← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁)

သစ္ဆေပိုင်ချန်ခဲ့၊ စမ်းချောင်းဝါအပ်စိုက်မှတ်ဆေးလုံး

လူသူကင်းမဲ့သည့်တောင်အနက်ပိုင်းတစ်နေရာ၊ ရှေးဟောင်းသစ်ပင်ကြီးတွေထိုးတွက်နေပြီး သစ်ရွက်တွေဖြင့်ဖုံးလွမ်းနေ၏။

မှိန်ဖျော့သည့်လရောင်က အက်ကြောင်းတွေကြားမှ အနည်းငယ်ဖြာကျနေခဲ့သည်။

ဤအခိုက်အတန့်၌ များစွာသောအနက်ရောင်ပုံရိပ်တွေ သစ်ကိုင်တွေပေါ်၌ရပ်နေကြပြီး ၂၀ ကျော်လောက်ရှိ၏။

တစ်ယောက်ချင်းစီ၌ အံမခန်းခွန်အားတွေရှိကာ အားအနည်းဆုံးလူတောင် သွေးကြောပုံသွင်းခြင်းနယ်ပယ်အဆင့် ၆ရှိ၏။

၎င်းတို့ထဲ၌ အပ်စိုက်မှတ်ဖွင့်ခြင်းနယ် ၅ ယောက်တောင်ပါပြီး အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူ၏အော်ရာမှာ အတော်လေးကြောက်စရာလှသည်။

ထိုလူက တကယ်ပဲ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၉ အထွတ်အထိပ်ဖြစ်၏။

အနက်ရောင်ပုံရိပ်တွေအားလုံး အစိမ်းပုပ်ရောင်ဆင်တူဝတ်စုံတွေဝတ်ဆင်ထားပြီး ကျောဘက်၌ သေမင်းတမန်ဟု ရေးထိုးကြ၏။

ညအချိန်အခါ၏သစ်တောကကို ခြောက်ခြားဖွယ်ရာကောင်းနေပြီဖြစ်ရာ သူတို့၏တည်ရှိမှုက ထိုခံစားချက်ကို ပိုလို့တောင် ပြင်းထန်နေစေခဲ့သည်။

သူတို့က ထိုက်ရွမ်ဂိုဏ်းအတွင်းစည်းတပည့်တစ်အုပ်ကိုဝိုင်းထားကြသည်။

စုစုပေါင်း သုံးယောက်ရှိကာ အံ့အားသင့်စွာပဲ အားလုံးကအသက်အရွယ်အမျိုးမျိုးနှင့်အမျိုးသမီးတွေဖြစ်ကြပြီး ဝတ်ထားသည့်အဝတ်တွေအရ ဆေးဘုရင်တောင်ထိပ်မှဆိုတာ သိသာသည်။

ယခုချိန်၌ အမျိုးသမီးသုံးယောက်အခြေအနေဆိုးဝါးနေပြီး မျက်နှာဖြူဖြော့နေကာ ပါးစပ်ထောင့်၌သွေးစတွေရှိနေခဲ့သည်။

အော်ရာတွေလည်း အလွန်အားနည်းနေခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရထားတာသိသာ၏။

"သေမင်းတမန်နတ်ဆိုးဂိုဏ်း...."

အမျိုးသမီးသုံးယောက်ထဲရှိတစ်ယောက် အံကြိတ်ပြီးခါးသီးစွာပြောလိုက်သည်။

သူမမျက်နှာက အလွန်လှပပြီး အသားအရေက နှင်းကဲ့သို့ဖြူဖွေး၏။

ကျင့်ကြံရေးအဆင့်ကလည်းမနိမ့်ပေ။ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၇ ကိုရောက်နေပြီဖြစ်သည်။

"ဂိုဏ်းအနီးနားမှာ ငါတို့ကိုတိုက်ခိုက်ရဲတယ်။ နင်တို့ အသက်ရှင်လျက်ထွက်သွားဖို့မစဥ်းစားနဲ့...."

သူမက ဤနတ်ဆိုးဂိုဏ်းကလူတွေ၏ပြိုင်ဘက်မဟုတ်သော်လည်း အကူအညီခေါ်ထားပြီးပြီဖြစ်ရာ မကြာခင်ရောက်လာမည်ဟု ယုံကြည်၏။

စီနီယာအမတစ်ယောက်အနေဖြင့် သေစေနိုင်လောက်သည့်အန္တရာယ်နှင့်ရင်ဆိုင်ရလျှင်တောင် ကြောက်ရွံနေလို့မရပေ။

"မင်းကိုယ်ပေါ်မှာ ကာကွယ်ရေးရတနာတစ်ခုရှိနေမယ်မမျှော်လင့်ထားဘူး...."

"မဟုတ်ရင် အကူအညီခေါ်ဖို့က လုံးဝမဖြစ်နိုင်ဘူး..."

နတ်ဆိုးလမ်းစဥ်၏ခေါင်းဆောင်ဖြစ်သူ ရှေ့ကိုခြေလှမ်းအနည်းငယ်တက်လာပြီး သူ့ကိုယ်သူ ခပ်မှိန်မှိန်လရောင်အောက်မှာ ပြသလိုက်၏။

ထိုအခါ သူ၏သေးသွယ်သည့်ပုံရိပ်၊ ရှည်လျားသည့်လက်ချောင်းတွေနှင့် ကန့်လတ်ဖြတ်အမာရွတ်ကြီးရှိနေသည့်ကောက်ကျစ်သည့်မျက်နှာတို့ ပေါ်လာခဲ့သည်။

"နင်က သစ္ဆေပိုင်းချန်ခဲ့ပဲ...."

ကုန်းလင်းရွယ်ဆိုသည့်အမျိုးသမီးတပည့် တစ်စုံတစ်ခုကိုမှတ်မိသွားပုံရကာ အနည်းငယ် မျက်ခွံတွေကျုံ့သွား၏။

နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူအားလုံးကို သတ်ပစ်သင့်၏။

သို့ပေမယ့် ပြဿနာက နတ်ဆိုးကျင့်ကြံသူတွေ၏ခွန်အားက အလွန်သန်မာပြီး ပုန်းကွယ်နိုင်စွမ်းကောင်းကာ သူတို့ကိုသတ်ဖို့က အလွန်အမင်းခက်ခဲ၏။

ထို့ကြောင့် အင်းအားစုများစွာ၏လိုက်လံသတ်ဖြတ်ခံရမှုအောက်မှ အသက်ရှင်ကျန်ရစ်ခဲ့သည့်လူတွေက တဖြည်းဖြည်း ဂုဏ်သတင်းတစ်ခုရလာခဲ့သည်။

ယခုလက်ရှိ သစ္ဆေပိုင်ချန်ခဲ့ကဲ့သို့ပင်။

သေမင်းတမန်နတ်ဆိုးဂိုဏ်း၌မွေးဖွားခဲ့ပြီး သိမ်မွေ့အဆင့်ဒြပ်စင်လက်ချောင်းသိုင်းကို တတ်မြောက်ထား၏။

သူ၏တိုက်ခိုက်မှုတွေက အလွန်အမင်းရက်စက်အဆိပ်ပြင်းပြီး သစ္ဆေတစ်ကောင်ကဲ့သို့ ကြောက်စရာထိုးဖောက်စွမ်းအားရှိ၏။

ချပ်ဝတ်ဝတ်ထားလျှင်တောင် အသုံးဝင်မည်မဟုတ်ပေ။

အစောပိုင်းသူမအသက်ရှင်သွာရသည့်အကြောင်းအရင်းမှာ သူမဆရာချီးမြှင့်ထားသည့် ကာကွယ်ရေးရတနာကိုကျေးဇူးတင်ရမည်ပင်။

သာမန်ချပ်ဝတ်လုံးဝမယှဥ်နိုင်ပေ။

"မင်းက အမြင်စူးရှသားပဲ...."

သစ္ဆေပိုင်းချန်ခဲ့ပါးစပ်ထောင့် အနည်းယ်တွန့်ကွေးသွားပြီ မျက်နှာပေါ်ရှိအမာရွတ်က ပိုလို့တောင်ကြောက်စရာကောင်းသွားခဲ့သည်။

"အား..."

ရုတ်တရက် အော်ဟစ်သံတစ်ခုထွက်ပေါ်လာ၏။

မဝေးသည့်နေရာ၌ အလင်းတန်းတစ်ခုလက်သွားပြီး ၎င်းက အစီရင်တစ်ခုဖြစ်လာခဲ့သည်။

ထို့ပြင် အစီရင်အတွင်း၌ ပုံရိပ်များစွာဒူးထောက်နေခဲ့ပြီး အဝတ်အစားတွေအရ သူတို့လည်းထိုက်ရွမ်ဂိုဏ်းတပည့်တွေပင်။

အော်သံတွေက သူတို့ဆီမှလာတာဖြစ်သည်။

အစီရင်လည်ပတ်နေစဥ် ၎င်းတို့ခန္ဓာကိုယ်တွေမှ သွေးမြူတွေအဆက်မပြတ်ထုတ်လွတ်နေပြီး အလယ်ဗဟိုသို့စုဝေးသွားကာ ဆေးလုံးအဖြစ်ပြောင်းလဲနေသည်ကို သာမန်မျက်စိဖြင့်တောင် မြင်နိုင်တာဖြစ်သည်။

"သွေးသန့်စင်ခြင်းအစီရင်...."

"နင်တို့ တကယ်ပဲ စမ်းချောင်းဝါအပ်စိုက်မှတ်ဆေးလုံးသန့်စင်နေတာပဲ...."

ကုန်းလင်းရွယ်မျက်ခွံတွေကျုံ့သွားပြီး ကျောရိုးတစ်လျှောက်အေးစက်မှုကိုခံစားလိုက်ရသည်။

ဤအရာက နတ်ဆိုးနည်းစနစ်တစ်ခုဖြစ်၏။

လူသားသွေးကိုအဓိကပါဝင်ပစ္စည်းအဖြစ်သုံးပြီး အမျိုးမျိုးသောပစ္စည်းတွေနှင့်ပေါင်းစပ်ကာ ဆေးလုံးသန့်စင်ခြင်းဖြစ်သည်။

ပါရမီကောင်းလေလေ အောင်မြင်နိုင်ခြေမြင့်လေလေဖြစ်ပြီး အာနိသင်ပိုကောင်းလေဖြစ်သည်။

ထို့ကြောင့် ထိုနည်းစနစ်တတ်မြောက်သည့်ကျင့်ကြံသူတွေက ဆေးလုံးသန့်စင်ဖို့ မကြာခဏအဓိကအင်အားစုမှပါရမီရှင်တွေကို ဖမ်းဆီးကြ၏။

စမ်းချောင်းဝါအပ်စိုက်မှတ်ဆေးလုံးကို သွေးလူသားဆေးလုံးဟုလည်း လူသိများ၏။

ဤပိုင်ချန်ခဲ့ ဘာလို့ ထိုက်ရွမ်ဂိုဏ်းနားလာရဲလဲဆိုတာ ကုန်းလင်းရွယ် ရုတ်တရက်နားလည်သွားခဲ့သည်။

လက်စသတ်တော့ သူက ဤဆိုးယုသည့်နည်းစနစ်ကို တတ်မြောက်ထားခဲ့သည်။

အဆင့် ၂ ဆေးလုံးတွေထဲ၌ စမ်းချောင်းဝါအပ်စိုက်မှတ်ဆေးလုံးက အာနိသင်အရှိဆုံးဆေးလုံးတွေထဲက တစ်မျိုးဟု သတ်မှတ်နိုင်၏။

ဘာပဲဖြစ်ဖြစ် ၎င်းမှာ ပါရမီရှင်တွေ၏သွေးကိုအဓိကကုန်ကြမ်းအဖြစ်သုံးပေမယ့် အဆုံးမှာတာ့ နတ်ဆိုးနည်းစနစ်တစ်ခုဖြစ်ရာ ဘေးထွက်ဆိုးကျိုးများ၏။

ထိုအရာက အသုံးပြုသူ၏စိတ်ကိုသက်ရောက်နိုင်ပြီး အလွန်အကျွံသုံးလျှင် ရူးသွပ်တောင်သွားစေနိုင်၏။

"သခင်, ငါတို့မြန်မြန်လုပ်ပြီး ပြန်ဆုတ်သင့်တယ်။ ထိုက်ရွမ်ဂိုဏ်းအကူအညီတွေမကြာခင်ရောက်လာလိမ့်မယ်...."

အနီးနားရှိလူတစ်ယောက် ရှေ့တက်လာပြီး လေးလေးစားစားပြောလိုက်သည်။

သူလည်း အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၃ ဖြစ်သော်လည်း ပိုင်ချန်ခဲ့လိုလူနှင့်တော့ လုံးဝမယှဥ်နိုင်ပေ။

ထို့ကြောင့် လက်ထောက်တစ်ယောက်ဖြစ်လာခဲ့သည်။

"ခဏစောင့်လိုက်အုန်း။ သွေးလူသားဆေးလုံးက ပြီးခါနီးနေပြီ..."

သစ္ဆေပိုင်ချန်ခဲ့ စဥ်းစားပြီးပြောလိုက်သည်။

အစီရင်ထဲရှိ ထိုထိုက်ရွမ်ဂိုဏ်းပါရမီရှင်အနည်းငယ် ကောင်းမွန်သည့်ပါရမီရှိရာ ဆေးလုံးဖွဲ့စည်းဖို့ အကောင်းဆုံးဖြစ်၏။

သူက ဤကဲ့သို့အရေးကြီးအခိုက်အတန့်မှာ လက်မလျော့ချင်ပေ။

"ဒီသုံးယောက်ကိုဖမ်းလိုက်။ သူတို့က နောက်တစ်သုတ်အတွက် ကုန်ကြမ်းပဲ..."

သစ္ဆေပိုင်ချန်ခဲ့ ကုန်လင်းရွယ်ကို ထူးမခြားနားစွာကြည့်လိုက်သည်။

အမျိုးသမီးသုံးယောက် ရုတ်တရက် ရေခဲတိုက်ထဲရောက်သွားသလိုခံစားလိုက်ရသည်။

"ဟုတ်ကဲ့..."

သို့ပေမယ့် ထိုအခိုက်အတန့်၌ သစ္ဆေပိုင်ချန်ခဲ့ ရုတ်တရကမျက်မှောင်ကြုတ်သွားပြီး အလျှင်အမြန်တစ်ဖက်လှည့်ကာ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ဆီသို့ မော့ကြည့်လိုက်၏။

"တစ်စုံတစ်ယောက်ရောက်နေမယ်လို့ မမျှော်လင့်ထားဘူး..."

"မိတ်ဆွေ ထွက်လာခဲ့ပါ..."

"ငါမင်းကိုတွေ့တယ်..."

သူ့စကားသံထွက်ပေါ်လာသည်နှင့် မျက်လုံးအားလုံး ထိုဦးတည်ချက်ကိုကြည့်လိုက်ကြသည်။

ထိုအခါ ပုံရိပ်တစ်ခု အမှောင်ထဲမှထွက်ပေါ်လာခဲ့သည်။

၎င်းက မုန့်ချန်ချင်းပင်။

တကယ်တော့ သူက မကြာသေးခင်မှရောက်လာတာဖြစ်ပြီး သစ္ဆေပိုင်ချန်ခဲ့နှင် သွေးသန့်စင်ခြင်းအစီရင်အကြောင်းသာ ကြားလိုက်ရ၏။

မြင်ကွင်းထဲရှိလူအရေအတွက်ကို ရေတွက်နေစဥ် နောက်တစ်ခဏ၌ ပေါ်သွားခဲ၏။

ကြည့်ရတာ သူက အနာဂတ်၌ အော်ရာဖုံးကွယ်သည့်နည်းစနစ်တစ်ခုလေ့ကျင့်ရတာ့မည့်ပုံပင်။

မဟုတ်လျှင် အလွတ်တကူပေါ်နေမည်ပဲဖြစ်သည်။

"တကယ်, ထိုက်ရွမ်ဂိုဏ်းတပည့်ပဲ...."

သစ္ဆေပိုင်ချန်ခဲ့မျက်လုံးတွေ အေးစက်သွား၏။

သို့ပေမယ့် ရောက်လာသူက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၅ ဆိုတာသိလိုက်ရသည့်အခါ သူ့မျက်ခုံးတွေပြေလျော့သွားခဲ့သည်။

ဤအဆင့်တပည့်တစ်ယောက်က ခြိမ်းခြောက်မှုမဟုတ်ပေ။

သူကိုယ်တိုင်တောင်လှုပ်ရှားစရာမလိုပဲ လက်ထောက်လေးယောက်နှင့်တင် ကိုင်တွယ်လို့ရတာဖြစ်သည်။

"သူ့ကိုဖမ်းလိုက်..."

သစ္ဆေပိုင်ချန်ခဲ့ တစ်ဖက်ပြန်လှည့်လာ၏။

"ဟုတ်ကဲ့...."

လက်ထောက်လေးယောက် ချက်ချင်းပဲ မုန့်ချန်ချင်းဆီပြေးဝင်သွားခဲ့သည်။

"ဂျူနီယာမောင်လေး, ပြေးတော့..."

"မင်းက သူတို့ပြိုင်ဘက်မဟုတ်ဘူး...."

"ဂိုဏ်းကနေ အကူအညီရှာလာခဲ့...."

တစ်စုံတစ်ယောက်ရောက်လာတာမြင်သည့်အခါ ကုန်းလင်းရွယ် အတော်လေးသက်သာယာရသွား၏။

သို့ပေမယ့် ရောက်လာသူ၏ကျင့်ကြံရေးအဆင့်က သူမနှလုံးသားကို ကျုံ့ဝင်သွားစေခဲ့သည်။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၇ သူမတောင် ပြိုင်ဘက်မဟုတ်ရာ.....

အဆင့် ၅ ဆိုရင်တော့ပြောစရာကိုမလိုတော့ပေ။

အခန်း (၃၂)

ခု, ငါ့ကိုတားဖို့ မင်းအကောင်းဆုံးလုပ်ပါ

"ပြတ်သားလှကြီလား..."

သူ့ဆီပြေးဝင်လာသည့်နတ်ဆိုးကျင့်ကြံသူလေးယောက်ကိုကြည့်ပြီး မုန့်ချန်ချင်းမျက်ခုံးတွေ အနည်းငယ်မြင့်တက်သွား၏။

သို့ပေမယ့် ဤအရာက သူလိုချင်သည့်အရာအတိအကျဖြစ်ပြီး အလျှင်အမြန်ဖြေရှင်းနိုင်၏။

သူ့အတွက်တော့ ဤနေရာ၌ ပင်လယ်ခွဲခြမ်းနယ်ပယ်မရှိသရွေ့ ပြိုင်ဘက်ကင်း၏။

နတ်ဆိုးကျင့်ကြံသူတွေဘာလုပ်နိုင်မည်နည်း။

ထိပ်တန်းအင်အားစုတွေမှ ပါရမီရှင်တွေမဟုတ်လျှင် သူ့ဓားကိုရပ်တန့်နိုင်မည်မဟုတ်ပေ။

"ကောင်လေး, မင်းရဲ့အဆုံးသတ်အတွက် ပြင်ဆင်ထားလိုက်...."

ပုံရိပ်လေးခု အလျှင်အမြန်လှုပ်ရှားလာပြီး မျက်စိတ်တစ်မှိတ်အတွင်းမှာပဲ မုန့်ချန်ချင်းရှေ့ရောက်လာခဲ့သည်။

သူတို့အားလုံး၏လက်နက်တွေက ဓားတွေဖြစ်ကြ၏။

ဓားချီတွေက အေးစက်နေပြီး မုန့်ချန်ချင်း၏သေစေနိုင်သည့်နေရာတွေကို ကြမ်းတမ်းစွာခုတ်ပိုင်းလာ၏။

ထိမှန်သွားလျှင် မသေလျှင်တောင် ဒဏ်ရာအပြင်းအထန်ရမည်ဖြစ်သည်။

"လာစမ်းပါ...."

မုန့်ချန်ချင်းမျက်လုံးတွေ တိုက်ခိုက်လိုစိတ်တွေဖြင့် တောက်လောင်လာ၏။

ရိုးရိုးသားသားပြောရလျှင် သူ့အကန့်အသတ်ကိုစမ်းသပ်ဖို့ တကယ်ပဲ ဤကဲ့သို့တိုက်ခိုက်ချင်၏။

သူတို့သာ ထိုအရာတွေလုပ်ပေးနိုင်လျှင်...

ရွစ်!

မုန့်ချန်ချင်း ခါးမှဓားဆွဲထုတ်လိုက်သည်။

ဤတစ်ချိန် ဓားက အရင်ကကဲ့သို့ သာမန်ဓားတစ်လက်မဟုတ်တော့ပေ။ သူ့မိသားစု အထူးဝယ်ပေးလိုက်သည့် သန့်စင်ခြင်းတစ်ရာဓားပင်။

၎င်းက သူ့စွမ်းအားကိုခုခံဖို့လုံလောက်ပြီး ဓားချက်တစ်ချက်တည်းဖြင့် ကွဲကြေသွားမည်မဟုတ်ပေ။

"လေမိုးကြိုးဓားသိုင်း..."

ချီစွမ်းအင်တွေလိမ့်တက်လာ၏။

မျက်စိကျိန်းလောက်သည့်လျှပ်စီးရောင်တွေ ဓားမှထွက်ပေါ်လာပြီး လူလေးယောက်မျက်လုံးထဲမှာ ထင်ဟပ်သွားခဲ့သည်။

ထိုအရာကြောင့် သူတို့၏မူလအပြုံးတွေအေးခဲသွားပြီး ထိတ်လန့်မှုတွေ ထွက်ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤဓားချက်က မုန်တိုင်းကြားမှာမိုးခြိမ်းလိုက်သကဲ့သို့ဖြစ်နေခဲ့သည်။

အရှိန်အဝါက ကြောက်စရာကောင်းလှပြီး သူတို့ခုခံနိုင်သည့်အရာမဟုတ်ပေ။

သို့ပေမယ့် ဤအခိုက်အတန့်၌ သူတို့မှာ ရှောင်တိမ်းဖို့အချိန်မရှိတော့ပေ။ ထိပ်တိုက်ရင်ဆိုင်ဖို့သာ ရွေးချယ်နိုင်တော့၏။

ဘုန်း!

ဓားချက်တစ်ချက်ဖြင့် ၎င်း၏လွမ်းမိုးနိုင်စွမ်းရှိသည့်လျှပ်စီးစွမ်းအင်က အရာအားလုံးကို ဖျက်ဆီးသွားတော့မလိုပင်။

ဓားရှည်လေးချောင်းလုံး ချက်ချင်းပဲ ကွဲကြေသွားခဲ့သည်။

ထို့ပြင်၎င်းတို့၏ပိုင်ရှင်တွေလည်း လွင့်ပျံသွားပြီး မြေပြင်ပေါ်အပြင်းအထန်ပြုတ်ကျကာ အကြိမ်များစွာလိမ့်ထွက်ပြီးမှ ရပ်တန့်သွားခဲ့သည်။

သူတို့ခန္ဓာကိုယ်၌ သွေးတွေစိုဆွဲနေပြီး ဒဏ်ရာအပြင်းအထန်ရသွားကာ သေလုမျှောပါးဖြစ်သွားကြသည်။

ဘာ....

ဤရုတ်တရက်ပြောင်းလဲမှုက ချက်ချင်းပဲ မြင်ကွင်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

လူတိုင်းနီးပါးအံ့အားသင့်နေပြီး ပါးစပ်တွေအနည်းငယ်ပွင့်ဟနေခဲ့သည်။

ဤနတ်ဆိုးကျင့်ကြံသူလေးယောက်က အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွေဖြစ်ပြီး အခြေခံအားဖြင့် အဆင့် ၄ အဆင့် ၅ လောက်ဖြစ်ကြ၏။

ထို့ကြောင့် သူတို့သတ်ဖြတ်ဖို့ပြေးဝင်သွားသည့်အခါ လူတိုင်း မည်သည့်အံ့အားသင့်မှုမှ မမျှော်လင့်ထားခဲ့ပေ။

ထိုက်ရွမ်ဂိုဏ်းတပည့်သေမှာ အသေအချာပင်။

သို့ပေမယ့် တကယ့်လက်တွေ့က လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။

ဓားတစ်ချက်....

ဓားတစ်ချက်တည်းဖြင့် တိုက်ရိုက်ပဲ နတ်ဆိုးကျင့်ကြံသူလေးယောက်ကို ဖိနှိပ်ပစ်လိုက်သည်။

ယခု မြေပြင်ပေါ်မှာလဲလျောင်းနေရပြီး သေလုမျှောပါးဖြစ်နေပြီဖြစ်သည်။

ဘယ်လိုကြောက်စရာကောင်းသည့်ခွန်အားနည်း။

"တကယ်ပဲ လေမိုးကြိုးဓားသိုင်းကိုပြီးပြည့်စုံခြင်းအဆင့်ထိလေ့ကျင့်ထားနိုင်တာပဲ...."

"ငါ မင်းကို လျော့တွက်မိသွားပြီ..."

ပိုင်းချန်ခဲ့ အသိပြန်ဝင်လာပြီး လေးနက်သည့်အမူအရာတစ်ခု တဖြည်းဖြည်းသူ့မျက်နှာပေါ်မှာပေါ်လာခဲ့သည်။

သူက ဤတပည့်ကို သာမန်တပည့်တစ်ယောက်ဟုထင်ထားခဲ့၏။ မည်သူသိမည်နည်း ထိုကောင်က မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေခဲ့သည်။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၅သာရှိ၍ ထိုက်ရွမ်းဂိုဏ်းအတွင်းစည်းရောက်တာကြာသေးပုံမရပေ။

လေမိုးကြိုးဓားသိုင်းကို ဤလောက်အချိန်တိုအတွင်း ပြီးပြည့်စုံခြင်းအဆင့်ရောက်အောင် ကျင့်ကြံနိုင်တာက တကယ်ထိတ်လန့်စရာပင်။

"မယုံနိုင်စရာပဲ...."

ကုန်းလင်းရွယ် သူမပါးစပ်ကိုအနည်းငယ်ကာလိုက်ပြီး ကြည်လဲ့နေသည့်မျက်လုံးတွေက ပြူးကျယ်နေခဲ့သည်။

ထိုက်ရွမ်ဂိုဏ်းတပည့်တစ်ယောက်အနေဖြင့် သူမက ဆေးဘုရင်တောင်ထိပ်မှဆိုလျှင်တောင် ဤဓားနည်းစနစ်ကို သိ၏။

၎င်းက စိတ်ဝိညာဥ်တောင်ထိပ်မှ လေမိုးကြိုးဓားသိုင်းဖြစ်၏။

သိမ်မွေ့အဆင့်သိုင်းပညာတစ်ခုသာဖြစ်သော်လည်း ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံဖို့က အတော်လေးခက်ခဲ၏။

များစွာသော စီနီယာအကို၊အမတွေ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အထွတ်အထိပ်၊ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်မှသာ ထိုအဆင့်ကို အောင်မြင်ကြ၏။

သို့ပေမယ့် ဤတပည့်ကတာ့ ယခုချိန်မှာ အဆင့် ၅ သာရှိသေးသည်။

"အတွင်းစည်းစိတ်ဝိညာဥ်တောင်ထိပ်မှာ ဒီလိုလူတစ်ယောက်ရှိတယ်လား...."

"ဘာလို့ သူ့အကြောင်းတစ်ခါမှမကြားဖူးတာလဲ...."

ကုန်းလင်းရွယ် ခေါင်းခါယမ်းလိုက်ပြီး ဆက်မတွေးဖို့ ဆုံးဖြတ်လိုက်သည်။

ထိုအစားသူမမျက်လုံးတွေ ပိုမိုတောက်ပလာခဲ့သည်။

ဤဂျူနီယာမောင်လေးရှိနေမှုနှင် သူမတို့ ဤနေ့အခက်အခဲကို ဖြေရှင်းကောင်းဖြေရှင်းနိုင်၏။

တစ်ချိန်တည်းမှာပဲ သွေးသန့်စင်ခြင်းအစီရင်ကို တစ်ချက်ကြည့်ပြီး အလျှင်အမြန် အော်ပြောလိုက်သည်။

"ဂျူနီယာမောင်လေး, မြန်မြန် သွေးသန့်စင်ခြင်းအစီရင်ကိုတားလိုက်။ မဟုတ်ရင် သူတို့သွေးတွေ လုံးဝအကုန်စုပ်ယူခံရတော့မယ်...."

သူမနှင့် သူမ၏ဂျူနီယာညီမနှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရထားပြီး လှုပ်ရှားနိုင်ရုံသာ လှုပ်ရှားနိုင်တော့၏။

မဟုတ်လျှင် သေချာပေါက် ရှေ့တက်ပြီး ကူညီပြီးနေပြီဖြစ်သည်။

"ဆူညံနေတာပဲ...."

ပိုင်ချန်ခဲ့ ကုန်းလင်းရွယ်ကို အေးစက်စက်တချက်ကြည့်ပြီး ရှေ့တက်ကာ သွေးအစီရင်ကို ပိတ်ဆို့ထားလိုက်သည်။

အဓိပ္ပာယ်ကရှင်းလင်းလှ၏။

သွားလို့မရပေ။

"ပြီးပြည့်စုံခြင်းအဆင့် သိမ်မွေ့အဆင့်သိုင်းပညာက အစွမ်းထက်ပါတယ်။ ဒါပေမယ့် ဒါကိုတတ်တာ မင်းတစ်ယောက်တည်းမဟုတ်ဘူး...."

ပိုင်ချန်ခဲ့ ထူးမခြားနားသည့်အမူအရာ ပြသလိုက်၏။

သူက လက်ဆယ်ချောင်းကို ပုံသဏ္ဍာန်တစ်ခုပြုလုပ်လိုက်ရာ အစွမ်းထက်လေဓားသွားတွေပြေးထွက်ကုန်ပြီး ပတ်ဝန်းကျင်ရှိ ရှေးဟောင်းသစ်ပင်ကြီးတွေ ပြိုလဲကျကုန်၏။

တစ်ချိန်တည်းမှာပဲ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၉ ပိုင်ဆိုင်သည့်အော်ရာ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ဖုံးလွမ်းသွားခဲ့သည်။

"မင်း ငါ့ရဲ့ သွေးသန့်စင်ခြင်းအစီရင်ကို ရပ်ချင်ရင် တစ်ယောက်တည်းနဲ့တော့လုပ်နိုင်မှာမဟုတ်ဘူး..."

"ငါ့အထင် မင်းတစ်ခုခုကိုနားလည်မှုလွဲနေပြီ..."

သို့ပေမယ့် မုန့်ချန်ချင်း ပိုင်ချန်ခဲ့အနားချည်းကပ်လာခဲ့သည်။

"ဘာကိုနားလည်မှုလွဲတာလဲ..."

ပိုင်ချန်ခဲ့ မျက်လုံးမှေးကျဥ်းသွား၏။

"ငါမင်းကို တားဖို့မကြိုးစားဘူး။ မင်းက ငါ့ကို တားဖို့ကြိုးစားရမှာ...."

မုန့်ချန်ချင်းမျက်နှာ တည်ငြိမ်နေဆဲဖြစ်သည်။

သို့ပေမယ့် သူ့စကားတွေက ဧရိယာတစ်ခုလုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။

ဤအရာ သူ့ကိုယ်သူ ပိုင်ချန်ခဲ့ထက်ပိုသန်မာသည်ဟု ယူဆနေတာ သိသာ၏။

ပိုင်းချန်ခဲ့က သူ့ကိုအစွမ်းကုန်တားရမည်။

ဘယ်လိုတောင်ရဲတင်းလိုက်သနည်း။

"ကောင်းတယ်...."

ပိုင်ချန်ခဲ့ ဒေါသတကြီးရယ်လိုက်၏။

သူ့ကျင့်ကြံလာသည့်နှစ်တွေတစ်လျှောက် ဤလောက်ထိအဖက်မလုပ်ခံရတာ မခါမှမရှိခဲ့ဘူးပေ။

အဓိကအင်းအားစုကတပည့်တွေဆိုတော့ကော ဘာဖြစ်လဲ?

သူအရင်က အများကြီးသတ်ဖူး၏။

သိုင်းပညာကျွမ်းကျင်မှုခြင်းတူနေလျှင်တောင် သူ့ကျင့်ကြံရေးအဆင့်ကပိုမြင့်ရာ ဘာကြောင့်ရှုံးနိမ့်ရမည်နည်း။

"မင်းခွန်အားက မင်းပါးစပ်လောက် သန်မာဖို့မျှော်လင့်တယ်....."

"မဟုတ်ရင် မင်းကံကြမ္မာက သူတို့ထက်ပိုဆိုးသွားလိမ့်မယ်...."

ပြောပြီးနောက် ပိုင်ချန်ခဲ့ ဦးစွာလှုပ်ရှားလိုက်၏။

နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူက ဂုဏ်သိက္ခာတွေ၊မျက်နှာပျက်တာတွေ ဂရုမစိုက်ပေ။

သူ့ကျင့်ကြံရေးက များစွာပိုမြင့်နေလျှင်တောင် လက်ဦးမှုရဖို့ပဲ ရွေးချယ်မည်ဖြစ်သည်။

"ငရဲဘုံသစ္ဆေလက်ချောင်း....."

ပိုင်းချန်ခဲ့အရှိန်က အလွန်မြန်ပြီး အစောပိုင်းလူလေးယောက်ထက် သာလွန်နေခဲ့သည်။

မျက်မိတစ်မှိတ်မတိုင်ခင်မှာပဲ မုန့်ချန်ချင်းနားရောက်လာခဲ့သည်။

ထိုအခါ သူ့လက်ချောင်းတွေဖြင့်ထိုးချလိုက်ရာ လေပြင်းတစ်ခုနှင့်အတူ ရပ်တန့်လို့မရပဲ အရာရာကိုထိုးဖောက်သွးတော့မလိုပင်။

ပိုင်ချန်ခဲ့ အစွမ်းထက်ခွန်အားကိုထုတ်ပြလာပြီး အနည်းဆုံး မုန့်ချန်ချင်းတွေ့ဖူးသည့် အသန်မာဆုံးလူထက် များစွာသာလွန်နေခဲ့သည်။

ထို့ပြင် ဤအရာက မုန့်ချန်ချင်းကို စိတ်လှုပ်ရှားစေ၏။

ဤကဲ့သို့ရန်သူတစ်ယောက်ကသာ သူ့ခွန်အားအစစ်အမှန်ကို စမ်းသပ်ပေနိုင်မှာဖြစ်သည်။

ထို့ကြောင့် ဓားချက်တစ်ချက်တည်းဖြင့် အလွယ်တကူအနိုင်ယူမည်မဟုတ်ပေ။

"မင်းလက်အောက်ငယ်သားတွေလည်း ဒါကြောင့် ဒုက္ခရောက်ပြီးပြီ။ ငါ့နားကပ်လာတာ အန္တရာယ်ရှိတယ်မထင်ဘူးလား...."

မုန့်ချန်ချင်း တိုက်ရိုက်ပဲ ပိုင်ချန်ခဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။

ဤအခိုက်အတန့်၌ သူ့နှုတ်ခမ်းတွေက တွန့်ကွေးနေခဲ့သည်။

ဘုန်း!

ကြောက်စရာအရှိန်အဝါတစ်ခု မုန့်ချန်ချင်း ခန္ဓာကိုယ်မှထွက်ပေါ်လာခဲ့သည်။

ထူးခြားသည့်နတ်ဘုရားဓားတစ်ချောင်း ဓားအိမ်ထဲမှထွက်လာသလိုပင်။

ထက်ရှမျက်စိကျိန်းလောက်ကာ ကောင်းကင်နှင့်မြေကြီးကို ပိုင်းဖြတ်တော့မလိုပင်။

တစ်ချိန်တည်းမှာပဲ မုန့်ချန်ချင်း သူ့ဓားကို နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်၏။

လေမိုးကြိုးဓားသိုင်းကိုပဲ အသုံးပြုထားဆဲဖြစ်ပေမယ့် ဓားချက်က ပိုလို့တောင် ကြောက်စရာကောင်းလာခဲ့သည်။

ဓားအလင်းတန် မိုးကြိုးလျှပ်စီးကြောင်းကဲ့သို့ တောက်ပနေပြီး အမှောင်ထုကို ပျောက်ကွယ်သွားစေခဲ့သည်။

၎င်းက ပိုင်ချန်ခဲ့ဆီ ဘေးတိုက်ခုတ်ပိုင်းလာ၏။

"ဘာ?..."

ပိုင်ချန်ခဲ့မျက်ခွံ့တွေရုတ်တရက် ကျုံ့ဝင်သွား၏။ မျက်လုံးထဲရှိ ကြမ်းကြုတ်မှုတွေလည်းပျောက်ကွယ်သွားကာ တုန်လှုပ်မှုတွေ အစားထိုးလာ၏။

ဓားချက်၏စွမ်းအားက အရင်တစ်ခုနှင့် နှိုင်းယှဥ်လို့မရပေ။

အနည်းဆုံး ၁၀ဆ လောက်ပိုသန်မာ၏။

တွေးနေဖို့အချိန်မရှိပဲ ပိုင်ချန်ခဲ့ အလျှင်အမြန်နောက်ဆုတ်ဖို့သာ တတ်နိုင်၏။

သူ့ခြေလှမ်းတွေက မြန်ဆန်နေပြီး အခြားနတ်ဆိုးကျင့်ကြံသူတွေထက် သာလွန်နေခဲ့သည်။

သို့ပေမယ့် အကွာအဝေးက နီးကပ်လွန်းနေရာ ရှောင်တိမ်းလို့မရနိုင်ပေ။

သူက ထိပ်တိုက်ရင်ဆိုင်ဖို့သာတတ်နိုင်၏။

ဘုန်း!

ထိပ်တိုက်တွေ့သွားသည့်အခိုက်အတန့်၌ လေပြင်းတွေတိုက်ခတ်သွားပြီး သဲနှင့်ကျောက်စရစ်ခဲတွေ လွင့်ပျံကုန်၏။

မုန့်ချန်ချင်း မြဲမြံစွာရပ်နေပြီး မလှုပ်ရှားပေ။

ပိုင်းချန်ခဲ့ကတော့ လွင့်ပျံသွားခဲ့သည်။

သို့ပေမယ့် နတ်ဆိုးကျင့်ကြံသူလေးယောက်လိုတော့ ပြိုလဲကျမသွားပဲ တယိမ်းတယိုင်နှင့် နောက် ခြေလှမ်း ၁၀လှမ်းလောက်ဆုတ်လိုက်ရသည်။

သို့ပေမယ့် အခြေအနေကတော့ မကောင်းပေ။

သူ၏နဂိုဖြူဖျာ့နေသည့်မျက်နှာက ပိုလို့တောင်ဖြူဖျော့သွားပြီး အထူးသဖြင့် လက်တွေပင်။

သူ့လက်တွေက အဆက်မပြတ်တုန်ယင်နေခဲ့သည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

ပိုင်ချန်ခဲ့မျက်နှာ မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

သူခန့်မှန်းတာသာမှန်လျှင် ထိုထက်ရှသည့်အော်ရာက....ဓားချီပင်။

နက်နဲဆန်းကြယ်သည့်စွမ်းအားဖြစ်ပြီး နားလည်ဖို့ အလွန်မတန်ခက်ခဲ၏။

တပ်! တပ်! တပ်!

မုန့်ချန်ချင်း ဓားကိုင်ထားပြီး ပိုင်ချန်ခဲ့ဆီ လျှောက်လှမ်းလာခဲ့သည်။

သူ့မျက်လုံးတွေက တောက်ပနေပြီး နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။

"အခု, အစွမ်းကုန်သုံးပြီး ငါ့ကိုတားတော့...."

All Chapters