပြီး ဖိတိုက်ခံနေရသည်။
သို့သော် သူမသည် ပြိုင်ဘက်၏ အချိန်ကို ရသလောက် ဆွဲထားရန် ကြိုးစားနေပုံရပြီး ရှောင်တိမ်းရင်း အခွင့်အရေး ရှာနေသည်။
လင်းယွမ်တို့၏ ရင်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
ကြာနီနတ်မိမယ်သည် တစ်ချိန်က သူတို့၏ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသဖြင့် ဤတိုက်ပွဲတွင် အလွန်အမင်း ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားသည်ကို သူတို့ မမြင်ချင်ကြချေ။
ဝုန်း
ပြင်းထန်သော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။
ကြာနီနတ်မိမယ်၏ နဂါးနက်အစီရင်မှာ ဟင်းလင်းပြင်ထဲတွင် အဆက်မပြတ် လွင့်စင်သွားခဲ့ရပြီး၊ စီနီယာအစ်မကြီးကိုယ်တိုင် လက်လှမ်း၍ တားဆီးပေးလိုက်မှသာ ရပ်တန့်သွားတော့သည်။
ယင်းနောက် မသေမျိုးလှေများမှာ အစီရင်ထဲမှ ကွဲထွက်သွားကြပြီး လှေပေါ်ရှိ ကျင့်ကြံသူများမှာ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများထွက်ကာ မျက်လုံးများ မှိတ်လျက် ရှိနေကြသည်။
ကြာနီနတ်မိမယ် ကိုယ်တိုင်လည်း မျက်လုံးမှိတ်လျက်ပင် မသေမျိုးလှေပေါ်တွင် လဲလျောင်းနေကာ အသက်ရှူသံမှာ အားနည်းလှပေသည်။
အမာခံတပည့်များ၏ မျက်နှာမှာ မှောင်မှောက်နေတော့သည်။
ကြည့်ရသည်မှာ ဤတစ်ကြိမ်တွင် သူတို့ တကယ် ရှုံးသွားခဲ့လေပြီ။
"စီနီယာအစ်မကြီး... နောက်ဆုံးတစ်ပွဲကိုတော့ တိုက်မနေတော့ပါနဲ့လား "
နန်မင်ရုယွဲ့က ရုတ်တရက် ပြောလိုက်သည်။
စီနီယာအစ်မသုံးကလည်း ခဏမျှ စဉ်းစားပြီးနောက် ဖန့်ချန်ရှိရာသို့ တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"တကယ်တော့ ဆက်တိုက်နေလည်း ထူးမှာ မဟုတ်တော့ပါဘူး။ ဒီဖန့်မောင်လေးကိုပဲ ဘေးကင်းကင်းနဲ့ ပြန်ဆုတ်ခွင့် ပေးလိုက်ကြရအောင် "
ဖန့်ချန်သည် ယခင်က အစီရင်ဗဟိုချက် နှင့် စာချုပ်ချုပ်ဆိုရာတွင် မည်မျှ မြန်ဆန်ခဲ့သည်ကို အားလုံး သိထားကြသဖြင့် နန်မင်ရုယွဲ့သည် ဖန့်ချန်၏ အသက်အန္တရာယ်ကို စိုးရိမ်၍ ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း အားလုံး ရိပ်မိကြသည်။
"တိုက်ရမယ်၊ ဘာလို့ မတိုက်ရမှာလဲ အရောင်တင်မခံရလျှင်၊ ထက်မြက်မှု မရှိနိုင်ဘူး "
စီနီယာအစ်မကြီးက တစ်ချက် နှာခေါင်းရှုံ့လိုက်ရင်း ဖန့်ချန်ကို လှမ်းကြည့်လိုက်သည်။
"ဖန့်မောင်လေး... ဒီတစ်ပွဲကို မင်း သေချာပေါက် တိုက်ရမယ်။ ဒီလို အခွင့်အရေးမျိုးက ရခဲတယ်။ မင်းအတွက်တော့ အတော်အသင့် ကောင်းမွန်တဲ့ ကျောက်ပြင် တစ်ခုပဲ "
ဓားသွားကို ပျက်စီးသွားမှာတော့ မကြောက်ဘူးလား...
စီနီယာအစ်မသုံးက တိုးတိုးလေး ရေရွတ်လိုက်သည်။
မရေမတွက်နိုင်သော အကြည့်များက ဖန့်ချန်၏ အပေါ်သို့ ကျရောက်လာကြသည်။
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
သူ၏ ကိုယ်တွင်းမှ မသေမျိုးစွမ်းအားများမှာ ဟုန်းဟုန်းတောက် ပွက်လောရိုက်လာကာ နဂါးနက်အစီရင်သည် ဘုန်းကြီးလေးဆီသို့ ဖြည်းညှင်းစွာ ဦးတည်သွားတော့သည်။
ဤအချိန်တွင် ၁၅၀၀ ကျော်သော နယ်မြေသစ်ရှာဖွေရေး အဖွဲ့များမှ ကျင့်ကြံသူများ အားလုံးမှာ မိမိတို့သည် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သိလိုက်ကြသည်။
"တောက်... ငါကတော့ အလကားရမယ် ထင်နေတာ။ တိုက်ရမယ်ဆိုရင်လည်း အားရပါးရ တိုက်ပစ်လိုက်ရုံပေါ့ "
လင်းတုန်းက သွားကို တင်းတင်းကြိတ်ကာ အဝေးရှိ လက်တစ်ထောင်အစီရင်ကို စူးစိုက်ကြည့်နေတော့သည်။
အခန်း (၁၄၈၈) - ဓားသွေးခြင်း
"ရှဲ့အာမန်ကတော့ ဒီတစ်ခါ ရှုံးနိမ့်သွားတာနဲ့ သူ့ရဲ့ မာန်မာနတွေ နည်းနည်းတော့ လျော့ပါးသွားလောက်မယ်။စိတ်ဝိညာဥ်နယ်မြေထဲက အမာခံတပည့်တွေကြားမှာ သူကိုယ်သူ အရှုံးမရှိ လို့ တကယ်ကြီး ထင်နေတာကိုး "
ယဲ့ချင်းချိုးက သက်ပြင်းချဟန်ဖြင့် ဆိုလိုက်သည်။
အနီးအနားရှိ အမာခံတပည့်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် ခပ်ဖွဖွ ပြုံးလိုက်ကြသည်။
ကျွယ်မင်နန်းတော်၏ စီနီယာအစ်မကြီး အရှက်ရသည်ကို မြင်တွေ့ရခြင်းမှာ သူတို့အတွက်တော့ ပျော်ရွှင်စရာ ကိစ္စတစ်ခုပင် ဖြစ်သည်။
ဒီတစ်ခေါက် လာရသည်မှာ အလကား မဖြစ်တော့ချေ။
အနည်းဆုံးတော့ ရုလိုင်ဘုရားကျောင်းမှ ရှောင်ကွမ်းယင်သည်လည်း အရာရာကို အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ကြောင်း သူတို့ နားလည်လိုက်ရသည်။
နောင်တွင် ရုလိုင်ဘုရားကျောင်းနှင့် ရင်ဆိုင်ရပါက မဟာဗျူဟာအသစ်များ ချမှတ်ရပေလိမ့်မည်။
ယခင်ကလို သဘောထားမျိုးနှင့် ဆက်ဆံ၍ မရတော့ဘဲ မဟုတ်လျှင် သေချာပေါက် အရှုံးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
"ရှေ့ကလူတောင် အတော်လေး ဆိုးဆိုးရွားရွား ရှုံးသွားတာ။ ဒီနောက်ဆုံးတစ်ယောက်ကလည်း ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်သစ်ပဲ မဟုတ်လား။ ငါ့အထင်တော့ နှစ်ကွက်၊ သုံးကွက်ထက် ပိုတောင့်ခံနိုင်မှာ မဟုတ်ဘူး "
"အတွေ့အကြုံ ရအောင် ခေါ်လာတာပဲ ဖြစ်မှာပါ။ ရှဲ့အာမန်ကိုယ်တိုင်လည်း အစကနေ အဆုံးအထိ ဒီလူ တိုက်ပွဲဝင်ရလိမ့်မယ်လို့ တစ်ခါမှ ထင်ထားမှာ မဟုတ်ဘူး "
"ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ရှဲ့အာမန်က တကယ်ကို ခေါင်းမာလွန်းတယ်။ ရှုံးမှာ သေချာနေတာကို ဘာလို့ သူ့ရဲ့ ဂျူနီယာလေးကို ဒဏ်ရာရအောင် အတင်းလုပ်နေရတာလဲ "
အဖွဲ့အသီးသီး၏ အကြည့်များမှာ ဖန့်ချန်၏ အပေါ်သို့ ကျရောက်နေကြသည်။
ဖန့်ချန်နှင့် ပတ်သက်၍ သူတို့ အလွန်စိမ်းနေကြသလို၊ ရင်းနှီးအောင် လုပ်ရန်လည်း အစီအစဉ် မရှိကြချေ။
အမာခံတပည့်သစ် တစ်ယောက်မှာ အချိန်တိုအတွင်း ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည် မဟုတ်ပေ။
ကျွယ်မင်နန်းတော်တွင် သူတို့ အထူးဂရုစိုက်ရမည့် အမာခံတပည့်များစွာ ရှိနေသေးသည်။
ဥပမာအားဖြင့် အစီရင်မသေမျိုးအတတ်ကို နားလည်ရန် လက်တစ်ကမ်းအလိုသာ လိုတော့သည့် သူမျိုးများပင်။
"ငါ့ရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိသိကြီးနဲ့ ဘာလို့ တိုက်ပွဲဝင်ဖို့ ထွက်လာတာလဲ "
ဘုန်းကြီးလေးက ဖန့်ချန်ကို အကဲခတ်ရင်း မေးလိုက်သည်။
"စီနီယာအစ်မကြီးက မင်းကို ငါ့ရဲ့ ကျောက်ပြင် လို့ ပြောတယ်၊ ဒါကြောင့် ဓားသွေးဖို့ လာတာပါ "
ဖန့်ချန်က ပြုံး၍ ပြန်ပြောလိုက်သည်။
ကျောက်ပြင်
ဘုန်းကြီးလေးနှင့် အစီရင်ထဲရှိ ကျင့်ကြံသူများ အားလုံးမှာ ရယ်မောလိုက်ကြတော့သည်။
"ငါဆိုတဲ့ ကျောက်ပြင်က မင်းကို ဓားကျိုးတစ်လက် ဖြစ်သွားအောင် လုပ်မိလိမ့်မယ် ထင်တယ်"
ဘုန်းကြီးလေးက ခပ်ဖွဖွ ရယ်မောလိုက်သည်။
နောက်တစ်စက္ကန့်မှာပင် လက်တစ်ထောင်အစီရင်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ဖန့်ချန်ကို လက်သီးချင်း၊ ကိုယ်ချင်းတိုက်သည့် နည်းလမ်းဖြင့် စတင် တိုက်ခိုက်တော့သည်။
"ကောင်းပြီ သူ မသေမျိုးစွမ်းအား ( ကုန်ခမ်းနေပြီပဲ။ အစီရင်မသေမျိုးအတတ်ကို ထပ်သုံးနိုင်မှာ မဟုတ်တော့ဘူး "
ဝမ်ရွှမ်နှင့် အခြားသူများမှာ စိတ်ထဲမှ ဝမ်းသာသွားကြပြီး မသေမျိုးစွမ်းအားများကို အဆက်မပြတ် ထောက်ပံ့ပေးလိုက်ကြသည်။
ဖန့်ချန်က စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ခုခံရေးအစီရင်များ အားလုံး ပွင့်သွားပြီး အလင်းကာရံကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဝုန်း
ကောင်းကင်နှင့် မြေကြီး သိမ့်သိမ့်တုန်သွားပြီး အလင်းကာရံကြီးမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်ဘုန်းကြီးလေးသည် တစ်ကွက်တည်းနှင့်ပင် နဂါးနက်အစီရင်ကို အနာတရ ဖြစ်စေခဲ့သည်။
ကျိကန်းနှင့် အခြားသူများ၏ မျက်နှာမှာ အလွန်အမင်း လေးနက်သွားကြကာ သွေးများပင် ဆူပွက်လာတော့သည်။
ထိုအချိန်တွင် မီယွီမိတ်ဆွေ ပင် စောစောစီးစီး နိုးလာခဲ့ပြီး လူသားပုံစံ ပြောင်းလဲကာ မသေမျိုးလှေထဲသို့ မသေမျိုးစွမ်းအားများကို အဆက်မပြတ် ထည့်သွင်းပေးနေသည်။
စောစောက အလင်းကာရံ ပျက်စီးသွားမှုကြောင့် နဂါးနက်အစီရင်၏ မသေမျိုးစွမ်းအား ထက်ဝက်ကျော်မှာ ကုန်ဆုံးသွားခဲ့ရပြီ။
အကယ်၍ နောက်ထပ် အကြိမ်အနည်းငယ်သာ ထပ်အိုက်ခံရလျှင် လူတိုင်း မသေမျိုးစွမ်းအားကို ပြန်လည်ဖြည့်တင်းရန် အချိန်မမီတော့ဘဲ အစီရင်မှာ ရိုက်ခွဲခံရပေလိမ့်မည်။ ထိုအခါ ရှုံးနိမ့်သွားမည် ဖြစ်၏။
လက်တစ်ထောင်အစီရင်က နောက်တစ်ကွက် ထပ်မံ ထုတ်လိုက်ပြန်သည်။
နဂါးနက်အစီရင်မှာ အသာတကြည်ပင် အရိုက်ခံနေရတော့သည်။
"အရှိန်ရော၊ အင်အားရောက သူ့ကို လုံးဝ မမှီဘူး "
ဖန့်ချန်က နှစ်ဖက်အင်အား ကွာခြားချက်ကို တွက်ချက်လိုက်သည်။
ဘုန်းကြီးလေးမှာ အနည်းဆုံး နယ်မြေသစ်ရှာဖွေရေး အဖွဲ့ (၄၀၀၀) ကျော်ကို ပိုင်ဆိုင်ထားသဖြင့် သူ၏ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသည်။
ယခုဆိုလျှင် မိစ္ဆာဝင်နေသော အခြေအနေကြောင့် အစွမ်းမှာ အဆပေါင်းများစွာ ပိုမို တိုးတက်နေသေးသည်။
ယင်းနှင့် ယှဉ်လျှင် ဖန့်ချန်၏ နဂါးနက်လှေ မှာ လူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသော ကလေးငယ်တစ်ဦးအလား အောင်နိုင်ရန် အခွင့်အရေး လုံးဝ မရှိသလောက်ပင်။
အစီရင်မသေမျိုးအတတ်ကို နားလည်နိုင်မှပဲ ပြန်ပြီး အသာစီးရနိုင်မယ်။
စီနီယာအစ်မကြီးက ငါ့ကို ဓားသွေးခိုင်းတယ်ဆိုတာ ငါ့ရဲ့ အစွမ်းအစတွေကို အတင်းအကျပ် ဖော်ထုတ်ခိုင်းတာလား။
အတွေးများမှာ လျှပ်စီးကဲ့သို့ လှည့်ပတ်နေသော်လည်း နဂါးနက်အစီရင်မှာ လက်တစ်ထောင်အစီရင်၏ တိုက်ခိုက်မှုများကို အစွမ်းကုန် ရှောင်တိမ်းနေဆဲပင်။
သို့သော် အရှိန်မှာ ပြိုင်ဘက်ကို မမီသဖြင့် ပြိုင်ဘက်၏ တိုက်ကွက်များကို ကြိုတင် ခန့်မှန်းနိုင်လျှင်ပင် အစီရင်ဗဟိုချက် မပျက်စီးအောင် မနည်း တောင့်ခံနေရသည်။
အစက အစီရင်ဗဟိုချက်နဲ့ စာချုပ်ချုပ်တုန်းက ငါ့ရဲ့ ဝိညာဥ်စွမ်းအားက အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်။
ဒါကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်ခဲ့တာ။
အစ်မကြီးက ငါသာ အန္တရာယ်ကြားမှာ ငါ့ရဲ့ အစွမ်းအစတွေကို ထုတ်သုံးနိုင်ရင် အစီရင်မသေမျိုးအတတ်ကို နားလည်နိုင်မယ်လို့ ယူဆနေတာလား။
ဖန့်ချန်၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။
ရှဲ့အာမန်သည် အဆင့် ၈ ရှေးဟောင်းမသေမျိုး တစ်ဦး ဖြစ်ပြီး အစွမ်းအစ မရှိသူ မဟုတ်ပေ။
သူမ၏ အကဲခတ်မှုနှင့် ဆုံးဖြတ်ချက်မှာ လူ့လောကကိုးခုတွင် ထိပ်တန်းအဆင့်၌ ရှိနေမည်မှာ အသေအချာပင်။
"အကယ်၍ သူတောင် ငါ့မှာ အခွင့်အရေး ရှိတယ်လို့ ထင်နေရင်တော့ ငါက..."
"တကယ်ကို အခွင့်အရေး နည်းနည်း ရှိနေတာပဲ "
ချက်ချင်းမှာပင် နဂါးနက်အစီရင်သည် အသာတကြည် အရိုက်ခံရပြီး ရှောင်တိမ်းနေသည့် အခြေအနေမှ လမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်ကာ စတင်၍ တိုက်စစ်ဆင်လိုက်တော့သည်။
ဘုန်းကြီးလေးမှာ ထိုအချက်ကို ထင်မထားခဲ့သဖြင့် အခိုက်အတန့်မျှ သတိလက်လွတ်ဖြစ်သွားကာ နဂါးနက်အစီရင်၏ အပြင်းအထန် ကိုက်ခဲခြင်းကို ခံလိုက်ရသည်။
ကွဲအက်သံ
မသေမျိုးလှေ (၁၀) စီးကျော်မှာ အရှင်လတ်လတ် ဝါးမျိုခြင်း ခံလိုက်ရပြီး အပေါ်ရှိ ကျင့်ကြံသူများမှာ သေတမ်းစာပင် မှာကြားခွင့် မရလိုက်ဘဲ ချက်ချင်း ကျဆုံးသွားကြတော့သည်။
"ဒီကောင်၊ သတ္တိကတော့ တကယ်ကြီးတာပဲ။ တန်ပြန်တိုက်စစ် ဆင်ရဲတယ်ပေါ့။ ဘုန်းကြီးလေးက အဲ့ဒါကို ထင်မထားလိုက်လို့ အငိုက်မိသွားတာပဲ..."
"ဒါပေမဲ့ ဘာမှ ထူးမှာ မဟုတ်ဘူး "
"သူ့ရဲ့ တိုက်ကွက်တွေက လက်တစ်ထောင်အစီရင်ကို ကြီးကြီးမားမား အနာတရ မဖြစ်စေနိုင်ဘူး "
"တကယ်တော့ ကြီးကြီးမားမား အနာတရဖြစ်အောင် လုပ်ဖို့ မလိုပါဘူး။ အချိန်အကြာကြီးသာ ဆွဲထားနိုင်ရင် အောင်နိုင်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ် "
တစ်ယောက်က ဆိုလိုက်သည်။
"မဖြစ်နိုင်ဘူး၊ သူ အကြာကြီး မဆွဲနိုင်ပါဘူး။ ရုလိုင်ဘုရားကျောင်းက တိုက်ပွဲကို အခုချက်ချင်း အဆုံးသတ်တော့မှာ "
ပြောသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။
ဘုန်းကြီးလေးသည် သတိပြန်ဝင်လာပြီးနောက်တွင် နဂါးနက်အစီရင်မှာ လက်တစ်ထောင်အစီရင်ကို ဒုတိယအကြိမ် ထပ်မံ ထိခိုက်အောင် မလုပ်နိုင်တော့ပေ။
ကြည့်ရှုနေသူများ၏ မျက်စိထဲတွင်မူ နဂါးနက်တစ်ကောင်သည် ဗောဓိသတ် တစ်ပါးကို လှည့်ပတ်ပြီး ရူးသွပ်စွာ ကိုက်ခဲနေသည့်အလား မြင်တွေ့နေရသည်။
သို့သော် တိုက်ကွက်တိုင်းမှာ အခြေခံကျသော အကျိုးသက်ရောက်မှု မရှိချေ။
ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် လက်တစ်ထောင်အစီရင်၏ သာမန်တိုက်ကွက် တစ်ချက်တိုင်းမှာပင် နဂါးနက်အစီရင်မှ မသေမျိုးလှေ အစင်းပေါင်းများစွာ ကျဆုံးပျက်စီးနေရသည်။
"ဇွဲကတော့ အတော်ကောင်းသား၊ ဒါပေမဲ့... အသုံးမဝင်တော့ပါဘူး "
စီနီယာအစ်မသုံးက ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် လက်တစ်ထောင်အစီရင်သည် အားအင်အားလုံးကို စုစည်းလိုက်ဟန် ရှိပြီး ဖန့်ချန်ကို တစ်ကွက်တည်းနှင့် အပြတ်ရှင်းရန် ပြင်လိုက်သည်။
သို့သော် ထိုစုစည်းထားသော စွမ်းအားမှာ အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။
အကယ်၍ ထိမှန်သွားလျှင် အရှုံးပေးရန် မပေးရန်ထက်၊ အစီရင်ဗဟိုချက် ဖြစ်သော နဂါးနက်လှေ ပင် ပျက်စီးသွားနိုင်ပြီး ဖန့်ချန်ကိုယ်တိုင်လည်း သေဆုံးသွားနိုင်ပေသည်။
"သတ္တိရှိလှချည်လား "
စီနီယာအစ်မကြီးက ဒေါသတကြီးဖြင့် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
တိုက်ပွဲစတင်ချိန်မှ ယခုအထိ နှစ်ဖက်စလုံးသည် အရှုံးအနိုင်ကိုသာ ခွဲခြားရန်နှင့် အသက်အန္တရာယ် မပြုရန် တိတ်ဆိတ်သော စည်းကမ်းကို လိုက်နာခဲ့ကြသည်။
သို့သော် ယခုအခါ ထိုဘုန်းကြီးလေးသည် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ စိတ်ပြောင်းသွားကာ အသေသတ်ရန် ရွေးချယ်လိုက်ခြင်းပင်။
"ဒီကောင်က မသေမျိုးစွမ်းအား ကုန်သွားရင်တောင် ဖန့်ချန်ကို ရှုံးမှာ မဟုတ်ပါဘူး။ ဘာလို့ အသေသတ်ဖို့ လုပ်တာလဲ "
"သူ အရှုံးပေးရင်တောင် နောက်မှာ အမာခံတပည့် လေးယောက် ကျန်သေးတယ်။ ရုလိုင်ဘုရားကျောင်းက နိုင်မှာ သေချာနေပြီလေ။ အခုလို အသေသတ်ဖို့ လုပ်တာဟာ... ရှောင်ကွမ်းယင်..."
လူတိုင်းက ရှောင်ကွမ်းယင်ကို လှမ်းကြည့်လိုက်ကြသည်။
ရှောင်ကွမ်းယင်ကလည်း လူတိုင်းကို ပြန်ကြည့်နေပြီး သူ၏ အကြည့်များမှာ နူးညံ့ကာ အပြုံးမှာ တည်ငြိမ်နေသည်။
အပြစ်ပြောစရာ မရှိသော အမူအရာ ဖြစ်သော်လည်း လူတိုင်းကိုမူ မြွေဆိုးတစ်ကောင်က ချောင်းမြောင်းကြည့်နေသည့်အလား ခံစားချက်မျိုး ပေးစွမ်းနေသည်။
တစ်ဖက်လူက ကလဲ့စားချေနေခြင်းပင်
သိရှိသွားချိန်မှာတော့ နောက်ကျသွားခဲ့ပြီ၊ အချိန်မမီတော့ချေ။
စီနီယာအစ်မကြီးတို့မှာ ဖန့်ချန်သည် ဤတစ်ကွက်ကို တောင့်ခံနိုင်ပြီး နဂါးနက်လှေ ကို ထိန်းသိမ်းနိုင်ပါစေဟုသာ မျှော်လင့်နိုင်ကြတော့သည်။
ကျန်ရှိသော နယ်မြေသစ်ရှာဖွေရေး အဖွဲ့ (၁၅၀၀) ကျော်အတွက်မူ... ရှင်လမ်းမရှိတော့ချေ။
ဝုန်း
ရှေးဟောင်းမသေမျိုး တစ်ဦး၏ တိုက်ကွက်နှင့် နှိုင်းယှဉ်နိုင်သော ထိုးနှက်ချက်ကြီးမှာ နဂါးနက်အစီရင် မူလရှိနေခဲ့သော နေရာသို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
ထိုတိုက်ကွက်ကို ထုတ်ပြီးနောက်တွင် ဘုန်းကြီးလေးမှာ ရုတ်တရက် အိုမင်းသွားပြီး ကိုယ်ပေါ်ရှိ မိစ္ဆာမီးတောက်များမှာလည်း ပျောက်ကွယ်သွားကာ အားအင်ကုန်ခမ်းသွားတော့သည်။
"ဟို နဂါးနက်အစီရင်ရော "
လူတိုင်း၏ အကြည့်များမှာ ဝေဝါးသွားကြသည်။
ဖန့်ချန်၏ နဂါးနက်အစီရင်မှာ စက္ကန့်ပိုင်းအတွင်း ဟင်းလင်းပြင်ထဲမှ ပျောက်ကွယ်သွားသည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။
လက်တစ်ထောင်အစီရင်၏ တိုက်ကွက်က ပြင်းထန်လွန်း၍ နဂါးနက်အစီရင် တစ်ခုလုံးကို အငွေ့ပျံသွားစေခဲ့တာလား။
"ရှေးဟောင်းမသေမျိုး ဆိုရင်တောင် အရှိန်အဝါ တစ်ခုတည်းနဲ့ နဂါးနက်အစီရင် တစ်ခုလုံးကို အငွေ့ပျံသွားအောင် လုပ်ဖို့ မဖြစ်နိုင်ဘူး "
လူတိုင်းက ထိုအတွေးကို ပယ်ချလိုက်ကြသည်။
ရှောင်ကွမ်းယင်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
မှောင်ရိပ်တစ်ခု၏ ကြားတွင် ကျိကန်းနှင့် အခြားသူများမှာ အံ့အားသင့်နေကြသည်။
စောစောက ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်မှာ သူတို့အပေါ်သို့ ကျရောက်ရမည် ဖြစ်သော်လည်း မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ... သူတို့၏ ကိုယ်ထဲမှ ဖောက်ထွက်သွားသည့်အလား ဖြစ်သွားခဲ့သည်။
"မသေမျိုးစွမ်းအား ကုန်ဆုံးမှုက ရုတ်တရက် အများကြီး တိုးလာတာပဲ၊ ဒါက..."
ကျိကန်းသည် မသိစိတ်ဖြင့် ဖန့်ချန်ကို လှမ်းကြည့်လိုက်တော့သည်။