← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

Chapter 103+104

~

အခန်း ၁၀၃+၁၀၄ : ကမ္မအဆင့် ထပ်မံတိုးမြင့်ခြင်းနှင့် အခြားလောကမှ ရတနာပစ္စည်း

~

[ပိုင်ရှင်သည် ဥပဒေကို လိုက်နာစောင့်ထိန်းပြီး

အမှုစစ်ဆေးရာတွင် ကြီးကြပ်ရေးကောင်စီဝင်များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့်

၎င်းတို့၏ တညီတညွတ်တည်း ထောက်ခံမှုကို ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စေတနာအမှတ်များ

+၁၅၀]

စောင့်ကြည့်ရေးကောင်စီမှ လူများ ထွက်ခွာသွားသည်ကို

ကြည့်ရင်း ဂူချန်၏ ပြုံးရွှင်နေသော မျက်နှာမှာ တဖြည်းဖြည်း တည်ငြိမ်သွားလေသည်။

သူသည် မည်သည့်ခံစားချက်မျှ မဖော်ပြဘဲ

ရှေ့သို့ စိုက်ကြည့်ကာ အေးစက်စွာဖြင့်...

"တစ်ခုခု သက်သေကျန်ခဲ့တာမျိုး မရှိဘူးဆိုတာ သေချာရဲ့လား.."

"လုံးဝ မရှိပါဘူးခင်ဗျာ"

အိမ်တော်ထိန်းလီက ဦးညွှတ်ကာ ပြန်လည်ဖြေကြားလိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် သူ၏

အမူအရာများမှာ အနည်းငယ် တောင့်တင်းနေပြီး မျက်လုံးများထဲ၌လည်း

ဟာလာဟင်းလင်းဖြစ်ကာ အသက်မဲ့နေသည့် အရိပ်အယောင်များ စွန်းထင်နေလေသည်။

"အင်း.."

ဂူချန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြပြီးနောက် ညာဘက်လက်ဝါးကို ဖြန့်လိုက်ရာ ထူးဆန်းသော သွေးရောင်မျက်ဝန်းတစ်လုံး ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုတော့သည်။

ဂူချန်သည် ထိုမျက်စိကို အိမ်တော်ထိန်းလီထံသို့ ချိန်ရွယ်လိုက်၏။ နီရဲသော မျက်ဝန်းနှင့် အိမ်တော်ထိန်းလီ၏ မျက်လုံးများ တစ်စက္ကန့်ခန့် ဆုံသွားပြီးနောက်တွင်မှ သေမင်း၏ ပြောင်းလဲခြင်းမျက်ဝန်းကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။

မကြာမီပင် အိမ်တော်ထိန်းလီ၏ မျက်လုံးများမှာ

ပြန်လည်ကြည်လင်လာပြီး အမူအရာနှင့် လှုပ်ရှားမှုများမှာလည်း ပုံမှန်အတိုင်း ချောမွေ့သွားသော်လည်း

နဂိုအတိုင်း ပြန်ဖြစ်ရန် အချိန်အနည်းငယ်တော့ လိုအပ်နေသေး၏။

ဂူချန်က သူ့ကို တစ်ချက်ကြည့်ကာ အခန်းဆီသို့

ဖြည်းညှင်းစွာ လျှောက်လှမ်းသွားတော့သည်။

အိမ်တော်ထိန်းလီသည် ဂူမိသားစုထံတွင် ဆယ်စုနှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည့် ယုံကြည်ရသူတစ်ဦး ဖြစ်သော်ငြားလည်း ဂူချန်၏ အတွေးအခေါ်အရ

အသိစိတ်မရှိသော အသေခံစစ်သည်များသာ ရာနှုန်းပြည့် သစ္စာစောင့်သိနိုင်မည်ဟု ယူဆထားပေသည်။

အမှားအယွင်းမရှိစေရန်အတွက် သူသည် သေမင်းလက်ဝါး၏ နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သော သေမင်း၏ ပြောင်းလဲခြင်းမျက်ဝန်းကို အိမ်တော်ထိန်းလီအပေါ် အသုံးပြုရန် ဝန်မလေးခဲ့ပေ။

လုံးဝ သတိမထားမိသော အိမ်တော်ထိန်းလီမှာ

အလွယ်တကူပင် ထိန်းချုပ်ခြင်း ခံလိုက်ရတော့သည်။

"ဒီသေမင်း၏ ပြောင်းလဲခြင်းမျက်ဝန်းရဲ့ စွမ်းရည်က တကယ်ကို ထူးဆန်းတာပဲ။ ငါ့ရဲ့ စိတ်စွမ်းအားက အားကောင်းနေပြီး

ရုတ်တရက် တိုက်ခိုက်တာမျိုး ဖြစ်ပေမဲ့ ဗာဂျရာအဆင့် နဲ့ နိဗ္ဗာနအဆင့် သိုင်းပညာရှင်တစ်ယောက်ကို

ထိန်းချုပ်နိုင်တာကတော့ ကောင်းကင်ကို ဆန့်ကျင်တဲ့ စွမ်းအားမျိုးပဲ..."

ဂူချန်သည် အခန်းထဲသို့ ပြန်ရောက်သောအခါ

စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။

စနစ်မှ ပေးအပ်သော ပစ္စည်းများမှာ

အမြဲတမ်း အရည်အသွေး မြင့်မားလှပေသည်။

သို့သော်လည်း သူ၏ ပါရမီမှာ အမှတ်များကို

အကြိမ်ကြိမ် ပေါင်းထည့်ခြင်းဖြင့် ရရှိလာခြင်း ဖြစ်၏။

ထိုသို့သော ခက်ခဲပင်ပန်းသည့် လုပ်ငန်းစဉ်များကို

ဖြတ်ကျော်ခဲ့ရသည်ဖြစ်ရာ အနည်းငယ် ပိုမိုသန်မာနေခြင်းမှာ အပြစ်ဆိုဖွယ် မရှိချေ။

ဂူချန်သည် မျက်လုံးများကို မှိတ်ကာ

ယနေ့ ဆုန့်ကျန်း ပြောခဲ့သည့် စကားများကို ပြန်လည်အမှတ်ရလိုက်ရာ ရင်ထဲ၌ သတ်ဖြတ်လိုစိတ်များ

တဖွားဖွား‌ပေါ်လာတော့သည်။

‘လျိုလုံတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးက

နတ်ဘုရားတက်လှမ်းခြင်းအဆင့်မှာ ရှိနေတော့ လောလောဆယ်‌တော့

ငါသူနဲ့ယှဉ်နိုင်ဦးမှာ

မဟုတ်သေးဘူး..’

‘ဒါပေမဲ့ လျိုလုံတက္ကသိုလ်ဘက်ကလည်း ငါတို့ ဂူမိသားစုကို ဘာအသာစီးမှ မရလိုက်ဘဲ နိဗ္ဗာနအဆင့် သိုင်းပညာရှင် ကိုးယောက်တောင် ဆုံးရှုံးသွားရတာဆိုတော့...

သူတို့လည်း အတော်လေး အလုပ်ရှုပ်‌နေကြမှာ အသေအချာပဲ..’

'ငါ နိုင်ငံတော်အဆင့် သိုင်းပညာစာမေးပွဲအတွက်

ကောင်းကောင်း ပြင်ဆင်ထားဖို့ လိုတယ်။ စာမေးပွဲဖြေနေချိန်

စေတနာတန်ဖိုးများများရှာပြီး အဆင့်ထပ်မြှင့်ရမယ်..’

‘သိုင်းပညာစာမေးပွဲ ပြီးသွားရင်

အခြေအနေတွေ ငြိမ်သက်သွားတဲ့အချိန်က လျိုလုံတက္ကသိုလ်ရဲ့

နာရေးနေ့ ဖြစ်လာစေရမယ်..’

ထိုစဉ် ဂူချန်၏ စိတ်ထဲ၌ သာယာနာပျော်ဖွယ်ကောင်းသော

အသိပေးသံတစ်ခု ရုတ်တရက် မြည်ဟည်းလာ၏။

[ဒင်]

[ဂုဏ်ယူပါတယ် ပိုင်ရှင်၊ သင်၏ ကမ္မအဆင့်

တိုးမြင့်သွားပါပြီ]

[လက်ရှိ ကမ္မအဆင့် - အနိမ့်စား အထက်တန်းဘဝ]

[သင့်အတွက် ကမ္မလက်ဆောင်ထုပ်ကို

ကျပန်း ရွေးချယ်ပေးနေပါသည်…]

[ဂုဏ်ယူပါသည်၊ သင်သည် အခြားသောနယ်ပယ်မှ ရတနာပစ္စည်းဖြစ်သည့် ကောင်းကင်နှင့်မြေပြင် စစ်တုရင်ခုံကို ရရှိခဲ့ပါသည်]

[(အဆင့်မသိရှိရ) ကောင်းကင်နှင့်မြေပြင်

စစ်တုရင်ခုံ - ဟင်းလင်းပြင်အမျိုးအစား ပစ္စည်းတစ်ခု ဖြစ်သည်။ အသုံးပြုသူသည် စစ်တုရင်ကို

လက်ဝယ်ကိုင်ဆောင်ထားပြီး အပြင်လောက၏ နယ်ပယ်တစ်ခုကို

ကစားပွဲအတွင်းသို့ ထည့်သွင်းနိုင်သည်။ ၎င်းအတွင်း၌ အသုံးပြုသူသည် စိတ်စွမ်းအားကို အသုံးပြု၍

အမည်းရောင်နှင့် အဖြူရောင် နယ်ရုပ်များကို ချထားနိုင်၏။ အမည်းရောင်နယ်ရုပ်များသည် ကောင်းကင်ကို

ပိတ်ဆို့ကာ မြေပြင်ကို ချုပ်နှောင်နိုင်ပြီး အဖြူရောင်နယ်ရုပ်များမှာမူ တုနှိုင်းမဲ့

သတ်ဖြတ်နိုင်စွမ်း ရှိပေသည်]

[သုံးသပ်ချက် - လောကကြီးသည် စစ်တုရင်ခုံဖြစ်ပြီး သက်ရှိအပေါင်းမှာ နယ်ရုပ်များသာ ဖြစ်သည်]

ဝေဝါးသော အလင်းမျက်နှာပြင် ပေါ်ထွက်လာသည်နှင့်အတူ

ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော လက်ရာမြောက်လှသည့် အဖြူအမည်း စစ်တုရင်ခုံတစ်ခုမှာ ဂူချန်၏ လက်ထဲသို့ ချက်ချင်း ကျရောက်လာလေသည်။

သူ စစ်တုရင်ခုံကို ကိုင်လိုက်သည်နှင့် နူးညံ့ပြီး ကျောက်စိမ်းကဲ့သို့ နွေးထွေးသည့် ခံစားချက်ကို ရရှိလိုက်၏။

'အခြားလောက က ရတနာပစ္စည်းလား..'

ဂူချန်၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ

ဖြတ်ပြေးသွားသည်။ သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် လက်ချောင်းနှစ်ချောင်းဖြင့်

လေထုကို ညှပ်လိုက်ရာ အမည်းရောင် နယ်ရုပ်တစ်ခုမှာ လက်ကြား၌ ပေါ်ထွက်လာလေသည်။

သူက ထိုနယ်ရုပ်ကို ပေါ့ပေါ့ပါးပါးပင် ချလိုက်ရာ ရေစက်တစ်စက် ကျသံကဲ့သို့ ကြည်လင်သော အသံမှာ လောကအနှံ့ ပဲ့တင်ထပ်သွားပြီး

မမြင်နိုင်သော လှိုင်းတစ်ခုမှာ ဟင်းလင်းပြင်တစ်ခွင်သို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။

ဂူချန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ကာ

ခပ်တိုးတိုး အမိန့်ပေးလိုက်၏။

"ဟေးယီ၊ မင်းရဲ့

စွမ်းအားအားလုံးကို သုံးပြီး ဒီခြံဝင်းထဲကနေ ထွက်သွားကြည့်စမ်း.."

သူ၏ စကားဆုံးသည်နှင့် အမည်းရောင် အလင်းတန်းတစ်ခုမှာ ခြံဝင်းအပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ ၎င်း၏ အရှိန်မှာ

အလွန်မြန်ဆန်လှသဖြင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး လေထုပင် ပုံပျက်သွားရလေသည်။

သို့သော်လည်း ထိုအမည်းရောင် အလင်းတန်းမှာ ခြံဝင်း၏ အစွန်းသို့ ရောက်ရှိသွားချိန်တွင်မူ—

ဒုန်း....

မမြင်နိုင်သော လှိုင်းတစ်ခုမှာ ဟင်းလင်းပြင်ထဲ၌

ရုတ်တရက် ထွက်ပေါ်လာပြီး ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်လိုက်ရာ

နောက်တစ်စက္ကန့်တွင် ဟေးယီ၏ ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်ဘဲ နောက်သို့ လွင့်စင်လာတော့သည်။

မီတာပေါင်းများစွာ လွင့်ထွက်သွားပြီးနောက် ဟေးယီသည် ဟန်ချက်ကို လျင်မြန်စွာ ပြန်လည်ထိန်းညှိကာ အပြင်ဘက်သို့ ထပ်မံတိုးဝင်သော်လည်း

နောက်တစ်ကြိမ် ထပ်မံ၍ လွင့်စင်လာရပြန်သည်။

မည်သည့်ထောင့်မှပင် ဖြစ်စေ၊ မည်မျှပင်

အားစိုက်ထုတ်ပါစေ သူသည် လွတ်မြောက်နိုင်ခြင်း မရှိပေ။ သူသည် တယ်လီပို့စနစ်အတွက် အသုံးပြုသော

တိုကင်ကိုပင် ချေဖျက်ကြည့်သော်လည်း ထွက်ပြေးနိုင်ခြင်း မရှိခဲ့ချေ။

"တော်ပြီ၊ ပြန်လာခဲ့တော့.."

ထိုအချိန်တွင် ဂူချန်သည် စစ်တုရင်ကို အမြန်ပြန်သိမ်းလိုက်၏။ သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားပြီး ပင်ပန်းနွမ်းနယ်နေသည့်

အရိပ်အယောင်များ ပေါ်ပေါက်လာလေသည်။

သို့သော်လည်း သူ၏ မျက်လုံးများမှာမူ တောက်ပလျက်ပင် ရှိနေသေး၏။

လက်ထဲရှိ အဖြူအမည်း စစ်တုရင်ကို ကြည့်ရင်း ဂူချန်မှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။

အသက်ရှူချိန် အနည်းငယ်မျှသာ အသုံးပြုခဲ့ရသော်လည်း

သူ၏ စိတ်စွမ်းအား အများစု ကုန်ဆုံးသွားခဲ့ရသဖြင့် ၎င်း၏ အာနိသင်မှာ အံ့မခန်းလှပေသည်။

၎င်းသည် ကောင်းကင်နှင့် မြေပြင်ဟင်းလင်းပြင်ကို ပိတ်ဆို့နိုင်ရုံသာမက နည်းစနစ်များကိုပင် အသုံးပြုခွင့် တားမြစ်နိုင်ပြီး တယ်လီပို့စနစ်ကိုပင်

အသုံးမပြုနိုင်အောင် ပြုလုပ်နိုင်ပေသည်။

"သိုင်းပညာစာမေးပွဲရဲ့ လျှို့ဝှက်နယ်မြေထဲမှာ ဖြေဆိုသူတွေက သူတို့ရဲ့ လက်ပတ်မှာပါတဲ့ တယ်လီပို့စနစ်ကို သုံးပြီး အလွယ်တကူ ထွက်ပြေးသွားမှာကို ငါ စိုးရိမ်နေခဲ့တာ။ အခုတော့ ဒီစစ်တုရင် ရှိနေပြီဆိုတော့

အားလုံး အဆင်ပြေသွားပြီ"

ဂူချန်သည် စစ်တုရင်ခုံကို ပြန်လည်သိမ်းဆည်းလိုက်ပြီး

ကျေနပ်အားရသော အမူအရာကို ဖော်ပြလိုက်သည်။

သိုင်းပညာစာမေးပွဲသည် မဟာမိတ်အဖွဲ့၏ အဆင့်မြင့်ဆုံး ပွဲတော်တစ်ခု ဖြစ်ပေသည်။ နှစ်စဉ် ကျင်းပသည့် နေရာနှင့် စည်းမျဉ်းများ

ပြောင်းလဲလေ့ရှိသော်လည်း ဖြေဆိုသူများမှာ တယ်လီပို့စနစ်မှတစ်ဆင့် ရွေးချယ်ထားသော လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရမြဲ ဖြစ်၏။

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သည့် သိုင်းပညာရှင်တိုင်းသည် တယ်လီပို့စနစ် ထည့်သွင်းထားသော လက်ပတ်တစ်ခုကို ရရှိကြပြီး ၎င်းကို

အသုံးပြု၍ အချိန်မရွေး ပြန်လည်ထွက်ခွာနိုင်ပေသည်။

ပုံမှန်အခြေအနေအရဆိုလျှင် သူတို့

မရိပ်မိခင်မှာပင် ချက်ချင်း သတ်ဖြတ်ရမည်ဖြစ်ရာ ကျရှုံးနိုင်ခြေမှာ အလွန်မြင့်မားလှသည်။

သို့သော် ယခုအခါ ကောင်းကင်နှင့်မြေပြင် စစ်တုရင်ခုံ ရှိနေပြီဖြစ်ရာ ပြိုင်ဘက်မှာ ထွက်ပြေးချင်လျှင်ပင် လွတ်မြောက်နိုင်တော့မည်

မဟုတ်ပေ။

လျှို့ဝှက်နယ်မြေအတွင်း၌ ရတနာလက်နက်များနှင့် အဆင့်မြင့်ပစ္စည်းများကို အသုံးပြုခွင့် တားမြစ်ထားသော်လည်း အခြားသောလောကမှ ပစ္စည်းများမှာမူ အဆင့်သတ်မှတ်ချက် မရှိသဖြင့် စစ်ဆေးတွေ့ရှိနိုင်မည်

မဟုတ်ချေ။

ယခုတစ်ကြိမ် ကမ္မအဆင့် တိုးမြင့်လာခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများမှာ တကယ်ပင် ကြီးမားလှပေသည်။

ထိုသို့ တွေးမိရင်း ဂူချန်မှာ မျှော်လင့်ချက်များဖြင့်

ပြည့်နှက်လာတော့သည်။

ပြီးခဲ့သည့်အကြိမ်က SS အဆင့် သိုင်းပါရမီကို ပေးအပ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ ကောင်းကင်ကို ဆန့်ကျင်သော ဟင်းလင်းပြင်အမျိုးအစား

ပစ္စည်းကို ရရှိခဲ့သည်။

နောက်တစ်ကြိမ်တွင်မူ ပိုမိုစွမ်းအားကြီးမားသည့် အရာများကို ပေးအပ်လေမည်လော။

သို့သော်လည်း ကမ္မအဆင့်ကို တိုးမြှင့်ရန်အတွက် သူ၏ ကျော်ကြားမှုကို မြှင့်တင်ရန်နှင့် သတ်မှတ်ထားသော စေတနာအမှတ်များကို စုဆောင်းရန်

လိုအပ်ပုံရပေသည်။

' ဟီးဟီးဟီးးး..ဒီကမ္ဘာကြီး ငြိမ်းချမ်းစေဖို့ ငါအများကြီး ကြိုးစားရအုံးမှာပါလား.. '

ဂူချန်သည် မီးလျှံဂိုဏ်း၏ သံတမန်

ပေးပို့လိုက်သော မြင့်မြတ်သောမီးလျှံ နှလုံးသားကျမ်းကို ထုတ်ယူကာ ရှေ့တွင် ချထားလိုက်သည်။

နိဗ္ဗာနအဆင့်သို့ တက်လှမ်းရန်အတွက် နိဗ္ဗာန်တစ်ဖန်ပြန်လည်မွေးဖွားခြင်းကို ဖြတ်ကျော်ရမည်ဖြစ်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ရမည် ဖြစ်၏။ ထိုအချိန်တွင် တစ်ကိုယ်လုံးရှိ

စစ်မှန်သောချီနှင့် အသားမျှင်များမှာ ထိန်းချုပ်မရနိုင်သော ကြီးထွားမှုနှင့် ပြောင်းလဲမှုများကို ကြုံတွေ့ရပေလိမ့်မည်။

ထိုအခါမျိုးတွင် အသားမျှင်များနှင့်

စစ်မှန်သောချီကို ထိန်းချုပ်ရန်နှင့် အသင့်တော်ဆုံး လမ်းကြောင်းသို့ လမ်းညွှန်ပေးရန်အတွက်

နှလုံးသားကျင့်စဉ်တစ်ခု လိုအပ်ပေသည်။

အကယ်၍ ကျရှုံးသွားပါက မူလချီစွမ်းအားများမှာ များစွာ ထိခိုက်ပျက်စီးသွားမည်ဖြစ်ပြီး ဆိုးရွားပါက ခန္ဓာကိုယ်ပင် ပျက်စီးသွားကာ ဗာဂျရာအဆင့်၏ အထွတ်အထိပ်သို့ မည်သည့်အခါမျှ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် နိဗ္ဗာနအဆင့်သို့ တက်လှမ်းရန် ဆုံးဖြတ်ထားသော သိုင်းပညာရှင်များသည် မိမိနှင့်

သင့်တော်သော နှလုံးသားကျင့်စဉ်ကို အထွတ်အထိပ်သို့

ရောက်အောင် ကျင့်ကြံပြီးမှသာ တက်လှမ်းရန် ကြိုးစားလေ့ရှိကြသည်။

ဂူချန်သည် သူ၏ ကျင့်ကြံခြင်း အရှိန်ကို ကောင်းစွာ နားလည်ထားပေသည်။ အဆင့်တစ်ခုခုတွင် ပိတ်မိနေခြင်းမျိုး

မဖြစ်စေရန်အတွက် သူသည် နှလုံးသားကျင့်စဉ်တစ်ခုကို

ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။

သို့သော် ယခုအခါ ဤမြင့်မြတ်သောမီးလျှံ နှလုံးကျမ်းစာကို မြင်လိုက်ရသောအခါ သူ၏ အတွေးများမှာ တစ်ဖန် ပြောင်းလဲသွားပြန်သည်။

ဤကျင့်စဉ်မှာ အလွန်ပင် ယုတ်မာကောက်ကျစ်လှသော်လည်း

၎င်း၏ အာနိသင်မှာမူ အလွန်ကောင်းမွန်လှပြီး သွေးလွတ်မြောက်ခြင်းနှင့် ကောင်းကင်မိစ္ဆာခန္ဓာကိုယ်ခွဲဖြာခြင်းကဲ့သို့သော

ဆန်းကျယ်သည့် နည်းလမ်းများစွာ ပါဝင်နေပေသည်။

သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှု

အပြည့်ရှိပေသည်။

"ငါ ဂူချန် ဒီနေ့လို အခြေအနေမျိုးကို

ရောက်လာတာက ငါ့ရဲ့ ပါရမီ..ငါ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ပဲ .."

ဂူချန်သည် မြင့်မြတ်သောမီးလျှံ

စိတ်နှလုံးကျမ်းကို လှန်လိုက်ပြီး စိတ်ထဲမှလည်း အော်ဟစ်လိုက်၏။

"စနစ်... အမှတ်တွေ ပေါင်းထည့်စမ်း.."

All Chapters