အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း (၂၀၅) - အနိုင်အရှုံးတစ်ခု၏ ပြောင်မြောက်လှသော အဆုံးသတ်
ပူပြင်းလှသော နေမင်းသည် ကောင်းကင်ထက်၌ အရှိန်အဟုန်ပြင်းစွာ တောက်ပနေပြီး ၎င်း၏ အပူရှိန်မှာ တလိမ့်လိမ့်တက်နေသော ချီစွမ်းအား လှိုင်းလုံးများနှင့်အတူ ရောယှက်နေသည်။
ခံတပ်အတွင်းမှ ထွက်ပေါ်လာသော တိုက်ပွဲသံများ၊ ပေါက်ကွဲသံများမှာ လေထုကို တင်းမာစေပြီး ရက်စက်ကြမ်းကြုတ်လှသော စစ်ပွဲကြီး၏ အရှိန်အဟုန်ကို ပိုမိုမြင့်တက်စေသည်။
တိုက်ပွဲမြေပြင်၏ အထက် ကောင်းကင်ယံ၌ လော့ချန် ရပ်တန့်နေသည်။ သူ၏ ဝတ်ရုံမှာ ချီစွမ်းအား စီးဆင်းမှုများကြောင့် တဖျတ်ဖျတ် လွင့်နေတော့သည်။ သူ၏ ဘေးနားတွင် ကျိုးယွမ်လီနှင့် လျိုချန်းတို့သာ ကျန်ရှိတော့ပြီး သူ၏ နောက်ကျောကို အခိုင်အမာ ကာကွယ်ပေးထားကြသည်။
အထက်စီးမှ ကြည့်ပါက တိုက်ပွဲမှာ အဖြေထွက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အရေအတွက် နည်းပါးလှသော ဖူမျိုးနွယ်စု၏ ကျင့်ကြံသူများမှာ သိသိသာသာ ရုန်းကန်နေရသည်။
ချီသန့်စင် အစောပိုင်းအဆင့် ကျင့်ကြံသူများကိုပါ ထည့်တွက်လျှင်ပင် သူတို့အင်အားမှာ ငါးဆယ်ပင် မပြည့်ရာ၊ အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုတစ်ခုအတွက် ဤအင်အားမှာ အလွန်ပင် နည်းပါးလွန်းလှသည်။
သို့သော်လည်း ထျန်းလန်နတ်ဘုရားမြို့တော်မှ ဤဝေးလံသော ခံတပ်အထိ ပြောင်းရွှေ့လာရင်း ဤမျှသော လူအင်အားကို ထိန်းသိမ်းထားနိုင်ခြင်းမှာ ဖူကျန်း၏ စွမ်းဆောင်ရည်ကို သက်သေပြနေခြင်းပင်။ နှိုင်းယှဉ်ကြည့်လျှင် လော့ထျန်းအဖွဲ့အစည်းတွင် ကျင့်ကြံသူ အယောက် ၃၀ ကျော်သာ ရှိသဖြင့် အရေအတွက် ပို၍ပင် နည်းသေးသည်။
သို့သော် အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားတွင်မူ လော့ထျန်းအဖွဲ့အစည်းက အပြတ်အသတ် သာလွန်နေသည်။
ဖူမျိုးနွယ်စုတွင် ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူ လေးဦးသာ ရှိပြီး ဖူကျန်းကိုယ်တိုင် ပါဝင်မှသာ ငါးဦး ပြည့်သည်။ တစ်ဖက်တွင်မူ လော့ထျန်းအဖွဲ့အစည်း၌ တွမ်ဖုန်း၊ ကျန်းဝမ်၊ ချင်လျန်ချန်း၊ စီမာရှန့်နှင့် စီမာဝမ်ကျဲတို့ ရှိနေပြီး တစ်ဦးချင်းစီမှာ ဖူမျိုးနွယ်စု၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများနှင့် ရင်ဆိုင်နိုင်စွမ်း ရှိကြသည်။
အခြေအနေကို အဆုံးအဖြတ် ပေးလိုက်သည်မှာ တိုက်ခိုက်ရေးအဖွဲ့ ခေါင်းဆောင် ဝမ်ယွမ်ပင် ဖြစ်သည်။ သူသည် တိုက်ပွဲမြေပြင်အတွင်း တားဆီး၍မရသော သဘာဝဘေးအန္တရာယ် တစ်ခုအလား လွတ်လပ်စွာ လှုပ်ရှားနေသည်။ သူ၏ လက်ချက်ဖြင့် ဖူမျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး အသက်ပျောက်နေကြရသည်။
ဖူမျိုးနွယ်စု၏ အားအစ်ကိုးရဆုံးသော ဖူကျန်းကိုမူ တွမ်ဖုန်းက ကြားဖြတ် တားဆီးထားသည်။ တွမ်ဖုန်းမှာ အားနည်းသူ မဟုတ်ပေ။ သူသည် တာဟဲစျေးမြို့တော်၏ ပါရမီရှင် လူငယ်များစာရင်း၏ ထိပ်ဆုံး သုံးဦးအတွင်း ကြာမြင့်စွာ ရပ်တည်ခဲ့သူ ဖြစ်သည်။
ယခု နံပါတ်တစ် ဖြစ်နေသော နန်ကုန်းချင် ပင်လျှင် ဤဒေသသို့ စရောက်ခါစက တွမ်ဖုန်း၏ လက်ထဲတွင် ရှုံးနိမ့်ဖူးသည်။ နောက်ပိုင်းတွင် နန်ကုန်းချင်က သူ၏ နေရာကို ပြန်လည်ရယူနိုင်ခဲ့သော်လည်း ထိုရှုံးနိမ့်မှုကပင် တွမ်ဖုန်း၏ ထူးခြားလှသော အစွမ်းကို သက်သေပြနေခြင်း ဖြစ်သည်။
ထို့ပြင် လခြမ်းတောင်ကြား တိုက်ပွဲအပြီးတွင် တွမ်ဖုန်းသည် အဆင့်မြင့် မှော်လက်နက်များစွာကို ရရှိထားရာ အားနည်းချက်များကို အပြည့်အဝ ဖုံးဖိနိုင်ခဲ့ပြီ ဖြစ်သည်။
ယခုအခါ ဖူကျန်းပင်လျှင် တွမ်ဖုန်း၏ တိုက်စစ်အောက်၌ ရုန်းကန်နေရပြီး ခုခံရုံသာ တတ်နိုင်တော့သည်။
"ဒါလား ဖူမျိုးနွယ်စုရဲ့ ကြီးကျယ်လှတဲ့ ခေါင်းဆောင်ဆိုတာ.... သိပ်လည်း မဟုတ်ပါလား"
လျိုချန်းက စိတ်လှုပ်ရှားစွာ ကြည့်ရင်း တိုက်ပွဲထဲသို့ ခုန်ဝင်ချင်စိတ်ကို မနည်းထိန်းထားရသည်။ သူ၏ လေသံအရ ဖူကျန်းကို အထင်မကြီးတော့သည်မှာ သိသာလှသည်။
သို့သော် လော့ချန်၏ မျက်နှာမှာမူ တည်ငြိမ်လေးနက်နေဆဲပင်။
"အဲဒါက သူက မျိုးနွယ်စုခေါင်းဆောင် ဖြစ်နေလို့ပဲ၊ သူ့မှာ ပူပန်စရာတွေ အများကြီး ရှိနေတော့ အစွမ်းကုန် မတိုက်ရဲသေးတာ"
လော့ချန်သည် လခြမ်းတောင်ကြား တိုက်ပွဲကို ကောင်းစွာ မှတ်မိနေသည်။ ထိုစဉ်က တာကျန်းအဖွဲ့သည် အဆင့် ၉ ကျင့်ကြံသူ ငါးဦးအထိ စုစည်းထားသော်လည်း ဖူကျန်းတစ်ဦးတည်းကပင် စီကုန်းရှို့ကျားကို သတ်ဖြတ်ပြီး ဒဏ်ရာတစ်ချက်မရဘဲ အေးအေးလူလူ ထွက်ခွာသွားနိုင်ခဲ့သည်။
ဤလူသည် တကယ်ပင် အစွမ်းထက်သော်လည်း မျိုးနွယ်စုအတွက်ကြောင့် မိမိကိုယ်မိမိ အန္တရာယ်တွင်းထဲသို့ မတွန်းပို့ရဲခြင်း ဖြစ်သည်။ ယခုအခါ တွမ်ဖုန်းက အသာစီးရနေသည်ဟု ထင်ရသော်လည်း၊ အကယ်၍ ဖူကျန်းသာ အကျပ်ရိုက်သွားပါက မည်သည့် ဖဲချပ်အကောင်းစားကို ထုတ်သုံးလာမည်နည်း။
ဖူမျိုးနွယ်စုတွင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော မှော်စာရွက် ရတနာရှိနေသည် မဟုတ်ပါလော။
ထို့ပြင် လော့ချန်၏ အာရုံမှာ ဤတိုက်ပွဲတစ်ခုတည်းတွင် မဟုတ်ပေ။ သူ၏ စူးရှသော မျက်လုံးများက တိုက်ပွဲမြေပြင် တစ်ခုလုံးကို ဝေ့ကြည့်နေပြီး အချိန်ကိုက် ရေတွက်နေသည်။
"တစ်ယောက်၊ နှစ်ယောက်.... အခြေခံတည်ဆောက်ခြင်းအဆင့် လေးယောက်တောင် ရောက်နေပြီပဲ"
သူ၏ စိတ်ထဲတွင် အတွေးတစ်ခုက နှောင့်ယှက်နေသည်။
“တာဝန်ခံ မြောင်ဝမ်ရော ဒီတိုက်ပွဲ အကြံအစည်ထဲမှာ ပါနေမလား....”
ယခုအခါ ဝမ်ယွမ်သည် အဆင့် ၉ ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ရုပ်ခန္ဓာကိုသာ သုံး၍ တိုက်ခိုက်နေသည်။ ဝမ်ယွမ် သူ၏ သွေးနည်းစနစ်များကို အသုံးမပြုရဲပေ၊ အကယ်၍ သုံးလိုက်ပါက သူ၏ မူလအစစ်အမှန် ပေါ်သွားပေလိမ့်မည်။
အခြား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို စိုးရိမ်စရာမရှိသော်လည်း မြောင်ဝမ်မှာမူ ခြားနားသည်။ သူသည် ကျောက်စိမ်းအိုးနယ်မြေမှ လာသူဖြစ်ရာ ဝမ်ယွမ်၏ တကယ့်အစွမ်းကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော် ဤတိုက်ပွဲတွင် ဝမ်ယွမ် မဖြစ်မနေ လှုပ်ရှားရမည် ဖြစ်သည်။
အောင်ပွဲရရန်သာမက တိုက်ပွဲခန်းမဆောင်အတွင်း သူ၏ နေရာကို ခိုင်မာစေရန်အတွက်လည်း လိုအပ်သည်။ သို့သော် တိုက်ပွဲကို အချိန်ဆွဲနေ၍ မဖြစ်ပေ။
လော့ချန်သည် အစီအစဉ်တစ်ခုကို တွေးတောလိုက်ပြီးနောက် နှုတ်ခမ်းကို အသာအယာ လှုပ်ရှားလိုက်သည်။ သူ၏ ဘေးရှိ ကျိုးယွမ်လီမှာ မျက်ခုံးပင့်သွားပြီးနောက် ချက်ချင်းပင် လက်အောက်ငယ်သား တစ်ဦးကို တိုးတိုးလေး ညွှန်ကြားလိုက်တော့သည်။
တိုက်ပွဲမြေပြင်နှင့် တစ်မိုင်ခန့် အကွာတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးဦး၏ ဝိညာဉ်အာရုံများမှာ ရောယှက်နေကြသည်။
"ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ လော့ထျန်းအဖွဲ့အစည်းက ဒီလောက်အထိ အင်အားကြီးလာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ"
"ဘာအံ့သြစရာ ရှိလို့လဲ၊ ဖိုရှန်းဂိုဏ်းက အတော်အသင့် အင်အားရှိခဲ့တာပဲ၊ လော့ထျန်းအဖွဲ့အစည်းက အဲဒီအင်အားရဲ့ အစိတ်အပိုင်းလေးကို စုပ်ယူလိုက်ရုံနဲ့တင် တခြားအဖွဲ့တွေကို ကျော်တက်သွားနိုင်တာပေါ့"
"ဝမ်ယွမ်ဆိုတဲ့ တိုက်ပွဲခန်းမဆောင် ခေါင်းဆောင်က တကယ့်ကို အစွမ်းထက်တာပဲ"
"ဟက်.... ရုပ်ခန္ဓာကျင့်စဉ် သက်သက်ပါပဲ၊ သူက အခြေခံတည်ဆောက်ခြင်းအဆင့်နီးပါး တိုက်ကွက်ကို ထုတ်နိုင်တယ် ဆိုပေမယ့် ငါတို့ရဲ့ ပေ ၁၀၀ အကွာကိုတောင် ကပ်နိုင်မယ် ထင်လို့လား"
ထိုစဥ် နန်ကုန်းကျင်း၏ အသံမှာ တစ်ဖန် ထွက်ပေါ်လာပြန်သည်။
"သူတို့ကို တိုက်ခိုင်းလိုက်ပါ၊ ဒီတိုက်ပွဲပြီးရင် ဖူမျိုးနွယ်စုလည်း မရှိတော့ဘူး၊ လော့ထျန်းအဖွဲ့အစည်းလည်း အထိနာသွားလိမ့်မယ်.... လော့ချန်က ထက်မြက်ပေမယ့် လူငယ်ပီပီ တဇွတ်ထိုးသွေးကြွနေတုန်းပဲလေ....ဒီလိုမျိုး အစွမ်းကုန် တိုက်နေရင် သူ့အဖွဲ့ချုပ်က...."
"ဟင်"
စကားတောင်မဆုံးနိုင်သေးခင် အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာသည်။ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားပြီ ဖြစ်သည်။
"ဟေး....အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုတစ်ခုမှာ ရတနာတွေ အများကြီး ရှိရမယ်"
တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးက လောဘဇောဖြင့် ရယ်မောလိုက်သည်။
"မိတ်ဆွေတို့.... ရတနာဆိုတာ ထိုက်တန်တဲ့သူအတွက်ပဲ၊ ငါ အရင်သွားနှင့်ပြီကွ"
"အတူတူ သွားကြမယ်ဟေ့ နေဦးကွ"
"ဖူမျိုးနွယ်စု ရဲ့ သွေးမှော်စာရွက်တွေ လုပ်တာက ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပဲ၊ ဒီနေ့ ငါ ကောင်းကင်ကိုယ်စား အပြစ်ပေးမယ်"
တိုက်ပွဲတွင် ဖူမျိုးနွယ်စု၏ တစ်ဖက်သတ် ရှုံးနိမ့်မှုမှာ သိသာနေပြီဖြစ်ရာ အခွင့်အရေးသမား ကျင့်ကြံသူများမှာ ဝိုင်းအုံလာကြတော့သည်။ တစ်စုံတစ်ဦး၏ သွယ်ဝိုက်သော လှုံ့ဆော်မှုအောက်တွင် ထောင်နှင့်ချီသော တစ်ကိုယ်တော်ကျင့်ကြံသူများသည် ဖူမျိုးနွယ်စုခံတပ်အတွင်းသို့ အလင်းတန်းများသဖွယ် ပြေးဝင်သွားကြသည်။ ခဏချင်းမှာပင် ကြီးမားလှသော ခံတပ်ကြီးမှာ လူများဖြင့် ပြည့်နှက်သွားတော့သည်။
လော့ချန် ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ကျိုးယွမ်လီ စေလွှတ်လိုက်သော လူငယ်မှာ လူအုပ်ကြားမှ အေးအေးလူလူ ပြန်လည် ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။
"ဝမ်ယွမ်နဲ့ တခြားလူတွေကို ပြောလိုက်၊ တိုက်ခိုက်ရေးအဖွဲ့က ကျင့်ကြံသူအားလုံးကို ပြန်ဆုတ်ခိုင်းလိုက်တော့.... ပြီးတော့ အချက်ပြလိုက်ပါ၊ တွမ်ဖုန်းတို့ အခြေအနေ မဟန်ရင် ချက်ချင်း ပြန်ဆုတ်ဖို့ ပြောလိုက်"
လော့ထျန်းအဖွဲ့အစည်း၏ ကျင့်ကြံသူများမှာ တိုက်ပွဲမြေပြင်မှ တဖြည်းဖြည်း ဆုတ်ခွာသွားကြသော်လည်း ခံတပ်အတွင်း တိုက်ပွဲမှာမူ ပို၍ ပြင်းထန်လာသည်။ ယခုအခါ တိုက်ပွဲမှာ ဖူမျိုးနွယ်စုဝင်များနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများ၊ သို့မဟုတ် တစ်ကိုယ်တော်ကျင့်ကြံသူများ အချင်းချင်းကြား ရုန်းရင်းဆန်ခတ် ဖြစ်နေခြင်း ဖြစ်သည်။
"ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့စာရင်း ပြုစုထားပါ၊ ရလာတဲ့ သုံ့ပန်းပစ္စည်းတွေကို သိမ်းစရာမလိုဘူး၊ ရတဲ့လူ ယူလိုက်တော့.... အခြေအနေ ငြိမ်သွားရင် ဖူမျိုးနွယ်စုရဲ့ အဓိက ပိုင်ဆိုင်မှုတွေကို သိမ်းဖို့ ငါတို့ နောက်တစ်ခေါက် ပြန်ဝင်မယ်"
ဝမ်ယွမ်သည် လော့ချန်၏ အနားသို့ တိတ်ဆိတ်စွာ လျှောက်လာသည်။ ဤတိုက်ပွဲ တစ်ခုလုံးမှာ လော့ချန်၏ စီစဉ်မှုအတိုင်း တိတိကျကျ ဖြစ်ပျက်နေသည်ကို မြင်သောအခါ သူ၏ မျက်လုံးထဲတွင် လော့ချန်အပေါ် လေးစားမှု များ တဖွားဖွားပေါ်နေသည်။
လော့ချန်သည် ဖူမျိုးနွယ်စုကို လှေကားထစ်တစ်ခုအဖြစ် အသုံးချကာ တာဟဲ စျေးမြို့တော်တွင် လော့ထျန်းအဖွဲ့အစည်း၏ နေရာကို ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်လေသည်။
“တစ်ယောက်တည်း ကျင့်ကြံနေရင်တော့ ငါစိတ်နဲ့ငါသာဆို ဒီလောကကြီးထဲ သိပ်ခံမှာ မဟုတ်ဘူး....”
ထိုသို့ဖြင့် ဝမ်ယွမ်၏ စိတ်ထဲဝယ် အတွေးတစ်ခု ပေါ်လာသည်။ လော့ချန်ကို ကူညီခြင်းမှာ မိမိကိုယ်ကိုယ် ကူညီခြင်းပင် ဖြစ်လေသည်။ လောကကြီးတွင် အင်အားတစ်ခုတည်းနှင့် မလုံလောက်ဘဲ မဟာမိတ်နှင့် ခိုင်မာသော အခြေခံ လိုအပ်ကြောင်း သူ နားလည်သွားသည်။
လော့ချန်မှာ သူ ယုံကြည်ရသော လူတစ်ဦး ဖြစ်သလို သူ့လူများကိုလည်း ဘယ်သောအခါမှ ပစ်မထားတတ်သူ ဖြစ်သည်။ သို့သော်လည်း လော့ချန်၏ ကျင့်ကြံအဆင့်မှာ နိမ့်လွန်းနေသေးသည်။ အကယ်၍ သူသာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ခဲ့လျှင် ဟူ၍ ဝမ်ယွမ် တွေးမိသွားသည်။ ထိုစဉ်မှာပင် စူးရှလှသော ဒေါသဟိန်းသံကြီးတစ်ခု တိုက်ပွဲသံများကို ဖောက်ထွက်ကာ ပေါ်ထွက်လာသည်။
"ငါ့ရဲ့ ဖူမျိုးနွယ်စု ပျက်စီးသွားပြီ၊ အဓိက တရားခံကတော့ လော့ချန်ပဲ.... ဒီနေ့ ငါ ဖူကျန်းဟာ ဘိုးဘေးတွေကို အရှက်ခွဲမိပြီ၊ မရဏ သေခြင်းနဲ့ပဲ ငါ့အပြစ်ကို ဆေးကြောတော့မယ်”
ထိုသို့ နာကျင်ဖွယ် အော်ဟစ်သံနှင့်အတူ ဆန်းကြယ်လှသော စွမ်းအင်လှိုင်းတစ်ခုသည် ကျင့်ကြံသူများကြားမှ ပေါက်ကွဲထွက်လာသည်။ ဧရာမ ရွှေရောင် စစ်တူကြီးတစ်ခု လေထုထဲ၌ ပုံပေါ်လာတော့သည်။ ၎င်းမှာ မှော်လက်နက်တစ်ခု မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ စုစည်းထားသည့် ပုံရိပ်ယောင်ကြီးတစ်ခု ဖြစ်ကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ထိုစစ်တူကြီး၏ အောက်တွင် ဖူကျန်း၏ သွေးစွန်းနေသော ခန္ဓာကိုယ်မှာ သေးငယ်လွန်းလှသည်။ သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများမှာ လော့ချန်ဆီသို့သာ စိုက်ကြည့်နေသည်။ သူ၏ လက်ထဲရှိ ရွှေရောင်မှော်စာရွက်သည် ပတ်ဝန်းကျင်ရှိ ချီစွမ်းအားအားလုံးကို ငမ်းငမ်းတက် စုပ်ယူနေတော့သည်။
“သွေး မှော်စာရွက်ဟေ့....အမြန် ပြေးကြ" ဟု တစ်စုံတစ်ဦးက အသားကုန်အော်ဟစ်လိုက်သည်။
ထိုအခါမှစ၍ ခံတပ်အတွင်းရှိ လောဘဇောတိုက်နေသော ကျင့်ကြံသူအားလုံးမှာ အသက်လုကာ ထွက်ပြေးကြတော့သည်။ ဖူကျန်းသည် သူတို့အား လှည့်မကြည့်ဘဲ လော့ချန်ကိုသာ အပိုင်းပိုင်း စုတ်ဖြတ်ပစ်ချင်သည့်အလား စိုက်ကြည့်နေသည်။
"ငါ သေရင်တောင် မင်းကို ငရဲအထိ ဆွဲခေါ်သွားမယ်ကွ”
နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်မှာ လှံတစ်စင်းအလား ရှေ့သို့ ထိုးထွက်သွားပြီး သူ့ အထက်ရှိ ဧရာမ ရွှေရောင်စစ်တူကြီးမှာ လော့ချန်ဆီသို့ ဝှေ့ယမ်းကျဆင်းလာတော့သည်။
"ဟာ အဖွဲ့ချုပ်ခေါင်းဆောင်အတွက် အန္တရာယ်ရှိတယ်”
"အဖွဲ့ချုပ်ခေါင်းဆောင်.... အမြန်....အမြန်ဆုတ်ပါ”
ထိုသို့သော အော်ဟစ်သံများကြား၌ လော့ချန်သည် မထင်မှတ်ထားသည်ကို လုပ်ဆောင်လိုက်သည်။ သူ နောက်မဆုတ်ဘဲ ရှေ့သို့ တိုးသွားခဲ့သည်။
ဝမ်ယွမ်၏ ရင်ထဲ၌ တုန်လှုပ်သွားပြီး သူ၏ လက်မှာ လေထဲ၌ ရပ်တန့်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ သွေးချီ အနည်းငယ် ထွက်ပေါ်လာသော်လည်း နောက်ဆုံး၌ သူ သက်ပြင်းချကာ ရပ်တန့်လိုက်သည်။ ဤသည်မှာ လော့ချန် ရွေးချယ်သည့် အကြံအစည် လမ်းပင် ဖြစ်သည်။
"လာခဲ့ကြစမ်း.... မှော်စာရွက် ရတနာရဲ့ တကယ့်စွမ်းအားကို ငါ ကိုယ်တိုင် ကြည့်ချင်သေးတယ်”
လော့ချန်သည် မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်လုံးထဲ၌မူ ရူးသွပ်မှုများ ပါဝင်နေသည်။ ဤသည်မှာ သူ အကြာကြီး မြိုသိပ်ထားခဲ့ရသော ဒေါသများ ဖြစ်သည်။
ကောင်းထင်ယွမ်၏ ခြိမ်းခြောက်မှု၊ မီရှုဟွာ၏ အသုံးချမှုနှင့် မြောင်ဝမ်၏ နှိမ်ချမှုများကြောင့် သူ၏ ရင်ထဲ၌ ရူးသွပ်မှုများ ကိန်းအောင်းနေခဲ့ပြီ ဖြစ်သည်။ ဤတိုက်ပွဲမှာ အောင်မြင်နေပြီဖြစ်သော်လည်း အဆုံးသတ်မရောက်သေးပေ။
သူသည် လော့ထျန်းအဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ် ဤအောင်ပွဲကို မိမိကိုယ်တိုင် အဆုံးသတ်ပေးရမည်ဟု စိတ်ပိုင်းဖြတ်ထားလေသည်။
ဤသို့ဖြင့် သူ ရှေ့သို့ တိုးဝင်သွားစဉ် သူ၏ နောက်ကျော၌ ဧရာမ အပြာရောင် အလံကြီးတစ်ခု ပေါ်ထွက်လာသည်။
ဝေါင်း....
နဂါးတစ်ကောင်သည် သူ၏ ရှေ့၌ ပုံပေါ်လာသည်။
"ထွက်လာစမ်း.... ထွက်လာစမ်း.... နောက်တစ်ကောင် ထပ်ထွက်စမ်း”
လော့ချန် ဟိန်းဟောက်ရင်း အလံတော်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။ နောက်တစ်ခဏ၌ အပြာရောင် နဂါး ခြောက်ကောင်မှာ ကောင်းကင်၌ ပေါ်ထွက်လာတော့သည်။ သူ အလံကို အားပါးတရ ဝှေ့ယမ်းလိုက်ရာ နဂါး ခြောက်ကောင်လုံးသည် ဧရာမ ရွှေရောင်စစ်တူကြီးဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
ဗုန်း.... ဗုန်း.... ဗုန်း....
ဗုန်း.... ဗုန်း.... ဗုန်း....
ရွှေရောင်နှင့် အပြာရောင်တို့ ရောယှက်ကာ ပေါက်ကွဲသံများက တိုက်ပွဲမြေပြင်ကို လွှမ်းမိုးသွားသည်။ ထိုစဉ် အရိပ်တစ်ခုသည် ဓားအိမ်မှ ထွက်လာသော ဓားတစ်စင်းအလား ကောင်းကင်သို့ ခုန်တက်သွားပြီး ကျန်ရှိနေသော စစ်တူပုံရိပ်ယောင်ကို အားပါးတရ တိုက်ခိုက်လိုက်တော့သည်။
ဖူကျန်းတစ်ယောက် အံ့အားသင့်စွာ ကြည့်နေမိသည်။
“သူ....သူက ဘယ်လိုလုပ် ဒီမှော်စာရွက် ရတနာကို ထိပ်တိုက်ရင်ဆိုင်ရဲတာပါလိမ့်” ဟု သူ ကြက်သေသေရင်း တွေးနေမိသည်။
တောက်ပလှသော ရွှေရောင်အလင်းတန်းများမှာ သူ၏ ရှေ့၌ ပေါက်ကွဲထွက်သွားပြီး သူ့အား ဝါးမြိုသွားတော့သည်။ ဧရာမ စစ်တူကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ယံဝယ် တောက်ပသော နေမင်းနှစ်စင်းသာ ကျန်ရှိတော့သည်။
ထိုအလင်းတန်းများကြားမှ အရိပ်တစ်ခုသည် နတ်ဘုရားတစ်ပါးအလား အေးချမ်းစွာ လမ်းလျှောက် ထွက်လာခဲ့လေတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၀၆) - ချီသန့်စင်အဆင့် ၉ နှင့် ကျင့်စဥ်များအား ပြန်လည်သုံးသပ်ခြင်း
"မလိုဘူးလို့ ပြောနေတာကို...."
"တကယ်ပဲ မလိုတာလား"
ကျောက်ခန်းမဆောင်အတွင်း၌ လူတစ်ဦးက ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး အခြားတစ်ဦးကမူ သူ၏ ရှေ့၌ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။
“အဟွတ်.... အဟွတ်....”
လော့ချန် နှစ်ချက်မျှ ချောင်းဆိုးလိုက်ရာ တိတ်ဆိတ်နေသော အခန်းအတွင်း သူ၏ အသံမှာ ခပ်တိုးတိုးသာ ထွက်ပေါ်လာသည်။ ဝမ်ယွမ်၏ အကြည့်မှာ လော့ချန်ထံ၌သာ စွဲမြဲနေပြီး တစ်စုံတစ်ခုကို လေးနက်စွာ စဉ်းစားနေပုံရသည်။
"အစ်ကို ကျွန်တော်ကို တစ်ခါက ပြောဖူးတယ်လေ...."
လော့ချန်က လေသံအေးအေးဖြင့် ရေရွတ်လိုက်သည်။
"'ယောက်ျားကောင်းဆိုတာ ဘယ်အချိန်မှာ လျှော့ပေးရမယ်၊ ဘယ်အချိန်မှာ တဇွတ်ထိုး ရပ်တည်ရမယ်ဆိုတာ သိရမယ်.... ဒါပေမဲ့ တကယ့် အဆုံးအဖြတ်ပေးရမယ့် အခိုက်အတန့်မှာတော့ စိတ်ဆန္ဒကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရမယ်၊ တကယ်လို့ အဲဒီစိတ်ဓာတ်သာ ကျိုးပျက်သွားရင် ကုန်းသွားတဲ့ ကျောပြင်ဟာ ဘယ်တော့မှ ပြန်မတ်လာတော့မှာ မဟုတ်ဘူး ဆိုတာလေ”
လော့ချန် အသက်ကို ဖြည်းညှင်းစွာ ရှူသွင်းလိုက်ပြီး တည်ငြိမ်စွာ ဆက်ပြောသည်။
"မနေ့က တိုက်ပွဲဟာ မလိုအပ်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော် ကြောက်တာက တကယ့် အရေးကြီးတဲ့ အချိန်ရောက်လာရင် ကျွန်တော် တွန့်ဆုတ်သွားမှာကိုပဲ၊ အကျိုးအမြတ်နဲ့ အန္တရာယ်ကို တွက်ချက်နေရင်းနဲ့ အခွင့်အရေးရော ကျွန်တော်ရဲ့ မူလစိတ်ဓာတ်ကိုရော ဆုံးရှုံးသွားမှာကို စိုးရိမ်မိတယ်"
ဝမ်ယွမ်သည် ထိုလေးနက်လှသော စကားများကြောင့် အံ့အားသင့်သွားရသည်။
လော့ချန် တစ်စုံတစ်ခုကို သွယ်ဝိုက်ပြောဆိုနေခြင်းများပေလော။ သို့တည်းမဟုတ် သူ မရှိသည့်အချိန်အတွင်း လော့ချန် ဘာများ ကြုံတွေ့ခဲ့ရသနည်း။
ဝမ်ယွမ် တစ်စုံတစ်ခု မမေးမြန်းမီမှာပင် လော့ချန် အားယူကာ ပြုံးလိုက်သည်။
"ဒါပေမဲ့လည်း.... အဲဒီ မှော်စာရွက် ရတနာရဲ့ ဒဏ်ချက်ကို တစ်ယောက်ယောက်ကတော့ ခံပေးရမှာပဲလေ"
"ငါ အစားဝင်ခံပေးလို့ ရတာပဲကွာ" ဟု ဝမ်ယွမ်က ပြတ်သားစွာ ဆိုသည်။
"ဒါဆို အစ်ကိုဝမ် ဒဏ်ရာရသွားမှာပေါ့" ဟု လော့ချန် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"ဒါတင်မကဘူး၊ အစ်ကို့ရဲ့ သွေးကျင့်စဉ်တွေ ပေါ်သွားနိုင်တယ်၊ တကယ်လို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က စောင့်ကြည့်နေခဲ့ရင် ဘယ်လိုလုပ်မလဲ"
ဝမ်ယွမ်မှာ ထိုအချက်ကိုမတွေးမိသဖြင့် ဆွံ့အသွားရသည်။ လော့ချန်က ရယ်မောရင်း ခေါင်းခါလိုက်သည်။
"တွေ့လား.... ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ အထိနာမှာပဲ၊ အစ်ကို ဝမ် ဆိုရင်လည်း အစ်ကို့အလျောက် တန်ဖိုးပေးရမယ်၊ ကျွန်တော်ဆိုရင်လည်း ကျွန်တော် ပေးရမယ်....အတူတူပါပဲ၊ ပြီးတော့လည်း ကျွန်တော်က ရူးမိုက်ပြီး သွေးကြွလို့ လုပ်ခဲ့တာလည်း မဟုတ်ဘူး"
အမှန်ပင်ဖြစ်သည်။ လော့ချန်နှင့် ဝမ်ယွမ်တို့သည် ဖူမျိုးနွယ်စုတွင် မှော်စာရွက် ရတနာ ရှိနေသည်ကို ကြိုတင် သိရှိထားကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုစာရင်းဝင် ဖြစ်နေသရွေ့ သူတို့၌ အခြေခံတည်ဆောက်ခြင်းအဆင့်အတန်းရှိသော လက်နက်များ ရှိနေမည်မှာ သဘာဝပင်ဖြစ်သည်။
မှော်စာရွက် ရတနာများမှာ ဝိညာဉ်ရတနာတစ်ခု၏ စွမ်းအား ၃၀ ရာခိုင်နှုန်းခန့်ကို ချိတ်ပိတ်ထားနိုင်ရာ အခြေခံတည်ဆောက်ခြင်းအဆင့်အောက် ကျင့်ကြံသူများအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော လက်နက်ဖြစ်သည်။
ဖူမျိုးနွယ်စုကို ပစ်မှတ်ထားကတည်းက လော့ချန်သည် ထိုမှော်စာရွက် ရတနာအတွက် စေ့စေ့စပ်စပ် ပြင်ဆင်ထားခဲ့သည်။ ဧရာမ စစ်တူပုံရိပ်ယောင် ပေါ်လာချိန်တွင် သူ၏ ပြင်ဆင်မှုများမှာ အလဟဿ မဟုတ်ခဲ့ကြောင်း သူ သိလိုက်သည်။
"တစ်ခုကောင်းသွားတာက မှော်စာရွက် ရတနာကို သုံးတဲ့သူက အဆင့် ၉ ကျင့်ကြံသူပဲလေ.... ပြီးတော့ တွမ်ဖုန်းတို့နဲ့ တိုက်ခိုက်ပြီးချိန်မှာ သူက ချီစွမ်းအား တော်တော် ကုန်ခမ်းနေပြီ၊ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ မှော်စာရွက် ရတနာရဲ့ ၃၀ ရာခိုင်နှုန်း စွမ်းအားဆိုတာလည်း တကယ်တော့ အများကြီး လျော့နည်းသွားခဲ့ပြီ"
"ဒါပေမဲ့ ကျွန်တော်ကတော့မတူဘူး.... ကျွန်တော်လက်ထဲမှာ ထိပ်တန်းအဆင့် မှော်လက်နက် ရှိနေသလို တန်ပြန်တိုက်ကွက်ကိုလည်း အသင့်ပြင်ထားနိုင်ခဲ့တယ်၊ ဒါကို ဘာကြောက်စရာ ရှိမှာလဲဗျာ"
ဝမ်ယွမ် ခေါင်းညိတ်လိုက်သည်။ သူ၏ တိုက်ပွဲအတွေ့အကြုံများအရ လော့ချန်၏ တွက်ချက်မှုကို သူ အပြည့်အဝ လက်ခံနိုင်သည်။ မှော်စာရွက် ရတနာဆိုသည်မှာ သာမန် မှော်စာရွက်များနှင့် မတူပေ။ သာမန်မှော်စာရွက်များတွင် ချိတ်ပိတ်ထားသော စွမ်းအားမှာ ပုံသေဖြစ်ပြီး အသုံးပြုသူ၏ အခြေအနေပေါ် မူတည်၍ ပြောင်းလဲခြင်း မရှိပေ။
သို့သော် မှော်စာရွက် ရတနာမှာမူ ဝိညာဉ်ရတနာတစ်ခု၏ အရှိန်အဝါကို ချိတ်ပိတ်ထားခြင်း ဖြစ်ရာ အသုံးပြုသူ၏ စွမ်းအားနှင့် ထိန်းချုပ်နိုင်စွမ်းပေါ်တွင် များစွာ မူတည်နေသည်။
ဖူမျိုးနွယ်စု၏ ဘိုးဘေးမှာ ရွှေအမြုတေအဆင့် မဟုတ်ခဲ့ဘဲ အခြေခံတည်ဆောက်ခြင်းအဆင့်သာ ဖြစ်ခဲ့သဖြင့် ထိုရတနာ၏ မူလစွမ်းအားမှာလည်း ကန့်သတ်ချက် ရှိနေသည်။ အကယ်၍ ဖူကျန်းသာ အားအင်အပြည့် ရှိနေပါက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကိုပင် ခြိမ်းခြောက်နိုင်မည် ဖြစ်သော်လည်း ထိုအချိန်က သူ အလွန် နွမ်းလျနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့်ပင် လော့ချန်တစ်ယောက် ဒုတိယအဆင့် မှော်အတတ်သုံး၍ ထိပ်တိုက်ရင်ဆိုင်မည်ကို ဝမ်ယွမ် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ရလဒ်မှာ ဖူကျန်းမှာ ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီး လော့ချန်မှာမူ ဒဏ်ရာအနည်းငယ်ဖြင့်သာ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
ဝမ်ယွမ်က သက်ပြင်းချရင်း ဆိုသည်။
"ဒီတိုက်ပွဲပြီးရင်တော့ မင်းဟာ တာဟဲစျေးမြို့တော်ရဲ့ ချီသန့်စင်အဆင့် ကျင့်ကြံသူတွေကြားမှာ တကယ့် နေရာတစ်နေရာကို ရသွားပြီပဲ"
ထိုအခါ လော့ချန်က ရယ်မောလိုက်သည်။
"ဟားဟား.... ကျွန်တော့်မှာ အရင်ကတည်းက နေရာရှိပြီးသား မဟုတ်လားဗျာ"
"မဟုတ်ဘူး.... ငါ ဆိုလိုတာက ဝိညာဉ်ကျောက်တုံး ရှာနိုင်တဲ့ စွမ်းရည်တင် မဟုတ်ဘဲ တိုက်ခိုက်ရေး စွမ်းရည်ကို ပြောတာပါကွာ"
လော့ချန်က လက်ကာပြလိုက်ပြီး ဆိုသည်။
"ကဲ.... ဒါကို ဒီမှာပဲ ရပ်လိုက်ရအောင်.... နောက်ရက်အနည်းငယ်မှာတော့ ကျွန်တော် ဒဏ်ရာကို အကြောင်းပြပြီး လူတချို့ကို ရှောင်နေဦးမယ်၊ လော့ထျန်းအဖွဲ့အစည်းကို အစ်ကိုဝမ်ပဲ ကြည့်ပေးထားပါ၊ ပြီးတော့ ဒေါ်လေး မုရုံချင်းလျန် နဲ့ ပေါင်းပြီး ဒီတိုက်ပွဲက ရလာတဲ့ ပစ္စည်းတွေနဲ့ ဆုံးရှုံးမှုတွေကို စာရင်းလုပ်ထားလိုက်ဦး"
"ကျွန်တော်ရဲ့ လုပ်နေကျ မူစရိုက်ကို အစ်ကို သိပါတယ်၊ တကယ်လို့ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကျင့်ကြံသူတွေရဲ့ မျိုးနွယ်စုတွေ ကျန်ခဲ့ရင်.... သူတို့အတွက် လုံလောက်တဲ့ လျော်ကြေးတွေ ပေးလိုက်ပါ၊ ပြီးတော့ ကျောက်စိမ်းအမြုတေ ဆေးလုံးတွေကိုလည်း စတင်ရောင်းချလို့ ရပြီ၊ ကူချိုင်ယီ နဲ့ ကျန်းဝမ် တို့ကို စီစဉ်ခိုင်းလိုက်ပါ"
ဤသို့ဖြင့် လော့ချန်သည် အဖွဲ့ချုပ်၏ ကိစ္စရပ်များကို တစ်ခုပြီးတစ်ခု စနစ်တကျ ညွှန်ကြားနေသည်။ ဝမ်ယွမ်မှာမူ ထိုအစီအစဉ်များကို နားထောင်ရင်း ခေါင်းပင် ကိုက်လာသလို ခံစားရသည်။ ခေတ္တအကြာတွင် ဝမ်ယွမ်က ခေါင်းခါရင်း ဆိုသည်။
"တော်တော့ကွာ....အမြန်သာ ပြန်ကောင်းအောင်လုပ်.... ဒီလို ကိစ္စတွေကို ငါ ကိုင်တွယ်ရတာ တကယ် စိတ်ပျက်ဖို့ ကောင်းတယ်"
ထို့နောက် သူ လှည့်ထွက်သွားတော့သည်။ ဝမ်ယွမ် ထွက်သွားသည်နှင့် လော့ချန်သည် ရင်ဘတ်ကို ဖိကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်မိသည်။
ပြင်ပဒဏ်ရာများမှာ မပြင်းထန်သော်လည်း အတွင်းဒဏ်ရာများမှာမူ အချိန်ယူကုသရန် လိုအပ်ပေဦးမည်။
"ကောင်းပြီ.... ဒီအချိန်ကို ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်လိုက်တော့မယ်"
ထို့နောက် သူ အစီအရင်များကို အသက်သွင်းလိုက်ပြီး ဝိညာဉ်ကြောလိုဏ်ဂူအတွင်းသို့ တိတ်ဆိတ်စွာ ဆင်းသက်သွားတော့သည်။
လေးရက်ကြာပြီးနောက်....။
လော့ချန် မျက်လုံးများကို ဖွင့်လိုက်ပြီး ဝမ်းသာအားရ ဖြစ်သွားသည်။
ချီသန့်စင် အဆင့် ၉....။
သူ အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း - ၂၈/၇၅
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)
အဆင့် - ချီသန့်စင်အဆင့် ၉ (၁/၁၀၀)
အောင်မြင်မှုအမှတ် - ၃၄
[ကျင့်စဉ်များ]
နွေဦးကျင့်စဉ် - အထွတ်အထိပ်အဆင့်
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် - အခြေခံအဆင့် (၇၁/၁၀၀)
[မှော်အတတ်များ]
မီးလုံးမှော်အတတ် - အထွတ်အထိပ်အဆင့်
လေဟုန်စီးအတတ် - အထွတ်အထိပ်အဆင့်
ဆွဲငင်ခြင်းမှော်အတတ် - အထွတ်အထိပ်အဆင့်
ချီဖုံးကွယ်မှော်အတတ် - အထွတ်အထိပ်အဆင့်
နွယ်ရှင်နှောင်ကြိုး - ပါရမီရှင်အဆင့် (၈၁၀/၁၀၀၀)
နတ်မျက်စိ မှော်အတတ် - ပါရမီရှင်အဆင့် (၉၈၀/၁၀၀၀)
သန့်စင်ခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၇၇၅/၁၀၀၀)
ကုသခြင်းမှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၇၀/၅၀၀)
မြေစိုင်တောင် မှော်အတတ် - ကျွမ်းကျင်အဆင့် (၂၅၀/၃၀၀)
လှိုင်းလုံးမှော်အတတ် - ကျွမ်းကျင်အဆင့် (၂၁၀/၃၀၀)
အသံလုံအတားအဆီး မှော်အတတ် - အခြေခံအဆင့် (၇၁/၁၀၀)
[ဆေးဖော်စပ်ခြင်း]
ကျောက်စိမ်းကွဲခြင်း - ပါရမီရှင်အဆင့် (၅၁၀/၁၀၀၀)
သစ္စာနှလုံးသား - ပြီးပြည့်စုံအဆင့် (၃၂၅/၅၀၀)
[ကိုယ်ခံပညာ]
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - ပါရမီရှင်အဆင့် (၇၈၀/၁၀၀၀)
ကောင်းကင်နတ်သမီးပန်းကြဲခြင်း - ပြီးပြည့်စုံအဆင့် (၃၁၉/၅၀၀)
[အတတ်ပညာများ]
ပထမအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးလုံး - အထွတ်အထိပ်အဆင့်
အံ့ဖွယ်တစ်သောင်းဆေးလုံး - ပါရမီရှင်အဆင့် (၇၃၀/၁၀၀၀)
ကျောက်စိမ်းအမြုတေ ဆေးလုံး - ပါရမီရှင်အဆင့် (၆၀၀/၁၀၀၀)
သွေးအဆီအနှစ်ဆေးလုံး - အခြေခံအဆင့် (၆၂/၁၀၀)
လော့ချန် သေချာစွာ ပြန်လည်တွက်ချက်ကြည့်ရာ သူသည် အဆင့် ၈ သို့ မတ်လအတွင်းက ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ စက်တင်ဘာလသို့ ရောက်ရှိလာပြီဖြစ်ရာ ခြောက်လတိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤခြောက်လအတွင်း သူသည် နွေဦးကျင့်စဉ်ကို တစ်ရက်မျှ မပြတ်ကျင့်ကြံခဲ့ပြီး ဆေးလုံးမျိုးစုံနှင့် ဝမ်ယွမ် ယူလာပေးသော ရွှေဝိညာဉ်မျောက်အရက် တို့၏ အကူအညီဖြင့် ချီစွမ်းအားကို အမြဲ အမြင့်ဆုံးအဆင့်၌ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သော ငါးရက်ခန့်က တိုက်ပွဲသည် သူ၏ ကျင့်ကြံမှုကို နောက်ဆုံးအဆင့်သို့ တွန်းပို့ပေးလိုက်သော တွန်းချက် ဖြစ်လာခဲ့သည်။
"ခြောက်လ.... ဒီအဆင့်ကို တက်လှမ်းဖို့ အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သောင်းလောက် သုံးခဲ့ရတယ်၊ ဘယ်တစ်ကိုယ်တော်ကျင့်ကြံသူက ဒီလောက်အထိ သုံးနိုင်မှာလဲ....အင်း ဒါပေမဲ့.... တန်ပါတယ်"
လော့ချန် သူ၏ ဒန်တျန်ထဲသို့ စိတ်အာရုံဖြင့် ကြည့်လိုက်သည်။ ဒန်တျန်၏ အလယ်ဗဟို၌ မြူနှင်းကဲ့သို့သော ချီစွမ်းအား အစုအဝေးလေးတစ်ခု စတင် ပုံဖော်နေပြီ ဖြစ်သည်။ ဤသည်မှာ အဆင့် ၉ သို့ ရောက်ရှိခြင်း၏ ပြယုဂ်ပင် ဖြစ်လေသည်။
"မီရှုဟွာရဲ့ မှတ်တမ်းတွေအရဆိုရင်.... ငါ့ရဲ့ ဒန်တျန် တစ်ခုလုံးကို ဒီဝိညာဉ်မြူတွေနဲ့ ပြည့်အောင် လုပ်ရမယ်၊ အဲဒီအခါမှသာ ချီသန့်စင် အဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်မှာ ဖြစ်တယ်တဲ့”
သူ တိုးတက်မှုကို ခန့်မှန်းကြည့်ရာ ယခုရှိနေသော ဝိညာဉ်မြူမှာ ဒန်တျန်၏ ဆယ်ပုံတစ်ပုံပင် မရှိသေးပေ။ ဆိုလိုသည်မှာ ဤအဆင့်ကို ရောက်ရန် သုံးခဲ့သော အချိန်ထက် ဆယ်ဆပို၍ အားထုတ်ရပေဦးမည်။
"ဟူး....ဒါကြောင့်လည်း တစ်ကိုယ်တော်ကျင့်ကြံသူတွေဟာ အဆင့် ၉ မှာပဲ တစ်သက်လုံး ပိတ်မိနေကြတာကိုး"
သို့သော် ဤဝိညာဉ်မြူမှာ ချီစွမ်းအား၏ မြစ်ဖျားခံရာ ဖြစ်သည်။ ခန္ဓာကိုယ်အတွင်း၌ ဤမြူစအနည်းငယ် ကျန်ရှိနေသရွေ့ ချီစွမ်းအားများ ကုန်ခမ်းသွားပါကလည်း ယခင်ကဲ့သို့ အချိန်အကြာကြီး ပြန်လည်သန့်စင်နေရန် မလိုတော့ဘဲ လွယ်ကူစွာ ပြန်လည်ဖြည့်တင်းနိုင်သည်။ ထို့နောက် လော့ချန် အခြားကျင့်စဥ်များကို ကြည့်လိုက်သည်။
"နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်က ဒုတိယအဆင့်ကို ရောက်တော့မှာပဲ"
လော့ချန် စိတ်လှုပ်ရှားသွားသည်။ ဤကျင့်စဉ်ကြောင့် သူ၏ နာကျင်မှုကို ခံနိုင်ရည်ရှိမှုမှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုမှော်စာရွက် ရတနာ၏ တိုက်ခိုက်မှုကို ခံယူပြီးချိန်တွင် သူ ပြုံးနေနိုင်ခဲ့ခြင်းမှာ ဤကျင့်စဉ်၏ ကျေးဇူးကြောင့်ပင်။
မှော်အတတ်များဘက်တွင်မူ နတ်မျက်စိမှာ အထွတ်အထိပ်သို့ ရောက်ရန် ၂၀ မှတ်သာ လိုတော့သည်။ ကုသခြင်းမှော်အတတ်မှာလည်း သူ၏ ဒဏ်ရာများကြောင့် ခဏခဏ သုံးနေရသဖြင့် တိုးတက်မှု မြန်ဆန်နေသည်။
အတတ်ပညာများတွင်မူ သူ၏ ကျောက်စိမ်းအမြုတေဆေးလုံးမှာ ပါရမီရှင်အဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ချင်ယွမ်ဇီ၏ ကျမ်းထဲမှ ထူးခြားသော ဆေးဖော်နည်းစနစ်များကို ရယူလိုစိတ် ပြင်းပြနေမိသည်။ အကယ်၍ သူသာ ထိုနည်းစနစ်များကို ရရှိခဲ့ပါက သွေးမိစ္ဆာဆေးလုံးကိုပင် ဖော်စပ်နိုင်ပေလိမ့်မည်။
"၃၄ မှတ်.... ဒီအောင်မြင်မှုအမှတ်တွေက ဒုတိယအဆင့် ဆေးနည်းတစ်ခုကို ဖွင့်ဖို့ လုံလောက်ပါ့မလား"
လော့ချန် သူ၏ အောင်မြင်မှုအမှတ်များကို ကြည့်ကာ ရေရွတ်လိုက်ရင်း၊ ရှေ့ဆက်ရမည့် လမ်းစဉ်အတွက် စိတ်ကူးယဉ်နေလေတော့သည်။