← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅)

စီနီယာအမဆန္ဒရှိမလားကျွန်တော်သိချင်တယ်

မုန့်ချန်ချင်း သူမကိုစိုက်ကြည့်နေတာမြင်တော့ ကုန်းလင်းရွယ် ရုတ်တရက် အနည်းငယ်ရှက်သွားပြီး ခပ်မှိန်မှိန်နီရဲမှုတစ်ခု နှင်းဖြူရောင်ပါးပြင်တစ်လျှောက် ဖြတ်ပြေးသွား၏။

သို့ပေမယ့် တစ်နည်းနည်းဖြင့် သူမနှလုံးသားထဲ၌ အနည်းငယ်မျှပင် စိတ်ပျက်မှုကို မခံစားရပေ။

တိတ်ဆိတ်နေတာကိုသတိထားမိသည့်အခါ မုန့်ချန်ချင်းလည်း တုံ့ပြန်လိုက်၏။

အဓိကကတော့ ကုန်းလင်းရွယ်အချက်အလက်ပြဇယားမှာ အတော်လေးကောင်းမွန်နေတာဖြစ်သည်။

သူက တစ်ခဏ နောက်တစ်ကြိမ်ထပ်ကြည့်လိုက်၏။

"အို,ဟုတ်သားပဲ, ကျွန်တော်တို့ ဒီဂိုဏ်းတူတပည့်တွေကို ဘယ်လိုကိုင်တွယ်သင့်လဲ..."

မုန့်ချန်ချင်း သွေးသန့်စင်ခြင်းအစီရင်ကို ညွှန်ပြလိုက်သည်။

သွေးသန့်စင်ခြင်းအစီရင်ကျိုးပျက်သွားပြီး စုပ်ယူခံရသည့်သွေးတွေ တပည့်တွေခန္ဓာကိုယ်ထဲပြန်ရောက်သွားသော်လည်း ဒဏ်ရာအပြင်းအထန်ရစေဆဲဖြစ်သည်။

"ဟုတ်သားပဲ, ငါတို့ သူတို့သွေးကြောတွေ၊ ချီနှင့် သွေးတွေကို အမြန်ချိန်ညှိပေးဖို့လိုတယ်...."

ထို့နောက် အလျှင်အမြန်ပဲ ထိုနေရာကို သွားရန်ပြင်လိုက်သည်။

ဆေးဖော်စပ်ဆရာတစ်ယောက်အနေဖြင့် သူမက သဘာဝအတိုင်း ဆေးပညာမှာကျွမ်းကျင်၏။

သို့ပေမယ့် ရှေ့တစ်လှမ်းလှမ်းလိုက်ချိန်မှာပဲ တစ်ကိုယ်လုံး နာကျင်မှုကို ခံစားလိုက်ရသည်။

သုံးယောက်ထဲ၌အသန်မာဆုံးအနေဖြင့် သဘာဝအတိုင်း သူမက ပိုင်းချန်ခဲ့၏ အထူးအာရုံစိုက်မှုကိုခံရသည်။

ကာကွယ်ရေးရတနာကြောင့်သာမဟုတ်လျှင် အပြင်းအထန်ဒဏ်ရာရပြီး သတိမေ့မျှောနေလောက်ပြီဖြစ်သည်။

မုန့်ချန်ချင်း အလိုအလျောက် သူမကို တွဲထားပေးလိုက်သည်။

တစ်ခဏ သင်းပျံ့သည့်ရနံ့တစ်ခု သူ့နှာခေါင်းထဲတိုးဝင်လာပြီး သူတို့ထိတွေ့လိုက်သည့်အခါ သူမ၏ခန္ဓာကိုယ်က ကျောက်စိမ်းကဲ့သို့နွေးထွေးပျော့ပျောင်းနေတာကို ခံစားလိုက်ရသည်။

"စီနီယာအမကုန်း, အမအဆင်ပြေရဲ့လား..."

မုန့်ချန်ချင်း မေးလိုက်သည်။

"ငါအဆင်ပြေပါတယ်...."

ကုန်းလင်းရွယ်မျက်နှာ အနည်းငယ်နီရဲသွား၏။

ယခုချိန်ထိ သူမ ဘယ်ယောက်ျားနှင့်မှ ဤလောက်ထိနီးနီးကပ်ကပ်မနေဘူးပေ။

ကံကောင်းစွာပဲ လရောင်က မှိန်ဖျော့နေခဲ့ရာ သူမအမူအရာကို မည်သူမှ ရှင်းရှင်းလင်းလင်းမမြင်လိုက်ပေ။

"ကျွန်တော့်မှာ ကုသဆေးလုံးအချို့ရှိတယ်။ အမသောက်မလား..."

မုန့်ချန်ချင်း သိုလှောင်လက်စွပ်ထဲမှ သူ့ဒေါ်လေးပြင်ဆင်ပေးထားသည့် ဆေးလုံးအချို့ထုတ်ယူလိုက်သည်။

၎င်းတို့ထဲ၌ အဆင့်၂ ဆေးလုံးတောင် ပါနေခဲ့သည်။

အလွန်အဖိုးတန်၏။

"ကျေးဇူးတင်ပါတယ်, ဂျူနီယာမောင်လေးမုန့်, ဒါပေမယ့် ဆေးဖော်စပ်ဆရာတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် ငါတို့မှာမရှိပဲနေမလဲ...."

ကုန်းလင်းရွယ် ပါးစပ်ထောင့်မှသွေးစအချို့ကိုသုတ်လိုက်ပြီး မုန့်ချန်ချင်းကိုကြည့်သည့် အကြည့်တွေက ပိုလို့တောင်ပျော့ပျောင်းလာခဲ့သည်။

အဆင့် ၂ ဆေးလုံးက သာမန်ပစ္စည်းမဟုတ်ပေ။

ထိုအရာတွေကို ပြတ်ပြတ်သားသားထုတ်လာပုံအရ ဂျူနီယာမောင်လေးမုန့်၏ စိတ်ဓာတ်က အလွန်ကောင်းတာကို ပြသနေ၏။

သူက လူကောင်းတစ်ယောက်ပင်။

"အမ, နင်အရင်နားလိုက်အုန်း။ ဂျူနီယာမောင်လေးမုန့် နင် အမကိုဂရုစိုက်ပေးနိုင်မလား။ ငါတို့ တပည့်တွေကိုကုဖို့ သွေးသန့်စင်ခြင်းအစီရင်ဆီသွားလိုက်အုန်းမယ်...."

ချင်းဇီယန်အကြည့် သူတို့နှစ်ယောက်ကြားဖြတ်ပြေးသွားပြီး အနည်းငယ်ပြုံးလိုက်သည်။

ထို့နောက် အခြားတစ်ယောက်ကို အဝေးသို့ဆွဲခေါ်သွားခဲ့သည်။

သူတို့အခြေအနေက အဆင်ပြေနေဆဲဖြစ်သည်။

"ကောင်ပြီလေ..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။

ဤအရာက အကောင်ဆုံးဖြစ်သည်။ သူ ကုန်းလင်းရွယ်ကို မိတ်ဆွေဖွဲ့နိုင်မည့်နည်းလမ်း ရှာတွေ့နိုင်၏။

သူမ၏ အဆင့် ၂ ဆေးပညာကျွမ်းကျင်မှုနှင့် အနာဂတ်၌ သူက မိသားစုအရင်းအမြစ်တွေကို လိုအပ်တော့မည်မဟုတ်ပေ။

ပြန်တောင်ပို့ပေးနိုင်တော့မည်ဖြစ်သည်။

"ဂျူနီယာမောင်လေးမုန့်, အတွင်းစည်းရောက်တာ မကြာသေးဘူးမလား...."

သူမနောက်ရှိရှေးဟောင်းသစ်ပင်ကိုမှီပြီး ကုန်းလင်းရွယ် ဖြည်းညင်းစွာထိုင်ချလိုက်သည်။

အမှန်တော့ သူမက မုန့်ချန်ချင်းထက် အများကြီးမကြီးပေ။

အများဆုံး ၂နှစ် ၃နှစ်လောက်သာကြီး၏။

၂၀ ပတ်လည်ဝန်းကျင်က ငယ်ရွယ်မှု၏အထွတ်အထိပ်အချိန်ဖြစ်သည်။

"ဟုတ်တယ်, လွန်ခဲ့တဲ့တစ်လလောက်ကမှ ရောက်ခဲ့တာ...."

မုန့်ချန်ချင်းလည်း မြေပြင်ပေါ်မှာထိုင်လိုက်သည်။

ညလေပြေလေညင်းက ညင်သာစွာတိုက်ခတ်နေပြီး သူ့ဆံပင်တွေကို အနည်းငယ်လှုပ်ရှားနေစေခဲ့သည်။

ခပ်မှိန်မှိန်လရောင်အောက်၌ ချောမောသည့်လူငယ်လေးတစ်ယောက်... ပုံပြင်တွေထဲမှာသာ တွေ့ရတတ်သည့်ဇာတ်ကောင်တွေအတိုင်းပင်။

ငယ်ရွယ်တက်ကြွမှုအပြည့်နှင့် ကျောက်စိမ်းကဲ့သို့ ကြော့ရှင်းသပ်ရပ်နေခဲ့သည်။

ကုန်းလင်းရွယ် တစ်ခဏ ကြောင်အသွား၏။

"စီနီယာအမကကော...."

မုန့်ချန်ချင်း ပြန်မေးလိုက်သည်။

သူ့စကားသံကြောင့် ကုန်းလင်းရွယ် အသိပြန်ဝင်လာ၏။

အလျှင်အမြန်ပဲ အကြည့်လွှဲကာ တည်ငြိမ်အောင်လုပ်ပြီး ပြန်ဖြေလိုက်သည်။

"ငါ့အသက် ၁၀နှစ်တုန်းက ဆရာတွေ့ခဲ့တာ။ အဲ့မှာငါ့ပင်ကိုယ်ပါရမီကိုမြင်ပြီး ထိုက်ရွမ်ဂိုဏ်းကို ခေါ်လာခဲ့လာပဲ..."

"စီနီယာအမက တကယ်ကံကောင်းတာပဲ...."

မုန့်ချန်ချင်း မှတ်ချက်ပေးလိုက်သည်။

"ဒါအမှန်တရားပဲ။ လူအများစုက ပါရမီကောင်းတွေရှိပေမယ့် သတိပြုမခံရရင် အလကားပဲ..."

"နောက်ပိုင်းသတိထားမိရင်တောင် ဆယ်စုနှစ်လောက် အချိန်တွေအလဟသဖြစ်သွားလိမ့်မယ်...."

"ကျင့်ကြံရေးအစောပိုင်းအဆင့်တွေမှာ နယ်ပယ်အများကြီးချိုးဖျက်နိုင်ရင်တောင် လူတစ်ယောက်ရဲ့သက်တမ်းကို သိသိသာသာတိုးမြှင့်ပေးနိုင်တာမဟုတ်ဘူး...."

သို့ပေမယ့် မုန့်ချန်ချင်း အနည်းငယ်ပဟေဠိဖြစ်နေ၏။

ကုန်းလင်းရွယ် စကားတွေအရသုံးသပ်ကြည့်ရလျှင် သူမက ဂိုဏ်းထဲကို နောက်ခံအချို့နှင့်ရောက်လာတာဖြစ်သည်။

ထိုသို့ဆိုလျှင် သူမပင်ကိုယ်ပါရမီနှင့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၇ မှာပဲ ရှိမနေသင့်ပေ။

အရင်းမြစ်တွေလည်း ပြတ်လတ်နေမှာမဟုတ်သလို အရည်သွေးကောင်းတွေဖြစ်ရမည်ပင်။

အနည်းဆုံး ပင်လယ်ခွဲခြမ်းနယ်ပယ်တော့ ရောက်သင့်၏။

ထိုသံသယက တစ်ခဏသာကြာလိုက်သည်။

မုန့်ချန်ချင်း နက်နက်နဲနဲတွေးမနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကုန်းလင်းရွယ်က သာမန်သိုင်းပညာရှင်တစ်ယောက်မဟုတ်ပဲ ဆေးဖော်စပ်ဆရာတစ်ယောက်လည်းဖြစ်နေခဲ့သည်။

ဆေးဖော်စပ်ဆရာတွေက ဆေးပညာတာအိုကိုလိုက်စားကြ၏။

၎င်းမှာ သင်ယူဖို့အချိန်များစွာယူရပြီး အစပိုင်း၌ကျင့်ကြံရေးအဆင့်တက်နှေးတာ နားလည်ပေးလို့ရ၏။

"ဟုတ်တယ်, ငါက တကယ်ပဲ ကံကောင်းတယ်...."

ကုန်းလင်ယွဲ့မျက်နှာ၌ စစ်မှန်သည့်အပြုံးတစ်ခုပေါ်လာ၏။

လောကကြီး၌ မရေမတွက်နိုင်သည့်သတ္တဝါတွေရှိသော်လည်း လူတိုင်းသူမကဲ့သို့ ကံမကောင်းနိုင်ပေ။

"ဒါနဲ့စကားမစပ်, မင်းဆေးလုံးတွေလိုအပ်သေးလား...."

အတွေးတွေပြန်ရုတ်သိမ်းပြီး ကုန်းလင်းရွယ် အလေးအနက်မေးလိုက်သည်။

"ဒီတစ်ချိန် ငါမင်းအပေါ် ကြီးကြီးမားမားအကြွေးတင်သွားပြီ။ ဆေးဘုရင်တောင်ထိပ်ရဲ့တပည့်တစ်ယောက်အနေနဲ့ ဒီကျေးဇူးကိုပြန်ပေးရမယ်..."

"အမ, အရမ်းလေးနက်နေဖို့မလိုပါဘူး။ ကျွန်တော်တို့ကတစ်ဂိုဏ်းတည်းသားတွေပဲ။ ဒီလောက်အားနာစရာမလိုပါဘူး...."

မုန့်ချန်ချင်း ခေါင်းခါယမ်းလိုက်သည်။

"လူတစ်ယောက်က ကျေးဇူးတရားကိုသိတတ်ရတယ်။ ဒီလိုကြင်နာမှုမျိုးကို ငါ လျစ်လျူမရှူနိုင်ဘူး..."

ကုန်းလင်းရွယ်အမူအရာ လေးနက်နေခဲ့သည်။

"အဲ့လိုလား..."

ကုန်းလင်းရွယ်စိတ်ပိုင်းဖြတ်မှုကိုမြင်သည့်အခါ မုန့်ချန်ချင်း မငြင်းဆန်တော့ပေ။

တစ်ခဏတွေးပြီးနောက် သူက ပြောလိုက်သည်။

"အဲ့လိုဆို, ကျွန်တော့်မှာ သေးငယ်တဲ့တောင်းဆိုမှုလေးရှိတယ်။ အမသဘောတူမလားသိချင်တယ်...."

"ပြောပါ...."

"ကျွန်တော်က ဓားတာအိုကိုလေ့ကျင့်ပေမယ့် ဆေးပညာကိုလည်းစိတ်ဝင်စားတယ်။ ဒါကြောင့် ကျွန်တော်အမနဲ့ မိတ်ဆွေဖြစ်ချင်တယ်...."

မုန့်ချန်ချင်း မျှော်လင့်တကြီးပြောလိုက်သည်။

"အနာဂတ်မှာ, ကျွန်တော်မေးစရာတွေရှိလာရင် အမပြောပြဖို့မျှော်လင့်တယ်..."

"မိတ်ဆွေ?...."

ကုန်းလင်းရွယ်ကြောင်သွား၏။

မုန့်ချန်ချင်း ဤကဲ့သို့တောင်းဆိုမည်ဟု သူမတစ်ခါမှမျှော်လင့်မထားပေ။

ထိုအရာက အဆင့်မြင့်ဆေးလုံးအချို့ဖြစ်ရမည်ဟု သူမထင်ခဲ့၏။

"ဟုတ်တယ်, အမဆန္ဒရှိလား..."

မုန့်ချန်ချင်း မေးလိုက်သည်။

"ဒါပေါ့..."

ကုန်းလင်းရွယ် မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

အမှန်တော့ သူမ ဤအကြောင်းကိုတွေးနေတာ အနည်းငယ်ကြာပြီဖြစ်သည်။

မဟုတ်လျှင် အနာဂတ်၌ သူမတို့ဆက်ဆံရေး ဘယ်လိုလုပ်တိုးတက်လာမည်နည်း။

ဤကဲ့သို့ပါရမီရှိသည့်ဂျူနီယာမောင်လေးတစ်ယောက်နှင့် အနာဂတ်မှာ အဆက်မသွယ်မရှိတော့မှာမျိုး သူမမလိုချင်ပေ။

သို့ပေမယ့် မိန်းခလေးတစ်ယောက်အနေနဲ့ ပထမဆုံးတွေ့တွေ့ချင်း ဤကဲ့သို့တောင်းဆိုဖို့က မသင့်တော်ပေ။

ယခု မုန့်ချန်ချင်းပြောလာ၍ သူမသဘာဝအတိုင်း ဆန္ဒရှိ၏။ အခွင့်ရေးလွဲချော်သွားမှာ ကြောက်နေစရာမလိုတော့ပေ။

ဒင်!

[မိတ်တွေအဖြစ်တောင်းခံမှုလက်ခံပါပြီ]

[လက်ရှိနှစ်သက်မှု- ကြယ် ၂ လုံး]

[ရရှိသောစွမ်းရည်- အင်ပါယာဖျက်ဆီးခြင်းနေမီးတောက် (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ အဆင့် ၂ ဆေးပညာကျွမ်းကျင်မှု]

စနစ်၏အသံ သူ့စိတ်ထဲမှာပဲ့တင်ထပ်လာခဲ့သည်။

အခန်း (၃၆)

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်လာခြင်း၊ မီးတိမ်ဖန်တီးခြင်းလက်ဝါး

[အပိုဆောင်းဆုလာဒ်- သိမ်မွေ့အဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်]

စနစ်၏အသံဆက်လက်ထွက်ပေါ်လာခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် ပထမစွမ်းရည်က အင်ပါယာမဖျက်ဆီးခြင်းနေမီးတောက် ဆိုတာကြားလိုက်ရချိန် သူ့နှလုံးသားတွေခုန်ပေါက်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စနစ်မှပေးတာတွေက ကျပန်းသာဖြစ်ပြီး ကံကောင်းပြီးရခဲ့တာမဟုတ်သာ သိသာ၏။

ကံကောင်းးစွာဖြင့် ကုန်လင်းရွယ်က အချို့အကြောင်းပြချက်တွေကြောင့် သူ့ကိုအထင်ကြီးနေပြီး နှစ်သက်မှုကြယ် ၂ လုံး ပေးခဲ့၏။

ထို့ကြောင့် ဒုတိယစွမ်းရည် ဆေးပညာကျွမ်းကျင်မှုကို ရရှိခဲ့သည်။

သူမှတ်မိနေသေး၏။ ပိုင်စုရှီကိုကယ်ခဲ့ချိန်က နှစ်သက်မှုကြယ် ၁ လုံးသာရခဲ့ပြီး နောက်ပိုင်းစကာားအနည်းငယ်ပြောပြီးမှသာ ကြယ် ၂ လုံးကို တိုးတက်သွားတာဖြစ်သည်။

ထပ်ပေါင်းပြောရလျှင် အပိုဆုလာဒ် ကျွမ်းကျင်ကဒ် ၃ ကဒ်လည်းရရှိခဲ့၏။

ထိုအရာက ကိစ္စကောင်းပင်။ တိတိကျကျပြောရလျှင် ၎င်းက အချို့စွမ်းရည်ထက်မနိမ့်ကျပေ။

[လက်ခံသူ ချက်ချင်းပေါင်းစပ်လိုပါသလား]

"မပေါင်းစပ်သေးဘူး..."

ဤနေရာက သဘာဝအတိုင်း စွမ်းရည်ပေါင်းစပ်ဖို့အတွက် သင့်တော်သည့်နေရာမဟုတ်ပေ။

"ဒီလိုဆိုမှတော့, ကျွန်တော် အနာဂတ်မှာ အမကိုမှီခိုရအုန်းမယ်..."

မုန့်ချန်ချင်း တောက်ပသည့်အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

ဤအရာက အစစ်အမှန်သူ့နှလုံးသားထဲမှလာတာဖြစ်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ။ ဂျူနီယာမောင်လေးမှာ မရှင်းတာတွေရှိရင် အမကို လွတ်လွတ်လပ်လပ်မေးနိုင်ပါတယ်။ အမသိသလောက် မချွင်းမချန်အကုန်ပြောပြပေးမယ်...."

ကုန်းလင်းရွယ် ပျော်ရွင်မှုအချို့ဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် ဂျူနီယာမောင်လေးရဲ့တောင်းဆိုမှုက ကျေးဇူးတရားကိုပြန်ပေးတယ်လို့ ယူဆလို့မရသေးဘူး။ အမ မင်းကို ကျိန်းသေပြန်ပေးမှာပါ..."

"ဒါမှမဟုတ်လည်း မင်းမှာ လိုအပ်တဲ့ဆေးလုံးရှိရင် ငါ မင်းအတွက်ဖော်စပ်ပေးမယ်။ ငါက အဆင့် ၂ ဆေးဖော်စပ်ဆရာလေ...."

"ကောင်းပါပြီ အမကုန်း, အမအဆင်ပြေသလိုလုပ်ပါ။ ဒီကိစ္စကို အရမ်းကြီးအလေးအနက်ထားဖို့မလိုပါဘူး..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

သူလိုချင်တာအားလုံးက ကုန်းလင်းရွယ်ဆီမှ စွမ်းရည်တွေဖြစ်သည်။

ယခု ၎င်းတို့ကိုရပြီးပြီဖြစ်ရာ ကုန်းလင်းရွယ် သူ့ကိုပြန်ပေးပြီးပြီဟု ယူဆနိုင်၏။

သို့ပေမယ့် ကုန်းလင်းရွယ်အမူအရာကိုမြင်သည့်အခါ ငြင်းဆန်တာက အချည်းနှီးဆိုတာ သူသိ၏။

ထို့ပြင် ပြတ်ပြတ်သားသားငြင်းဆန်ဖို့ကလည်း မလိုအပ်ပေ။ ဆေးလုံးအရင်းအမြစ်တွေက အမြဲတမ်းအကျိုးရှိ၏။

ဟူး....

သူတို့ခေါင်းအထက်မှ ပုံရိပ်တစ်ခုဆင်းသက်လာပြီး အော်ရာက အလွန်အမင်း အားကောင်းလှ၏။

မုန့်ချန်ချင်းတောင် ပုခုံးကျုံ့သွားပြီး ဖိအားကိုခံစားလိုက်သည်။

"တစ်ယောက်ယောက်ရောက်လာပြီ..."

မုန့်ချန်ချင်း ချက်ချင်းမတ်တပ်ရပ်ပြီး မျက်လုံးတွေအနည်းငယ်ကျဥ်းမြောင်းသွား၏။

ရောက်လာသူက မီးခိုးရောင်ဝတ်စုံနှင့်အကြီးအကဲတစ်ယောက်ဖြစ်ကာ အင်္ကျီအနားတွေ၌ မီးဖိုပုံသဏ္ဍာန်တစ်ခုထိုးထားခဲ့သည်။

သိသာစွာပင် ထိုလူက ဆေးဘုရင်တောင်ထိပ်မှဖြစ်သည်။

"အကြီးအကဲဖုန်း..."

ကုန်းလင်းရွယ် အံ့အားသင့်သွားပြီး အလျှင်အမြန်မတ်တပ်ရပ်လိုက်သည်။

"ဒီတော့ ဒါက ဂျူနီယာတူမကုန်းကိုး..."

အကြီးအကဲဖုန်း ကုန်းလင်းရွယ်ဘာမှမဖြစ်တာမြင်တော့ သက်သာယာရသွား၏။

သူက အချက်ပြမီးမြင်၍ရောက်လာခြင်းဖြစ်သည်။

မမျှော်လင့်စွာပဲ ဤကလေးမလေးကုန်းလင်းရွယ် ဖြစ်နေခဲ့သည်။

ဤအရာက သူ့ကိုအနည်းငယ်မလွယ်ကူသလိုခံစားရစေ၏။

အဘယ်ကြောင့်ဆိုသော် ကုန်းလင်းရွယ်ဆရာက သာမန်လူတစ်ယောက်မဟုတ်သောကြောင့်ပင်။

သူတို့က ရွယ်တူတွေဖြစ်သော်လည်း ကျင့်ကြံရေးနှင့်အဆင့်အတန်း၌ ကြီးမားသည့်ကွာခြားချက်ရှိနေဆဲဖြစ်သည်။

ကုန်းလင်းရွယ်သာ ဤနေရာမှာသေသွားလျှင် သူလည်းပမာဏတစ်ခုထိသက်ရောက်ခံရမည်ဖြစ်သည်။

ဒါပေါ့ ထိုအရာက ဖြစ်နိုင်ချေတစ်ခုသာဖြစ်၏။

ကံကောင်းစွာပဲ ကုန်းလင်းရွယ် အဆင်ပြေနေခဲ့သည်။

"ဒီမှာဘာဖြစ်ခဲ့တာလဲ...."

အကြီးအကဲဖုန်း မေးလိုက်သည်။

ကုန်းလင်းရွယ် ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။

ထိုအရာကိုကြားသည့်အခါ အကြီးအကဲဖုန်းအမူအရာပြောင်းသွားပြီး မုန့်ချန်ချင်းကို တုန်လှုပ်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။

အဆင့် ၅ နှင့် ဓားချီနားလည်ခြင်း၊ တကယ်ကို ထူးခြား၏။

အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အထွတ်အထိပ် သစ္ဆေပိုင်ချန်ခဲ့ကို သတ်နိုင်ခဲ့တာမအံ့သြတော့ပေ။

"လူငယ်မျိုးဆက်တွေက အထင်ကြီးစရာပဲ..."

အကြီးအကဲဖုန်း မုန့်ချန်ချင်းကို ချီးကျူးမှုအချို့ဖြင့် ကြည့်ပြီး ပြောလိုက်သည်။

"စိတ်ဝိညာဥ်တောင်ထိပ်ကကံကောင်းတာပဲ။ အရင်နှစ်တွေတုန်းက အထူးရုပ်ခန္ဓာနဲ့ လူတစ်ယောက်ရှိခဲ့သလို အခုလည်း မင်းတစ်ယောက် ထပ်တိုးလာပြီ...."

"အကြီးအကဲဖုန်း ချီးကျူးလွန်းနေပါပြီ...."

မုန့်ချန်ချင်း တည်ငြိမ်စွာပြန်ပြောလိုက်ပြီး မည်သည့်မောက်မာမှုနှိမ့်ချမှုမှမရှိပေ။

သို့ပေမယ့် သူ့နှလုံးသားက အနည်းငယ်လှုပ်ရှားသွား၏။

အထူးရုပ်ခန္ဓာ?...

ထိုအရာက သွေးမျိုးဆက်ကဲ့သို့ ရှားပါးသည့်အရာတစ်ခုဖြစ်ပြီး တစ်သန်းမှာတစ်ယောက် တွေ့ရခဲ၏။

ထိုထူးခြားသည့်ရုပ်ခန္ဓာက စိတ်ဝိညာဥ်တောင်ထိပ်ကိုဝင်ရောက်ခဲ့ပုံပင်။

"ဒါ တကယ်ပိုင်ချန်ခဲ့ပဲ...."

အကြီးအကဲဖုန်း ပိုင်ချန်ခဲ့အလောင်းနား လျှောက်သွားလိုက်ပြီး အေးစက်စွာနှာမှုတ်လိုက်သည်။

"သေမင်းတမန်နတ်ဆိုးဂိုဏ်းက အဲ့ဒီခွေးမသားတွေ ပိုပိုရဲတင်းလာပြီ။ ကြည့်ရတာ ငါတို့ဂိုဏ်းရဲ့သုတ်သင်မှုတွေက မလုံလောက်သေးဘူးထင်တယ်..."

"အဲ့ဒီမြောင်းထဲကကြွက်တွေကို ရဲတင်းတဲ့အကြံအစည်တွေ ကြံစည်ရဲလာစေတယ်...."

သူက ပြောလေလေ ဒေါသထွက်လေလေဖြစ်လာပြီး လက်မြောက်ကာ လက်ဝါးချက်တစ်ခုထုတ်ဖော်လိုက်၏။

ထိုအခါ မီးကဲ့သို့နီရဲသည့်လက်ဝါးရာတစ်ခုထွက်ပေါ်လာပြီး ရှေ့ကို အဆက်မပြတ်တိုးဝင်သွားခဲ့သည်။

မီတာဆယ်ချီအဝေးရောက်မှသာ တောင်ကုန်းအသေးစားတစ်ခုကို ရိုက်ခတ်သွား၏။

တောင်ကုန်း တုန်ခါသွားပြီး ကျောက်တုံးကြီးတွေ ပြုတ်ကျလာခဲ့သည်။

ဤမြင်ကွင်းက မုန့်ချန်ချင်းမျက်လုံးတွေကို အနည်းငယ်တောက်ပသွားစေ၏။

"တကယ် ပင်လယ်ခွဲခြမ်းခြင်းအဆင့်ပဲ...."

ထိုလူရောက်လာတုန်းက သူဖိအားခံစားရတာ မအံ့သြတော့ပေ။

"ဒီတော့ ဒါက စစ်မှန်ချီရဲ့စွမ်းအားပေါ့..."

လက်ဝါးရာဖြတ်သွားရာတစ်လျှောက် မဲတူးသွားပြီး မီးတောက်တွေလောင်ကျွမ်းနေကာ အပူချိန်မြှင့်တက်လာခဲ့သည်။

ထို့ပြင် တောင်အသေးလေးပေါ်မှာလဲ တောက်ပသည့်လက်ဝါးရာကြီးရှိနေခဲ့သည်။

၎င်းကတကယ်ပဲ သွေးချီစွမ်းအင် ယှဥ်နိုင်သည့်အရာမဟုတ်ပေ။

မိုးနှင့်မြေလိုပင်။

ထိုအတွေးနှင့် မုန့်ချန်ချင်း ချက်ချင်းပဲ ဤအကြီးအကဲဖုန်း၏ အချက်အလက်ဇယားကို စစ်ဆေးလိုက်သည်။

အခြေခံအချက်အလက်-

[အမည်- ဖုန်းချင်းမင်]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းနယ်ပယ်အဆင့် ၆]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၃]

[နားလည်နိုင်စွမ်း- သာမန်]

[နည်းစနစ်နှင့်သိုင်းပညာ- အင်ပါယာဖျက်စီးခြင်းနေမီးတောက်နည်းစနစ် (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ မီးတိမ်ဖန်တီးခြင်းလက်ဝါး (ကျွမ်းကျင်)....]

[ဆေးပညာကျွမ်းကျင်မှု- အဆင့် ၂]

'တကယ်ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ပဲ၊ ဒါပေမယ့် ထူးချွန်တဲ့စွမ်းရည်တစ်ခုမှမရှိဘူး...'

'အထူးသဖြင့် ဆေးပညာကျွမ်းကျင်မှုပဲ။ အဆင့် ၂ ပဲရှိတယ်...'

'ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်တစ်ယောက်အနေနဲ့ အနည်းဆုံး အဆင့် ၃ တော့ ရှိသင့်တယ်မလား....'

တစ်ခဏစဥ်းစားပြီးနောက် မုန့်ချန်ချင်း ခေါင်းအနည်းငယ်ခါယမ်းပြီး အများကြီးတွေးမနေတော့ပေ။

ထိုအရာက သူနှင့်ဘာမှမဆိုင်ပေ။

အကြီးအကဲဖုန်းအစောပိုင်းသုံးလိုက်သည့်လက်ဝါးချက်က အချက်အလက်ဇယားရှိ မီးတိမ်ဖန်တီးခြင်းလက်ဝါးဖြစ်နိုင်ပြီး စွမ်းအားကတော့ အမှန်တကယ်အံ့အားသင့်စရာပင်။

သေချာပေါက် သိမ်မွေ့စဦးအဆင့်သိုင်းပညာဖြစ်ရမည်။

ပိုမြင့်သည့်နယ်ပယ်တောင်ဖြစ်နိုင်၏။

သူ အနည်းငယ်မနာလိုဖြစ်သွားသည်။

သို့ပေမယ့် ဤကဲ့သို့လူတစ်ယောက်နှင့်မိတ်ဆွေဖြစ်ဖို့က တကယ် ခက်ခဲ၏။

အဆုံးမှာတော့ သူတို့ကတစ်ယောက်နှင့်တစ်ယောက်မရင်းနှီးရာ မိတ်ဆွေဟောင်းဟုပြောလိုက်လျှင် ရူးနေသည်ဟုသာထင်သွားမည်ဖြစ်သည်။

"ဒီခေါင်းကိုပြန်ယူခဲ့ဖို့မမေ့နဲ့။ ဒါကို အကျိုးပြုမှတ်အတော်များများနဲ့လဲလှယ်လို့ရတယ်...."

အကြီးအကဲဖုန်း ပြန်လည်တည်ငြိမ်သွားပြီး မုန့်ချန်ချင်းကို အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

"သတိပေးလို့ကျေးဇူးတင်ပါတယ်, အကြီးအကဲဖုန်း..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

တကယ်ပင်။

ဤကဲ့သို့နတ်ဆိုးလမ်းစဥ်းမှကျင့်ကြံသူတွေက အလွန်အဖိုးတန်နေဆဲဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက အကျိုးပြုမှတ်အနည်းငယ်လိုအပ်နေခဲ့သည်။

All Chapters