အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁)
ကောင်းကင်ဘုံကြေးဝါလက်၊ ပါရမီ(အသားထူခြင်း)
ဂိုဏ်းမှထွက်ခွာပြီးနောက် မုန့်ချန်ချင်းအလျှင်အမြန်ပဲ သူ့မိသားစုဆီဦးတည်လိုက်သည်။
ခရီးအတွက်တော့ ဂိုဏ်းမှ ၂နှစ်ခွဲလေ့ကျင့်ပေးထားည့် စိတ်ဝိညာဥ်မြင်းတစ်ကောင်ယူလာခဲ့သည်။
သက်လုံအလွန်ကောင်းပြီး မိုင် ၇၀၀၊ ၈၀၀ ကို ချွေးမထွက်ပဲ သွားနိုင်၏။
"တွေးကြည့်မှ ငါမပြန်ဖြစ်တာတောင် ၂ နှစ်လောက်ရှိလောက်ပြီ...."
မုန့်ချန်ချင်း ကျယ်ပြောလှသည့်ကောင်းကင်နှင့်မြေကြီးကိုကြည့်ကာ နှလုံးသားထဲခံစားချက်တွေရစ်ဝဲလာပြီး ရေရွတ်လိုက်သည်။
သူပြန်မသွားဖြစ်ရသည့်အကြောင်းပြချက်က သိပ်ထူးထူးခြားခြားမဟုတ်ပေ။ အဓိကအကြောင်းပြချက်က ကျင့်ကြံရေးနှေးကွေး၍ မိသားစုပေးသည့်အရင်းအမြစ်တွေကို အလဟသဖြစ်စေတယ်ဟု ခံစားမိသောကြောင့် ဖြစ်သည်။
သို့ပေမယ့် ယခု အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ချိုးဖြတ်ပြီးဖြစ်ရာ ပြဿနာမရှိသင့်တော့ပေ။ အောင်ပွဲခံပြန်ခြင်းဟုတောင် ယူဆနိုင်တာပဲဖြစ်သည်။
"ဒေါ်လေး..."
ပုံရိပ်တစ်ခု မုန့်ချန်ချင်းစိတ်ထဲပေါ်လာခဲ့သည်။
သူမက လက်ရှိမုန့်မိသားစုဥက္ကဠဖြစ်ပြီး အမြဲ အနက်ရောင်ဝတ်စုံနှင့် ဝါးဦးထုတ်ကို ဝတ်ဆင်ထား၏။
အတိအကျပြောရလျှင် သူမက သူ့ဒေါ်လေးအရင်းမဟုတ်ပေ။ ကလန်အကြီးအကဲတွေပြောစကားအရ သူမက သူ့အမေ၏ဂျူနီယာညီမဖြစ်၏။
သူမကလည်း အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။
ဒေါ်လေးဖြစ်သူ၏ထောက်ပံ့ပေးမှုကြောင့်သာမဟုတ်လျှင် မုန့်ကုန်သွယ်ရေးမိသားစုက နှစ်အတော်ကြာကတည်းက အခြားအင်အားစုတွေ၏ ဝါးမျိုးခြင်းကို ခံနေရပြီဖြစ်သည်။
ဤနှစ်တွေတစ်လျှောက် ဒေါ်လေးဖြစ်သူကြောင့် သူက မိသားစုအရင်းအမြစ်တွေကို အဆက်မပြတ်ရနေခဲ့တာဖြစ်သည်။
"သွားစို့..."
မုန့်ချန်ချင်း အတွေးတွေစုစည်းပြီး စိတ်ဝိညာဥ်မြင်းကို မောင်းနှင်လိုက်၏။
.....
သုံးရက်ကြာ, ပိုင်ယွင်တောင်...
မိုင်းပေါင်းရာချီဖြန့်ကျက်နေပြီး တောင်တန်းတွေက မြင့်မား ရှေးကြလှကာ အန္တရာယ်ရှိချောက်ကမ်းပါးများစွာနှင့် နတ်ဆိုးသားရဲတွေ ကျက်စားရာနေရာဖြစ်သည်။
အတိုးချုန်းပြောရလျှင် ဤနေရာက အန္တရာယ်ရှိသည့်နေရာတစ်ခုဖြစ်၏။ သိုင်းပညာရှင်တွေကလွဲပြီး သာမန်လူတွေ မလာရဲကြပေ။
ထို့ပြင် မကြာသေးခင်၌ ပိုင်ယွင်ဓားပြအဖွဲ့ပေါ်လာပြီး ဖြတ်သွားဖြတ်လာကုန်သည်အဖွဲ့တွေကို လုယက်သတ်ဖြတ်ကြ၏။
ရလဒ်အနေဖြင့် လူတွေထိတ်လန့်ကုန်ပြီး တစ်ယောက်မှ ဤဧရိယာကို ဖြတ်မသွားရဲကြတော့ပေ။
ပစ်မှတ်ထားခံရတာရှောင်ရှားဖို့ ပိုင်ယွင်ဓားပြတွေက အလွန်ပါးနပ်ပြီး သူတို့၏စခန်းကို ကောင်းကောင်းဖုံးကွယ်ထားရာ ရှာတွေ့ဖို့မလွယ်ပေ။
သို့ပေမယ့် ကံမကောင်းစွာပဲ, ထိုက်ရွမ်ဂိုဏ်းရှေ့၌ ဤပါးနပ်မှုဟာ မလုံလောက်ပေ။
သူတို့ပစ်မှတ်ထားခံရသည့်အခါ အချိန်မှီသိလိုက်မည်မဟုတ်ပေ။
ထို့ကြောင့် အတွင်းစည်းတပည့်တွေ၏လေ့ကျင့်ရေးတစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။
ဘုန်း...
စခန်းဂိတ် ရုတ်တရက်အပိုင်းပိုင်းအဖြစ် ပြိုကျသွားပြီး အရပ်မျက်နှာအသီးသီးကို ပျံ့ကျဲသွားခဲ့သည်။
ဓားပြအချို့ရှောင်ချိန်မရလိုက်ပဲ လွင့်ထွက်ကုန်ပြီး သွေးသံရဲရဲဖြစ်ကုန်၏။
"အတော်လေးဖုံးကွယ်ထားတာပဲ..."
ထူးမခြားနားအသံတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
ကျိုးပျက်သွားသည့်ဂိတ်၌ အဖြူဝတ်လူငယ်တစ်ယောက် နေရောင်အောက်မှာ အေးအေးဆေးဆေး လျှောက်ဝင်လာခဲ့သည်။
သူက လက်တစ်ဖက်၌ ဓားကိုကိုင်ထားပြီး အနက်ရောင်ဆံပင်က အသာအယာလွင့်ပျံနေကာ အစွမ်းထက်အော်ရာက နေရာတစ်ခုလုံးကို ဖုံးလွမ်းထားခဲ့သည်။
"ရန်သူတိုက်ခိုက်လာပြီ..."
အဆက်မပြတ်အချက်ပေးသံတွေ ထွက်ပေါ်လာခဲ့သည်။
မကြာမီ, ဓားပြအများအပြား စုဝေးလာခဲ့သည်။
အရေအတွက်အားဖြင့် ၁၀၀ ကျော်လောက်ရှိကာ ခွန်အားအမျိုးမျိုးနှင့် အများစုက သွေးကြောပုံသွင်းခြင်းနယ်ပယ် အဆင့် ၂ အဆင့် ၃ တွေသာဖြစ်ကြသည်။
အဆင့် ၇ အဆင့် ၈က တစ်ဒါဇင်လောက်သာရှိ၏။
အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အတွက်တော့ ခုချိန်ထိ တစ်ယောက်မှမတွေ့ရသေးပေ။
"ဒါ ထိုက်ရွမ်ဂိုဏ်းတပည့်ပဲ...."
တစ်စုံတစ်ယောက် မုန့်ချန်ချင်းဝတ်စုံကိုမှတ်မိသွားပြီး အသံထဲ၌ကြောက်ရွံ့မှုတွေရှိနေခဲ့သည်။
ထျန်လင်းစီရင်စု၌ ထိုက်ရွယ်ဂိုဏ်းက မီးတောက်နေမင်းတောင်ကြား၊ ဘီလူးဝိညာဥ်ဂိတ်၊ လေတိမ်မြို့တို့နှင့်အတူ အာဏာရှိအင်အားစုတစ်ခုဖြစ်၏။
အပြင်ဘက်၌ မည်သူမှ ထိုအင်အားစုတွေ၏တပည့်တွေကို အလွယ်တကူရန်မစရဲပေ။
"မလန့်ကြနဲ့...."
နက်ရှိုင်းသည့်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ပုံရိပ်သုံးခုမိုးပေါ်မှဆင်းသက်လာပြီး လူတိုင်းရှေ့ရပ်ကာ မုန့်ချန်ချင်းကို မျက်နှာချင်းဆိုင်လိုက်၏။
ထိုအရာက လက်အောက်ငယ်သားနှစ်ယောက်နှင့် ပိုင်ယွင်ဓားပြအဖွဲ့ခေါင်းဆောင်ဖြစ်သည်။
ခေါင်းဆောင်ဖြစ်သူ၏နာမည်ကို အတိအကျမသိရပဲ အပြင်လူတွေကတော့ ကောင်းကင်ကြေးဝါးလက်ဟု ခေါ်ဆိုကြ၏။
အဘယ်ကြောင့်ဆိုသော် ဤလူ၏လက်သီးနည်းစနစ်က သာမန်မဟုတ်သောကြောင့်ပင်။ တစ်ချက်ထိုးလိုက်လျှင် သူ့လက်သီးတွေက အရည်ကျိုထားသည့်ကြေးဝါရည်တွေလောင်းထည့်လိုက်သလိုပင်။
ခွန်အားကြီးမားရုံသာမက ခုခံအားကလည်း အလွန်ကြောက်စရာကောင်း၏။
ဓား၊လှံတွေဖြင့်ခုတ်လျှင်တောင် ဒဏ်ရာရစေဖို့ခက်ခဲ၏။
ကျင့်ကြံရေးက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၇ ဖြစ်ပြီး မုန့်ချန်ချင်းထက် ၃ ဆင့်ပိုမြင့်၏။
ထို့ကြောင့်, မုန့်ချန်ချင်းဤတာဝန်ရွေးချယ်ချိန်က တာဝန်ခန်းမထဲရှိတပည့်တွေ သူ့ကိုဖြောင်းဖျဖို့ကြိုးစားကြတာဖြစ်သည်။
သို့ပေမယ့် အဆုံးမှာတော့ သူတို့ သူ့ကို မဖြောင်းဖျနိုင်ခဲ့ပေ။
အကန့်အသတ်ဖြင့်လုပ်ဖို့သာ အကြံပေးနိုင်ခဲ့၏။
ဤအဆင့်သိုင်းပညာရှင်က အတွင်းစည်းတပည့်တွေကို ယှဥ်နိုင်လုနီးပါးပင်။
နယ်ပယ်အဆင့်ကွာခြားလွန်း၍ သူတို့ကိုသတ်ဖို့က လွယ်မည်မဟုတ်ပေ။
ထို့ပြင် သူ့တို့လက်ထဲ၌တောင် ပြန်သေသွားနိုင်တာပဲဖြစ်သည်။
သို့ပေမယ့် မုန့်ချန်ချင်းက သာမန်အတွင်းစည်းတပည့်မဟုတ်ပေ။
လေမိုးကြိုးဓားသိုင်းပဲဖြစ်ဖြစ်၊ ဓားခြေလှမ်းပဲဖြစ်ဖြစ် နှစ်ခုလုံးကို ပြီးပြည့်စုံခြင်းအဆင့်ထိလေ့ကျင့်ထားနိုင်ပြီး ဓားချီဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။
ခွန်အားကုန်သုံးလျှင် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၇၊ ၈ မပြောနှင့် အဆင့် ၉တောင် ခေါင်းပြတ်သွားနိုင်တာပဲဖြစ်သည်။
သူတို့၌ ဝှက်ဖဲအများအပြားမရှိလျှင်ပေါ့...
"ထိုက်ရွမ်ဂိုဏ်းတပည့်, အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၄...."
ကောင်းကင်ကြေးဝါလက် မုန့်ချန်ချင်းကို တွက်ချက်ကြည့်ပြီး အနည်းငယ် စိတ်အေးသွား၏။
ရောက်လာသူ၏နယ်ပယ်က သူ့ထက်မြင့်နေလျှင် အများကြီးပြောမနေပဲ သူ့လက်အောက်ငယ်သားတွေကိုခေါ်ကာ ဆုတ်ခွာသွားမည်ဖြစ်သည်။
သို့ပေမယ့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၄ကတော့....
အဆင့်တူတောင်မဟုတ်၍ သူ ယှဥ်နိုင်သေး၏။
"ကြည့်ရတာ ထိုက်ရွမ်ဂိုဏ်းက ငါတို့ပိုင်ယွင်ဓားပြတွေကို လေ့ကျင့်ရေးတာဝန်အဖြစ် သတ်မှတ်ထားပြီးပြီထင်တယ်...."
ကောင်းကင်ကြေးဝါးလက် အေးစက်စွာလှောင်ပြောင်လိုက်သည်။
"ဒါပေမယ့်, အဆင့် ၄နဲ့ လာရဲတယ်ဆိုတော့ မင်းက "သေတယ်"ဆိုတဲ့စကားလုံးကို ဘယ်လိုရေးရလဲ တကယ်မသိဘူးနဲ့တူတယ်...."
"ငါတို့အပြင်ကလူတွေကို အမှိုက်လို့ မင်းထင်နေတာလား..."
"မင်းထက်အဆင့်မြင့်တဲ့လူကို အလွယ်တကူကျော်ဖြတ်နိုင်မယ်ထင်နေတာလား..."
"တော်တော်စကားများတာပဲ၊ မင်းမကြာခင်သေတော့မယ်ဆိုတာသိလား။ နောက်ဆို ပြောဖို့အခွင့်ရေးရှိတော့မှာမဟုတ်ဘူး..."
မုန့်ချန်ချင်း ဖြည်းညင်းစွာပြောလိုက်ပြီး အမူအရာက တည်ငြိမ်နေခဲ့သည်။
တစ်ချိန်တည်းမှာပဲ ဤလူသုံးယောက်၏ အချက်အလက်ပြဇယားကိုကြည့်လိုက်သည်။
အခြေခံအချက်အလက်-
[အမည်-ကောင်းကင်ကြေးဝါလက်(လင်တိုင်) ]
[မျိုးနွယ်-လူသား]
[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၇]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး- အဆင့် ၄]
[နားလည်နိုင်စွမ်း- သာမန်]
[ပါရမီစွမ်းရည်-ထူထည်းသောအရေပြား]
[သိုင်းပညာ- နတ်ဆိုးသွေးကြေးဝါလက်သီး (ပြီးပြည့်စုံခြင်းအဆင့်) ]
"ဟမ်, သူမှာ ပါရမီစွမ်းရည်တစ်ခု တကယ်ရှိတာပဲ...."
မုန့်ချန်ချင်း အတော်လေးအံ့အားသင့်သွား၏။
ထိုအရည်အချင်းရှိသည်ဟူသောစကားက သာမန်လူတွေနှင့်မတူသည့်ခန္ဓာကိုယ်ကိုရည်ညွှန်းတာဖြစ်သည်။
၎င်းက သွေးမျိုးဆက်ရုပ်ခန္ဓာအမျိုးအစားမဟုတ်ပေ။
ထိုနှစ်မျိုးကိုယှဥ်လို့မရပေ။
ပိုင်စုရှီ၏ ကျွမ်းကျင်လက်ကဲ့သို့ဖြစ်၏။
"ဒီကောင် သူ့မှာ ဒီပါရမီစွမ်းရည်ရှိတာ မသိဘူးလား..."
"ထူထည်းသောအရေပြား" ကြည့်ရတာ ခန္ဓာသန့်စင်ခြင်းအမျိုးအစားတစ်ခုဖြစ်ပုံရ၏။
သူသာ ခန္ဓာသန့်စင်နည်းစနစ်လေ့ကျင့်လျှင် သာမန်လူထက်ပိုသိသိသာသာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။
သို့ပေမယ့် ကောင်းကင်ကြေးဝါးလက်က လက်သီးနည်းစနစ်ကိုသာ လေ့ကျင့်၏။
ထိုအရာအရ သူမသိတာ ထင်ရှား၏။
တကယ်တော့ ဤအရာသာမန်ပဲဖြစ်သည်။ ပါရမီစွမ်းရည်က သွေးမျိုးဆက်ကဲ့သို့မသိသာပေ။
လူအများစု တစ်ခါတစ်ရံမှာ ထိုအကြောင်းနှင့်ပတ်သက်ပြီး သိတောင်မသိကြပေ။
"ဒီပါရမီစွမ်းရည်က မဆိုးဘူး..."
မုန့်ချန်ချင်းပါးစပ် အနည်းငယ်ကွေးတက်သွား၏။
သူ၏ ကောင်းကင်ကြေးဝါးလက်ဆီကြည့်နေသည့်အကြည့်တွေလည်း အနည်းငယ်ပျော့ပျောင်းသွား၏။
သူသာ ဤပါရမီစွမ်းရည်ကို ရရှိနိုင်လျှင် သူ၏ကြေးဝါးချပ်ဝတ်သိုင်းအား သိမ်မွေ့စဦးအဆင့်ထိရောက်အောင်လုပ်ဖို့ လုံလောက်သည်မဟုတ်လား။
အခန်း (၂၂)
အမ်... မင်းက ငါနဲ့မိတ်ဆွေဖြစ်ချင်တာလား
အခြားလက်ထောက်နှစ်ယောက်အတွက်တော့ ဘာမှထွေးထွေးထူးထူး မရှိပေ။
"ဝိုင်းခံထားရတာတောင် လျှာစောင်းကထက်တုန်း၊ မင်းရဲ့ဉာဏ်မရှိမှုက ပျက်စီးကိန်းကိုပဲဖြစ်စေလိမ့်မယ်..."
ကောင်းကင်ကြေးဝါလက်၏မျက်နှာအမူအရာ အနည်းငယ်အေးစက်သွား၏။
တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားကျုံ့ဝင်သွား၏။
တကယ်တော့ သူက ဤထိုက်ရွမ်ဂိုဏ်းတပည့်ကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာဖြစ်သည်။ သူ့ထွက်လာစဥ်က ထိုကောင်နည်းနည်းတော့ သတိထားသည့်အမူအရာဖြစ်သွားသင့်၏။
အဆုံးမှာတော့ သူ့ကျင့်ကြံရေးက ထိုကောင်ထက် ၃ ဆင့်တောင်ပိုမြင့်တာဖြစ်သည်။
သို့ပေမယ့် လုံးဝကိုဘာမှမဖြစ်ပေ။
အစဥ်အမြဲတည်ငြိမ်နေပြီး မျက်လုံးထဲမှာ အလင်းတန်းတွေတောင် တဖြည်းဖြည်းတောက်ပလာ၏။
သူက ဤအကြည့်မျိုးကို ကောင်းကောင်းသိ၏။
မုတ်ဆိုးတစ်ယောက်ပိုင်ဆိုင်သည့်အကြည့်မျိုးပင်။
ထို့ကြောင့်အရာရာကို ရှင်းပြနိုင်၏။
ဤလူက သေချင်နေတာမဟုတ်ပဲ သူနှင့်ယှဥ်ဆိုင်ဖို့ ယုံကြည်ချက်ရှိနေတာဖြစ်သည်။
သေချာပေါက် ထိုက်ရွမ်အတွင်းစည်း၏ သာမန်တပည့်တစ်ယောက်ဟုတ်မည်မဟုတ်ပေ။
"အုပ်လိုက်ဆိုရင်တောင် သိုးအုပ်ကသိုးအုပ်ပါပဲ။ ဒီသိုးတစ်အုပ်နဲ့ ငါ့ကိုတားနိုင်မယ်ထင်လား..."
မုန့်ချန်ချင်း ညင်သာစွာပြောလိုက်သည်။
သူကညာလက်ရှိဓားကိုလှည့်နေပြီး ဓားသံခပ်ဖွဖွပဲ့တင်ထပ်နေခဲ့သည်။
ထိုစကားတွေထွက်ပေါ်လာသည့်နှင့်တစ်ပြိုင်နက်....
ပတ်ဝန်းကျင်ရှိဓားပြတွေ ဒေါသကြောင့် မျက်လုံးတွေနီရဲကုန်၏။
သူတို့က အမြဲတမ်းဝံပုလွေတွေကဲ့သို့ပြုမူခဲ့ရာ တကယ်ပဲ တစ်စုံတစ်ယောက်က သိုးလို့လာခေါ်နေခဲ့သည်လား။
ဤအရာက အကြီးအကျယ်စော်ကားမှုပင်။
"ဟမ့်, သူတို့ သိုးတွေလား ဝံပုလွေလားဆိုတာ မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး...."
"မင်းငါနဲ့တိုက်ခိုက်ချင်ရင် အရင်ဆုံး သူတို့နဲ့ ရင်ဆိုင်လိုက်...."
ကောင်ကင်ကြေးဝါလက်မျက်လုံးတွေ အေးစက်သွား၏။
သူက မုန့်ချန်ချင်းနှင့် ချက်ချင်းကြီး မတိုက်ချင်သေးပေ။
သူ့လက်အောက်ငယ်သားအားလုံးသေသွားလျှင်လည်း သေပေါ့။
အနည်းဆုံးတော့ ဤလူ၏ခွန်အားအချို့ကို သုံးသပ်နိုင်၏။
တစ်ချိန်တည်းမှာပဲ ဤလူ၏နည်းဗျူဟာတွေနှင့် အားနည်ချက်တွေကို ရှာဖွေနိုင်တာပဲဖြစ်သည်။
ထိုက်ရွမ်ဂိုဏ်းအတွင်းစည်းတပည့်နှင့်ရင်ဆိုင်ရာ၌ ကျင့်ကြံရေးမြင့်နေလျှင်တောင် ဂရုမမူပဲပြုမူလို့မရပေ။
"တိုက်ကြ..."
ကောင်းကင်ကြေးဝါလက် တိုက်ရိုက်ပဲအမိန့်ပေးလိုက်သည်။
လက်အောက်ခံနှစ်ယောက် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
ထို့နောက် ပတ်ဝန်းကျင်ရှိဓားပြတွေလည်းအော်ဟစ်ပြီး မုန့်ချန်ချင်းဆီပြေးဝင်သွားကြသည်။
ချက်ချင်းပဲ ဖုန်လှုံးတွေတထောင်းထောင်းထသွားခဲ့သည်။
သို့ပေမယ့် မုန့်ချန်ချင်းဓားကိုင်ပြီးရပ်နေကာ ဘယ်လက်ဖြင့် ဓားကိုဖြည်းဖြည်းချင်း ပွတ်သပ်လိုက်၏။
နောက်တစ်ခဏ၌....
ဘုန်း....
လေပြင်းတွေတိုက်လာပြီး မိုးခြိမ်းတွေ ပေါက်ကွဲထွက်လာခဲ့သည်။
လျှပ်စီးကြောင်းတွေ လက်သွားသလိုပင်။
ထို့ပြင် လေထဲ၌ ဓားချီတွေနှင့် ပြည့်နှက်နေခဲ့သည်။
ပြေးဝင်လာသည့် လက်အောက်ခံနှစ်ယောက်နှင့် ဓားပြတွေလွင့်ထွက်သွားပြီး သွေးအန်လိုက်ရကာ သေလုမျှောပါးဖြစ်သွားကြ၏။
အရာအားလုံးက မျက်စိတ်တစ်မှိတ်အတွင်းဖြစ်သွားတာဖြစ်သည်။
ကောင်းကင်ကြေးဝါလက်၏ မျက်ခွံတွေ ရုတ်တရက် ကျုံ့သွား၏။
သူက ဤကဲ့သို့အရာမျိုးမမျှော်လင့်ထားပေ။
သာမန်ဓားပြတွေကိုခဏထား အနည်းဆုံးတော့ လက်အောက်ခံနှစ်ယောက်က အချိန်အနည်းငယ်တော့ တိုက်ခိုက်နိုင်သင့်သည်မဟုတ်လား။
သူတို့ ဤလောက်မြန်မြန်ရှုံးသွားမည်ဟု မည်သူထင်ထားမည်နည်း။
"ဒါ ထိုက်ရွမ်ဂိုဏ်းရဲ့ လေမိုးကြိုးဓားသိုင်းပဲ။ ပြီးတော့ ပြီးပြည့်စုံခြင်းအဆင့်..."
အသိပြန်ဝင်လာပြီး ကောင်းကင်ကြေးဝါလက်မျက်နှာ အရုပ်ဆိုးသွား၏။
'ဒီလောက်တောင် ကြောက်စရာကောင်းတာလား...'
'ခဏနေအုန်း, အဲ့တပည့်ဘယ်ရောက်သွားတာလဲ....'
ကောင်းကင်ကြေးဝါလက်မျက်နှာ ရုတ်တရက် အနည်းငယ်ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် ပုံရိပ်က သူ့မြင်ကွင်းမှ ပျောက်သွားသောကြောင့်ပင်။
"အခု, တစ်ယောက်ချင်းတိုက်လို့ရပြီမလား..."
အသံတစ်ခု သူ့နားထဲရောက်လာခဲ့သည်။
တည်ငြိမ်နေပုံရသော်လည်း ကောင်းကင်ကြေးဝါလက် ဦးရေပြားထုံကျဥ်သွားပြီး ရေခဲတိုက်ထဲရောက်သွားသလိုပင်။
ဤအရာက ဘယ်လိုအရှိန်ကြီးနည်း။
မျက်စိတစ်မိတ်အတွင်း သူ့ရှေ့ရောက်လာခဲ့သည်။
"သေစမ်း..."
ဗီဇအရ ကောင်းကင်ကြေးဝါလက် ညာဖက်ကို လက်သီးတစ်လုံးပစ်သွင်းလိုက်၏။
သူ့လက်သီးက ကြေးဝါရည်တွေလောင်းချလိုက်သကဲ့သို့ဖြစ်ပြီး ဖျက်စီးမရသည့်အော်ရာတွေထုတ်လွတ်နေခဲ့သည်။
သို့ပေမယ့် သူ့ရှေ့၌ မျက်စိတ်ကျိန်းလောက်သည့် လျှပ်စီးပေါက်ကွဲခြင်းတစ်ခုသာရှိနေခဲ့သည်။
တစ်ချိန်တည်းမှာပဲ, မယုံနိုင်လောက်အောင်ထက်ရှသည့်အဟုန်တစ်မျိုး ထွက်ပေါ်လာခဲ့သည်။
ဓားအိမ်ထဲမှထွက်လာသည့်နတ်ဘုရားဓားတစ်ချောင်းကဲ့သို့ ၎င်း၏ထက်ရှမှုတွေကိုထုတ်ပြကာ ကောင်းကင်နှင့်မြေကြီးကိုပိုင်ဖြတ်နိုင်သလိုပင်။
ထိုအရာကြောင့် သူ့န္ဓာကိုယ်တစ်ခုလုံး ထိုးဖောက်ခံရသည့်နာကျင်မှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ထဲရှိ သွေးနှင့်ချီတွေလည်း အစီအစဥ်မကျဖြစ်သွားခဲ့သည်။
ကြောက်စရာအကောင်းဆုံးက တိုးပွားလာသည့်ထိုအဟုန်ရှေ့၌ လျှပ်စီးတွေက ပိုလို့တောင်ကြမ်းကြုတ်လာခဲ့သည်။
ရှေးဟောင်းမိုးကြိုးသားရဲကြီးတစ်ကောင် ဟိန်းဟောက်နေသလိုပင်။
ဘုန်း...
ထိပ်တိုက်တွေ့ဆုံသွားသည့်အခိုက်အတန့်၌...
ကောင်းကင်ကြေးဝါလက်၏မျက်လုံးတွေ ဖောင်းကားလာပြီး ပါးစပ်မှ အနီရောင်သွေးတွေ အန်လိုက်ရ၏။
လုံးဝမခုခံနိုင်ပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး အမြောက်ဆံတစ်ခုလို လွင့်ထွက်သွာကာ သစ်သားအိမ်များစွာကိုဝင်တိုက်ပြီး နောက်ဆုံး ရှေးဟောင်းသစ်ပင်ကြီးတစ်ခုထဲမှာ နှစ်မြုပ်သွားခဲ့သည်။
ဝင်တိုက်မှုကြောင့် သစ်ပင်ကြီးလှုပ်ခါသွားပြီး သစ်ရွက်တွေကြွေကျသွားခဲ့သည်။
"သူ မသေလောက်ပါဘူးနော်..."
မုန့်ချန်ချင်း လက်ထဲရှိဓားကိုသိမ်းပြီး ရှေးဟောင်းသစ်ပင်ကြီးဆီအပြေးသွားလိုက်သည်။
အဆုံးမှာတော့ ကောင်းကင်ကြေးဝါလက်က အားနည်းသူတစ်ယောက်မဟုတ်ပေ။
မြင့်မားသည့်နယ်ပယ်၊ သင့်တင့်သည့်သိုင်းပညာတွေရှိရာ ဓားနည်းစနစ်မသုံးလျှင် သူ့ကိုအနိုင်ယူဖို့က အချိန်အနည်းငယ်ယူရသင့်၏။
တိုက်ခိုက်သည့်အခါ မုန့်ချန်ချင်းက လျှင်မြန်ပြီး ပြတ်သားသည့်တိုက်ပွဲတွေကို အမြဲသဘောကျ၏။
ခြင်္သေ့တစ်ကောင် ယုန်တစ်ကောင်ကို အမဲလိုက်လျှင်တောင် ခွန်အားကုန်သုံးသည်ဖြစ်ရာ သူက ထိန်ချန်ထားရတာကို သဘောမကျပေ။
သို့ပေမယ့် သူက ဓားနည်းစနစ်စွမ်းအားကို နားလည်၍ အပြည့်အဝထုတ်မသုံးခဲ့ပေ။
ကောင်းကင်ကြေးဝါလက်ခွန်အားဖြင့် ချက်ချင်းကြီးမသေသင့်ပေ။
ရှေးဟောင်းသစ်ပင်ကြီးရှေ့ရောက်သည့်အခါ...
ဤအချိန်၌ ကောင်းကင်ကြေးဝါလက်တကယ်ပဲ မသေသေးပေ။ သို့ပေမယ့် အပြင်းအထန်ဒဏ်ရာရနေပြီး သေလုမျှောပါးဖြစ်နေခဲ့သည်။
အသွင်အပြင်က စုတ်ပြတ်သတ်နေပြီး ခန္ဓာကိုယ်၌ ဓားရာတွေအပြည့်နှင့် သွေးတွေအဆက်မပြတ်စီးထွက်နေခဲ့သည်။
သူက ခေါင်းကို မနည်းထောင်မတ်ပြီး မုန်ချန်ချင်းကို ကြည့်လိုက်သည်။
သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်မှုတွေ အပြည့်ပင်။
"မင်းတကယ်... ဓားချီကိုနားလည်တယ်...."
'ဓားချီ'က သိုင်းပညာတွေ၏အနှစ်သာရဖြစ်ပြီး အလွန်ထူးဆန်းသည့်တည်ရှိမှုတစ်ခုဖြစ်၏။
၎င်းက သိုင်းပညာမှာအချိန်အတော်ကြာကျင့်ကြံဖို့လိုပြီး နားလည်နိုင်စွမ်းကလည်းအလွန်အမင်းမြင့်မှသာရနိုင်တာဖြစ်သည်။
နားလည်သွားသည့်အခါ...
အဆင့်တူ၌ပြိုင်ဘက်ကင်းဖြစ်လာပြီး အဆင့်ကျော်တောင် အသာအယာတိုက်ခိုက်နိုင်လာ၏။
သူက ယနေ့၌ ဤကဲ့သို့တစ်စုံတစ်ယောက်နှင့်လာတွေ့နေမည်ဟု မမျှော်လင့်ထားပေ။
ထို့ပြင် ရန်သူလည်းဖြစ်နေသေးသည်။
ထိုအရာကိုတွေးမိပြီး ကောင်းကင်ကြေးဝါလက် အတော်လေး ဆန္ဒမရှိဖြစ်သွား၏။
သာမန်အတွင်းစည်းတပည့်တစ်ယောက်ဆိုလျှင် သူသေချာပေါက် အရေးနိမ့်မည်မဟုတ်ပေ။
သို့ပေမယ့် ဤအရာက... ဓားချီဖြစ်ရာ လုံးဝလွမ်းမိုးနိုင်စွမ်းကြီး၏။
"ဒီတော့ဒါက အဓိကအင်အားစုတွေရဲ့အုတ်မြစ်ကိုး။ အတွင်းစည်းတပည့်တွေထဲမှာတောင် ဒီလိုမကောင်းဆိုးဝါးဆန်တဲ့ပုံရိပ်တွေရှိနေတယ်..."
ကောင်းကင်ကြေးဝါလက် မုန့်ချန်ချင်းမျက်နှာကို စိုက်ကြည့်နေပြီး ထာဝရမှတ်မိချင်နေသလိုပင်။
"မင်းက သေတော့မှာပဲ..."
မုန့်ချန်ချင်း ဂရုတစိုက်စစ်ဆေးလိုက်သည်။
သူက ထိန်ချန်ထားခဲ့သော်လည်း ဓားခြေလှမ်း၊ လေမိုးကြိုးဓားသိုင်းနှင့် ဓားချီပေါင်းစပ်ခြင်းက အားကောင်းလွန်းနေဆဲဖြစ်သည်။
ကောင်းကင်ကြေးဝါလက်ခန္ဓာကိုယ်ရှိ သွေးကြောတွေအားလုံး ပြတ်သွားပြီဖြစ်သည်။
ယခု သူက သူ့ကိုယ်သူထောက်ပံ့ဖို့ အစွမ်းထက်ကျင့်ကြံရေးနှင့် ရုပ်ခန္ဓာကိုသာ မှီခိုနေရတာဖြစ်သည်။
ထိုအရာကိုကြားသည့်အခါ, ကောင်းကင်ကြေးဝါလက် မနေနိုင်ပဲ အသက်ပြင်းပြင်းရှူလိုက်သည်။
ပြောဖို့လိုသေးသည်လား။
'ဒီလိုအဆုံသတ်ရတာ အားလုံးမင်းကြောင့်ပဲမဟုတ်ဘူးလား...'
"ကိစ္စတွေက ဒီလိုဆိုမှတော့ မင်းမသေခင်, ငါ့တောင်းဆိုမှုသေးသေးလေးဖြည့်ဆည်းပေးနိုင်မလား..."
မုန့်ချန်ချင်း အလွန်လေးနက်စွာပြောလိုက်သည်။
သူ့အကြည့်က ရိုးသားနေခဲ့သည်။
ကောင်းကင်ကြေးဝါလက် ရုတ်တရက်ကြောင်သွားပြီး အတော်လေးပဟေဠိဖြစ်သွား၏။
သူက သေတော့မည်ဖြစ်ရာ ဘာလုပ်နိုင်အုန်းမည်နည်း။
"ဘာတောင်းဆိုမှုလည်း..."
ကောင်းကင်ကြေးဝါလက် မေးလိုက်သည်။
ဒဏ်ရာကြောင့်လည်းဖြစ်နိုင်၏။ သူ့ပါးစပ်မှ သွေးတွေစီးထက်လာပြီး အသက်ရှူသံက ပိုမိုအားနည်းလာခဲ့သည်။
"ဒါက အမ်... မင်းနဲ့ငါ မိတ်ဆွေဖြစ်လို့ရမလား..."