← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃)

ရူးသွပ်ခြင်း၊ လုံးဝရူးသွပ်ခြင်း

ထိုစကားသံထွက်ပေါ်လာသည်နှင့် မူလကအနည်းငယ်ဆူညံ့နေသည့်တောင်စခန်း လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။

ကောင်းကင်ကြေးဝါလက်၏ပါးစပ် အနည်းငယ် ပွင့်ဟသွားပြီး အကြည့်တွေက ဗလာကျင်းနေခဲ့သည်။

'ဒီကောင်ရူးသွားပြီလား.... သူဘာပြောနေလဲတောင် သိရဲ့လား...'

မိတ်ဆွေဖြစ်မယ်?...

ဘယ်လိုအဓိပ္ပာယ်မရှိတာကြီးနည်း။

သူကိုသေလုမျှောပါးရိုက်ထားပြီး မသေခင်မိတ်ဆွေဖြစ်ဖို့ မေးနေခဲ့သည်။

ထိုကောင်သေချာပေါက်ရူးသွားပြီပင်။

ဤအရာကြီးက လုံးဝကို ကျိုးကြောင်းမဆီလျှော်ပေ။

"မင်းကြားလား..."

မုန့်ချန်ချင်း သူ့ရှေ့၌ လက်ဝှေ့ယမ်းပြလိုက်သည်။

ကောင်းကင်ကြေးဝါလက် ငြင်းချင်၏။

သို့ပေမယ့် မုန့်ချန်ချင်း နောက်ပြောလိုက်သည့်စကားက သူ့ကို ရုတ်တရက်ရပ်တန့်သွားစေခဲ့သည်။

"မင်းဆန္ဒမရှိရင် ငါ မင်းသွေးကြောတွေကိုပိတ်ပြီး ခဏအသက်ရှင်အောင်ထိန်းထားမယ်။ ပြီးရင် နတ်ဆိုးသားရဲအုပ်ထဲလွင့်ပစ်မယ်...."

"အဲ့ဒီဖြည်းဖြည်းချင်းကိုက်ခံရတဲ့ခံစားချက်က အတော်ကောင်းမှာပဲ, ဟုတ်တယ်မလား...."

ဂလု...

ကောင်းကင်ကြေးဝါလက်၏မျက်နှာ ပို့လို့တောင်ဖြူဖြော့သွား၏။

'ဒီကောင်က ဖြောင့်မတ်လမ်းစဥ်မှကော ဟုတ်ရဲ့လား...'

(ဂိုဏ်းတွေကိုခွဲထားတာပါ၊ ဖြောင့်မတ်ဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်း)

သူက နတ်ဆိုးလမ်းစဥ်မှလူတွေထက်တောင် ပိုဆိုးယုတ်နေသေး၏။

"ရူးနေပြီ, တကယ်ကိုရူးနေပြီ...."

ကောင်းကင်ကြေးဝါလက် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ဤကဲ့သို့ လူတစ်ယောက်ကို ဖိအားပေးမိတ်ဆွေဖွဲ့သည့်လူ ဘယ်သူရှိလို့နည်း။

သူ့စိတ်ထဲ၌ မုန့်ချန်ချင်းက ပုံမှန်မဟုတ်သည့်လူထူးဆန်းတစ်ယောက်ဖြစ်ပြီးနေပြီဖြစ်သည်။

"ငါ.. သဘောတူတယ်..."

စိတ်လျော့လိုက်ပြီး ကောင်းကင်ကြေးဝါလက် တွန့်ဆုတ်စွာပဲ ဖြေလိုက်သည်။

သူဖြစ်ချင်မှတော့ ဖြစ်ပေးလိုက်ရုံပင်။

ဘယ်လိုပဲဖြစ်ဖြစ် သူက နောက်ထပ်ဆုံးရှုံးစရာမရှိတော့ပေ။ ထို့ကြောင့် ဤအရူး၏ထူးဆန်းသည့်ဝါသနာကို ရက်ရက်ရောရောဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည်။

မသေခင်ခံစားရတာထက်တော့ ပိုကောင်း၏။

ဒင်!

[မိတ်ဆွေအဖြစ်တောင်းဆိုမှုလက်ခံပါပြီ]

[လက်ရှိနှစ်သက်မှု-ကြယ်တစ်လုံး]

[ရရှိသည့်စွမ်းရည်- ပါရမီစွမ်းရည်(ထူထည်းသောအရေပြား)]

[ချက်ချင်းပေါင်းစပ်ချင်ပါသလား]

စနစ်၏အသံ သူ့စိတ်ထဲပဲ့တင်ထပ်လာခဲ့သည်။

မုန့်ချန်ချင်းမျက်နှာ၌ ချက်ချင်းပဲကျေနပ်သည့်အပြုံးတစ်ခုပေါ်လာခဲ့သည်။

ကံတရားကသူ့ဘက်မှာရှိနေခဲ့သည်။

သူက ပါရမီစွမ်းရည်ကို ရရှိခဲ့၏။ သူတကယ်ပဲ အခြားစွမ်းရည်တစ်ခုခု ကျပန်းရသွားမှာကြောက်နေခဲ့သည်။

ဤကဲ့သို့ တစ်ကြိမ်တစ်ခါတည်းမိတ်ဆွေဖွဲ့ခြင်းမျိုးတွင် တစ်ခုခုမှားသွားလျှင် နောက်တစ်ကြိမ်ပြန်ရနိုင်တော့မည်မဟုတ်ပေ။

အဆုံးမှာတော့ သူ့၌ ကောင်းကင်ကြေးဝါလက်နှစ်သက်မှုတိုးအောင်လုပ်ဖို့ နည်းလမ်းမရှိပေ။

"ကျေးဇူးပဲ ငါ့မိတ်ဆွေ..."

"ဆုလာဘ်အနေနဲ့ မင်းကို လွယ်လွယ်ကူကူသေခွင့်ပေးလိုက်မယ်...."

မုန့်ချန်ချင်း ကောင်းကင်ကြေးဝါလက်ပုခုံးကို ကျေနပ်စွာပုတ်လိုက်သည်။

ထို့နောက် လက်နှစ်ချောင်းကို ဓားပုံစံအဖြစ်ပြောင်းပြီး ထိုလူ့နဖူးအားထိလိုက်ရာ ချီစွမ်းအင်တစ်ခုစီးဝင်သွားခဲ့သည်။

ဤသို့ဖြင့် ကောင်းကင်ကြေးဝါလက်မျက်လုံးတွေချက်ချင်းပဲ အာရုံစိုက်မှုကင်းမဲ့လာပြီး ခေါင်းငိုက်စိုက်ကျသွားတော့သည်။

အသက်ရှူသံလည်းရပ်တန့်သွားပြီး ဓားပြခေါင်းဆောင် ကျရှုံးသွားခဲ့ပြီဖြစ်သည်။

"စနစ်, ပါရမီစွမ်းရည်ကိုပေါင်းစပ်မယ်..."

မုန့်ချန်ချင်း စိတ်ထဲမှာ ပြောလိုက်သည်။

ဒင်!

[ပေါင်းစပ်မှုစတင်ပါပြီ]

အသံထွက်ပေါ်လာသည်နှင့် မုန့်ချန်ချင်း သူ့အရေပြားအောက်၌ အေးစက်သည့်ခံစားချက်တစ်ခုဖြန့်ကျက်သွားတာခံစားလိုက်ရသည်။

ရေစီးဆင်းနေသကဲ့သို့ဖြစ်ပြီး တဖြည်းဖြည်း နေရာအနှံ့ကို ဖြန့်ကျက်သွားခဲ့သည်။

တစ်ခဏကြာပြီးနောက် ဤခံစားချက်က လုံးဝပျောက်ကွယ်သွားခဲ့သည်။

"ဒီတော့ ဒါက (ထူတည်းသောအရေပြား) စွမ်းရည်ပေါ့...."

မုန့်ချန်ချင်း သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။

သူ့လက်မောင်းထူတည်းမှုနှင့် အရေပြားအရောင်က သိသိသာသာပြောင်းလဲမသွားပေ။

သို့ပေမယ့် သူ့လက်ချောင်းဖြင့် အရေပြားကိုထိုးကြည့်သည့်အခါ ခုခံမှုကို ရှင်းရှင်းလင်းလင်းခံစားနိုင်၏။

မရေမတွက်နိုင်သည့်ပိုက်ကွန်အလွာတွေ ထပ်နေသကဲ့သို့ဖြစ်ပြီး အလွန်အမင်းမာကျောလှ၏။

"ကြေးဝါချပ်ဝတ်သိုင်းကို နောက်တစ်ကြိမ်စမ်းကြည့်ရအောင်...."

မုန့်ချန်ချင်း နည်းစနစ်ကို စတင်လုပ်ဆောင်လိုက်၏။

ထိုအခါ သူ့အရေပြားအရောင် ရုတ်တရက် ရှေးဟောင်းကြေးရုပ်ထုကဲ့သို့ပြောင်းသွားပြီး ဖျက်စီးမရနိုင်သည့်အော်ရာတွေကို ထုတ်လွတ်နေခဲ့သည်။

ကြေးဝါချပ်ဝတ်သိုင်းက လူသားအဆင့် ခန္ဓာသန့်စင်သိုင်းပညာတစ်ခုသာဖြစ်သည်။

သို့ပေမယ့် ဤအခိုက်အတန့်မှာ ပါရမီစွမ်းရည်၏တိုးမြှင့်ပေးမှုအောက်၌ သိသိသာသာတိုးတက်လာခဲ့သည်။

သေချာပေါက် စဦးသိမ်မွေ့အဆင့်ခန္ဓာသန့်စင်သိုင်းပညာနှင့် ယှဥ်နိုင်၏။

"ခုခံရေးအာနည်းချက်လည်း အတိုင်းတာတစ်ခုထိ ဖြည့်ဆည်းပြီးသွားပြီ...."

ထို့ပြင် ဤပါရမီစွမ်းရည်နှင့် အနာဂတ်၌ ဘယ်လိုခန္ဓာသန့်စင်သိုင်းမျိုးလေ့ကျင့်ပါစေ အခြားလူတွေထက် ပိုပြီးသိသိသာသာ အကျိုးထူးတော့မည်ဖြစ်သည်။

သို့ပေမယ့် မုန့်ချန်ချင်းအလိုချင်ဆုံးက ရှီညီအကို၏ ကျောက်တုံးသွေးမျိုးဆက်ဖြစ်သည်။

ထိုအရာကမှ အစစ်အမှန်ရတနာဖြစ်၏။

မုန့်ချန်ချင်း အတွေးတွေပြန်ရုတ်သိမ်းလိုက်ပြီး သက်သေအဖြစ် ကောင်းကင်ကြေးဝါလက်၏ ကြေးလက်ကိုဖြတ်လိုက်သည်။

အဆုံးမှာတော့ သူက ထိုလူဆီမှအကျိုးအမြတ်ရခဲ့၍ သဘောတရားအရ သူတို့က မိတ်ဆွေတွေဖြစ်သည်။

ထို့ကြောင့် ကျွင်းတူးပြီး မြှပ်နှံပေးလိုက်သည်။

ဆောင်းနှောင်းပိုင်းကလည်း မကြာခင်ရောက်တော့မည်ဖြစ်၍ မုန့်ချန်ချင်း မြေအလွာအချို့ထပ်ဖို့ပေးခဲ့ပြီး သေချာလေးဖိသိပ်ပေးလိုက်သည်။

"ငါ့လိုရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ရှိတာ မင်းအတွက်တကယ်ကိုတန်သွားပြီ...."

သူက ကျေနပ်စွာပြောပြီး အဝေးကိုလျှောက်ထွက်သွားခဲ့သည်။

ကောင်းကင်ကြေးဝါလက်သေသွားပြီဖြစ်၍ တာဝန်က ပြီးစီးသွားပြီဟု ယူဆနိုင်၏။

အခြားတောင်ဓားပြတွေအတွက်တော့ တစ်ယောက်မှ အသက်မရှင်ပေ။

အစောပိုင်းသူ့ဓားချက်မှာ အားကုန်ထုတ်သုံးထားပြီး ကောင်းကင်ကြေးဝါလက်တောင် ထိပ်တိုက်ရင်မဆိုင်ရဲတာ ထိုကောင်တွေဆိုရင်တော့ပြောစရာကိုမလိုတော့ပေ။

အားလုံး နေရာတင်ပဲ အသတ်ခံလိုက်ရ၏။

"အိမ်ပြန်ကြစို့...."

သူ့၏စိတ်ဝိညာဥ်မြင်းပေါ်တက်ပြီး မုန့်ချန်းချင်း အဝေးဆီသို့ ဒုန်စိုင်းမောင်းသွားခဲ့သည်။

....

ငါရက်ကြာပြီးနောက်, တိမ်ရေမြို့....

မြစ်ကမ်းပါးဘေးမှာတည်ဆောက်ထားသည့်မြို့တစ်မြို့ဖြစ်ပြီး လူဦးရေ တစ်သိန်းလောက်ရှိသည်။

၎င်း၏ပို့ဆောင်ဆက်သွယ်ရေးကောင်းမွန်မှုကြောင့် နေ့စဥ်လူအဝင်အထွက်များပြီး မြို့၏ကုန်သွယ်ရေးမှာ အလွန်ပင်စည်းကားလှသည်။

ထို့ပြင် မုန့်ကုန်သွယ်ရေးမိသားစုမှာ တိမ်ရေမြို့ရှိ အကြီးဆုံးကုန်သွယ်ရေးမိသားစုတွေထဲမှ တစ်ခုဖြစ်သည်။

စီးပွားရေးနယ်မြေများစွာပိုင်ဆိုင်ပြီး အတော်လေးနာမည်ကြီး၏။

သေချာပေါက်ပင်။ အကျော်ကြားဆုံးပုဂ္ဂိုလ်က မုန်မိသား၏ ဥက္ကဠဖြစ်၏။

အနက်ရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက် အမြဲလိုလို ခေါင်းရိုးခမောက်ကိုဆောင်းထားပြီး အပ်စိုက်ဖွင့်ခြင်းနယ်ပယ်၌ ပြိုင်ဘက်ကင်းဓားသမားတစ်ယောက်ဖြစ်သည်။

ထုံးစံအတိုင်း မုန့်မိသားစု အခြားမိသားစုတွေ၏ဝါးမျိုးခြင်းမခံရပဲ နှစ်ပေါင်းများစွာ၎င်း၏အဆင့်အတန်းကိုထိန်းသိမ်းထားနိုင်တာ ဤအမျိုးသမီးကြောင့်ဖြစ်သည်။

"တိမ်ရေမြို့, နောက်ဆုံးတော့ရောက်ပြီ..."

အဝေးရှိ ရှေးဟောင်းမြို့ကိုကြည့်ပြီး မုန့်ချန်ချင်း သက်သာရာရစွာသက်ပြင်းချလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲ၌ ထူးဆန်းသည့်ခံစားချက်တစ်ခုခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ဤအရာက ဤကမ္ဘာ၌ သူ့၏ဆွေးမျိုးသားချင်းတွေနဲ့တွေ့ဆုံရသည့် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ဖြစ်နိုင်၏။

အခန်း (၂၄)

ညကျရင်သူ့ခန္ဓာကို သေချာပြန်စစ်ဆေးရမယ်

မုန့်ကုန်သွယ်ရေးမိသားစု...

အတွဲလိုက်ရှိနေသည့်အဆောက်အဦးတွေနှင့် မြင့်မားသည့်နံရံတွေရှိကာ အတော်လေးခမ်းနားလှ၏။

အဝင်ဝ၌ သွေးကြောပုံသွင်းခြင်းနယ်ပယ် အဆင့် ၇ အစောင့် ၂ ယောက်ရှိနေခဲ့သည်။

"ငါ့မှတ်ဉာဏ်ထဲကအတိုင်းပဲ နည်းနည်းမှပြောင်းမသွားဘူး...."

ခြံဝန်းကိုကြည့်ပြီး မုန့်ချန်ချင်းအနည်းငယ် ခေါင်းညိတ်လိုက်သည်။

"မင်းက... သခင်လေးလား..."

အတော်လေးမသေချာသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မုန့်ချန်ချင်း အသံလာရာကိုကြည့်လိုက်ရာ...

အစောင့်တွေထဲကတစ်ယောက် သူ့ကိုကြည့်နေပြီး အံ့အားသင့်မသေချာသည့်အမူအရာအပြည့်ပင်။

အခြားအစောင့်လည်း သတိထားမိသွားသည်။

"ဟုတ်တယ်...."

မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်သည်။

သူစိတ်ကူးထားသည့်ဖန်တစ်ရာတေနေသည့်မြင်ကွင်းမျိုးက ဖြစ်မလာခဲ့ပေ။ ကြည့်ရတာ ကလန်ခေါင်းဆောင်ငယ်ဆိုသည့် သူ့အဆင့်အတန်းက မိသားစုမှာ အတော်မြင့်ပုံရ၏။

"ဒါ တကယ် ကလန်ခေါင်းဆောင်ငယ်ပဲ...."

အစောင့်နှစ်ယောက် ရုတ်တရက် စိတ်လှုပ်ရှားသွားကြသည်။

မိသားစု၌ သူ့အရင်ပါရမီက အမြင့်ဆုံးမဟုတ်သော်လည်း အမူအကျင့်ကတော့ အကောင်းဆုံးဖြစ်သည်။

များသောအားဖြင့်ချည်းကပ်ရလွယ်ကူပြီး ဤအစောင့်တွေ၊အစေခံတွေနှင့် ရင်းရင်းနှီးနှီးရှိ၏။

ထို့ကြောင့်လည်း မုန့်ချန်ချင်းက အလွန်ကောင်းမွန်သည့်နာမည်ဂုဏ်သတင်းရှိခဲ့ခြင်းဖြစ်သည်။

"ကလန်ခေါင်းဆောင်ငယ်, ကျွန်တော်သခင်လေးမြင်းကို သွားထားလိုက်ပါ့မယ်..."

သူတို့ထဲကတစ်ယောက် အလျှင်အမြန်ရှေ့ထွက်လာသည်။

အခြားတစ်ယောက်လည်း အထဲပြေးဝင်သွားပြီး အော်ပြောလိုက်သည်။

"သခင်လေးပြန်လာပြီ...."

တစ်ခဏကြာသည့်အခါ အစောပိုင်းတိတ်ဆိတ်နေသည့်မုန့်ခြံဝန်း ရုတ်တရက် သက်ဝင်လှုပ်ရှားလာခဲ့သည်။

ကလန်အဖွဲ့ဝင်များစွာ သူတို့အခန်းတွေထဲမှထွက်လာကြပြီး ကလန်အကြီးအကဲတွေလည်း အပါအဝင်ဖြစ်သည်။

အဆုံးမှာတော့ သခင်လေး ထိုက်ရွမ်ဂိုဏ်းကို ဝင်ရောက်သွားခဲ့တာ ၂နှစ်ရှိပြီဖြစ်သည်။

သူတို့က ထို ၂ နှစ်အတွင်း သတင်းအများကြီးမကြားခဲ့ရပေ။

မုန့်ချန်ချင်း ဂိတ်ကိုဝင်လိုက်သည့်အခါ ရာချီသည့်မျက်လုံးအစုံက သူ့အပေါ်ကျရောက်လာခဲ့ပြီး စူးစမ်းချင်စိတ်၊ ပျော်ရွင်မှုနှင့် အမျိုးမျိုးခံစားချက်တွေရှိနေခဲ့သည်။

"သခင်လေးကို နှုတ်ဆက်ပါတယ်...."

လူတိုင်း လေးလေးစားစားပြောလိုက်သည်။

"လူတိုင်း, ယဥ်ကျေးနေဖို့မလိုပါဘူး...."

မျက်နှာတွေကိုကြည့်လိုက်ရာ မုန့်ချန်ချင်း သူမျှော်လင့်ထားသည့် မရင်းနှီးမှုကို မခံစားရပေ။

ဆွေမျိုးသားချင်းရင်းနှီးမှုကိုသာခံစားရ၏။

"ချန်ချင်း...."

အံ့အားသင့်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မုန့်ချန်ချင်းရှေ့ရှိလူအုပ်နှစ်ခြမ်းကွဲသွားပြီး အနက်ရောင်ပုံရိပ်တစ်ခု အလျှင်အမြန်ချည်းကပ်လာခဲ့သည်။

ကောက်ရိုးဦးထုပ်နှင့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အရပ်မြင့်မြင့်အချိုးအစားလှပကာ ရင့်ကျက်သည့်ဆွဲဆောင်မှုကို ပေးစွမ်းနေခဲ့သည်။

သူမက မုန့်မိသားစုဥက္ကဠ မုန့်ချန်ချင်းအဒေါ်လည်းဖြစ်သည့် ဂုဟုန်ယွီပင်။

"ဒေါ်လေး...."

နီးကပ်လာသည့်အနက်ဝတ်အမျိုးသမီးကိုကြည့်ပြီး မုန့်ချန်ချင်း မနေနိုင်ပဲ ပြုံးလိုက်သည်။

ဤအရာက သူ့ယခင်လူ၏မှတ်ဉာဏ်ထဲ၌ အရေးကြီးဆုံးလူတစ်ယောက်ဖြစ်သည်။

၎င်းကို ခန္ဓာကိုယ်ဗီဇအရသိနိုင်၏။

ဗီဇအရနီးကပ်မှု၊ ဗီဇအရယုံကြည်မှုတို့ရှိနေခဲ့သည်။

ဤအမျိုးသမီးသာမရှိလျှင် ယခုအချိန်သူအသက်ရှင်နေမည်မဟုတ်ပေ။

ကလန်ခေါင်းဆောင်ငယ်? ထိုက်ရွမ်ဂိုဏ်းသို့ဝင်ရောက်ခြင်း? အားလုံး စိတ်ကူးတစ်ခုသာဖြစ်မည်ဖြစ်သည်။

"နင်ကောင်စုတ်လေး..."

"နောက်ဆုံးပြန်လာပြီပေါ့..."

သူမက ကောက်ရိုးဦးထုတ်ဆောင်းထားပြီးပတ်လည်မှာဇာဖြင့်ဖုံးကွယ်ထား၍ မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူမအသံအရ အလွန်ပျော်ရွင်နေတာသိနိုင်တာပဲဖြစ်သည်။

အပြင်လူတစ်ယောက်အနေဖြင့် သူမ မုန့်မိသားစုမှာနေဖို့ရွေးချယ်ခဲ့တာ မုန့်ချန်ချင်းကြောင့်ဖြစ်သည်။

မဟုတ်လျှင်, အချိန်အတော်ကြာကတည်းက ထွက်သွားပြီဖြစ်သည်။

"ငါထင်တာ နင်က ဒီဒေါ်လေးကိုမေ့ပြီး ထိုက်ရွမ်ဂိုဏ်းမှာတစ်သက်လုံးနေတော့မှာလားလို့..."

ဂုဟုန်ယွီ လက်မြောက်ပြီး မုန့်ချန်ချင်းရင်ဘတ်ကိုထိလိုက်ရာ ပုံမှန်မဟုတ် မာကျောနေတာ တွေ့လိုက်ရ၏။

"ဒေါ်လေး, မင်းက ချဲ့ကားပြောနေပြန်ပြီ။ ကျွန်တော်အခြားသူတစ်ယောက်ကိုမေ့ရင်မေ့သွားနိုင်တယ်, ဒေါ်လေးကိုတော့ ဘယ်လိုလုပ်မေ့မှာလဲ...."

မုန့်ချန်ချင်း အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

"ဟမ့်, နင်မလုပ်ရဲဘူးဆိုတာ ငါလောင်းရဲတယ်...."

ဂုဟုန်ယွီ ခပ်ဖွဖွနှာမှုတ်လိုက်သည်။

ထို့နောက် တစ်ခုခုကိုနားလည်သွားပြီး အသာအယာချောင်းဟန့်လိုက်သည်။

အဆုံးမှာတော့ သူတို့က လူမြင်ကွင်းမှာရှိနေပြီး သီးသန့်မဟုတ်ပေ။

ဥက္ကဠတစ်ယောက်အနေဖြင့် သူမ၏မြင့်မားသည့်အဆင့်အတန်းကို ထိန်းသိမ်းရမည်ဖြစ်သည်။

"သခင်လေး, မင်းအဝတ်အစားက ထိုက်ရွမ်ဂိုဏ်းအတွင်းစည်းတပည့်မှ ဝတ်ဆင်ဖို့အရည်အချင်းပြည့်မှီတာမလား..."

အကြီးအကဲတစ်ယောက် ရုတ်တရက် ပြောလိုက်သည်။

လူတိုင်းအာရုံချက်ချင်းပဲ အဝတ်ဆီပြောင်းသွားခဲ့သည်။

ထျန်လင်းစီရင်စုရှိ အဓိကအင်အားစုတွေထဲကတစ်ခုအနေဖြင့် လူတွေက သဘာဝအတိုင်း ထိုက်ရွမ်ဂိုဏ်းအခြေအနေကို အာရုံစိုက်ကြ၏။

ယေဘူယျပြောရလျှင် အပြင်စည်းတပည့်တွေ၏အဝတ်အစားတွေက တူညီကြပြီး အတွင်းစည်းတပည့်တွေကတော့ ပုံစံအမျိုးမျိုးဒီဇိုင်းအမျိုးမျိုးရှိကြ၏။

တိမ်ပုံစံအနားကွပ်တွေနှင့် ရွေချည်မျှင်တွေထိုးထားတတ်ကြ၏။

အစစ်အမှန်တပည့်တွေအတွက်တော့ သူတို့အဝတ်အစားတွေက ပိုလို့တောင်အထက်တန်းဆန်ခမ်းနားပြီး ထူးခြားသည့်လုပ်ဆောင်ချက်အချို့တောင်ရှိကြ၏။

"ဒါတွေက တကယ်အတွင်းစည်းတပည့်ဝတ်စုံတွေပဲ..."

"ဒါ သခင်လေးက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ရောက်သွားပြီလို့ဆိုလိုနေတာမဟုတ်ဘူးလား..."

စကားသံတွေထွက်ပေါ်လာသည်နှင့် အာမေဋိတ်သံတွေ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်...

ဤကဲ့သို့နေရာသေးသေးလေးမှလူတွေအတွက်တော့ ထိုအရာက သန်မာသည့်ကျင့်ကြံသူတွေ၏ အဆင့်ဖြစ်သည်။

ထို့ပြင် သူက ထိုက်ရွမ်ဂိုဏ်း၏အတွင်းစည်းတပည့်လည်းဖြစ်နေသေးသည်။

အပြင်းစည်းနှင့်အတွင်းစည်း၌ စကားလုံးတစ်လုံးသာကွဲပြားသော်လည်း နှစ်ခုကြား၌ ကမ္ဘာကြီးတစ်ခုလောက်ခြားနား၏။

အတွင်းစည်းဝင်ရောက်ပြီးမှသာ လူတစ်ယောက်ကို ထိုက်ရွမ်ဂိုဏ်းတရားဝင်တပည့်ဟု သတ်မှတ်နိုင်၏။

ထိုက်ရွမ်းဂိုဏ်း... ထိုအရာက သူတို့အိမ်မက်မက်နေသည့်နေရာဖြစ်သည်။

"မင်း..."

ထိုအရာကိုကြားသည့်အခါ ဂုဟုန်ယွီ ရုတ်တရက် တုံ့ပြန်လိုက်သည်။

"ဟုတ်တယ်, ကျွန်တော် အခုအတွင်းစည်းတပည့်ဖြစ်နေပြီ၊ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၄ လေ..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။

ထိုအခါ သန်မာသည့်အော်ရာတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

၎င်းကြောင့် ဂုဟောင်ယုမျက်နှာပတ်လည်ရှိဇာပုဝါကိုတဖျတ်ဖျတ်လွင့်ပျံသွားစေပြီး ရင်သက်ရှူမောဖွယ်လှပသည့်မျက်နှာလေး ထွက်ပေါ်လာခဲ့သည်။

"အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၄..."

လူအုပ် နောက်တစ်ကြိမ်တုန်လှုပ်သွားကြ၏။

သူတို့က သခင်လေး ထိုနယ်ပယ်ကို ခုလေးမှဝင်ရောက်ခဲ့သည်ဟုထင်ခဲ့ကြ၏။ သို့ပေမယ့် သူတို့မမျှော်လင့်ထားတာက သူက ထိုနယ်ပယ်မှာကို တိုးတက်မှုအချို့ရှိနေပြီဖြစ်သည်။

"သခင်လေး, အစွမ်းထက်တယ်..."

တစ်ခဏတိတ်ဆိတ်နေပြီးနောက် အောင်ပွဲခံသံတွေ ပေါက်ကွဲထွက်လာခဲ့သည်။

တိမ်ရေမြို့၌ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်သိုင်းပညာရှင်တွေကို ထိပ်ခေါင်တွေအဖြစ်သတ်မှတ်လို့ရတာဖြစ်သည်။

မုန့်မိသားစု၌ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်နောက်တစ်ယောက်တိုးလာတာအရ ခွန်အားသိသိသာသာတိုးလာတာဟု ဆိုလိုနေခဲ့သည်။

ထို့ပြင် သခင်လေးက ငယ်ရွယ်နေဆဲဖြစ်သည်။

အနာဂတ်၌ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ဝင်ရောက်ဖို့ အခွင့်အရေးများ၏။

လူတစ်ယောက်က ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်လျှင် အစစ်အမှန်ထူးခြားသူတစ်ယောက်ဖြစ်လာပြီး သာမန်လောကကို ကျော်ဖြတ်သွားမည်ဖြစ်သည်။

"တော်တယ်..."

ဂုဟုန်ယွီအသံထဲ၌လည်း စိတ်လှုပ်ရှားမှုတွေရှိနေခဲ့သည်။

သူမ အစောပိုင်း သူ့ရင်ဘတ်ထိတုန်းက ပုံမှန်မဟုတ်သည့်ခွန်အားကိုခံစားမိတာ မအံ့သြတော့ပေ။

ဒီတော့ သူက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

သို့ပေမယ့် သူမစိတ်ထဲ၌ သံသယအချို့ရှိနေဆဲဖြစ်သည်။

မုန့်ချန်ချင်းကို သူမငယ်ငယ်လေးကတည်းက ပျိုးထောင်ပေးလာခဲ့ရာ သူ့အခြေအနေကို သူမကောင်းကောင်းသိ၏။

သူ့၏ပါရမီနှင့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကို ဤလောက်အချိန်တိုအတွင်း မချိုးဖျက်နိုင်သင့်ပေ။

သို့ပေမယ့် ယခုချိန်မှာ အသေစိတ်မေးမြန်းဖို့က မသင့်တော်ပေ။

ညကျမှ သူမ သူ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ်သေချာစစ်ဆေးရမည်ဖြစ်သည်။

All Chapters