← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

Chapter 107+108

~

အခန်း ၁၀၇+၁၀၈ : သွားပြီ..သွားပြီ.. ဂူချန်ရောက်လာပြီ..ငါတို့တော့ ဒုက္ခနဲ့လှလှတွေ့ပြီ

~

အရပ်ငါးမျက်နှာမှ အနက်ရောင်မြူခိုးတန်းငါးခုသည်

အရှိန်အဟုန်ဖြင့် တိုးဝင်လာကြပြီးနောက် ရုပ်တုကို ဝန်းရံထားသည့် အနီရင့်ရောင် ပုံဆောင်ခဲထိုင်ခုံငါးခုပေါ်တွင်

ဖြည်းညှင်းစွာ နေရာယူလိုက်ကြသည်။

ထိုအချိန်တွင် ရုပ်တု၏ မျက်လုံးအိမ်နှစ်ဖက်အတွင်းမှ

ထူထပ်လှသော မီးခိုးငွေ့များ အဆက်မပြတ် ထွက်ပေါ်လာနေ၏။

အဆိုပါ မီးခိုးငွေ့များသည် အစွယ်တငေါငေါ၊

လက်သည်းတဖြဖြနှင့် အပေါ်သို့ ပျံတက်နေသော နဂါးနက်ကြီးတစ်ကောင်အလား လျင်မြန်စွာ ပျံ့နှံ့သွားကာ

တစ်ပြင်လုံးကို မှောင်မိုက်တုန်လှုပ်ဖွယ်ရာ အတိဖြစ်သွားစေတော့သည်။

"ဂိုဏ်းအတွင်းမှာ ဘယ်လိုအပြောင်းအလဲတွေ

ဖြစ်ပျက်နေလို့ ရုပ်တုတော်က ဒီလောက်တောင် ပြင်းပြင်းထန်ထန် တုန်ခါနေရတာလဲ.."

'နံပါတ်တစ်' ဟု အမှတ်အသားပြုထားသော ထိုင်ခုံပေါ်ရှိ အနက်ရောင်မြူခိုးများကြားမှ အသံသြသြတစ်ခု

ထွက်ပေါ်လာခဲ့သည်။

"အရှင်သခင် ဟောကိန်းထုတ်ထားတဲ့

ကံကြမ္မာရှင်ကလေးငယ်များ မွေးဖွားလာတာလား.."

နံပါတ်နှစ်ထိုင်ခုံမှ အနက်ရောင်မြူခိုးက

ခန့်မှန်းလိုက်ရာ သူ၏အသံမှာ ခြင်္သေ့ဟောက်သံကဲ့သို့ ကြမ်းတမ်းလှပေသည်။

"ဘာ-ဘာ-ဘာတွေပဲ ဖြစ်-ဖြစ်၊

ငါ-ငါ-ငါတို့က နောက်-နောက်-နောက်ထပ် သူတော်စင်တစ်ပါး ကြွ-ကြွ-ကြွလာမှာကို စောင့်-စောင့်-စောင့်နေရုံပါပဲ၊

အဲဒါဆို လုံ-လုံ-လောက်ပါပြီ.."

နံပါတ်လေးထိုင်ခုံမှ အနက်ရောင်မြူခိုးသည်

မိန်းမလျာဆန်ဆန် အသံမျိုးဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောဆိုနေခြင်းပင်။

"ဟဲဟဲ... ငါ ခုနတင်ပဲ တွက်ချက်ကြည့်လိုက်သေးတယ်၊

ဒါပေမဲ့ ဘာသဲလွန်စမှ မရခဲ့ဘူး.."

နံပါတ်သုံးထိုင်ခုံရှိ အနက်ရောင်မြူခိုးက တိုးညှင်းစွာ

ဆိုလေသည်။

"ရွေးချယ်ခံရသူက တစ်နေ့တော့

ရောက်လာမှာပဲ။ အရှင်သခင်ရဲ့ ဟောကိန်းတွေက ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး။ ငါတို့ရဲ့ မြင့်မြတ်သောမီးလျှံဂိုဏ်းဟာ

တစ်နေ့မှာ ခမ်းနားထည်ဝါတဲ့ ခေတ်သစ်တစ်ခုကို မလွဲမသွေ ဦးဆောင်သွားနိုင်လိမ့်မယ်.."

နံပါတ်ငါး၏ အသံမှာ စိတ်လှုပ်ရှားတက်ကြွမှုများဖြင့် ဟိန်းထွက်လာ၏။

"ပြီးတော့ ငါက ကမ္ဘာသစ်ရဲ့

အရှင်သခင် ဖြစ်လာလိမ့်မယ်... အားဟားဟားဟားဟား၊ အားဟားဟားဟားဟား.."

ကျန်ရှိသော လေးဦးသည်လည်း ထိုစကားကို

ကြားသောအခါ မျက်လုံးများတွင် ရူးသွပ်မှုများ အရိပ်ထင်လာကာ လိုက်လံရယ်မောကြတော့သည်။

"ကျီးကျီးကျီး... ကျီးကျီးကျီး..."

ထိုရယ်သံများသည် မိစ္ဆာဆန်လှသလို

မောက်မာဝင့်ကြွားမှုများလည်း ပြည့်နှက်နေကာ နန်းတော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားချေပြီ။

...

နောက်တစ်နေ့တွင် ချင်းဟယ်မြို့အခြေစိုက်၊

ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်း။

ယနေ့သည် သိုင်းပညာစာမေးပွဲ မစတင်မီ နောက်ဆုံးရက် ဖြစ်ပေရာ စာမေးပွဲဖြေဆိုမည့်သူတစ်ဦးအနေဖြင့်

ဂူချန်သည် ကျောင်းသို့ မဖြစ်မနေ လာရောက်ရမည် ဖြစ်သည်။

ဝူး...

ဇိမ်ခံကားတစ်စီးသည် ကျောင်းဂိတ်ဝရှေ့သို့

ဆိုက်ရောက်လာခဲ့သည်။ ယာဉ်မောင်းက ကားတံခါးကို ဖွင့်ပေးလိုက်သည့် အခါမှသာ ဂူချန်သည်

ကားပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့လေသည်။

သူ မော့ကြည့်လိုက်သောအခါ ဆံပင်အဝါရောင်နှင့်

နောက်လိုက်တပည့် ဒါဇင်ပေါင်းများစွာသည် ထိုနေရာတွင် စုရုံးရောက်ရှိနေကြပြီး လမ်းကို

ကျယ်ကျယ်ဝန်းဝန်း ရှင်းလင်းပေးထားကြသည်ကို တွေ့လိုက်ရ၏။

ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ

ကျောင်းထဲသို့ မဝင်နိုင်အောင် တားဆီးခံထားရသဖြင့် အချို့က မကျေမနပ် ဖြစ်နေကြသော်လည်း

အချို့သော ကျောင်းသူလေးများမှာမူ မျှော်လင့်တကြီး ကြည့်နေကြပြီး ဂူချန်က သူတို့ဘက်

လှည့်ကြည့်လိုက်သည့်အခါ မသိမသာ ရှက်သွေးဖြန်းနေကြပြန်သည်။

ကျောင်းလုံခြုံရေးဝန်ထမ်းများမှာမူကား

တစ်လမှ လစာမည်မျှရ၍ ဤမျှများပြားသော လူအုပ်ကြီးကို တားဆီးရဲပါမည်နည်း။

" ချီးပဲ.. စိတ်ပျက်စရာကောင်းလိုက်တာ။

ဒီကောင်က သူ့ရဲ့ အာဏာနဲ့ စည်းစိမ်ကို အားကိုးပြီး ကျောင်းလာတာတောင် လမ်းရှင်းခိုင်းနေသေးတယ်။

လမ်းက သူ့အဖေပိုင်တယ်များ မှတ်နေလား မသိဘူး.."

ကျောင်းဂိတ်ဝတွင် လူအများ၏ အာရုံစိုက်မှုကို

ခံနေရသော ချောမောသည့် လူငယ်လေးကို ကြည့်ကာ တစ်စုံတစ်ယောက်က တိုးတိုးတိတ်တိတ် မကျေမနပ်

ရေရွတ်လိုက်မိသည်။

"တိုးတိုးပြောစမ်းပါ"

ဘေးနားရှိ သူငယ်ချင်းဖြစ်သူက ပုခုံးကို ပုတ်ကာ လူသိမများစေရန် သတိပေးလိုက်၏။

"ဟွန်း၊ ငါ ပြောမှာပဲ။ ရှောင်မေက

ဘာတွေ တွေးနေလဲ မသိဘူး၊ ငါ့ဖွင့်ပြောတာကြငြင်းပြီး ဒီလိုကောင်မျိုးရဲ့

ဖိနပ်ကို သွားလျက်နေရတယ်လို့.."

အငြင်းခံရခြင်းက ထိုကောင်လေးကို

ပို၍ ဒေါသထွက်စေကာ သူ၏အသံမှာလည်း မသိမသာ ကျယ်လောင်လာခဲ့သည်။

စရိုက်ဆိုးပြီး ရည်းစားဟောင်းတွေ

အများကြီးရှိတဲ့ ဂူချန်လို လူယုတ်မာမျိုးကို ရှောင်မေက ဘာကြောင့်များ ကြိုက်နေရသလဲဆိုသည်ကို

သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရ၏။

‘အရပ်က ၁.၈ မီတာရှိပြီး ရုပ်ချော၊

ဥစ္စာပေါ၊ ပါရမီရှိတဲ့အပြင် နောက်ခံအင်အားကလည်း တောင့်တင်းနေလို့လား၊ ချီးပဲ..’

ထိုကောင်လေးသည် အလွန် စိတ်မသက်မသာ

ဖြစ်နေသဖြင့် သူငယ်ချင်းဖြစ်သူကို ထပ်မံ ညည်းတွားရန် လှည့်ကြည့်လိုက်ရာ ထိုလူမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း

တွေ့လိုက်ရသည်။

ထို့ပြင် ခုနက ဆူညံပွက်လောရိုက်နေသော

ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ရုတ်တရက် တိတ်ဆိတ်သွားချေပြီ။

"ဘာတွေ ဖြစ်နေတာလဲ.."

တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း

ရိပ်မိသွားသော ကောင်လေးသည် ရှေ့သို့ အမြန်ကြည့်လိုက်ရာ ဆံပင်ဝါနှင့် အရပ်ရှည်ရှည် လူငယ်တစ်သိုက်မှာ

သူ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာနေကြပြီး ကျောင်းသားများမှာလည်း ငြိမ်သက်စွာ ရပ်ကြည့်နေကြသည်ကို

မြင်လိုက်ရ၏။

"မင်း-မင်းတို့ ဘာလုပ်မလို့လဲ.."

ကောင်လေးက ထိတ်လန့်တကြား မေးကာ နောက်သို့ အလန့်တကြား ဆုတ်ပြေးသော်လည်း အခြားသော

နောက်လိုက်တစ်စုနှင့် ထပ်မံ တိုက်မိသွားပြန်သည်။

"ငါတို့ ဘာလုပ်မလို့လဲ ဟုတ်လား.."

လီကျိရန်က သံတုတ်တစ်ချောင်းကို ကိုင်ကာ

ရက်စက်သော အပြုံးဖြင့် လျှောက်လာသည်။

သူ အနားသို့ ရောက်သည်နှင့် သံတုတ်သည်

လေထဲတွင် ဝေ့ယမ်းသွားကာ ကောင်လေး၏ ခြေထောက်ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ဒုတ်....

"အား..."

ကောင်လေးက

နာကျင်စွာ အော်ဟစ်လိုက်ပြီး ခြေထောက်များ မခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။

"မင်းက ငါ့ဘောစ့်အကြောင်း မကောင်းပြောရဲတဲ့ ကောင်လား.."

"မင်းက အဆင့်အတန်းဆိုတာကိုရော

နားလည်ရဲ့လား.."

လီကျိရန်က လက်ပြန်ရိုက်ချက်တစ်ခုဖြင့်

ကောင်လေးကို မြေပြင်ပေါ်သို့ လဲကျသွားစေပြီးနောက် လက်ဝေ့ယမ်းကာ အချက်ပေးလိုက်ရာ ဘေးနားရှိ

နောက်လိုက်တစ်သိုက်မှာ ဝိုင်းအုံလာကြပြီး ထိုကောင်လေးကို အတင်းအဓမ္မ ဝိုင်းဝန်းကန်ကျောက်ကြတော့သည်။

ရိုက်နှက်သံများနှင့် လေတိုးသံများမှာ

ဆူညံစွာ ထွက်ပေါ်လာပြီး မကြာမီမှာပင် ထိုကောင်လေးမှာ တစ်ကိုယ်လုံး ညိုမည်းစွဲကာ မျက်နှာတစ်ခုလုံးလည်း

သွေးချင်းချင်းနီသွားခဲ့ရ၏။

သူ၏ သနားစဖွယ် အခြေအနေကို ကြည့်ကာ

ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာပင် ဆက်မကြည့်ရဲကြတော့ပေ။

အလွန်အမင်း ရက်စက်လွန်းသလို မောက်မာလွန်းလှပေသည်။

ကျောင်းဂိတ်ဝတွင် ကျောင်းသားအချင်းချင်းကို

လူပုံအလယ်၌ ဤသို့ ဝိုင်းဝန်းနှိပ်စက်နေသည်ကို တားဆီးမည့်သူ တစ်ယောက်မျှ မရှိ။

အချို့သော စိတ်ပုံမှန်မဟုတ်သည့်

ကျောင်းသူလေးများမှာမူ ဤမြင်ကွင်းကို ကြည့်ကာ ဂူချန်သည် အလွန်ပင် ခန့်ညားထည်ဝါပြီး

ချောမောလှသည်ဟု တွေးတောကာ မျက်ဝန်းများတွင် အရည်လဲ့နေကြပြန်သည်။

[ပိုင်ရှင်သည် လူပုံအလယ်တွင် ရိုင်းစိုင်းစွာ

ပြောဆိုနေသော ကျောင်းသားတစ်ဦးအား သင်ခန်းစာပေးရန် ရည်မှန်းချက်ကြီးမားသူများကို စုစည်းကာ

လူမှုကျင့်ဝတ်နှင့် စည်းကမ်းကို ထိန်းသိမ်းခဲ့ကြောင်း စနစ်မှ တွေ့ရှိရပါသည်။ စေတနာအမှတ်များ

+၁၀၀]

'မျှော်လင့်မထားတဲ့ ဆုလာဘ်ပဲ..'

ဂူချန်က စိတ်ထဲမှ ပြုံးလိုက်ရင်း

ယာဉ်မောင်းဘက်သို့ လှည့်ကာ..

"ဒီကောင့်ရဲ့ မိသားစုတစ်ခုလုံး ကားအက်စီးဒင့်ဖြစ်အောင်

စီစဉ်လိုက်ပါ.."

"ကုန်တင်ကားကြီးကြီးကို သုံးဖို့

မမေ့နဲ့ဦး၊ အာမခံကြေးက ပိုများတယ်လေ.."

ထို့နောက် သူသည် လူအုပ်ကြားထဲမှ

အေးစက်စွာ ဖြတ်သန်းသွားကာ စာသင်ခန်းဆီသို့ လျှောက်လှမ်းသွားတော့သည်။

စကားတစ်ခွန်းတည်းဖြင့် လူအများအပြား၏

အသက်ကို သူ ဆုံးဖြတ်လိုက်ခြင်းပင်။

သူသည် စာသင်ခန်းထဲသို့ ရောက်သည်အထိ

လျှောက်လာခဲ့ရာ ရက်အနည်းငယ်ခန့် ကျောင်းပျက်ထားသဖြင့် သူ၏နောက်လိုက်များမှလွဲ၍ လမ်းတွင်တွေ့သမျှ

ကျောင်းသားများအားလုံးမှာ သူ့ကို ကြောက်ရွံ့ရိုသေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဆရာများပင်လျှင် သူ့ကို မြင်သောအခါ

မျက်နှာလွှဲကာ အမြန်ပင် ရှောင်ထွက်သွားကြရ၏။

ယခင်က ဂူချန်သည် ကြောက်မက်ဖွယ်ကောင်းသော

နောက်ခံအင်အားနှင့် သင့်တင့်သော အစွမ်းသာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ ပြည့်စုံသော

အခြေခံအုတ်မြစ်ရှိသည့်အပြင် ဗာဂျရာအဆင့်၏

အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ အော်ရာများကို ထိန်းချုပ်ထားလျှင်ပင် ဒုတိယနှင့်

တတိယအဆင့်ရှိသော ဆရာ၊ ကျောင်းသားများအတွက်မူ သူသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။

သူ ရပ်နေရုံမျှဖြင့်ပင် လူများကို

ဖော်ပြမရနိုင်သော တုန်တုန်ယင်ယင် ခံစားချက်မျိုး ပေးစွမ်းနိုင်လေသည်။

အရေးကြီးဆုံးအချက်မှာ သူတို့အားလုံး

အရိုက်ခံရမည်ကို ကြောက်နေကြခြင်း ဖြစ်၏။

သိုင်းပညာစာမေးပွဲ အစမ်းဖြေဆိုမှုအပြီးတွင်

ဂူချန်ကြောင့် လူပေါင်းရာချီ၍ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟူသော သတင်းမှာ ပျံ့နှံ့နေခဲ့ရာ

လူတိုင်းက နောက်ထပ် သားကောင်ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။

ထို့ကြောင့် ဂူချန်သည် စာသင်ခန်းထဲသို့

ဝင်လာကာ ပြတင်းပေါက်ဘေးရှိ နောက်ဆုံးတန်းမှ သူ၏နေရာတွင် ထိုင်လိုက်သောအခါ ဆူညံနေသော

အတန်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက်

ခေါင်းငုံ့သွားကြပြီး သူတို့၏ မျက်နှာများမှာလည်း တည်ကြည်လေးနက်နေကြ၏။

‘သွားပြီ၊ ဂူချန် ရောက်လာပြီ၊ ငါတို့တော့

ဒုက္ခနဲ့လှလှတွေ့ပြီ။’

အတန်းပိုင်ဆရာ ဝင်လာသည့်အခါတွင်လည်း

ဤအခြေအနေကို ကြည့်ကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

ပုံမှန်ဆိုလျှင် ပရမ်းပတာ ဖြစ်နေတတ်သော

စာသင်ခန်းမှာ ယနေ့တွင် အဘယ်ကြောင့် ဤမျှ ငြိမ်သက်နေရသနည်း။

သို့သော် သူ၏အကြည့်က ဂူချန်ထံသို့

ရောက်သွားသောအခါမှ အဖြေကို ချက်ချင်း သိလိုက်ရတော့သည်။

‘ဪ... ဂူချန် ရောက်နေတာကိုး၊ ဒါဆိုရင်တော့

မထူးဆန်းတော့ပါဘူးလေ။’

အတန်းပိုင်ဆရာသည် စာအုပ်များကို

ချလိုက်ပြီး စင်မြင့်ပေါ်တွင် ရပ်ကာ အတန်းတစ်ခုလုံးကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဒီနေ့က သိုင်းပညာစာမေးပွဲ

မတိုင်ခင် နောက်ဆုံးရက်ပဲ။ အားလုံးလည်း အဆင်သင့်ဖြစ်နေပြီလို့ ဆရာ ယုံကြည်ပါတယ်။ ဒီနေ့မှာတော့

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ကြပါနဲ့ဦး၊ အနားယူပြီး အားအင်ဖြည့်ထားကြပါ"

"ကျောင်းကရော မိဘတွေကရော မင်းတို့ကို

ဘာတွေ သတိထားရမယ်ဆိုတာ အကြိမ်ကြိမ် ပြောပြီးသားပါ။ နောက်ဆုံးအနေနဲ့ မင်းတို့အားလုံး

သိုင်းပညာစာမေးပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ကြဖို့ပဲ ဆရာ မျှော်လင့်ပါတယ်"

"အခု မဟာမိတ် သိုင်းပညာစာမေးပွဲအတွက်

နောက်ဆုံးထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေလည်း ထွက်လာပြီ။ အားလုံး သေချာ နားထောင်ကြ၊ ဆရာ

အသေးစိတ် ရှင်းပြမယ်"

ထိုစကားကို ကြားသောအခါ အတန်းထဲရှိ

ကျောင်းသားများမှာလည်း ချက်ချင်းပင် စိတ်ဝင်တစားဖြင့် ခေါင်းမော့ကာ အာရုံစိုက် နားထောင်ကြလေတော့သည်။

"ဒီတစ်ခေါက် သိုင်းပညာစာမေးပွဲကတော့..."

All Chapters