← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃) - သင်တန်းများစတင်ခြင်း

"ကျောင်းအုပ်ကြီးရှန် ... ကျွန်တော်တို့ရဲ့ ကြော်ငြာက ဘာလို့ ဒီလိုဖြစ်နေရတာလဲ"

မေလ ၁၁ ရက်၊ မနက် ၉ နာရီခွဲ။

စစ်စခန်းအတွင်းရှိ ယာယီဟောပြောပွဲနေရာ။

ယခုတစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် စူးချီနှင့် အစိုးရတာဝန်ရှိသူများ ညှိနှိုင်းပြီး ဤနေရာကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိတွင် သင်တန်းမစတင်မီ နောက်ဆုံးအကြိမ် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ စူးချီသည် မျက်နှာပြင်ပေါ်ရှိ ကြော်ငြာစာသားများကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေမိသည်။

"မကောင်းဆိုးဝါးတွေကို အသည်းအသန်နှိမ်နင်းပြီး ကျောက်ကပ်အားကောင်းစေမယ့် ကျင့်စဉ်"

"နယူးဗွိုင်းယေ့ဂျ်မှ ဆရာစူးချီ၏ ကိုယ်ခံပညာသစ် မိုးကြိုးငါးသွယ် တရားကျင့်စဉ်၊ သင်ယူရန်လွယ်ကူပြီး မကောင်းဆိုးဝါးရန်ကို စိုးရိမ်စရာမလို"

"မေလ ၁၁ ရက်တွင် သင်တန်းစတင်မည်၊ သင်၏ကျောက်ကပ် အမှန်တကယ် အားကောင်းပါက မိုးကြိုးစွမ်းအားကို ခံစားရလိမ့်မည်"

မကြာသေးမီက စူးချီသည် သင်ကြားရေးစနစ်သစ် တည်ဆောက်ခြင်းနှင့် အသင်းဝင်ဟောင်းများကို ပြောင်းရွှေ့ခြင်း လုပ်ငန်းများဖြင့်သာ အလွန်အလုပ်များနေခဲ့သည်။ ထို့ကြောင့် အခြားကိစ္စများကို အာရုံမစိုက်နိုင်ခဲ့ပေ။ အလုပ်များအားလုံး ပြီးစီးသွားချိန်တွင်မူ သင်တန်းစတင်ရန် နှစ်နာရီခန့်သာ လိုတော့သည်။ ထိုအခါမှသာ ရှန်ကျစ်ရှား ပြင်ဆင်ထားသည့် ထူးဆန်းသော ကြော်ငြာပိုစတာကို သူမြင်လိုက်ရခြင်း ဖြစ်သည်။

အဆိုးဆုံးမှာ ဤကြော်ငြာများကို ကျန်းမြို့ရှိ လမ်းဘေးအကင်ဆိုင်များနှင့် ဆိုင်ငယ်လေးများတွင် ဖြန့်ဝေခဲ့သည်မှာ တစ်ပတ်ကျော်နေပြီ ဖြစ်သဖြင့် ကျောင်းသားသစ် အမြောက်အမြားပင် ရရှိထားပြီး ဖြစ်သည်။

"မိုးကြိုးကျင့်စဉ်ကို ကျင့်နိုင်မနိုင်ဆိုတာ ကျောက်ကပ်နဲ့ ဆိုင်တယ်လို့ ရှင်ပြောခဲ့တာပဲ မဟုတ်လား"

"ဘယ်ယောက်ျားကမှ သူတို့ကျောက်ကပ် မကောင်းဘူးလို့ အပြောခံမှာ မဟုတ်ဘူး၊ ဒါကို ဆွဲဆောင်မှုရှိတဲ့ ကြော်ငြာလို့ ခေါ်တယ်၊ ကျောင်းသားများများရဖို့က အဓိကပဲလေ"

ရှန်ကျစ်ရှားက ပြောပြောဆိုဆိုဖြင့် လျှာလေးထုတ်ကာ ချွဲပြနေသဖြင့် စူးချီမှာလည်း ဘာမျှပြန်မပြောနိုင်တော့ပေ။ အခြေအနေက ပြင်မရတော့သဖြင့် သူ လက်ခံလိုက်ရုံသာ ရှိတော့သည်။

ကျောင်းအုပ်ကြီးရှန်မှာမူ သူမ၏ အစီအစဉ် အောင်မြင်သွားသဖြင့် အလွန်ပင် ဝမ်းသာနေသည်။ ဤကြော်ငြာမှာ ကြည့်ရသည်မှာ သိပ်တော့မတော်သော်လည်း အမှန်တကယ်တွင်မူ အလွန်ထိရောက်လှသည်။ အမျိုးသားများ အများဆုံးရှိသည့် နေရာများတွင် ဤကြော်ငြာကို ပြုလုပ်လိုက်ခြင်းမှာ သူတို့၏ မာနကို ဆွပေးလိုက်ခြင်းပင် ဖြစ်သည်။

မည်သည့်အမျိုးသားကမှ မိမိ၏ ကျောက်ကပ်အားနည်းသည်ဟု အထင်ခံလိုကြမည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူငယ်ချင်းများ ရှေ့တွင်သာ ဟန်ဆောင်နေကြသော်လည်း ကွယ်ရာတွင်မူ နယူးဗွိုင်းယေ့ဂျ်၏ အသင်းဝင်အဖြစ် တိတ်တဆိတ် စာရင်းသွင်းခဲ့ကြသည်။ ဤနည်းဖြင့် ရှန်ကျစ်ရှားသည် ကျောင်းသားသစ် ငါးသောင်းခန့် ထပ်မံရရှိခဲ့သည်။

သူမ၏ လွဲမှားသော နားလည်မှုဖြစ်သည့် ကျောက်ကပ်ကောင်းသူများ မိုးကြိုးကျင့်စဉ် မတတ်မြောက်နိုင် ဟူသော အချက်ကို အသုံးချကာ ဤသို့ ကြော်ငြာခဲ့ခြင်း ဖြစ်သည်။ သူမ တွက်ချက်ထားသည်မှာ ကျောက်ကပ်ကောင်းသူများ ကျင့်စဉ်မတတ်မြောက်သည့်အခါ သူတို့၏ ကျောက်ကပ်အားနည်းကြောင်း လူသိမည်စိုးသဖြင့် တိတ်တဆိတ် ကျောင်းထွက်သွားကြမည် ဖြစ်သည်။ ထိုအခါ သူမအတွက် ရမှတ်များ ရရှိမည်မှာ သေချာလှသည်။

တစ်ချိန်တည်းမှာပင် မိသားစုကြီးများကလည်း စူးချီ၏ သင်တန်းကို စောင့်ကြည့်နေကြသည်။

ထန်မိသားစု၏ နေအိမ်တွင် အကြီးအကဲ ထန်ဟောက်သည် ရှေ့မှ ကြော်ငြာပိုစတာကို ကြည့်ကာ ပြုံးလိုက်သည်။

"ဒါ နယူးဗွိုင်းယေ့ဂျ်ရဲ့ ကြော်ငြာအစစ် ဟုတ်ရဲ့လား"

သူ၏ လက်အောက်ငယ်သားက ခေါင်းညိတ်ပြသောအခါ ထန်ဟောက်က ရယ်မောလိုက်သည်။

"စူးချီက မိုးကြိုးကျင့်စဉ်ကို ဖန်တီးနေတယ်လို့ ကြားတုန်းက ငါနည်းနည်းတော့ စိုးရိမ်မိသား၊ အခုတော့ ငါအထင်ကြီးသွားပြီထင်တယ်၊ မိုးကြိုးကျင့်စဉ်နဲ့ ကျောက်ကပ်က ဘာဆိုင်လို့လဲ၊ ဒီကောင်လေးက လူတွေစိတ်ဝင်စားအောင် အောက်တန်းစားနည်းလမ်းတွေ သုံးနေတာပဲ"

မိသားစုကြီးများမှာ စူးချီအပေါ် ဤသို့သာ အထင်သေးနေကြသည်။ ယခင်က ဝိညာဉ်ဓားကျင့်စဉ်ကြောင့် သူတို့ စိုးရိမ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ စူးချီမှာ ဓားကျင့်စဉ်ကိုသာ အနည်းငယ် သိရှိပြီး ဓာတ်ကြီးငါးပါးအကြောင်းကိုမူ ဘာမျှနားလည်ဟန်မတူဟု သူတို့ ယူဆလိုက်ကြသည်။ ထို့ကြောင့် စူးချီအပေါ် ထားရှိသော သူတို့၏ အဆင့်သတ်မှတ်ချက်မှာလည်း အနည်းငယ် လျော့နည်းသွားခဲ့သည်။

နံနက် ၁၀ နာရီ ၅၀ မိနစ်။ စစ်စခန်းရှိ ယာယီဟောပြောပွဲနေရာ။

စူးချီသည် သူ၏ သင်ကြားမည့် အစီအစဉ်ကို ရှန်ကျစ်ရှားအား ရှင်းပြနေသည်။

"ဒီတစ်ခါတော့ စစ်တပ်ရဲ့ လေ့ကျင့်ရေးခန်းမထဲကနေ တိုက်ရိုက်လွှင့်မှာပါ၊ အထဲမှာ မကောင်းဆိုးဝါး အကောင် ၅၀ လောက် ပြင်ဆင်ထားတယ်၊ အစပိုင်းမှာ ကျင့်စဉ်အကြောင်း ရှင်းပြမယ်၊ ပြီးတော့မှ မိုးကြိုးကျင့်စဉ်နဲ့ အဲဒီမကောင်းဆိုးဝါးတွေကို တစ်ပြိုင်တည်း နှိမ်နင်းပြမယ်"

စူးချီ၏ အစီအစဉ်မှာ ရိုးရှင်းပါသည်။ သင်တန်းစတင်ချိန်တွင် သင်ယူမှုမြှင့်တင်ပေးသည့် ကတ်ကို အသုံးပြုမည် ဖြစ်သည်။ နှစ်နာရီအတွင်း မိုးကြိုးကျင့်စဉ်ကို လူတိုင်းတတ်မြောက်ရန် မဖြစ်နိုင်သော်လည်း ရွှေရောင်အလင်း မန္တန်ကိုမူ အခြေခံအားဖြင့် တတ်မြောက်နိုင်ကြမည် ဖြစ်သည်။ ထို့နောက်မှ သူက မိုးကြိုးကျင့်စဉ်၏ စွမ်းအားကို ပြသမည် ဖြစ်သည်။

စူးချီ၏ အစီအစဉ်ကို ကြားသောအခါ ရှန်ကျစ်ရှား၏ မျက်လုံးများမှာ ထပ်မံတောက်ပလာပြန်သည်။ ဤသည်မှာ လူရှေ့တွင် ကြွားဝါရန် နောက်ထပ် အခွင့်အရေးတစ်ခု မဟုတ်ပါလော။ မိုးကြိုးကျင့်စဉ်ကို တတ်မြောက်ပြီးကတည်းက သူမသည် ဘယ်နေရာရောက်ရောက် မိုးကြိုးများကို ထုတ်ပြကာ ဆော့ကစားနေတတ်သည်။

"ဒါဆိုရင် ကျင့်စဉ်အကြောင်း ရှင်းပြတာကိုပဲ ရှင်လုပ်လိုက်၊ လက်တွေ့ပြသတဲ့အပိုင်းကိုတော့ ကျောင်းအုပ်ကြီးရှန်ကပဲ တာဝန်ယူမယ်၊ အဲဒီမကောင်းဆိုးဝါးတွေကို ငါ ဘယ်လိုနှိမ်နင်းပြမလဲဆိုတာ စောင့်ကြည့်နေလိုက်"

ရှန်ကျစ်ရှား၏ စကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားရသည်။ ရဲ့ရှူးယောင်မှာမူ မနေနိုင်တော့ဘဲ ဝင်ပြောရန် ပြင်လိုက်သည်။

စူးချီက မိုးကြိုးကျင့်စဉ်၏ ဝိသေသများကို ရှင်းပြနေစဉ်က ရှန်ကျစ်ရှားမှာ အဆုံးအထိ နားမထောင်ဘဲ ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်မိုးကြိုးကို ထုတ်ပြနိုင်ခြင်းမှာ အပျိုစင်ဖြစ်ကြောင်း သက်သေပြနေခြင်းဖြစ်သည်ကို သူမ မသိရှိပေ။

ယခု တိုက်ရိုက်ထုတ်လွှင့်မှုကို လူပေါင်း သိန်းနှင့်ချီ၍ ကြည့်ရှုကြမည် ဖြစ်သည်။ ထို့အပြင် ဆိုရှယ်မီဒီယာများပေါ်တွင်လည်း ပျံ့နှံ့သွားပေလိမ့်မည်။ သင်တန်းပြီးဆုံးသွားသောအခါ လူတိုင်းက ရန်မိုးကြိုး၏ လျှို့ဝှက်ချက်ကို သိသွားကြမည်မှာ သေချာသည်။ ထိုအခါ ရှန်ကျစ်ရှားသည် အသက် ၂၈ နှစ်ရှိသော်လည်း အပျိုစင်စစ်စစ်ကြီး ဖြစ်နေဆဲဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို ကြေညာလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

"ကျောင်းအုပ်ကြီးရှန် ... ကျွန်မထင်တာတော့ ဒီကိစ္စမှာ အန်တီကိုယ်တိုင် မပါတာ ပိုကောင်းမယ်ထင်တယ်၊ ကျောင်းအုပ်ကြီးတစ်ယောက်က အမြဲတမ်း တိုက်ရိုက်လွှင့်နေလို့ မသင့်တော်ဘူးလေ"

သို့သော် ရှန်ကျစ်ရှားမှာမူ သူမ၏ တူမဖြစ်သူက သူမ ကြွားဝါမည်ကို မနာလိုသဖြင့် တားမြစ်နေသည်ဟုသာ ထင်မြင်နေသည်။

"ငါ ဆုံးဖြတ်ပြီးပြီ၊ ဘယ်သူမှ လာမတားနဲ့၊ ဘယ်သူ့စကားမှ နားမထောင်ဘူး"

သူမသည် ပြောပြောဆိုဆိုဖြင့် နားမထောင်လိုကြောင်း အမူအရာပြကာ အစည်းအဝေးခန်းထဲမှ ထွက်သွားတော့သည်။ သူမသည် လေ့ကျင့်ရေးခန်းမ အလယ်သို့ တိုက်ရိုက်သွားလိုက်ပြီး သင်တန်းကို အမြန်ဆုံး စတင်ရန်သာ စူးချီအား အချက်ပြလိုက်တော့သည်။

စူးချီမှာလည်း သက်ပြင်းတစ်ချက်ချကာ တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်ရှေ့သို့ ဝင်ရောက်လိုက်ရတော့သည်။

အခန်း (၇၄) - မကောင်းဆိုးဝါးနှိမ်နင်းရေး မိုးကြိုးကျင့်စဉ်နှင့် ကျင့်ကြံရန် လိုအပ်ချက်များ

နံနက် ၁၁ နာရီတိတိတွင် အွန်လိုင်းသင်တန်းသည် သတ်မှတ်ထားသည့်အတိုင်း စတင်ခဲ့သည်။

နယူးဗွိုင်းယေ့ဂျ်၏ ကိုယ်ပိုင်စနစ်နှင့် ကူးစ်ဆက်သွယ်ရေးစနစ် နှစ်ခုလုံးမှတစ်ဆင့် ပြိုင်တူထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ကြည့်ရှုသူဦးရေမှာ တစ်သိန်းကျော်သွားခဲ့သည်။

"ကျောင်းသားတို့ရေ ... ပြန်တွေ့ကြပြန်ပြီပေါ့"

စူးချီ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် မှတ်ချက်များမှာ ဒီရေအလား တက်လာတော့သည်။ "ဆရာကြီး မင်္ဂလာပါ" နှင့် "မတွေ့ရတာ ကြာပြီ" ဟူသော နှုတ်ဆက်စကားများက နေရာအနှံ့ပင် ဖြစ်သည်။

ထို့နောက် စူးချီက သူ၏ကျင့်စဉ်ကို စတင်မိတ်ဆက်ပေးသည်။

"ဒီနေ့ ကျွန်တော်သင်ပြပေးမယ့် ကိုယ်ခံပညာကတော့ မိုးကြိုးငါးသွယ် တရားကျင့်စဉ် လို့ ခေါ်ပါတယ်၊ ဒါကို တတ်မြောက်ထားရင် သာမန်ကျင့်ကြံသူတွေတောင် မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်တဲ့ စွမ်းရည် ရရှိမှာ ဖြစ်ပါတယ်"

လူတို့၏ ခံစားချက်မှာ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ မကောင်းဆိုးဝါးများ၏ ရန်ကို တစ်ခါမျှ မကြုံဖူးသူများအတွက် ဤသတင်းမှာ ထူးခြားမှုမရှိသော်လည်း မီးအဆိပ်သင့်ပြီး အဆုတ်ဒဏ်ရာရနေသော စစ်သည်နှစ်သိန်းအတွက်မူ ဤသည်မှာ အသက်ကယ်တင်ရှင်နှင့် တူလှသည်။

အဆုတ်ဒဏ်ရာကြောင့် အသက်ရှူမဝဘဲ ခန္ဓာကိုယ်အားနည်းနေသူများသည် မကောင်းဆိုးဝါးများ၏ အဓိကပစ်မှတ် ဖြစ်နေကြသည်။ သူတို့သည် လွန်ခဲ့သောရက်များအတွင်း အိပ်မက်ဆိုးများနှင့် အိပ်မပျော်ခြင်းဝေဒနာများကို အပြင်းအထန် ခံစားခဲ့ကြရသည်။

နေခင်းဘက်တွင် စိတ်လေလွင့်နေပြီး ညဘက်တွင် ထိတ်လန့်နေရသော သူတို့၏ဘဝမှာ ငရဲကျနေသကဲ့သို့ပင်။ အချို့မှာ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ချင်စိတ်ပင် ပေါက်နေကြသည်။ စူးချီ၏ စကားမှာ သူတို့အတွက် မျှော်လင့်ချက်အလင်းတန်းသစ်ပင် ဖြစ်သည်။

ထို့ကြောင့် ထိုစစ်သည်များမှာ စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်များ ရေးသားလာကြတော့သည်။

"ဒါသာ တကယ်ဖြစ်မယ်ဆိုရင် ဆရာစူးကို ကျွန်တော် ဒူးထောက်ပြီး ကန်တော့ပါ့မယ်"

"ထန်မိသားစုရဲ့ အဆောင်တစ်လက်ကို ယွမ်တစ်သောင်းနီးပါး ပေးရတာနော်၊ အခုတော့ ယွမ်နှစ်ရာတည်းနဲ့ မကောင်းဆိုးဝါးနှိမ်နင်းနည်းကို သင်လို့ရတော့မှာပေါ့"

"ငါတို့အိမ်နီးနားချင်း အဖိုးအိုဆိုရင် မကောင်းဆိုးဝါးသတ်လို့ သေသွားတာ၊ ထန်မိသားစုဆီ အကူအညီတောင်းတော့ ငွေမရှိရင် မလာဘူးလို့ ပြောတယ်"

"သေချာနားထောင်ထားကြနော်၊ ထန်မိသားစုရဲ့ စီးပွားရေးလုပ်ကွက်ကို ထိခိုက်လာရင် သူတို့တွေ နည်းမျိုးစုံနဲ့ နှောင့်ယှက်ကြလိမ့်မယ်"

ရှန်ကျစ်ရှား၏ ထူးဆန်းသော ကြော်ငြာပိုစတာကြောင့် ထူးထူးဆန်းဆန်း မှတ်ချက်အချို့လည်း ပါဝင်နေသည်။

"ဆရာကြီး ... ဒီကျင့်စဉ်က ကျောက်ကပ်ကောင်းမှ ကျင့်လို့ရတာဆိုတာ တကယ်လား"

"ကျွန်တော့်သူငယ်ချင်းက မေးခိုင်းလို့ပါ၊ ကျောက်ကပ်မကောင်းရင်ကော ကျင့်လို့ရပါ့မလား"

"ဒါကို တတ်ရင် ငါ့ကျောက်ကပ်ကောင်းတယ်လို့ သက်သေပြတာပဲ၊ မတတ်ရင်တော့ အသည်းမကောင်းလို့ ဖြစ်မှာပေါ့"

မှတ်ချက်များမှာ တရစပ် တက်လာနေသည်။ ယခုတစ်ကြိမ်တွင်မူ အစိုးရက တည်ဆောက်ပေးထားသော စနစ်ဖြစ်သဖြင့် စူးချီအနေဖြင့် မှတ်ချက်အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သို့သော် သူက ချက်ချင်းပြန်မဖြေဘဲ အစီအစဉ်အတိုင်း ဆက်လုပ်သည်။

"ပထမဦးဆုံးအနေနဲ့ နယူးဗွိုင်းယေ့ဂျ်ရဲ့ ကျောင်းအုပ်ကြီးရှန်ကို ဒီကိုယ်ခံပညာရဲ့ စွမ်းအားကို လက်တွေ့ပြသဖို့ ဖိတ်ခေါ်လိုက်ပါတယ်"

စူးချီက ပြောပြောဆိုဆိုဖြင့် မျက်နှာပြင်ကို ကျောင်းအုပ်ကြီးရှန်ဆီသို့ လွှဲပြောင်းပေးလိုက်သည်။ ရှန်ကျစ်ရှားက သူမကိုယ်တိုင် ပြသလိုသဖြင့် စူးချီက အစီအစဉ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ သူမအား ရန်မိုးကြိုးငါးသွယ်ကို အရင်ဆုံး ပြသခိုင်းလိုက်ခြင်းက ကျောင်းသားများ၏ သင်ယူလိုစိတ်ကို ပိုမိုလှုံ့ဆော်နိုင်မည်ဟု သူယူဆသည်။

တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်ပေါ်တွင် ရှန်ကျစ်ရှား ပေါ်လာသည်။ သူမသည် စစ်တပ်၏ လေ့ကျင့်ရေးခန်းမ အလယ်တွင် ရပ်နေသည်။ အဖြူရောင် ရှပ်အင်္ကျီနှင့် ကျော့ရှင်းသော ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ဆံပင်များကို မြင့်မြင့်စည်းထားသည်။

ယခင်က ရှန်ကျစ်ရှားကို မီဒီယာများတွင် ခေတ္တခဏသာ မြင်ဖူးကြသော်လည်း ယခုကဲ့သို့ ကျောင်းသားသိန်းချီနှင့် လူသန်းပေါင်းများစွာ၏ ရှေ့မှောက်တွင် သူမ၏ အလှအပနှင့် ကိုယ်လုံးကိုယ်ပေါက်ကို ပထမဦးဆုံးအကြိမ် ပြသခြင်း ဖြစ်သည်။ သူမ၏ ရင့်ကျက်တည်ငြိမ်မှုနှင့် မြင့်မြတ်သော အငွေ့အသက်များက ကြည့်ရှုသူအားလုံးကို ဖမ်းစားထားတော့သည်။

မှတ်ချက်များတွင်လည်း သူမ၏အလှကို ချီးမွမ်းသည့် စကားလုံးများဖြင့် ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် သူမ၏ တစ်ကိုယ်လုံးမှာ ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းနေကာ ကြည့်ရသည်မှာ ရဲရင့်သော စစ်သမီးတစ်ဦးကဲ့သို့ပင်။

မိုးကြိုးကျင့်စဉ်ကို ပြသရမည့်နေရာမှာ ခြောက်မြောင့်ပုံစံ ခန်းမကြီး ဖြစ်သည်။ အဝင်အထွက် တံခါးမှလွဲ၍ ကျန်တံခါးငါးပေါက်တွင် သံတိုင်များ ကာရံထားသည်။ ထိုအထဲမှ တံခါးသုံးပေါက်တွင် မကောင်းဆိုးဝါးများကို ပိတ်လှောင်ထားပြီး ကျန်တံခါးများမှာမူ အလွတ်ဖြစ်သည်။ သံတိုင်များပေါ်တွင် ထူးဆန်းသော အဆောင်များ ကပ်ထားသည်ကို ကြည့်ခြင်းဖြင့် ထိုအရာများက မကောင်းဆိုးဝါးများကို တားဆီးထားခြင်း ဖြစ်ကြောင်း သိနိုင်သည်။

လှောင်အိမ်ထဲမှ မကောင်းဆိုးဝါးများမှာ အမြင့် နှစ်မီတာမှ သုံးမီတာခန့်ရှိပြီး ခွေးပုံသဏ္ဌာန်ရှိသော သားရဲများ ဖြစ်ကြသည်။ ပထမလှောင်အိမ်တွင် မကောင်းဆိုးဝါး လေးကောင်သာ ရှိသော်လည်း ကျန်လှောင်အိမ်နှစ်ခုတွင်မူ အကောင် နှစ်ဆယ်ကျော်စီ ရှိနေသည်။ လူတိုင်းက ကျောင်းအုပ်ကြီးရှန်သည် မတူညီသော မကောင်းဆိုးဝါး အရေအတွက်ကို မည်သို့နှိမ်နင်းပြမည်နည်းဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

သို့သော် သူမကဲ့သို့ နုနယ်လှပသော အမျိုးသမီးတစ်ဦးက ထိုမကောင်းဆိုးဝါးများကို အမှန်တကယ် ရင်ဆိုင်နိုင်ပါ့မလားဟု သံသယရှိသူများလည်း ရှိနေသည်။ အကယ်၍ နှိမ်နင်းနိုင်စွမ်းမရှိပါက ထိုမကောင်းဆိုးဝါးများ၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရနိုင်ပေသည်။ သာမန် အဆင့်ငါး ကျင့်ကြံသူတစ်ဦးပင်လျှင် မကောင်းဆိုးဝါး ငါးကောင်ထက်ပိုပါက ထွက်ပြေးရလေ့ ရှိသည်။ စူးချီ၏ ကျင့်စဉ်က တကယ်ပဲ အစွမ်းထက်ပါသလား။

နောက်တစ်ခဏတွင် ပထမလှောင်အိမ် ပွင့်သွားသည်။ မည်းနက်သော မကောင်းဆိုးဝါး လေးကောင်မှာ လှောင်အိမ်ထဲမှ ပြေးထွက်လာပြီး ရှန်ကျစ်ရှားရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။ ထိုအချိန်တွင် စူးချီက စတင်ရှင်းပြသည်။

"မိုးကြိုးငါးသွယ် တရားကျင့်စဉ်ဟာ မကောင်းဆိုးဝါးနှိမ်နင်းရေး ပညာရပ် ဖြစ်ပါတယ်၊ ဒီကျင့်စဉ်ကို သင်ယူရာမှာ အဆင့်နှစ်ဆင့် ရှိပါတယ်"

"အခြေခံအဆင့်ကို တတ်မြောက်သွားရင်တော့ မိမိကိုယ်ကို ကာကွယ်ပေးမယ့် ရွှေရောင်အလင်းကို ထုတ်နိုင်မှာဖြစ်ပြီး အဲဒီအလင်းကိုယ်တိုင်က မကောင်းဆိုးဝါးတွေကို ဟန့်တားနိုင်စွမ်း ရှိပါတယ်"

ကြည့်ရှုသူအားလုံး အံ့အားသင့်သွားကြသည်။ သူမ ကိုယ်ပေါ်က ရွှေရောင်အလင်းက အလှပြရုံတင် မဟုတ်ဘဲ မကောင်းဆိုးဝါးတွေကိုပါ ကာကွယ်နိုင်တာလား။ စူးချီ ပြောပုံအရဆိုလျှင် အခြေခံတတ်ရုံနှင့်ပင် ထိုအလင်းကို ထုတ်နိုင်မည်ဆိုပါက တကယ့်ကို အံ့သြစရာပင်။ ဤသို့ဆိုလျှင် ထန်မိသားစု၏ အဆောင်များကို မည်သူက ဝယ်ယူတော့မည်နည်း။

သူတို့ တွေးနေစဉ်မှာပင် မကောင်းဆိုးဝါး လေးကောင်မှာ ရှန်ကျစ်ရှား၏ ရွှေရောင်အလင်းနှင့် ထိမိသွားကြသည်။ တရှူးရှူး မြည်သံများနှင့်အတူ ထိုမကောင်းဆိုးဝါးများမှာ ပူပြင်းသော ဒယ်အိုးပေါ်သို့ ကျသွားသော ရေခဲတုံးများအလား ချက်ချင်းပင် အရည်ပျော် ပျောက်ကွယ်သွားကြတော့သည်။

တစ်ခန်းလုံး တိတ်ဆိတ်သွားရပြီးနောက် မှတ်ချက်များမှာ ရူးသွပ်မတတ် တက်လာတော့သည်။

"တကယ်ပဲ အစွမ်းထက်တာပဲ"

"ဒီရွှေရောင်အလင်းက တကယ့်ကို အံ့မခန်းပဲ၊ မကောင်းဆိုးဝါးတွေကို ချက်ချင်း ရှင်းပစ်နိုင်တာလား"

"ငါတော့ အသက်ချမ်းသာရာ ရပြီ၊ ဒါကို တတ်ရင် ငါ့ဘာသာငါ မကောင်းဆိုးဝါးတွေကို နှိမ်နင်းလို့ ရပြီ"

"ရွှေရောင်အလင်းက ဒီလောက်စွမ်းရင် ထန်မိသားစုရဲ့ အဆောင်တွေကို ဝယ်စရာ မလိုတော့ဘူးပေါ့"

ကျောင်းသားအားလုံး ဤကျင့်စဉ်ကို အလွန်ပင် စိတ်ဝင်စားသွားကြသည်။ ထိုအချိန်တွင် စူးချီက ဆက်လက်ရှင်းပြပြန်သည်။

"မင်းတို့ရဲ့ အဆင့်တိုးတက်လာပြီး ကျင့်စဉ်ကို ပိုင်နိုင်လာပြီဆိုရင်တော့ မိုးကြိုးကျင့်စဉ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်၊ အဲဒီအခါမှာ မကောင်းဆိုးဝါးတွေကို အစုလိုက်အပြုံလိုက် နှိမ်နင်းနိုင်မှာပါ"

သူ စကားအဆုံးတွင် နောက်ထပ် လှောင်အိမ်တစ်ခု ပွင့်သွားပြန်သည်။ ယခုတစ်ကြိမ်တွင်မူ မကောင်းဆိုးဝါး အကောင် နှစ်ဆယ်ကျော် တစ်ပြိုင်တည်း ပြေးထွက်လာကြသည်။ ဤမျှများပြားသော အရေအတွက်ကို သာမန်ကျင့်ကြံသူများဆိုလျှင် ထွက်ပြေးရန်သာ ရှိတော့သည်။ ထန်မိသားစုဝင်များပင်လျှင် တစ်ကောင်ချင်းစီကိုသာ သတိထား၍ နှိမ်နင်းလေ့ရှိကြသည်။

သို့သော် ရှန်ကျစ်ရှားက သူမ၏ လက်မောင်းကို မြှောက်လိုက်သည်။ သူမ၏ လက်ဖဝါးမှ စူးရှတောက်ပသော မိုးကြိုးအလင်းတန်းကြီး ထွက်ပေါ်လာခဲ့သည်။ ထိုမိုးကြိုးသည် မကောင်းဆိုးဝါး နှစ်ဆယ်ကျော်ရှိရာသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ဝုန်းခနဲ မြည်သံနှင့်အတူ မျက်နှာပြင်တစ်ခုလုံး ဖြူဖွေးသွားရသည်။ အလင်းများ ပျောက်ကွယ်သွားချိန်တွင် လူတိုင်းမှာ ဆွံ့အသွားကြရသည်။ ကျောင်းအုပ်ကြီးရှန်၏ ရှေ့တွင် မိုးကြိုးရာကြီးမှာ လှောင်အိမ်အထိ မီတာတစ်ရာကျော် ရှည်လျားစွာ ထင်ကျန်ရစ်ခဲ့သည်။ ထိုမကောင်းဆိုးဝါး နှစ်ဆယ်ကျော်မှာမူ အစအနပင် မကျန်တော့ချေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မှတ်ချက်များမှာ အရှိန်အဟုန်ဖြင့် တက်လာပြန်သည်။

"ငါ ဒါကို သင်ချင်တယ်"

"ဒီမိုးကြိုးကျင့်စဉ်က တကယ့်ကို အံ့မခန်းပါပဲ"

"ဆရာကြီး ... ကျွန်တော် ဒါကို သင်လို့ရမလား"

"ဒါကို သင်ဖို့အတွက် ဘာတွေလိုအပ်လဲဟင်"

မှတ်ချက်အားလုံးမှာ မည်သို့သင်ယူရမည်ကိုသာ မေးမြန်းနေကြသည်။ စူးချီက မှတ်ချက်များကို ကြည့်ကာ ပြုံးလိုက်သည်။

"ကျောင်းအုပ်ကြီးရှန်ရဲ့ မိုးကြိုးကျင့်စဉ်ကို သင်ချင်ကြတာလား"

"ဒါကတော့ အိပ်မက်ပဲ မက်နေလိုက်ကြပါဦးလို့ ပြောပါရစေ"

"ကျောင်းအုပ်ကြီးရှန်ရဲ့ မိုးကြိုးကျင့်စဉ်ကို တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေထဲက လေးရာခိုင်နှုန်းတောင် မပြည့်တဲ့သူတွေပဲ ကျင့်လို့ရမှာပါ"

"အကြောင်းကတော့ ... ဒီကျင့်စဉ်မှာ အလွန်တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ရှိနေလို့ပါပဲ"

All Chapters