← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉)

သူကသတိလက်လွတ်ဖြစ်သွားရုံပါ၊ ဖုံးကွယ်ထားသည့်အကြီးအကဲ

"သစ္ဆေလက်ချောင်းပိုင်ချန်ခဲ့..."

အာမေဋိတ်သံတွေ အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။

ဤအရာက နတ်ဆိုးလမ်းစဥ်၏ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်၌ ထိပ်တန်းပုံရိပ်တစ်ခုဖြစ်သည်။

ဤနှစ်တွေတစ်လျှောက် မည်သူမှ သူ့ကိုမသတ်နိုင်ခဲ့ပေ။

"ဒါ တကယ် ပိုင်ချန်ခဲ့ပဲ...."

အချို့မယုံကြပဲ အလျှင်အမြန်ပြေးလာ၍ အတည်ပြုလိုက်၏။

တကယ်ကို ပိုင်ချန်ခဲ့ခေါင်းဖြစ်နေခဲ့သည်။

"ပိုင်ချန်ခဲ့တကယ်သေသွားပြီ...."

အံ့အားသင့်သည့်အသံတွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး လူတိုင်း မုန့်ချန်ချင်းကိုကြည့်လိုက်ရာ သူတို့မျက်လုံးထဲ၌ တုန်လှုပ်မှုတွေရှိနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၅ သာရှိသေးပုံရသော်လည်း....

ပိုင်ချန်ခဲ့ကိုသတ်နိုင်လောက်အောင် ဘယ်လောက်တောင်သန်မာနေသနည်း။

မုန့်ချန်ချင်း အခြားလူတွေ၏အကြည့်တွေကို အာရုံမစိုက်ပေ။

သူက သူ၏အကျိုးပြုမှတ်တွေယူပြီး ထွက်သွားချင်နေပြီဖြစ်သည်။

"အကျိုးပြုမှတ်ဘယ်လောက်ရနိုင်မလဲ...."

မုန့်ချန်ချင်း မေးလိုက်သည်။

ထိုစကားတွေထွက်ပေါ်လာသည့်အခါ တာဝန်ခန်းမရှိတပည့်တွေ အလျှင်အမြန်ပဲ အသိပြန်ဝင်သွားကြ၏။

မုန့်ချန်ချင်းကိုကြည့်သည့်အကြည့်တွေ၌ နောက်ထပ်အလေးအနက်မထားမှုတွေမရှိတော့ပေ။

ပိုင်ချန်ခဲ့ကိုသတ်နိုင်သည့်လူတစ်ယောက်က သေချာပေါက် ကြောက်မက်ဖွယ်ခွန်အားပိုင်ဆိုင်ထားပြီး သူတို့ယှဥ်နိုင်သည့်အရာမဟုတ်ပေ။

"ပိုင်ချန်ခဲ့က နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူတစ်ယောက်ဖြစ်တာကြောင့် ဆုလာဘ်ကအတော်လေးမြင့်တယ်။ မင်းဒါကို အကျိုးပြုမှတ် တစ်သောင်းနဲ့ လဲလှယ်လို့ရတယ်...."

တာဝန်ခန်းမတပည့် အလျှင်အမြန်ပဲ ပြောလိုက်သည်။

"များလှကြီလား..."

မုန့်အနည်းငယ်အံ့အားသင့်သွား၏။ သူထင်ထားခဲ့တာ ၆ထောင် ၇ထောင်လောက်ပဲ ရမည်ဟု ထင်ထားခဲ့သည်။

တကယ်ပဲ အကျိုးပြုမှတ် တစ်သောင်းဖြစ်နေခဲ့သည်။

၎င်းနှင့်ယှဥ်လျှင် ပိုင်းဟူဓားပြစခန်းမှာ အတော်လေးအားနည်းလှ၏။

"ဒီမှာ အကျိုးပြုမှတ်တွေ..."

တာဝန်ခန်းမတပည့် အပြာရောင်သံတုံကင် ၁၀ ခုကို ထုတ်ယူလိုက်သည်။

"ကျေးဇူးပဲ...."

မုန့်ချန်ချင်း တုံကင်ပြားတွေကိုကောက်ပြီး ထွက်သွားဖို့ပြင်လိုက်၏။

"မင်း သူ့ကိုဘယ်လိုသတ်ခဲ့လဲ မေးလို့ရမလား...."

တာဝန်ခန်းမပတည့်အတော်လေးသိချင်နေခဲ့သည်။

"သူက သတိလက်လွတ်ဖြစ်သွားရုံပါ...."

မုန်ချန်ချင်း ခပ်ဖွဖွပြုံးပြီး ပြောလိုက်သည်။

ထို့နောက် တံခါးဆီလျှောက်သွားပြီး တဖြည်းဖြည်း လူအုပ်၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

တူညီသည့်စကား... ယခင်ယုံကောင်းယုံကြပေမယ့် ယခုတော့ တာဝန်ခန်းမတပည့် အနည်းငယ်လေးတောင်မယုံပေ။

သတိလက်လွတ်ဖြစ်တယ်?....

ဘယ်လိုဟာသကြီးနည်း။

ဤအရာက ပိုင်ချန်ခဲ့ဖြစ်ပြီး နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

ဘယ်လိုလုပ် သတိလက်လွတ်သေသွားနိုင်မည်နည်း။

သတိလက်လွတ်ဖြစ်ခဲ့လျှင်တောင် တစ်ဖက်လူ၏ခွန်အားက အလွန်သန်မာလွန်းနေသောကြောင့်ဖြစ်ရမည်ဖြစ်သည်။

"ဒီကောင်က ဘယ်သူလဲ။ အရင်က တစ်ခါမှမမြင်ဖူးဘူး...."

"အတွင်းစည်းကိုဝင်လာတဲ့ အသစ်တစ်ယောက်ဖြစ်မယ်ထင်တယ်...."

"ကြည့်ရတာ နောက်ထပ်လူထူးဆန်းတစ်ယောက်နဲ့တူတယ်..."

မုန့်ချန်ချင်းထွက်သွားပြီးနောက် လူအုပ်ချက်ချင်းပဲ စတင်ဆွေးနွေးလာ၏။

ထျန်လင်းစီရင်စု၏ အဓိကအင်အားစုတွေထဲမှတစ်ခုအနေဖြင့် ထိုက်ရွမ်ဂိုဏ်း၌ ထူးဆန်းသည့်တပည့်တွေ နှစ်အနည်းငယ်ကြာတိုင်းထွက်ပေါ်လာတတ်၏။

သူတို့က ထိုတပည့်တွေ၏ခွန်အားကိုအားကျကြရုံသာမက ဘာကြောင့် သူတို့မှာမရှိရလဲဆိုပြီး သက်ပြင်းချကြ၏။

တာဝန်ခန်းမမှ ထွက်ခွာပြီးနောက် မုန့်ချန်ချင်း သိုင်းကျမ်းဆောင်ကို သွားလိုက်သည်။

သူက အကျိုးပြုမှတ်တွေနှင့် သိုင်းပညာအချို့လဲလှယ်ဖို့ တွေးထား၏။

ဓားခြေလှမ်း၊ အင်ပါယာဖျက်ဆီးခြင်းနေမင်းမီးတောက်....

သိမ်မွေအဆင့်သိုင်းပညာနှင့်ပတ်သက်လျှင် ဂိုဏ်းက အလွန်မတန်စည်းကပ်တင်းကြပ်ပြီး အထူးအခွင့်ရေးသာမရှိလျှင် တပည့်တွေအချင်းချင်း တစ်ယောက်နှင့်တစ်ယောက်သင်ပေးတာကို ခွင့်မပြုပေ။

သိုင်းကျမ်းဆောင်၏ တာဝန်ရှိအကြီးအကဲတွေက တပည့်တိုင်း၏ငှားရမ်းမှုတွေကို မှတ်တမ်းတင်ထား၏။

လူတစ်ယောက်က ဤသိုင်းပညာတွေကို ဂိုဏ်းတွင်းမှာသုံးလိုလျှင် ခိုင်လုံသည့် အကြောင်းပြမှုရှိရမည်ဖြစ်သည်။

မဟုတ်လို့ နောက်မှစုံစမ်းတွေ့ရှိသွားလျှင် ပြဿနာရှိ၏။

လူတစ်ယောက်က အလားအလာရှိ၍ အကျိုးဆက်တွေမရှိနိုင်လျှင်တောင် ပြဿနာကို ရှောင်ရှားတာပိုကောင်း၏။

ထို့ပြင် မုန့်ချန်ချင်း အခြားလူတွေကို မငြိစစွန်းစေချင်ပေ။

ဥပမာ, ချင်ဖန်းနှင့် ကုန်းလင်းရွယ်တို့ဖြစ်၏။

သိုင်းကျမ်းဆောင်က တာဝန်ခန်းမနှင့်မဝေးပဲ တောင်ထွဋ်တစ်ခု၏ထိပ်ဆုံး၌ မားမားမတ်မတ်ရပ်တည်နေခဲ့သည်။

လေပြေလေညင်းတွေ ညင်သာစွာတိုက်ခိုက်နေပြီး တံစက်မြိတ်၌ချိတ်ဆွဲထားသည့် ခေါင်းလောင်းတွေက သာယာနာပျော်ဖွယ်အသံတွေ ထွက်ပေါ်နေခဲ့သည်။

ရံဖန်ရံခါ ဝင်လိုက်ထွက်လိုက် သွားလာနေသည့်တပည့်တွေကို မြင််နိုင်၏။

လျို့ဝှက်နယ်မြေစောဖွင့်ခြင်းက တပည့်အချို့၏အစီအစဥ်တွေကို နှောက်ယှက်လိုက်၏။

၎င်းတို့က သူတို့၏ခွန်အားယာယီတိုးမြှင့်ဖို့ သိုင်းပညာနည်းစနစ်အချို့နဲ့ လျို့ဝှက်အတတ် လဲလှယ်ဖို့ ဖိအားပေးခံရ၏။

ထိုမှသာ လျို့ဝှက်နယ်မြေမှ ပိုများသည့်ပစ္စည်းတွေကို ရရှိနိုင်မည်ဖြစ်သည်။

သိုင်းကျမ်းဆောင်ဝင်ပေါက်၌ ရှေးဟောင်းစားပွဲတစ်ခုရှိနေပြီး နောက်၌ ဆံပင်ဖြူလူအိုကြီးတစ်ယောက် လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်နေခဲ့သည်။

သူ့မျက်နှာ၌ စာအုပ်တစ်အုပ်ဖုံးအုပ်ထားပြီး လှုပ်ကုလားထိုင်၌ အနည်းငယ်လွဲယမ်းနေပြီး အလွန်ကို အေးဆေးနေခဲ့သည်။

အတွင်းစည်းကိုစောင့်ကြပ်သည့်အကြီးအကဲတစ်ယောက်ချင်းစီတိုင်းက အလွန်အမင်းအစွမ်းထက်သည့်ခွန်အားကို ပိုင်ဆိုင်ကြ၏။

အခြေခံအချက်အလက်-

[အမည်- ယွင်ပုကျွယ်]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၁ (ယာယီ)]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၃]

[နားလည်နိုင်စွမ်း- သာလွန်]

[နည်းစနစ်နှင့်သိုင်းပညာ- သန့်ရှင်းသောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ မြေကြီးကျုံ့ခြင်းနည်းစနစ် (အလယ်အလတ်)၊ မဟာဂရုဏာလေစကြဝဠာလက်ဝါး (အလယ်အလတ်) ]

"တကယ် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ပဲ။ ဒါပေမယ့် ယာယီဆိုတဲ့စကားလုံးကတော့ မမျှော်လင့်ထားတာပဲ...."

မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ်အရောင်လက်သွား၏။

ယခုချိန်ထိ ထိုအရာကို သူ့ဒေါ်လေး၏ဇယားမှသာမြင်ဖူး၏။

ဖြစ်နိုင်တာ ဤသိုင်းကျမ်းဆောင်စောင့်အကြီးအကဲလည်း ကျင့်ကြံရေးနယ်ပယ်ကျဆင်းထားသည်လား?...

ထိုအရာမှလွဲ၍ အခြားအချက်အလက်တွေက ကောင်း၏။

သာလွန်နားလည်နိုင်စွမ်းကလည်းရှားပါးပြီး ထိုနည်းစနစ်နှင့်သိုင်းပညာတွေကလည်း ဘယ်လိုပဲကြည့်ကြည့် အတော်လေးအထင်ကြီးစရာကောင်းပုံရ၏။

"သန့်စင်သောစိတ်ဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်း..."

"မြေကြီးကျုံ့ခြင်းနည်းစနစ်...."

"မဟာကရုဏာလေစကြဝဠာလက်ဝါး...."

"ကြည့်ရတာ ဖုံးကွယ်ထားတဲ့စွမ်းအားရှင်ကြီးနဲ့တူတယ်။ တစ်ယောက်တည်းအေးအေးဆေးဆေးကျင့်ကြံချင်လို့ ဒီနေရာမှာတာဝန်လာလုပ်နေတာဖြစ်မယ်...."

သို့ပေမယ့် သူကို မိတ်ဆွေအဖြစ် ဘယ်လိုပေါင်းထည့်ရမည်ဆိုတာက အဓိကပြဿနာဖြစ်၏။

ရွယ်တူတွေနှင့် ဆွေမျိုးတွေကို မိတ်ဆွေဖွဲ့ရတာလွယ်ကူပေမယ့် ရင်းလည်းမရင်းနှီး မျိုးဆက်လည်းမတူသည့်ဤကဲ့သို့အခြေအနေက တကယ်ကိုခက်၏။

အလျှင်လိုတာက အမှားတွေကို ဖြစ်စေမည်ဖြစ်သည်။

မုန့်ချန်ချင်း သူ့ကို မိတ်ဆွေအဖြစ်ပေါင်းထည့်ဖို့ အလျှင်မလိုပေ။

ဖြည်းဖြည်းချင်းလုပ်ရမည်ဖြစ်သည်။

ပထမဦးစွာနားလည်အောင်လုပ်ပြီးမှ လှုပ်ရှားရမည်ဖြစ်သည်။

ထို့ပြင် ယခုချိန် သူ့လက်ထဲ၌ ကျွမ်းကျင်ကဒ်တွေရှိရာ လုံလောက်နေပြီဖြစ်သည်။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်မှသာ မလုံလောက်မှုအချို့ရှိကောင်းရှိလာနိုင်၏။

"ကောင်လေး, ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ...."

မုန့်ချန်ချင်းတွေးနေစဥ်မှာပဲ ကျမ်းဆောင်စောင့်အကြီးအကဲ မျက်နှာပေါ်မှစာအုပ်ကို ဖယ်ရှားလိုက်သည်။

သူကသိမ်မွေ့ပြီး အလွန်အမင်းကြင်နာသည့်အမူအရာရှိရာ လူတွေအား ပြိုင်ဘက်ကင်းရင်းနှီးမှုကို ပေးစွမ်းနေ၏။

ကိုယ့်ကိုယ်ပိုင်အကြီးအကဲတစ်ယောက်ကဲ့သို့ ပေါင်းသင်းရအလွန်လွယ်ကူသည်ဟု ခံစားရ၏။

သို့ပေမယ့် မုန့်ချန်ချင်း သူ့ဇယားပေါ်ရှိ သန့်စင်သောစိတ်ဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကို တွေးမိသည့်အခါ...

ချက်ချင်းပဲ ထိုအတွေးကို စွန့်လွတ်လိုက်၏။

ဓားသိုင်းနာမည်ကကို ကြီးမားသည့်သတ်ဖြတ်လိုစိတ်ကို ခံစားရ၏။

"ကျွန်တော်က တပည့်သစ်တစ်ယောက်ပါ။ အနည်းငယ်စူးစမ်းချင်စိတ်ပေါ်လာလို့ ခဏရစ်သီရစ်သီလုပ်မိသွားတာပါ။ အကြီးအကဲခွင့်လွတ်ဖို့မျှော်လင့်ပါတယ်...."

မုန့်ချန်ချင်း အနည်းငယ် အရိုးအသေးပေပြီး ပြောလိုက်သည်။

"ကောင်းပြီလေ, မြန်မြန်အထဲဝင်သွားတော့...."

ကျမ်းဆောင်စောင့်အကြီးအကဲ သာမန်အတိုင်းပြောလိုက်သည်။

ထို့နောက် စာအုပ်ကို နောက်တစ်ကြိမ် မျက်နှာပေါ်တင်လိုက်ပြီး ဟောက်သံအနည်းငယ်ထွက်ပေါ်လာခဲ့သည်။

မုန့်ချန်ချင်းခေါင်းညိတ်ပြီး သိုင်းကျမ်းဆောင်ထဲကို လျှောက်ဝင်သွားခဲ့သည်။

အခန်း (၄၀)

သိုင်းပညာအုတ်မြစ်

သိုင်းကျမ်းဆောင်အတွင်း၌ ပြင်းထန်သည့်စာအုပ်ရနံ့တွေက မုန့်ချန်ချင်းကို ချက်ချင်းဖုံးလွမ်းသွားခဲ့သည်။

ထို့ပြင် နက်ရှိုင်းသည့်သမိုင်းကြောင်းခံစားချက်တွေလည်းရရှိစေပြီး မငြိမ်သက်ဆုံးနှလုံးသားကိုတောင် အလိုအလျောက်တည်ငြိမ်သွားစေခဲ့သည်။

သိုင်းကျမ်းဆောင်၌ အထပ်သုံးထပ်ရှိ၏။

ပထမထပ်၌ အဆင့်နိမ်သိုင်းပညာတွေနှင့်နည်းစနစ်တွေထားရှိပြီး ဒုတိယအဆင့်၌ လူသားအဆင့်တွေထားရှိ၏။

တတိယအဆင့်မှာတော့ သိမ်မွေ့အဆင့်တွေထားရှိသည်။

မြေကမ္ဘာအဆင့်အတွက်တော့ ဤနေရာမှာမတွေ့နိုင်ပေ။

၎င်းတို့က တောင်ထိပ်အသီးသီး၏ပင်မအူတိုင်တွေဖြစ်ပြီး အကျိုးပြုမှတ်ရှိရုံဖြင့် မရနိုင်ပေ။

သိုင်းကျမ်းဆောင်၌ ထောင်ထိပ်ခုနှစ်ခုမှ သိုင်းပညာတွေကိုထားရှိပြီး အခြားသောဗဟုသုတများစွာပါရှိ၏။

ဤကိစ္စနှင့်ပတ်သက်ပြီး မုန့်ချန်ချင်း သူသိတာအတော်လေးနည်းသည်ဟုခံစားရ၏။ အထူးသဖြင့် သူက ဤနေရာကို ခုမှရောက်ဖူးသောကြောင့်ပင်။

သိုင်းပညာနည်းစနစ်တစ်ခုချင်းဆီကို အနက်ရောင်သေတ္တာဖြင့်ထည့်ထားပြီး မာတိကာလောက်သာ ဖတ်လို့ရ၏။

ပိုများများဖတ်နိုင်ဖို့ လူတစ်ယောက်က ကျမ်းဆောင်စောင့်အကြီးအကဲဆီသွားပြီး အကျိုးပြုမှတ်တွေနှင့် လဲလှယ်ရမည်ဖြစ်သည်။

သို့ပေမယ့် မုန့်ချန်ချင်းအတွက်တော့ ဤအရာက လုံလောက်နေပြီဖြစ်သည်။

သိုင်းပညာ ၂ ခုလဲလှယ်တာအပြင် သူ၏အဓိကရည်ရွယ်ချက်က ဤသိုင်းပညာနည်းစနစ်တွေကို နားလည်ဖို့ဖြစ်သည်။

ဤနည်းဖြင့် အနာဂတ်အခြားသူတွေ၏အချက်အလက်ဇယားတွေကြည့်သည့်အခါ ဘယ်တောင်ထိပ်ကဖြစ်ကြောင်း၊ ဘယ်အဆင့်ရှိကြောင်း၊ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိကြောင်း အစရှိသဖြင့် နလပိန်းတုံးဖြစ်နေတော့မည်မဟုတ်ပေ။

"လေပြေရစ်ပတ်ဓားသိုင်း? ဘယ်လိုတောင်ထူးဆန်းတဲ့နာမည်လဲ...."

"...."

"အကန့်သတ်မဲ့တုန်လှုပ်ခြင်းကောင်းကင်လက်ဝါး, နာမည်ကတော့မိုက်သားပဲ။ ဒါပေမယ့် ခရမ်းမြူတောင်ထိပ်ရဲ့ သိမ်မွေ့အဆင့်နိမ့်သိုင်းပညာလေးပါပဲ...."

"...."

"လူသာအစီရင်နည်းစနစ်-ရုပ်ခန္ဓာကိုအုတ်မြစ်အဖြစ်ထားပြီး ခန္ဓာကိုယ်ထဲမှာ အမျိုးမျိုးသောအစီရင်တွေခင်ကျင်းမယ်၊ အစီရင်ကို အရှိန်မြှင့်မယ်၊ အစီရင်ရဲ့စွမ်းအားကိုတိုးမြှင့်မယ်...."

"ကြမ်းကြုတ်လေပြင်းဓားနည်းစနစ်...."

"အပြစ်ပေးလက်ဝါး...."

"အစွန်းရောက်ယန်တိမ်တိုက်အမြစ်ပြတ်သုတ်သင်ခြင်းလက်ချောင်း...."

"...."

သိုင်းကျမ်းဆောင်ရှိစုဆောင်းမှုတွေက သမုဒ္ဒယာလောက်မကျယ်ပြန့်ပေမယ့် အတော်တော့များနေဆဲဖြစ်သည်။

မုန့်ချန်ချင်းတစ်ခုမှအလွတ်မပေးပဲ တစ်ခုပြီးတစ်ခုလိုက်ဖတ်နေကာ တဖြည်းဖြည်းပထမထပ်မှ ဒုတိယထပ်၊ နောက်ဆုံး တတိယထပ်သို့ရောက်ရှိသွားခဲ့သည်။

အချိန်က အလျှင်အမြန်ပဲ ကုန်ဆုံးသွားခဲ့သည်။

မုန့်ချန်ချင်း နောက်ဆုံးအညွှန်းကိုဖတ်ပြီးနောက် နေဝင်သွားပြီး မှောင်စပျိုးနေပြီဖြစ်သည်။

ညနေခင်းလေပြေလေညင်းက လတ်ဆတ်သည့်အေးစိမ့်မှုတွေကို သယ်ဆောင်လာခဲ့သည်။

"အဓိကအင်အားစုက မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သိုင်းပညာအမွေအနှစ်တွေက စိတ်ကူးထားတာထက်အများကြီးကျော်လွန်နေတယ်...."

"ပထဝီအနေအထား၊ သမိုင်း၊ ရုပ်သေး၊ အစီရင် အစရှိသဖြင့် ဗဟုသုတစာအုပ်တွေလည်း အများကြီးရှိတယ်...."

မုန့်ချန်ချင်းရေရွတ်လိုက်ပြီး ဉာဏ်အလင်းပွင့်သလိုခံစားလိုက်ရသည်။

သို့ပေမယ့် သူက တစ်အုပ်ချင်းစီ၏အညွှန်းလောက်သာဖတ်နိုင်သောကြောင့် ကဏ္ဍာအချို့မှာ ကျေနပ်မှုမရှိနေဆဲဖြစ်သည်။

သို့ပေမယ့်အနာဂတ်၌ ဂိုဏ်းတူတပည့်တွေနှင့်တွေ့သည့်အခါ အကြည့်တစ်ချက်ဖြင့် သူတို့၏သိုင်းပညာတွေကို သိနိုင်တာပဲဖြစ်သည်။

"ဒီနေ့တော့ ဒီလောက်ပဲ, နောက်နေ့မှပြန်လာရမယ်..."

ဓားခြေလှမ်းနှင့် အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်ကိုယူပြီး မုန့်ချန်ချင်း ပြန်ဆင်းလာခဲ့သည်။

ဓားခြေလှမ်းအတွက်လဲလှယ်မှတ်က ၁၀၀၀ ဖြစ်ပြီး အတော်လေးဈေးပါ၏။

ချင်ဖန်းအရင်က ပြောခဲ့သလိုပင် ရိုးရှင်းသည့်ဂိုဏ်းတာဝန်အနည်းငယ်လုပ်ရုံဖြင့်ရနိုင်တာဖြစ်သည်။

အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်အတွက်တော့ ၎င်းက သိမ်မွေ့အဆင့်မြင့်နည်းစနစ်ဖြစ်ရာ သဘာဝအတိုင်းပိုဈေးကြီးပြီး သောင်းနှစ်ထောင်ကုန်ကျခဲ့၏။

မုန့်ချန်ချင်းရခဲ့သည့် အကျိုးပြုမှတ်တွေက ထိုစာအုပ် ၂အုပ်လဲလှယ်ဖို့ လုံလောက်ရုံသာဖြစ်သည်။

သိုင်းကျမ်းဆောင်တတိယအလွှာ၌မုန့်ချန်ချင်း ပိုများသည့်သိမ်မွေ့အဆင့်သိုင်းပညာတွေကို မြင်ခဲ့ရပြီး ၎င်းတို့ထဲရှိအချို့က သူ့အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့ပေမယ့် စနစ်ရှိနေသဖြင့် ၎င်းတို့ကိုသင်ယူဖို့အရင်းမြစ်တွေသုံးတာက တကယ်ကို အရှုံးပေါ်စေမည့်ကိစ္စဖြစ်သည်။

အနည်းငယ်တွေးပြီးနောက် မုန့်ချန်ချင်း လက်လျော့ဖို့ဆုံးဖြတ်လိုက်သည်။

ထို့ပြင် သူ၌ သူ့ဒေါ်လေးဆီမှရသည့် သိမ်မွေ့အဆင့်မြင့် လင်းလုံအေးစက်လမင်းဓားသိုင်းလည်း ရှိပြီးနေပြီဖြစ်သည်။

၎င်းကို လျို့ဝှက်နယ်မြေထဲ၌ ဝှက်ဖဲအဖြစ်အသုံးပြုနိုင်တာပဲဖြစ်သည်။

အနာဂတ်အတွက်တော့ သူ၏အနာဂတ်မိတ်ဆွေတွေအပေါ်မှာပဲ မှီခိုရမည်ပင်။

"အကြီးအကဲ, ကျွန်တော် ဒီနှစ်ခုလဲချင်ပါတယ်..."

မုန့်ချန်ချင်း တံခါးနားကိုသွားပြီး သစ်သားစားပွဲပေါ်မှာ အနက်ရောင်သေတ္တာနှစ်ခုထားလိုက်၏။

"မင်းကအတော်စာဖတ်ဝါသနာပါတဲ့ဂျူနီယာပဲ။ သိုင်းကျမ်းဆောင်ထဲမှာ တကယ်ကို တစ်နေကုန်နေတာနော်...."

ကျမ်းဆောင်စောင့်အကြီးအကဲပြောလိုက်ပြီး လှုပ်ကုလားထိုင်မှထ၍ အကြောအချင်ဆန့်လိုက်သည်။

ယနေ့ခေတ် တပည့်များထဲတွင် သိုင်းပညာအခြေခံအုတ်မြစ်ကို မြှင့်တင်ရန်အတွက် ဤကဲ့သို့ စိတ်ရှည်လက်ရှည် လေ့လာသူမှာ အလွန်ပင် ရှားပါးလှသည်။

သူက ဘေးရှိဝိုင်အိုးကိုကောက်ယူပြီး တစ်ငုံသောက်ဖို့လုပ်လိုက်ရာ ဘာမှမရှိတော့တာတွေ့လိုက်ရ၏။

နောင်တရသည့်အမူအရာတစ်ခု သူ့မျက်နှာပေါ်မှာပေါ်လာခဲ့သည်။

"ကြည့်ရတာ အကြီးအကဲက ဝိုင်ကို အတော်လေး စိတ်ဝင်စားတယ်နဲ့တူတယ်...."

မုန့်ချန်ချင်း တမင်တကာ သို့မဟုတ် မရည်ရွယ်ပဲပြောလိုက်သည်။

"ဟုတ်တယ်, ငါက အရက်ကိုစွဲလမ်းနေတာမျိုးမဟုတ်ပေမယ့် အဲ့အဆင့်ကိုရောက်လုနီးပါးပါပဲ။ ငါ့အသက်အရွယ်မှာ ဒီအရက်ကပဲ အတိတ်ကခံစားချက်အနည်းငယ်ကိုပေးစွမ်းနိုင်တာ..."

ထို့နောက် သူက အနက်ရောင်သေတ္တာနှစ်ခုကိုတစ်ချက်ကြည့်ပြီး မျက်ခုံးပင့်လိုက်၏။

သူက ဓားခြေလှမ်းကို နာလည်ပေးနိုင်၏။ အဆုံးမှာတော့ တပည့်က စိတ်ဝိညာဥ်တောင်ထိပ်ဝတ်စုံကိုဝတ်ဆင်ထားခဲ့သည်။

သို့ပေမယ့် အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်ကတော့...

ထိုအရာက ဆေးဘုရင်တောင်ထိပ်မှနည်းစနစ်တစ်ခုဖြစ်ပြီး အထူးသဖြင့် မီးကိုထိန်းချုပ်ရာမှာ အသုံးပြု၏။

ဓားသိုင်းကျင့်ကြံသည့်သိုင်းပညာရှင်အတွက် ဘာအသုံးဝင်မည်နည်း။

ထို့ပြင် အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်က သိမ်မွေ့အဆင့်မြင့်နည်းစနစ်ဖြစ်ပြီး ဈေးမပေါပေ။

သို့ပေမယ့် သူက အခြားလူ၏ကိစ္စကို ဝင်စွက်ဖက်လို့မရပေ။

ဤနှစ်တွေတစ်လျှောက် ထူးဆန်းတဲ့ကိစ္စများစွာကိုမြင်ဖူး၍ ဖြစ်ကောင်းဖြစ်နိုင်၏။ နောက်ထပ်ဝင်ပါရမှာ ပျင်းလွန်းနေပြီဖြစ်သည်။

ထို့ကြောင့် ချက်ချင်းပဲ မုန့်ချန်ချင်းကို မှတ်တမ်းတင်ပေးလိုက်သည်။

"စုစုပေါင်း အကျိုးပြုမှတ် သောင်းသုံးထောင်ကျပြီး နှစ်ဝက်ငှားလို့ရမယ်။ အချိန်မှီပြန်ပေးဖို့သတိရပါ..."

တစ်ချိန်တည်းမှာပဲ သူက အနက်ရောင်သေတ္တာတွေကို ဖွင့်လိုက်သည်။

"ကောင်းပါပြီ..."

မုန့်ချန်ချင်း သူ၏အကျိုးပြုမှတ်တုံကင်တွေကို လက်လွဲပေးလိုက်ပြီး သိုင်းကျမ်းနှစ်ခုဖြင့် တောင်အောက်ကို ပြန်ဆင်းလာခဲ့သည်။

"စိတ်ဝင်စားဖို့ကောင်းတဲ့တပည့်ပဲ, ဆေးပညာကော လေ့လာလို့ စီစဥ်နေတယ်..."

ကျမ်းဆောင်စောင့်အကြီးအကဲ သံသယမရှိပေ။

အဆုံးမှာတော့ အတွင်းစည်းကိုဝင်ရောက်သည့်လူအများစုက ပါရမီရှင်တွေဖြစ်ကြရာ ပါရမီရှင်တွေအတွက် ဘယ်အရာမှမဖြစ်နိုင်ဘူးဆိုတာ မရှိပေ။

"ဒါပေမယ့်, ငါများမှားနေတာလား...."

ကျမ်းဆောင်စောင့်အကြီးအကဲ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

သူက ထိုတပည့်ဆီမှ ထူးခြားသည့်အရှိန်အဝါကို ခံစားမိ၏။

"ထားလိုက်တော့, အခု ဘာမှမခံစားရတော့ဘူး...."

အကြီးအကဲခေါင်းခါယမ်းပြီး သူ့မျက်နှာကို စာအုပ်ဖြင့်ပြန်အုပ်လိုက်၏။

"ပြန်အိပ်ကျတာပေါ့...."

နေရာသို့ပြန်ရောက်သည့်အခါ မုန့်ချန်ချင်း သိုင်းကျမ်းနှစ်ခုကို အံ့ဆွဲထဲထည့်ပြီး သိမ်းထားလိုက်သည်။

သူက နှစ်ဝက်အတွင်း ၎င်းတို့ကို သေချာပေါက်ထိမည်မဟုတ်ပေ။

"နောက်တစ်ဆင့်က ဆက်ကျင့်ကြံရမယ်..."

လျို့ဝှက်နယ်မြေဖွင့်ဖို့က အချိန်အများကြီးမကျန်တော့ပေ။

သူ့ကျင့်ကြံရေးတိုးမြှင့်ဖို့ အချိန်ကို ကောင်းကောင်းအသုံးချရမည်ဖြစ်သည်။

ပိုင်ချန်ခဲ့ကိုသတ်ပြီး သူ့ခွန်အားကိုအတည်ပြုခဲ့ပေမယ့် အတွင်းစည်း၌ ယခုချိန်ထိ လူအနည်းငယ်နှင့်သာ ထိတွေ့ရသေး၏။

ဤနေရာက လူစွမ်းကောင်းတွေစုဝေးရာနေရာဖြစ်သည်။

သူ ပေါ့ဆ၍မရပေ။

တာဝန်ခန်းမမှာတွေ့ခဲ့သည့် ရှီညီအကိုက အကောင်းဆုံးဥပမာပင်။

"ထိုက်ရွမ်ဂိုဏ်းရဲ့ သွေးကြော၇ခု..."

အသက်ပြင်းပြင်းရှူပြီး မုန့်ချန်ချင်းခြေချိတ်ထိုင်လိုက်သည်။

ထိုနောက် ဝိညာဥ်ပေါင်းစပ်ဆေးတစ်လုံးထုတ်ကာ ပါးစပ်ထဲပစ်ထည့်လိုက်၏။

All Chapters