← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း ၁၀၇ - နိုးထခြင်း

ယခုအချိန်အထိ သူ့စိတ်ထဲတွင် တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေဆဲ။ ထိုသူများမှာ ရိုနန်၊ မာ့ခ်နှင့် ပီတာတို့ ဖြစ်ကြသည်။

ဒီအရာအားလုံးဟာ ထိုအိမ်မက်ကို မြင်မက်ခဲ့သည့်နေ့မှ စတင်ခဲ့ခြင်းဖြစ်သည်။ သူ့တွင် မေးခွန်းများစွာ ရှိနေသော်လည်း ဘယ်သူကမှ အဖြေမပေးနိုင်ခဲ့ကြပေ။

အရင်ကဆိုလျှင် သူသေဆုံးသွားပြီး အိုင်ဗီ အသက်ရှင်ကျန်ရစ်မည်ဆိုပါက ဒါဟာ လုံးဝမှန်ကန်သော ဆုံးဖြတ်ချက်ဟု သူထင်ခဲ့မိသည်။ သို့သော် ထိုအိမ်မက်ကို မြင်ပြီးနောက်တွင်မူ သူစိုးရိမ်လာရသည်။ အကယ်လို့ သူသာ သေဆုံးသွားခဲ့လျှင် အိုင်ဗီမှာ ဒီလောက်အထိ ဒုက္ခဝေဒနာ ခံစားရမှာ။

ဒုန်း။

ဆိုင်းလပ်စ်က နောက်ထပ် ဇမ်ဘီတစ်ကောင်ကို အလဲထိုးလိုက်ပြီး သူ၏ စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။

[ဒေါင်။ သင် အတွေ့အကြုံမှတ် ၃၀ ရရှိပါသည်။]

[အမည် - ဆိုင်းလပ်စ်

အသက် - ၂၁ နှစ်

စွမ်းအား - လျှပ်စီး (ငုပ်လျှိုးနေဆဲ)

အတွေ့အကြုံမှတ် - ၃၀၀၇ / ၁၀၀၀၀

အဆင့် - ၃

ခွန်အား - ၃၀

ဖျတ်လတ်မှု - ၃၀

အရှိန် - ၂၉

ခံနိုင်ရည် - ၅၇

ဝှက်ဖုံးနေသော ပြဿနာ - စိတ်ဒဏ်ရာဟောင်း၊ စိတ်အခြေအနေ မတည်ငြိမ်မှု (ဖြစ်နိုင်ချေရှိ)]

ဤစနစ်ကို သူစတင်ရရှိခဲ့သည့်နေ့မှစ၍ အတွေ့အကြုံမှတ်နှင့် အဆင့်ဟူသော အရည်အချင်းသစ်များကို သူရရှိခဲ့သည်။

စနစ်က သူ့အား ဇမ်ဘီသတ်ခြင်း အပါအဝင် နေ့စဉ်တာဝန်များကို အဓိကပေးအပ်လေ့ရှိသည်။ ရက်များကြာလာသည်နှင့်အမျှ သတ်ရမည့် ဇမ်ဘီအရေအတွက်မှာလည်း တစ်နေ့ထက်တစ်နေ့ တစ်ကောင်စီ တိုးလာနေကြောင်း ဆိုင်းလပ်စ် သတိပြုမိသည်။

သူ၏ ခွန်အားမှာလည်း တဖြည်းဖြည်း မြင့်တက်လာပြီး ယခုဆိုလျှင် အဆင့်-၀ ဇမ်ဘီ ၁၀ ကောင်ကို အလွယ်တကူ နှိမ်နင်းနိုင်သည်။ အဆင့်-၁ ဇမ်ဘီများပင်လျှင် သူ့အတွက် ပြဿနာမဟုတ်တော့ပေ။

[ဒေါင်။ သင် မစ်ရှင်အသစ်တစ်ခု ရရှိပါသည်။ နောက်ထပ် ၂၄ နာရီအတွင်း လျှပ်စီး အမြူတေ ၁၀ ခု စုဆောင်းပါ။ လျှပ်စီး အမြူတေ - (၀ / ၁၀)]

[မစ်ရှင်ဆုလာဘ် - အတွေ့အကြုံမှတ် ၁၀၀၀]

ဆိုင်းလပ်စ်က ဒီမစ်ရှင်ကို ပေါ့ပေါ့တန်တန် မထားရဲပေ။ ယခုအချိန်အထိ အတွေ့အကြုံမှတ်များ စုဆောင်းခြင်းက အသိအမြင်ကို တိုးမြင့်စေသည့်နေရာတွင် များစွာအထောက်အကူပြုကြောင်း သက်သေပြပြီးသားဖြစ်သည်။

သို့သော် မစ်ရှင်အသစ်တစ်ခု ရုတ်တရက် ပေါ်လာခြင်းမှာ တကယ်ကို ထူးဆန်းလှသည်။

နောက်ထပ် နာရီ ၂၀ အတွင်း ဆိုင်းလပ်စ်သည် ကိုးခုမြောက် လျှပ်စီး အမြူတေကို အလွယ်တကူ ရရှိခဲ့သည်။ ဇမ်ဘီတစ်ကောင်ကို ရှင်းလင်းနေစဉ်မှာပင် သူသည် ရုတ်တရက် အားအင်ကုန်ခမ်းသွားသလို ခံစားရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူ့မျက်ခွံများ လေးလံလာပြီး အိပ်ငိုက်ခြင်းက တဖြည်းဖြည်း လွှမ်းမိုးလာသည်။ ခဏတာ သူသည် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားချင်စိတ်သာ ရှိတော့သည်။

သူ့မျက်ခုံးများ တွန့်ချိုးသွားသလို ရင်ခုန်သံတို့လည်း တစ်ချက်တစ်ချက် ရပ်တန့်သွားသည်။ သူသည် လူသူမနီးသော ထောင့်တစ်နေရာတွင် ရှိနေခြင်းဖြစ်ရာ အကယ်၍ အခုသာ အိပ်ပျော်သွားခဲ့လျှင် ဒါက လူသားတစ်ယောက်အနေဖြင့် နောက်ဆုံး မြင်တွေ့ရခြင်း ဖြစ်ပေလိမ့်မည်။

မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ အခုသေလို့ မရသေးဘူး။ ငါသာ ဒီလောကက ထွက်သွားရင် အိုင်ဗီ နှိပ်စက်ခံရလိမ့်မယ်။

ထိုအတွေးက ဆိုင်းလပ်စ်ကို အပြင်းအထန် ရိုက်ခတ်သွားပုံရသည်။

အဘယ်ကြောင့်ဆိုသော် နောက်တစ်စက္ကန့်တွင် သူ့အနားသို့ ကပ်လာသော ဇမ်ဘီအားလုံးမှာ ခန္ဓာကိုယ်အတွင်း လျှပ်စီးလှိုင်းများ ဖြတ်စီးသွားသကဲ့သို့ ခံစားရပြီး တဆတ်ဆတ် တုန်ခါသွားကြသောကြောင့် ဖြစ်သည်။

မကြာမီမှာပင် သူတို့၏ ခန္ဓာကိုယ်များမှာ ကျောက်မီးသွေးကဲ့သို့ မည်းနက်သွားတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရမှ ဆိုင်းလပ်စ် သက်ပြင်းချနိုင်ကာ ဇမ်ဘီများ၏ ဦးခေါင်းခွံကို တစ်ခုချင်းစီ ခွဲကြည့်ရင်း နောက်ဆုံး လျှပ်စီး အမြူတေကို ရှာတွေ့လိုက်သည်။

အမြူတေများကို စနစ်ထဲသို့ ထည့်သွင်းပြီးနောက်တွင်မူ အိပ်ငိုက်ခြင်းက သူ့ကို လွှမ်းမိုးသွားပြန်သည်။ သူ မျက်လုံးမှိတ်လုဆဲဆဲမှာပင် ဇမ်ဘီများစွာ သူ့ထံသို့ တိုးကပ်လာနေသည်ကို သိလိုက်ရသည်။

တောက်စ်... ဒါက တကယ်ပဲ ငါ့ရဲ့ အဆုံးသတ်လား။ သူ တွေးလိုက်မိပြီး ရင်ထဲတွင် နောင်တလှိုင်းများစွာ ပေါ်ပေါက်လာသည်။ သူ လုပ်စရာရှိသည်များစွာ ကျန်ရှိနေသေးသည်မဟုတ်လား…

ရုတ်တရက် အေးစက်သော လက်တစ်စုံက သူ့နဖူးကို လာထိလိုက်ပြီး သာယာသော အသံတစ်ခုကို ကြားလိုက်ရသည်။

"ဆိုင်းလပ်စ် ဆိုင်းလပ်စ် ရှင် ဘာဖြစ်တာလဲ။ ကျွန်မကို စကားပြောဦးလေ"

ဒါဟာ ဆိုင်းလပ်စ် မှတ်မိသမျှ နောက်ဆုံးအရာပင် ဖြစ်သည်။ သူ မျက်လုံးပြန်ပွင့်လာချိန်တွင် ဆေးရုံတစ်ခုသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် မျက်နှာကျက်ကို စိုက်ကြည့်ရင်း သူ ဘာဖြစ်ခဲ့လဲဆိုတာကို ပြန်စဉ်းစားနေမိသည်။

နွေးထွေးသော လက်တစ်စုံက သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်ကို ခံစားရသဖြင့် သူ မျက်လုံးလှည့်ကြည့်လိုက်ရာ ပန်းရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦးက ကုတင်ဘေးရှိ ထိုင်ခုံလေးပေါ်တွင် ထိုင်လျက် သူ့ကုတင်ပေါ် ခေါင်းမှီပြီး အိပ်ပျော်နေသည်ကို တွေ့လိုက်ရသဖြင့် ပြုံးမိသွားသည်။

လှုပ်ရှားမှုကို ခံစားမိသဖြင့် အိုင်ဗီ၏ မျက်လုံးများ ချက်ချင်းပွင့်လာပြီး မတ်မတ်ထိုင်လိုက်သည်။ သူမ၏ မျက်ဝန်းအောက်တွင် ညိုမည်းနေသော မျက်ကွင်းများ ရှိနေပြီး သေချာကြည့်မည်ဆိုပါက သူမ၏ တည်ငြိမ်သော မျက်ဝန်းများထဲတွင် ပင်ပန်းနွမ်းနယ်မှုများကို မြင်တွေ့နိုင်သည်။

"ရှင် နိုးပြီလား။ ဘယ်နားက နာနေသေးလဲ။ ရေ သောက်ချင်လား" မေးခွန်းပေါင်းများစွာသည် ဆိုင်းလပ်စ်ထံသို့ တရစပ် ရောက်ရှိလာသည်။

"အင်း။ ဟုတ်၊ ဘယ်နားမှ မနာပါဘူး၊ ရေတော့ တကယ် ငတ်နေတယ်" ဆိုင်းလပ်စ်က စိတ်ရှည်စွာ ဖြေကြားလိုက်သည်။ သူ့၏ နူးညံ့သောအသံကြောင့် အိုင်ဗီ၏ ခန္ဓာကိုယ်ရှိ တင်းမာမှုများ ပြေလျော့သွားရသည်။

"ကိုယ် ဘာဖြစ်သွားတာလဲ" မိမိတွင် ဒဏ်ရာတစ်စုံတစ်ရာ မရရှိထားသည်ကို သတိပြုမိသဖြင့် ဆိုင်းလပ်စ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မသိဘူး။ ဆရာဝန်တွေရော ကုသပေးသူတွေပါ ဘာကြောင့်လဲဆိုတာ မပြောနိုင်ကြဘူး" အိုင်ဗီက ပြန်ဖြေရင်း ဆိုင်းလပ်စ်၏ မျက်နှာကို တပ်မက်စွာ စိုက်ကြည့်နေမိသည်။

"အခု ဘယ်နှနာရီ ရှိသွားပြီလဲ" ဆိုင်းလပ်စ်က စနစ်မျက်နှာပြင်ကို ဖွင့်ရန် တောင်းဆိုရင်း မေးလိုက်သည်။ သို့သော် အိုင်ဗီ၏ စကားကြောင့် သူ ကြည့်ခွင့်ပင် မရလိုက်ပေ။

"တစ်ပတ်ရှိသွားပြီ" သူမ၏ သာယာသောအသံက သူ ခံစားလိုက်ရသည့် ထိတ်လန့်မှုကို နှစ်သိမ့်ပေးလိုက်သကဲ့သို့ပင်။ အတော်ကြာမှ သူ ခေါင်းညိတ်လိုက်သည်။

"မင်း သွားအိပ်တော့လေ။ ကိုယ် အဆင်ပြေသွားပါပြီ" ဆိုင်းလပ်စ်က သူမကို စိတ်ချရန် ပြောသော်လည်း အိုင်ဗီက ဂရုမစိုက်ဘဲ သူမ၏ ဟင်းလင်းပြင်သိုလှောင်ခန်းထဲမှ ထမင်းချိုင့်ကို ထုတ်ယူကာ စားပွဲပြင်ဆင်ပေးလိုက်သည်။

"ရော့။ စားလိုက်ဦး" သူမ၏ ငြင်းဆန်၍မရသော လေသံကြောင့် သူ သက်ပြင်းချလိုက်ပြီး ဆန်ပြုတ်ပန်းကန်ကို ယူကာ သောက်လိုက်သည်။ သူ့ရင်ထဲ နွေးထွေးသွားရသည်။

"ရှင် ကိုယ်လက်သန့်စင်ဖို့ ကူညီပေးရအောင် ဟင်နရီကို ကျွန်မ သွားခေါ်ပေးမယ်" အိုင်ဗီက ပြောရင်း ထွက်သွားရန် ပြင်လိုက်စဉ် ဆိုင်းလပ်စ်က သူမကို တားဆီးကာ တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်။

"မလိုပါဘူး။ ကိုယ် အခု အဆင်ပြေနေပါပြီ။ တကယ်ပါ။ မင်းပဲ သွားပြီး ကိုယ်လက်သန့်စင်လိုက်ဦး။ ပြီးရင် အနားယူလိုက်နော်" ဆိုင်းလပ်စ်က သူမကို တားလိုက်သည်။

အိုင်ဗီက ဆိုင်းလပ်စ်ကို အတော်ကြာ စိုက်ကြည့်နေပြီးမှ ခေါင်းညိတ်လိုက်သည်။ ပြီးခဲ့သည့် တစ်ပတ်လုံး သူမသည် သူမ၏ အစီအစဉ်အားလုံးကို ဖျက်သိမ်းကာ ဆိုင်းလပ်စ်၏ ဘေးနားတွင်သာ လူနာစောင့်ပေးခဲ့တာ ဖြစ်သည်။

ဆိုင်းလပ်စ် မြေပြင်ပေါ်တွင် လဲကျနေပြီး ဇမ်ဘီအုပ်စု၏ ဝိုင်းရံခြင်းကို ခံနေရသည်ကို မြင်လိုက်ရစဉ်က သူမ တကယ်ကို ထိတ်လန့်သွားခဲ့ရသည်။ အကယ်၍ သူမသာ တစ်မိနစ်ခန့် နောက်ကျခဲ့မည်ဆိုလျှင် ဘာတွေဖြစ်သွားမည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

သူမရဲ့ ဟင်းလင်းပြင်ထဲတွင် အမြန်ရေချိုးပြီးနောက် ကျန်ရှိသော ဆန်ပြုတ်ကို စားကာ အိပ်ပျော်သွားတော့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏ ထူးခြားစွမ်းအင်က သူမအား နေရာအမျိုးမျိုးသို့ သွားရောက်စေခဲ့ပြီး ဆန်ထုပ်ပေါင်း ၆၀၀၀ ကျော် စုဆောင်းနိုင်ခဲ့သော်လည်း သူမ စိတ်မလှုပ်ရှားနိုင်ခဲ့ပေ။

သူမရဲ့စွမ်းအင် ပေါ်ထွက်လာတိုင်း ဆိုင်းလပ်စ်ရှိရာ ဆေးရုံသို့ သူမ ပြန်လျှောက်လာခဲ့ရသည်။ ဆိုင်းလပ်စ်ကို အနီးကပ် စောင့်ရှောက်ရခြင်းက ပင်ပန်းလွန်းလှသဖြင့် နောက်ဆုံးတွင် သူမ မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် အိပ်ပျော်သွားတော့သည်။

ဆိုင်းလပ်စ်သည် အိုင်ဗီကို ကြင်နာသော အကြည့်ဖြင့် စိုက်ကြည့်နေပြီးမှ သူ၏ အရည်အချင်းပြ မျက်နှာပြင်ပေါ်သို့ အကြည့်ရွှေ့လိုက်သည်။

[အမည် - ဆိုင်းလပ်စ်

အသက် - ၂၁ နှစ်

စွမ်းအား - လျှပ်စီး (အဆင့် - SSS)

အတွေ့အကြုံမှတ် - ၄၀၀၇ / ၁၀၀၀၀

အဆင့် - ၃

ခွန်အား - ၃၀

ဖျတ်လတ်မှု - ၃၀

အရှိန် - ၂၉

ခံနိုင်ရည် - ၅၇

ဝှက်ဖုံးနေသော ပြဿနာ - စိတ်ဒဏ်ရာဟောင်း၊ စိတ်အခြေအနေ မတည်ငြိမ်မှု (ဖြစ်နိုင်ချေရှိ)]

နောက်ဆုံးတော့ သူ၏ ထူးခြားစွမ်းအင် နိုးထလာခဲ့ပြီ ဖြစ်သည်။ "နောက်ဆုံးတော့... နောက်ဆုံးတော့ ငါ အိုင်ဗီကို ပိုပြီး ကာကွယ်ပေးနိုင်တော့မယ်" ဟု ဆိုင်းလပ်စ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဆိုင်းလပ်စ်" တာလီယာ၏ အသံက သူ့အတွေးကို ဖြတ်တောက်လိုက်ပြီး သူ လှည့်ကြည့်လိုက်သောအခါ သူမသည် အိုင်ဗီ့ကို ခက်ထန်သော မျက်နှာပေးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

အခန်း ၁၀၈ - ဆိုလာပြားများ ဝယ်ယူခြင်း

"စကားပြောရအောင်" သူမက ထိုသို့ပြောပြီး လှည့်ထွက်သွားရာ ဆိုင်းလပ်စ်အတွက် ငြင်းဆန်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။ ဆိုင်းလပ်စ်လည်း စိတ်မပါသော်လည်း သူမနောက်သို့ လိုက်သွားခဲ့ရသည်။

ဒီတစ်ကြိမ်တွင် တာလီယာသာ အိုင်ဗီ့ကို တစ်ခုခု စော်ကားပြောဆိုလာပါက သူမနှင့် အပြင်းအထန် အချေအတင် ငြင်းခုံမည်ဟုပင် ဆိုင်းလပ်စ်က စိတ်ပိုင်းဖြတ်ထားသည်။

"အခု ဘယ်လိုနေသေးလဲ" တာလီယာ၏ ပထမဆုံးမေးခွန်းကို ဆိုင်းလပ်စ် ခန့်မှန်းထားပြီးသားဖြစ်ကာ "နေကောင်းပါတယ်" ဟု တည်ငြိမ်စွာ ဖြေကြားလိုက်သည်။

တာလီယာသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးမှ သက်ပြင်းချလိုက်ကာ "အိုင်ဗီ့အပေါ် ငါ အလောတကြီး ဆုံးဖြတ်ချက်ချမိတာ မှားသွားတယ်ဆိုတာ ဝန်ခံပါတယ်။ သူ တကယ်ပြောင်းလဲသွားပြီပဲ။ သူ နင့်ကို တကယ် ဂရုစိုက်ပုံရတယ်..."

ဆိုင်းလပ်စ်၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။ အိုင်ဗီက ဘာတွေလုပ်ခဲ့လို့ တာလီယာရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တာလဲဆိုတာ သူ သိချင်နေမိသည်။

မောင်လေးဖြစ်သူ၏ မျက်ဝန်းထဲမှ မေးခွန်းကို ရိပ်မိသဖြင့် သူမက ရှင်းပြသည်။ “နင်သတိမေ့နေတဲ့ တစ်ပတ်လုံးမှာ သူက သူ့အတွက် အစားအသောက်လုပ်ဖို့ တိုက်ခန်းကို ခဏပြန်တာကလွဲရင် နင့်ဘေးမှာ ၂၄ နာရီပတ်လုံး ရှိနေပေးခဲ့တာ"

အိုင်ဗီ ဆေးရုံကနေ ခဏထွက်သွားခြင်းကို တာလီယာက နေ့လယ်စာစားဖို့ ခဏနားတာလို့ပဲ ယူဆထားခြင်း ဖြစ်သည်။

ဆိုင်းလပ်စ် နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ အိုင်ဗီက သူ့ကြောင့် ဘယ်လောက်အထိ ပင်ပန်းဆင်းရဲခဲ့ရမလဲကို တွေးမိကာ ရင်ထဲတွင် နာကျင်ရသလို၊ သူမကို ဆွဲဖက်ပြီး ကျေးဇူးတင်စကား ပြောချင်စိတ်များလည်း တဖွားဖွား ပေါ်ပေါက်လာသည်။

"ဘာပဲဖြစ်ဖြစ်... သူနင်နဲ့ တွဲနေတာကို ငါ မတားတော့ပါဘူး။ ဒါပေမဲ့ တစ်နေ့နေ့မှာ သူက နင့်အတွက် အန္တရာယ်ဖြစ်လာပြီလို့ ငါသိရင်တော့ ငါ လူဆိုးအဖြစ် ခံယူပြီး သူ့ကို သတ်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး"

ဆိုင်းလပ်စ် တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း သူမက လက်ကာပြကာ တားလိုက်သည်။

"အဲဒီအကြောင်း ထားလိုက်ပါဦး။ အခု အဓိက အကြောင်းအရာကို ပြောရအောင်။ ဖေဖေက နင့်ကို အနားယူစေချင်သလို အခြေအနေတွေကိုလည်း ရှင်းပြခိုင်းလိုက်တယ်။ သေချာနားထောင်နော်၊ နင် သတိမေ့နေတဲ့ အချိန်အတွင်းမှာ အများကြီး ဖြစ်ပျက်သွားခဲ့မလို့"

ဆိုင်းလပ်စ် မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာက တည်ကြည်သွားကာ သူမကို ဆက်ပြောရန် အချက်ပြလိုက်သည်။

"ရေကြီးမှုကြောင့် အစိုးရက ငါတို့ဆီကို အစားအသောက်တွေ ဆက်ပြီး မထောက်ပံ့နိုင်တော့ဘူး။ ယူနိုင်ငံ ရဲ့ ပြည်နယ်နဲ့ မြို့တော်တော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်။ အဆိုးဆုံးကတော့ နောက်ထပ် အနှစ် ၂၀ စာအတွက် ရိက္ခာတွေ သိုလှောင်ထားတဲ့ ပြည်နယ်တစ်ခုမှာလည်း ရေကြီးသွားတာပဲ။ ကံမကောင်းစွာနဲ့ ရိက္ခာ ၃၀ ရာခိုင်နှုန်းလောက်ပဲ ကယ်တင်နိုင်ခဲ့တယ်..."

တာလီယာ၏ စကားများက ရှေ့လျှောက် ကြုံတွေ့ရမည့် ဘေးအန္တရာယ်များကို သွယ်ဝိုက်ပြောဆိုနေခြင်းပင်။ ဆူပူအုံကြွမှုတွေ၊ လုယက်မှုတွေ မကြာခင် စတင်တော့မှာ။ အစားအသောက်မရှိသော လူသားများသည် အားအင်ကုန်ခမ်းကာ ဇမ်ဘီများ၏ အစားအစာအဖြစ်သာ အဆုံးသတ်ကြရပေလိမ့်မည်။

"အခုဆိုရင် တိုင်ဖွိုက်အဖျား‌ ရောဂါ၊ ဝမ်း‌ လျှောရောဂါ နဲ့ တခြား ကူးစက်ရောဂါတွေပါ မြန်မြန်ဆန်ဆန် ပျံ့နှံ့နေပြီ။ ဒီအတိုင်းသာ ဆက်သွားရင် လူဦးရေက အလျင်အမြန် လျော့နည်းလာပြီး ငါတို့ဘက်က အရှုံးနဲ့ ရင်ဆိုင်ရတော့မှာ"

"အဆင့်မြင့်အရာရှိတွေဆီကနေ သူ တောင်းဆိုထားတဲ့ ဆေးဝါးတွေကော ဘယ်လိုဖြစ်သွားပြီလဲ" ဆိုင်းလပ်စ်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

တာလီယာက လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူမ၏ အေးစက်လာသော မျက်ဝန်းများက သူမ ရင်ထဲတွင် ဒေါသလှိုင်းများ ထန်နေကြောင်း ဆိုင်းလပ်စ်ကို ပြောပြနေသကဲ့သို့ပင်။ "အဲဒီ အကောင် ဖရန့်ခ် က သူ့ရဲ့ အဆက်အသွယ်တွေကို သုံးပြီး ဆေးဝါးတွေကို မရောက်အောင် တားထားတယ်"

"ဘာ" ဆိုင်းလပ်စ် နားကြားမှားသလား ထင်မှတ်သွားသည်။ ဖရန့်ခ်က ဆေးဝါးတွေကို ဘယ်လိုလုပ် တားထားနိုင်မှာလဲ

"အစိုးရက ငါတို့အခြေစိုက်စခန်းအတွက် ဆေးဝါးတစ်သုတ် ပို့ပေးခဲ့တယ်။ ဒါပေမဲ့ ကားက ငါတို့ဆီ မရောက်ခင်မှာပဲ ‘ဘလက် ဗာချာ’ ဆိုတဲ့ အဖွဲ့က ကြားဖြတ်လုယူသွားတယ်။ ပြဿနာက ဖေဖေနဲ့ ဖရန့်ခ်ကလွဲရင် ဒီဆေးဝါးတွေ ပို့လိုက်တာကို ဘယ်သူမှ မသိကြဘူး။ အခုတော့ အဲဒီ အကောင် ဖရန့်ခ်က အပြစ်အားလုံးကို ဖေဖေ့အပေါ် ပုံချနေပြီး လျော်ကြေးအနေနဲ့ ဖေဖေ့ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုနေတယ်"

ဆိုင်းလပ်စ် သွားကြိတ်လိုက်မိသည်။ ကောင်းပြီ ကောင်းပြီ အဲဒီ ဖရန့်ခ် ဆိုတဲ့ကောင်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကိုတောင် ပြန်တိုက်ခိုက်ရဲလောက်အောင် တော်လာတယ်ပေါ့။

ဆိုင်းလပ်စ် သက်ပြင်းကို အရှည်ကြီးချလိုက်ပြီး တာလီယာ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ကျွန်တော် အဲဒါကို ပြန်ရအောင် ကြိုးစားကြည့်ပါ့မယ်"

တာလီယာ၏ စကားအရဆိုလျှင် ဆေးဝါးတွေကို ပြန်မရခဲ့ပါက သူတို့ ရာထူးချခံရနိုင်ပြီး ပိုဆိုးလျှင် ဖရန့်ခ်က ဒီအခွင့်အရေးကို အသုံးချကာ ဘလက်သော်န်း အဖွဲ့ကို စစ်တပ်ထဲကနေ အပြီးအပိုင် မောင်းထုတ်ပစ်နိုင်သည်။

ဖရန့်ခ်က တကယ်ကို ဉာဏ်ကောင်းပြီး လှည့်ပတ်တတ်သူဖြစ်ကြောင်း ဆိုင်းလပ်စ် ဝန်ခံရပေလိမ့်မည်။ အကယ်၍သာ နောက်ကွယ်က ကြိုးကိုင်သူက တခြားတစ်ယောက်ဖြစ်နေမှန်း သိခဲ့ရင်တော့ သူ အခုလို တုံ့ပြန်မိမှာ မဟုတ်ပါဘူး။

.............

နောက်တစ်နေ့တွင် အိုင်ဗီဟာ ဗိုက်ဆာ၍ နိုးလာကာ အမြန်ရေချိုးပြီးနောက် စိုးရိမ်တကြီး စောင့်ဆိုင်းနေသော အက်တလပ်ကို ဆက်သွယ်လိုက်သည်။

အိုင်ဗီက ချိန်းဆိုမှုကို ဖျက်သိမ်းခဲ့ပြီးနောက် အက်တလပ်က သူမဟာ အရောင်းအဝယ်ကို ဖျက်သိမ်းလိုက်မလား မဟုတ်ရင် ဈေးကြီးလွန်းသည်ဟု ထင်သွားမလားဆိုပြီး စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

အိုင်ဗီက အိမ်တွင်းရေး အရေးပေါ်ကိစ္စကြောင့် မလာနိုင်တာလို့ ပြောထားပေမဲ့ သူကတော့ စိတ်မအေးနိုင်သေးပါဘူး။

ချိန်းဆိုမှုကို ပြန်လည်စီစဉ်ဖို့ သူမကို သတိပေးတဲ့အနေနဲ့ သူက နေ့တိုင်း 'မင်္ဂလာနံနက်ခင်းပါ’' တွေ 'ကောင်းသော ညပါ' တွေ ပို့နေခဲ့တာပါ။

မနေ့ကဆိုရင် သူမက သူ့မက်ဆေ့ခ်ျကို လုံးဝ လျစ်လျူရှုထားခဲ့လို့ သူ့ နှလုံးရပ်မတတ် ဖြစ်သွားခဲ့ရသည်။ ကံကောင်းထောက်မစွာနဲ့ ဒီမနက်မှာတော့ သူမက ဖုန်းဆက်ပြီး ချိန်းဆိုမှုကို ချက်ချင်း ပြုလုပ်ခဲ့သည်။

သူ့ရဲ့ သိုလှောင်ရုံနားကို ဂျစ်ကားတစ်စီး ဆိုက်ရောက်လာတာ မြင်လိုက်ရတော့မှ သူ့ရဲ့ စိုးရိမ်စိတ်တွေ ပြေပျောက်သွားတော့သည်။

ကားက သူ့ရှေ့မှာ ရပ်တန့်သွားပြီး မှန်ကျလာတဲ့အခါမှာတော့ ရေတံခွန်လို ဖြာကျနေတဲ့ ပန်းရောင်ဆံပင်တွေ၊ ဆွဲဆောင်မှုရှိတဲ့ ပန်းရောင်မျက်ဝန်းတွေနဲ့ လှပတဲ့ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရပြီး ခေတ္တမျှ မှင်တက်သွားရသည်။

"ရှင်က အက်တလပ်လား?" သူမ၏ သာယာသော အသံက သူ့ကို သတိပြန်ဝင်လာစေပြီး သူက ကြက်ကလေး စာပေါက်သလို တရစပ် ခေါင်းညိတ်ပြလိုက်သည်။

သူမ ကားပေါ်က ဆင်းလာတဲ့အခါမှာတော့ ဘေးထိုင်ခုံတွေမှာ ပါလာတဲ့ ထုပ်ပိုးထားတဲ့ အိတ်ကြီးတွေကို မြင်ပြီး အက်တလပ် ပြုံးလိုက်မိသည်။ ဒါကတော့ တကယ့် ဖောက်သည်အစစ်ပဲ။

တစ်ဖက်မှာလည်း အိုင်ဗီက ဒီပတ်ဝန်းကျင်မှာ ဇမ်ဘီတွေ အရမ်းနည်းနေတာကို တွေ့ပြီး အံ့သြသွားသလို၊ ဝတ်စုံနက်ဝတ်ထားတဲ့ သက်တော်စောင့်အချို့က ဇမ်ဘီတွေကို တိုက်ခိုက်နေတာကို မြင်လိုက်ရသည်။

ဒီလို လူကုံထံတစ်ယောက်က သူ့ရဲ့ ပစ္စည်းတွေကို ဘယ်လို ကာကွယ်ထားသလဲဆိုတာ သူမ ချက်ချင်း နားလည်လိုက်သည်။ သူမ၏ အကြည့်က သိုလှောင်ရုံဆီသို့ ရောက်သွားသည်။

အဆောက်အအုံက အလွန်ပင် ကြီးမားလှပြီး အိမ်ဖြူတော် နီးပါးခန့်ပင် ရှိသည်။

"ကျွန်တော် လိုက်ပြပါ့မယ်" အိုင်ဗီ၏ စိတ်ဝင်စားမှုကို သတိပြုမိသဖြင့် အက်တလပ်က ကမ်းလှမ်းလိုက်ရာ အိုင်ဗီက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

မကြာမီ သူတို့ သိုလှောင်ရုံထဲသို့ ဝင်လာကြပြီး အက်တလပ်က သူမကို လိုက်ပြသည်။ ဆိုလာပြားအမျိုးမျိုး၊ ဆိုလာမီးဖိုတွေ၊ ဆိုလာမီးဖိုကြီးတွေနဲ့ ဆိုလာလျှပ်စစ်မီးစက်တွေ အိုင်ဗီ့ရှေ့မှာ ပေါ်လာတဲ့အခါကျမှ သူမရဲ့ စိတ်က အေးသွားတော့သည်။

ရောင်းတဲ့သူက တကယ် ရိုးသားတဲ့သူပဲ။ ပစ္စည်းတွေကို စစ်ဆေးပြီးတဲ့နောက်မှာတော့ အားလုံး ကောင်းမွန်တယ်လို့ အိုင်ဗီက ကောက်ချက်ချလိုက်သည်။

"လောလောဆယ်တော့ ဆိုလာပြား ၂၀၊ ဆိုလာမီးဖို ၅ လုံး၊ ဆိုလာမီးဖိုကြီး ၅ လုံးနဲ့ ဆိုလာမီးစက် ၁၀ လုံး ဝယ်ပါ့မယ်" ဟု အိုင်ဗီက ဆိုလိုက်ရာ အက်တလပ်မှာ ဝမ်းသာသွားရသည်။

အိုင်ဗီက 'လောလောဆယ်' လို့ သုံးနှုန်းသွားတဲ့အတွက် နောင်မှာလည်း ထပ်ပြီး အရောင်းအဝယ်ဖြစ်ဖို့ မျှော်လင့်ချက်ရှိသွားတာပေါ့။

"ရပါတယ် ရပါတယ် ကျွန်တော့်လူတွေကို ပစ္စည်းတွေ ထုပ်ပိုးခိုင်းလိုက်ပါ့မယ်"

All Chapters