အခန်း (၄၉၁-၄၉၂)
Vol. 50 Ch. 491-492
အခန်း (၄၉၁) - ထိုက်ဖင်တည်းခိုခန်းကို အကြီးအကျယ် ချဲ့ထွင်ခြင်း ၊ ရှောင်ရန်၏ လောကီနယ်ပယ်၌ စိတ်ဓာတ်ကို လေ့ကျင့်ခြင်းနှင့် တုံယန်ရွာမှ လူသတ်ပွဲကြီး
နောက်တစ်နေ့
လီယန်ချူ နိုးလာသည့်အခါ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေသည်။
သူ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ မနက် ၁၀ နာရီခန့် ရှိနေပြီဖြစ်သည်။
အရေးကြီးကိစ္စတွေ ကြုံပြီးတိုင်း အားရပါးရ အိပ်စက်လိုက်ရခြင်းက စိတ်ကြည်လင်မှုကို ပေးစွမ်းနိုင်သည်။
သူသည် အဝတ်အစားလဲ၊ မျက်နှာသစ်ပြီးနောက် ဝင်းထဲသို့ ထွက်လာကာ လတ်ဆတ်သော လေကို ရှူရှိုက်ရင်း စိတ်ချမ်းမြေ့နေမိသည်။
‘အဲ့ဒီလို သရဲခြောက်တဲ့ နေရာတွေကို နောက်ဆို လျှော့သွားမှ ဖြစ်မယ်၊ ကိုယ့် တာအိုကျောင်း ထဲမှာ နေရတာပဲ အကောင်းဆုံးပဲ’ ဟု လီယန်ချူ စိတ်ထဲက တွေးလိုက်သည်။
“လီတာအိုဆရာ”
အနောက်မှ ကြည်လင်ပြတ်သားသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
လီယန်ချူ လှည့်ကြည့်လိုက်ရာ တာအိုကျောင်း၏ အိပ်ခန်းတံခါးဝတွင် ငယ်ရွယ်ချောမောသော မျက်နှာလေးတစ်ခု ပေါ်လာသည်။
ဝိုင်းစက်တောက်ပနေသော မျက်လုံးအစုံ၊ ဆံပင်ကို နှစ်ဖက်ခွဲစည်းထားပြီး သူမ ဝတ်ထားသော အဝတ်အစားမှာ အလယ်ပိုင်းဒေသ နှင့် မတူဘဲ ကွဲပြားနေသည်။
သူမ တစ်ကိုယ်လုံးမှာ တက်ကြွလန်းဆန်းသော အရှိန်အဝါများ စီးဆင်းနေသည်။
သူမမှာ တခြားသူမဟုတ်၊ လျူမျိုးနွယ် ဘိုးဘွားခန်းမမှ သူ ခေါ်လာခဲ့သော လျူကျွင်း ပင် ဖြစ်သည်။
“စောလှချည်လား”
လီယန်ချူက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“မစောတော့ပါဘူး၊ နေတောင် ဘယ်လောက်မြင့်နေပြီလဲ ကြည့်ဦး”
လျူကျွင်းက ခေါင်းငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
လီယန်ချူ အံ့အားသင့်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။
ငါ ဒီတစ်ခါ အိပ်လိုက်တာ တော်တော်ကြာသွားတာပဲ ဟု သူတွေးလိုက်သည်။
ဒါက တာအိုဆရာ လုပ်ရခြင်း၏ အားသာချက်ပင်။
အချိန်မှန် ရုံးတက်၊ လက်ဗွေနှိပ်စရာ မလိုသလို တာအိုကျောင်းမှာလည်း သူတစ်ယောက်တည်း ရှိသည်။
ပြီးတော့ ကျောင်းရဲ့ စီးပွားရေးကလည်း သိပ်မကောင်းလှ။
ဂွတ်... ဂွတ်...
လီယန်ချူ၏ နားထဲတွင် ထူးဆန်းသော အသံတစ်ခု ကြားလိုက်ရသဖြင့် ရှေ့တွင် ရပ်နေသော လျူကျွင်းကို အလိုအလျောက် ကြည့်လိုက်မိသည်။
လျူကျွင်း မျက်နှာလေး နီမြန်းသွားပြီး
“စောစောက ကြောက်စရာတွေ ကြုံနေရတော့ ထမင်းမစားရသေးတာကို သတိမထားမိဘူး၊ အခုမှပဲ အရမ်းဗိုက်ဆာလာတော့တယ်”
ပြောလိုက်သည်။
“ဗိုက်ဆာရင် အပြင်ထွက်ပြီး ဘာလို့ သွားမစားတာလဲ”
လီယန်ချူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ပိုက်ဆံမရှိဘူး”
ဟု လျူကျွင်းက ရှက်ရှက်နှင့် စကားနှစ်လုံးကို မနည်းညှစ်ထုတ်ပြောလိုက်ရသည်။
လီယန်ချူ မှင်တက်သွားပြီး မယုံနိုင်သလို မေးလိုက်မိသည်။
“မင်းပြောချင်တာက ငါက မင်းကို ထမင်းလိုက်ကျွေးရမယ် ဆိုတဲ့ အဓိပ္ပာယ်လား “
လျူကျွင်းက ခေါင်းညိတ်ပြသည်။
“ဆိုလိုတာက ငါက အားအင်တွေ အကုန်ခံပြီး မင်းကို လျူမျိုးနွယ် ဘိုးဘွားခန်းမထဲကနေ ကယ်ထုတ်လာခဲ့တယ်၊ ဘာဆုလာဘ်မှ မရတဲ့အပြင် အခု နေစရာ ပေးရတယ်၊ ထမင်းပါ ကျွေးရဦးမယ်ပေါ့ ဟုတ်လား “
လီယန်ချူ အံ့ဩတကြီး မေးလိုက်သည်။
လျူကျွင်းမှာ အနည်းငယ် အားနာသွားပုံရသည်။
“ကျမမှာ ပါလာတဲ့ ပိုက်ဆံတွေ အလိမ်ခံလိုက်ရတယ်၊ လမ်းမှာလည်း ကျမအပေါ် မကောင်းတဲ့ စိတ်ထားရှိတဲ့သူတွေ အများကြီး ကြုံခဲ့ရလို့ တစ်နပ်စား၊ တစ်နပ်ငတ် ဖြစ်နေတာပါ။ လီတာအိုဆရာ... ကျမ ဒီကျောင်းမှာပဲ အလုပ်ကြမ်းတွေ ဝိုင်းလုပ်ပေးပါ့မယ်၊ ထမင်းကျွေးရင် ရပါပြီ”
လီယန်ချူက သက်ပြင်းတစ်ချက် ချလိုက်သည်။
“လူကောင်းလုပ်ရတာ မလွယ်ပါဘူး၊ အရှုံးပေါ်တဲ့ အရောင်းအဝယ်တွေချည်း လုပ်နေရတယ်”
သို့သော် ပြောသာပြောရသည်၊ သူသည် လျူကျွင်းကို ထမင်းကျွေးရန် ခေါ်သွားခဲ့သည်။
သူသည် အခုနောက်ပိုင်း လမ်းဘေးဆိုင်တွေမှာ သိပ်မစားတော့ဘဲ ထိုက်ဖင်တည်းခိုခန်း သို့သာ သွားလေ့ရှိသည်။
တည်းခိုခန်းမှ စားပွဲထိုးလေးမှာ သူ့ကို မြင်သည်နှင့် ရင်းနှီးနေပြီဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူက အလုပ်ရှင်မရဲ့ ယောင်္ကျား မဟုတ်လား။
“တာအိုဆရာ ... လက်ဖက်ရည် သောက်မလား ဒါမှမဟုတ်...”
စားပွဲထိုး ကျန်းစန်း က မေးလိုက်သည်။
“မစားရသေးဘူး၊ မနက်စာ တစ်ဝိုင်းလောက် ပြင်ပေးပါ၊ ပမာဏ နည်းနည်း များများလေးနော်”
ဟု လီယန်ချူက ပြောလိုက်သည်။
ယခုအခါ သူသည် ကြွယ်ဝချမ်းသာသော သူဌေးလေးတစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း သူ၏ ပိုက်ဆံအားလုံးကို ဆိုင်ရှင်မ ဆီမှာပဲ ထားရှိထားသည်။
“ဟုတ်ကဲ့ ခဏလေး စောင့်ပါဦး”
ဟု ကျန်းစန်းက ရိုသေစွာ ပြောလိုက်သည်။
ဒီအချိန်မှာ ပုံမှန်ဆိုရင် မနက်စာက ကုန်သလောက် ရှိနေပြီ ဖြစ်သော်လည်း လီယန်ချူ လာသည်ဆိုလျှင်တော့ အခြေအနေက ကွဲပြားသွားသည်။
မကြာမီမှာပင် ကျန်းစန်းသည် မီးဖိုချောင်မှ မနက်စာ အပြည့်အစုံကို တစ်ဝိုင်းကြီး ပြင်ဆင်လာပေးသည်။
လီယန်ချူ ထမင်းစားဖို့ တူကိုတောင် မကိုင်ရသေးခင်မှာပဲ လျူကျွင်းကတော့ မစောင့်နိုင်တော့ဘဲ စားပါတော့သည်။
သူမ တကယ်ပင် ဗိုက်ဆာနေပုံရသည်။
ပူပူနွေးနွေး ပေါက်စီများနှင့် အီကြာကွေးများကို ကြည့်ပြီး မအောင့်နိုင်တော့ပေ။
သူမ စားပုံမှာ အလွန်မြန်ဆန်ပြီး လေမုန်တိုင်း တိုက်ခတ်သွားသလိုပင် အကုန်ပြောင်သလောက် ရှိနေသည်။
“ဖြည်းဖြည်းစားပါ”
ဟု လီယန်ချူက ပြောလိုက်သည်။
သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အစားအသောက် ပမာဏမှာ များပြားသည်။
အမှန်ဆိုလျှင် အစာဖြတ်သည့် ကျင့်စဉ်ကို အောင်မြင်ထားသဖြင့် လေနှင့်နှင်းဆီကိုသာ မှီဝဲပြီး တစ်နှစ်ပတ်လုံး ဘာမှမစားဘဲ နေနိုင်သော်လည်း... လီတာအိုဆရာသည် ပေါက်စီစားရခြင်းနှင့် စနစ်တကျ မနက်စာ စားရခြင်းကို နှစ်သက်သူ ဖြစ်သည်။
ဆံပင်နှစ်ဖက်စည်းထားသည့် ဤလှပသော မိန်းကလေးမှာ ဤမျှအထိ စားနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
စားပြီးသွားသည့်အခါ သူက အံ့ဩတကြီး ရေရွတ်မိသည်။
“ပေါက်စီ ၈ လုံး၊ အီကြာကွေး ၁၀ ချောင်း၊ ပဲနို့ ၃ ခွက်၊ ပြီးတော့ ကြက်ဥ ၆ လုံး... မင်းရဲ့ စားနိုင်စွမ်းနဲ့ဆိုရင်တော့ ငါ မင်းကို အလုပ်ခန့်ထားနိုင်မှာ မဟုတ်ဘူး”
လျူကျွင်းမှာ ရှက်ကိုးရှက်ကန်းနှင့် ပြုံးလိုက်မိသည်။
“ကိစ္စမရှိပါဘူး၊ ထမင်းကျွေးရတာပဲဟာ၊ ငါ့ဆီမှာပဲ အလုပ်လာလုပ်တော့”
ချွဲနွဲ့သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
လီယန်ချူ လှည့်ကြည့်လိုက်ရာ ပြုံးလိုက်မိသည်။
“ဘယ်လိုလဲ၊ ဆိုင်မှာ အလုပ်သမား လိုနေလို့လား”
ရင့်ကျက်ပြီး ပျင်းရိပျော့ပြောင်းသော အရှိန်အဝါရှိသည့်၊ ဆွဲဆောင်မှုအပြည့်နှင့် လှပသော အမျိုးသမီးက လီယန်ချူကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
“ဘာလဲ... ရှင်က နှမြောနေတာလား ဒါမှမဟုတ် ဒီမိန်းကလေးကို ရှင့်ဘေးမှာပဲ ထားချင်နေတာလား “
ဟု ဆိုင်ရှင်မ က စိတ်မရှည်သလို ပြောလိုက်သည်။
“ဘာတွေ ပြောနေတာလဲ၊ ငါက ဘာကို နှမြောရမှာလဲ။ ဒီမိန်းကလေးနဲ့ ငါက လမ်းကြုံတွေ့ခဲ့တာပါ၊ ဒါပေမဲ့ သူမ ကိုယ်ပေါ်မှာ အောက်လမ်းနည်းတစ်ခုခု အလုပ်ခံထားရသလို ထူးဆန်းနေလို့ စူးစမ်းကြည့်မလို့ပါ”
ဟု လီယန်ချူက ရှင်းပြလိုက်သည်။
“ဘယ်လိုလဲ မိန်းကလေး၊ လာလုပ်မလား ဒီမှာဆိုရင် တစ်လကို ငွေ ၂ မူး ပေးမယ်၊ စားစရိတ်၊ နေစရိတ် အကုန်ငြိမ်းပဲ”
ဟု အလုပ်ရှင်မလေးက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်မ”
ဟု လျူကျွင်းက ချိုသာစွာ ပြုံးလျက် ပြောလိုက်သည်။
တကယ့်ကို ဉာဏ်ရည်ထက်မြက်တဲ့ ကောင်မလေးပဲ...ဟု ဆိုင်ရှင်မ က ညှို့ဓာတ်ပါပါ ပြုံးလိုက်သည်။
“ဗိုက်ဝပြီလား မဝသေးရင် ထပ်မှာပေးမယ်နော်”
“ဝပါပြီ၊ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ”
“ကောင်းပြီ၊ ဒါဆိုရင် ခဏနေရင် ငါ့ဆီကို လာခဲ့ဦး၊ အလုပ်တွေ စီစဉ်ပေးမယ်”
ဟု အလုပ်ရှင်မလေးက အေးဆေးစွာ ပြောလိုက်သည်။
“ဟုတ်ကဲ့ အစ်မ”
ဟု လျူကျွင်းက အစ်မ တစ်လုံးကို ပါးစပ်က မချတမ်း ခေါ်နေတော့သည်။
အလုပ်ရှင်မလေးသည် လီယန်ချူကို မျက်စောင်းတစ်ချက် ခဲလိုက်ပြီးနောက်၊ မှည့်ဝင်းနေသော မက်မွန်သီးကဲ့သို့ ဆွဲဆောင်မှုရှိလှသော သူမ၏ ခန္ဓာကိုယ်ကို လှုပ်ခါလျက် ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။
စကားအနည်းငယ်ဖြင့်ပင် ဆံပင်နှစ်ဖက်စည်းမလေး လျူကျွင်းကို သူမ၏ လက်အောက်ငယ်သားအဖြစ် သိမ်းသွင်းလိုက်လေပြီ။
“မင်းကို မေးဖို့ မေ့နေလို့၊ မင်းရဲ့ အိမ်မှာ ဘယ်သူတွေ ကျန်သေးလဲ၊ အိမ်ကို သတင်းပို့ဖို့ လိုသေးလား “
ဟု လီယန်ချူက မေးလိုက်သည်။
“ဘယ်သူမှ မရှိတော့ဘူး၊ ကျမ တစ်ယောက်တည်းပဲ ကျန်တော့တာ။ အိမ်ပြန်ဖို့လည်း စိတ်မကူးတော့ဘူး၊ နောက်ဆို အစ်မဆီမှာပဲ ကြိုးကြိုးစားစား အလုပ်လုပ်တော့မယ်”
ဟု လျူကျွင်းက လေသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
“......” လီယန်ချူ။
‘တကယ်တော့ မင်းက အလုပ်ရှာဖို့ လာတာကိုး’ ဟု သူတွေးလိုက်မိသည်။
မူလက သူသည် ထိုမိန်းကလေးကို အမြဲတမ်းထားရန် စိတ်မကူးခဲ့ဘဲ၊ အောက်လမ်းနည်းကို ဖြေရှင်းပေးပြီးလျှင် ပြန်လွှတ်ရန်သာ စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက်
လီယန်ချူသည် တည်းခိုခန်းထဲမှ အလုပ်သမားတစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။
မြင်ဖူးသလိုလို ရှိသဖြင့် သေချာကြည့်လိုက်ရာ မျက်ခုံးများ တွန့်သွားရသည်။
“ဘာလို့ သူမ ဖြစ်နေတာလဲ “
“လီတာအိုဆရာ... ကျမတို့ ပြန်တွေ့ကြပြန်ပြီနော်”
ဟု ထိုအလုပ်သမားလေးက ပြောလိုက်သည်။
သူသည် နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် နုနယ်သော မျက်နှာလေး ရှိကာ ပြုံးလျက် နှုတ်ဆက်နေသည်။
“မင်းက ဘယ်လိုဖြစ်ပြီး ဒီမှာ အလုပ်သမား လာလုပ်နေရတာလဲ “
လီယန်ချူက အံ့ဩတကြီး မေးလိုက်သည်။
“အတိအကျ ပြောရရင်... အောက်ခြေအလုပ်သမား ပေါ့။ ကျမ စဉ်းစားကြည့်တယ်၊ ဆရာက လောကီနယ်ပယ်မှာ စိတ်ဓာတ်ကို လေ့ကျင့်ရမယ် လို့ ပြောထားတယ်လေ၊ လေ့ကျင့်မယ်ဆိုမှတော့ တည်းခိုခန်းထဲမှာ လေ့ကျင့်တာက အကောင်းဆုံးပဲ မဟုတ်လား”
နုနယ်လွန်းလှသဖြင့် ဆွဲညှစ်လိုက်လျှင်ပင် အရည်ထွက်လာမည့်အလား ထင်ရသော ထိုအလုပ်သမားလေးမှာ တခြားသူမဟုတ်ဘဲ ရှောင်ရန် ပင် ဖြစ်သည်။
သူမ တာအိုဝတ်စုံ ဝတ်ထားသည့် ပုံစံနှင့် အခုလို အလုပ်သမားလေးအဖြစ် ရုပ်ဖျက်ထားသည့် ပုံစံကို လီယန်ချူအနေဖြင့် ဆက်စပ်ကြည့်ရန်ပင် ခက်ခဲနေသည်။
ရှောင်ရန်၏ မျက်နှာမှာ နုနယ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ အလွန်ထွားကျိုင်းပြီး ဆွဲဆောင်မှု ရှိလှသည်။
သို့သော် အခုအချိန်တွင်တော့ ရင်စည်း များ အသုံးပြုထားပုံရသဖြင့် ပြားချပ်နေသည်။
“မင်းကတော့ တကယ်ကို ထူးခြားတာပဲ”
လီယန်ချူက ချီးကျူးလိုက်မိသည်။
“တာအိုဆရာ အေးဆေးစားပါဦး၊ ကျမ သွားအလုပ်လုပ်လိုက်ဦးမယ်”
ဟု ရှောင်ရန်က ပြုံးလျက် ပြောပြီး ထွက်သွားသည်။
သူမ ထွက်သွားပြီးနောက် ဗိုက်ဝသွားသဖြင့် မျက်နှာလေး ဝင်းပနေသော လျူကျွင်းက မေးလိုက်သည်။
“လီတာအိုဆရာ... သူတို့နဲ့ သိတာလား”
“သိပ်မရင်းနှီးပါဘူး၊ အနည်းငယ် မြင်ဖူးရုံပါ”
ဟု လီယန်ချူက အများကြီး ရှင်းမပြတော့ပေ။
တာအိုကျင့်ကြံသူ တစ်ဦးက တည်းခိုခန်းမှာ အလုပ်သမား လာလုပ်နေခြင်းမှာ သူ့အတွက် ထူးဆန်းနေဆဲပင်။
သူသည် ဆိုင်ရှင်မကို လှမ်းကြည့်လိုက်မိသည်။
‘မင်းက ထိုက်ဖင်တည်းခိုခန်းကို အကြီးအကျယ် ချဲ့ထွင်ဖို့ ကြံနေတာလား ‘
ရုတ်တရက်
ယိုင်တိုင်တိုင်နှင့် ပုံရိပ်တစ်ခုမှာ ထိုက်ဖင်တည်းခိုခန်းထဲသို့ ပြေးဝင်လာပြီး ဗုန်း ခနဲ လဲကျသွားသည်။
လူတိုင်း လန့်သွားကြသည်။
ထိုသူမှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး ခေါင်းတွင် ခမောက်ဆောင်းထားကာ ခါးတွင် ဓားရှည်တစ်လက် ချိတ်ထားသည့် လောကီဓားသမား တစ်ဦး ဖြစ်သည်။
“တုံယန်ရွာ မှာ မိစ္ဆာတစ်ကောင် သောင်းကျန်းနေတယ်... ရွာ ၃ ရွာလုံး အသတ်ခံလိုက်ရပြီ “
နောက်ဆုံးထွက်သက်ဖြင့် ထိုစကားကို ပြောပြီးနောက် ထိုဓားသမားမှာ အသက်ပျောက်သွားတော့သည်။အခန်း (၄၉၁) - ထိုက်ဖင်တည်းခိုခန်းကို အကြီးအကျယ် ချဲ့ထွင်ခြင်း ၊ ရှောင်ရန်၏ လောကီနယ်ပယ်၌ စိတ်ဓာတ်ကို လေ့ကျင့်ခြင်းနှင့် တုံယန်ရွာမှ လူသတ်ပွဲကြီး
နောက်တစ်နေ့
လီယန်ချူ နိုးလာသည့်အခါ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေသည်။
သူ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ မနက် ၁၀ နာရီခန့် ရှိနေပြီဖြစ်သည်။
အရေးကြီးကိစ္စတွေ ကြုံပြီးတိုင်း အားရပါးရ အိပ်စက်လိုက်ရခြင်းက စိတ်ကြည်လင်မှုကို ပေးစွမ်းနိုင်သည်။
သူသည် အဝတ်အစားလဲ၊ မျက်နှာသစ်ပြီးနောက် ဝင်းထဲသို့ ထွက်လာကာ လတ်ဆတ်သော လေကို ရှူရှိုက်ရင်း စိတ်ချမ်းမြေ့နေမိသည်။
'အဲ့ဒီလို သရဲခြောက်တဲ့ နေရာတွေကို နောက်ဆို လျှော့သွားမှ ဖြစ်မယ်၊ ကိုယ့် တာအိုကျောင်း ထဲမှာ နေရတာပဲ အကောင်းဆုံးပဲ' ဟု လီယန်ချူ စိတ်ထဲက တွေးလိုက်သည်။
"လီတာအိုဆရာ"
အနောက်မှ ကြည်လင်ပြတ်သားသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
လီယန်ချူ လှည့်ကြည့်လိုက်ရာ တာအိုကျောင်း၏ အိပ်ခန်းတံခါးဝတွင် ငယ်ရွယ်ချောမောသော မျက်နှာလေးတစ်ခု ပေါ်လာသည်။
ဝိုင်းစက်တောက်ပနေသော မျက်လုံးအစုံ၊ ဆံပင်ကို နှစ်ဖက်ခွဲစည်းထားပြီး သူမ ဝတ်ထားသော အဝတ်အစားမှာ အလယ်ပိုင်းဒေသ နှင့် မတူဘဲ ကွဲပြားနေသည်။
သူမ တစ်ကိုယ်လုံးမှာ တက်ကြွလန်းဆန်းသော အရှိန်အဝါများ စီးဆင်းနေသည်။
သူမမှာ တခြားသူမဟုတ်၊ လျူမျိုးနွယ် ဘိုးဘွားခန်းမမှ သူ ခေါ်လာခဲ့သော လျူကျွင်း ပင် ဖြစ်သည်။
"စောလှချည်လား"
လီယန်ချူက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"မစောတော့ပါဘူး၊ နေတောင် ဘယ်လောက်မြင့်နေပြီလဲ ကြည့်ဦး"
လျူကျွင်းက ခေါင်းငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
လီယန်ချူ အံ့အားသင့်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။
ငါ ဒီတစ်ခါ အိပ်လိုက်တာ တော်တော်ကြာသွားတာပဲ ဟု သူတွေးလိုက်သည်။
ဒါက တာအိုဆရာ လုပ်ရခြင်း၏ အားသာချက်ပင်။
အချိန်မှန် ရုံးတက်၊ လက်ဗွေနှိပ်စရာ မလိုသလို တာအိုကျောင်းမှာလည်း သူတစ်ယောက်တည်း ရှိသည်။
ပြီးတော့ ကျောင်းရဲ့ စီးပွားရေးကလည်း သိပ်မကောင်းလှ။
ဂွတ်... ဂွတ်...
လီယန်ချူ၏ နားထဲတွင် ထူးဆန်းသော အသံတစ်ခု ကြားလိုက်ရသဖြင့် ရှေ့တွင် ရပ်နေသော လျူကျွင်းကို အလိုအလျောက် ကြည့်လိုက်မိသည်။
လျူကျွင်း မျက်နှာလေး နီမြန်းသွားပြီး
"စောစောက ကြောက်စရာတွေ ကြုံနေရတော့ ထမင်းမစားရသေးတာကို သတိမထားမိဘူး၊ အခုမှပဲ အရမ်းဗိုက်ဆာလာတော့တယ်"
ပြောလိုက်သည်။
"ဗိုက်ဆာရင် အပြင်ထွက်ပြီး ဘာလို့ သွားမစားတာလဲ"
လီယန်ချူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ပိုက်ဆံမရှိဘူး"
ဟု လျူကျွင်းက ရှက်ရှက်နှင့် စကားနှစ်လုံးကို မနည်းညှစ်ထုတ်ပြောလိုက်ရသည်။
လီယန်ချူ မှင်တက်သွားပြီး မယုံနိုင်သလို မေးလိုက်မိသည်။
"မင်းပြောချင်တာက ငါက မင်းကို ထမင်းလိုက်ကျွေးရမယ် ဆိုတဲ့ အဓိပ္ပာယ်လား "
လျူကျွင်းက ခေါင်းညိတ်ပြသည်။
"ဆိုလိုတာက ငါက အားအင်တွေ အကုန်ခံပြီး မင်းကို လျူမျိုးနွယ် ဘိုးဘွားခန်းမထဲကနေ ကယ်ထုတ်လာခဲ့တယ်၊ ဘာဆုလာဘ်မှ မရတဲ့အပြင် အခု နေစရာ ပေးရတယ်၊ ထမင်းပါ ကျွေးရဦးမယ်ပေါ့ ဟုတ်လား "
လီယန်ချူ အံ့ဩတကြီး မေးလိုက်သည်။
လျူကျွင်းမှာ အနည်းငယ် အားနာသွားပုံရသည်။
"ကျမမှာ ပါလာတဲ့ ပိုက်ဆံတွေ အလိမ်ခံလိုက်ရတယ်၊ လမ်းမှာလည်း ကျမအပေါ် မကောင်းတဲ့ စိတ်ထားရှိတဲ့သူတွေ အများကြီး ကြုံခဲ့ရလို့ တစ်နပ်စား၊ တစ်နပ်ငတ် ဖြစ်နေတာပါ။ လီတာအိုဆရာ... ကျမ ဒီကျောင်းမှာပဲ အလုပ်ကြမ်းတွေ ဝိုင်းလုပ်ပေးပါ့မယ်၊ ထမင်းကျွေးရင် ရပါပြီ"
လီယန်ချူက သက်ပြင်းတစ်ချက် ချလိုက်သည်။
"လူကောင်းလုပ်ရတာ မလွယ်ပါဘူး၊ အရှုံးပေါ်တဲ့ အရောင်းအဝယ်တွေချည်း လုပ်နေရတယ်"
သို့သော် ပြောသာပြောရသည်၊ သူသည် လျူကျွင်းကို ထမင်းကျွေးရန် ခေါ်သွားခဲ့သည်။
သူသည် အခုနောက်ပိုင်း လမ်းဘေးဆိုင်တွေမှာ သိပ်မစားတော့ဘဲ ထိုက်ဖင်တည်းခိုခန်း သို့သာ သွားလေ့ရှိသည်။
တည်းခိုခန်းမှ စားပွဲထိုးလေးမှာ သူ့ကို မြင်သည်နှင့် ရင်းနှီးနေပြီဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူက အလုပ်ရှင်မရဲ့ ယောင်္ကျား မဟုတ်လား။
"တာအိုဆရာ ... လက်ဖက်ရည် သောက်မလား ဒါမှမဟုတ်..."
စားပွဲထိုး ကျန်းစန်း က မေးလိုက်သည်။
"မစားရသေးဘူး၊ မနက်စာ တစ်ဝိုင်းလောက် ပြင်ပေးပါ၊ ပမာဏ နည်းနည်း များများလေးနော်"
ဟု လီယန်ချူက ပြောလိုက်သည်။
ယခုအခါ သူသည် ကြွယ်ဝချမ်းသာသော သူဌေးလေးတစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း သူ၏ ပိုက်ဆံအားလုံးကို ဆိုင်ရှင်မ ဆီမှာပဲ ထားရှိထားသည်။
"ဟုတ်ကဲ့ ခဏလေး စောင့်ပါဦး"
ဟု ကျန်းစန်းက ရိုသေစွာ ပြောလိုက်သည်။
ဒီအချိန်မှာ ပုံမှန်ဆိုရင် မနက်စာက ကုန်သလောက် ရှိနေပြီ ဖြစ်သော်လည်း လီယန်ချူ လာသည်ဆိုလျှင်တော့ အခြေအနေက ကွဲပြားသွားသည်။
မကြာမီမှာပင် ကျန်းစန်းသည် မီးဖိုချောင်မှ မနက်စာ အပြည့်အစုံကို တစ်ဝိုင်းကြီး ပြင်ဆင်လာပေးသည်။
လီယန်ချူ ထမင်းစားဖို့ တူကိုတောင် မကိုင်ရသေးခင်မှာပဲ လျူကျွင်းကတော့ မစောင့်နိုင်တော့ဘဲ စားပါတော့သည်။
သူမ တကယ်ပင် ဗိုက်ဆာနေပုံရသည်။
ပူပူနွေးနွေး ပေါက်စီများနှင့် အီကြာကွေးများကို ကြည့်ပြီး မအောင့်နိုင်တော့ပေ။
သူမ စားပုံမှာ အလွန်မြန်ဆန်ပြီး လေမုန်တိုင်း တိုက်ခတ်သွားသလိုပင် အကုန်ပြောင်သလောက် ရှိနေသည်။
"ဖြည်းဖြည်းစားပါ"
ဟု လီယန်ချူက ပြောလိုက်သည်။
သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အစားအသောက် ပမာဏမှာ များပြားသည်။
အမှန်ဆိုလျှင် အစာဖြတ်သည့် ကျင့်စဉ်ကို အောင်မြင်ထားသဖြင့် လေနှင့်နှင်းဆီကိုသာ မှီဝဲပြီး တစ်နှစ်ပတ်လုံး ဘာမှမစားဘဲ နေနိုင်သော်လည်း... လီတာအိုဆရာသည် ပေါက်စီစားရခြင်းနှင့် စနစ်တကျ မနက်စာ စားရခြင်းကို နှစ်သက်သူ ဖြစ်သည်။
ဆံပင်နှစ်ဖက်စည်းထားသည့် ဤလှပသော မိန်းကလေးမှာ ဤမျှအထိ စားနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
စားပြီးသွားသည့်အခါ သူက အံ့ဩတကြီး ရေရွတ်မိသည်။
"ပေါက်စီ ၈ လုံး၊ အီကြာကွေး ၁၀ ချောင်း၊ ပဲနို့ ၃ ခွက်၊ ပြီးတော့ ကြက်ဥ ၆ လုံး... မင်းရဲ့ စားနိုင်စွမ်းနဲ့ဆိုရင်တော့ ငါ မင်းကို အလုပ်ခန့်ထားနိုင်မှာ မဟုတ်ဘူး"
လျူကျွင်းမှာ ရှက်ကိုးရှက်ကန်းနှင့် ပြုံးလိုက်မိသည်။
"ကိစ္စမရှိပါဘူး၊ ထမင်းကျွေးရတာပဲဟာ၊ ငါ့ဆီမှာပဲ အလုပ်လာလုပ်တော့"
ချွဲနွဲ့သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
လီယန်ချူ လှည့်ကြည့်လိုက်ရာ ပြုံးလိုက်မိသည်။
"ဘယ်လိုလဲ၊ ဆိုင်မှာ အလုပ်သမား လိုနေလို့လား"
ရင့်ကျက်ပြီး ပျင်းရိပျော့ပြောင်းသော အရှိန်အဝါရှိသည့်၊ ဆွဲဆောင်မှုအပြည့်နှင့် လှပသော အမျိုးသမီးက လီယန်ချူကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
"ဘာလဲ... ရှင်က နှမြောနေတာလား ဒါမှမဟုတ် ဒီမိန်းကလေးကို ရှင့်ဘေးမှာပဲ ထားချင်နေတာလား "
ဟု ဆိုင်ရှင်မ က စိတ်မရှည်သလို ပြောလိုက်သည်။
"ဘာတွေ ပြောနေတာလဲ၊ ငါက ဘာကို နှမြောရမှာလဲ။ ဒီမိန်းကလေးနဲ့ ငါက လမ်းကြုံတွေ့ခဲ့တာပါ၊ ဒါပေမဲ့ သူမ ကိုယ်ပေါ်မှာ အောက်လမ်းနည်းတစ်ခုခု အလုပ်ခံထားရသလို ထူးဆန်းနေလို့ စူးစမ်းကြည့်မလို့ပါ"
ဟု လီယန်ချူက ရှင်းပြလိုက်သည်။
"ဘယ်လိုလဲ မိန်းကလေး၊ လာလုပ်မလား ဒီမှာဆိုရင် တစ်လကို ငွေ ၂ မူး ပေးမယ်၊ စားစရိတ်၊ နေစရိတ် အကုန်ငြိမ်းပဲ"
ဟု အလုပ်ရှင်မလေးက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်မ"
ဟု လျူကျွင်းက ချိုသာစွာ ပြုံးလျက် ပြောလိုက်သည်။
တကယ့်ကို ဉာဏ်ရည်ထက်မြက်တဲ့ ကောင်မလေးပဲ...ဟု ဆိုင်ရှင်မ က ညှို့ဓာတ်ပါပါ ပြုံးလိုက်သည်။
"ဗိုက်ဝပြီလား မဝသေးရင် ထပ်မှာပေးမယ်နော်"
"ဝပါပြီ၊ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ"
"ကောင်းပြီ၊ ဒါဆိုရင် ခဏနေရင် ငါ့ဆီကို လာခဲ့ဦး၊ အလုပ်တွေ စီစဉ်ပေးမယ်"
ဟု အလုပ်ရှင်မလေးက အေးဆေးစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ အစ်မ"
ဟု လျူကျွင်းက အစ်မ တစ်လုံးကို ပါးစပ်က မချတမ်း ခေါ်နေတော့သည်။
အလုပ်ရှင်မလေးသည် လီယန်ချူကို မျက်စောင်းတစ်ချက် ခဲလိုက်ပြီးနောက်၊ မှည့်ဝင်းနေသော မက်မွန်သီးကဲ့သို့ ဆွဲဆောင်မှုရှိလှသော သူမ၏ ခန္ဓာကိုယ်ကို လှုပ်ခါလျက် ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။
စကားအနည်းငယ်ဖြင့်ပင် ဆံပင်နှစ်ဖက်စည်းမလေး လျူကျွင်းကို သူမ၏ လက်အောက်ငယ်သားအဖြစ် သိမ်းသွင်းလိုက်လေပြီ။
"မင်းကို မေးဖို့ မေ့နေလို့၊ မင်းရဲ့ အိမ်မှာ ဘယ်သူတွေ ကျန်သေးလဲ၊ အိမ်ကို သတင်းပို့ဖို့ လိုသေးလား "
ဟု လီယန်ချူက မေးလိုက်သည်။
"ဘယ်သူမှ မရှိတော့ဘူး၊ ကျမ တစ်ယောက်တည်းပဲ ကျန်တော့တာ။ အိမ်ပြန်ဖို့လည်း စိတ်မကူးတော့ဘူး၊ နောက်ဆို အစ်မဆီမှာပဲ ကြိုးကြိုးစားစား အလုပ်လုပ်တော့မယ်"
ဟု လျူကျွင်းက လေသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
"......" လီယန်ချူ။
'တကယ်တော့ မင်းက အလုပ်ရှာဖို့ လာတာကိုး' ဟု သူတွေးလိုက်မိသည်။
မူလက သူသည် ထိုမိန်းကလေးကို အမြဲတမ်းထားရန် စိတ်မကူးခဲ့ဘဲ၊ အောက်လမ်းနည်းကို ဖြေရှင်းပေးပြီးလျှင် ပြန်လွှတ်ရန်သာ စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက်
လီယန်ချူသည် တည်းခိုခန်းထဲမှ အလုပ်သမားတစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။
မြင်ဖူးသလိုလို ရှိသဖြင့် သေချာကြည့်လိုက်ရာ မျက်ခုံးများ တွန့်သွားရသည်။
"ဘာလို့ သူမ ဖြစ်နေတာလဲ "
"လီတာအိုဆရာ... ကျမတို့ ပြန်တွေ့ကြပြန်ပြီနော်"
ဟု ထိုအလုပ်သမားလေးက ပြောလိုက်သည်။
သူသည် နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် နုနယ်သော မျက်နှာလေး ရှိကာ ပြုံးလျက် နှုတ်ဆက်နေသည်။
"မင်းက ဘယ်လိုဖြစ်ပြီး ဒီမှာ အလုပ်သမား လာလုပ်နေရတာလဲ "
လီယန်ချူက အံ့ဩတကြီး မေးလိုက်သည်။
"အတိအကျ ပြောရရင်... အောက်ခြေအလုပ်သမား ပေါ့။ ကျမ စဉ်းစားကြည့်တယ်၊ ဆရာက လောကီနယ်ပယ်မှာ စိတ်ဓာတ်ကို လေ့ကျင့်ရမယ် လို့ ပြောထားတယ်လေ၊ လေ့ကျင့်မယ်ဆိုမှတော့ တည်းခိုခန်းထဲမှာ လေ့ကျင့်တာက အကောင်းဆုံးပဲ မဟုတ်လား"
နုနယ်လွန်းလှသဖြင့် ဆွဲညှစ်လိုက်လျှင်ပင် အရည်ထွက်လာမည့်အလား ထင်ရသော ထိုအလုပ်သမားလေးမှာ တခြားသူမဟုတ်ဘဲ ရှောင်ရန် ပင် ဖြစ်သည်။
သူမ တာအိုဝတ်စုံ ဝတ်ထားသည့် ပုံစံနှင့် အခုလို အလုပ်သမားလေးအဖြစ် ရုပ်ဖျက်ထားသည့် ပုံစံကို လီယန်ချူအနေဖြင့် ဆက်စပ်ကြည့်ရန်ပင် ခက်ခဲနေသည်။
ရှောင်ရန်၏ မျက်နှာမှာ နုနယ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ အလွန်ထွားကျိုင်းပြီး ဆွဲဆောင်မှု ရှိလှသည်။
သို့သော် အခုအချိန်တွင်တော့ ရင်စည်း များ အသုံးပြုထားပုံရသဖြင့် ပြားချပ်နေသည်။
"မင်းကတော့ တကယ်ကို ထူးခြားတာပဲ"
လီယန်ချူက ချီးကျူးလိုက်မိသည်။
"တာအိုဆရာ အေးဆေးစားပါဦး၊ ကျမ သွားအလုပ်လုပ်လိုက်ဦးမယ်"
ဟု ရှောင်ရန်က ပြုံးလျက် ပြောပြီး ထွက်သွားသည်။
သူမ ထွက်သွားပြီးနောက် ဗိုက်ဝသွားသဖြင့် မျက်နှာလေး ဝင်းပနေသော လျူကျွင်းက မေးလိုက်သည်။
"လီတာအိုဆရာ... သူတို့နဲ့ သိတာလား"
"သိပ်မရင်းနှီးပါဘူး၊ အနည်းငယ် မြင်ဖူးရုံပါ"
ဟု လီယန်ချူက အများကြီး ရှင်းမပြတော့ပေ။
တာအိုကျင့်ကြံသူ တစ်ဦးက တည်းခိုခန်းမှာ အလုပ်သမား လာလုပ်နေခြင်းမှာ သူ့အတွက် ထူးဆန်းနေဆဲပင်။
သူသည် ဆိုင်ရှင်မကို လှမ်းကြည့်လိုက်မိသည်။
'မင်းက ထိုက်ဖင်တည်းခိုခန်းကို အကြီးအကျယ် ချဲ့ထွင်ဖို့ ကြံနေတာလား '
ရုတ်တရက်
ယိုင်တိုင်တိုင်နှင့် ပုံရိပ်တစ်ခုမှာ ထိုက်ဖင်တည်းခိုခန်းထဲသို့ ပြေးဝင်လာပြီး ဗုန်း ခနဲ လဲကျသွားသည်။
လူတိုင်း လန့်သွားကြသည်။
ထိုသူမှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး ခေါင်းတွင် ခမောက်ဆောင်းထားကာ ခါးတွင် ဓားရှည်တစ်လက် ချိတ်ထားသည့် လောကီဓားသမား တစ်ဦး ဖြစ်သည်။
"တုံယန်ရွာ မှာ မိစ္ဆာတစ်ကောင် သောင်းကျန်းနေတယ်... ရွာ ၃ ရွာလုံး အသတ်ခံလိုက်ရပြီ "
နောက်ဆုံးထွက်သက်ဖြင့် ထိုစကားကို ပြောပြီးနောက် ထိုဓားသမားမှာ အသက်ပျောက်သွားတော့သည်။
အခန်း (၄၉၂) - အလိုအလျောက် တိုက်ခိုက်နိုင်သော အစီရင်ဝတ်စုံ ၊ ကျားကို တောင်ပေါ်မှ မျှားထုတ်ခြင်းလား ၊ သုံးပါးသော လိုက်နာခြင်းနှင့် လေးပါးသော ကျင့်ဝတ်တို့ ပြည့်စုံသည့် မယားငယ်လေး
ထိုက်ဖင်တည်းခိုခန်းအတွင်း၌ ဦးစွာ တိတ်ဆိတ်သွားပြီးနောက်၊ တစ်ခဏချင်းမှာပင် ရုတ်ရုတ်သဲသဲ အော်ဟည်သံများဖြင့် ဆူညံသွားတော့သည်။
လျူကျွင်းမှာ အာ့ ခနဲ လန့်အော်မိသွားသည်။
ထိုလူ၏ တစ်ကိုယ်လုံးတွင် သွေးစွန်းပေကျံနေပြီး မျက်လုံးများ ပြူးကြောင်နေသည့် ပုံစံမှာ တကယ့်ကို ကြောက်စရာကောင်းလှပေသည်။
ဆိုင်ရှင်မကမူ မျက်ခုံးကို အနည်းငယ် တွန့်လိုက်သည်။
ဤကိစ္စမှာ တစ်ခုခု ထူးခြားနေသည်ဟု သူမ ခံစားမိပုံရသည်။
လီယန်ချူသည် လျှပ်တစ်ပြက် လှုပ်ရှားမှုဖြင့် ထိုလောကီဓားသမား၏ ရှေ့သို့ ရောက်သွားသော်လည်း... တစ်ဖက်လူမှာ မြေပြင်ပေါ်လဲကျကာ အသက်ပျောက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"တုံယန်ရွာမှာ မိစ္ဆာကောင်တွေက လူသတ်ပွဲကြီး လုပ်နေတာလား "
လီယန်ချူနှင့် ဆိုင်ရှင်မတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"ဒီလူက တကယ်ပဲ သူ့အသိစိတ်နဲ့ ဒီစကားကို လာပြောတာလား "
ဟု ဆိုင်ရှင်မက ရုတ်တရက် မေးလိုက်သည်။
လီယန်ချူသည် သူမ ဆိုလိုသည်ကို ချက်ချင်း နားလည်သွားသည်။
တကယ်လို့ တုံယန်ရွာမှာ မိစ္ဆာတွေ သောင်းကျန်းပြီး ရွာကို အမြစ်ဖြတ် သတ်ဖြတ်နေတယ် ဆိုရင်တောင်မှ၊ ဘာဖြစ်လို့ ဒီလောကီဓားသမားက ထိုက်ဖင်တည်းခိုခန်းကို ဒီလောက်တောင် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာရတာလဲ။
ပြီးတော့ ဘာဖြစ်လို့ တည်းခိုခန်းထဲ ဝင်ဝင်ချင်း အဓိပ္ပာယ်မရှိတဲ့ စကားတစ်ခွန်းကို ပြောပြီး ချက်ချင်း သေသွားရတာလဲ။
လီယန်ချူ၏ မျက်ဝန်းအစုံတွင် ကျင့်စဉ်အလင်းများ ဝင်းခနဲ လက်သွားသည်။
ဝိညာဉ်မျက်စိ
အရှိန်ဝါကြည့်အတတ်
ထိုဓားသမား၏ ကိုယ်ပေါ်တွင် ထူးခြားသော ပြဿနာတစ်စုံတစ်ရာ မတွေ့ရသော်လည်း၊ သူ၏ ခန္ဓာကိုယ်မှာ သတ်ဖြတ်ခြင်းအငွေ့အသက် များ၏ တိုက်စားမှုကို အပြင်းအထန် ခံထားရသည်။
ဆိုလိုသည်မှာ ထိုလူသည် အတွင်းအား ကို လေ့ကျင့်ထားသည့် ကျွမ်းကျင်သူဖြစ်ပြီး ကိုယ်တွင်းအင်္ဂါများကို အတွင်းအားဖြင့် ကာကွယ်ထားနိုင်သောကြောင့်သာ တောင့်ခံနိုင်ခြင်း ဖြစ်သည်။
သာမန် ကိုယ်ခံပညာရှင်သာဆိုလျှင် လမ်းခုလတ်မှာပင် သေဆုံးနေလောက်ပြီ ဖြစ်သည်။
တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတဲ့ အမှတ်အသားတော့ မတွေ့ဘူး ဟု လီယန်ချူ စိတ်ထဲက မှတ်ချက်ချလိုက်သည်။
သူ စိတ်မချသေးသဖြင့် ရှစ်ခွင်မှန်ကို ထုတ်ယူကာ ထိုးကြည့်လိုက်ရာ ရှစ်ခွင်မှန်ကလည်း ချက်ချင်းပင် အချက်အလက် ပြန်ပေးသည်။
ဘာပြဿနာမှ မရှိပါ။
"အစစ်မှန် သတင်းလာပေးတာပဲ၊ ဒါက ပိုပြီး ထူးဆန်းနေသလိုပဲ"
လီယန်ချူ မျက်မှောင်ကြုတ်သွားသည်။
မကြာမီမှာပင် ထိုက်ဖင်တည်းခိုခန်း၌ လူသေမှု ဖြစ်ပွားခြင်းက အစိုးရရုံးကို တုန်လှုပ်သွားစေသည်။
ဝမ်အရာရှိ သည် ဓားရှည်ကို ခါးတွင်ချိတ်လျက် အမြန်ပြေးလာသည်။
လီယန်ချူကို ထိုနေရာတွင် တွေ့လိုက်ရသည့်အတွက် သူ၏ စိတ်မှာ အနည်းငယ် တည်ငြိမ်သွားရသည်။
"တာအိုဆရာ ... ထိုက်ဖင်တည်းခိုခန်းမှာ လူသေတယ်လို့ သတင်းကြားလို့ လာခဲ့တာပါ၊ ဘာတွေ ဖြစ်ကုန်တာလဲ "
လီယန်ချူက ခေါင်းခါပြလိုက်ပြီး
"ဒီလူက ဝင်လာတာနဲ့ တုံယန်ရွာမှာ မိစ္ဆာတစ်ကောင်က ရွာ ၃ ရွာလုံးကို သတ်ဖြတ်နေတယ်လို့ ပြောပြီး သေသွားတာပဲ၊ တခြားဟာတော့ ငါလည်း မသိဘူး"
ဟု ပြန်ပြောလိုက်သည်။
ရှူးးး
ဝမ်အရာရှိက အေးစက်သော လေကို ရှူရှိုက်လိုက်ပြီး ထိတ်လန့်တကြား ရေရွတ်သည်။
"ရွာကို အမြစ်ဖြတ် သတ်တာလား "
သူ အရာရှိလုပ်လာသည့် သက်တမ်းတစ်လျှောက် ထိုကဲ့သို့ ကိစ္စမျိုး တစ်ခါမှ မကြားဖူးပေ။
ဒါက စစ်မက်ဖြစ်ပွားနေသည့် ကာလလည်း မဟုတ်ဘဲနှင့်၊ ရွာကို အမြစ်ဖြတ် သတ်ဖြတ်သည်ဆိုခြင်းမှာ တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။
"ဒီသတင်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ... ဒီနေရာက ကိစ္စတွေကို မင်းပဲ တာဝန်ယူလိုက်တော့၊ ငါ တုံယန်ရွာကို သွားကြည့်လိုက်ဦးမယ်"
လီယန်ချူက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ဤကိစ္စနှင့် ထိပ်တိုက်တိုးလာပြီဖြစ်ရာ လက်ပိုက်ကြည့်နေရန် အကြောင်းမရှိပေ။
တကယ်လို့ မိစ္ဆာကောင်က သောင်းကျန်းပြီး ရွာကို အမြစ်ဖြတ် သတ်ဖြတ်နေတာ မှန်တယ်ဆိုရင်တော့၊ အဲ့ဒီကောင်ကို ရှာဖွေပြီး တန်းသတ်ပစ်ရုံသာ ရှိသည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ လျူမျိုးနွယ် ဘိုးဘွားခန်းမ ခရီးစဉ်မှာ ဘာကုသိုလ်မှတ်မှ မရခဲ့ဘူး မဟုတ်လား။
သူ အတန်ကြာ စဉ်းစားပြီးနောက် ဆိုင်ရှင်မ၏ ဘေးသို့ အမြန်သွားလိုက်သည်။
"ရှင် တကယ် သွားမှာလား ဒီကိစ္စက တော်တော်လေးတော့ ထူးဆန်းနေတယ်"
ဆိုင်ရှင်မက စိတ်မချသလို မေးလိုက်သည်။
"တစ်ခုခု မှားနေသလားဆိုတာ သွားကြည့်ပြီးရင် ချက်ချင်း ပြန်လာခဲ့ပါ့မယ်"
လီယန်ချူက ပြောလိုက်သည်။
သူသည် ရင်ဘတ်ထဲမှ ချပ်ဝတ်တစ်ခုနှင့် သစ်သားပြား အချို့ကို ထုတ်ယူကာ ဆိုင်ရှင်မအား ပေးလိုက်သည်။
"ဒါက ကိုယ်ပိုင်အသိစိတ်ရှိတဲ့ အစီရင်ဝတ်စုံပဲ၊ ဒီသစ်သားပြားတွေကတော့ ပါးရှ နဲ့ ချောင်ဖုန်း တို့ရဲ့ ဝိညာဉ်နတ်ဘုရားတွေကို ခေါ်ယူနိုင်လိမ့်မယ်။ တစ်ခုခု ထူးခြားရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး"
လီယန်ချူက မှာကြားလိုက်သည်။
ထိုကိစ္စမှာ တကယ့်ကို ထူးဆန်းလှသော်လည်း တုံယန်ရွာမှာ ဝေးလှသည်တော့ မဟုတ်ပေ။
သူ သွားကြည့်ရုံဖြင့် အခြေအနေကို အတည်ပြုနိုင်သည်။
သို့သော်လည်း တစ်ဖက်လူက တခြားရည်ရွယ်ချက်ဖြင့် ကျားကို တောင်ပေါ်မှ မျှားထုတ် ပြီး သူ မရှိခိုက် ဆိုင်ရှင်မကို တိုက်ခိုက်မှာကိုလည်း သူ စိုးရိမ်နေမိသည်။
ယခင်ကလည်း သင်ခန်းစာ ရဖူးသည် မဟုတ်လား။
ဆိုင်ရှင်မက တိုက်ခိုက်ရေးမှာ အလွန်တော်မှန်း သူ သိသော်လည်း၊ အလေးထားမိသည့်အတွက် စိုးရိမ်စိတ်က ရှေ့ပြေးနေခြင်း ဖြစ်သည်။
ဤကမ္ဘာကြီးတွင် မည်သည့် သရဲမိစ္ဆာ၊ နတ်ဆိုးများ ထွက်ပေါ်လာမည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။
ယခင်က သူမအား မိုးကြိုးငါးပါးအဆောင် ပေးထားခဲ့သော်လည်း၊ ယခုတစ်ကြိမ်တွင် လီယန်ချူသည် ကုသိုလ်မှတ် တစ်သိန်းတန် ဖက်စပ်ပစ္စည်းတစ်ခုကိုပါ သူမအတွက် ချန်ထားပေးခဲ့သည်။
ဤအစီရင်ဝတ်စုံမှာ အလိုအလျောက်ပင် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
"ချင်းလန် ကိုလည်း ပြန်ခေါ်ထားလိုက်၊ ဒီဓားကို သူမကို ပေးလိုက်ပါ"
လီယန်ချူသည် တာအိုဝတ်စုံအောက်မှ ရှေးဟောင်းဓားတစ်လက်ကို ထုတ်ကာ ဆိုင်ရှင်မအား ပေးလိုက်ပြန်သည်။
၎င်းမှာ တောင်ပိုင်းမီးလျှံ ဓားပင် ဖြစ်သည်။
သိုလှောင်အိတ် ကို အသုံးပြုရခြင်းမှာ အလွန်အဆင်ပြေလှသည်။
အကြောင်းစုံ မသိသူများအဖို့မူ သူ၏ တာအိုဝတ်စုံကြီးမှာ ပစ္စည်းတွေ ဘယ်လောက်တောင် ဆံ့နေသလဲဟု ထင်မှတ်သွားနိုင်စရာပင်။
"ကောင်းပြီ၊ စိတ်ချလက်ချ သွားပါ၊ ကျွေ့ဟွာကတော့ တောင်ထဲဝင်သွားတာ ဘာသွားလုပ်လဲ မသိဘူး၊ ယွန်နျန်း ကို ရှင့်နောက်က လိုက်ခိုင်းလိုက်မယ်"
ဆိုင်ရှင်မက နူးညံ့စွာ ပြောလိုက်သည်။
"ကောင်းပြီလေ"
လီယန်ချူက ခေါင်းညိတ်လိုက်သည်။
ဆိုင်ရှင်မက အလုပ်သမားကို ခေါ်ကာ ယွန်နျန်းကို မီးဖိုချောင်မှ ခေါ်ခိုင်းလိုက်သည်။
အပြာရောင် ပိတ်ဝတ်စုံလေးကို ဝတ်ဆင်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ထုံးထားသော နူးညံ့သိမ်မွေ့သည့် အမျိုးသမီးတစ်ဦး ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားရသည်။
"ယွန်နျန်း... နင် တုံယန်ရွာကို တစ်ချက် လိုက်သွားပေးပါဦး"
ဟု ဆိုင်ရှင်မက ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
ယွန်နျန်းက အခြေအနေကို မသိသေးသော်လည်း မြေပြင်ပေါ်မှ လူသေကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် တင်းကျပ်သွားရသည်။
"ဘာဖြစ်လို့လဲဟင် "
ယွန်နျန်းက အသာအယာ မေးလိုက်သည်။
"ဒီလောကီဓားသမားက သေခါနီးမှာ တုံယန်ရွာမှာ မိစ္ဆာတစ်ကောင်က ရွာသားတွေကို သတ်နေတယ်လို့ လာသတင်းပေးတာ၊ အမှန်လား အမှားလား မသိရသေးလို့ နင် လိုက်သွားကြည့်လိုက်ဦး"
ဟု ဆိုင်ရှင်မက ပြောပြလိုက်သည်။
"အား"
ယွန်နျန်းက အလန့်တကြား အော်လိုက်မိသည်။
"ကျမ မီးဖိုချောင်မှာ ထမင်းချက်နေတာ အရမ်းပျော်ဖို့ ကောင်းနေတာကို၊ အလုပ်တွေလည်း များနေတယ်လေ"
"စကားမများနဲ့၊ အခုချက်ချင်းသွား"
ဆိုင်ရှင်မက နှာခေါင်းရှုံ့ကာ အမိန့်ပေးလိုက်သည်။
ယွန်နျန်းမှာ တခြားနည်းလမ်းမရှိသဖြင့် ခေါင်းငြိမ့်ကာ သဘောတူလိုက်ရတော့သည်။
လီယန်ချူ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် တွန့်သွားရသည်။
ထိုက်ဖင်တည်းခိုခန်းမှာ ဟင်းချက်သူ အဖြစ် နေလာတာ ဒီလောက်တောင် ကြာပြီကို... ဤမိစ္ဆာမလေး၏ ကြောက်တတ်သည့် စရိုက်ကတော့ လုံးဝ မပြောင်းလဲသေးပေ။
"တာအိုဆရာ... ကျမကကော ဘယ်လိုလုပ်ရမလဲ"
လျူကျွင်းက စိုးရိမ်တကြီး မေးလိုက်သည်။
"မင်းကတော့ တည်းခိုခန်းမှာပဲ အလုပ်လုပ်နေလိုက်တော့"
"......" လျူကျွင်း။
သူသည် ယွန်နျန်းကို ခေါ်ဆောင်ကာ တည်းခိုခန်းမှ အမြန်ထွက်လာခဲ့ပြီး မြို့ပြင်သို့ ဦးတည်လိုက်သည်။
မြို့ပြင်သို့ ရောက်သည်နှင့် လီယန်ချူသည် တိမ်တိုက်စီးအတတ် ကို အသုံးပြုကာ ယွန်နျန်း၏ သေးသွယ်သော ခါးလေးကို ဖက်လျက် ကောင်းကင်ယံသို့ ပျံတက်လိုက်တော့သည်။
'ကျွေ့ဟွာ ဒီကောင်မလေးကတော့ ဘယ်ကို လစ်သွားပြန်ပြီလဲ မသိဘူး၊ မဟုတ်ရင် သူ့ရဲ့ ထိုးထွင်းသိမြင်တဲ့ အစွမ်းက အသုံးဝင်မှာ...' လီယန်ချူက စိတ်ထဲကနေ ညည်းတွဲနေမိသည်။
ယွန်နျန်းသည် အမျိုးသားတစ်ဦး၏ အရှိန်အဝါ ပြည့်ဝလှသော အငွေ့အသက်ကို ခံစားလိုက်ရသည့်အတွက် မျက်နှာလေး နီမြန်းသွားကာ နှုတ်ခမ်းကို အသာအယာ ကိုက်ထားမိသည်။
"ဘာဖြစ်လို့လဲ"
လီယန်ချူက သူမကို တစ်ချက် ကြည့်လိုက်သည်။
"ဘာ... ဘာမှ မဟုတ်ပါဘူး"
ယွန်နျန်းက တိုးတိုးလေး ဖြေလိုက်သည်။
လီယန်ချူလည်း အများကြီး မစဉ်းစားတော့ဘဲ တိမ်တိုက်စီးလျက် တုံယန်ရွာရှိရာသို့ ဦးတည်ပျံသန်းခဲ့သည်။
တုံယန်ရွာနှင့် ဝေမြို့ မှာ ခရီးတစ်ဝက်လောက်သာ ဝေးကွာသည်။
တိမ်တိုက်စီးအတတ်မှာ အလွန်မြန်လှသဖြင့် လီယန်ချူသည် ယွန်နျန်းကို ခေါ်လာခဲ့သော်လည်း ခဏချင်းမှာပင် ရောက်ရှိလာခဲ့သည်။
ယွန်နျန်း၏ မျက်နှာပေးမှာ အနည်းငယ် ထူးဆန်းနေပြီး၊ ယခင်ထက် ပို၍ ရှက်သွေးဖြန်းနေသည်။
ထိုပြောင်းလဲမှုမှာ သိသာလှသော်လည်း လီယန်ချူ၏ စိတ်ထဲတွင် ထိုမိစ္ဆာကောင်အကြောင်းသာ ရှိနေသဖြင့် သတိမထားမိခဲ့ပေ။
သတိထားမိလျှင်တောင်မှ သူကတော့ ထူးထွေ စဉ်းစားနေမည် မဟုတ်ပါ။
ဘာဖြစ်လို့လဲဆိုတော့... သူ့အပေါ် သိသိသာသာရော၊ မသိမသာပါ ထားရှိတဲ့ ဤကဲ့သို့သော ခံစားချက်မျိုးတွေကို သူ ကြုံဖူးလွန်းနေလို့ပါ။
မတတ်နိုင်ဘူးလေ၊ ရုပ်ချောတဲ့သူတွေမှာ ဒီလိုဒုက္ခတွေ များတတ်တာပဲ။
အမှန်စင်စစ် ယွန်နျန်းမှာ ဆိုင်ရှင်မ၏ သွန်သင်ဆုံးမမှု များကို ခံထားရခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာ ဆရာတော်ကြီး၏ တရားအလင်း ရရှိထားသော အပင်ဝိညာဉ် တစ်ခုဖြစ်သော်လည်း... ယခုအချိန်တွင်တော့ သူမ၏ ဦးနှောက်ထဲ၌ ဆိုင်ရှင်မ ရိုက်သွင်းပေးထားသည့် ပဒေသရာဇ် ခေတ်ဟောင်း အတွေးအခေါ်များသာ ပြည့်နှက်နေတော့သည်။
ဥပမာအားဖြင့် သုံးပါးသော လိုက်နာခြင်းနှင့် လေးပါးသော ကျင့်ဝတ် တို့ကို စောင့်ထိန်းရမည်၊ မယားငယ် တစ်ယောက်ရဲ့ ဝတ္တရားကို နားလည်ပြီး လူကို ပြုစုတတ်ရမည်၊ စကားနားထောင်ရမည်... စသည်ဖြင့် ဆိုင်ရှင်မက သူမအား ကျား၊ မ ရေးရာ ဗဟုသုတများအပါအဝင် အများကြီး ပို့ချထားခဲ့သည်။
ထို့ကြောင့်ပင် ယွန်နျန်းသည် လီယန်ချူကို ကြည့်လိုက်တိုင်း ရှက်သွေးဖြန်းနေရခြင်း ဖြစ်သည်။
တုံယန်ရွာ နယ်နိမိတ်သို့ ရောက်ရှိသည့်အခါ လီယန်ချူသည် မြို့စားရုံး သို့ တိုက်ရိုက် မသွားခဲ့ပေ။
တကယ်လို့ မိစ္ဆာတစ်ကောင်က သောင်းကျန်းနေပြီး၊ အတွင်းအားရှိတဲ့ လောကီဓားသမားတစ်ယောက်တောင် မနည်းပြေးထွက်လာရတယ်ဆိုရင်... ဒါဟာ တုံယန်မြို့စားရုံးအနေနဲ့ ဒီကိစ္စကို မကိုင်တွယ်နိုင်တော့ဘူး၊ ဒါမှမဟုတ် ဒီအခြေအနေကိုတောင် မသိသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။