← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅)

ဒေါ်လေး, ကျွန်တော်တို့သိက္ခာမဲ့တဲ့ဟာသတွေ လုပ်လို့မရဘူးလေ

ထိုနေ့ညစားသောက်ပွဲကျင်းပပြီးနောက် မုန့်ချန်ချင်းကို ဂုဟုန်ယွီသူ့မအခန်းသို့ဆွဲခေါ်သွားခဲ့သည်။

သူမက အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း အဆုံးမှာတော့ အမျိုးသမီးတစ်ယောက်ဖြစ်နေဆဲဖြစ်သည်။

အခန်းအပြင်အဆင်က ကြော့ရှင်းပြီး သင်းပျံ့သည့်ရနံ့တွေနှင့်ပြည့်နှက်နေကာ သူမကဲ့သို့ စိတ်အာရုံကိုလန်းဆန်းစေ၏။

"ဒေါ်လေး, မင်းလိုအပ်တာတစ်ခုခုရှိလို့လား..."

မုန့်ချန်ချင်း သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။

သူ့အတွက်ပြန်လာဖို့ကရှားပါး၍ အကြီးအကဲတွေ၊ကလန်အဖွဲ့ဝင်တွေနှင့် ခွက်မြောက်ဖို့က ရှောင်လွဲ၍မရခဲ့ပေ။

သို့ပေမယ့် သူ့ကျင့်ကြံရေးအဆင့်နှင့် မူးဖို့ကမဖြစ်နိုင်ပေ။

ခရီးဝေးနှင်လာပြီးနောက် သူတကယ်ပဲ အခန်းပြန်နားချင်နေပြီဖြစ်သည်။

သို့ပေမယ့် သူထွက်သွားတော့မည့်အချိန်မှာပဲ သူ့ဒေါ်လေးက ဤနေရာသို့ဆွဲခေါ်လာခဲ့သည်။

"မင်းအဝတ်တွေချွတ်လိုက်..."

ဂုဟုန်ယွီပြောလိုက်သည်။

"အမ်?..."

မုန့်ချန်ချင်းကြောင်သွား၏။

"ဒေါ်လေး ကျွန်တော်တို့ သိက္ခာမဲ့တဲ့ဟာသတွေလုပ်လို့မရဘူးလေ...."

"ကောင်စုတ်လေး..."

ဂုဟုန်ယွီ ရယ်ချင်သွားပြီး မျက်လုံးလှန်လိုက်၏။ ထို့နောက် မုန့်ချန်ချင်းခေါင်းကိုညာလက်ဖြင့်ခပ်ဖွဖွပုတ်လိုက်သည်။

"မင်းက အများကြီးတွေးနေတာပဲ...."

"ငါပြောသလိုပဲလုပ်စမ်းပါ..."

သူမက တိုက်တွန်းလိုက်သည်။

"ကောင်းပါပြီ..."

မုန့်ချန်ချင်း နာခံရုံသာတတ်နိုင်၏။

သူက အခြားလူတွေ၏စကားတွေကို လျှစ်လျူရှုနိုင် မလိုက်နာလို့ရပေမယ့် သူ့ဒေါ်လေးကတော့ မတူပေ။

အဝတ်ချွတ်ပြီးနောက် မုန့်ချန်ချင်း၏ပြီးပြည့်စုံစွာထုဆစ်ထားသည့်အပေါ်ပိုင်းခန္ဓာကိုယ်က ထွက်ပေါ်လာခဲ့သည်။

သူ့၌ ဖုဖောင်းနေသည့်ကြွက်သားတွေမရှိသော်လည်း ခန္ဓာကိုယ်အချိုးအစားလှပကာ အနုပညာမြောက်၏။

ဂုဟုန်ယွီတောင် တစ်ခဏမင်သက်သွား၏။

သို့ပေမယ့် သူမမျက်နှာရှေ့၌ ဇာပုဝါကာထားရာ မုန့်ချန်ချင်း သူမအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

တစ်ခဏမင်သက်ပြီးနောက် ဂုဟုန်ယွီ အလျှင်အမြန်အသိပြန်ဝင်လာခဲ့သည်။

သူမက လည်ချောင်းရှင်းပြီးပြောလိုက်သည်။

"ငြိမ်ငြိမ်ရပ်နေ, မလှုပ်နဲ့....."

ပြောပြီးနောက် လျှပ်စီးကဲ့သို့အရှိန်ဖြင့် လက်သင်္ကေတတစ်ခုပြုလုပ်ပြီး နောက်ဆုံး မုန့်ချန်ချင်းရင်ဘတ်ကို ပုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပဲ ကြာပန်းပုံသဏ္ဍာန်တစ်ခု သူ့အရေပြားအောက်၌ ပေါ်လာခဲ့သည်။

ကြာပန်းက သန့်စင်သည့်အဖြူရောင်ဖြစ်ပြီး လုံးဝကို အစွန်းအထင်းမရှိပေ။

ထိုအရာကိုမြင်သည့်အခါ ဂုဟုန်ယွီသက်သာယာရစွာသက်ပြင်းချလိုက်ပြီး လက်ပြန်ရုတ်ကာ သူမ၏ဇာပုဝါအကာအကွယ်ကို ဖယ်ရှားလိုက်သည်။

သူမမျက်နှာက ဘယ်လောက်လှပလဲဆိုတာဖော်ပြဖို့တောင်ခက်၏။

အသားအရေက ကျောက်စိမ်းကဲ့သို့နူးညံ့ကာ အပြစ်အနာဆာမရှိပေ။

မျက်လုံးတွေကလည်း ဆောင်းဦးရေစင်ကဲ့သို့ကြည်လင်ပြီး ဆွဲဆောင်မှုရှိလှသည်။

မုန့်ချန်ချင်းတစ်ခါက ဂုဟုန်ယွီဘာကြောင့်အမြဲ ဇာပုဝါဝတ်ဆင်ထားလဲ မှန်းဆကြည့်ဖူး၏။

ပထမသူထင်ခဲ့တာ သူမအလှအပကထင်ရှားလွန်း၍ အခြားသူတွေတပ်မက်မှုမှ ကာကွယ်ဖို့ဟုထင်ခဲ့သည်။

သို့ပေမယ့် နောက်ပိုင်း၌ ထိုအရာက အကြောင်းအရင်းမဟုတ်ဘူးဆိုတာ သူနားလည်သွားခဲ့သည်။

နောက်ကွယ်၌ အကြောင်းအရင်းတစ်ခုရှိနေပုံရသေး၏။

"ဒေါ်လေး, ဒါကဘာလဲ..."

မုန့်ချန်ချင်း ပဟေဠိဖြစ်သွား၏။

"နတ်ဆိုးကျင့်ကြံရေးတွေကိုစမ်းသပ်တဲ့နည်းလမ်းတစ်ခုပါ..."

ဂုဟုန်ယွီ သာမန်အတိုင်းပြန်ဖြေလိုက်သည်။

"မင်းရဲ့ပင်ကိုယ်ပါရမီကိုငါသိတယ်။ သာမန်အခြေအနေအောက်မှာ ၂ နှစ်ထည်းနဲ့ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကိုရောက်ဖို့က မဖြစ်နိုင်ဘူး..."

"ကံကောင်းစွာနဲ့ မင်းက အလွယ်လိုက်တဲ့ ဘယ်လိုနတ်ဆိုးနည်းစနစ်ကိုမှမလေ့ကျင့်ခဲ့ဘူး...."

"ဒေါ်လေး, မင်းကတကယ် ငါ့ကိုမယုံဘူးပဲ..."

မုန့်ချန်ချင်း မချိပြုံးပြုံးပြီးပြောလိုက်သည်။

သူမသူ့ကိုရောက်ရောက်ချင်းအဝတ်ချွတ်ခိုင်းတာ နတ်ဆိုးကျင့်စဥ်တွေလေ့ကျင့်နေလားစစ်ဆေးချင်လို့ဆိုတာ နားလည်သွားခဲ့သည်။

"အိမ်ကနေ ၂နှစ်ကြာအောင်ထွက်သွားတယ်၊ ပြီးတော့ မင်းဘေးနားမှာငါလည်းမရှိဘူးလေ, ဘယ်သူသိမှာလဲ..."

ဂုဟုန်ယွီ စိတ်အေးသွားပြီး သူမ၏လှပသည့်နှာခေါင်းလေးကိုပွရှုတ်ပွရှုတ်လုပ်ကာ လက်ပိုက်ထားလိုက်သည်။

သူမက မုန့်ချန်ချင်းထက်အများကြီးအသက်မကြီးပဲ အသက် ၃၀ သာရှိသေး၏။

ထိုအရာက သူမ၏မွေးရာပါအလှတရားကြောင့်ဖြစ်နိုင်သလို သူမအသွင်အပြင်ကို အမြဲထိန်းသိမ်းခဲ့သောကြောင့်လည်းဖြစ်နိုင်၏။

အသက်ကြီးသည့်အရိပ်အယောင်မရှိပဲ ရင့်ကျက်သည့်ဆွဲဆောင်မှုသာရှိနေခဲ့သည်။

"ကျွန်တော် တကယ်ပဲ နတ်ဆိုးကျင့်စဥ်တွေလေ့ကျင့်ရင် ဘာဖြစ်မလဲ..."

မုန့်ချန်ချင်း သူမကိုကြည့်ပြီး ထူးဆန်းသည့်အသံဖြင့်ပြောလိုက်သည်။

ဂုဟုန်ယွီ မျက်ခုံးပင့်လိုက်ပြီး မုန့်ချန်ချင်းမျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။

သူတို့က အချိန်အတော်ကြာတိတ်ဆိတ်သွားကြ၏။

နောက်ဆုံး၌ သူမ ပခုံးတွန့်လိုက်သည်။

"ငါဘာလုပ်နိုင်မှာလဲ..."

သူမကပြောလိုက်သည်။

"မင်းကိုပျိုးထောင်ဖို့ ငါဒီလောက်အားစိုက်ထုတ်ခဲ့ရတာ။ အမှန်တရားအတွက်ဆိုပြီး နင့်ကိုငါ့လက်နဲ့ပြန်သတ်ရမှာလား။ သဘာဝအတိုင်း ဒီအတိုင်းလက်ခံရုံပဲပေါ့..."

ဤသို့ဖြင့် ဆွေနွေးမှုက ပြီးဆုံးသွားခဲ့သည်။

မုန့်ချန်ချင်းနှုတ်ခမ်းတွေ အပြုံးတစ်ခုအဖြစ်တွန့်ကွေးသွား၏။

တကယ်ပင်။ သူမက သူ့အတွက် အရေးကြီးဆုံးလူဖြစ်ပြီး မှန်မှန်မှားမှား အမြဲသူ့ဘက်မှာပဲရှိ၏။

"ဒေါ်လေးမစိုးရိမ်ပါနဲ့။ ကျွန်တော်က ဖြောင့်မတ်လမ်းစဥ်နောက်ကိုပဲလိုက်တာပါ။ ကျွန်တော့်အတွက် နတ်ဆိုးလမ်းစဥ်လျှောက်လမ်းဖို့ မလိုပါဘူး...."

မုန့်ချန်ချင်း ညင်သာစွာပြောလိုက်သည်။

"ကျွန်တော့်ကျင့်ကြံရေးမြန်နေတယ်ဆိုတာလည်း အခွင့်လမ်းအချို့တွေ့ထားတာကြောင့်ပါ...."

"အင်း..."

ဂုဟုန်ယွီခေါင်းညိတ်လိုက်သည်။

"မင်းရဲ့ပင်ကိုယ်ပါရမီက သာမန်ဆိုပေမယ့် သိုင်းပညာကျင့်ကြံတာက ပါရမီနဲ့ပဲဆိုင်တာမဟုတ်ဘူး။ ကံကောင်းဖို့ကလည်းလိုသေးတယ်..."

"ကောင်လေး, ကြည့်ရတာ ကံက မင်းဘက်မှာရှိနေပုံရတယ်..."

သူမက ဆက်ပြောလိုက်သည်။

"ဒါနဲ့ အဲ့ကံတရားက ဘာလို့အရင်က ပေါ်မလာတာလဲ...."

"အချိန်မကျသေးလို့ဖြစ်မှာပေါ့..."

မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။

အစောပိုင်း ကလန်အဖွဲ့ဝင်တွေရှိနေ၍ သူ့အဒေါ်အချက်အလက်ကိုကြည့်ဖို့ အခွင့်အရေးမရခဲ့ပေ။

ယခုနောက်ဆုံး၌ အချိန်ရှိလာပြီဖြစ်သည်။

သူ့မှတ်ဉာဏ်ထဲ၌ သူ့အဒေါ်က အလွန်ထူးဆန်းပြီး မြူတွေဝန်းရံနေသလိုပင်။

ဝှစ်!

ရေစီးဆင်းသကဲ့သို့ ဂုဟုန်ယွီ၏အချက်အလက်ပြဇယား သူမဘေးမှာပေါ်လာခဲ့သည်။

အခြေခံအခက်အလက်-

[အမည်- ဂုဟုန်ယွီ]

[မျိုးနွယ်- လူမျိုး]

[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၇ (ယာယီ)]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၂ (ထိခိုက်ထား)]

[နာလည်နိုင်စွမ်း- သာလွန်]

[ပါရမီစွမ်းရည်- ဝိညာဥ်မျက်လုံး (ချိပ်ပိတ်ထား)]

[သိုင်းပညာ- လင်းလုံအေးစက်လမင်းဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)]

[လျို့ဝှက်နည်းလမ်း- ကြာပန်းလက်ဝါးနတ်ဆိုးချိတ်ပိတ်ခြင်းအတတ်]

ထိုအရာကိုမြင်သည့်အခါ မုန့်ချန်ချင်း လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး အမူအရာမပျက်အောင်ထိန််းထားလိုက်၏။

သို့ပေမယ့် စိတ်ထဲမှာတော့ မုန်တိုင်းထန်နေခဲ့ပြီဖြစ်သည်။

ဤအချက်အလက်ပြဇယားက အလွန်မြင့်လွန်း၏။

ဤကဲ့သို့ဇယားမျိုး သူ မိန်းကလေးပိုင်းစုရှီဆီ၌သာ မြင်ဖူးသည်။

အထူးချွန်ဆုံးပါရမီရှင်တွေသာ ၎င်းကိုပိုင်ဆိုင်ကြတာဖြစ်သည်။

သူ့ဒေါ်လေးကလည်း ထိုကဲ့သို့လူတစ်ယောက်ဖြစ်နေမည်ဟု ဘယ်တုန်းကမှမျှော်လင့်မထားပေ။

သို့ပေမယ့် ပိုင်စုရှီနှင့်မတူပဲ သူ့ဒေါ်လေး၏စွမ်းရည်အများစုက နောက်ဆက်တွဲတွေရှိနေခဲ့သည်။

ဥပမာ, ကျင့်ကြံရေးနယ်ပယ်နောက်၌ (ယာယီ) ဟူ၍ ရှိနေသလိုပင်။

ထိုအရာက ဘာကိုဆိုလိုသနည်း။

ကျင့်ကြံရေးနယ်ပယ်ဆိုတာ ရိုးစင်း၏။ ရှိလျှင်ရှိသည်, မရှိလျှင်မရှိဘူးပေါ့။

ဘာကို ယာယီနည်း။

ဖြစ်နိုင်တာ သူ့ဒေါ်လေးနယ်ပယ်က တစ်ခါက အလွန်မြင့်ပြီး ဤအဆင့်ထိပြုတ်ကျလာခဲ့သည်လား။

ထိုသို့ဆိုလျှင် အမြစ်ရိုးကအဘယ်နည်း။ အဆင့် ၂ ဖြစ်ပြီး ပိုင်စုရှီဟာနှင့်အတူတူဖြစ်သည်။

ယခုသူက အတွင်စည်းတပည့်ဖြစ်သော်လည်း ထိုအဆင့်ရှိအခြားတပည့်တွေကို မမြင်ဖူးသေးပေ။

ထိုအရာအရ ၎င်းက အတော်လေးရှားပါးတယ်ဆိုတာ ပြသနေခဲ့သည်။

သေချာပေါက်ပင်။ ထိုအရာက ထိုက်ရွမ်ဂိုဏ်း၌ ဤအဆင့်ရှိပါရမီရှင်မရှိဘူးဟု ဆိုလိုတာမဟုတ်ပေ။ ၎င်းက သူ သူတို့နှင့်ခုချိန်ထိမတွေ့ရသေးတာဖြစ်သည်။

အဆုံးမှာတော့, အတွင်းစည်းတပည့်အထက်၌ စစ်မှန်တပည့်တွေရှိသေး၏။

ယခုချိန် သူထိတွေ့မိနေတာက ထိုက်ရွမ်ဂိုဏ်းဆိုသည့်ရေခဲတုံးကြီး၏အစွန်အဖျားသာရှိသေး၏။

အမြစ်ရိုးက စစ်သည်တော်တစ်ယောက်အတွက် အရေးကြီးဆုံးဖြစ်ပြီး ထိခိုက်သွားလျှင် ဆက်လက်တိုးတက်ဖို့မဖြစ်နိုင်တော့ပေ။

ထို့ပြင် ဝိညာဥ်မျက်လုံးဆိုသည့် ပါရမီစွမ်းရည်ကလည်း ချိပ်ပိတ်ထားသည့်အခြေအနေမှာရှိနေခဲ့သည်။

ခြုံငုံကြည့်လျှင် သူ့ဒေါ်လေး တစ်စုံတစ်ယောက်၏ တမင်တကာဒုက္ခပေးခြင်းခံထားရမှန်း သိသာ၏။

အခန်း (၂၆)

ကောင်စုတ်လေး, မင်းက မင်းဒေါ်လေးနဲ့မိတ်ဆွေဖြစ်ချင်တယ်ပေါ့

'ကြည့်ရတာ ဒေါ်လေးအတိတ်က တကယ်မရိုးရှင်းဘူးပဲ....'

မုန့်ချန်ချင်းမနေနိုင်ပဲ စိတ်ထဲမှာတွေးလိုက်သည်။

ဒေါ်လေး၏ပါရမီမျိုးနှင့် ထိုက်ရွမ်ဂိုဏ်းမှာသာဆိုလျှင် ဂိုဏ်းချုပ်အာရုံကိုတောင်ဆွဲဆောင်ခံရပြီး တပည့်အဖြစ်ခေါ်ယူခံရမည်ဖြစ်သည်။

သို့ပေမယ့် ယခုတော့ သူမက ကျင့်စဥ်များပျက်စီး၍ ဤကဲ့သို့ခေါင်သည့်နေရာတစ်ခုမှာ လာနေနေရသည်။

ထို့ပြင် ဒေါ်လေးက သူ့အမေ၏ဂျူနီယာညီမဖြစ်၍ သူ့အမေ၏ပါရမီကလည်း ဒေါ်လေးထက်တော့မနိမ့်သင့်ပေ။

ဝိုး....

သေချာတွေးကြည့်လိုက်တော့ ဒေါ်လေးတို့နေခဲ့သည့်အင်အားစုက အနည်းဆုံး ထိုက်ရွမ်ဂိုဏ်းအဆင့်လောက်ရှိရမည်ဖြစ်သည်။

"ဒေါ်လေးက သဘာဝအတိုင်းလှပပြီး ဖော်ရွေတယ်ဆိုပေမယ့် မင်း ဒီလိုကြီးစိုက်ကြည့်ဖို့တော့ မလိုဘူးလားလို့...."

မုန့်ချန်ချင်းစဥ်စားနေစဥ် ဂုဟုန်ယွီ ပြောလိုက်သည်။

မုန့်ချန်ချင်း ရုတ်တရက် အသိပြန်ဝင်လာ၏။

အများရှေ့၌ ဒေါ်လေးက အလွန်စည်းကမ်းကြီးသော်လည်း သီးသန့်ဖြစ်သွားချိန်တွင် အတော်ပွင့်လင်းရဲတင်း၏။ အထူးသဖြင့် သူနှင့်ရှိနေချိန်တွင်ဖြစ်သည်။

မုန့်ချန်ချင်းမှတ်မိသေး၏။ လွန်ခဲ့သည့် ၁၀ နှစ် သူ့အသက် ၇ နှစ်အရွယ်တုန်းက သူတို့ စည်ပိုင်းတစ်ခုထဲမှာ ရေအတူတူချိုးခဲ့ကြ၏။

မည်သည့်တားမြစ်ချက်မှမရှိပေ။

ဤမရင်းနှီးသည့်မုန့်မိသားစု၌ သူနှင့်အတူရှိချိန်၌သာ ဒေါ်လေးက အစစ်အမှန်စိတ်အေးလက်အေးနေနိုင်တာဖြစ်နိုင်၏။

"ကျွန်တော်က ဒေါ်လေး ကျွန်တော့်မိဘတွေအကြောင်း ဘယ်တော့ပြောမလဲစဥ်းစားနေတာပါ...."

မုန့်ချန်ချင်း အဝတ်ဝတ်ရင်းဖြင့် ဖြည်းညင်းစွာပြောလိုက်သည်။

သူ့မှတ်ဉာဏ်ထဲ၌ သူ၏မွေးမိဘတွေနှင့်ပတ်သက်ပြီး ဘာမှမရှိပေ။

ကြည့်ရတာ သူတို့က သူမွေးပြီးပြီးချင်း ထွက်သွားကြပုံရသည်။

ထိုအခိုက်အတန့်၌, ဂုဟုန်ယွီအမူအရာ အနည်းငယ်ပြောင်းလဲသွားပေမယ့် ချက်ချင်း ပုံမှန်ပြန်ဖြစ်သွား၏။

"အနာဂတ် အချိန်ကျလာရင် ဒေါ်လေးမင်းကို ပြောပြမှာပါ..."

ဂုဟုန်ယွီ အသက်ပြင်းပြင်းရှူပြီး မျက်လုံးတွေထဲ၌ ရှုပ်ထွေးသည့်အရိပ်အယောင်တွေရှိနေခဲ့သည်။

"ကောင်းပါပြီ..."

မုန့်ချန်ချင်း နောက်ထပ်မမေးတော့ပေ။

ဒေါ်လေးဖြစ်သူက ဤကိစ္စနှင့်ပတ်သက်ပြီး အလွန်နှုတ်လုံသောကြောင့် သူ အတင်းအကြပ်မေးလို့မရပေ။

"ဒါဆို အခြားအကြောင်းပြောကြတာပေါ့...."

ဒေါ်လေးဖြစ်သူက ဒဏ်ရာရထားသော်လည်း သူမ၏ပင်ကိုယ်ပါရမီဇယားပေါ်ရှိ အချက်အလက်တွေကတော့ အစစ်မှန်တွေဖြစ်ကြ၏။

ထိုအရာက သူ့ကို အလွန်မနာလိုဖြစ်စေ၏။

နာလည်နိုင်စွမ်း၊ ပါရမီစွမ်းရည်၊ သိုင်းပညာ အစရှိသဖြင့်....

"မင်းက ဘာအကြောင်းပြောချင်တာလဲ...."

ဂုဟုန်ယွီ မုန့်ချန်ချင်း ဤလောက်မြန်မြန် အကြောင်းအရာပြောင်းလိမ့်မည်ဟု မျှော်လင့်မထားပေ။

အတိတ်၌ သူ့အားခေါင်းစဥ်ပြောင်းအောင်လုပ်ဖို့ အချိန်အတော်ကြာ၏။

"ကျွန်တော်တို့က သွေးသားတော်စပ်မှုမရှိဘူး၊ ဟုတ်တယ်နော်..."

မုန့်ချန်ချင်းပြောလိုက်သည်။

"ဟုတ်တယ်လေ, မတော်စပ်ဘူး...."

"ဒါဆို ကျွန်တော်တို့ အခြားဆက်ဆံရေးတစ်ခု တည်ဆောက်လို့ရတယ်မလား...."

မုန့်ချန်ချင်း အတော်လေးမျှော်လင့်ထားပြီး ပြောလိုက်သည်။

"မင်းဖြစ်ချင်တာ.... ဒါမသင့်တော်ဘူး။ မင်း လူ့ကျင့်ဝတ်ကို ဟာသလုပ်လို့မရဘူး..."

ဂုဟုန်ယွီ ဟာသလုပ်လိုက်သည်။

"ဒေါ်လေးဘာတွေတွေးနေတာလဲ...."

မုန့်ချန်ချင်း ဆွံ့အသွား၏။

သူပြောသည့်စကားတွေက ပြောင်းပြန်ရလဒ်ထွက်သွားပုံရသည်။

"ဒါဆို မင်းက ဘယ်လိုဆက်ဆံရေးမျိုး တည်ဆောက်ချင်တာလဲ...."

ဂုဟုန်ယွီ ရှေ့ခြေတစ်လှမ်းတိုးပြီး မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။

သူမ၌ လှပသည့်ကိုယ်လုံးကိုယ်ပေါက်ရှိပြီး လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုတွေနှင့်ပြည့်နှက်နေခဲ့သည်။ အထူးသဖြင့် သူမ၏ရနံ့သင်းသင်းလေပင်။

၎င်းက ဝိညာဥ်ကိုပင် ညို့ငင်ယူနိုင်၏။

"မိတ်ဆွေ..."

မုန့်ချန်ချင်း ဂုဟုန်ယွီနည်းလမ်းတွေနှင့်ရင်းနှီးနေပြီးဖြစ်ရာ သူ့၌ အပိုအတွေးတွေမရှိပေ။

ထို့ပြင် သူ့အာရုံက အချက်အလက်ဇယားပေါ်၌သာရှိနေခဲ့သည်။

???.....

ဂုဟုန်ယွီ ကြောင်သွား၏။

သူမက ဖြစ်နိုင်ချေများစွာတွေးခဲ့သော်လည်း ဤတစ်ခုတော့မပါပေ။

မိတ်ဆွေဖွဲ့မည်?....

"မင်း, ကောင်စုတ်လေး မင်းဒေါ်လေးနဲ့ မိတ်ဆွေဖြစ်ချင်တယ်ပေါ့..."

ထိုအရာကိုနားလည်သွားသည့်အခါ ဂုဟုန်ယွီ ချက်ချင်း ခါးထောက်လိုက်ပြီး ဒေါသကြောင့် ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့သည်။

"ကျွန်တော်အသေစိတ်တော့ရှင်းပြလို့မရဘူး။ ဒါပေမယ့် ဒေါ်လေး မိတ်ဆွေဖြစ်ဖို့ သဘောတူသရွေ့ အဆင်ပြေတယ်..."

အဆုံးမှာတော့ ဒေါ်လေးက သူ၏အရင်းနှီးဆုံးပုဂ္ဂိုလ်ဖြစ်ရာ မုန့်ချန်ချင်း အကြောင်းပြချက်အချို့ပေးပြီး အားအင်မကုန်ချင်ပေ။

သူက ဒေါ်လေးဖြစ်သူ သဘောတူမည်ဟု ယုံကြည်၏။

"ဒါဆိုလည်း... ကောင်းပြီလေ..."

ဤတောင်းဆိုမှုက အမှန်တကယ်ထူးဆန်းသော်လည်း မုန့်ချန်ချင်း၏လေးနက်သည့်အမူအရာကိုမြင်သည့်အခါ ဂုဟုန်ယွီ အနည်းငယ်မျက်မှောင်ကြုတ်ပြီး သဘောတူလိုက်သည်။

အဆုံးမှာတော့ ထိုအရာက စကားအရသီးသန့်သဘောတူညီမှုတစ်ခုသာဖြစ်သည်။

မည်သည့်အကျိုးသက်ရောက်မှုမှရှိမည်မဟုတ်ပေ။

အိမ်မှ ၂ နှစ်ကြာထွက်သွားပြီးနောက် ဤကောင်လေး၌ ထူးဆန်းသည့်ဝါသနာတွေရှိလာပုံရသည်။

လူကြီးတွေနှင့်မိတ်ဆွေဖွဲ့တယ်လို့ ဘယ်မှာကြားဖူးလို့နည်း။

ဘယ်လိုပဲတွေးတွေး ထိုအရာက အလွန်ကျိုးကြောင်းမဆီလျော်ပေ။

ဒင်!

[မိတ်ဆွေအဖြစ်တောင်းဆိုမှုလက်ခံပါပြီ]

[လက်ရှိနှစ်သက်မှု- ကြယ် ၄လုံး]

[ရရှိသောစွမ်းရည်-]

[နားလည်နိုင်စွမ်း- သာလွန်]

[ပါရမီစွမ်းရည်- ဝိညာဥ်မျက်လုံး]

[သိုင်းပညာ- လင်းလုံအေးစက်လမင်းဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်) ]

[လျို့ဝှက်နည်းလမ်း- ကြာပန်းလက်ဝါးနတ်ဆိုးချိပ်ပိတ်အတတ်]

သူ့စိတ်ထဲ၌ စနစ်၏အသံဆက်တိုက်ထွက်ပေါ်နေခဲ့သည်။

မုန့်ချန်ချင်းသာ စိတ်ပိုင်းဆိုင်ရာမသန်မာလျှင် ချက်ချင်း ထအော်မိမည်ဖြစ်သည်။

မိတ်ဆွေဖြစ်ရုံရှိသေး နှစ်သက်မှုက ကြယ် ၄ လုံးရှိနေပြီဖြစ်သည်။

သူက တစ်ပြိုင်နက်တည်း စွမ်းရည် ၄ မျိုးတောင်ရရှိခဲ့၏။

သို့ပေမယ့် သေချာစဥ်းစားကြည့်တော့ ထိုအရာကသာမန်ပင်။

အဆုံးမှာတော့ ဒေါ်လေးက သူစိမ်းမဟုတ်ပေ။ အတူတူကြီးပြင်းလာသူဖြစ်၍ သူမသူ့အပေါ် နှစ်သက်မှုမြင့်မားတာ သဘာဝပင်။

ကြည့်ရတာ စနစ်၏နှစ်သက်မှုအမြင့်ဆုံးက ကြယ် ၅ လုံးဖြစ်ပုံရ၏။

၄ လုံးက အတော်လေး မြင့်ပြီးနေပြီဖြစ်သည်။

အနည်းဆုံး လက်ရှိသူ့မိတ်ဆွေတွေထဲ၌ ဤအဆင့်မျိုးတစ်ယောက်မှမရှိပေ။

အမြင့်ဆုံးက ကြယ် ၂ လုံးသာဖြစ်သည်။

"ကျေးဇူးတင်ပါတယ်, ဒေါ်လေး..."

အသက်ပြင်းပြင်းရှူပြီး မုန့်ချန်ချင်း စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်သည်။

"နောက်လည်းကျနေပြီဆိုတော့ ဒေါ်လေးအနားယူတာ မနှောက်ယှက်တော့ဘူး...."

ပြောပြီးနောက် မုန့်ချန်ချင်းတစ်ဖက်လှည့်ကာ ထွက်ခွာသွားတော့သည်။

သူက စွမ်းရည်တွေပေါင်းစပ်ဖို့ မစောင့်နိုင်တော့ပေ။

တံခါးကဖွင့်နေပြီး လရောင်က အခန်းထဲသို့ စမ်းရေမမာစီးဆင်းနေခဲ့သည်။

ဂုဟုန်ယွီ နေရာမှာပဲရပ်နေပြီး အနည်းငယ် ပဟေဠိဖြစ်နေခဲ့သည်။

မုန့်ချန်ချင်းဘာကိုစိတ်လှုပ်ရှားနေမှန်း သူမ တကယ်မသိတော့ပေ။

သူမက မိတ်ဆွေဖြစ်ဖို့သဘောတူလိုက်သည့်အတွက် ဤလောက်ထိပျော်သွားသည်လား။

"ဒီကောင်လေးမှာ တကယ်ပဲ မသင့်တော်တဲ့အတွေးအချို့ရှိနေနိုင်လား..."

ဂုဟုန်ယွီ မနေနိုင်ပဲ အတွေးနက်သွား၏။

ပထမဦးစွာမိတ်ဆွေဖြစ်ပြီး တဖြည်းဖြည်း ဒေါ်လေး-တူလေးဆက်ဆံရေးကိုအားပျော့စေမည်ပင်။

ထို့နောက် ထိုဦးတည်ချက်ကို တဖြည်းဖြည်း တိုးတက်အောင်လုပ်မည်ဖြစ်သည်။

၎င်းက စစ်မှန်သည့် ဒေါ်လေး-တူလေး ဆက်ဆံရေးဆိုရင်တော့ ဘာမှဖြစ်လာမည်မဟုတ်ပေ။

သို့ပေမယ့် သူမနှင့် မုန်ချန်ချင်းကြား၌ အဆုံးမှာတော့ ဘာမှသွေးသားမတော်စပ်ပေ။

"ငါ့စီနီယာအမရဲ့သား...."

"မွေးကင်းစကတည်းကပြုစုစောင့်ရှောက်ပေးလာတဲ့ကလေးနဲ့...."

ဂုဟုန်ယွီတစ်ကိုယ်လုံးတုန်ယင်သွားပြီး အလျှင်အမြန်ပဲ ထိုကြောက်စရာအတွေးကို ဖျောက်ဖျက်ပစ်လိုကသ်ည်။

သို့ပေမယ့် ထိုအကြောင်းပြောမှ ထိုကောင်လေးက ကြီးလာလေလေပိုချောလာလေလေဖြစ်ပြီး သူမစီနီယာအမနှင့် အများကြီးပိုတူလာ၏။

ထပ်ပေါင်းပြောရလျှင် ထိုပြီးပြည့်စုံသည့်ကြွက်သားတွေက တကယ်ကို ယောက်ျားဆန်သည့်ဆွဲဆောင်မှုတွေကို ထုတ်လွတ်နေခဲ့သည်။

ဖတ်! ဖတ်!

သူမအတွေးတွေ အထိန်းကွပ်မဲ့လာတာကိုခံစားမိတော့ ဂုဟုန်ယွီ သူမမျက်နှာကိုရိုက်ပြီး နိုးထလာအောင်လုပ်လိုက်သည်။

နောက်ဆုံး၌ တစ်စုံတစ်ခုကို မှတ်မိသွားဟန်ရပြီး သက်ပြင်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။

သူမက ပြတင်းပေါက်အပြင်ဘက်ရှိလရောင်ကိုငေးကြည့်ပြီး ညင်သာစွာပြောလိုက်သည်။

"စီနီယာအမ, ချန်ချင်းပါရမီက သာမန််ဆိုပေမယ့် ကြည့်ရတာ သူအခု အခွင့်လမ်းတစ်ခုတွေ့လာပုံရတယ်..."

"အနာဂတ် သိုင်းပညာလောကမှာ အောင်မြင်မှုအချို့ရလာနိုင်တယ်...."

"ဒါပေမယ့် အဲ့အရာရဲ့ပြိုင်ဘက် ဘယ်လိုမှဖြစ်မလာနိုင်ဘူး...."

"သူ သူတို့နဲ့ရင်ဆိုင်ဖို့ မလိုအပ်ဘူးလေ..."

All Chapters