အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
Chapter 105+106
~
အခန်း ၁၀၅+၁၀၆ : မြင့်မြတ်သောမီးလျှံ
နှလုံးသားကျမ်း ပြီးပြည့်စုံသည့်အဆင့်နှင့် ဒုတိယမြောက်နှလုံးသား
~
[ဒင်]
[လက်ရှိ စေတနာအမှတ်များ - ၁၉၅၀]
[S အဆင့် စိတ်နှလုံးကျင့်စဉ် မြင့်မြတ်သောမီးလျှံ နှလုံးသားကျမ်း ကို ရှာဖွေတွေ့ရှိပါသည်။ ပိုင်ရှင် ကျင့်ကြံရန်အတွက် ပြင်ဆင်နေပါသည်…]
[ဤနှလုံးသားကျမ်းကို ဖွင့်လိုက်သည်နှင့် ဝိညာဉ်ကို ထိုးဖောက်မည့် ဆိုးယုတ်သော အငွေ့အသက်များက သင့်ထံသို့ တိုးဝင်လာလေသည်။ ၎င်းမှာ အချိုးအစားပြေပြစ်လှပသော မိစ္ဆာမတစ်ဦးက အဝတ်အစား ဗလာဖြင့်
သင့်ပေါင်ပေါ်တွင် ထိုင်နေသကဲ့သို့ ဖြစ်ပြီး လှုပ်ရှားမှုတိုင်းက သင့်စိတ်ကို မြှူဆွယ်ဖြားယောင်းနေ၏။]
[သင့်ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော
ယန်ချီများမှာ အဆက်မပြတ် လှုပ်ခတ်လာကာ တစ်ကိုယ်လုံး ပူလောင်လာသည်ကို ခံစားရပေမည်။ ရှေ့မှ
မိစ္ဆာမနှင့် ကာမစပ်ယှက်ခြင်း မပြုပါက ထိုစွမ်းအင်များမှာ ခန္ဓာကိုယ်ပြင်ပသို့ လွင့်စင်ပျောက်ကွယ်သွားတော့မည့်အလား ထင်မှတ်ရပေသည်။]
[ထို့ကြောင့် သင်သည် ဆက်လက်သည်းမခံတော့ရန်
ဆုံးဖြတ်လိုက်၏။ ရှေ့သို့တိုးကာ ထိုမိစ္ဆာမကို ကန်ချလိုက်ပြီးနောက် အောက်တွင်ဖိ၍ အချီပေါင်း
သုံးရာခန့် ပြင်းပြင်းထန်ထန် တိုက်လေတော့သည်။ စိတ်ဝိညာဥ်အကာအကွယ် စွမ်းရည်ကို
အသုံးပြုကာ သူမအား ရက်ရက်စက်စက် နှိမ်နင်းလိုက်ရာ သူမသည် သင့်စိတ်ကိုဖြစ်စေ၊ ခန္ဓာကိုယ်အတွင်းရှိ
စစ်မှန်သောချီကိုဖြစ်စေ မည်သို့မျှ မနှောင့်ယှက်နိုင်တော့ချေ။】
[သင်သည် ဆိုးယုတ်သော အငွေ့အသက်များ၏
ကျူးကျော်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီး ၎င်းတို့ကို သင့်စိတ်ကြိုက် ပုံသွင်းနိုင်ခဲ့ပြီ
ဖြစ်သည်။ ကျင့်ကြံခြင်းအရှိန်မှာ ငါးဆယ်ရာခိုင်နှုန်း မြင့်တက်သွားခဲ့လေပြီ။]
"..."
ဂူချန်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားကာ ဆွံ့အသွား၏ ။ ဤသို့ အဆင့်တက်ရသည်က ထူးဆန်းလှချေသည် ။
သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ အကျိုးကျေးဇူး
ရရှိနေသရွေ့ မည်သည့်နည်းလမ်းဖြင့် ရရှိသည်ဆိုသည်မှာ အရေးမကြီးလှပေ။
SSS အဆင့် ပါရမီဖြစ်သော မျက်ဝန်းနှစ်ထပ် မှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။ စိတ်ဝိညာဥ်အကာအကွယ် ဟူသော နတ်ဘုရားစွမ်းရည် တစ်ခုတည်း၏ အကျိုးသက်ရောက်မှုကပင် ကောင်းကင်ကို
ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်နေပြီး ဆိုးယုတ်သော အငွေ့အသက်များကို ခုခံနိုင်ရုံသာမက
ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် ရှိနေ၏။
SSS အဆင့် သိုင်းပါရမီရှင်များကို
သိုင်းလောကသားတို့က ဤမျှ အလေးထားကြသည်မှာ မဆန်းတော့ချေ။ ထိုပါရမီ တစ်ခုချင်းစီမှာ
အမှန်တကယ်ပင် ကောင်းကင်ကို ဆန့်ကျင်နိုင်သော နတ်ဘုရားစွမ်းရည်များ ဖြစ်ကြပေသည်။
"ချီးပဲ... နောင်တစ်ချိန်မှာ
တခြား SSS အဆင့် သိုင်းပါရမီရှင်တွေနဲ့ တွေ့ရင် နည်းနည်းတော့ တိုက်ရတာ လက်ပေါက်ကပ်လောက်တယ်.."
ဂူချန်သည် မိမိဘာသာ ရေရွတ်လိုက်သော်လည်း
ထိုစိုးရိမ်မှုကို ချက်ချင်းပင် ဘေးဖယ်လိုက်လေသည်။
ထို SSS အဆင့် သိုင်းပါရမီရှင်များအနေဖြင့် သူ၏ ကျင့်ကြံခြင်းအရှိန်ကို မှီ၊ မမှီ ဆိုသည်မှာ ထားဦး၊ သူ၏ ကမ္မအဆင့်မှ ရရှိမည့် ဆုလာဘ်များကပင်
သူ၏ အနာဂတ် SSS အဆင့် ပါရမီများကို မရေမတွက်နိုင်အောင် ဖြစ်စေမည်မှာ သေချာလှပေသည်။
ထို့ပြင် စနစ်မှာလည်း တစ်ဝက်တစ်ပျက်
ဖွံ့ဖြိုးမှု အဆင့်တွင်သာ ရှိနေသေးရာ နောင်တွင် မည်မျှအထိ ကောင်းကင်ကို ဆန့်ကျင်မည့်
လုပ်ဆောင်ချက်များ ပေါ်ထွက်လာဦးမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
ကောင်းကင်ဘုံသားတော်များလော ။
ထိုသူတို့မှာ သူ၏ အမြီးကိုပင် မှီအောင် လိုက်နိုင်ကြမည် မဟုတ်ပေ။
"လူသားတွေမှာ ကန့်သတ်ချက်တွေ
ရှိတယ်..."
ဂူချန်သည် တိုးတိုးလေး ရေရွတ်ရင်း
လျင်မြန်စွာ ပြောင်းလဲနေသော စနစ်မျက်နှာပြင်ဆီသို့ အကြည့်ကို ပြန်လည်ပို့ဆောင်လိုက်သည်။
သို့သော်လည်း...
[စေတနာအမှတ် ၂၀၀ ကို အသုံးပြု၍ သင်သည်
နှလုံးသားကျမ်း၏ အခြေခံ နည်းစနစ်များနှင့် လုပ်ဆောင်ချက်များကို ကျွမ်းကျင်စွာ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ ၎င်း၏ အကြောင်းအရာများကို သင် ရင်းနှီးကျွမ်းဝင်မှုမှာ သူတစ်ပါးကို နှိပ်စက်ညှဉ်းပန်းသည့် နည်းလမ်းများကဲ့သို့ပင် အသေးစိတ်လှပေသည်။]
[ဆန်းကြယ်သော မီးတောက်များအပေါ် သင်၏ နားလည်မှုမှာ သိသိသာသာ မြင့်တက်လာပြီး မရေမတွက်နိုင်သော မီးတောက်အမျိုးအစားများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ရင်းနှီးသွားလေပြီ…]
[သင်သည် မိမိ၏ ရုပ်ပိုင်းဆိုင်ရာ
ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့် အက်တမ်များကို စတင် ဆက်သွယ်လာနိုင်ပြီ ဖြစ်သည်။ ထူးခြားဆန်းပြားသော စိတ်ကူးစိတ်သန်းများမှာ သင့်စိတ်ထဲတွင် ရံဖန်ရံခါ ပေါ်လာပြီး ခန္ဓာကိုယ် ဂျီဩမေတြီ သီအိုရီတစ်ခုကို တည်ဆောက်နိုင်ခဲ့လေသည်။]
[သင်၏ မြင့်မြတ်သောမီးလျှံ
နှလုံးသားကျမ်းမှာ အခြေခံအဆင့်သို့ ရောက်ရှိသွားပြီ
ဖြစ်သည်။]
[စေတနာအမှတ် ၆၀၀ ကို အသုံးပြု၍ သင်သည်
ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည်၊ သွေးပင်လယ်
လွတ်မြောက်ခြင်းတာအိုလမ်းစဉ်၊ သွေးဆာနေသော မိစ္ဆာ... စသည်တို့ကို တတ်မြောက်သွားပြီ
ဖြစ်သည်။]
[အဆုံးမဲ့သော အချိန်ကာလများကို ဖြတ်ကျော်ကာ ဤနှလုံးသားကျမ်းကို ရေးသားသူအား ဖမ်းဆီး၍ သူ၏ ဦးခေါင်းကို
ရိုက်ခွဲကာ အသိပညာများကို အတင်းအဓမ္မ ဆွဲထုတ်ယူပြီး မိမိကိုယ်ထဲသို့ ထည့်သွင်းလိုက်သကဲ့သို့ပင်
ဖြစ်တော့သည်။]
[တစ္ဆေများ၏ ငိုကြွေးသံနှင့် ဝံပုလွေများ၏
အူသံများနှင့်အတူ မိစ္ဆာအတွေးတစ်ခုကို သင့်နှလုံးသားထဲတွင် တည်ဆောက်လိုက်လေသည်။ သို့သော်လည်း
ထိုအရာများက သင့်ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ဘဲ သင်၏ မိစ္ဆာအတွေးအတွက် မြေဩဇာများသာ
ဖြစ်သွားကြ၏။]
[သင်၏ မြင့်မြတ်သောမီးလျှံ
နှလုံးသားကျမ်းမှာ အဓိကအောင်မြင်မှုသို့ ရောက်ရှိသွားပြီ
ဖြစ်သည်။]
[စေတနာအမှတ် ၁၅၀၀ ကို အသုံးပြု၍
သင်သည် နှလုံးသားကျမ်း၏ စစ်မှန်သော အဓိပ္ပာယ်ကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။
မိစ္ဆာအတွေးများမှာ စတင် ကွဲပြားလာပြီး တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ သုံးခု၊ သုံးခုမှ
အတွေးပေါင်း တစ်သောင်းအထိ ဖြစ်လာကာ ထိုအတွေးပေါင်း တစ်သောင်းမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။]
[သင်သည် ထောင်ပေါင်းများစွာသော မိစ္ဆာအတွေးများကို
စုစည်းကာ နှလုံးသားတစ်ခုကို တည်ဆောက်လိုက်ပြီး မိစ္ဆာနှလုံးသားတစ်ခုကို အောင်မြင်စွာ
ပုံဖော်နိုင်ခဲ့ရာ ၎င်းမှာ သင့်အတွက် ဒုတိယမြောက် နှလုံးသား ဖြစ်လာခဲ့လေပြီ။]
[စေတနာအမှတ် ၁၆၈၀ ကို အသုံးပြုလိုက်ရာ
ဆိုးယုတ်သော အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသည့် အနက်ရောင် မြင့်မြတ်သော မီးတောက်တစ်ခုမှာ
သင့်ခန္ဓာကိုယ်အတွင်း၌ မွေးဖွားလာလေသည်။ ၎င်းသည် သင့်ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို
သန့်စင်ပေးနိုင်သလို စိတ်ကိုလည်း တိုက်စားနိုင်ကာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကိုလည်း
ဖြစ်ပေါ်စေနိုင်ပေသည်။]
[ဤကျင့်စဉ်ကို ဖန်တီးသူပင်လျှင်
မြင့်မြတ်သောမီးလျှံ နှလုံးသားကျမ်း
ကို အဓိကအောင်မြင်မှုအထိသာ ကျင့်ကြံနိုင်ခဲ့သော်လည်း သင်မူကား သူ့ကို အလွယ်တကူပင်
ကျော်ဖြတ်နိုင်ခဲ့လေပြီ။]
[သင်သည် မူလရေးသားသူထက်ပင် ပို၍
ကျွမ်းကျင်နေချေပြီ။]
[မြင့်မြတ်သောမီးလျှံ
နှလုံးသားကျမ်းမှာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီ
ဖြစ်သည်။]
[အမြဲတမ်း အကျိုးသက်ရောက်မှု ရရှိသည်
- မကောင်းမှုက ကောင်းမှူကို နိုင်ခြင်း]
[မကောင်းမှုက ကောင်းမှုကို နိုင်ခြင်း
- သင်အသုံးပြုသော မိစ္ဆာသိုင်းများနှင့် နည်းစနစ်များသည် တရားသောဘက်တော်သားများ၏ အတတ်ပညာများနှင့်
ထိပ်တိုက်တွေ့သောအခါ သင်၏ တိုက်ခိုက်နိုင်စွမ်းမှာ သုံးဆယ်ရာခိုင်နှုန်း မြင့်တက်လာမည်
ဖြစ်သည်။]
[ကျန်ရှိသော စေတနာအမှတ် - ၂၂၅]
ဒုတ်... ဒုတ်...
မြင့်မြတ်သောမီးလျှံ
စိတ်နှလုံးကျမ်း ပြည့်စုံသွားကြောင်း အသိပေးချက် ပေါ်လာသည်နှင့်
ဂူချန်သည် သူ၏ ညာဘက်ရင်အုံအတွင်း၌ တစ်ခုခု ပိုနေသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။
၎င်းမှာ ပြင်းပြင်းထန်ထန် ခုန်လှုပ်နေသော
အနက်ရောင် နှလုံးသားတစ်စုံပင် ဖြစ်၏။
ထိုအနက်ရောင် နှလုံးသား၏ ပတ်လည်တွင်
အနက်ရောင် မီးတောက်တစ်ခုမှာ ဖြည်းညှင်းစွာ လှည့်ပတ်နေပြီး ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှပေသည်။ တစ်ချိန်တည်းမှာပင်
ဂူချန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ အားကောင်းသော နတ်ဘုရားအလင်းတန်းတစ်ခု
ထွက်ပေါ်လာလေသည်။
သူသည် သူ၏ စိတ်နှလုံးစွမ်းအင်၊ အမြင်အာရုံနှင့် အခြားသော ရုပ်ပိုင်းဆိုင်ရာ အခြေအနေများအားလုံးမှာ
နှစ်ဆခန့် မြင့်တက်သွားသည်ကို ခံစားလိုက်ရ၏။
"ဒါက... ဒုတိယမြောက် နှလုံးသားရဲ့
အာနိသင်လား.."
ဂူချန်သည် အာရုံစိုက်လိုက်ပြီး ကောင်းကင်နှင့်မြေကြီး
စစ်တုရင်ခုံကို ထုတ်ယူကာ အနက်ရောင်နယ်ရုပ်တစ်ခုကို
ကိုင်၍ ချလိုက်လေသည်။
ဤတစ်ကြိမ်တွင်မူ သူ၏ စိတ်စွမ်းအင်
ကုန်ခမ်းသွားသည်ဟု မခံစားရမီအထိ အသက်ရှူအကြိမ် ဆယ်ကြိမ်ခန့်ကြာအောင် နယ်ရုပ်များကို
ချနိုင်ခဲ့ပေသည်။ နှစ်ဆမျှ တိုးတက်လာခြင်းပင် ဖြစ်၏။ အာရုံခံစားမှုနှင့် စိတ်နှလုံးဆိုင်ရာ စွမ်းရည်အားလုံးမှာ မူလထက် နှစ်ဆအထိ မြင့်တက်သွားခဲ့လေပြီ။
'မြင့်မြတ်သောမီးလျှံ
နှလုံးသားကျမ်းကို ဖန်တီးသူကိုယ်တိုင်တောင် ဘာလို့ ပြည့်စုံအောင်
မကျင့်နိုင်ခဲ့တာလဲဆိုတာ မဆန်းတော့ဘူးပဲ... ဒီစွမ်းအားက တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နေတာပဲ..'
ဂူချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း
သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို မနည်း ထိန်းချုပ်လိုက်ရလေသည်။
ဒုတိယမြောက် နှလုံးသားမှာ ရိုးရှင်းသော
အပေါ်ယံ အဆင့်မြှင့်တင်မှုမျိုး မဟုတ်ဘဲ အချို့သော အခြေအနေများတွင် အသက်ကယ်နိုင်သည့်
နတ်ဘုရားစွမ်းရည်ပင် ဖြစ်လာနိုင်ပေသည်။
ဤမိစ္ဆာနှလုံးသားမှာ ရုပ်ပိုင်းဆိုင်ရာ
နှလုံးသားနှင့် တူညီသည်မဟုတ်ဘဲ မိစ္ဆာအတွေးများဖြင့် ဖွဲ့စည်းထားကာ နှလုံးသား၏ လုပ်ဆောင်ချက်များကို
လုပ်ဆောင်နိုင်သည့် နှလုံးသားအတုမျှသာ ဖြစ်၏။
တစ်နည်းအားဖြင့်ဆိုသော် မိစ္ဆာအတွေးများ
လုံလောက်စွာ ရှိနေသရွေ့ မိစ္ဆာနှလုံးသားများကို အဆက်မပြတ် တည်ဆောက်နိုင်မည်
ဖြစ်သည်။ စိတ်ကူးယဉ်ဆန်ဆန် ပြောရလျှင် သေဆုံးနေစဉ်အတွင်း ပြန်လည်ရှင်သန်လာနိုင်သည့်
အကျိုးသက်ရောက်မှုကိုပင် ရရှိနိုင်ပေသည်။
"မဆိုးဘူးပဲ.."
ဂူချန်က တိုးတိုးလေး ချီးကျူးလိုက်သည်။
သူ၏ ဇွဲလုံ့လနှင့် ကြိုးစားမှုတို့၏
ရလဒ်က အမှန်ပင် အစွမ်းထက်လှ၏ ။
စနစ်မျက်နှာပြင်ပေါ်ရှိ အနက်ရောင်
မြင့်မြတ်သော မီးတောက်အကြောင်း ဖော်ပြချက်ကို တွေးတောရင်း သူ၏ လက်ချောင်းကို တောက်လိုက်ရာ
အပူရှိန်မရှိသော အနက်ရောင် မီးတောက်တစ်ခုမှာ သူ၏ လက်ဖဝါးပေါ်တွင် ချက်ချင်း ပေါ်လာလေသည်။
မီးတောက်များမှာ ဝဲလည်နေသော်လည်း
အရိုးထဲအထိ စိမ့်ဝင်သွားစေမည့် ဆိုးယုတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသဖြင့် လူကို
မသိမသာ တုန်ယင်သွားစေ၏။
ခဏမျှ ကြည့်ရှုပြီးနောက် ဂူချန်သည်
ထိုမီးတောက်ကို ဆုပ်ကိုင်ကာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်လေသည်။
ဤအရာမှာ နိဗ္ဗာနအဆင့်သို့ တက်လှမ်းသည့်အခါတွင်
ထူးခြားသော အကျိုးသက်ရောက်မှု ရှိနိုင်သော်လည်း အလွန်ပင် ယုတ်မာလွန်းလှပေသည်။ ၎င်းကို
အပြင်တွင် အချိန်ကြာမြင့်စွာ ထားရှိပါက သူ၏ အိမ်ကို ညစ်ညမ်းသွားစေမည်ကို သူ စိုးရိမ်မိ၏။
မြင့်မြတ်သော မီးလျှံဂိုဏ်း၏ သူတော်စင် ရွေးချယ်ပွဲတွင် သူက ဤမီးတောက်ကို ထုတ်ပြလိုက်ပါက ထိုနတ်ဘုရားတမန်များနှင့် အစောင့်အရှောက်များမှာ
မည်သို့သော မျက်နှာထားမျိုး ရှိကြမည်နည်း။
[ကျန်ရှိသော စေတနာအမှတ် - ၂၅၀]
"ဟူး..."
စနစ်မျက်နှာပြင်ပေါ်တွင် နှစ်ထောင်အထိ လျော့နည်းသွားသော စေတနာအမှတ်များကို ကြည့်ကာ ဂူချန်သည် သက်ပြင်းကို တိုးတိုးလေး ချလိုက်မိတော့သည်။
ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်မားလာသဖြင့် စေတနာအမှတ်များကို ပိုမိုရရှိလာသော်လည်း အသုံးပြုရမည့် နေရာများမှာလည်း
ပို၍ များပြားလာခဲ့လေပြီ။
သို့သော်လည်း သိုင်းပညာစာမေးပွဲမှာ နီးကပ်လာပြီ ဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် သတ်ဖြတ်ပွဲကြီး ဖြစ်လာပေလိမ့်မည်...
ဂူချန်သည် သူ၏ အော်ရာများကို ပြန်လည်ရုပ်သိမ်းကာ
တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် ဤနှလုံးသားသစ်ကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို
ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်အောင် စတင် လုပ်ဆောင်လေတော့သည်။
...
တစ်ချိန်တည်းမှာပင်။
မြေအောက်နက်ရှိုင်းသော နေရာတွင်
ဝှက်ထားသည့် အနက်ရောင် နန်းတော်တစ်ခုအတွင်း၌ မျက်နှာကို ဖုံးကွယ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံး
အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော လူရိပ်အချို့မှာ ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ကြလေသည်။
သူတို့သည် နန်းတော်၏ အလယ်ဗဟိုရှိ
အနက်ရောင် ရုပ်တုဆီသို့ လျင်မြန်စွာ ပြေးသွားကြတော့သည်။