← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅) - တစ်ကမ္ဘာလုံးကို တုန်လှုပ်စေလိုက်ခြင်း

"ကျောင်းအုပ်ကြီးရှန်ရဲ့ အဆင့်အတန်းမျိုးရောက်အောင် ကျင့်ကြံဖို့ဆိုရင် တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်"

တိုက်ရိုက်ထုတ်လွှင့်နေသည့် သင်တန်းတွင် စူးချီက အေးအေးဆေးဆေးပင် ရှင်းပြနေသည်။

"ငါသင်ပေးနေတဲ့ မိုးကြိုးငါးသွယ် တရားကျင့်စဉ်ဟာ နာမည်အရ မိုးကြိုးငါးသွယ်လို့ ဆိုပေမဲ့ တကယ်တမ်းမှာတော့ ခန္ဓာကိုယ်အတွင်းက အင်္ဂါငါးပါးမှာရှိတဲ့ ဓာတ်ကြီးငါးပါး စွမ်းအင်တွေကို အသုံးချတာပဲ ဖြစ်ပါတယ်"

စူးချီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ လက်ချောင်းလေးတွေပေါ်မှာ မိုးကြိုးအလင်းတန်းလေးတွေ တဖြတ်ဖြတ် လက်နေသည့် ရှန်ကျစ်ရှားကို လှမ်းကြည့်လိုက်သည်။ လက်ရှိတွင် အွန်လိုင်းမှ တက်ရောက်နေသည့် ကျောင်းသားဦးရေမှာ သုံးသိန်းကျော်နေပြီ ဖြစ်သည်။ ကြည့်ရုံကြည့်နေသူများနှင့် ဗီဒီယိုအတိုလေးများကို စောင့်ကြည့်နေသူများကိုပါ ပေါင်းလိုက်လျှင် ဤသင်တန်းကို ကြည့်ရှုသူမှာ အနည်းဆုံး တစ်သန်းခန့် ရှိပေလိမ့်မည်။

အကယ်၍ ရန်မိုးကြိုးထုတ်နိုင်ခြင်းမှာ အပျိုစင် သို့မဟုတ် လူပျိုစင်ဖြစ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု သူသာ တည့်တည့်ပြောလိုက်လျှင် ကျောင်းအုပ်ကြီးရှန်မှာ လူကြားထဲ မျက်နှာပြရဲတော့မည် မဟုတ်ပေ။ ထို့ကြောင့် စူးချီသည် တတ်နိုင်သမျှ သိမ်သိမ်မွေ့မွေ့ ဖြစ်အောင်ပင် စကားလုံးများကို ရွေးချယ်လိုက်သည်။

"အကယ်၍ ကျင့်ကြံသူဟာ မိမိရဲ့ ကျောက်ကပ်စွမ်းအင်ကို မစွန့်လွှတ်ရသေးဘဲ ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်း အင်္ဂါငါးပါးက စွမ်းအင်တွေကို အသက်သွင်းတဲ့အခါမှာ နှလုံးနဲ့ အဆုတ်ရဲ့ စွမ်းအားတွေက တက်ကြွလာပြီး ဖြူစင်တဲ့ မိုးကြိုးအလင်းတန်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်"

"တစ်နည်းအားဖြင့် ပြောရရင် ကျောင်းအုပ်ကြီးရှန်လိုမျိုး စွမ်းအားရချင်ရင်တော့ မူလကျောက်ကပ်စွမ်းအင်ကို မစွန့်လွှတ်ရသေးတဲ့သူ ဖြစ်ဖို့ လိုအပ်ပါတယ်"

စူးချီ၏ စကားမှာ အလွန်ပင် သိမ်မွေ့လှသော်လည်း ယနေ့ခေတ် အင်တာနက်အသုံးပြုသူများမှာ ထိုမျှလောက်သော စကားကို နားမလည်လောက်အောင် မနုနယ်ကြပေ။ ကျောက်ကပ်စွမ်းအင် မစွန့်လွှတ်ရသေးခြင်း ဆိုသည်မှာ အပျိုစင် သို့မဟုတ် လူပျိုစင်ဖြစ်ခြင်းကို ဆိုလိုကြောင်း အားလုံးက ချက်ချင်းပင် သဘောပေါက်သွားကြသည်။ ဆိုလိုသည်မှာ ရှန်ကျစ်ရှားကဲ့သို့ စွမ်းအားရရန်အတွက် အပျိုစင် သို့မဟုတ် လူပျိုစင် ဖြစ်ရန် လိုအပ်သည် ဟူ၍ပင်။

စူးချီ၏ စကားအဆုံးတွင် တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်ထက်မှ မှတ်ချက်များမှာ စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားသည်။ လူအများမှာ ထိုစကားကြောင့် အံ့အားသင့် ဆွံ့အသွားကြခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ မှတ်ချက်များမှာ ဒီရေအလား တရစပ် တက်လာတော့သည်။

"ဒါဆိုရင် ကျောက်ကပ်ကောင်းတယ်ဆိုတာ ဒါကို ပြောတာကိုး"

"ငါတော့ ငိုချင်လာပြီ၊ နှစ်ပေါင်းသုံးဆယ်လုံးလုံး ထိန်းသိမ်းထားခဲ့တာကို မနေ့ကမှ စွန့်လွှတ်လိုက်မိတယ်၊ ဒီနေ့ကျမှ အပျိုစင်တွေပဲ ကျင့်လို့ရတယ်လို့ ပြောရသလား"

"လူငယ်သဘာဝ တန်ဖိုးရှိမှန်း မသိခဲ့လို့ ငါတော့ ကြွားဝါခွင့် ဆုံးရှုံးရပြီ"

"ဆရာကြီး ကျွန်တော်က ကိုယ့်ဘာသာကိုယ် ဖြေဖျောက်ဖူးတယ်၊ အဲ့ဒါကော အကျုံးဝင်သလား"

"ဒေါသထွက်လွန်းလို့ ကိုယ့်ဟာကိုယ်ပဲ ဖြတ်ပစ်လိုက်ချင်တော့တယ်"

စူးချီ၏ စကားများက ရှန်ကျစ်ရှား၏ ထူးဆန်းသော ကြော်ငြာပိုစတာကို အဖြေထုတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ကျောက်ကပ်ကောင်းမှ ကျင့်လို့ရမည် ဆိုသည်မှာ အမှန်တကယ်တွင် ဤအချက်ကို ဆိုလိုခြင်း ဖြစ်သည်။ ခဏအတွင်းမှာပင် နောင်တရသံများနှင့် ညည်းတွားသံများက မျက်နှာပြင်ထက်တွင် ပြည့်နှက်သွားတော့သည်။ အထူးသဖြင့် ကျောင်းသားလူငယ်များမှာ မိမိတို့၏ အဖိုးတန်သော အရာကို မဆင်မခြင် စွန့်လွှတ်ခဲ့မိသည့်အတွက် အလွန်ပင် နောင်တရနေကြသည်။

လူကြီးပိုင်းများမှာမူ ဤသတင်းကို ကြားသောအခါ ရယ်မောရုံသာ တတ်နိုင်ကြတော့သည်။ သူတို့မှာ မူလရန်စွမ်းအင်များကို စွန့်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် နောင်တရနေ၍လည်း မထူးတော့ပေ။ ထို့ကြောင့် သူတို့၏ အာရုံမှာ အခြားတစ်နေရာသို့ ရောက်သွားကြသည်။

ရန်မိုးကြိုးဆိုသည်မှာ အပျိုစင်ဖြစ်ခြင်း၏ သက်သေဆိုလျှင် အသက် ၂၈ နှစ်ရှိပြီး အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက် လှလှပပနှင့် ရင့်ကျက်တည်ကြည်သော ကျောင်းအုပ်ကြီးရှန်သည် အမှန်တကယ်ပင် အပျိုစင်စစ်စစ်ကြီး ဖြစ်နေသည် မဟုတ်ပါလော။

ဤအချက်ကို တွေးမိသူများမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ အချစ်ကို အလွယ်တကူ သဘောထားကြသည့် ဤခေတ်ကြီးထဲတွင် အသက် ၂၈ နှစ်အထိ အပျိုစင်ဘဝကို ထိန်းသိမ်းထားသူမှာ အလွန်ပင် ရှားပါးလှသည်။ ထို့ကြောင့် လူအများ၏ စိတ်ထဲတွင် ကျောင်းအုပ်ကြီးရှန်၏ ပုံရိပ်မှာ နတ်သမီးတစ်ပါးကဲ့သို့ပင် မြင့်မြတ်သွားတော့သည်။

"ငါ သူမကို သဘောကျလာပြီ"

"သူမဟာ ငါတို့ရဲ့ ကျောင်းအုပ်ကြီး ဘုရင်မပဲ"

"ကျောင်းအုပ်ကြီး ဘုရင်မရယ် ဒီနေ့ကစပြီး ကျွန်တော်ဟာ အန်တီ့ရဲ့ သစ္စာရှိတဲ့ နောက်လိုက်တစ်ယောက် ဖြစ်ပါရစေ"

ဘေးတစ်နေရာတွင် မှတ်ချက်များကို ကြည့်နေသည့် အတွင်းရေးမှူးလေး ရဲ့ရှူးယောင်မှာမူ ဆွံ့အလျက် ရှိနေသည်။ သူမသည် လေ့ကျင့်ရေးကွင်းထဲတွင် လက်ဝါးထဲမှ မိုးကြိုးများကို ကြည့်ကာ ပျော်နေသည့် သူမ၏ အန်တီကို တစ်လှည့်၊ သင်ပြနေသည့် စူးချီကို တစ်လှည့် ကြည့်နေမိသည်။ သူမ၏ စိတ်ထဲတွင်တော့ တကယ့်ကို အကုသိုလ်ပါပဲ ဟူသော အတွေးသာ ရှိတော့သည်။

"သွားပြီ ... အန်တီ အပျိုစင်ဖြစ်တာကို လူပေါင်း သိန်းနဲ့ချီပြီး သိကုန်ကြပြီ"

"တကယ့်ကို လူတောမတိုးနိုင်တဲ့ အခြေအနေပဲ၊ ငါသာ အကြိုပြောပြထားခဲ့ရင် ကောင်းမှာပဲ"

အကယ်၍ သူမသာ လွန်ခဲ့သော နှစ်ပတ်ကတည်းက ဤလျှို့ဝှက်ချက်ကို ပြောပြထားခဲ့လျှင် အခြေအနေမှာ ဤမျှ ဆိုးရွားမည် မဟုတ်ပေ။ ယခုမူ လူသန်းပေါင်းများစွာ၏ ရှေ့တွင် ရှန်ကျစ်ရှားသည် အသက် ၂၈ နှစ်ရှိ အပျိုစင်ဖြစ်ကြောင်း ကြေညာလိုက်သကဲ့သို့ ဖြစ်သွားပြီ ဖြစ်သည်။ သူမ၏ အန်တီ အမှန်တရားကို သိသွားသောအခါ မည်သို့သော မျက်နှာထားမျိုး ဖြစ်လာမည်ကို သူမ မတွေးရဲပေ။ သူမကို အန်တီက လည်ပင်းညှစ်သတ်မည်လော။ မဖြစ်နိုင်ပေ၊ သူမအနေဖြင့် ဤလျှို့ဝှက်ချက်ကို ကြိုတင်သိရှိထားကြောင်းကို သေအောင်သာ ငြင်းရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ထန်မိသားစု၏ နေအိမ်တွင် အကြီးအကဲ ထန်ဟောက်သည်လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ လူအများက ရှန်ကျစ်ရှား အပျိုစင်ဖြစ်ခြင်းကို အာရုံစိုက်နေကြသော်လည်း သူကမူ မိုးကြိုးကျင့်စဉ်အတွက် အပျိုစင်ဖြစ်ရန် လိုအပ်သည်ဟူသော အချက်ကိုသာ အာရုံစိုက်နေခြင်း ဖြစ်သည်။

ရှန်ကျစ်ရှား မိုးကြိုးကျင့်စဉ်ကို ပြသစဉ်က သူသည် အလွန်ပင် အထင်သေးခဲ့သည်။ ရှန်မိသားစု၏ ဒုတိယသခင်မလေးမှာ အလွန်ပင် လှပသော်လည်း ပါရမီညံ့ဖျင်းသူတစ်ဦးဖြစ်ကြောင်း မိသားစုကြီးများအကြားတွင် လူတိုင်း သိကြသည်။ စူးချီက ထိုသို့သောသူကို လက်တွေ့ပြသခိုင်းခြင်းမှာ သူမ၏ အလှကို အသုံးချကာ ကျောင်းသားဆွဲဆောင်ခြင်းသာ ဖြစ်သည်ဟု သူ ယူဆခဲ့သည်။

သို့သော် ရှန်ကျစ်ရှား၏ ရွှေရောင်အလင်းက မကောင်းဆိုးဝါးများကို နှိမ်နင်းနိုင်သည်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာခဲ့သည်။ ဤကျင့်စဉ်သာ လူအများကြား ပြန့်နှံ့သွားပါက သူတို့ ထန်မိသားစု၏ မကောင်းဆိုးဝါးနှိမ်နင်းရေး လုပ်ငန်းမှာ ပျက်စီးသွားပေလိမ့်မည်။ သို့သော် ရှန်ကျစ်ရှားက မကောင်းဆိုးဝါး အကောင်နှစ်ဆယ်ကျော်ကို မိုးကြိုးဖြင့် တစ်ပြိုင်တည်း နှိမ်နင်းပြလိုက်သောအခါ သူ လုံးဝ ဆွံ့အသွားရသည်။ ဤမျှ အစွမ်းထက်သော ကျင့်စဉ်မှာ သူတို့ ထန်မိသားစု၏ ကျင့်စဉ်ထက်ပင် သာလွန်နေသည် မဟုတ်ပါလော။

သူသည် ဤကျင့်စဉ် ပြန့်နှံ့မှုကို မမည်သို့တားဆီးရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် စူးချီ၏ ရှင်းပြချက်ကို ကြားလိုက်ရသည်။ မိုးကြိုးကျင့်စဉ်ကို ကျင့်ရန် အပျိုစင် သို့မဟုတ် လူပျိုစင် ဖြစ်ရန် လိုအပ်သည် ဟူသော အချက်ကြောင့် သူ အလွန်ပင် ဝမ်းသာသွားရသည်။ ဤကမ္ဘာပေါ်တွင် အပျိုစင်၊ လူပျိုစင် မည်မျှ ရှိပါမည်နည်း။ ထိုလူနည်းစုသာ ဤကျင့်စဉ်ကို ကျင့်နိုင်မည်ဆိုပါက သူတို့ ထန်မိသားစု၏ လုပ်ငန်းကို ထိခိုက်နိုင်မည် မဟုတ်ပေ။

"တော်သေးတာပေါ့၊ ဒီကျင့်စဉ်မှာ ဒီလို ကန့်သတ်ချက် ရှိနေလို့"

"ဒါမှမဟုတ်ရင်တော့ ငါတို့ ထန်မိသားစုတော့ ဒုက္ခရောက်တော့မှာပဲ"

"စူးချီ ဘယ်လောက်ပဲ ပါရမီရှိရှိ၊ ဒီမိုးကြိုးကျင့်စဉ်ကတော့ လူတိုင်းဆီ ပြန့်နှံ့သွားမှာ မဟုတ်ပါဘူး"

သူသည် မိမိကိုယ်ကိုယ် ထိုသို့ ပြောဆိုကာ စိတ်အေးလက်အေး ရှိနေစဉ်မှာပင် မျက်နှာပြင်ပေါ်တွင် စူးချီက သူ၏ လက်ဝါးကို မြှောက်ပြလိုက်သည်။ ချက်ချင်းပင် သူ၏ လက်ဝါးပေါ်တွင် မည်းနက်သော မိုးကြိုးအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက်တွင်မူ သူက ပြုံးကာ ဆက်လက်ရှင်းပြလိုက်သည်။

"ဒါပေမဲ့ မင်းတို့ရဲ့ မူလစွမ်းအင်ကို စွန့်လွှတ်လိုက်ပြီ ဆိုရင်လည်း ကျောင်းအုပ်ကြီးရှန်လို ဖြူစင်တဲ့ မိုးကြိုးကို မထုတ်နိုင်တာပဲ ရှိတာပါ၊ ကျင့်လို့မရတာ မဟုတ်ပါဘူး"

"အခု ကျွန်တော့်လက်ထဲမှာ ရှိတဲ့ မည်းနက်တဲ့ မိုးကြိုးမျိုးကို ကျင့်ကြံလို့ ရပါတယ်၊ အဲဒါကိုတော့ ကျွန်တော်က ယင်မိုးကြိုးငါးသွယ် လို့ အမည်ပေးထားပါတယ်"

အခန်း (၇၆) - ယင်မိုးကြိုး၏ တုန်လှုပ်ဖွယ်ရာ အစွမ်း

"ကျောက်ကပ်ရဲ့ စွမ်းအင်တွေကို စွန့်လွှတ်လိုက်ပြီဆိုရင်တော့ အခု ကျွန်တော့်လက်ထဲမှာ မြင်တွေ့နေရတဲ့အတိုင်း ကျင့်ကြံရမှာ ဖြစ်ပါတယ်၊ အဲဒါကို ယင်မိုးကြိုးငါးသွယ် လို့ ခေါ်ပါတယ်"

"ကျောင်းအုပ်ကြီးရှန် ကျင့်ကြံတဲ့နည်းကိုတော့ ရန်မိုးကြိုးငါးသွယ် လို့ ခေါ်ပါတယ်"

တိုက်ရိုက်ထုတ်လွှင့်နေသည့် သင်တန်းတွင် စူးချီသည် သူ၏ ညာလက်ကို မြှောက်ပြလိုက်သည်။ သူ၏ လက်ချောင်းထိပ်များတွင် မည်းနက်သော လျှပ်စစ်အလင်းတန်းလေးများ တဖျတ်ဖျတ် လက်နေသည်။

နောက်တစ်ခဏတွင်မူ မရေမတွက်နိုင်သော မည်းနက်သည့် အလင်းတန်းများမှာ သူ၏ လက်ဖဝါးတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထိုမိုးကြိုးများမှာ မည်းနက်နေသော်လည်း လူအများစုအတွက်မူ မိုးကြိုးကျင့်စဉ်ကို တတ်မြောက်နိုင်မည့် မျှော်လင့်ချက်အလင်းရောင်ပင် ဖြစ်တော့သည်။

ထိုအချိန်တွင် မှတ်ချက်များမှာ ဒီရေအလား တက်လာပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းများစွာ ပါဝင်လာတော့သည်။

"ဆရာကြီး ပြောတာ တကယ်လား"

"မူလရန်စွမ်းအင်ကို စွန့်လွှတ်လိုက်ရင်လည်း ကျင့်လို့ရတာပေါ့"

"ကျွန်တော်က နေ့တိုင်း ကိုယ့်ဘာသာကိုယ် ဖြေဖျောက်တတ်တယ်၊ အဲဒါဆိုရင် ရန်မိုးကြိုးကို ကျင့်ရမှာလား ယင်မိုးကြိုးကို ကျင့်ရမှာလား"

"အကယ်၍ ရန်မိုးကြိုးကို အရင်ကျင့်ပြီးမှ အပျိုစင်ဘဝကို စွန့်လွှတ်လိုက်ရင် အဲဒီမိုးကြိုးက ယင်မိုးကြိုးအဖြစ် ပြောင်းသွားမှာလား"

စူးချီသည် ထိုမှတ်ချက်များကို ပြန်လည်ဖြေကြားခြင်း မပြုဘဲ ယင်မိုးကြိုးငါးသွယ်၏ အကြောင်းကိုသာ ဆက်လက်ရှင်းပြနေသည်။

"မိုးကြိုးကျင့်စဉ်ဆိုတာ တစ်ခါကျင့်ကြံအောင်မြင်သွားရင် သူ့ရဲ့ သဘောသဘာဝက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး"

"မူလရန်စွမ်းအင်ကို စွန့်လွှတ်လိုက်ပြီဆိုရင် ခန္ဓာကိုယ်တွင်း အင်္ဂါငါးပါးက စွမ်းအင်တွေကို နှိုးဆွတဲ့အခါမှာ နှလုံးနဲ့ အဆုတ်ရဲ့ ရန်စွမ်းအားကို ချက်ချင်းရရှိဖို့ ခက်ခဲသွားပါလိမ့်မယ်"

"တစ်ချိန်တည်းမှာပဲ တည်ငြိမ်မှုမရှိတော့တဲ့ ကျောက်ကပ်ရဲ့ စွမ်းအင်တွေက ခန္ဓာကိုယ်ထဲမှာ လှည့်လည်နေတတ်ပါတယ်၊ ဒါကြောင့် ထွက်ပေါ်လာတဲ့ မိုးကြိုးဟာ အသည်းနဲ့ ကျောက်ကပ်ရဲ့ စွမ်းအားတွေ ပါဝင်နေမှာ ဖြစ်ပါတယ်"

"ဒါကြောင့်မို့လို့ ဒီမိုးကြိုးဟာ လျှပ်စစ်ဓာတ်သဘာဝ ရှိနေသေးပေမဲ့ ပုံသဏ္ဌာန်အားဖြင့်တော့ မည်းနက်ပြီး စေးကပ်နေတဲ့ အရည်တစ်မျိုးလို ဖြစ်နေတာပါ၊ ကိုင်တွယ်ရတာလည်း ခက်ခဲပါတယ်"

"ဒါဟာ ယင်မိုးကြိုးငါးသွယ် ပါပဲ"

စူးချီ ပြောနေစဉ်မှာပင် သူ၏ လက်ထဲမှ မိုးကြိုးများမှာ စီးဆင်းနေသည့် ကတ္တရာစေးများအလား ဖြစ်ပေါ်လာသည်။ စူးချီသည် သူ၏ သွေးနှင့်စွမ်းအင်ကို ထိန်းညှိလိုက်ပြီးနောက် သူ၏နောက်ကွယ်မှ နံရံဆီသို့ လက်ဝါးမိုးကြိုးတစ်ချက် ပစ်လွှတ်လိုက်သည်။

ဝုန်းခနဲ မြည်သံနှင့်အတူ နံရံပေါ်တွင် မိုးကြိုးထိမှန်သည့် အရာများ ထင်ကျန်ရစ်ခဲ့သည်။

"ဒါက ကျောင်းအုပ်ကြီးရှန် ပြသခဲ့တဲ့ နည်းလမ်းနဲ့ အတော်လေး ဆင်တူတာပဲ"

"ဆရာကြီး ... ရန်မိုးကြိုးနဲ့ ယင်မိုးကြိုး ဘယ်ဟာက ပိုပြီး အစွမ်းထက်တာလဲ"

"ဘယ်ကျင့်စဉ်က ပိုပြီး စွမ်းအားကြီးတာလဲဟင်"

ဘယ်သူက ပိုပြီး အစွမ်းထက်သနည်း ဆိုသည်မှာ ကျောင်းသားအားလုံး သိလိုကြသည့် မေးခွန်းပင် ဖြစ်သည်။ စူးချီသည် မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီးမှ ပြန်လည်ဖြေကြားပေးလိုက်သည်။

"ဒီမိုးကြိုးကျင့်စဉ် နှစ်မျိုးကြားမှာ အင်အားကွာခြားချက် မရှိပါဘူး၊ အသုံးပြုတဲ့ နည်းလမ်းပဲ ကွာခြားတာပါ"

"ရန်မိုးကြိုးရဲ့ တိုက်ခိုက်မှုက ပြင်းထန်ပြီး လျှပ်စီးလို မြန်ဆန်တဲ့အတွက် ပြိုင်ဘက်က တုံ့ပြန်ဖို့ အချိန်မရနိုင်ပါဘူး"

"ယင်မိုးကြိုးရဲ့ တိုက်ခိုက်မှုကတော့ ပြဒါးမြေထဲစိမ့်ဝင်သလိုမျိုး နေရာလပ်မကျန် ပြန့်နှံ့သွားနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်"

စူးချီ ပြောဆိုနေစဉ်မှာပင် သူ၏ တစ်ကိုယ်လုံးမှ သွေးနှင့်စွမ်းအင်များမှာ ဆူပွက်လာသကဲ့သို့ ခံစားရသည်။ သူ၏ လက်ဝါးထဲမှ မည်းနက်သော မိုးကြိုးများကို မြေပြင်ပေါ်သို့ ချလိုက်သည်။

နောက်တစ်ခဏတွင်မူ မရေမတွက်နိုင်သော ယင်မိုးကြိုးများသည် မြေပြင်ပေါ်၌ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားတော့သည်။ ခဏအတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်နေသည့် အခန်းတစ်ခုလုံးမှာ ယင်မိုးကြိုးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

စူးချီက သူ၏လက်ကို မြှောက်လိုက်သောအခါ ထိုမိုးကြိုးများသည် ကင်မရာတင်ထားသည့် စင်ပေါ်သို့ပင် တက်လာခဲ့ကြသည်။ ထို့နောက် စူးချီက လက်ကို ဝှေ့ယမ်းလိုက်သောအခါ ယင်မိုးကြိုးများမှာ ဒီရေအလား ပြန်လည်ဆုတ်ခွာသွားကြပြီး အခန်းအတွင်းရှိ အရာအားလုံးမှာ ယခင်အတိုင်းပင် ပြန်လည်ကောင်းမွန်သွားတော့သည်။

"နေရာအနှံ့ ပြန့်နှံ့သွားနိုင်တဲ့ မိုးကြိုးပါလား"

"အခန်းတစ်ခုလုံးကို နေရာလပ်မကျန် ဖုံးလွှမ်းသွားနိုင်တာပဲ"

သာမန်လူများအတွက်မူ ဤဂုဏ်သတ္တိ၏ အသုံးဝင်ပုံကို နားမလည်နိုင်ကြသော်လည်း မကောင်းဆိုးဝါးများ၏ နှောင့်ယှက်မှုကို ခံနေရသူများအတွက်မူ ဤမြင်ကွင်းမှာ မျှော်လင့်ချက် အလင်းရောင်ပင် ဖြစ်သည်။

မကောင်းဆိုးဝါးများကို နှိမ်နင်းရန် ခက်ခဲခြင်းမှာ အကြောင်းရင်း နှစ်ခုရှိသည်။ ပထမအချက်မှာ သာမန်နည်းလမ်းဖြင့် နှိမ်နင်း၍မရခြင်းဖြစ်ပြီး ဒုတိယအချက်မှာ မကောင်းဆိုးဝါးများမှာ ပုန်းအောင်းရာတွင် အလွန်တော်သောကြောင့် ဖြစ်သည်။

မကောင်းဆိုးဝါး အကောင်ကြီးများကို ရှာဖွေရန် လွယ်ကူသော်လည်း အကောင်ငယ်လေးများမှာမူ အမှောင်ထောင့်များတွင် ပုန်းအောင်းနေတတ်ကြသည်။ သူတို့သည် အိမ်ရှိ ပိုးဟပ်များကဲ့သို့ပင် မည်မျှပင် သန့်ရှင်းအောင် လုပ်ထားပါစေ ဘယ်နေရာမှာ ပုန်းနေမည်ကို မည်သူမျှ မသိနိုင်ချေ။

ယခု ဤမိုးကြိုးငါးသွယ် တရားကျင့်စဉ်က သူတို့ကို လမ်းစပြလိုက်ပြီ ဖြစ်သည်။ ရွှေရောင်အလင်းက မကောင်းဆိုးဝါးများကို ဟန့်တားနိုင်သလို ယင်မိုးကြိုးကလည်း အိမ်တွင်းရှိ မကောင်းဆိုးဝါးများကို နေရာလပ်မကျန် ရှာဖွေနှိမ်နင်းနိုင်ပေလိမ့်မည်။

ကျောင်းသားအားလုံး၏ စိတ်ထဲတွင် သင်ယူချင်စိတ်များ ပြင်းပြလာကြတော့သည်။

တစ်ချိန်တည်းမှာပင် မိသားစုကြီးများ၏ အကြီးအကဲများမှာမူ ဤသင်တန်းမှတစ်ဆင့် အခြားသော သတင်းအချက်အလက်များကို ရရှိသွားကြသည်။

ချူမိသားစု၏ နေအိမ်တွင် ဖြစ်သည်။

"အဖေ ... ချူယန်ကို စူးချီနဲ့ နီးစပ်အောင် လုပ်ပြီး ကျွန်တော်တို့ မိသားစုထဲကို ဆွဲသွင်းခိုင်းချင်တာလား"

"စူးချီနဲ့ ရှန်ကျစ်ရှားတို့က ချစ်သူတွေ မဟုတ်ဘူးလား၊ ဒါက ထိရောက်ပါ့မလား"

အကြီးအကဲ ချူရှောင်ဖုန်းသည် စူးချီ၏ သင်တန်းကို မျက်တောင်မခတ်တမ်း ကြည့်နေရင်းမှ ပြုံးလိုက်သည်။

"ဟဲဟဲ ကြည့်လိုက်စမ်း၊ ရှန်ကျစ်ရှားက ရန်မိုးကြိုးကို ကျင့်နိုင်တယ်ဆိုတော့ သူမက အပျိုစင် ဖြစ်နေသေးတာပဲ"

"စူးချီကတော့ ယင်မိုးကြိုးကို ထုတ်ပြနေတာဆိုတော့ သူက လူပျိုစင် မဟုတ်တော့ဘူး၊ ဒါကြောင့် ကောလာဟလတွေက မှားနေပုံရတယ်၊ သူတို့နှစ်ယောက်ကြားမှာ တကယ်တမ်း ဘာမှမရှိသေးတာ ဖြစ်နိုင်တယ်"

ရှန်ကျစ်ရှားက အပျိုစင်ဖြစ်ပြီး စူးချီက လူပျိုစင် မဟုတ်တော့ခြင်းမှာ အလွန်ပင် ရှင်းလင်းလှသည်။ အကယ်၍ သူတို့နှစ်ဦး ချစ်သူဖြစ်နေလျှင်ပင် ထိုအဆင့်အထိ မရောက်သေးကြောင်း သိသာလှသည်။

သို့သော် စူးချီက လူပျိုစင် မဟုတ်တော့ခြင်းမှာ ဘာကို ဆိုလိုသနည်း။ အင်အားအပြည့်ရှိသော လူငယ်လေးတစ်ဦးမှာ အခြားတစ်နေရာတွင် မိန်းကလေးများနှင့် ပျော်ပါးဖူးရမည် ဖြစ်သည်။ ရှန်ကျစ်ရှားက သူ့ကို ခွင့်မပြုသရွေ့ သူသည် အခြားသော မိန်းကလေးများ၏ မြူဆွယ်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

"ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စူးချီကို ချူယန်က သိမ်းသွင်းနိုင်အောင် လုပ်ရမယ်၊ လိုအပ်ရင် တခြားညီမလေးတွေကိုပါ ဝိုင်းကူခိုင်းလိုက်"

အခြားသော မိသားစုကြီးများတွင်လည်း ဤကဲ့သို့သော အကြံအစည်များ ရှိနေကြသည်။ စူးချီနှင့် ရှန်ကျစ်ရှားတို့မှာ အမှန်တကယ် လက်တွဲထားသူများ မဟုတ်ကြောင်း သူတို့ သိရှိသွားကြပြီ ဖြစ်သည်။ စူးချီတွင် အားနည်းချက် ရှိနေသရွေ့ မိန်းကလေးများကို အသုံးပြု၍ မြူဆွယ်ရန် ပြင်ဆင်နေကြတော့သည်။

ရှောင်မိသားစုတွင်လည်း ပါရမီရှိလှသော ညီအစ်မ နှစ်ဦးကို စူးချီထံသို့ စေလွှတ်ရန် စီစဉ်နေကြသလို မာမိသားစုတွင်လည်း အသက်အရွယ်စုံ မိန်းကလေးများကို အသုံးပြု၍ စူးချီကို စည်းရုံးရန် ပြင်ဆင်နေကြသည်။

ကျန်းမြို့ရှိ မိသားစုကြီးများအကြားတွင် အမျိုးသမီးများကို အသုံးချကာ စူးချီကို သိမ်းသွင်းရန်အတွက် လှုပ်ရှားမှုများမှာ အရှိန်အဟုန်ဖြင့် စတင်လာတော့သည်။

အခြားတစ်ဖက်တွင်မူ ထန်မိသားစု၏ အကြီးအကဲ ထန်ဟောက်မှာမူ ယင်မိုးကြိုးကို မြင်လိုက်ရသောအခါ စိတ်ပျက်အားလျော့သွားရသည်။ သူသည် ယခင်က အပျိုစင်များသာ ကျင့်နိုင်မည်ဟု ထင်မှတ်ကာ စိတ်အေးနေခဲ့သော်လည်း ယခုမူ အားလုံး ကျင့်ကြံနိုင်ကြောင်း သိလိုက်ရပြီ ဖြစ်သည်။

ယင်မိုးကြိုး၏ အရည်ကဲ့သို့သော ဂုဏ်သတ္တိမှာ မကောင်းဆိုးဝါးများကို နှိမ်နင်းရာတွင် ထန်မိသားစု၏ ကျင့်စဉ်ထက် များစွာ သာလွန်နေသည်။ ဤကျင့်စဉ်သာ ပြန့်နှံ့သွားပါက ထန်မိသားစု၏ အနာဂတ်မှာ မတွေးဝံ့စရာပင်။

"မဟုတ်ဘူး ... ဒီကျင့်စဉ်ကို လူတွေကြား မပြန့်နှံ့အောင် တားရမယ်"

"ငါတို့မှာ မူပိုင်ခွင့်တွေ ရှိသေးတာပဲ၊ ဒါဟာ မိုးကြိုးကျင့်စဉ်ဖြစ်နေသရွေ့ ငါတို့ရဲ့ မူပိုင်ခွင့်တွေကို သူ ကျော်လွှဲနိုင်မှာ မဟုတ်ဘူး"

"အကယ်၍ သူသာ မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့ရင် ဒီသင်တန်းဟာ တရားမဝင်ဘူး၊ ဘယ်သူကမှ ဒီကျင့်စဉ်နဲ့ စီးပွားရှာလို့ မရအောင် ငါတို့ တားဆီးရမယ်"

စိတ်ပျက်နေသော ထန်ဟောက်သည် နောက်ဆုံးမျှော်လင့်ချက်အဖြစ် မူပိုင်ခွင့်ဥပဒေကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။ သူသည် ထန်မိသားစု၏ ရှေ့နေအဖွဲ့တစ်ခုလုံးကို ခေါ်ယူကာ စူးချီ၏ သင်တန်းတွင် မူပိုင်ခွင့် ချိုးဖောက်မှု ရှိ၊ မရှိကို အသေအချာ စောင့်ကြည့်ခိုင်းလိုက်တော့သည်။

All Chapters