← Chapters

အခန်း (၃၄၀-၃၄၁)

Vol. 31 Ch. 340-341

အခန်း (၃၄၀-၃၄၁)

Vol. 31 Ch. 340-341

အခန်း ၃၄၀ - လျန်ကျင်ရုက ငါ့ကို သတ္တိပေးတာပါ

အတန်ကြာမှ ယန်ကွမ်းသည် သတိရသွားပြီး ကျိယွမ်ကို မေး၏။

“ဒါဆို အခု... မိစ္ဆာသွေးက လုံလောက်ပြီမဟုတ်လား ၊ ငါတို့ ရှုယောင်တောင်ကနေ ဆုတ်ခွာသင့်ပြီ ထင်တယ်”

“မလုံလောက်သေးဘူး၊ အဝေးကြီး လိုသေးတယ်”

ကျိယွမ်က ခေါင်းယမ်းလိုက်သည်။

“ဒီမိစ္ဆာသွေး ပမာဏက ငါ့ရဲ့ ရန်သူတော်ကြီးကို အနိုင်ယူဖို့အတွက် နည်းနည်းလေးတောင် မလုံလောက်သေးဘူး။ ဒီမှာ မိစ္ဆာသွေးတွေ အများကြီး ရှိနေတာကို၊ ငါ ဒါကို အခွင့်ကောင်း ယူရမယ်”

ယန်ကွမ်းသည် လုံးဝ စကားမပြောနိုင်အောင် ဖြစ်သွား၏။

အန်းချောင်သည်လည်း တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် မနေနိုင်တော့ပေ။

“မစ္စတာကျိ...ရှင်က မိစ္ဆာသွေးတွေ ပိုရဖို့အတွက် ဒီမှာပဲနေပြီး ပြောက်ကျားစစ် ဆင်နွှဲဖို့ ပြင်နေတာများလား”

“အင်း..အဲဒီလိုမျိုးပါပဲ”

ကျိယွမ်က ခေါင်းငြိမ့်ပြသည်။

သို့သော် သူသည် ပြောက်ကျားစစ်ကို မရည်ရွယ်ဘဲ တိုက်ရိုက် အပြတ်ရှင်းပစ်ရန်သာ စဥ်းစားထားသည်ကိုတော့ ရှင်းပြမနေတော့ပေ။

“အင်း...”

အန်းချောင်က ခဏတာ ဝေခွဲမရဖြစ်နေပြီးမှ ထပ်ပြော၏။

“ငါတို့ အရင် ထွက်သွားသင့်တယ် ထင်တယ်။ မဟုတ်ရင် ဒီမှာနေတာက မစ္စတာကျိကို... အနှောင့်အယှက်ပဲ ဖြစ်စေလိမ့်မယ်”

အန်းချောင်သည် အမှန်တရားကို ပြောနေခြင်းဖြစ်သည်။

သူမက သွေးစွမ်းအင်အဆင့်နှောင်းပိုင်းစွမ်းအားသာရှိသဖြင့် ကျောက်စိမ်းသွေးအဆင့် မိစ္ဆာတစ်ကောင်နှင့် တွေ့ပါက သူမအတွက် အဆုံးသတ်ဖြစ်သွားပေလိမ့်မည်။

အကယ်၍ ကျိယွမ်က ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်မည်ဆိုပါက သူမ ရှိနေခြင်းသည် ကျိယွမ်၏ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်သည်။

“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်”

ကျိယွမ်က လက်ခံသလို ခေါင်းငြိမ့်သည်။

ထို့နောက် သူက သူတို့သုံးယောက်ကို ကြည့်လိုက်ပြီးမှ ယန်ကွမ်းအပေါ် အာရုံစိုက်ကာ မေး၏။

“ခင်ဗျား ကျောက်စိမ်းသွေးအဆင့် မိစ္ဆာ အကောင်တစ်ရာလောက်ကို သတ်နိုင်သေးလား”

"တ... တစ်ရာလား"

ယန်ကွမ်း၏ မျက်နှာအမူအရာမှာ ဟိုအရာကို ကြမ်းညှပ်ခံရသည်ထက်ပင် ပို၍ ကြည့်ရဆိုးသွားသည်။

ကျောက်စိမ်းသွေးအဆင့် မိစ္ဆာ အကောင်တစ်ရာဆိုလျှင် သတ်ဖို့အသာထား ၊ ၄င်းတို့ကပင် သူ့ကို ဖိသိပ်ပစ်ပေလိမ့်မည်။

“ငါ... မသတ်နိုင်ဘူး။”

“ခင်ဗျားရဲ့ ကျောက်ကပ်အားနည်းရောဂါက တော်တော်လေး ပြင်းထန်နေပုံပဲ။ အန်းချောင်တို့နဲ့အတူ ပြန်သွားလိုက်တော့”

ကျိယွမ်က သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

သန်မာထွားကြိုင်းလှသည်ဟု ထင်ရသော သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းမိသော်လည်း သူက ကျောက်ကပ်အားနည်းသောဝေဒနာ ခံစားနေရသည်ဟု သိလိုက်ရခြင်း၏ ရယ်စရာကောင်းမှုကို မည်သူ နားလည်နိုင်မည်နည်း။

“အဟွတ် .. အဟွတ်...”

ယန်ကွမ်းခမျာ စကားပင်ပြန်မပြောနိုင်တော့ပေ။သူက ငြင်းချင်သော်လည်း မငြင်းဖြစ်ခဲ့ပေ။

ငါသာကျောက်ကပ်အားနည်းနေရင် ငါ့မိန်းမက ပြောမှာပေါ့။

အန်းချောင်က ကျိယွမ်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

“မစ္စတာကျိ...ကျေးဇူးပြုပြီး ရှင့်ရဲ့ ဘေးကင်းရေးကို ဦးစားပေးပါ။ အခြေအနေတွေက ထိန်းမနိုင်တော့ဘူးဆိုရင် အချိန်မီ ဆုတ်ခွာပါ”

သို့သော် ထိုအချိန်တွင် မမျှော်လင့်ဘဲ ကလေးဆန်သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

“မစ္စတာကျိ.. ရှုယောင်တောင်မှာ မိစ္ဆာတွေကို သတ်ဖြတ်နေတဲ့အချိန်မှာ ခင်ဗျားကို ပြုစုစောင့်ရှောက်မယ့်သူ လိုကောင်းလိုနိုင်တယ်။ ကျွန်တော် ဟောက်မူရှီက ခင်ဗျားရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ပြုစုပေးဖို့ ဒီမှာနေခဲ့ဖို့ ဆန္ဒရှိပါတယ်”

ဟောက်မူရှီ၏ နုနယ်သော မျက်နှာထက်တွင် ထိုဆုံးဖြတ်ချက်ကို အချိန်အတော်ကြာအောင် စဥ်းစားခဲ့သည့်အလား ပြတ်သားသော စိတ်ပိုင်းဖြတ်မှုများ ရှိနေသည်။

အန်းချောင်နှင့် ယန်ကွမ်းတို့သည် ဟောက်မူရှီ၏ သတ္တိကို အံ့အားသင့်သွားကြ၏။

ချီယွမ်ကမူ တည်ငြိမ်နေဆဲပင်။

“ငါက စားသောက်တဲ့နေရာမှာ စံနှုန်းမြင့်တယ်နော်။ ဟင်းသုံးမျိုးနဲ့ စွပ်ပြုတ်တစ်မျိုး၊ မင်း အဲဒါကို လုပ်နိုင်ပါ့မလား”

“...” ရန်ကွမ်း။

“လုပ်နိုင်ပါတယ်”

ဟောက်မူရှီ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် ဝင်းပသွား၏။

အန်းချောင်ကတော့ ဘာမှ ထပ်မပြောတော့ပေ။

အစပိုင်းတွင် သူမသည် ရှုယောင်တောင်တွင် နေခဲ့ခြင်းသည် သေချာပေါက် သေမင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဟောက်မူရှီကို သတိပေးချင်ခဲ့သည်။

ကျိယွမ်က ဘာကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်မယ့်သူကို ခေါ်သွားချင်ရတာလဲဆိုတာကိုလည်း သူမ နားမလည်နိုင်ပေ။

ဝန်ခံရလျှင် စတွေ့ချိန်မှ ယခုထိ သူမသည် ကျိယွမ်၏ အတွေးအခေါ်များကို လုံးဝ နားမလည်နိုင်ပါ။

၄င်းမှာ သူမ၏အပြစ်တော့ မဆိုသာပေ။

တစ်ခါတစ်ရံတွင် ကျိယွမ်ကိုယ်တိုင်ပင်လျှင် သူ၏ ကိုယ်ပိုင်အတွေးများကို နားမလည်နိုင်သောကြောင့်ပင်။

ငါ့ကိုယ့်ငါတောင် ဘာမှန်းမသိဘူး ၊ သူများတွေက ငါ့ကိုနားမလည်တာ ဆန်းသလား။

ဤသို့ဖြင့် တစ်နာရီ၏ လေးပုံတစ်ပုံခန့် အကြာတွင်။

အန်းချောင်နှင့် ယန်ကွမ်းတို့၏ ပုံရိပ်များ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

လိုဏ်ဂူအတွင်းတွင် ကျိယွမ်နှင့် ဟောက်မူရှီတို့သာ ကျန်ရစ်ခဲ့၏။

အပြင်ဘက်က မှောင်မည်းနေသော ညကို ကြည့်ရင်း ဟောက်မူရှီသည် မကြောက်ဘူးဟု ပြောလျှင် ၎င်းသည် လိမ်ညာခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူသည် သူ၏ ဓားကို တင်းတင်းဆုပ်ကိုင်ထားဆဲဖြစ်ပြီး လိုဏ်ဂူဝတွင် စောင့်ကြပ်နေ၏။

တောင်ဘက်သို့ ပြောင်းရွှေ့မှု စတင်ကတည်းက အနီးနားရှိ မြို့များသည် ဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။

ကျန်းယန်မြို့ရှိ လူငယ်အားလုံးနီးပါးသည် တိုက်ပွဲတွင် သေဆုံးခဲ့ကြပြီးလက်ရှိတွင် မြို့ရိုးကို စောင့်ကြပ်နေသူများ၏ သုံးပုံတစ်ပုံမှာ ကလေးစစ်သားများဖြစ်ပြီး ကျန်သုံးပုံတစ်ပုံမှာ လည်း ဆံဖြူသွားကြိုး သက်ကြီးရွယ်အို စစ်သားကြီးများ ဖြစ်၏။

သက်ကြီးရွယ်အိုများသည် သူတို့၏ နေဝင်ချိန်နှစ်များကို အေးချမ်းစွာ မခံစားနိုင်ကြသလို ၊ ကလေးများသည်လည်း ကောင်းမွန်စွာ ကြီးပြင်းလာခွင့် မရကြပေ။

ထိုအရာက ကျန်းယန်မြို့၏ ရင်နစ်စရာ လက်တွေ့ဘဝပင်တည်း။

သို့သော် မိစ္ဆာနယ်မြေများအဖြစ် ကျဆုံးသွားသော အခြားမြို့များနှင့် နှိုင်းယှဉ်ပါက ကျန်းယန်မြို့သည် အတော်လေး ကံကောင်းသည်ဟု ဆိုရပေခြိမ့်မည်။

မြို့တစ်မြို့ကို မြင်သည်နှင့် အုပ်စုလိုက်ဝိုင်းအုံကာ နေထိုင်သူများကို သတ်ဖြတ်ပြီး အလောင်းများကို ရိက္ခာအဖြစ် ပြောင်းလဲပစ်တတ်သော ဒေသခံ မိစ္ဆာအုပ်စုများနှင့် မတူဘဲ ရှုယောင်တောင်၏ ခေါင်းဆောင်မိစ္ဆာသည် ပို၍ “အမြော်အမြင်” ရှိပုံရသည်။

စစ်သေနင်္ဂဗျူဟာမှူး၏ အကြံပြုချက်အရ သူတို့သည် ကျန်းယန်မြို့ကို ဝိုင်းရံထားပြီး အတွင်းရှိ လူများကို အိမ်မွေးတိရစ္ဆာန်များကဲ့သို့ လှောင်ထားခြင်းမျိုးဟုတော့ ကောလာဟလများ ရှိခဲ့သည်။

ဤနည်းဖြင့် သူတို့ အသားစားချင်သည့်အခါ အထဲမှလူများကို ဖမ်းဆီးရန် မိစ္ဆာစစ်သားများကို စေလွှတ်တတ်သည်။

သူတို့အတွက် ကျန်းယန်မြို့မှ လူသားခြောက်များသည် အဆုံးမရှိသော ထောက်ပံ့မှုပင်။

ထို့ကြောင့် ရှုယောင်တောင်မှ မိစ္ဆာခေါင်းဆောင်သည် ပိုက်ကွန်ဖြင့် ငါးဖမ်းသကဲ့သို့ အရင်းအမြစ်အားလုံးကို ပြုန်းတီးအောင် လုပ်ဆောင်တတ်သည့် အခြားမိစ္ဆာနယ်မြေများနှင့် မတူပေ။

အခြားမိစ္ဆာနယ်မြေများတွင် လူဦးရေနှင့် လူသားမုန့်များ လိုအပ်လာသောအခါ သူတို့သည် ကျန်းယန်မြို့မှ လူများကို ဖမ်းဆီးပြီး အခြားမိစ္ဆာနယ်မြေများသို့ အရင်းအမြစ်များနှင့် လဲလှယ်ရန် ရောင်းချကြ၏။

တစ်နည်းအားဖြင့် ကျန်းယန်မြို့သည် ရှုယောင်တောင်အတွက် မွေးမြူရေးခြံနှင့် ရတနာသိုက်တစ်ခုကဲ့သို့ပင်။

ဟောက်မူရှီသည် သူ၏ ဓားကို တင်းကျပ်စွာကိုင်ထားရင်း လိုဏ်ဂူထဲသို့ တစ်ချက်တစ်ချက် လှမ်းကြည့်သည်။

လိုဏ်ဂူအတွင်းတွင် ကျိယွမ်က စက်ရုပ်တစ်ရုပ်အဖြစ် ဟန်ဆောင်နေသကဲ့သို့ ထူးဆန်းသော အသံများကို ပြုလုပ်နေသည်ကို သူ ကြားနေရ၏။

သူအပီသဆုံးကြားရသော အသံမှာ " တင် ...သင်သည် ၊ တင် ...သင်သည်"ဟူသော အသံပင်။

ဟောက်မူရှီ၏ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေသည်။

“ငါသာ အဲဒီလို မိစ္ဆာသွေးတွေကို ဆက်တိုက်သုံးစွဲနိုင်ရင် ကောင်းမှာပဲ…”

သူက တွေးရုံသာ တွေးနေခြင်းဖြစ်သည်။

ထိုအချိန်တွင် လိုဏ်ဂူထဲမှ အသံတစ်ခု ထွက်ပေါ်လာပြီး ကျိယွမ် ထွက်လာ၏။

သူက ဟောက်မူရှီကို နောင်တရသော အမူအရာဖြင့် ကြည့်ကာ သက်ပြင်းချသည်။

“နှမြောစရာပဲ၊ မင်းက ဆိုနာ မမှုတ်တတ်ဘူး။ မဟုတ်ရင်...”

ကျိယွမ်သည် ကန်းလန်နှင့် လျူဖုန်း နယ်မြေများမှ အချိန်များကို သတိရသွားသည်။

သူ တိုက်ပွဲသွားသည့် အချိန်တိုင်းတွင် သူ့၌ ဆိုနာအဖွဲ့ အမြဲ ပါလေ့ရှိသည် မဟုတ်ပါလား။

ပုလွေသံ ထွက်ပေါ်လာလျှင် မည်သည့် အလောင်းမှ ကျန်ရစ်ခြင်း မရှိပေ။

“ခင်ဗျာ”

ဟောက်မူရှီသည် ခဏတာ ကြောင်သွားပြီးမှ သတိဝင်လာ၏။

“ဆရာ ဆိုနာအကြောင်း ပြောတာဆိုရင် ကျွန်တော် မှုတ်တတ်ပါတယ်။ ကျွန်တော့်အဖိုးက အရင်က နာရေးအခမ်းအနားတွေမှာ ဖျော်ဖြေခဲ့တာပါ”

"ဟေ.."

ကျိယွမ်၏ မျက်လုံးများ ဝင်းပသွားသည်။

“ဒီမှာ နေခဲ့ဖို့ မင်းကို ကံကြမ္မာက လမ်းပြလိုက်တာပဲ။”

သူ၏ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်သောအခါ ဆိုနာတစ်လက် ထွက်ပေါ်လာသည်။

ဤပုလွေသည် ကျိယွမ် သယ်ဆောင်လာသည့်အရာ မဟုတ်ဘဲ သူ၏ မှော်ပညာဖြင့် ဖန်တီးထားခြင်းဖြစ်၏။

“ငါ့မှာ မင်းအတွက် တာဝန်တစ်ခု ရှိတယ်။ ငါ မိစ္ဆာတွေကို သတ်နေတဲ့ အချိန်တိုင်းမှာ ဘေးကနေ ရပ်ပြီး ပုလွေမှုတ်ပေးရမယ်... နားလည်လား”

"ဗျာ... ဟုတ်ကဲ့”

ဟောက်မူရှီသည် ခဏတာ ကြောင်သွားသော်လည်း လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။

..........

သုံးရက်အကြာတွင်။

ရှုယောင်တောင်ပေါ်ရှိ မိစ္ဆာစခန်းတွင်ဖြစ်သည်။

ခရမ်းရောင်ဝတ်ဆင်ထားသော ဥဒေါင်းမိစ္ဆာမတစ်ကောင်သည် ဒေါသထွက်နေ၏။

“နင်တို့အားလုံးက အသုံးမကျတာလား ၊ လူသားတစ်ယောက်တည်းကို... သုံးရက်အတွင်းမှာ မမိဘူးလား၊ ပြီးတော့ မိစ္ဆာစစ်သား တစ်ရာနီးပါး အသတ်ခံလိုက်ရတယ်ပေါ့”

ဥဒေါင်း၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေသည်။

၃ ရက်အတွင်း မိစ္ဆာစစ်သား တစ်ရာနီးပါး ကျဆုံးသွားခဲ့၏။

ဒါက မိစ္ဆာစခန်းအတွက် သိသာထင်ရှားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။

သူတို့ ကျန်းယန်မြို့ကို တိုက်ခိုက်သည့် အချိန်တိုင်းတွင် မိစ္ဆာစစ်သား အနည်းငယ်သာ ဒဏ်ရာရလေ့ရှိပြီး တစ်ခါတစ်ရံတွင် ထိခိုက်မှုပင် လုံးဝမရှိတတ်ချေ။

သို့သော် ယခုမူ လူသားတစ်ယောက်တည်းက မိစ္ဆာစစ်သား တစ်ရာနီးပါးကို သေဆုံးစေခဲ့သည်။

၄င်းက ရှုယောင်တောင် ကြုံတွေ့ဖူးသမျှထဲတွင် အကြီးမားဆုံး ဆုံးရှုံးမှုပင် ။

“အဲဒီလူရဲ့ စွမ်းအားက အရမ်းကြီးမားတယ်...ဗိုလ်ချုပ်ဆယ့်နှစ်ပါးရဲ့ အောက်နားလောက်မှာ ရှိနိုင်ပါတယ်”

မိစ္ဆာတစ်ကောင်က ခေါင်းငုံ့ကာ ပြောလိုက်ပြီး သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေသည်။

ရှုယောင်တောင်တွင် ခေါင်းဆောင်တစ်ဦး၊ ဗိုလ်ချုပ်သုံးဦးနှင့် လက်ထောက် ဆယ့်နှစ်ဦး ရှိသည်။

ဗိုလ်ချုပ်ဆယ်နှစ်ပါးသည် ကျောက်စိမ်းသွေးအဆင့် နှောင်းပိုင်းတွင် ရှိကြပြီး သူတို့သည် သာမန် ကျောက်စိမ်းသွေးအဆင့် နှောင်းပိုင်း မိစ္ဆာများ မဟုတ်ကြပေ။

“ဟင်း”

ဥဒေါင်းမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

သူမသည် ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ရောသူရဲကောင်းအဆင့်ရှိ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ကောင် ဖြစ်သည်။

“သုံးရက်အတွင်း အဲဒီလူရဲ့ အလောင်းကို ငါ မြင်ချင်တယ်”

ဥဒေါင်းမက အေးစက်စွာ အမိန့်ပေးလိုက်၏။

ထိုအချိန်တွင် ပညာရှိတစ်ဦးကဲ့သို့ အဖြူရောင်ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူတစ်ယောက် အခန်းထဲသို့ဝင်လာသည်။

အားလုံး ဒေါသထွက်သူကထွက် ၊ အနေခက်သူခက်ဖြစ်နေချိန်တွင် သူ၏ အသံက ရွှင်ပျနေ၏။

“ဘာလို့ ဒေါသထွက်နေတာလဲ ဗိုလ်ချုပ်ရဲ့ ၊ ရှုယောင်တောင်ရဲ့ မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးတယ်လေ၊ အဲဒါကြောင့် ပြေးနိုင်လွှားနိုင်တဲ့ ကျောက်စိမ်းသွေးအဆင့်နှောင်းပိုင်း လူသားကျင့်ကြံသူတစ်ယောက်ကို ရှာရတာ ခက်ခဲနေတာက သဘာဝပါပဲ”

ဝင်လာသူ ဝတ်စုံဖြူပညာရှိမှာ ရှုယောင်တောင်၏ စစ်သေနင်္ဂဗျူဟာမှူး ဖြစ်သည်။

သူ့ကို မြင်လိုက်သောအခါ ဥဒေါင်းမ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားငော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

“ဒါပေမဲ့ ဒီမိစ္ဆာစစ်သားတွေက ပျင်းရိပြီး သူရဲဘောကြောင်နေကြတာ။ ငါတို့ မိစ္ဆာဗိုလ်ချုပ် နည်းနည်းလောက် ထပ်လွှတ်လိုက်ရင် သူ့ကို ဖမ်းရတာ လွယ်မှာ မဟုတ်ဘူးလား”

“အဲဒီလူရဲ့ စွမ်းအားက ပြဿနာမဟုတ်ပါဘူး၊ စိန်ခေါ်မှုက သူ့ကို ရှာတွေ့ဖို့ပါ။ လူတစ်ယောက်ကို ရှာဖို့အတွက် မိစ္ဆာစစ်သား အမြောက်အမြားကို စေလွှတ်တာက ပညာမပါရာ ရောက်ပါတယ်”

ဗျူဟာမှူးက တည်ငြိမ်စွာပြောလိုက်သည်။

ဥဒေါင်းမက အနည်းငယ်စဥ်းစားကာ ခေါင်းငြိမ့်၏။

လက်ရှိတွင် ခေါင်းဆောင်သည် မိစ္ဆာလက်နက်တစ်ခုကို သန့်စင်နေသည်။

မထင်မှတ်ထားသော အဖြစ်အပျက်များကို တားဆီးရန်အတွက် မိစ္ဆာစစ်သည်အများစုသည် စခန်းတွင်နေပြီး ကာကွယ်ရန် လိုအပ်နေလေသည်။

“ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့... ငါ့မှာ နည်းလမ်းတစ်ခု ရှိပါတယ်၊ ဒါပေမဲ့ အဲဒါက ဗိုလ်ချုပ်ရဲ့ သဘောတူညီချက် လိုအပ်ပါတယ်”

ဗျူဟာမှူးက ဥဒေါင်းမ၏ မျက်နှာကို နူးညံ့သောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဗျူဟာမှူးက တကယ်ကို ထက်မြက်တာပဲ။ ကျေးဇူးပြုပြီး ပြောပါ"

ဥဒေါင်းမိစ္ဆာမက ချက်ချင်း ပြောလိုက်သည်။

“ငါကိုယ်တိုင်ပဲ ရှင်းပြတာ ပိုကောင်းမယ်”

ထိုအချိန်တွင် အားကောင်းသော အရှိန်အဝါရှိသည့် ထွားကျိုင်းသော မုတ်ဆိတ်ထူထူလူတစ်ယောက် ဝင်လာပြန်သည်။

သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေပြီး သိသိသာသာပင် သူသည် အလွယ်တကူ ဆက်ဆံ၍ရမည့်သူ မဟုတ်ပေ။

“လူသားလား”

အသစ်ရောက်လာသူကို မြင်လိုက်သောအခါ ဥဒေါင်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။

အကယ်၍ ဗျူဟာမှူးသာ ထိုနေရာတွင် ရှိမနေပါက သူမသည် သူ့ကို ချက်ချင်း တိုက်ခိုက်မိပေလိမ့်မည်။

“ဗိုလ်ချုပ်၊ ငါ့မှာ မိုင်တစ်ရာအတွင်းမှာရှိတဲ့ ဘယ်လူသားရဲ့ တည်နေရာကိုမဆို တိတိကျကျ ရှာဖွေနိုင်တဲ့ မှော်ပစ္စည်းတစ်ခု ရှိပါတယ်။

ငါ လမ်းပြပြီး အဲဒီလူကို သတ်ဖို့ မိစ္ဆာဗိုလ်ချုပ်တွေကို ခေါ်သွားပေးနိုင်ပါတယ်"

လူထွားကြီးက စကားကိုခေတ္တရပ်ကာ ဥဒေါင်းမိစ္ဆာမအားကြည့်၏။

ဒါပေမဲ့... ငါ့မှာ တောင်းဆိုချက်တစ်ခု ရှိတယ်”

ယခုရောက်လာသော လူထွားကြီးမှာ အခြားသူမဟုတ်ပါ ၊ ကျိုးယွမ် ပင်ဖြစ်သည်။

“နင့်ရဲ့ တောင်းဆိုချက်က ဘာလဲ”

ဥဒေါင်းမက မာထန်စွာမေးလိုက်သည်။

သူမက လူသားများနှင့် စကားပင်ပြောချင်စိတ်မရှိပါ။မြင်သည်နှင့် သတ်ပစ်ချင်စိတ်သာ ရှိ၏။

“ငါ ပန်းမိစ္ဆာမန်လျို နဲ့ တွေ့ချင်တယ်"

ကျိုးယွမ်က သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်သည်။

“ပြီးတော့ ကျိယွမ်ကို သတ်ပြီးရင် သူ့ဆီက အရာတစ်ခုကိုလည်း ငါ လိုချင်တယ်”

ထိုအရာမှာ အခြားပစ္စည်းမဟုတ်ပေ ၊ ပါရမီရှင်မဟာမိတ်အဖွဲ့၏တံဆိပ်တုံး ဖြစ်သည်။

ပန်းမိစ္ဆာမန်လျိုနှင့် ပတ်သက်လျှင်မူ သူမသည် သူ၏ မစ်ရှင်ကို ပြီးမြောက်အောင်မြင်ရန် သော့ချက်ဖြစ်၏။

ဥဒေါင်းမ၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားပြီးနောက် ဗျူဟာမှူးကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် အပြောင်းအလဲမရှိသည်ကို မြင်သောအခါမှ သူမက မဲ့ပြုံး ပြုံးလိုက်ပြီး

သဘောတူသည်။

“အဲဒီအခြေအနေကို ငါ သဘောတူတယ်”

ဗျူဟာမှူးသည် ပန်းမိစ္ဆာအပေါ် တော်တော်လေး အလေးထားသည်ကို သူမ သေချာသိထား၏။

ယခု ကျိုးယွမ်၏ တောင်းဆိုမှုကို ကြားသော်လည်းမကန့်ကွက်ခြင်းမှာ သူ သဘောတူသည်ဟု အဓိပ္ပာယ်ရသည်။

သို့သော် ထိုလူသားက ပန်းမိစ္ဆာနှင့် တွေ့ပြီးနောက် ထွက်သွားချင်သည်ဆိုလျှင်တော့... ...။

အဲဒါကတော့ ဖြစ်လာမှာ မဟုတ်တော့ပေ။

ဥဒေါင်းမက ပြန်လွှတ်ပေးရန်စိတ်ကူးမရှိပါ။

ကျိုးယွမ်၏ အတွေးမှာလည်း အလားတူပင် ဖြစ်သည်။

သူက ပန်းမိစ္ဆာမန်လျိုကို တွေ့လျှင် သူ၏ မစ်ရှင်ကို ပြီးမြောက်မည်ဖြစ်သည်။ ထိုအခါ သူက မည်သည့်အားစိုက်မှုမှ မလိုတော့ဘဲ အခြေစိုက်စခန်းသို့ အော်တိုမစ်တစ် ပြန်သွားနိုင်မည်ဖြစ်သောကြောင့် မိစ္ဆာများ၏ လှည့်ကွက်များကို ကြောက်နေစရာ မလိုတော့ပေ။

ဗျူဟာမှူးက ကျိုးယွမ်ကို ကြည့်ကာ

ပြုံးပြသည်။

“မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

ကျိုးယွမ်ကကလည်း အလိုက်သင့် ပြုံး၏။

“စိတ်မပူပါနဲ့။ ငါ့ရဲ့ မှော်ပစ္စည်းနဲ့ဆိုရင် သူ ပုန်းစရာ နေရာမရှိပါဘူး”

ကျိုးယွမ်သည် အနည်းငယ်တော့ နောင်တရမိသည်။

ကျိယွမ်နှင့်အတူ ယန်ကွမ်းက လိုက်မလာခဲ့ခြင်းကြောင့်ပင်။

မဟုတ်လျှင် ဒီတစ်ကြိမ်တည်းမှာ ကျိယွမ်ကို သတ်ရန်တင်မကဘဲ ယန်ကွမ်းကိုပါ သတ်ရန်အတွက် မိစ္ဆာတွေရဲ့ စွမ်းအားကို သူ အသုံးချနိုင်မည် ဖြစ်သည်။

ကျိုးယွမ် စကားပြောနေစဉ် သူ၏ သွေးစွမ်းအင်ဟင်းလင်းပြင်ထဲမှ သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်လိုက်၏။

သံလိုက်အိမ်မြှောင်ကို ကိုင်ထားရင်း သူသည် သွေးတစ်စက်ကို ၎င်းပေါ်သို့ ချလိုက်သည်။

ချက်ချင်းဆိုသလို သံလိုက်အိမ်မြှောင်ပေါ်တွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်လာလေသည်။

ဥဒေါင်းမသည် ထိုသံလိုက်အိမ်မြှောင်ကို လောဘတကြီး မျက်လုံးများဖြင့် ကြည့်လိုက်၏။

အကယ်၍ သူမသာ အဲဒါကို ရမည်ဆိုပါက... အစာများက (လူသားများက) ဘယ်လောက်ပဲ ကောင်းကောင်းပုန်းနေပါစေ သူမ ရှာတွေ့နိုင်မည် မဟုတ်ပါလား။

ထိုအချိန်မှာပင် ကျိုးယွမ်က ဂါထာအချို့ကို ရွတ်ဆိုလိုက်ရာ သံလိုက်အိမ်မြှောင်ပေါ်ရှိ သွေးရောင်အလင်းမှာ ပို၍ ပို၍ တောက်ပလာသည်။

သို့သော် ရုတ်တရက်ဆိုသလို ကျိုးယွမ်က ရွတ်ဆိုမှုကို ရပ်လိုက်၏။ သွေးရောင်အလင်းများလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး သူက ထိတ်လန့်သွားကာ ဗျူဟာမှုးအား ကြည့်သည်။

“ငါတို့ရဲ့ တစ်မိုင်အတွင်းမှာ တစ်ယောက်ယောက် ရှိနေတယ်”

သံလိုက်အိမ်မြှောင်က မီတာငါးရာအကွာရှိ တစ်စုံတစ်ယောက်ကို ညွှန်ပြနေ၏။

“ပြီးတော့... သူတို့က ဒီဘက်ကို မြန်မြန် လာနေတယ်... မကြာခင် ဒီကို ရောက်တော့မယ်”

ကျိုးယွမ်သာမက ဥဒေါင်းမနှင့် ဗျူဟာမှူးတို့သည်လည်း အလားတူပင် ဇဝေဇဝါ ဖြစ်သွားကြသည်။

ဤနေရာက မိစ္ဆာစခန်း၏ ခိုင်မာသောအခြေစိုက်စခန်းတွေထဲက တစ်ခုဖြစ်ပြီး မိစ္ဆာစစ်သား သုံးရာနှင့် ဗိုလ်ချုပ်တစ်ဦး စောင့်ကြပ်နေသည့်စခန်း ဖြစ်၏။

ဒီနေရာကို ဘယ်လူသားက ချဉ်းကပ်ရဲမှာလဲ။

သူတို့က သေချင်နေတာလား။

သို့သော် သူတို့ တုံ့ပြန်ခြင်း မပြုမီတွင် တောင်ကြားတစ်လျှောက် မိုးကြိုးသံကဲ့သို့ အသံတစ်ခု ပဲ့တင်ထပ်သွားသည်။

“ငါ့ကို ရှာဖို့အတွက် ဒုက္ခခံမနေကြပါနဲ့။ ငါ တိုက်ရိုက် လာခဲ့မယ်... ဘယ်လိုလဲ ငါက အလိုက်သိတတ်တယ် မဟုတ်လား"

" မင်းတို့ စိတ်မလှုပ်ရှားဘူးလား ၊ တကယ်လို့ မင်းတို့ စိတ်လှုပ်ရှားနေရင် ကျေးဇူးတင်တဲ့အနေနဲ့ ဘာလို့ မင်းတို့ရဲ့ မိစ္ဆာသွေးတွေကို ငါ့ကို မပေးရတာလဲ”

အသံနှင့်အတူ လူကလည်းတစ်ပြိုင်နက် ရောက်လာ၏။

သူတို့နှင့် မီတာတစ်ရာအကွာတွင် သွေးရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်သည် တည်ငြိမ်စွာ ပေါ်လာပြီး ရှည်လျားဖြောင့်တန်းသော သစ်သားတုတ်တစ်ချောင်းကို ဟန်ပါပါ ကိုင်ထားသည်။

ထိုတုတ်သည် သွေးများ စွန်းထင်နေသကဲ့သို့ အနီရောင်များ စွန်းထင်းနေသည်။

“ဒါ မင်းပဲ၊ ကျိယွမ်"

ကျိုးယွမ်၏ အမူအရာမှာ ထူးဆန်းသွား၏။ကျိယွမ်က ဒီနေမှာ ယခုလိုပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဥဒေါင်းမ၏ မျက်လုံးများတွင် တုန်လှုပ်မှုနှင့်အတူ ဒေါသများ ပြည့်နှက်သွား၏။

“ဒီကိုလာဖို့ ဘယ်သူက နင့်ကို သတ္တိပေးလိုက်တာလဲ”

သူမ၏ ဒေါသစကားများက မာထန်နေသော်လည်း သူမ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော စိုးရိမ်ထိတ်လန့်မှု တစ်ခု ရှိနေသည်။

သူမ၏ မသိစိတ်အရ ပုံမှန်မဟုတ်သော တစ်စုံတစ်ခု သေချာပေါက် ဖြစ်ပျက်နေပြီဟု သဘောပေါက်၏။

“သတ္တိလား ..လျန်ကျင်ရုက ငါ့ကို ပေးတာပါ”

ကျိယွမ်က သူ၏ တုတ်ကို ပွတ်သပ်လိုက်ရင်းမှ တည်ငြိမ်စွာ ပြန်ဖြေသည်။

“အဲဒါ ဘယ်သူလဲ”

ဥဒေါင်းမက ထိုလူကို ရှာဖွေရန် ချက်ချင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

အခြားမိစ္ဆာများသည်လည်း သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။

“ဟာသဉာဏ် လုံးဝမရှိကြဘူးပဲ။ မင်းတို့နဲ့ ပေါင်းစည်းပြီး မင်းတို့ကို အနည်းငယ် ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်ပုံရတယ်”

ကျိယွမ်က ရှေ့သို့ တိုးလာရင်း ပြောလိုက်သည်။

ထိုအခိုက် လေပြင်းတစ်ချက်က ဝေ့ခနဲတိုက်လိုက်သောကြောင့် သူ၏ သွေးရောင်ဝတ်စုံမှာ ဝဲခနဲ လွင့်ပျံသွားသည်။

ထိုအရာကိုမြင်လျှင် ဟောက်မူရှီသည် စိတ်လှုပ်ရှားသလို စီတ်ထဲတွင်လည်းတုန်လှုပ်နေ၏။

ယခုရက်ပိုင်းအတွင်း သူသည် ကျိယွမ်၏နောက်ကို ူလိုက်ပြီး မိစ္ဆာများကို လိုက်လံသတ်ဖြတ်ခဲ့သည်။

ကျိယွမ်သည် ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်၊ သူ၏ လမ်းကို ပိတ်ဆို့ထားသည့် နတ်ဘုရားများကို သတ်ဖြတ်ပြီး သူ၏ ရှေ့တွင် ရပ်နေသည့် ဗုဒ္ဓများကိုပါ သတ်ဖြတ်နေသူမျိုးပင်။

ကျန်းယန်မြို့သားများက သေမင်းများလို ကြောက်ရွံ့နေကြရသော မိစ္ဆာများသည် ကျိယွမ်၏လက်ထဲတွင်တော့ စက္ကုစုတ်များလို ကျိုးပဲ့စုတ်ပြဲလွယ်လှသည်။

သူက မိစ္ဆာများကို သတ်ဖြန်ရန် အားပင်မထုတ်ရပေ ။ လက်တစ်ချက်ဝှေ့ရုံ ၊ တုတ်တစ်ချက်ယမ်းရုံမျှဖြင့် မိစ္ဆာများမှာ သွေအိုင်များဖြစ်ကုန်၏။

ဆရာကျိက အရမ်းကြမ်းတယ်။

ယခုအခါမှာတော့ ကျိယွမ်သည် ခိုင်မာသော မိစ္ဆာအခြေစိုက်စခန်းတစ်ခုကို တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်နေပြီး ဟောက်မူရှီသည်လည်း ဝေခွဲမရဘဲ သူ့နောက်သို့ လိုက်လာခဲ့ရသည်။

“သာမန် ကျောက်စိမ်းသွေးကျင့်ကြံသူတစ်ယောက်က ဒီလောက်အထိ မောက်မာရဲတာလား ၊ မျောက်ဗိုလ်ချုပ်၊ သူ့ကို သွားဖမ်းစမ်း”

ဥဒေါင်းမက အော်ဟစ်လိုက်သည်။

မျောက်မိစ္ဆာတစ်ကောင်က ဝေခွဲမရဖြစ်နေရင်း ရှေ့သို့ လှမ်းထွက်လာ၏။

မျောက်မိစ္ဆာမှာ အရပ်ပုသော်လည်း အလွန်ထွားကျိုင်းပြီး လျင်မြန်ဖြတ်လတ်၏။

၎င်းသည် ရှုယောင်တောင်၏ မိစ္ဆာဗိုလ်ချုပ်ဆယ့်နှစ်ကောင်ထဲမှ တစ်ကောင်လည်း ဖြစ်သည်။

ပုံမှန်အားဖြင့် ၎င်းသည် တိုက်ပွဲကို ကြောက်လိမ့်မည် မဟုတ်ပေ။

သို့သော် ယခုမူ ကျိယွမ်က သူတို့ဆီသို့ တစ်ယောက်တည်း တိုက်ရိုက် လာရောက်တိုက်ခိုက်နေခြင်းသည် သံသယဖြစ်ဖွယ် ကောင်းနေ၏။

သို့သော်လည်း ၎င်းက ရှေ့သို့ ပြေးဝင်သွားခဲ့သည် ။

“မင်းရဲ့ အသက်က ငါ့အပိုင်ပဲ”

ဟိန်းဟောက်သံနှင့်အတူ မျောက်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ ကြီးထွားလာပြီး အရေပြားအရောင်မှာလည်း ပြောင်းလဲသွားကာ အစွယ်များနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပြာမိစ္ဆာကြီးအဖြစ် ပြောင်းလဲသွားသည်။

“ဒါက ကံကြမ္မာလား”

ကျိယွမ်က သူ၏ တုတ်ကို ကိုင်ရင်း မျောက်မိစ္ဆာကို ကြည့်လိုက်သည်။

ထို့နောက် သူ၏ ပုံရိပ်မှာ ဝေဝါးသွားသည်။

ကောင်းကင်ပိုင်းဖြတ် ဓားချက်။

ခွန်အားကြီးမားလှသော ဓားချက်တစ်ချက် ။

မဟုတ်ဘူး၊ ပို၍ တိတိကျကျ ပြောရလျှင် တုတ်ချက်တစ်ချက်က ကောင်းကင်မှ ကျဆင်းလာသည်။

ထိုရိုက်ချက်သည် အလွန်မြန်ဆန်ပြီး ပြင်းထန်လွန်းလှ၏။

တုတ်တစ်ချက်တည်းကပင် ပြိုင်ဘက်ကင်းသော ဓားတစ်လက်၏ အရှိန်အဝါကို ဆောင်ယူထားသည်။

ခွန်အားကြီးသော မျောက်မိစ္ဆာသည် ဤတိုက်ခိုက်မှုအောက်တွင် ခုခံရန် အခွင့်အရေး လုံးဝမရှိခဲ့ပေ။

၎င်းသည် တစ်ချက်တည်းဖြင့် အသက်ပျောက်အောင် ဖိကြိတ်ခံလိုက်ရသည်။

မိစ္ဆာဗိုလ်ချုပ်ဆယ့်နှစ်ကောင်ထဲမှ တစ်ကောင်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီး မိစ္ဆာသွေး ငါးရာ ရရှိခဲ့သည်။

ကျိယွမ်က သူ၏တုတ်ပေါ်မှ သွေးစက်များကို လေနှင့်မှုတ်ကာ ပြုံးလိုက်၏။

“မင်းတို့အားလုံး တစ်ခါတည်း လာကြပါလား။ ငါ လောနေတယ်”

ကျိုးယွမ်၏ နှလုံးသားမှာ အလွန်အမင်း တုန်ခါသွားတော့သည်။

ကျိယွမ်၏ စွမ်းအားသည် သူ၏ မျှော်လင့်ချက်ထက် အဆပေါင်းများစွာကျော်လွန်နေ၏။

မူလက သူသည် ကျိယွမ်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော် ယခုမူ သူသည် ကျိယွမ်၏ ပြိုင်ဘက် ဖြစ်ရန် အလွန့်အလွန်ဝေးကွာလွန်းနေ၏။

ထန်ကုန်တိုက်မှ ဆယ်ကွက်အတွင်းမှာပင် သူ သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။

သူက ကျိယွမ်ကို တစ်ယောက်တည်း သွားမရှာဘဲ မိစ္ဆာများနှင့် ပူးပေါင်းရန်ရွေးချယ်ခဲ့ခြင်းက ကံကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။

သို့သော် ဥဒေါင်းမကတော့ စိတ်သက်သာရာ ရသွား၏။

“ဒီရိုက်ချက်က နင့်ရဲ့ ဝှက်ဖဲလား၊ ကျောက်စိမ်းသွေးအဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိနေတာက တကယ်ကို သန်မာပါတယ်၊ ဒါပေမဲ့ ကံမကောင်းတာက... နင်က ဒီနေရာမှာလာပြီးမောက်မာဖို့ အရည်အချင်း မပြည့်မီသေးဘူး"

ကျိယွမ်၏ တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းပြီး မျောက်မိစ္ဆာကို ချက်ချင်း သတ်ဖြတ်နိုင်ခဲ့သည်။

သို့သော် ၎င်းသည် သူ၏ စွမ်းအားအဆင့်ကိုလည်း ထုတ်ဖော်ပြသလိုက်ခြင်းလည်းဖြစ်သည်။

ဥဒေါင်းမသည် ကျိယွမ်၏ စွမ်းအားအဆင့်ကို ခန့်မှန်းမိသွားလေပြီ။

"ဝိုင်းကြစမ်း.."

သူမက အမိန့်ပေးလိုက်သည်နှင့် အခြေစိုက်စခန်းရှိ မိစ္ဆာစစ်သား သုံးရာမှာ ရှေ့သို့ လှမ်းတက်လာကြသည်။

မိစ္ဆာစစ်သားများသည် ပုံသဏ္ဍာန်အမျိုးမျိုးရှိကြပြီး သားရေချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကာ လက်နက်မျိုးစုံကို ကိုင်ဆောင်ထား၏။

သူတို့ကို ကြည့်ရုံဖြင့် ကြောက်မက်ဖွယ်ကောင်းသော တပ်ဖွဲ့တစ်ခုမှန်း သိသာလှသည်။

အကယ်၍ ထိုကဲ့သို့သော တပ်ဖွဲ့ကို ဥဒေါင်းမက ဦးဆောင်ပြီး ကျန်းယန်မြို့ကို တိုက်ခိုက်မည်ဆိုပါက...

ကျန်းယန်မြို့သည် ခုခံရန်ပင် အခွင့်အရေး လုံးဝရှိမည် မဟုတ်ပေ။

မနီးမဝေးတွင်ရှိနေသော ဟောက်မူရှီ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ အဆမတန်တိုးပွားလာ၏။

သို့သော် သွေးရောင်ဝတ်စုံဝတ်ထားသော ကျိယွမ်ကမူ ကြောက်ရွံ့ခြင်း လုံးဝမရှိပေ။

“မိစ္ဆာစစ်သား သုံးရာတည်းလား ၊ မြင်ကွင်းအသေးလေးပါ။"

"ကောင်လေး..ဂီတကို စလိုက်တော့”

ယခင်ကမ္ဘာများတွင် သူသည် ရန်သူမည်မျှကို သတ်ဖြတ်ခဲ့သနည်း။

ရေတွက်၍ပင် မရနိုင်ပါ။

သူသည် အဆင့်တူသည့် ရန်သူ သုံးထောင်ကို တစ်ပြိုင်နက် ရင်ဆိုင်ခဲ့ဖူး၏။

သာမန် မိစ္ဆာစစ်သား သုံးရာက ဘာများ အရေးပါမည်နည်း။

သူက မထီတထိပြုံးလိုက်သည်၊ သူ၏ မျက်လုံးများမှာတော့ အေးစက်မှုများ ပြည့်နှက်နေ၏။

သူက လက်ထဲမှ တုတ်ကို ဝင့်ကာကိုင်လိုက်သည်။

"သတ်"

"သတ်"

"သတ်"

သူက သူရဲကောင်းတစ်ဦးအလား မိစ္ဆာသုံးရာထံသို့ တဟုန်ထိုးပြေးဝင်သွားတော့သည်။

"တူတီတီ...တူ ...တူ "

ထိုအချိန်မှာပင် ဝမ်းနည်းဖွယ်ကောင်းသော ဆိုနာသံကလည်း စူးရှစွာ ထွက်ပေါ်လာ၏။

"အခုမှ ပြည့်စုံသွားတာ .."

"သတ်.."

-------------------

အခန်း ၃၄၁ - သတ်..သတ်... သတ်။

"သတ်ကြစမ်း.."

"ငါတို့ရဲ့ အစားအစာဖြစ်တဲ့ လူသားက ဒီလောက်တောင် ရဲတင်းလှချည်လား"

"မင်းကို အစိမ်းလိုက်ဝါးစားပစ်မယ်"

မိစ္ဆာစစ်သည် သုံးရာကျော်ကလည်း ကျိယွမ်ရောက်လာသည်အထိ မစောင့်ပါ ။ အားလုံးက ရှေ့သို့ ဒေါသတကြီးပြေးဝင်လာကြသည်။

သို့သော် သူတို့ကို ကြိုဆိုလိုက်သည်မှာ ပန်းပွင့်များတော့ မဟုတ်ပါ ၊ အလွန်ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုပင်။

"ဖိနှိပ်နိုင်သော စွမ်အား"

"ကောင်းကင်ပိုင်းဖြတ် ဓားချက်"

"သေခြင်းရောင်ခြည်"

အဓိက စွမ်းရည်ကြီးသုံးခုကို အသက်သွင်းလိုက်ပြီးနောက် ကျိယွမ်သည် ပို၍ရက်စက်ကြမ်းကြုတ်လာကာ ငရဲမှ တက်လာသော သေမင်းအလား ပြောင်းလဲသွားသည်။

သွေးရောင်လွှမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သွေးနီရောင် တုတ်တစ်ချောင်းကို ကိုင်ဆောင်ထား၏။

တုတ်တစ်ချက်ရိုက်လိုက်တိုင်း မိစ္ဆာစစ်သည် လေးငါးယောက် လွင့်ထွက်သွားနေပြီး ခန္ဓာကိုယ်များ ကြေမွကာ အသက်ပျောက်သွားကြသည်။

ကျိယွမ်၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် တိုက်ပွဲဝင်အာရုံမှာ ဟာသ မဟုတ်ပါ ။ ပြောမပြနိုင်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ကမ္ဘာပေါင်းများစွာတွင် တိုက်ပွဲပေါင်းသန်းချီအောင်တိုက်လာသူဖြစ်သောကြောင့် တိုက်ခိုက်ခြင်းမှာ သူ၏ ဗီဇတစ်ခု ဖြစ်နေလေပြီ။

သူသည် မိစ္ဆာစစ်သည် သုံးရာကြားထဲတွင် လူသူမရှိသော မြေပြင်ကဲ့သို့ အတားအဆီးမဲ့ တိုးဝင်သွားနေသည်။

သူ့တုတ်ကျရာ နေရာတိုင်းတွင် မိစ္ဆာစစ်သည်များ သေဆုံးကုန်၏။

"အရမ်း သန်မာတာပဲ"

ကျိုးယွမ်မှာ တစ်ကိုယ်လုံး တုန်ရင်နေသည်။

ဗျူဟာမှူး၏ မျက်လုံးများတွင်လည်း ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။

"တကယ်လို့ သူသာ သူရဲကောင်းအဆင့်ကို ရောက်သွားရင် ဘယ်သူက သူ့ကို တားနိုင်မှာလဲ"

ထိုအချိန်တွင် ဥဒေါင်းမသည် ကောင်းကင်သို့ ပျံတက်သွားပြီး အစိမ်းရောင် အလင်းတန်းများ ထုတ်လွှတ်ကာ အလွန်အမင်း ဒေါသထွက်နေသည်။

"နင် တကယ်စွမ်းရင် ငါ့ရဲ့ တိုက်ကွက်ကို ခံကြည့်စမ်း"

သူမသည် ဒေါသရော အရှက်ပါ ရနေသည်။

ဤကဲ့သို့သော ရန်သူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

သို့သော် ကျိယွမ်သည် မိစ္ဆာစစ်သည်များကြားတွင် အလွန် လျင်မြန်ဖြတ်လတ်စွာ လှုပ်ရှားနေပြီး သူမ၏ တိုက်ခိုက်မှုများက ကျိယွမ်ကို လုံးဝ မထိမှန်နိုင်ပေ။

သူမအနေဖြင့်လည်း စိတ်လွတ်ကိုယ်လွတ်လည်း မတိုက်ခိုက်ရဲပေ၊ ကျိယွမ်ကို မထိရုံသာမက သူမ၏ ကိုယ်ပိုင်မိစ္ဆာစစ်သည်များကိုပါ သတ်မိသွားနိုင်သောကြောင့် ဖြစ်သည်။

သူမမှာ ထိရောက်သော အကွက်များ မရှိတော့ပေ။

မဟုတ်ပါက သူမ၏ သူရဲကောင်း အဆင့်အစွမ်းဖြင့် ထိုစက်ဆုပ်ဖွယ် လူသားကို ရှစ်ပိုင်းပိုင်းပစ်မည်မှာ သေချာသည်။

သို့သော် သူမ၏မိစ္ဆာစစ်သည်များမှာ ထွေးခနဲ ထွေးခနဲလဲကျနေပြီး ကြာလေ ကြာလေ သေဆုံးမှုကပြင်းထန်လေဖြစ်နေ၏။

"အား"

ထိုအချိန်တွင် သူမ ထပ်မံ အောင့်အည်းမထားနိုင်တော့ပေ။

ပြင်းထန်သော သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

ထို့နောက် သူမ၏ ကျောပေါ်မှ အမွေးအတောင်များက အစိမ်းရောင် ဓားအကာအရံများအဖြစ် ပြောင်းလဲသွားပြီး ကျိယွမ်ရှိရာသို့ ရူးသွပ်စွာ ပစ်လွှတ်လိုက်သည်။

"နှေးလွန်းတယ်"

ကျိယွမ်က မထိတထိပြုံးကာ ဒေါင်းမိစ္ဆာမကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လွင့်ပျံသွားပြီး သွေးနီးရောင်နဂါးတစ်ကောင်ကဲ့သို့ တိုက်ပွဲမြေပြင်ကို ဖြတ်ကျော်ကာ အခြားတစ်ဖက်သို့ ပြေးဝင်သွား၏။

အစိမ်းရောင် ဒေါင်းတောင်များ၏ ဓားမိုးများက ရိပ်ကနဲ ကျဆင်းလာပြီး ကံဆိုးရှာသော မိစ္ဆာငါးကောင်ကို တိုက်ရိုက် သတ်ဖြတ်လိုက်သည်။

ထိုအရာကို မြင်လိုက်ရသောအခါဒေါင်းမိစ္ဆာမ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်သွားသည်။

"နင် တကယ်သတ္တိရှိရင် မရှောင်နဲ့! ငါနဲ့ ထိပ်တိုက်ရင်ဆိုင်စမ်း"

ဒေါင်းမိစ္ဆာမက ဒေါသတကြီးအော်ဟစ်လိုက်သည်။

သူမက ဒေါသထွက်နေသလို နောင်တလည်း ရနေသည်။

မူလက ကျိယွမ်တွင် အခြားသော ဝှက်ဖဲများ ရှိမည်ကို စိုးရိမ်သောကြောင့် မိစ္ဆာစစ်သည်များကို ဝိုင်းရံခိုင်းပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် သတ်ရန် ကြံစည်ခဲ့ခြင်းပင်။

သို့သော် မည်သူသိမည်နည်း။

ထိုလူသားက မယုံနိုင်လောက်အောင် မြန်ဆန်ပြီး အရမ်းသွက်လက်နေသည်။

ယခုအခါ သူမကိုယ်တိုင်ပင် အကျပ်အတည်းထဲကျသွားသလို ဖြစ်နေ၏။

အကယ်၍ ဤအတိုင်း ဆက်သွားပါက ကျိယွမ်ကို မောဟိုက်ပြီးသေဆုံးအောင် လုပ်နိုင်ကောင်းသော်လည်း သူမ၏ မိစ္ဆာစစ်သည်များမှာလည်း သေချာပေါက် အထိနာပေလိမ့်မည်။

ယခုအချိန်ကြမှ မိစ္ဆာစစ်သည်များကို ဆုတ်ခွာရန်လည်း သူမ အမိန့်မပေးနိုင်တော့ပေ။

အကြောင်းမှာ ကျိယွမ်က မိစ္ဆာစစ်သည်များတွင် မျှော့တစ်ကောင်ကဲ့သို့ ကပ်နေသောကြောင့် ဖြစ်သည်။

ဆိုနာမှုတ်တဲ့ သူကို ခြိမ်းခြောက်ရင်ကောင်းမလား။

သူမထည့်ပင် မစဉ်းစားခဲ့ပါ။

ဤကဲ့သို့သော သန်မာသူတစ်ယောက်ကို ထိုသို့သောနည်းလမ်းဖြင့် မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။

တကယ်တမ်း သူမ တိုက်ပွဲမြေပြင်မှ ထွက်ခွာပြီး ဟောက်မူရှီကို သွားရှာလျှင်ပင် အောင်မြင်မည် မဟုတ်ပေ။

အကြောင်းမှာ ကျိယွမ် ဤနေရာသို့ ခြေချလိုက်သည့် အချိန်မှစ၍ သူ့ကို ဗဟိုပြုကာ ဤဒေသတစ်ခုလုံးမှာ လှောင်အိမ်တစ်ခု ဖြစ်သွားပြီး ထွက်ပြေးရန် မဖြစ်နိုင်သောကြောင့်ပင်။

ထိုအခိုက် တိုက်ပွဲအတွင်း လျှင်မြန်စွာ ရွေ့လျားနေသော ကျိယွမ်၏ ပုံရိပ်မှာ ခေတ္တရပ်သွားသည်။

သူ၏ လက်ထဲမှ သွေးရောင်သန်းနေသော သစ်သားတုတ်က မျောက်အိုကြီးတစ်ကောင်ပေါ်သို့ ဘုန်းခနဲကျရောက်သွားပြန်၏။

မျောက်အိုကြီးမှာ အသံလေးပင်မထွက်နိုင်ဘဲ တစ်ချက်တည်း သေဆုံးသွားလေသည်။

ကျိယွမ်က ကောင်းကင်ရှိ ဥဒေါင်းမကို ရယ်မောချင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"သာမန်လူဆိုရင် နင့်ရဲ့ ဆွပေးတာကို အဖက်လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါကတော့ မတူဘူး။ ငါ အနှစ်သက်ဆုံးက ငါ့ရန်သူတွေကို မျှော်လင့်ချက်ပေးပြီးမှ... အဲဒီမျှော်လင့်ချက်ကို နင်းခြေပစ်တာပဲ"

ကျိယွမ် ထိုသို့ပြောရင်း သူ၏အနီးမှ ဝက်ဝံမိစ္ဆာတစ်ကောင်၏ အစွယ်ကို ဖမ်းဆွဲကာ ကိုင်ပေါက်ထည့်လိုက်၏။

ထို့နောက် လည်မျိုကို နင်းကာ အစွယ်ကို မညှာမတာဆွဲချိုးပစ်သည်။

"ဂါး..."

ဝက်ဝံကြီးကနာကျင်စွာအော်ဟစ်လိုက်စဥ်မှာပင် သူသည် ကောင်းကင်သို့ တိုက်ရိုက် ခုန်တက်သွား၏။

ဥဒေါင်းမ၏ မျက်နှာက ဝမ်းသာအားရ ဖြစ်သွားသည်။

"ဒီနေ့ နင့်ကို သူရဲကောင်းအဆင့်နဲ့ ကျောက်စိမ်းသွေးအဆင့်ကြားက ကွာခြားချက်ကို ပြရသေးတာပေါ့"

ဒေါင်းမိစ္ဆာမက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

စကားဆုံးသည်နှင့် သူမ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို လျင်မြန်စွာ ထုတ်ဖော်နေသည်။

အကယ်၍ ၎င်းက အဆင်သင့်ဖြစ်ပြီး ကျိယွမ်အပေါ် ပစ်လွှတ်လိုက်ပါက သေချာပေါက် သေသွားပေလိမ့်မည်။

ထိုသို့တွေးကာ သူမက ရက်စက်စွာပြုံးလ်ုက်၏။

သို့သော် သူမ၏ မျက်နှာပေါ်မှ အပြုံးမှာ ထိုခဏ၌ပင် အေးခဲသွားသည်။

ရုတ်တရက် အလွန်လျင်မြန်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွား၏။

သူမ လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင်

မချိမဆန့်ပြည့်အင့်သွားသော ခံစားချက်နှင့်အတူ ဆုတ်ဖြဲခံရသော ခံစားချက်တို့မှာ သူမ၏ ပါးစပ်အတွင်းသို့ ရုတ်တရက် ပြည့်နှက်သွားသည်။

ဘာဖြစ်သွားတာလဲ..။

ဘာဖြစ်နေသည်ကို သူမ မသိလိုက်မီတွင် အသံတစ်ခုက သူမ၏ နားထဲသို့ ရောက်လာသည်။

"နောက်တစ်ခါ စကားပြောရင် ပါးစပ်ကို ဒီလောက်ကြီး ဟမထားနဲ့... ကြည့်စမ်း၊ ဒီလောက် တုတ်တဲ့ တုတ်ကြီးတောင် အထဲကို အံဝင်ခွင်ကျ ဝင်သွားတယ်"

ကျိယွမ်က သူ၏တုတ်ကို ပြင်းထန်စွာ ထပ်မံထိုးသွင်းလိုက်သည်။

တုတ်မှာ သူမ၏ လည်ချောင်းကို ဖြတ်၍ ဒေါင်းမ၏ ဗိုက်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွား၏။

"အ"

"ဂိ ...ဂိ ...အွတ် "

ဒေါင်းမိစ္ဆာမက နာကျင်စွာအော်ဟစ်လိုက်သော်လည်း အသံမှာ ပီပီသသ မထွက်တော့ပေ။

သူမ ရင်ထဲတွင် အလွန်အမင်း ဒေါသထွက်နေသည်။

ငါ့ရဲ့ အစွမ်းထက်ဆုံး တိုက်ကွက်က မပြီးသေးဘူးလေ။

အကယ်၍ ၎င်းသာ ပြီးဆုံးသွားပါက ပြိုင်ဘက်မှာ သေချာပေါက် သေဆုံးမည်ဖြစ်သည်။

သို့သော် ယခုမူ တုတ်ဖြင့် ထိုးဖောက်ခံထားရသဖြင့် သူမသည် တံစို့ဖြင့် ထိုးထားသော ငါးတစ်ကောင်ကဲ့သို့ ပြန်လည် တိုက်ခိုက်နိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားသည်။

သူမသည် ဒေါသထွက်သလို နောင်တလည်း ရနေ၏။

"အရမ်း အားနည်းလွန်းတယ်... ငါ့မျက်လုံးထဲမှာတော့ မင်းက ဟိုမိစ္ဆာစစ်သည်တွေနဲ့ ဘာမှမခြားဘူး။

မဟုတ်သေးဘူး၊ ကွာခြားချက် တစ်ခုတော့ ရှိတယ်။ မင်းရဲ့ မိစ္ဆာသွေးက နည်းနည်း ပိုပေါများတယ်"

ကျိယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဒေါင်းမိစ္ဆာမ၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာသွေးများမှာ ဖြည်းညှင်းစွာ သီးခြားစီ စတင်ဖြစ်ပေါ်လာသည်။

ဒေါင်းမိစ္ဆာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ စွမ်းအင်များ ဆက်တိုက် ဆုတ်ယုတ်သွားသည် ။

"နင်သာ ခိုးပြီး မတိုက်ခိုက်ခဲ့ရင်... ဒီနေ့... သေချာပေါက်... သေမှာ"

"ရယ်စရာကောင်းလိုက်တာ"

ကျိယွမ်က ရယ်မောလိုက်သည်။

"ငါ့ကို မိစ္ဆာသွေးတွေ ဒီလောက် အများကြီး ပေးတဲ့အတွက် နင့်ရဲ့မျှော်လင့်ချက်လေးတွေကို ငါမဖျက်ဆီးတော့ဘူး၊ အထင်မှားတွေနဲ့ပဲ သေခွင့်ပေးလိုက်မယ်"

ဒေါင်းမိစ္ဆာမအနေဖြင့် သူမ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို အသုံးပြုခဲ့လျှင်ပင် ကျိယွမ်က အလွယ်တကူ နှိမ်နင်းနိုင်ဦးမည်သာ။

သူ့အတွက်တော့ လက်တစ်ချက် ဖိချလိုက်ရုံဖြင့် မိစ္ဆာစခန်းမှ ဗိုလ်ချုပ် သုံးယောက်ထဲမှ တစ်ယောက် ကျဆုံးသွားသည်။

မိစ္ဆာစစ်သည်များ၏ မျက်နှာတွင် ထိတ်လန့်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းများ ပြည့်နှက်သွားသည်။

ပထမဆုံးအကြိမ်အဖြစ် ကျိုးယွမ်၏ နှလုံးသားထဲတွင် ပြင်းထန်သောကြောက်စိတ်များ ဖြစ်ပေါ်လာပြီး ဒူးများမခိုင်တော့ပေ။

မိစ္ဆာစစ်သည်များကို ကြည့်ရင်း ကောင်းကင်ရှိ ကျိယွမ်က သက်ပြင်းချလိုက်သည်။

"ငါ့မှာသာ ကြောက်ရွံ့မှတ်နဲ့အဆင့်တက်တဲ့ စနစ်တစ်ခု ရှိရင် ကောင်းမှာပဲ။ သူတို့ နေ့တိုင်း ဒီလောက် လန့်နေတာနဲ့တင် ငါ အများကြီး ရမှာသေချာတယ်"

ထိုသို့ပြောပြီးနောက် ကျိယွမ်သည် မြေပြင်သို့ တဟုတ်ထိုးဆင်းသက်လာပြီး သစ်သားတုတ်ကို ဝှီးခနဲ ရိုက်ချလိုက်ရာ မိစ္ဆာ ခုနစ်ကောင် ရှစ်ကောင်ခန့် ပေါက်ကွဲသွားတော့သည်။

ဤအချိန်တွင် မိစ္ဆာဗျူဟာမှူးမှာ မတည်ငြိမ်နေနိုင်တော့ပေ။

"သွားကြစို့၊ ငါတို့ အမြန် ထွက်သွားရမယ်"

ဗျူဟာမှူးက အော်ဟစ်လိုက်ပြီး ချက်ချင်း ထွက်ပြေးသည်။

ကျိုးယွမ်ကလည်း တွန့်ဆုတ်မနေဘဲ လိုက်ပြေး၏။

မိစ္ဆာစစ်သည်များမှာမူ လုံးဝ ထိတ်လန့်နေကြပြီ ဖြစ်သည်။

သူတို့၏ ခေါင်းဆောင် ဗိုလ်ချုပ်ဒေါင်းမပင် သေဆုံးသွားပြီဖြစ်ရာ သူတို့က ဘာလုပ်နိုင်မည်နည်း။

သို့သော် မကြာမီ စစ်ဗျူဟာမှူး၏ မျက်နှာမှာ အေးခဲသွားသည်။

"ဒါက ဘာကြီးလဲ"

သူ၏ ထွက်ပြေးလမ်းကို ပိတ်ဆို့ထားသော အကာအကွယ် တစ်ခုကို သူ ရုတ်တရက် သတိပြုမိလိုက်၏။

သူသည် အစွမ်းကုန် အသုံးပြုကာ အကာအကွယ်ကို တိုက်ခိုက်သော်လည်း ၎င်းမှာ လုံးဝ မလှုပ်ခတ်ပေ။

ထွက်ပြေးနေသော မိစ္ဆာစစ်သည်များကို ကြည့်ရင်း ကျိယွမ်က ဖော်ရွေစွာရှင်းပြသည်။

"ငါ ဒီချိုင့်ဝှမ်းထဲကို ခြေချလိုက်ကတည်းက မင်းတို့အားလုံးဟာ ငါ့ရဲ့အစားထိုးလမင်းတွေ ဖြစ်လာဖို့ ကံပါလာပြီးသားပဲ"

"ကံမကောင်းတာက ငါ့နှလုံးသားက နည်းနည်းရက်စက်တယ်၊ ငါက ကောင်းကင်ကို ဆုတောင်းမှာ မဟုတ်ဘူး ၊ ငါ့ရဲ့ မျှော်လင့်ခြင်းလမင်းတွေကို ငါကိုယ်တိုင်ပဲ စီရင်ချင်တာ "

ထိုသို့ပြောပြီးနောက် ကျိယွမ်သည် မိစ္ဆာနတ်ဘုရား တစ်ပါးကဲ့သို့ မိစ္ဆာစစ်သည်များကြားသို့ ထပ်မံ ပြေးဝင်သွားသည်။

သတ်ဖြတ်သံများ၊ အော်ဟစ်သံများနှင့် အသနားခံသံများမှာ ရောထွေးကုန်၏။

ခွေးမိစ္ဆာ၊ကြောင်မိစ္ဆာ ၊ ကြွက်မိစ္ဆာ ၊ ကျားမိစ္ဆာ ...မည်သည့်မိစ္ဆာမဆို ကျိယွမ်၏ တိုက်ခိုက်မှုတစ်ချက်ကိုပင် မခုခံနိုင်ပေ။

မတတ်သာသည့်အဆုံး၌ ကျိုးယွမ်က ဟိန်းဟောက်ကာ ကျိယွမ်ရှိရာသို့ ပြေးဝင်လာသည်၊ သူ၏ ဝိညာဉ်စွမ်းအားများလည်း ရုတိတရက် မြင့်တက်လာပြီး သူရဲကောင်းအဆင့်သို့ တတ်ရောက်သွား၏။

"ငါ့ခန္ဓာကိုယ်ကို မင်းကို လုံးဝပေးလိုက်ပြီ၊ ဒီတစ်ခါ ငါ့ကို အသက်ရှင်အောင် ကူညီပေးပါ"

"အား....ငါတို့ အရှုံးပေးလို့ မရဘူးလား ၊ ဒီလူက တကယ် သန်မာပုံရတယ်"

"မရဘူး၊ ဒါက အသေအလဲ တိုက်ပွဲပဲ"

ကျိုးယွမ်သည် သူ၏ခန္ဓာကိုယ်ကို အတွင်းရှိ ဝိညာဉ်အိုကြီးထံ လုံးဝ ပေးအပ်လိုက်ခြင်းပင်။

ကံမကောင်းစွာဖြင့် ထိုခန္ဓာကိုယ်ကို ထိန်းချုပ်ရန် အမြဲလိုလားခဲ့သော ဝိညာဉ်အိုကြီးမှာ ယခုအခါ အလွန်ကြောက်လန့်နေ၏။

၎င်းမှာ ကြောက်လန့်တကြား အော်ဟစ်နေပြီး မတတ်သာသည့်အဆုံး မြေအောက်ကမ္ဘာသို့ ထွက်ပြေးသွားတော့သည်။

ယနေ့တွင် ဆိုနာသံမှာ ထူးထူးခြားခြား ပျော်ရွှင်မြူးကြွနေ၏။

မိစ္ဆာစစ်သည် သုံးရာလုံး တုတ်အောက်တွင် ကျဆုံးကုန်သည်။

နောက်ဆုံးတွင် မိစ္ဆာဗျူဟာမှူးသည် သွေးများပေကျံနေသော ကျိယွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"တကယ်လို့ နန်းတော်မှာ မင်းလို သူရဲကောင်းတွေသာ ရှိရင် တောင်ဘက်ကို ပြောင်းရွှေ့ဖို့ မလိုခဲ့ဘူး"

ဤသို့ ပြောပြီးနောက် ဗျူဟာမှူးမှာ လည်ကျိုးကျကာ သေဆုံးသွားခဲ့သည်။

တုတ်ကိုကိုင်ထားရင်းမှ ကျိယွမ်က သူ၏အလောင်းကို ကြည့်လိုက်၏။

"မင်းမှာလည်း သတ္တိမရှိပါဘူး။ ငါ ဒီမှာ ရှိနေတာပဲ၊ ဘာလို့ တောင်ဘက် ပြောင်းဖို့ စဉ်းစားနေတာလဲ ၊ တကယ်စဉ်းစားရမှာက နိဗ္ဗာန်ရောက်ဖို့ပဲ"

ပျက်စီးနေသော ချိုင့်ဝှမ်းကို ကြည့်ရင်း ကျိယွမ်၏ အမူအရာမှာ တည်ငြိမ်နေပြီး ထူးထူးခြားခြား ဝမ်းသာနေခြင်း မရှိပေ။

ဝမ်သာလောက်ရအောင် အဆင့်ရှိသော မိစ္ဆာမျိုးလည်း မပါပါ ။ မိစ္ဆာပေါက်စလေးများကို သတ်ခြင်းမှာ ဂုဏ်ယူစရာမဟုတ်ချေ။

"ဘာပဲပြောပြော..မိစ္ဆာသတ်တဲ့ ဂိမ်းတွေက အကောင်းဆုံးပဲ။ စုံစမ်းစစ်ဆေးတာနဲ့ အမှန်တရား ရှာရဖွေတဲ့ စုံထောက်မစ်ရှင်တွေက အရမ်း ပျင်းစရာကောင်းတယ် ၊ ငါက ဒီးရန်ကျယ်မှ မဟုတ်တာ"

ကျိယွမ်က သက်ပြင်းချလိုက်ပြီး

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် မိစ္ဆာသွေး သုံးထောင်နီးပါးကို သူ ရရှိလိုက်သည်။

မနီးမဝေးတွင် ဟောက်မူရှီမှာတော့ မျက်နှာတစ်ခုလုံးနီမြန်းနေပြီး အမောဆို့နေ၏။

သူက မတိုက်ခိုက်ရဘဲ အဘယ့်ကြောင့် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရသနည်း။

ဆိုနာကို မနားတမ်းမှုတ်နေရခြင်းကြောင့် မဟုတ်ပါလား။

အခြေအနေကို မသိလျှင် ဤနေရာသို့ ရောက်လာသူ မည်သူမဆို ဟောက်မူရှီက မိစ္ဆာများကို သတ်လိုက်ပြီး ကျိယွမ်က ဆိုနာ မှုတ်နေသည်ဟုပင် ထင်ကြပေလိမ့်မည်။

"သခင်ကျိ... သခင်က တကယ့်ကို စစ်နတ်ဘုရားပါပဲ"

ဟောက်မူရှီမှာ အမောဆို့နေသည့်ကြားမှ မအော်ဘဲ မနေနိုင်တော့ပေ။

မိစ္ဆာစစ်သည် သုံးရာနှင့် ဗိုလ်ချုပ် ဒေါင်းမိစ္ဆာတို့မှာ ကျန်းယန်မြို့ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ယခုတိုက်ပွဲပြီးဆုံချိန်တွင် အောင်ပွဲကြောင့် သူ၏ နှလုံးသားမှာ စိတ်လှုပ်ရှားနေသလို စိုးရိမ်ခြင်းလည်း ပြင်းထန်နေမိ၏။

ဤမျှကြီးကျယ်သော ကိစ္စကြီးကို ကျိယွမ်က လုပ်ဆောင်ခဲ့သဖြင့် ရှူယောင် တောင်၏ မိစ္ဆာခေါင်းဆောင်မှာ သေချာပေါက် ငြိမ်နေမည် မဟုတ်ပါ။

မိစ္ဆာစစ်သည် အားလုံးကို စေလွှတ်ကာ ကျိယွမ်ကိုသတ်ရန် ကိုယ်တိုင် လာပေလိမ့်မည်။

ယခုအချိန်မှစ၍ သူတို့ကို စောင့်ကြိုနေသည်မှာ အသက်လုကာထွက်ပြေးရသော ပြေးပွဲကြီးကို ဆင်နွှဲရပေတော့မည်။

သူသည် ရင်ခုန်သလို စိတ်လှုပ်ရှားနေကာ ခံစားချက်များ ရောထွေးနေသည်။

ကျိယွမ်က ဟောက်မူရှီကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"မင်း မှုတ်နိုင်သေးရဲ့လား"

"ဗျာ"

ဟောက်မူရှီ မှင်တက်သွား၏။

ကျိယွမ် ဘာကို ဆိုလိုသည်ကို သူ နားမလည်ပါ။

မှုတ်ရဦးမှာလား ၊ ဘာကို မှုတ်ရမှာလဲ ၊

ထွက်ပြေးနေချိန်တွင် ဆိုနာကိုတော့ မှုတ်ရန်လိုမည် မဟုတ်ပေ။

"ငါ့ရဲ့ ဒီအိမ်မက်တုတ်ချောင်းကို သုံးရတာ တကယ် ကျေနပ်စရာကောင်းတယ်လို့ ခံစားရတယ်၊ ဒါကြောင့်... အခုက အကောင်းဆုံး အချိန်ပဲ။ သွားပြီးတော့ မိစ္ဆာစခန်း တစ်ခုလုံးကို ရှင်းပစ်ကြစို့"

ကျိယွမ်က သူ၏တုတ်ကို စကြာလှည့်သလို ဟန်ပါပါလှည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ခင်ဗျာ"

ဟောက်မူရှီ မျက်လုံးများ ပြူးကျယ်သွားသည်။

သူ ကြားလိုက်ရသည်မှာ မှားနေသလားဟုပင် ထင်မိ၏။

"အခုပြောတာ... မိစ္ဆာစခန်းကို သွားရှင်းမလို့လား"

သူတို့ အရင် ထွက်ပြေးသင့်သည် မဟုတ်ပါလား။

ခုတော့ မပြေးဘဲ ၊ စခန်းအထိ တိုက်ရိုက် သွားတိုက်မလို့တဲ့။

သူ နောက်နေတာလား။

"ဟုတ်တယ်၊ ဒါပေမဲ့ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ မင်း ဆိုနာ ဆက်မှုတ်နိုင်ပါ့မလား ၊ ငါ သတ်လို့ ကောင်းနေတုန်း မင်းက မလိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ"

ကျိယွမ်က ဟောက်မူရှီကို ဝေခွဲမရသော အမူအရာဖြင့် ကြည့်လိုက်သည်။

ဟောက်မူရှီ၏ နှလုံးခုန်သံများ အလွန်မြန်လာခဲ့သည်။

သူသည် သွေးရောင် အဝတ်အစားများ ဝတ်ဆင်ထားသော ကျိယွမ်ကို ကြည့်ကာ နောက်ဆုံးတွင် ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်။

"ကျွန်တော် ဆက်မှုတ်နိုင်ပါတယ်"

"ဒါဆိုရင် သွားကြစို့... ရှူယောင်တောင်ကို အမြစ်ပြတ်အောင်... နောက်ဆုံးတစ်ကောင်အထိ သတ်ပစ်မယ်"

"ဟုတ်ကဲ့"

ဟောက်မူရှီက ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူသည် ဤတိုက်ပွဲကို အဆုံးထိ လိုက်ပါရပေတော့မည်။

လရောင်အောက်တွင်၊ တောင်တန်းများကြား၌ အရပ်ရှည်ရှည်ပုံရိပ်တစ်ခုနှင့် အရပ်ပုပုသေးသေးပုံရိပ်တစ်ခုတို့၏ အရိပ်များက ရှည်လျားစွာ ကျနေသည်။

လေတိုက်လိုက်သောအခါတိုင်း သွေးရောင်အဝတ်အစားများက တဖျပ်ဖျပ် လွင့်ပျံသွား၏။

အချိန်တစ်ခုကြာပြီးနောက် မိစ္ဆာစခန်းအတွင်း၌ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

ထိုအချိန်တွင် ဟောက်မူရှီသည် သူ၏ ဆိုနာကို ကိုင်လိုက်သည်၊ သူ၏ အမူအရာမှာ တည်ငြိမ်နေပြီး သေဖို့ကိုပင် အသင့်ပြင်ထားသကဲ့သို့ ရှိ၏။

သို့သော် သူ၏နုနယ်သောမျက်နှာတွင် နောင်တရနေဟန် မရှိပါ။

ဒီနေ့... သူ ဒီမှာ သေခဲ့ရင်တောင် သမိုင်းမှာ မှတ်တမ်းတင်ခံရပေလိမ့်မည်။

သူ၏ရှေ့တွင်ရှိသော စစ်နတ်ဘုရားကဲ့သို့ သွေးရောင်ပုံရိပ်သည် အေးစက်သော လေသံဖြင့် ပြောလိုက်သော်လည်း သူ၏ အသံမှာ အလွန် ညင်သာနေသည်။

"ညီလေး၊ ငါတို့ အတူတူ တိုက်ကြတာပေါ့"

သူကြည့်နေစဥ်မှာပင် စစ်နတ်ဘုရားကဲ့သို့ ပုံရိပ်မှာ ရုတ်တရက် မြင့်တက်သွားပြီး သွေးနီရောင် ချပ်ဝတ်တန်ဆာမှာ သူ၏ အရပ်ရှည်ပြီး ဖြောင့်စင်းသော ခန္ဓာကိုယ်ကို လုံးဝ ဖုံးလွှမ်းသွားသည်။

ထို့နောက် သူ၏ပုခုံးပေါ်၌ သွေးနီရောင် ဆူးချွန်များထွက်ပေါ်လာပြီး ဆူးချွန်များက အရည်လဲ့နေကာ သွေးများ စီးကျနေသကဲ့သို့ ဖြစ်နေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

သူသည် မြေအောက်ကမ္ဘာမှ ထွက်လာသော ငရဲမိစ္ဆာနတ်ဘုရား တစ်ပါးကဲ့သို့ တိတ်ဆိတ်စွာ ရှေ့သို့ တိုးသွား၏။

ထိုအချိန်တွင် တောင်တန်းများပင် တုန်ခါသွားပြီး သူ၏သွေးရောင် မျက်လုံးများမှ မိစ္ဆာအလင်းတန်းများ ထွက်ပေါ်လာသည်။

"သတ်ကြ"

ဒီညသည် သွေးချောင်းစီးမည့် ညတစ်ည ဖြစ်လာရန် ကံပါလာခဲ့ပုံရ၏။

ဒီညသည် မိစ္ဆာအများအပြား မနက်ဖြန် နေထွက်ချိန်ကို မမြင်ရတော့ရန် ကံပါလာပုံလည်းရှိ၏။

မနက်ဖြန်မှာ မျက်နှာသစ်ရန် ခေါင်းမရှိ ဖြစ်သွားတော့မည့် မိစ္ဆာများကို သူတွေ့လိုက်ရသည်။

မိစ္ဆာစစ်သည် သုံးထောင်... ဒါက အများကြီးလား။

ကြီးမားသော သွေးရောင်ပုံရိပ်ကြီးမှာ မိစ္ဆာစခန်းထဲသို့ အရှိန်အဟုန်ဖြင့် ဝင်သွားသည်။

သွေးဆာနေသော အော်သံကြီးက ဟိန်းထွက်လာ၏။

"သတ်"

စူးရှသောဆိုနာသံနှင့်အတူ မှောင်မိုက်သောညအလယ်၌ သတ်ဖြတ်ပွဲကြီး စတင်လေပြီ။

...............

ကျန့်းယန်မြို့။

မြို့ရိုးပေါ်တွင်ရပ်နေသော ယန်ကွမ်း ၏ မျက်နှာတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။

"ကျိုးယွမ် ပျောက်နေတယ်"

"ဘာ"

အန်းချောင် ခေတ္တ မှင်တက်သွားပြီးနောက် သူမလည်း ပူးပေါင်းကြံစည်မှု၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။

"သူက မစ္စတာကျိကို ပြဿနာ သွားရှာတာတော့ မဟုတ်ပါဘူးနော်"

ယန်ကွမ်း၏ မျက်နှာတွင် ပို၍ စိုးရိမ်သောအမူအယာများ ပေါ်လာ၏။

"ငါမှတ်မိသလောက်ဆိုရင် သူ့ဆီမှာ အနီးအနားတစ်ဝိုက်မှာရှိတဲ့ လူတွေရဲ့ တည်နေရာကို အတိအကျ သိနိုင်တဲ့ ရတနာ တစ်ခု ရှိတယ်။ တကယ်လို့များ..."

ကျိုးယွမ်မှာ ခန့်မှန်းရခက်ပြီး ဘာမဆို လုပ်ဝံ့သူ ဖြစ်သည်။

သူသည် မိစ္ဆာများနှင့် ပူးပေါင်းရန်ပင် ဖြစ်နိုင်ချေရှိ၏။

"မစ္စတာကျိရဲ့ အစွမ်းနဲ့ဆိုရင် သူက တိုက်ရိုက် မရင်ဆိုင်ဘဲ ထွက်ပြေးနေမယ်ဆိုရင် မိစ္ဆာစစ်သည် သုံးထောင်လုံးကို မစေလွှတ်သရွေ့ သူ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ ငါတို့ မစ်ရှင်ကို အမြန်ဆုံး အဆုံးသတ်ပြီး မစ္စတာကျိကို အိမ်ပြန်ခေါ်သွားရမယ်"

အန်းချောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

မစ်ရှင် ပြီးဆုံးသွားပါက ကျိယွမ်နှင့် တွေ့ဆုံနိုင်သရွေ့ သူတို့ အချိန်မရွေး ထွက်ခွာနိုင်၏။

သူတို့ကို ဝိုင်းရံထားသော မိစ္ဆာစစ်သည်များကိုတော့ သူတို့ အလွယ်တကူ ကျော်ဖြတ်နိုင်သည်။

ယန်ကွမ်း ခေါင်းညိတ်လိုက်ပြီး အန်းချောင်၏ စကားကို သဘောတူကြောင်းပြ၏။

သို့သော် မြို့ရိုးပေါ်ရှိ ကလေးစစ်သည်များနှင့် သက်ကြီးရွယ်အိုစစ်သည်များကို တစ်ချက်ကြည့်မိသောအခါ သူ၏ အမူအရာမှာ အနည်းငယ် စိတ်မကောင်းဟန် ဖြစ်သွားသည်။

"နှမြောစရာပဲ၊ ငါတို့ မစ်ရှင် ပြီးမြောက်ခဲ့ရင်တောင် ကျန်းယန်မြို့က လူတွေအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ အဲဒီ မိစ္ဆာစစ်သည်တွေက..."

ယန်ကွမ်း၏ အသံမှာ ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုတို့ ပြည့်နှက်နေသည်။

သူတို့ ထွက်သွားပြီးနောက် ကျန်းယန်မြို့မှ လူများမှာ မိစ္ဆာစစ်သည်များ၏ ရက်ရက်စက်စက် ဖမ်းဆီးစားသောက်ခြင်းကို ခံနေရဦးမည်သာ။

ဒီမြို့ထဲက လူတွေက သတ်ဖြတ်ခံရမယ့် ဝက်တွေလိုပဲ။ဘယ်နေ့လာဖမ်းမလဲ စောင့်နေကြရရှာတယ်"

အန်းချောင်၏ အမူအရာမှာလည်း မှိုင်တွေနေသည်။

ရှုယောင်တောင်မှ မိစ္ဆာသားရဲ အလောင်းများကိုသယ်ကာ ပြန်လာသောအချိန်မှာ မြို့ရှိစစ်သည်များ၏ တုံ့ပြန်မှုက သူမကို တော်တော် စိတ်မကောင်း ဖြစ်စေခဲ့သည်။

အထူးသဖြင့် ကိုယ်တိုင် လာရောက် တောင်းပန်ခဲ့တဲ့ ခရိုင်အရာရှိပင် ။

ခရိုင်အရာရှိမှာ မျှော်လင့်ချက် မစွန့်သေးဘဲ နန်းတော်၏မိစ္ဆာနှိမ်နင်းရေး ဌာနကနေ အကူအညီ ရနိုင်မလားလို့ မျှော်လင့်နေသည်ကို သူမ သိလေသည်။

သို့သော်...အမှန်တရားမှာ သူတို့က နန်းတော်ရဲ့ မိစ္ဆာနှိမ်နင်းရေး ဌာနက မဟုတ်သလို ဒီကမ္ဘာက လူသားတွေကိုလည်း မကူညီနိုင်ပေ။

"မနက်ဖြန် မနက်မှာ ထွက်ကြစို့၊ မစ်ရှင်ကို အဆုံးသတ်ပြီး... ထွက်ခွာကြမယ်"

ယန်ကွမ်းက စိတ်မကောင်းသော်လည်း ပြတ်သားစွာ ပြောလိုက်သည်။

"ငါတို့ မသွားခင် မိစ္ဆာအနည်းငယ်ကို ထပ်သတ်ပြီး သူတို့အတွက် တစ်ခုခု လုပ်ပေးခဲ့ကြရအောင်"

...........

"သခင်....ရှေ့မှာ ဖုန်းဟွာဂူ ရှိပါတယ်"

ဟောက်မူရှီသည် ရှေ့မှ လူကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် သေချာ ကြည့်လိုက်သည်။

မနေ့ညက မြင်ကွင်းမှာ ယခုအချိန်ထိ သူ၏ စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲပင်။

သူက ကောင်းကင်က ဆင်းသက်လာတဲ့ နတ်ဘုရား တစ်ပါးပဲ။

သူက စစ်စခန်းထဲကို တစ်ယောက်တည်း ပြေးဝင်သွားခဲ့တယ်။

မိစ္ဆာစစ်သည် သုံးထောင်ရဲ့ ဝိုင်းရံမှုကို ရင်ဆိုင်ရင်း သူဟာ သတ်လေ သန်မာလေ ဖြစ်လာပြီး ပြိုင်ဘက်ကင်းတဲ့ သေမင်းကြီးတစ်ပါးလို ဖြစ်နေခဲ့တာ။

မိစ္ဆာစစ်သည် သုံးထောင်လုံး သူ့လက်ထဲမှာ သေကုန်ရော။

တစ်ယောက်မှတောင် ထွက်မပြေးနိုင်ခဲ့ဘူး။

ကျိယွမ်၏ တိုက်ခိုက်ရေး စွမ်းရည်က အလွန်ကြောက်စရာကောင်းလွန်းလှ၏။

အဓိက စွမ်းရည် သုံးခုဖြစ်သော ဖိနှိပ်နိုင်သောစွမ်းအား ၊ ကောင်းကင်ပိုင်းဖြတ်ဓားချက် နှင့် သေခြင်းရောင်ခြည်တို့သည် အလွန်အစွမ်းထက်လှ၏။

အထူးသဖြင့် သေခြင်းရောင်ခြည်စွမ်းရည်က အကန့်အသတ်မရှိ ကုသပေးနိုင်သလို သွေးနည်းလေ ပိုသန်မာလာလေပင်။

ထို့အပြင် မိစ္ဆာစစ်သည် သုံးထောင်ထဲ၌ ကျိယွမ်ထက် အဆင့်တစ်ခု ပိုမြင့်သောသူလည်း တစ်ယောက်မှ မရှိပေ။

သူ လုပ်ရမှာက အားမနာတမ်း သတ်ဖို့သာဖြစ်သည်။

အစားရှောင်မယ်တော်၏ မူလခန္ဓာကိုယ်မှ ရထားသော ဝါးမြိုခြင်း စွမ်းရည်ကလည်း ကျိယွမ်ကို တိုက်ပွဲအတွင်းမှာ အဆက်မပြတ် တိုးတက်စေ၏။

သတ်လေ သန်မာလေ ဖြစ်လာသည်ဟုပင် ပြောနိုင်လေသည်။

သတ်ဖြတ်ခြင်းတွေကြားမှာ လှုပ်ရှားနေရင်း ကျိယွမ်သည် ယခုဂိမ်းကို ကစားရမည် မှန်ကန်သောနည်းလမ်းကို နားလည်သွားခဲ့၏။

အမှန်တရား... အဲဒါက ဘာလဲ။

အဲဒါက သတ်၊ သတ်၊ သတ်ဖို့ပဲ ဖြစ်ရမယ်။

ထို့ကြောင့် ယခု ဖုန်းဟွာဂူကို လာတာကလည်း မစ်ရှင်ကို အဆုံးသတ်ဖို့ မဟုတ်ပေ။

မစ်ရှင်ရဲ့ ပစ်မှတ်တွေကို အခြားတစ်နေရာ ခေါ်သွားရန်ဖြစ်၏။

ထိုသို့မကာကွယ်ထားပါက... တခြားသူ တစ်ယောက်ယောက်က မစ်ရှင်ကို အဆုံးသတ်လိုက်လျှင် သူသည် ဤကမ္ဘာမှ ပြန်သွားရတော့မှာ မဟုတ်လား။

ထို့အခါ သွေးအဆီအနှစ်များ မရနိုင်တော့ပေ။

ထို့ကြောင့် အကောင်းဆုံး နည်းလမ်းက မစ်ရှင်ကို မပြီးမြောက်စေရန် ကြိုးစားရမည်ဖြစ်သည်။

ဒီကမ္ဘာကြီးက အရမ်း ကျယ်ပြော၏၊ မိစ္ဆာတွေက ဘယ်လောက်တောင် ရှိမလဲ သူမသိပေ။

အထူးသဖြင့် မြောက်ဘက်ဒေသများတွင် မိစ္ဆာများက သောင်းနှင့်ချီပြီး ရှိနေနိုင်၏။

သူသာ ထိုမိစ္ဆာသွေး အားလုံးကို ရနိုင်မည်ဆိုပါက....။

ဟားဟား ဟားဟားဟား ။

ငါရဲ့ စွမ်းအားက... သေချာပေါက် ကောင်းကင်ထိ မြင့်တက်သွားလိမ့်မယ်။

ကျိယွမ်က အတွေးများနှင့်စပ်ဖြီးဖြီးကြီးဖြစ်နေ၏။သူ၏ အကြံအစဥ်ကိုသာ အခြားအဖွဲ့ဝင်များသိပါက "ငါတို့ဘဝက ကံဆိုးလို့ဒီလိုအရူးနဲ့ အတူလာရတာလား" ဟု ကျိန်ဆဲမိကြပေလိမ့်မည်။

ယခုအချိန်တွင် ကျိယွမ်သည် ရှေ့မှ ဖုန်းဟွာဂူကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။

"ပိတ်ပစ်လိုက် ..ဘယ်သူမှမတွေ့အောင် ချိတ်ပိတ်မယ်"

သူသည် ဖုန်းဟွာဂူ အတွင်းရှိ သူ ခံစားမိသော အရှိန်အဝါ နှစ်ခုကို ချက်ချင်းပင် မန္တန်ဖြင့် ချုပ်နှောင်လိုက်သည်။

သူတို့ရဲ့ ပါးစပ်တွေကိုပါ ပိတ်ပြီး ချိတ်ပိတ်ပစ်၏။

ချက်ချင်းပင် ဖုန်းဟွာဂူ အတွင်းရှိနေသော လူနှစ်ဦးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့ အဆက်မပြတ် ရုန်းကန်သော်လည်း အကျိုးမထူးပေ။

ဘာ..ဘာတွေဖြစ်နေတာလဲ။

သူတို့ကြောက်လန့်စွာရုန်းနေစဥ်မှာပင် ခြေသံများ ထွက်ပေါ်လာ၏။

"ဟားဟား ဟားဟား ၊ တကယ့်ကို ဒီနှစ်ယောက်ပဲ။ ကောင်းပြီ၊ ငါ သူတို့ကို ငါ့ရဲ့ စွန့်စားခန်းတွေမှာ ခေါ်သွားရမယ်"

"မူရှီလေး၊ မင်း ကျန်းယန်မြို့ကို ပြန်မလား၊ ဒါမှမဟုတ် ငါ့နောက်လိုက်ပြီး ဆိုနာ ဆက်မှုတ်မလား"

"ကြိုပြောထားမယ်နော်၊ ငါ အခု ပိုက်ဆံမရှိဘူး၊ မင်းကို အခကြေးငွေ မပေးနိုင်ဘူး"

၏သူ့မျက်လုံးများမှ ရသော အချက်အလက်များအရ အမှောင်ထဲမှာ ရှိနေသော လူနှစ်ယောက်က သူရှာနေသူများဖြစ်ကြောင်း အတည်ပြုနိုင်၏။

သူတို့နှစ်ယောက်ကို တွေ့သော်လည်း ကျိယွမ်က သူတို့နှစ်ယောက်နှင့်ပတ်သတ်သည်များကို လုံးဝ မစဥ်းစားပါ။

မဟုတ်လျှင် သူက အမှန်တရားကို သိသွားပြီး မစ်ရှင် ပြီးဆုံးသွားမည်ဆိုပါက အလွန်ဝမ်းနည်းရပေလိမ့်မည်။

ကျိယွမ်၏ စကားကို ကြားသောအခါ ဟောက်မူရှီရဲ့ မျက်လုံးထဲ၌ ဝမ်းသာရိပ်တွေ ပေါ်လာ၏။

"ကျွန်တော် သခင်နဲ့ လိုက်ပါရစေ"

All Chapters