← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

Chapter 109+110

~

အခန်း ၁၀၉+၁၁၀ : နတ်ဘုရားလမ်းစဉ် နန်းဆောင်နှင့်

စာမေးပွဲအတွင်းသို့ ဝင်ရောက်လာကြသော ပါရမီရှင်များ

~

"ဒီတစ်ကြိမ် သိုင်းပညာစာမေးပွဲကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပါတယ်.."

"ပထမဦးစွာ မနက်ဖြန်မှာ စောင့်ကြည့်ရေးကောင်စီရဲ့

အထူးတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကတစ်ဆင့် တောင်ပိုင်းမဟာမိတ်အဖွဲ့အတွင်းမှာရှိတဲ့

သတ်မှတ်ထားတဲ့ လျှို့ဝှက်နယ်မြေတစ်ခုဆီကို ပို့ဆောင်ပေးမှာ ဖြစ်တယ်၊ အဲဒီလျှို့ဝှက်နယ်မြေအတွင်းမှာ

ခုနစ်ရက်ကြာ နေထိုင်ရမှာဖြစ်ပြီး ဉာဏ်ရည်တုဦးနှောက်က မင်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို

စောင့်ကြည့်ပြီး အမှတ်ပေးသွားမှာပါ.."

"ဒီစာမေးပွဲကျင်းပမည့် လျှို့ဝှက်နယ်မြေဟာ

လုံးဝပြုပြင်မွမ်းမံထားခြင်း မရှိသေးတဲ့ နယ်မြေအသစ်ဖြစ်တာကြောင့် ဆန်းကျယ်သားရဲတွေ၊

ကောင်းကင်နဲ့မြေကမ္ဘာရဲ့ ရတနာတွေ၊ ဂူတွေနဲ့ အမွေအနှစ်နေရာတွေ အများကြီး ရှိနေနိုင်တယ်"

"လျှို့ဝှက်နယ်မြေအတွင်းမှာ

ရန်သူ့ရန်ကနေ ထွက်ပြေးတာ၊ ဆန်းကျယ်သားရဲတွေကို သတ်ဖြတ်တာ၊ ပြိုင်ဘက်တွေကို အနိုင်ယူတာ

ဒါမှမဟုတ် ရတနာတွေ ရှာဖွေတွေ့ရှိတာ စတဲ့ လုပ်ဆောင်ချက်တိုင်းက မင်းတို့ရဲ့ အမှတ်တွေကို

တိုးပွားစေမှာ ဖြစ်တယ်.."

ထိုသို့ပြောပြီးနောက် အတန်းပိုင်ဆရာက

ဖန်သားပြင်ကြီးကို ဖွင့်ကာ လက်ပတ်ပုံစံတစ်ခုကို ပြသရင်း လေးနက်စွာ သတိပေးလိုက်လေသည်။

"တကယ်လို့ လျှို့ဝှက်နယ်မြေထဲမှာ

အသက်အန္တရာယ်နဲ့ ကြုံလာရရင် လက်ပတ်ပေါ်က တည်နေရာရွှေ့ပြောင်းခြင်း အစီအစဉ်ကို ချက်ချင်းအသက်သွင်းပြီး

အပြင်ကို ထွက်လာခဲ့ကြရမယ်၊ ဒါကို အထူးသတိထားကြပါ.."

"ဒါဟာ မင်းတို့တစ်ယောက်ချင်းစီရဲ့

အသက်နဲ့ သက်ဆိုင်တယ်.."

ထိုစကားကို ကြားရသောအခါ ကျောင်းသားများမှာ

မျက်မှောင်ကြုတ်သွားကြပြီး စိုးရိမ်စိတ်များကြောင့် ရင်ခုန်သံများပင် မြန်လာကြတော့သည်။

အကယ်၍ လျှို့ဝှက်နယ်မြေထဲတွင် အိပ်ပျော်နေစဉ်

ချောင်းမြောင်းတိုက်ခိုက်ခံရပါက အသက်ဘေးမှ လွတ်နိုင်ပါဦးမည်လော။

ခုနစ်ရက်တိုင်တိုင် စိတ်အာရုံကို

အစွမ်းကုန် စူးစိုက်ထားရန်မှာလည်း မည်သူမျှ မတတ်နိုင်သည့် ကိစ္စပင် ဖြစ်ချေသည်။

ဤသိုင်းပညာ စာမေးပွဲမှာ ကဏ္ဍပေါင်းစုံကို

စမ်းသပ်နေခြင်းပင် ဖြစ်တော့၏။

ကျောင်းသားများ၏ တည်ကြည်နေသော မျက်နှာများကို

ကြည့်ကာ အတန်းပိုင်ဆရာက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် နောက်ဆုံးတန်းတွင်

ထိုင်နေသော ချောမောသည့် လူငယ်လေးထံသို့ အကြည့်ပို့ကာ ဆက်လက်ပြောကြားလေသည်။

"ခုနစ်ရက်ပြည့်တဲ့အခါ အမှတ်အများဆုံးရတဲ့

ထိပ်သီးတစ်ရာဟာ တခြားမဟာမိတ်အဖွဲ့ သုံးခုက ထိပ်သီးတစ်ရာစီနဲ့အတူ နောက်ဆုံးအဆင့် စာမေးပွဲကို

ဖြေဆိုရမှာ ဖြစ်တယ်.."

"အဲဒီနောက်ဆုံးအဆင့် စာမေးပွဲကို

အောင်မြင်ရင်တော့ အလွန်တန်ဖိုးရှိတဲ့ နတ်ဘုရားလမ်းစဉ် နန်းဆောင်ကို ဝင်ရောက်ခွင့် ရရှိမှာပါ"

"ဒါပေမဲ့ ငါတို့အတန်းထဲမှာတော့

ဂူချန်တစ်ယောက်ပဲ အခွင့်အရေးရှိတာမို့ ကျန်တဲ့သူတွေ သိပ်ပြီး စိတ်ကူးမယဉ်ကြနဲ့ဦး.."

"အားလုံးပဲ ကောင်းကောင်းပြင်ဆင်ထားကြ၊

မနက်ဖြန် မနက်ရှစ်နာရီမှာ လူစုကြမယ်.."

"စာမေးပွဲစည်းကမ်းတွေကို အတန်းထဲက

ဂရုထဲမှာ တင်ပေးထားမယ်၊ သေချာဖတ်ထားကြပြီး သိချင်တာရှိရင် မေးလို့ရတယ်.."

အတန်းပိုင်ဆရာက နောက်ဆုံးမှာကြားကာ

အတန်းထဲမှ ထွက်ခွာသွားလေသည်။

ဆရာထွက်သွားသည်နှင့် ကျောင်းသားများမှာ

ဂူချန်ရှိနေသည်ကိုပင် ခေတ္တမေ့လျော့သွားကာ စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဝန်းဆွေးနွေးကြတော့သည်။

"ဟာ... ငါမှတ်မိပြီ၊ အရင်က

သိုင်းပညာစာမေးပွဲအကြောင်း တင်ထားတဲ့ ပို့စ်တစ်ခု

တွေ့ဖူးတယ်၊ တစ်နှစ်က စည်းကမ်းတွေက အခုနှစ်နဲ့ တူတူပဲ၊ အဲဒီတုန်းက လျှို့ဝှက်နယ်မြေထဲမှာ

အမှတ်တွေ အလွယ်တကူရအောင် လုပ်တဲ့နည်းတွေ ရှိတယ်တဲ့"

လူငယ်တစ်ဦးက ရုတ်တရက် စိတ်လှုပ်ရှားစွာ

ပြောလိုက်၏။

"ဘယ်လိုနည်းတွေလဲ.."

"ဒီစာမေးပွဲမှာ စာစစ်သူမရှိဘူး၊

ဉာဏ်ရည်တုဦးနှောက်ကပဲ အကုန်စောင့်ကြည့်နေတာ၊ အဲဒီတော့ အဖော်တစ်ယောက်ရှာပြီး နှစ်ယောက်ချင်း

တိုက်ခိုက်ကြမယ်၊ တစ်ယောက်တစ်လှည့်စီ အရှုံးအနိုင်ပေးပြီး အမှတ်တွေ ယူလို့ရတယ်လေ.."

"ဒါပေမဲ့ အမှတ်တွေ အများကြီးတော့

ယူလို့မရဘူး၊ အဲလိုလုပ်ရင် သတိပေးချက်တက်လာတတ်တယ်၊ အဲဒါကိုမှ ဆက်လုပ်နေရင်တော့ စာမေးပွဲဖြေဆိုခွင့်

အပယ်ခံရမှာပဲ.."

ထိုသို့ပြောပြီးမှ လူငယ်မှာ တစ်စုံတစ်ခုကို

သတိရသွားဟန်ဖြင့် စိုးရိမ်တကြီး ခေါင်းကုတ်လိုက်ကာ...

"ဒါပေမဲ့ အခု ဉာဏ်ရည်တုဦးနှောက်က

အဲဒီဟာကွက်ကို ပြင်လိုက်ပြီလားတော့ မသိဘူး"

"အေးကွာ... မင်းပြောပုံအရဆိုရင်တော့ ဖြစ်နိုင်ခြေတော့ရှိသားဟ.."

"ရပါတယ်... စမ်းကြည့်ကြတာပေါ့၊

တကယ်လို့ အဆင်ပြေသွားရင် ငါတို့တောင် ထိပ်တန်းစာရင်းထဲ ပါသွားနိုင်တယ်.."

"အစ်ကို... အဲဒီနည်းက နည်းနည်းအလုပ်ရှုပ်သလိုပဲ၊

တခြားပိုလွယ်ပြီး မြန်တဲ့နည်းရော မရှိဘူးလား"

တစ်ဦးက မေးမြန်းလိုက်သည်။

"ရှိတာပေါ့ ညီလေးရဲ့... အဲဒီလိုမျိုး

လွယ်ကူမြန်ဆန်တဲ့ နည်းလမ်း ကိုးသွယ်တောင် ရှိသေးတယ်..."

"..."

ထိုအချိန်တွင် နောက်ဆုံးတန်း ပြတင်းပေါက်ဘေး၌

မျက်လုံးများကို အသာအယာမှိတ်ကာ ထိုင်နေသော ဂူချန်က တိုးတိုးလေးရေရွတ်လိုက်သည်။

"နတ်ဘုရားလမ်းစဉ် နန်းဆောင်ကို

ဝင်ရောက်ခွင့်... ဟုတ်လား"

သိုင်းပညာရှင်တိုင်းသည် ဓားတာအို၊

လှံတာအို၊ လေတာအို၊ မြေတာအို၊ မီးတာအို စသည့် အခြေခံလမ်းစဉ်များအပါအဝင် တာအို တစ်ခုခုကို နားလည်သဘောပေါက်နိုင်ကြပေသည်။

နတ်ဘုရားလမ်းစဉ်ဆိုသည်မှာ တစ္ဆေလမ်းစဉ်၊

အသွင်ပြောင်းလမ်းစဉ်၊ သန့်စင်ခြင်းလမ်းစဉ် စသည့် အစွမ်းထက်ပြီး ထူးခြားဆန်းပြားသော

တာအိုများကို ဆိုလိုခြင်း ဖြစ်၏။

သာမန်တာအိုများကို သက်ဆိုင်ရာ

ဒြပ်စင်များကို အာရုံခံခြင်း၊ လက်နက်များနှင့် သိုင်းပညာများကို လေ့ကျင့်ခြင်းဖြင့်

နားလည်နိုင်သော်လည်း နတ်ဘုရားလမ်းစဉ်ကိုမူ သတ်မှတ်ထားသော အခြေအနေများ ပြည့်စုံမှသာ

ရရှိနိုင်ပေသည်။

နတ်ဘုရားလမ်းစဉ် နန်းဆောင်မှာ သိုင်းပညာရှင်များအား

ထိုကဲ့သို့သော အထူး တာအို များကို နားလည်သဘောပေါက်စေရန် ကူညီပေးသည့်

နေရာတစ်ခုပင် ဖြစ်တော့သည်။

တာအိုတစ်ခုနှင့်တစ်ခုမှာ ပေးစွမ်းနိုင်သည့်

ခွန်အားချင်း မတူညီကြဘဲ နတ်ဘုရားလမ်းစဉ်တာအိုကို နားလည်ထားသော သိုင်းပညာရှင်နှင့် သာမန်တာအိုကို

နားလည်ထားသူတို့ကြားရှိ အစွမ်းမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

ယခင်က သူသည် ဝမ်းနည်းဖွယ်ဝိညာဉ်လက်ဝါးရိုက်ချက်နှင့်

ကောင်းကင်ဓားသိုင်း ရှစ်ကွက်တို့ကို အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်ခဲ့စဉ်က လက်ဝါးတာအိုနှင့်

ဆေဘာဓားတာအိုတို့ကို တစ်ပြိုင်နက်တည်း နားလည်သဘောပေါက်ခဲ့ဖူးသည်။

ထိုစဉ်က ရရှိခဲ့သော အကျိုးသက်ရောက်မှုများမှာလည်း

မဆိုးလှပေ။

"ဘာပဲဖြစ်ဖြစ်... ဒီစာမေးပွဲကို

ငါသွားရမှာပဲ၊ ထိပ်သီးတစ်ရာထဲ ပါဖို့ဆိုတာကတော့ အပိုဆုပေါ့.."

ဂူချန်က စိတ်ထဲမှ ရယ်မောလိုက်သည်။

လင်းယဲ့၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့စဉ်က

လင်းယဲ့သည်လည်း ဤနေရာအကြောင်းကို ပြောပြခဲ့ဖူး၏။

ထိုစဉ်က လင်းယဲ့သည် သူ့ကို ဆွဲဆောင်ရန်အတွက်

မိမိထံတွင် ဝင်ရောက်ခွင့်နေရာ နှစ်ခုရှိကြောင်းနှင့် တစ်ခုကို သူ့အား ပေးလိုကြောင်း

တိုက်ရိုက်ပြောပြခဲ့သည်။

ထို့ကြောင့်ပင် လင်းယဲ့က သိုင်းပညာစာမေးပွဲမှာ

သူ့အတွက် သိပ်ပြီး အသုံးမဝင်လှဘဲ နတ်ဘုရားလမ်းစဉ် နန်းဆောင်ကသာ အဓိက အကျိုးကျေးဇူးဖြစ်ကြောင်း

ပြောခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူ့အတွက်မူ စင်စစ်စေတနာအမှတ်များက

ထိုဝင်ရောက်ခွင့်ထက် ပို၍ အသုံးဝင်လှသည်။

'လာစမ်းပါ... ငါတောင် မစောင့်နိုင်တော့ဘူး..'

ဂူချန်သည် သူ၏ နီမြန်းသော နှုတ်ခမ်းများကို

လျှာဖြင့်သပ်လိုက်ပြီး တောက်ပသော ခရမ်းရောင်မျက်လုံးများအတွင်း၌ ဖုံးကွယ်ထား၍မရသော

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။

...

တစ်ချိန်တည်းမှာပင်။

တောင်ပိုင်းမြို့တော်ရှိ တောင်ဘက်ကောင်းကင်တံခါး

တက္ကသိုလ်၌ ဖြစ်၏။

ခမ်းနားထည်ဝါသော အိမ်ရာဝင်းတစ်ခုအတွင်းရှိ

ဆိုဖာပေါ်တွင် မောက်မာသော အမူအရာရှိသည့် လူငယ်တစ်ဦးသည် သူ၏ OPPO A5 ဖုန်းကို ကြည့်နေလေသည်။

"ဘာ... ဂူချန်က တကယ်ပဲ သိုင်းပညာစာမေးပွဲကို

ဝင်ဖြေမှာလား.."

လင်း‌ပေ့သည် သတင်းစကားကို ဖတ်ပြီးနောက် အံ့အားသင့်စွာဖြင့် အာမေဋိတ်သံ

ထွက်ပေါ်လာတော့သည်။

ဆရာအသစ်လက်ခံလိုက်တဲ့ တပည့်က တကယ်ပဲ

အဆင့်နိမ့်တဲ့သူတွေကြားထဲမှာ အချိန်ဖြုန်းပြီး ကြွားလုံးထုတ်ချင်နေတာလား။

သူက ကောလာဟလတွေထဲကအတိုင်း တကယ်ပဲ

ဆိုးသွမ်းပြီး ကစားမက်တာပဲ... ဟု လင်းပေ့က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

' အကယ်၍ သူသာ ဒီအချိန်ကို ကျင့်ကြံခြင်းမှာ

အသုံးချခဲ့ရင် ဗာဂျရာအဆင့်ကိုတောင် တက်လှမ်းနိုင်လောက်ပြီ၊

အဲဒီအခါကျမှ ငါက သူ့ကို သင်ခန်းစာပေးဖို့ အခွင့်အရေးရှိမှာ၊ အခုတော့ ဗာဂျရာအဆင့် ၇မှာ

ရှိနေတဲ့ ငါက တတိယအဆင့် သိုင်းပညာရှင်လေးကို သွားပြီး အနိုင်ကျင့်နေရင် ရယ်စရာကြီး

ဖြစ်နေမှာပေါ့..'

"မဖြစ်ဘူး... ငါလည်း ဒီစာမေးပွဲကို

သွားပြီးတော့ အဲဒီညီငယ်လေးကို ကိုယ်တိုင်သွားတွေ့ရမယ်.."

လင်းပေ့က ဆုံးဖြတ်ချက် ချလိုက်သည်။

အပြင်လောကတွင် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်၍ မရသော်လည်း စာမေးပွဲ၏ လျှို့ဝှက်နယ်မြေထဲတွင်မူ

ဖြစ်နိုင်ပေသည်။

'အချိန်တန်တဲ့အခါ သူ့ကို အရှုံးပေးခိုင်းပြီး

ငါ့ကို အစ်ကိုကြီးလို့ ခေါ်ခိုင်းလိုက်ရင် အဆင်ပြေသွားမှာပဲ..ဟီးဟီးဟီး..'

စင်စစ်အားဖြင့် သူသည် ဂူချန်အပေါ်

ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးမရှိပေ။ သို့သော်လည်း သူ၏ဆရာမှာ ကျန်းနန်ပြည်နယ်မှ ပြန်လာကတည်းက ဂူချန်၏ အကြောင်းကိုသာ ချီးကျူးနေခဲ့၏ ။

နေ့ရောညပါ ဂူချန် မည်မျှအစွမ်းထက်ကြောင်း

ကြွားလုံးထုတ်နေသည့်အပြင် လင်းပေ့ကိုပင် ထိုတပည့်သစ်လေးအား အစ်ကိုကြီးဟု အသိအမှတ်ပြုရန်

ပြောဆိုနေခဲ့သည်။

မာနကြီးလှသော လင်းပေ့အနေဖြင့် ထိုကဲ့သို့သော

အပြောအဆိုများကို မည်သို့ သည်းခံနိုင်ပါမည်နည်း။

ဂူချန်သည် သူ့လောက် မတော်ကြောင်းကို

ဆရာ့အား သက်သေပြရမည်သာ ဖြစ်၏။

ဆုံးဖြတ်ချက် ချပြီးနောက် လင်းပေ့က

ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်သည်။

"ဆရာဝမ်... ကျွန်တော် ဒီနှစ်

သိုင်းပညာစာမေးပွဲမှာ ပါဝင်ချင်ပါတယ်..."

...

အရှေ့ပိုင်းမဟာမိတ်အဖွဲ့။

"ဘာ... လင်းပေ့က စာမေးပွဲ ဝင်ဖြေမလို့လား"

ဦးခေါင်းပေါ်တွင် နဂါးဦးချိုများရှိပြီး

ပခုံးအထိရှည်သော ခရမ်းရောင်ဆံပင်များဖြင့် လူငယ်တစ်ဦးမှာ အံ့အားသင့်စွာဖြင့် ခုန်ထလိုက်မိသည်။

လုံအောက် အနေဖြင့် ထူးဆန်းသည်ဟု ထင်သော်လည်း

သတင်းအချက်အလက်ကို အတည်ပြုပြီးနောက် သူသည်လည်း ဖုန်းကို အမြန်ခေါ်ဆိုလိုက်တော့သည်။

"ဟယ်လို... ကျွန်တော်လည်း စာမေးပွဲ ဝင်ဖြေမယ်.."

...

အနောက်ပိုင်းမဟာမိတ်အဖွဲ့။

"ဘာ... လုံအောက်ရော လင်းပေ့ပါ

စာမေးပွဲ ဝင်ဖြေကြမှာလား.."

ဆံပင်ဖြူဖြူနှင့် မိန်းကလေးတစ်ဦးမှာ

ထိုသတင်းကို ကြားလိုက်ရသောအခါ မယုံကြည်နိုင်သော မျက်နှာပေးဖြင့် ဖြစ်သွားလေသည်။

...

မြောက်ပိုင်းမဟာမိတ်အဖွဲ့။

"ဘာ..."

All Chapters