← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃)

ဒါဆိုငါအခု ပင်လယ်ခွဲခြမ်းခြင်းအဆင့်နဲ့ တိုက်ခိုက်နိုင်လောက်လား?

အသံတစ်ခု သစ်တောထဲမှာပဲ့တင်ထပ်လာပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်း၍ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

တစ်ယောက်မှစကားမပြောကြပဲ အားလုံး ကြောင်အနေခဲ့သည်။

ဘုရားရေ...

သူတို့ဘာမြင်နေရသနည်း။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အထွတ်အထိပ် သစ္ဆေပိုင်ချန်ခဲ့ကို တကယ်ပဲ ထိုက်ရွမ်ဂိုဏ်းဂျူနီယာတပည့်လေးတစ်ယောက်က ဓားတစ်ချက်နှင့်နောက်ဆုတ်သွားစေခဲ့သည်။

ဓားတစ်ချက်သာဖြစ်၏။

"ဓားချီ...."

ကုန်းလင်းရွယ် အာမေဋိတ်သံပြုလိုက်ပြီး သူမမျက်လုံးတွေက အရင်ကထက် ပိုလို့တောင် တုန်လှုပ်နေခဲ့သည်။

ဤအရာက အလွန်နားလည်ရခက်သည့် သိုင်းပညာ၏နက်နဲသည့်သဘောတရားတစ်ခုဖြစ်၏။

သဘာဝအတိုင်း ထိုက်ရွမ်ဂိုဏ်း၌ နားလည်ထားသည့်တပည့်တွေရှိပေမယ့် သူတို့အများစုက အဓိကတောင်ထိပ်တွေမှဖြစ်ပြီး ပါရမီရှင်တွေထဲ၌တောင် ပါရမီရှင်တွေဟု သတ်မှတ်နိုင်တာပဲဖြစ်သည်။

သို့ပေမယ့် ဤဂျူနီယာမောင်ငယ်လေးက အတွင်းစည်းကသာဖြစ်သည်။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်မှာ အဟုန်ကိုပိုင်ဆိုင်တာက တစ်ခါမှမကြားဖူးပေ။

"မင်း အတိအကျဘယ်သူလဲ..."

ပိုင်းချန်ခဲ့အသက်ပြင်းပြင်ရှူပြီး တည်ငြိမ်အောင်ကြိုးစားလိုက်သည်။

ရောက်လာသူက သာမန်တပည့်တစ်ယောက်ဟုထင်ခဲ့ပေမယ့် အချိန်တိုအတွင်း သူ့နားလည်နိုင်စွမ်းကို အဆက်မပြတ်ရိုက်ချိုးနေခဲ့သည်။

အထူးသဖြင့် နောက်ဆုံးအသုံးပြုလိုက်သည့်ဓားချီပင်။

၎င်းက ချဲ့ကားလွန်း၏။

ချီကိုနားလည်သည့်အခါ စွမ်းအားအဆက်မပြတ်တိုးမြှင့်နေတာနှင့်ညီမျှပြီး အနည်းဆုံး သိုင်းပညာ၏စွမ်းအားကို ၁၀ဆ ဒါမှမဟုတ် ထိုထက်တောင်ပိုမြှင့်တင်ပေးနိုင်၏။

သူ ဘယ်လိုလုပ် ဆက်တိုက်နိုင်တော့မည်နည်း။

ကျင့်ကြံရေးက လေးဆင့်ပိုမြင့်လျှင်တောင် ကွာဟမှုက ရှိနေဆဲဖြစ်သည်။

"ငါ့နာမည်မုန့်ချန်ချင်း၊ ထိုက်ရွမ်းစိတ်ဝိညာဥ်တောင် အတွင်းစည်းကိုဝင်ရောက်တာမကြာသေးဘူး..."

မုန့်ချန်ချင်း ဖြေညင်းစွာပြောလိုက်သည်။

သူက သူ့နာမည်အစစ်အမှန်ထုတ်ပြောရလို့ စိတ်ထဲမထားပေ။

အဘယ်ကြောင့်ဆိုသော် ယနေ့ ဤနေရာရှိလူတိုင်းသေရမည်ဖြစ်သည်။

ပြောပြီးနောက်...

မုန့်ချန်ချင်း သာမန်အတိုင်း စွမ်းအင်လှိုင်းတစ်ခု သွေးသန့်စင်ခြင်းအစီရင်ဆီပစ်လွတ်လိုက်သည်။

ခရက်!

လည်ပတ်နေသည့်သွေးသန့်စင်ခြင်းအစီရင် ချက်ချင်း ကွဲကြေသွားပြီး ရပ်တန့်သွားခဲ့သည်။

ထိုက်ရွမ်ဂိုဏ်းတပည့်တွေ တစ်ယောက်ပြီးတစ်ယောက်မြေပြင်ပေါ်ပြုတ်ကျလာပြီး သတိမေ့သွားကြသည်။

သို့ပေမယ့် အသက်အန္တရာယ်တော့မရှိတော့ပ။

"မင်း..."

ပိုင်ချန်ခဲ့အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။

အဆုံးမှာတော့ ဆေးလုံးက ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်သည်။

သို့ပေမယ့် ယခုချိန်က ဆေးလုံးကိုစိတ်ပူရမည့်အချိန်မဟုတ်ဘူးဆိုတာ သူသိ၏။

သူတွေးရမှာက ဤနေရာမှအသက်ရှင်လျက် ဘယ်လိုထွက်သွားရမည်ဆိုတာပင်။

"ကြည့်စမ်း, မင်းရှုံးသွားပြီ..."

မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်သည်။

"ဒီတော့ အခု မင်းကိုပန်းတိုင်သစ်တစ်ခုပေးမယ်။ မင်းကိုသတ်တာကနေ ငါ့ကိုတား..."

"မင်း..."

ပိုင်ချန်ခဲ့ အသက်ပြင်းပြင်းရှူလိုက်သည်။

တကယ်ပင်, ဤကောင်က လွန်လွန်ကဲကဲမောက်မာလွန်းပြီး ဗီလိန်တစ်ယောက်ကဲ့သို့ပြုမူနေခဲ့သည်။

ဘယ်သူက နတ်ဆိုးလမ်းစဥ်ကလဲဆိုတာတောင် မသဲကွဲတော့ပေ။

သို့ပေမယ့် ဤလူက မောက်မာဖို့အရည်အချင်းရှိတာ ပိုင်ချန်ခဲ့ နားလည်၏။

သူလည်း ချီကိုသာပိုင်ဆိုင်လျှင် သေချာပေါက် ဒီထက်တောင်မောက်မာအုန်းမည်ဖြစ်သည်။

"တကယ်ကို ထျန်လင်းစီရင်၏ အာဏာရှိအင်အားစုဆိုတဲ့အတိုင်းပဲ, အတွင်းစည်းကတောင် ဒီလိုကြောက်စရာကောင်းတဲ့ပါရမီရှင်မျိုး ပျိုးထောင်ပေးနိုင်တယ်...."

ပိုင်ချန်ခဲ့မတ်မတ်ရပ်လိုက်ပြီး အင်္ကျီလက်ထဲက လက်ညိုးအကာအကွယ်အသစ်တစ်စုံထုတ်ယူလိုက်သည်။

ထို့နောက် ဆေးတစ်လုံးသောက်လိုက်ရာ အတော်လေးဗရမ်းဗတာဖြစ်နေသည့် ချီနှင့် သွေးတွေ တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။

"ဒါပေမယ့် ငါ့ကိုသတ်ဖို့က အဲ့လောက်မလွယ်ဘူး...."

နောက်တစ်ခဏ၌ ထူးဆန်းသည့်အရာတစ်ခု ပိုင်ချန်ခဲ့လက်ထဲမှာပေါ်လာပြီး မြေပြင်ပေါ်ပစ်ခွဲလိုက်၏။

ထိုအခါ အနက်ရောင်မြူတွေပေါက်ထွက်လာပြီး အရပ်မျက်နှာအသီးသီးကို မျက်စိတစ်မှိတ်အတွင်း အလျှင်အမြန်ပျံ့နှံ့သွားခဲ့သည်။

ဤအနက်ရောင်မြူတွေက သာမန်ဟုတ်ပုံမရပေ။

ထူးဆန်းသည့်အသံတွေပဲ့တင်ထပ်နေပြီး စိတ်ကိုရှုပ်ထွေးစေကာ အမြင်အာရုံကို ပိတ်ဆို့ထား၏။

"ဂျူနီယာမောင်လေး, သတိထား။ ဒါက စိတ်ထွေပြားခြင်းအဆိပ်ငွေ့တွေပဲ။ ထင်ယောင်ယင်မှားတွေအလွယ်တကူဖြစ်စေနိုင်တယ်....."

ထို့နောက် သူမနှင့်သူမဂျူနီယာညီမတွေ မျက်လုံး၊ ပါးစပ်နှင့်နှာခေါင်းတွေကို ပိတ်ထားလိုက်သည်။

"စိတ်ထွေပြားခြင်းအဆိပ်ငွေ့..., တကယ်ကို နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူတွေမှာ ရှိနိင်တဲ့အရာမျိုးပဲ..."

မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ် တောက်ပသွား၏။

အစွမ်းထက်ကျင့်ကြံသူတိုင်း၌ အံမခန်းဝှက်ဖဲတွေရှိကြ၏။

သူ့ရှေ့ရှိပိုင်းချန်ခဲ့က ဥပမာပင်။

ဤမြူတွေနှင့် သာမန်လူတစ်ယောက် လွတ်လွတ်လပ်လပ်မလှုပ်ရှားရဲပဲ နေရာမှာ စောင့်နေရုံသာတတ်နိုင်၏။

သို့ပေမယ့် သူက သာမန်ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။

သူဒေါ်လေးဆီမှရထားသည့် ဝိညာဥ်မျက်လုံးရှိရာ ထိုအရာက ဤကဲ့သို့အာရုံလှည့်စားမှုကို တန်ပြန်ဖို့ အကောင်းဆုံးဖြစ်၏။

"ဝိညာဥ်မျက်လုံး, ဖွင့်..."

မုန့်ချန်ချင်း မျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်သည့်အခါ အထဲ၌ တောက်ပသည့်အလင်းရောင်တစ်ခုရှိနေပြီး အလွန်နက်နဲလှ၏။

မူလမဲမှောင်နေသည့်ပတ်ဝန်းကျင်တောင် နေ့ဘက်နီးပါး လင်းထိန်သွားသည်။

စိတ်ထွေပြားစေသည့်မြူတွေလည်း သဲလွန်စမရှိ အလျှင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

အရာရာက လုံးဝရှင်းလင်းလာခဲ့ပြီး ဝိညာဥ်မျက်လုံးက ပုံရိပ်ယောင်တွေကို လွင့်ပြယ်သွားစေခဲ့သည်။

ဟူး!

လေပြင်းတစ်ခု သူ့ကိုဖြတ်တိုက်သွားပြီး ထိုအရာက တိုက်ခိုက်မှုရောက်လာတာကိုညွှန်ပြနေခဲ့သည်။

သို့ပေမယ့် မုန့်ချန်ချင်းတုံ့ပြန်မှုက အလွန်လျှင်မြန်၏။ ဖျတ်ကနဲလှုပ်ရှားမှုနှင့် မူလနေရာမှပျောက်ကွယ်သွားခဲ့သည်။

ပြန်ပေါ်လာသည့်အခါ ၁၀မီတာအဝေးကို ရောက်နေပြီဖြစ်သည်။

"မြန်လှကြီလား..."

ပိုင်ချန်ခဲ့ အတော်လေး မယုံနိုင်ဖြစ်သွား၏။

သူမူလကစီစဥ်ထားခဲ့တာ စိတ်ထွေပြားခြင်းမြူတွေကြား၌ ဤလူကို ခြုံခိုတိုက်ခိုက်မည်ဟူ၍ပင်။

မည်သူထင်ထားမည်နည်း။ ဤကောင်၏ခြေလှမ်းသိုင်းက အလွန်ကြောက်စရာကောင်းနေခဲ့သည်။

"ခဏနေပါအုန်း, အဲ့ဒီမျက်လုံးတွေ...."

ပိုင်ချန်ခဲ့ ရုတ်တရက် ကျောရိုးတစ်လျှောက်အေးစိမ့်သွား၏။

အဘယ်ကြောင့်ဆိုသော် သူ့ပတ်လည်၌စိတ်ထွေပြားခြင်းမြူတွေဖြင့်ဝန်းရံထားတာတောင် မုန့်ချန်ချင်းမျက်လုံးတွေက သူ့ကိုစိုက်ကြည့်နေတာ သတိထားမိလိုက်သောကြောင့်ပင်။

မယုံနိုင်အောင်လောင်ကြည်လင်နေပြီး လုံးဝသက်ရောက်မခံရသလိုပင်။

"ပြေး..."

ပိုင်ချန်ခဲ့ တစ်ဖက်လှည့်ကာ ထွက်ပြေးတော့၏။

ဤအခိုက်အတန့်၌ သူက နောက်ထပ်မတိုက်ခိုက်ချင်တော့ပေ။

ဤလူက သူထင်ထားတာထက်ပိုကြောက်စရာကောင်းနေခဲ့သည်။

သူ၏များပြားလှသည့်အတွေ့အကြုံတွေအရ ဤကောင်က ခွန်အားကုန်ထုတ်မသုံရသေးပေ။

"ထွက်ပြေးချင်တာလား။ ဒါဆိုလည်း အဆုံးသတ်လိုက်ကြတာပေါ့..."

မုန့်ချန်ချင်း အတော်လေး စိတ်ပျက်သွား၏။

မူလ၌ သူက နည်းနည်းပိုတိုက်ချင်သေးတာဖြစ်သည်။

တစ်ချက်က သူ့ခွန်အားအဆင့်ကို စမ်းသပ်ဖို့ဖြစ်ပြီး အခြားတစ်ချက်က တိုးတက်လာသည့်နားလည်နိုင်စွမ်းနှင့် ယခု စိတ်ထဲမှာ အတွေးမြင်များစွာရှိနေပြီဖြစ်ရာ ထိုအရာတွေကို တိုက်ပွဲထဲမှာ စမ်းသပ်ကြည့်ချင်၏။

သို့ပေမယ့် ပိုင်ချန်ခဲ့ နောက်ထပ်တိုက်ခိုက်လိုစိတ်မရှိတော့သဖြင့် ဆက်လုပ်ဖို့ မလိုအပ်တော့ပေ။

ဝှစ်!

သူ့ပုံရိပ်ပျောက်ကွယ်သွား၏။

ပြီးပြည့်စုံခြင်းအဆင့်ဓားသိုင်းနှင့် ဓားပေါ်ရှိတောက်ပသည့်အလင်းရောင်ကိုပေါင်းစပ်လိုက်သည့်အခါ မြူတစ်လျှောက်ထိုးခွဲသွားသည့် မိုးကြိုးလျှပ်စီးတစ်ခုကဲ့သို့ပင်။

မျက်စိတ်တစ်မှိတ်အတွင်း ပိုင်ချန်ခဲ့ကို လိုက်မှီသွား၏။

"သေစမ်း..."

နောက်ရှိ နီးကပ်လာသည့်ဓားချီကိုခံစားမိသည့်အခါ ပိုင်ချန်ခဲ့မျက်နှာ ပိုလို့တောင်ဖြူဖြော့သွား၏။

မုန့်ချန်ချင်းလိုက်မှီလာပြီဆိုတာ သူသိလိုက်သည်။

ထိုကောင်က ဘယ်လိုမကောင်းဆိုးဝါးနည်း။

ဓားသိုင်း ပြီးပြည့်စုံခြင်းအဆင့်ရောက်နေရုံသာမက အရှိန်ကလည်း ကြောက်စရာကောင်းလှ၏။

နာမည်ကျော်ပိုင်ချန်ခဲ့က သူ့ထက်ကျင့်ကြံရေးအဆင့်နိမ့်သည့် သိုင်းပညာရှင်လေးတစ်ယောက်ကြောင့် ဤအခြေနေထိ ဖိအားပေးခံနေရ၏။

ထိုအရာကိုတွေးပြီ....

"ဒါဆိုလည်း အတူတူသေကြတာပေါ့...."

မလွတ်နိုင်တော့ဘူးဆိုတာသိ၍ တစ်ဖက်လှည့်ပြီး ပြတ်ပြတ်သားသားတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။

သို့ပေမယ့် သူမြင်လိုက်ရတာက မျက်စိကျိန်လောက်အောင်တောက်ပနေသည့် ဓားအလင်းရောင်ပင်။

၎င်းက ကောင်းကင်မိုးကြိုးကဲ့သို့ အရာရာကို ဖျက်ဆီးသွားခဲ့သည်။

"လေမိုးကြိုးဓားသိုင်းကောင်းကင်ခွဲခြင်း..."

ဘုန်း!

ရှေးဟောင်းသစ်ပင်ကြီးတွေ တစ်ပင်ပြီးတစ်ပင်ပြိုလဲကျကုန်ပြီး ကျယ်ပြောသည့်ကွင်ပြင်ကြီးဖြစ်သွား၏။

အေးစက်သည့်လရောင်က နောက်ဆုံးမှာ အတားအဆီးမရှိမြေပြင်ပေါ်ကျဆင်းလာခဲ့သည်။

"မုန့်..."

ပိုင်ချန်ခဲ့ နေရာမှာရပ်နေဆဲဖြစ်ပေမယ့် ဤစကားလုံးရေရွတ်ပြီးနောက် သူ့လည်ပင်းမှ သွေးအများအပြားပန်းထွက်လာခဲ့သည်။

ထို့နောက် ဦးခေါင်း မြေပြင်ပေါ် လိမ့်ဆင်းသွားခဲ့ပြီး မျက်နှာ၌ ဆန္ဒမရှိမှုတွေ အပြည့်ပင်။

အသက်ပြင်းပြင်းရှူလိုက်ပြီး မုန့်ချန်ချင်း ဓားပြန်သိမ်းလိုက်သည်။

သူက ဆေးလုံးအများအပြားထုတ်ယူပြီး မြိုချကာ ကုန်ဆုံးသွားသည့် သွေးနှင့်ချီစွမ်းအင်ကို ပြန်လည်ဖြည့်တင်းလိုက်၏။

ဤတိုက်ပွဲပြီးနောက် သူ၏အစစ်အမှန်အဆင့်ကို သိလုနီးပါးဖြစ်သွားခဲ့သည်။

တကယ်ပင်။ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်၌ ပြိုင်ဘက်မရှိပေ။

အဆုံးမှာတော့ ပိုင်ချန်ခဲ့, နာမည်ကျော်သစ္ဆေလက်က အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်မှာ အတော်ဆုံးတွေထဲမှတစ်ယောက်ဖြစ်သည်။

သို့ပေမယ့် လင်းလုံအေးစက်လမင်းဓားသိုင်း မသုံးပဲနှင့်တောင် အကွက်ရေအနည်းငယ်ဖြင့် သတ်နိုင်ခဲ့၏။

"ဒါဆို ငါအခု ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို တိုက်ခိုက်နိုင်လောက်လား...."

အခန်း (၃၄)

အဆင့် ၂ ဆေးဖော်စပ်ဆရာ၊ အင်ပါယာဖျက်ဆီခြင်းနေမီးတောက်နည်းစနစ်

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်... ၎င်းက လုံးဝအရည်အသွေးပိုင်းဆိုင်ရာပြောင်းလဲသွားသည့်နယ်ပယ်တစ်ခုဖြစ်၏။

သာလွန်နယ်ပယ်ဟုလည်းလူသိများပြီး သာမန်ထက်သာလွန်သွားတာကို ဆိုလို၏။

အဘယ်ကြောင့်ဆိုသော် ထိုအဆင့်၌ လူတစ်ယောက်၏ခွန်အားသဘာဝက ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့ရသောကြောင့်ပင်။

ဥပမာ သွေးကြောပုံသွင်းခြင်းနယ်ပယ်နှင့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်က သွေးနှင့်ချီစွမ်းအင်ကို အသုံးပြု၏။

သို့ပေမယ့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှာတော့ စစ်မှန်ချီအဖြစ်ပြောင်းသွားပြီဖြစ်သည်။

ကမ္ဘာကြီး၌ရှေးဦးချီရှိပြီး လူသားတွေက ချီပင်လယ်ကိုလေ့ကျင့်ကာ ရှေးဦးချီနှင့် သူတို့သွေးချီတွေကိုပေါင်းစပ်ကာ ပိုအဆင့်မြင့်သည့် စစ်မှန်ချီအဖြစ်ပြောင်းလဲလိုက်၏။

သွေးနှင့်ချီလိုမဟုတ်ပဲ စစ်မှန်ချီက ခန္ဓာကိုယ်အပြင်ဘက်၌ တည်ရှိနေနိုင်၏။

ထိုရာဇဝင်တွေထဲရှိ ဇန်တစ်ရာလောက်မြင့်သည့်ဓားအလင်းတန်း၊ အကန့်သတ်မဲ့ဆေဘာချီ၊ မိုင်ထောင်ချီအဝေးမှလူကိုခါင်းဖြတ်ခြင်း ထိုအရာအားလုံးက စစ်မှန်ချီ၏ သရုပ်သဏ္ဍာန်တွေပဲဖြစ်သည်။

သူ ယခုလက်ရှိသုံးနေသည့် လေမိုးကြိးဓားသိုင်းက ဓားပေါ်မှာ လျှပ်စီးကြောင်းတွေရှိသော်လည်း ၎င်း၏စွမ်းအားအားလုံးက သွေးနှင့်ချီမှလာတာဖြစ်သည်။

သို့ပေမယ့် စစ်မှန်ချီသာဆိုလျှင် အစစ်အမှန်မိုးကြိုးအဖြစ်သိပ်သည်းသွားပြီး အဆက်မပြတ်တိုက်ခိုက်နိုင်ပြီဖြစ်သည်။

ရန်သူတွေအနားကပ်လို့တောင်ရမည်မဟုတ်ပဲ မဆက်မပြတ်ထွက်ပေါ်နေသည့်မိုးကြိုးဓားချီဖြင့် ဖိနှိပ်သတ်ဖြတ်ရုံပဲဖြစ်သည်။

ထို့ကြောင့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်နှင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကြားရှိ ခြားနားချက်က မိုးနဲ့မြေလိုပဲဖြစ်သည်။

ခွန်အားသဘာဝနှင့် တိုက်ခိုက်ရေးနည်းလမ်းတွေမှာလည်း တူညီသည့်အဆင့်မှာမရှိပေ။

ထို့ကြောင့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ရှိသိုင်းပညာရှင်တွေအတွက် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို အနိုင်ရဖို့က အလွန်အမင်းခက်ခဲ၏။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်သိုင်းပညာရှင်၏အုတ်မြစ်က ကြောက်စရာကောင်းလောင်အောင်ခိုင်မာနေလျှင်တော့ တစ်မျိုးပင်။

"အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၉ ရောက်ရင်တော့ တိုက်ခိုက်နိုင်လောက်တယ်...."

မုန့်ချန်ချင်း စိတ်ထဲမှာ သုံးသပ်ကြည့်လိုက်၏။

ထို့နောက် သူ့အတွေးတွေကိုပြန်ရုတ်သိမ်းပြီး ရှေ့ရှိပိုင်းချန်ခဲ့အလောင်းကို အနည်းငယ်ရှာဖွေလိုက်သည်။

ဤကောင်က သာမန်သိုင်းပညာရှင်တစ်ယောက်မဟုတ်ရာ အတော်လေးကြွယ်ဝသင့်၏။

သို့ပေမယ့် ရှာဖွေပြီးနောက် အကြီးအကျယ်စိတ်ပျက်သွားခဲ့သည်။

ထိုအရာက သူထင်ထားတာနှင့် ဆန့်ကျင်ဘက်ပင်။

အတော်ဆင်းရဲလွန်း၏။

ထိုကောင့်ကိုယ်ပေါ်၌ ဆေးလုံးအနည်းငယ်နှင့် လျို့ဝှက်ကျင့်စဥ်တစ်ခုသာရှိသည်။

နာမည်က ငရဲဘုံသစ္ဆေလက်ချောင်းဖြစ်ပြီး သိမ်မွေ့အဆင့်နိမ့်ဖြစ်၏။

ခဏလှန်လှောဖတ်ပြီးနောက် စိတ်ဝင်စားမှုပျောက်ဆုံးသွားခဲ့သည်။

၎င်း၏စွမ်းအားက သာမန်ပင်။

လေမိုးကြိုးဓားသိုင်းနှင့်တောင်မယှဥ်နိုင်ရာ လေ့ကျင့်ဖို့မလိုအပ်ပေ။

"သူ့အရင်းမြစ်တွေကုန်သွားလို့ ဒီနေရာလာပြီး နတ်ဆိုးနည်းနဲ့ ဆေးလုံးသန့်စင်တာနေမှာ...."

မုန့်ချန်ချင်း ကျင့်စဥ်ကို ဘေးလွင့်ပစ်လိုက်သည်။

သွေးသန့်စင်ခြင်းအစီရင်အတွက်တော့ ပိုလို့တောင်စိတ်မဝင်စားပေ။

စမ်းချောင်းဝါအပ်စိုက်မှတ်ဆေးလုံး၏ အာနိသင်က မဆိုးသော်လည်း အဆုံးမှာတော့ နတ်ဆိုးဆေးလုံးဖြစ်ရာ သောက်သုံးလျှင်ဘေးထွက်ဆိုးကျိုးရှိပြီး အသိစိတ်ကို ရူးသွပ်သွားစေနိုင်၏။

တိုက်ပွဲအတွင်း၌ ဂျန်ဖန်း ဤလူတွေ၏အချက်အလက်ဇယားတွေကိုမြင်ပြီးဖြစ်ရာ တစ်ယောက်မှ ထူးထူးခြားခြားဘာမှမရှိပေ။

ထို့ကြောင့် ထိန်ချန်မထားပေ။

ပိုင်းချန်ခဲ့အသုံးပြုသည့်ပစ္စည်းက အထဲမှာမြူတွေပါရှိသည့်လျို့ဝှက်ကိရိယာတစ်ခုဖြစ်နိုင်၏။ သူကိုယ်တိုင်က ဘာကြောင့်သက်ရောက်မခံရလဲဆိုလျှင် ၎င်းနှင့် အချိန်အတော်ကြာတကည်းက ကျင့်သားရနေလို့ဖြစ်ရမည်ပင်။

မြူက အကန့်အသတ်ရှိ၏။

ထို့ကြောင့် ယခုချိန်၌ ၎င်းတို့မှာ စတင်ပျောက်ကွယ်နေပြီဖြစ်သည်။

အထူးသဖြင့် ညလေပြေနှင့်အတူ ပိုပြီးတောင်မြန်မြန်ပျောက်ကွယ်နေခဲ့သည်။

မြူခိုးတွေက ရန်သူမိတ်ဆွေခွဲခြားခြင်းမရှိပေ။

ထို့ကြောင့် ပိုင်ချန်ခဲ့လက်အောက်ငယ်သားတွေလည်း ပုံရိပ်ယောင်ထဲပိတ်မိနေပြီး ထူးဆန်းသည့်လုပ်ဆောင်မှုတွေ ပြုလုပ်နေခဲ့၏။

မမြင်ချင်၍မျက်စိတ်မိတ်ထားလိုက်သည်။

မုန့်ချန်ချင်း ရိုးရှင်းစွာပဲ သူတို့ကိုတစ်ယောက်ပြီးတစ်ယောက်အဆုံးသတ်ပေးပြီး ပိုင်းချန်ခဲ့နှင့် တွေ့ဆုံဖို့ပို့ပေးလိုက်သည်။

ကုန်းလင်းရွယ်နှင့် အခြားနှစ်ယောက် ဘယ်လိုပြုမူရမလဲဆိုတာသိ၏။

အစောကြီးကတည်းက မျက်လုံး၊ ပါးစပ်၊နှာခေါင်းတွေကိုပိတ်ထားရာ မြူကြောင့် သက်ရောက်မခံခဲ့ရပေ။

ယခု မြူတွေပျောက်ကွယ်သွားပြီဖြစ်၍ မျက်လုံးဖွင့်လိုက်ကြသည်။

ပထမဆုံးအကြည့်မှာတင် သူမတို့ ပိုင်းချန်ခဲ့ ခေါင်းတခြားကိုယ်တခြားဖြင့် မြေပြင်ပေါ်လဲနေတာမြင်လိုက်ပြီး မျက်နှာပေါ်၌ သက်သာရာရသည့်အမူအရာ ထွက်ပေါ်လာ၏။

အမှန်တိုင်းပြောရလျှင် မြူတွေပျောက်ကွယ်သွားချိန် ကုန်းလင်းရွယ်နှလုံးသားတင်းကြပ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စိတ်စွမ်းအား အားနည်းသည့်လူတွေက အလွယ်တကူသက်ရောက်ခံရသောကြောင့်ပင်။

ထို့ပြင် သက်ရောက်ခံရသည်နှင့် အသတ်ခံရမည့်သိုးငယ်လေးကဲ့သို့ ခုခံနိုင်စွမ်းလုံးဝကင်းမဲ့နေမည်ဖြစ်သည်။

ကံကောင်းစွာဖြင့် ဤဂျူနီယာမောင်လေးမုန့်က စိတ်စွမ်းအားသန်မာနေခဲ့သည်။ ပုံရိပ်ယောင်၏သက်ရောက်မခံခဲ့ရုံသာမက ပိုင်ချန်ခဲ့ကိုတောင် မြူထဲမှာသတ်ဖြတ်နိုင်ခဲ့သည်။

ခွန်အားက တကယ်ပဲ အတော်လေး အံ့အားသင့်စရာကောင်း၏။

အနည်းဆုံး သူမသိသည့်အတွင်းစည်းတပည့်တွေထဲ၌ သာမန်မဟုတ်သည့်လူအနည်းငယ်မှလွဲပြီး ယှဥ်နိုင်သူမရှိသလောက်ပင်။

"ကူညီလို့ ကျေးဇူးတင်ပါတယ်, ဂျူနီယာမောင်လေးမုန့်။ ငါ့နာမည်က ကုန်းလင်းရွယ်ပါ။ ဆေးဘုရင်တောင်ထိပ်ရဲ့တပည့်တစ်ရောက်လေ...."

"ဒီနှစ်ယောက်က ငါ့ရဲ့ဂျူနီယာညီမတွေဖြစ်တဲ့, တန်မိုဟန် နဲ့ ချင်းဇီယန်..."

ကုန်းလင်ယွဲ့ ခက်ခက်ခဲခဲမတ်တပ်ရပ်ပြီး သူမသဘောထားကိုပြသလိုက်သည်။

သူမစကားတွေက ရိုးသား၏။ ဂျူနီယာမောင်လေးမုန့်၏အချိန်မှီရောက်ရှိလာမှုကြောင့်သာမဟုတ်လျှင် သူမတို့သုံးယောက် ယခုလောက်ဆို စမ်းချောင်းဝါအပ်စိုက်မှတ်ဆေးလုံး၏တစ်စိတ်တစ်ပိုင်းဖြစ်နေလောက်ပြီဖြစ်သည်။

"ကျေးဇူးတင်ပါတယ်, ဂျူနီယာမောင်လေးမုန့်..."

အမျိုးသမီးတပည့်နှစ်ယောက်လည်း သူမတို့ ကျေးဇူးတင်မှုကို ပြသလိုက်သည်။

သူမတို့မျက်လုံးတွေထဲ၌ သဘောကျသည့်အရိပ်အယေင်တွေရှိနေခဲ့သည်။

အစောပိုင်း ပတ်ဝန်းကျင်ကမှောင်နေ၍ မုန့်ချန်ချင်းအသွင်အပြင်ကို သတိမထားမိပေ။

ယခု လရောင်တောက်ပနေပြီး....

သေချာကြည့်လိုက်သည့်အခါ မျှော်လင့်မထားလောက်အောင် ချောမောနေခဲ့သည်။

လူတိုင်းက အဆုံးမှာတော့ ခွန်အားကို သဘောကျကျသည်မဟုတ်လား။

ဤကဲ့သို့ကြောက်မက်ဖွယ်ခွန်အား၊ ချောမောသည်အသွင်အပြင်နှင့် မည်သူက လျစ်လျူရှူနိုင်မည်နည်း။

"အမတို့ ယဥ်ကျေးနေပါပြီ။ ကျွန်တော်တို့တွေက တစ်ဂိုဏ်းတည်းသားတွေပဲ အပြင်မှာတစ်ယောက်နဲ့တစ်ယောက် ကူညီရမှာပေါ့...."

"ဒီနတ်ဆိုးသူခိုးတွေရဲ့ ရမ်းကားသတ်ဖြတ်နေတာကို ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ...."

မုန့်ချန်ချင်း ခပ်ဖွဖွအပြုံးတစ်ခုနှင့် လျှောက်လှမ်းလာခဲ့သည်။

တစ်ချိန်တည်းမှာပဲ သူက အမျိုးသမီးသုံးယောက်၏ အချက်အလက်ဇယားတွေကို ကြည့်လိုက်သည်။

အခြေခံအချက်အလက်-

[အမည်- ကုန်းလင်းရွယ်]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၇]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၃]

[နားလည်နိုင်စွမ်း- အလယ်အလတ်]

[နည်းစနစ်နှင့်သိုင်းပညာ- အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ် (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ ဒြပ်စင်ကူးပြောင်းခြင်းလက်သီး (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်) ]

[ဆေပညာကျွမ်းကျင်မှု- အဆင့် ၂]

"အဆင့် ၃ က ပါရမီရှင်တစ်ယောက်လို့ပြောလို့ရတယ်...."

မုန်ချန်ချင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

သို့ပေမယ့် ပါရမီရှင်ဆိုသည့်အဓိပ္ပာယ်က ရုပ်ခန္ဓာပေါ်မှာသာ အခြေမခံပေ။

၎င်းက နားလည်နိုင်စွမ်း၊ ပါရမီစွမ်းရည်၊ သွေးမျိုးဆက်၊ ရုပ်ခန္ဓာ အစရှိသဖြင့် ထိုအရာတွေပေါ်မှာမူတည်၏။

ယခင်က ရှီညီအကိုတွေကဲ့သို့ပင် ကျောက်တုံးသွေးမျိုးဆက်တစ်ခုတည်းဖြင့် ပါရမီရှင်ဆိုသည့် ခေါင်းစဥ်နှင့်ထိုက်တန်ဖို့လုံလောက်၏။

မဟုတ်ပေ။ ၎င်းကို မကောင်းဆိုးဝါးဟုပင် ခေါ်သင့်၏။

"ဆေးပညာကျွမ်းကျင်မှု အဆင့်၂၊ ဒါက သူမ အဆင့် ၂ ဆေးဖော်စပ်ဆရာလို့ဆိုလိုတာမလား...."

မုန့်ချန်ချင်းမျက်လုံးထဲမှာ အလင်းတစ်ချက်တောက်ပသွား၏။

ဤအရာက ပင်ကိုယ်ပါရမီအချက်အလက်ဖြစ်၏။

အခြေခံအချက်အလက်မဟုတ်ပေ။

ဆိုလိုတာ သူမကိုသာ မိတ်ဆွေအဖြစ်ပေါင်းထည့်နိုင်လျှင် ထိုအရာကိုရရှိဖို့ အခွင့်ရေးရှိ၏။

ကျင့်ကြံရေးလောက၌ ဆေးဖော်စပ်ဆရာတစ်ယောက်၏အဆင့်အတန်းက အတော်မြင့်၏။

နေ့စဥ်နေ့တိုင်း ဆေးပညာသင်ယူနေသည့် သိုင်းပညာရှင်တွေ မရေမတွက်နိုင်အောင်ရှိ၏။

ဂုဏ်သတင်းကိုမပြောလိုသေးပေ။ ကြွယ်ဝမှုတစ်ခုတည်းကကို အဆုံးမရှိပေ။

သူသာ ကုန်းလင်းရွယ်ဆီမှ ဤစွမ်းရည်ကိုရနိုင်လျှင် တိုက်ရိုက်အဆင့် ၂ ဆေးဖော်စပ်ဆရာတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

"ငါ ဒီအမျိုးသမီးကို မိတ်ဆွေဖြစ်အောင်လုပ်ရမယ်...."

မုန့်ချန်ချင်း ကုန်းလင်းရွယ်ကိုကြည့်ပြီး သူ့မျက်လုံးထဲရှိအလင်းရောင်က တဖြည်းဖြည်း ပိုပိုတောက်ပလာခဲ့သည်။

အခြားနှစ်ယောက်အတွက်တော့ အချက်လက်ပြဇယားက ကုန်းလင်းရွယ်လောက်မကောင်းပေ။

သူတို့၏ဆေးပညာကျွမ်းကျင်မှုက အဆင့် ၁သာရှိ၏။

ထို့ပြင်, သိုင်းပညာမှာလည်း အင်ပါယာဖျက်စီးခြင်းနေမီးတောက်နည်းစနစ် ရှိမနေပေ။

ကြည့်ရတာ ဤနှစ်ယောက်နှင့် ကုန်းလင်းရွယ်ကြားက ကွာခြားမှုက အတော်လေးကြီးမားပုံရ၏။

All Chapters