အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း (၂၇)
လုပ်ဆောင်ချက်အသစ်၊ ဝိညာဥ်မျက်လုံးနှင့်ပုံရိပ်ယောင်ချိုးဖြတ်ခြင်း၊ သိမ်မွေ့အဆင့်မြင့်သိုင်းပညာ
သူ့ခြံဝန်းပြန်ရောက်ပြီးနောက် မုန့်ချန်ချင်း တံခါးပိတ်ပြီး ကုတင်ပေါ်မှာခြေချိတ်ထိုင်လိုက်သည်။
တစ်ချိန်တည်းမှာပဲ အချက်အလက်ဇယားကိုဆင့်ခေါ်လိုက်သည်။
အခြေခံအချက်အလက်-
[အမည်- မုန့်ချန်ချင်း]
[...]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး- အဆင့် ၂]
[နားလည်နိုင်စွမ်း- သာမန်]
[ပါရမီစွမ်းရည်- ကျွမ်းကျင်လက်၊ ထူထည်းသောအရေပြား]
[သိုင်းပညာ- လေမိုးကြိုးဓားသိုင်း (ပြီးပြည်စုံခြင်းအဆင့်).... ]
[မိတ်ဆွေ- ရှဟန်၊ ပိုင်စုရှီ၊ ချင်ဖန်း၊ ကောင်းကင်ကြေးဝါလက်၊ ဂုဟုန်ယွီ (သတိပေးချက်- အသေးစိတ်အချက်အလက်ကြည့်ရန် မိတ်ဆွေအမည်ကိုနှိပ်ပါ) ]
[မပေါင်းစပ်ရသေးသောစွမ်းရည်- သာလွန်အဆင့်နားလည်နိုင်စွမ်း၊ ဝိညာဥ်မျက်လုံး၊ လင်းလုံအေးစက်လမင်းဓားသိုင်း၊ ကြာပန်းလက်ဝါးနတ်ဆိုးချိပ်ပိတ်အတတ်]
"ငါတော့ပွတာပဲ..."
မုန့်ချန်ချင်းမျက်နှာ စိတ်လှုပ်ရှားမှုတွေ ပြသလာ၏။
သို့ပေမယ့် သူပထမဆုံးသတိထားမိသည့်အရာက ဇယားပေါ်ရှိပြောင်းလဲမှုပင်။
ဥပမာ မိတ်ဆွေအချက်အလက်၌ လမ်းညွှန်ချက်အသစ်တွေပါလာခဲ့သည်။
"ဒါကဘာလဲ..."
လမ်းညွှန်ချက်အတိုင်း မုန့်ချန်ချင်း ရှဟန်ကိုနှိပ်လိုက်သည်။
ရှဟန်အချက်အလက်ပြဇယား ချက်ချင်းပေါ်လာပြီး ရှဟန်ရုပ်ပုံနှင့် အမျိုးမျိုးသောအချက်အလက်တွေရှိနေခဲ့သည်။
[မိတ်ဆွေ- ရှဟန်]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့်၁]
[....]
"အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၁..."
မုန့်ချန်ချင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။
အစကတည်းက ရှဟန် သွေးကြောပုံသွင်းခြင်းနယ်ပယ်အဆင့် ၉ ကိုရောက်ရှိနေပြီးပြီဖြစ်သည်။
သူပေးခဲ့သည့်ဆေးလုံးတွေအကူအညီနှင့် ဤလောက်အချိန်ကြာပြီးနောက် အဆင့်ချိုးဖျက်နိုင်တာ ကျိုးကြောင်းဆီလျော်၏။
"ခဏနေပါအုန်း, ဒါဆို ဆိုလိုတာ..."
မုန့်ချန်ချင်းမျက်လုံးတွေ တောက်ပသွား၏။
သူသာ မိတ်ဆွေ၏အချက်အလက်တွေကို ဤကဲ့သို့ကြည့်နိုင်လျှင် မျက်နှာချင်ဆိုင်တွေ့နေဖို့မလိုတော့ပေ။
ထို့ပြင် သူ့မိတ်ဆွေတွေ၏အချက်အလက််တွေကိုလည်း ရှင်းရှင်းလင်းလင်းမြင်နိုင်၏။
သူတို့သန်မာလာတာပဲဖြစ်ဖြစ် အသစ်တစ်ခုခုသင်ယူခဲ့တာပဲဖြစ်ဖြစ်ပင်။
ထိုအရာကိုတွေးပြီး မုန့်ချန်ချင်း ပိုင်စုရှီ၏ဇယားကိုဖွင့်လိုက်သည်။
[မိတ်ဆွေ- ပိုင်စုရှီ]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၂]
[....]
[သိုင်းပညာ- ပင်လယ်နက်မူလသို့ပြန်ခြင်း (စဦးအဆင့်)၊ လေမိုးကြိုးဓားသိုင်း(တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)]
"သူမလည်း အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ရောက်ပြီပဲ။ အဆင့် ၂ တောင်ရောက်နေပြီ။ လေမိုးကြိုးဓားသိုင်းလည်းလေ့ကျင့်ထားတယ်ဆိုတော့ ငါ့လို စိတ်ဝိညာဥ်တောင်ထိပ်ကို ဝင်ရောက်ခဲ့တယ်နဲ့တူတယ်..."
သူက ပိုင်စုရှီချိုးဖျက်နိုင်တာကို လုံးဝမအံ့သြပေ။
ဤမိန်းခလေး၏ပါရမီက သူ့ဒေါ်လေး၏ပါရမီနှင့်အတူတူဖြစ်ပြီး အဓိကအချက်က သူမကံက အလွန်ကောင်းတာဖြစ်သည်။
နတ်ဆိုးဝံပုလွေတွေလိုက်ခံရချိန်၌တောင် သူနှင့်တွေ့ပြီး အကူအညီပေးခံခဲ့ရ၏။
သူမဒဏ်ရာတွေသက်သာပြီး အပြင်ပြန်သွားတော့လည်း ဒြပ်စင်စိတ်ဝိညာဥ်မြက်နှင့်တွေ့ခဲ့ပြန်သည်။
ဘယ်လိုပဲတွေးတွေး ထိုအရာက ကျိုးကြောင်းဆီလျော်မှုကိုမရှိပေ။
"ငါလည်းမြန်မြန်လေ့ကျင့်သင့်တယ်။ မဟုတ်ရင် မကြာခင် ဒီမိန်ခလေးငါ့ကိုလိုက်မှီလာလိမ့်မယ်..."
မုန့်ချန်ချင်း အနည်းငယ် ရယ်လိုက်သည်။
၎င်းမှာ သူအပြင်းခိုနေ၍မဟုတ်ပေ။ အဓိကအကြောင်းပြချက်က အိမ်ပြန်လမ်း၌ သူ့မှာ ဘာအရင်းအမြစ်မှမရှိသောကြောင့်ပင်။
ထို့ကြောင့် သူ့ကျင့်ကြံရေးကို မတိုးမြင့်နိုင်တာဖြစ်သည်။
သို့ပေမယ့် မနက်ဖြန်မှစပြီး ကိစ္စတွေက ပုံမှန်အတိုင်းပြန်ဖြစ်တော့မည်ဖြစ်သည်။
မိသားစုအုတ်မြစ်နှင့် အနည်းဆုံး သူ့အား ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အထိ ထောက်ပံ့ပေးနိုင်၏။
"အို, ဟုတ်သားပဲ။ ဒီ ပင်လယ်နက်မူလသို့ပြန်ခြင်းသိုင်းပညာဆိုတာ ဘာကြီးလဲ..."
သူမှတ်မိသလောက် ထိုအရာက ယခင်ပိုင်စုရှီဇယားပေါ်၌မရှိပေ။ စိတ်ဝိညာဥ်တောင်ထိပ်၏ စဦးသိုင်းပညာတွေထဲ၌လည်းမရှိပေ။
ထို့ကြောင့် သူမတစ်နေရာရာမှရလာတာဖြစ်ရမည်ဖြစ်သည်။
"နာမည်ကြည့်ရတာတော့ အတော်အစွမ်းထက်မယ့်ပုံပဲ။ သေချာပေါက် သာမန်သိုင်းပညာမဟုတ်လောက်ဘူး...."
"ပြန်ရောက်ရင် နှစ်သက်မှုတိုးအောင်လုပ်နိုင်မလားကြည့်ကြတာပေါ့..."
မုန့်ချန်ချင်း စိတ်ထဲမှာတွေးလိုက်သည်။
ထို့နောက် အတွေးတွေကိုဖယ်ရှားပြီး ရရှိထားသည့်အရာတွေပေါ်မှာ အာရုံစိုက်လိုက်သည်။
"စနစ်, စွမ်းရည် ၄ ခုလုံး ဆက်တိုက်ပေါင်းစပ်မယ်..."
ဒင်!
[ပေါင်းစပ်မှုစတင်ပါပြီ]
ပထမစွမ်းရည်က သာလွန်အဆင့်နားလည်နိုင်စွမ်းဖြစ်၏။
ပိုင်စုရှီ၌လည်းသာလွန်အဆင့်နားလည်နိုင်စွမ်းရှိ၏။ သို့ပေမယ့် ကံမကောင်းစွာပဲ မုန့်ချန်ချင်း မရခဲ့ပေ။
သူက အနာဂတ်၌ တဖြည်းဖြည်းရအောင်လုပ်မည်ဟုစီစဥ်ထားခဲ့သည်။ အဆုံးမှာတော့ နားလည်နိုင်စွမ်းကလည်း အလွန်အရေးကြီး၏။
အထူးသဖြင့် ကျင့်ကြံရေးနောက်ပိုင်းအဆင့်တွေ၌ပင်။
ပြောစကားတွေအရ အဓိကအဆင့်ကြီးတွေချိုးဖျက်ရာ၌ အရင်းမြစ်လိုအပ်ရုံသာမက သိုင်းပညာ၏စစ်မှန်အနှစ်သာရဉာဏ်အလင်းတွေလည်းလိုအပ်၏။
မမျှော်လင့်စွာပဲ သူက ထိုအရာကို ဒေါ်လေးဖြစ်သူထံမှ ရရှိခဲ့သည်။
သာလွန်အဆင့်နားလည်နိုင်စွမ်းပေါင်းစပ်မှုနှင့် မုန့်ချန်ချင်း စိတ်ထဲမှာ ပြတ်သားစူးရှသည့်ခံစားမှုတစ်ခုခံစားလိုက်ရ၏။
ဖုန်မှုန့်တွေအားလုံးလွင့်ပျယ်သွားပြီး သူ့အသိစိတ် အလွန်အမင်းရှင်းလင်းလာသကဲ့သို့ပင်။
ယခင်ကျင့်ကြံရေးနှင့်ပတ်သက်သည့်သံသယတွေလည်း ဤအခိုက်အတန့်မှာ အဖြေပေါ်လာပြီး အလွတ်တကူနားလည်လာခဲ့သည်။
"မဆိုးပါဘူး..."
မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်သည်။
ဤအတိုင်းဆို အနာဂတ်သူ့မှာ ကျွမ်းကျင်ကတ်တွေပြတ်လတ်လာလျှင်တောင် နားလည်နိုင်စွမ်းတစ်ခုတည်းဖြင့် ၎င်းတို့ကိုလေ့လာနိုင်တော့မည်ဖြစ်သည်။
သာလွန်အဆင့်နားလည်နိုင်စွမ်း၏ ပြောင်းလဲမှုတွေကို မုန့်ချန်ချင်းအပြည့်အဝမခံစားနိုင်ခင်...
ဒုတိယမြောက်စွမ်းရည်ပေါင်းစပ်ခြင်းက စတင်လာခဲ့သည်။
ပါရမီစွမ်းရည်- ဝိညာဥ်မျက်လုံး...
မုန့်ချန်ချင်း သူ့မျက်လုံးတွေ တစ်ခဏ ရေအေးတွေဖုံးလွမ်းသွားသလိုခံစားလိုက်ရ၏။
ဤခံစားချက်က မနာကျင်ပဲ နွေဦးနေရောင်ခြည်အောက်မှာ ရေချိုးရသကဲ့သို့သက်တောင့်သက်သာရှိလှသည်။
ဤစွမ်းရည်ပေါင်းစပ်ခြင်းက ယခင်တစ်ခုထက် အများကြီးပိုကြာ၏။
မုန့်ချန်ချင်းစိတ်ရှည်စွာစောင့်နေပြီး နာရီဝက်လောက်ကြာပြီးနောက် ပြီးဆုံးသွားခဲ့သည်။
"ဝိညာဥ်မျက်လုံး..."
မုန့်ချန်ချင်းမျက်လုံးဖွင့်လိုက်ရာ ၎င်းတို့ထဲ၌ တောက်ပသည့်အလင်းတစ်ခုကို မြင်လိုက်ရသည်။
မူလက မဲမှောင်နေသည့်ပတ်ဝန်းကျင် လင်းထိန်သွားခဲ့ပြီး နေ့အလင်းရောင်လောက်မဟုတ်သော်လည်း သိအလှမ်းမဝေးပေ။
"ညဖက်မှာမြင်နိုင်စွမ်း..."
မုန့်ချန်ချင်းပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ အတော်လေးကျေနပ်နေခဲ့သည်။
ဤဝိညာဥ်မျက်လုံးနှင့်ဆိုလျှင် ညဖက်တိုက်ခိုက်ရာ၌ အမြင်အာရုံပြဿနာအတွက်စိုးရိမ်စရာမလိုတော့ပေ။
ထို့ပြင် ဤအရာက ဝိညာဥ်မျက်လုံး၏အခြေခံအကျဆုံး စွမ်းရည်သာဖြစ်သည်။
၎င်း၏အားအကောင်းဆုံးအကျိုးသက်ရောက်မှုက ပုံရိပ်ယောင်တွေကို ထိုးဖောက်မြင်ရခြင်းပင်။
အခြားစကားဖြင့်ပြောရလျှင် ပုံရိပ်ယောင်တွေနှင့် တံလျှပ်တွေက သူ့အပေါ်အသုံးမဝင်တော့ပေ။
အမှန်တရားကိုတိုက်ရိုက်မြင်နိုင်တာပဲဖြစ်သည်။
"ဒီစွမ်းရည်က ကျွမ်းကျင်လက်နဲ့ ထူထည်းသောအရေပြားထက် အများကြီးပိုအားကောင်းတယ်..."
မုန့်ချန်ချင်း တွက်ချက်ကြည့်လိုက်သည်။ ပေါင်းစပ်ချိန်အရမ်းကြာတာ မအံ့သြတော့ပေ။
မကြာမီ တတိယစွမ်းရည် စတင်ပေါင်းစပ်လိုက်၏။
သိုင်းပညာ- လင်းလုံအေးစက်လမင်းဓားသိုင်း...
အမှန်တိုင်းပြောရလျှင် မုန်ချန်ချင်း ဤနာမည်နှင့်ပတ်သက်ပြီးရင်းနှီးသော်လည်း အသေးစိတ်တော့မမှတ်မိပေ။
ဝေါ...
များစွာသောအချက်အလက်တွေ သူ့စိတ်ထဲစီးဝင်လာပြီး ယခင်လေမိုးကြိုးဓားသိုင်းထက် ပိုသိပ်သည်းနေခဲ့သည်။
အပြည့်အဝစုပ်ယူဖို့ အချိန်ခဏယူလိုက်ရ၏။
"ဒါ တကယ် သိမ်မွေ့အဆင့်မြင့်သိုင်းပညာပဲ..."
မုန့်ချန်ချင်း အသက်ပြင်းပြင်းရှူလိုက်သည်။
အခန်း (၂၈)
မင်းရဲ့မီးခိုးရောင်ပုံရိပ်လေးက နောက်ထပ်လှုပ်ခတ်နေမှာမဟုတ်တော့ဘူး
သိမ်မွေ့အဆင့်မြင့်က အလွန်အမင်းအဖိုးတန်နေပြီဖြစ်သည်။
ပိုမြင့်သည့်အဆင့်တွေဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။
ထိုက်ရွမ်ဂိုဏ်းအတွင်းစည်း၌တောင် ထိုအရာကိုသင်ယူဖို့ လူတိုင်းအရည်အချင်းမပြည့်မှီပေ။
သိုင်းပညာကျမ်းဆောင်၌ အပေါ်ထပ်များစွာရှိနေသေးပြီး ၎င်းတို့ကိုလဲလှယ်ဖို့ အကျိုးပြုမှတ်အများအပြားလိုအပ်၏။
ထို့ပြင် တိမ်ရေမြို့လိုနေရာမျိုး၌ သဘာဝအတိုင်း တစ်ခုမှမရှိပေ။
အမြင့်ဆုံးသိုင်းပညာက သိမ်မွေ့စဦးအဆင့်ဖြစ်ဖြစ်ပြီး ကုန်သွယ်ကြီးများအသင်း၏ အဖိုးတန်အမွေအနှစ်အဖြစ် သတ်မှတ်ကြ၏။
ဤအရာက ၎င်း၏ရှားပါးမှုကို ညွှန်ပြနေတာဖြစ်သည်။
ထို့ပြင် သိမ်မွေ့အဆင့်မှစ၍ သိုင်းပညာလေ့ကျင့်ခြင်း၏အခက်အခဲတွေက အလွန်အမင်းမြင့်လာပြီး နယ်ပယ်တစ်ခုပြီးတစ်ခု ကျော်ဖြတ်ရသလိုဖြစ်သည်။
ထူးကဲသည့်ပါရမီစွမ်းရည်၊ အရင်းအမြစ်၊ နားလည်နိုင်စွမ်းတို့သာမရှိလျှင် ပိုင်ဆိုင်ထားလျှင်တောင် လေ့ကျင့်နိုင်မည်မဟုတ်ပေ။
မြေကမ္ဘာအဆင့်အတွက်တော့ ၎င်းက သိမ်မွေ့အဆင့်မြင့်ထက်တောင်မြင့်ရာ မကြားဖူးသလောက်ပင်။
ဂိုဏ်း၏ပင်မှအရင်းအမြစ်ဖြစ်သည့်ထိုလူတွေသာ ထိတွေ့ဖို့ အရည်အချင်းပြည့်မှီ၏။
"ပြီးပြည်စုံခြင်းအဆင့် ဒီသိုင်းပညာနဲ့ဆိုရင် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်မှာ ပြိုင်ဘက်ရှိတော့မှာမဟုတ်ဘူး..."
မုန့်ချန်ချင်း နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။
ပြီးပြည့်စုံခြင်းသိမ်မွေ့အဆင့်မြင့်သိုင်းပညာရှိခြင်းက လူတိုင်းကိုဖိနှိပ်ဖို့လုံလောက်၏။
ထို့ပြင် သူ၌ ဓားခြေလှမ်း၊ဓားချီနှင့် အခြားတိုးမြင့်ရေးစွမ်းရည်တွေလည်းရှိသေး၏။
စဥ်းစားကြည့်ရုံနှင့်တင် အတော်လေးအစွမ်းထက်နေပြီဖြစ်သည်။
လင်းလုံအေးစက်လမင်းဓားသိုင်း, ဆောင်းဦးရာသီ၏အေးစက်သည့်လမင်းကိုရည်ညွှန်းသည်။ ဓားကွက်တွေက အံ့အားသင့်ဖွယ်ကောင်းကာ သတ်ဖြတ်လိုစိတ်ပြင်းထန်ပြီး မိုင်ပေါင်းများစွာကိုအေးခဲသွားစေ၏။
"တကယ်ပဲ, သိုင်းပညာအဆင့်မြင့်လေလေ ရည်မှန်းချက်ကလည်းမြင့်လေလေပဲ...."
မုန့်ချန်ချင်း စိတ်ထဲ၌ ဓားသိုင်းကို အဆက်မပြတ်လေ့ကျင့်နေခဲ့သည်။
သူပိုလေ့ကျင့်လေလေ ဤဓားသိုင်း၏ကြောက်စရာလက္ခဏာတွေကို ခံစားမိလေလေဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဓားကွက်တွေက အလွန်သိမ်မွေ့ပြီး ဓားချက်တစ်ခုချင်းစီက မျှော်လင့်မထားသည့်ထောင့်တွေမှ ပေါ်ထွက်လာနိုင်လို့ပင်။
ထို့ပြင် သိုင်းပညာနှင့်ပေါင်းစပ်လိုက်လျှင် သူ့ခန္ဓာကိုယ်ထဲရှိ ဆူပွက်နေသည့်သွေးနှင့်ချီစွမ်းအင်တွေကိုလည်း အအေးစွမ်းအင်အဖြစ်ပြောင်းလဲနိုင်၏။
၎င်းအအေးစွမ်းအင်က ပတ်ဝန်းကျင်ကိုသက်ရောက်ပြီး သူ့ခွန်အားသန်မာလေလေ နယ်ပယ်က ပိုကျယ်လာလေလေဖြစ်သည်။
ထိုအရာက လူတွေကို ရေခဲရုပ်ထုအဖြစ်တိုက်ရိုက်တောင်အေးခဲစေနိုင်ပြီး အသက်ဓာတ်ကိုပင် ချုပ်ငြိမ်းသွားစေမည်ဖြစ်သည်။
ထို့ပြင် ထိုအရာက သွေးနှင့်ချီစွမ်းအင်မှ ဆင်းသက်လာရုံသာရှိသေး၏။ သူ ပင်လယ်ခွဲခြမ်းခြင်းအဆင့်ကိုရောက်လျှင် သူ၏ချီပင်လယ်က စစ်မှန်ချီအဖြစ်ပြောင်းသွားမည်ဖြစ်သည်။
ထိုအခါ စွမ်းအားက ပိုလို့တောင် ကြောက်စရာကောင်းပြီး ဓားချက်တစ်ခုချင်းစီက ဧရာမအေးစက်ဓားအလင်းတန်းကို ထုတ်လွတ်နိုင်မည်ဖြစ်သည်။
စဥ်းစားနေစဥ်မှာပဲ နောက်ဆုံးစွမ်းရည် စတင်ပေါင်းစပ်လာခဲ့သည်။
လျို့ဝှက်နည်းလမ်း- ကြာပန်းလက်ဝါးနတ်ဆိုးချိပ်ပိတ်ခြင်းအတတ်
ဤအရာက သိုင်းပညာတစ်ခုမဟုတ်ပေ။
နတ်ဆိုးနည်းစနစ်တွေကိုစမ်းသပ်နိုင်သည့် အထူးနည်းစနစ်တစ်ခုဖြစ်ပြီး နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်နိုင်၏။
၎င်းကိုအရံနည်းစနစ်အဖြစ်သတ်မှတ်နိုင်ပြီး နတ်ဆိုးသိုင်းကျင့်ကြံသူတွေနှင့်ရင်ဆိုင်ရာ၌ ကောင်းမွန်သည့်အကျိုးသက်ရောက်မှုရှိ၏။
ဤသို့ဖြင့် စွမ်းရည်လေးခုလုံး နောက်ဆုံးမှာ အောင်မြင်စွာ ပေါင်းစပ်ပြီးစီးသွားခဲ့သည်။
မုန့်ချန်ချင်းလည်း နောက်ကိုလှန်ချလိုက်ပြီး ကုတင်ပေါ်မှာ လဲလျောင်းလိုက်၏။
သူ့နယ်ပယ် အနည်းငယ်မျှတိုးတက်မလာသော်လည်း အလုံးစုံခွန်အားကတော့ အကြီးအကျယ်တိုးတက်လာခဲ့သည်။
"အိုး ဟုတ်သားပဲ။ နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်...."
တစ်ခုခုကိုမှတ်မိသွားပုံရကာ မုန့်ချန်ချင်း မိတ်ဆွေဇယားကို ပြန်ဖွင့်လိုက်သည်။
ပိုပြီးတိတိကျကျပြောလျှင် ကောင်းကင်ကြေးဝါလက်၏ဇယားပင်။
အခြားလူတွေနှင့်မတူပဲ ကောင်းကင်ကြေးဝါလက်၏ရုပ်ပုံက မီးခိုးရောင်ဖြစ်နေခဲ့သည်။
ဤအရာက မုန့်ချန်ချင်းကို စကားပုံတစ်ခုအား အမှတ်ရသွားစေ၏။
မင်းရဲ့မီးခိုးရောင်ပုံရိပ်လေးက နောက်ထပ်လှုပ်ခတ်နေမှာမဟုတ်တော့ဘူး ဟူ၍ပင်။
[သတိပေးချက်- မိတ်ဆွေဖြစ်သူသေဆုံးသွားလျှင် ၎င်းတို့၏ရုပ်ပုံက မီးခိုးရောင်ပြောင်းသွားမည်ဖြစ်ပြီး အော့ဖ်လိုင်းဖြစ်သွားကြောင်း ညွှန်ပြနေသည်]
စနစ် ရုတ်တရက် ပြောလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ...."
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။
"ဒီအတိုင်းဆို ငါမင်းကို မိတ်ဆွေစာရင်းထဲက ဖယ်ရှားရုံပဲတတ်နိုင်တော့တယ်...."
ဤသို့ဖြင့် ဖျက်သည့်ခလုပ်ကိုနှိပ်ကာ ဖျက်ပစ်လိုက်သည်။
လုပ်ဆောင်ချက်တွေက သူ၏ယခင်ဘဝက ကိစ္စတွေကဲ့သို့ ရင်းနှီးမှုရှိလှသည်။
အားလုံးပြီးသွားသည့်အခါ မုန့်ချန်ချင်း စနစ်မျက်နှာပြင်ကိုပိတ်ပြီး မျက်လုံးပိတ်ကာ အနားယူလိုက်သည်။
ခရီးကြမ်းနှင်လာရ၍ သူအတော်လေးပင်ပန်းနေပြီဖြစ်သည်။
နောက်တစ်နေ့...
မနက်ခင်းနေရောင်ခြည်ထွက်ပေါ်နေပြီး ကောင်းကင်က တိမ်တိုက်တွေနှင့်ပြည့်နှက်နေခဲ့သည်။
မုန့်ချန်ချင်း အပျင်းကြီးအိပ်နေပြီး နေ့လည်ခင်းလောက်မှ နိုးထလာခဲ့သည်။
ဤအချိန်အတွင်း ဂုဟုန်ယွီအပါအဝင်မည်သူမှ သူ့ကို မနှောက်ယှက်ကြပေ။
သူက တံခါးတွန်းဖွင့်လိုက်ရာ နွေးထွေးသည့်နေရောင်ခြည် ရုတ်တရက် အခန်းထဲဝင်ရောက်လာခဲ့သည်။
မုန့်ချန်ချင်း နေရောင်ခြည်ထဲမှာ အင်္ကျီဗလာဖြင့် ရပ်နေခဲ့သည်။
သူက ခန္ဓာကိုယ်အကြောအချင်ဆန့်လိုက်ရာ ချက်ချင်းပဲ အရိုးမြည်သံတွေ ထွက်ပေါ်လာ၏။
အနီးကပ်နားထောင်ကြည့်လျှင် ကျား၊ကျားသစ်ဟိန်းသံလို အသံသဲ့သဲ့တောင် ကြားရ၏။
သန်မာသည့်ရုပ်ခန္ဓာသာ ဤကဲ့သို့လှုပ်ရှားမှုမျိုးရှိနိုင်၏။
"ဟမ်?...."
မုန့်ချန်ချင်း ရုတ်တရက် မျက်ခုံးပင့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် တံခါးနှင့်မဝေးသည့်နေရာ၌ တစ်စုံတစ်ယောက်ရပ်နေတာကို သတိထားမိသောကြောင့်ပင်။
ထိုအရာက မုန့်မိသားဝင်တစ်ယောက်ဖြစ်သည်။
ဤအခိုက်အတန့်၌ သူမက သူ့ကိုစိုက်ကြည့်နေပြီး အံ့အားသင့်နေခဲ့သည်။
ထိုအခါမှသာ သူ့အကြည့်ကိုသတိထားမိပြီး အသိပြန်ဝင်လာခဲ့သည်။
"သခင်လေး, နင်နိုးပြီလား...."
အမျိုးသမီးကလန်အဖွဲ့ဝင် အလျှင်အမြန်ပဲ အရိုအသေပေးလိုက်၏။
'ဘုရားရေ...'
'ဒါ သခင်လေးရဲ့ခန္ဓာကိုယ်လား....'
'အရမ်းသန်မာတာပဲ....'
'အဝေးကနေတောင် သူ့ကိုယ်ထဲက ပူနွေးတဲ့သွေးတွေကိုခံစားလို့ရတယ်....'
'တောက်လောင်နေတဲ့မီးတောက်လို ဖိအားအပြည့်ပဲ...'
"အင်း..."
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်ပြီး အဝတ်တစ်ထည်ကောက်ဝတ်လိုက်သည်။
သူ၏သန်မာသည့်ခန္ဓာကိုယ်ကိုဖုံးကွယ်လိုက်သည့်အခါ သူ၏ပုံမှန်အခြေအနေကိုပြန်ရောက်သွား၏။
တည်ငြိမ်အေးချမ်းပြီး ငယ်ရွယ်သည့်အားမန်အပြည့်ပင်။
ပြီးပြည့်စုံသည့်အထက်တန်းလူငယ်သခင်လေးတစ်ယောက်ဖြစ်၏။
အမျိုးသမီးကလန်အဖွဲ့ဝင် သူမမျက်လုံးတွေကို ပွတ်သပ်လိုက်သည်။
ပုံစံပြောင်းသွားမှုက အတော်လေးသိသာလှ၏။
သို့ပေမယ့် စောနကသခင်လေးဖြစ်ဖြစ် ယခုသခင်လေးဖြစ်ဖြစ် သူမအကုန်သဘောကျ၏။
"ကိစ္စရှိသေးလို့လား.."
မုန့်ချန်ချင်း လျှောက်လှမ်းလာပြီး ညင်သာသည့်အသံဖြင့် မေးလိုက်သည်။
"ဥက္ကဠက ကျွန်မကို ဒီနေရာမှာစောင့်ခိုင်းထားတာပါ။ သခင်လေးနိုးလာရင် သူမကို ကလန်ခန်းမမှာလာရှာပါတဲ့..."
အမျိုးသမီးကလန်အဖွဲ့ဝင် အလျှင်အမြန်ပဲ ပြန်ပြောလိုက်သည်။
"အင်း, ငါနားလည်ပြီ။ မင်းသွားလို့ရပြီ, ကျေးဇူးပဲ..."
မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။
"ဟုတ်ကဲ့..."
အမျိုးသမီးကလန်အဖွဲ့ဝင် ချက်ချင်းပဲ လေးလေးစားစားထွက်ခွာသွားခဲ့သည်။
သူမထွက်ခွာသွားပြီးနောက် မုန့်ချန်ချင်း အနည်းငယ်သပ်ရပ်အောင်လုပ်ပြီး ကလန်ခန်းမကိုဦးတည်လိုက်သည်။
ဒေါ်လေးက အလွန်ပါးနပ်သူဖြစ်၏။
သေချာပေါက် သူကလန်ပြန်လာသည့်ရည်ရွယ်ချက်ကို သိပြီးဖြစ်ရမည်ပင်။