အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း ၁၀၉ - စစ်ဆေးရေးဂိတ်
မကြာမီမှာပင် အက်တလပ်သည် သူရဲ့ သက်တော်စောင့်များကို ဆိုလာပြားများ၊ ဆိုလာမီးဖိုများနှင့် ဆိုလာမီးစက်များကို ကုန်ကားပေါ်သို့ တင်ရန် အချက်ပြလိုက်ပြီး အိုင်ဗီကလည်း သက်တော်စောင့်အချို့၏ အကူအညီဖြင့် အစားအသောက်များကို ကားပေါ်မှ ချပေးခဲ့သည်။
သူတို့အားလုံးသည် မိမိတို့အလုပ်ကို အလွန်ပင် စိတ်ပါလက်ပါ လုပ်ဆောင်ကြပြီး အက်တလပ်ကို သစ္စာဖောက်ကာ ရိက္ခာများကို လုယူရန် မည်သူကမျှ စိတ်မကူးကြခြင်းမှာ အိုင်ဗီ့ကို များစွာအံ့အားသင့်စေပါသည်။
ကမ္ဘာပျက်ကပ်အတွင်း အစားအသောက်နှင့် ပတ်သက်လာလျှင် ဘယ်သူကမှ သက်တော်စောင့်များကို မငှားရမ်းလိုကြပေ။
ဘာကြောင့်လဲ။ အလုပ်သမားသည် အစားအသောက်အတွက် အလုပ်ရှင်ကို အလွယ်တကူ လှည့်စားနိုင်သလို ပိုဆိုးရင် သတ်ပါ သတ်ပစ်နိုင်သောကြောင့် ဖြစ်သည်။
နောက်ပိုင်းတွင် အက်တလပ်နှင့် ရင်းနှီးလာမှသာ ထိုသက်တော်စောင့်တွေက အက်တလပ် ငယ်စဉ်ကတည်းက ထောက်ပံ့ကျွေးမွေးထားသည့် ကလေးများဖြစ်ကြောင်း အိုင်ဗီ သိရှိခဲ့ရသည်။
အက်တလပ်သည် အစားအသောက်များကို စစ်ဆေးပြီး အစစ်အမှန်ဖြစ်ကြောင်း သေချာသွားသောအခါ အလွန်ပင် ဝမ်းသာသွားသည်။
မကြာမီ အိုင်ဗီသည် စစ်ဘက်နယ်မြေ၏ ဂိတ်တံခါးသို့ ရောက်ရှိလာရာ ယခုအခါ ၎င်းမှာ အခြေစိုက်စခန်း၏ စစ်ဆေးရေးဂိတ်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ အိုင်ဗီ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကင်းသမားက ကုန်ကားကို တစ်ချက်ကြည့်ရင်း၊ အိုင်ဗီ့ကို တစ်ချက်ကြည့်ကာ အေးစက်သောလေသံဖြင့် မေးလိုက်သည်။
"ကားထဲမှာ ဘာတွေပါလဲ"
ဖော်ရွေမှုမရှိသော ကင်းသမားကို မြင်သောအခါ အိုင်ဗီ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။ "ဆိုလာပြားတွေနဲ့ ဆိုလာနဲ့ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေပါ"
ကင်းသမားက အိုင်ဗီ့ကို ဖြတ်ခွင့်မပေးဘဲ အခြားကင်းသမားတစ်ဦးကို အိုင်ဗီ၏ကားကို စစ်ဆေးရန် ခိုင်းစေလိုက်သည်။ အိုင်ဗီကလည်း သိပ်ပြီး ငြင်းဆန်ခြင်းမရှိပါ။
သူတို့က သူတို့အလုပ် သူတို့လုပ်နေကြခြင်းဖြစ်သဖြင့် သူမအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မလိုပေ။
မိနစ်အနည်းငယ်ကြာ ဆိုလာပြားများကို စစ်ဆေးပြီးနောက် ကင်းသမားသည် အိုင်ဗီ၏ကားနားသို့ ရောက်ရှိလာကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
"မင်း ငါတို့နောက်ကို တခြားလုံခြုံရေးဂိတ်တစ်ခုအထိ လိုက်ခဲ့ရမယ်"
အိုင်ဗီ၏ အလိုလိုသိစိတ်က တစ်ခုခုမှားယွင်းနေပြီဟု ပြောနေသော်လည်း သူမ၏မျက်နှာမှာ မည်သည့်အရိပ်အယောင်မျှ မပြဘဲ ငြင်းခုံလိုက်သည်။
"ဘာလို့လဲ ကျွန်မသိသလောက်တော့ ကျွန်မသယ်လာတဲ့အရာတွေက ပေါက်ကွဲစေတတ်တဲ့ပစ္စည်း ဒါမှမဟုတ် လက်နက်တွေမဟုတ်ရင် ဘာကိုမဆို စစ်ဆေးစရာမလိုဘဲ သယ်ယူခွင့်ရှိတယ်လေ"
ကင်းသမားက မျက်မှောင်ကြုတ်ကာ အိုင်ဗီ့ကို နားမထောင်သော ကလေးတစ်ယောက်လို ကြည့်ပြီး ၎င်း၏အရှိန်အဝါကို ပြသရန်အတွက် အသံကို အနည်းငယ်မြှင့်ကာ အေးစက်စွာ ပြောလိုက်သည်။
"မစ္စအိုင်ဗီ၊ ကျွန်တော့်ကို အစွန်းရောက်တဲ့နည်းလမ်းတွေ သုံးအောင် မလုပ်ပါနဲ့။ အခု မင်းက စနစ်တကျ အစစ်ဆေးမခံဘဲ အခြေစိုက်စခန်းရဲ့ အာဏာကို စိန်ခေါ်နေတာပဲ"
"ကျွန်မက အခြေခံကျတဲ့ မေးခွန်းတစ်ခုကို မေးတာပါ။ အဲဒါကတောင် အာဏာကို စိန်ခေါ်သလို ဖြစ်နေတယ်ဆိုရင် အထက်က လူကြီးတွေရဲ့ မာနက ဘယ်လောက်တောင် နုနယ်နေသလဲဆိုတာ ကျွန်မ သိချင်မိတယ်"
အိုင်ဗီ၏ စကားတစ်ခွန်းတည်းဖြင့် အခြားသူများ၏ အာရုံစိုက်မှုကို ရရှိသွားပြီး အထက်လူကြီးတစ်ဦးဦးက နောက်ကွယ်က ကြိုးကိုင်နေခြင်းဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောလိုက်သဖြင့် ကင်းသမား၏ မျက်နှာမှာ ဖြူလျော့သွားသည်။
သူသည် သွားကိုကြိတ်ကာ ဟန်ဆောင်အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"မစ္စအိုင်ဗီ၊ မင်း နားလည်မှုလွဲနေတာပါ။ ကျွန်တော်က ထပ်မံသေချာအောင် စစ်ဆေးချင်ရုံတင်ပါ။ မင်းသာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီကိစ္စမှာ မစ္စတာဆိုင်းလပ်စ်ကို ပါဝင်ပတ်သက်အောင် ကျွန်တော် လုပ်မှာမဟုတ်ပါဘူး"
သူ့စကား၏ ဆိုလိုရင်းကို နားလည်လိုက်သဖြင့် အိုင်ဗီ ခေတ္တမျှ မှင်တက်သွားပြီး မျက်ဝန်းထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားကာ ပြုံးလိုက်သည်။
"ကောင်းပြီလေ။ ကျွန်မ ပူးပေါင်းဆောင်ရွက်ပါ့မယ်"
ကင်းသမားက သက်ပြင်းချနိုင်သွားပြီး မကြာမီ အိုင်ဗီ၏ကား၊ ကုန်ကားနှင့် ကင်းသမားတို့မှာ လူသူကင်းဝေးသော ထောင့်တစ်နေရာသို့ ရောက်ရှိသွားကြသည်။
လူပရိသတ်နှင့် ဝေးကွာသွားသည်နှင့် ကင်းသမား၏မျက်နှာမှ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး ရွံရှာသော အကြည့်များ ဝင်ရောက်လာသည်။
သူသည် အပေါ်ယံမျှသာ စစ်ဆေးပြီးနောက် ပြောလိုက်သည်မှာ "မင်း ဒီဆိုလာပစ္စည်းတွေကို ထားခဲ့ရမယ်။ ငါတို့ ဒါတွေကို အစိတ်စိတ်အမွှာမွှာ ဖြုတ်ပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ဒါမှမဟုတ် လက်နက်တွေ ပါ၊ မပါ စစ်ဆေးရမယ်"
အိုင်ဗီ တိုးတိုးလေး ရယ်မောလိုက်မိသည်။
ဒီလိုယုတ်မာတဲ့ အကွက်မျိုးကို သူမ မျှော်လင့်ထားပြီးသားပါ။ သူမ ဒေါသထွက်မည့်အစား ကင်းသမားကို တည်ငြိမ်စွာ စိုက်ကြည့်ကာ မေးလိုက်သည်။
"ရှင်က ကျွန်မကို အရူးလို့ ထင်နေတာလား။ ကျွန်မ ထွက်သွားတာနဲ့ ရှင်တို့ ဒါတွေကို ရှင့်သခင်ဆီ ပေးလိုက်မယ်၊ ရှင့်သခင်က ဒါတွေကို သူ့အတွက် သိမ်းထားမယ်၊ ဒါမှမဟုတ် ပိုဆိုးရင် ဘလက်သော်န်း မိသားစုကို အကွက်ဆင်ဖို့ အသုံးချလိမ့်မယ် ဟုတ်တယ်မလား"
အိုင်ဗီက သူ့အစီအစဉ်ကို ရိပ်မိသွားကြောင်း သိလိုက်ရသဖြင့် ကင်းသမား၏ မျက်နှာမှာ ပျက်သွားသည်။ သူက လှောင်ပြုံးပြုံးကာ "မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။ ကံမကောင်းတာက မင်းရဲ့ ဉာဏ်ကောင်းမှုက ဒီတစ်ကြိမ်တော့ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် သူက အခြားကင်းသမားတစ်ဦးကို အချက်ပြလိုက်ရာ ထိုသူက အိုင်ဗီ့ကို သတိလစ်သွားအောင် လုပ်ရန် ပြေးဝင်လာသည်။ အိုင်ဗီသာ သတိမကြီးလျှင် သူတို့ စိတ်ကြိုက် လုပ်နိုင်ပြီ လေ။
ကုန်ကားပေါ်တွင် ထိုင်နေသော သက်တော်စောင့်အချို့သည် အခြေအနေ မဟန်တာကို ရိပ်မိကာ ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာပြီး အိုင်ဗီ့ဘေးတွင် ကာကွယ်ရေးတံတိုင်းအဖြစ် ဝိုင်းလိုက်ကြသည်။
သူမက ငါတို့ရဲ့ အစားအသောက်နတ်ဘုရားမပဲ၊ ငါတို့ရဲ့ အသက်နဲ့လဲပြီး သူမကို ကာကွယ်သွားမယ်။ ငါတို့ရဲ့ ရွှေဥ ဥတဲ့ ငန်းမလေးကို ဘယ်သူက ထိရဲတာလဲ အားလုံးကို သတ်ပစ်မယ် သူတို့အားလုံး တစ်ပြိုင်နက်တည်း တွေးလိုက်ကြပြီး သူတို့၏ ခက်ထန်သော မျက်နှာပေးများကြောင့် ကင်းသမားများမှာ မှင်တက်သွားရသည်။
ကင်းသမားများက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြပြီး တိုက်ခိုက်သင့်၊ မတိုက်ခိုက်သင့် ဝေခွဲမရ ဖြစ်သွားသည်။ သူတို့ရှေ့က သက်တော်စောင့်တွေက အရမ်းကို သာနေပုံရတယ်လေ။
သက်တော်စောင့်များ၏ အပြုအမူကြောင့် အိုင်ဗီ သဘောကျသွားသည်။ သူတို့ ဝင်မပါရင်တောင် ဒီမလောက်လေးမလောက်စားတွေကို သူမ ကိုင်တွယ်နိုင်ပါတယ်။ သို့သော် သူတို့၏ လုပ်ရပ်က သူမကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသဖြင့် အဆုံးတွင် သူတို့ကို ပစ္စည်းပို့ခအဖြစ် ဆုလာဘ်အချို့ ပေးရန် ဆုံးဖြတ်လိုက်သည်။
"သွားရအောင်" အိုင်ဗီ၏ တည်ငြိမ်သော လေသံကြောင့် သက်တော်စောင့်များက သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အိုင်ဗီ့ကို ကားထဲအထိ လိုက်ပို့ပေးပြီးမှ ကုန်ကားပေါ်သို့ ပြန်တက်သွားကြသည်။
ကင်းသမားများက ဘေးကနေ ကြည့်နေရုံမှအပ လိုက်မလာရဲကြတော့ပေ။
တောက်စ် ဟိုလူသန်ကြီးတွေကြောင့် အခွင့်အရေးကောင်းကြီး ဆုံးရှုံးသွားရပြီ အဲဒီ သူငယ်နှပ်စားမလေးသာ တစ်ယောက်တည်းဆိုရင်... ဒါကို ဗိုလ်ချုပ်ဖရန့်ခ်ဆီ သတင်းပို့ရမယ်။ အနည်းဆုံးတော့ ဒီသတင်းအတွက် သူ ငါ့ကို ဆုလာဘ်တစ်ခုခု ပေးမှာပဲ ဟု ပထမကင်းသမားက တွေးလိုက်သည်။
ဒုတိယကင်းသမားကမူ တစ်လှမ်းပိုတွေးလိုက်သည်။
အိုင်ဗီက တကယ် ကံကောင်းတာပဲ... ဆိုလာပစ္စည်းတွေ ဒီလောက်အများကြီး ဝယ်နိုင်တယ်ဆိုတော့... သူမမှာ အစားအသောက် ဘယ်လောက်တောင် ရှိနေလို့လဲ နေဦး... ဟိုတစ်နေ့က ဆိုလာပြားတွေအကြောင်း မေးထားတဲ့သူက သူမလား သွားပြီ... အဲဒါသာ မှန်ရင် ဒါကို ဗိုလ်ချုပ်ဖရန့်ခ်ဆီ ချက်ချင်း သတင်းပို့ရမယ်။
ကင်းသမားနှစ်ဦး၏ စိတ်ထဲတွင် ဘာတွေဖြစ်နေသည်ကို မသိဘဲ အိုင်ဗီသည် တာလီယာ၏ သီးသန့်လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာကာ သက်တော်စောင့်များကို ပြောလိုက်သည်။
"ဒီနေရာမှာ ခဏလောက် စောင့်ပေးလို့ ရမလားဒါတွေကို ကျွန်မရဲ့ ချစ်သူ အကူအညီနဲ့ သယ်သွားလိုက်ပါ့မယ်"
အခန်း ၁၁၀ - အဆင်သင့်စားသုံးနိုင်သော အစားအစာများ
သက်တော်စောင့်များသည် တစ်ခွန်းမှ မမေးဘဲ ထိုနေရာမှ ထွက်ခွာပေးခဲ့ကြသည်။ သူတို့ အနားတွင် မရှိတော့ကြောင်း သေချာသွားသည်နှင့် အိုင်ဗီသည် ဆိုလာပစ္စည်းအားလုံးကို သူမ၏ ဟင်းလင်းပြင်သိုလှောင်ခန်းထဲသို့ အေးအေးဆေးဆေး သိမ်းဆည်းလိုက်သည်။
၁၀ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် သူမက သက်တော်စောင့်များကို ပြန်ခေါ်ကာ တစ်ယောက်လျှင် ဆန် ၅၀၀ ဂရမ်စီ ပေးလိုက်သည်။ ပထမတော့ သက်တော်စောင့်များမှာ ဇဝေဇဝါဖြစ်သွားပြီး အိုင်ဗီ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်ကြသည်။
"ဒါက ပစ္စည်းပို့ခပါ" ဟုအိုင်ဗီက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ ခုနက သူမကို ကြောင်တောင်တောင် စိုက်ကြည့်နေကြသည့် သက်တော်စောင့်များ၏ ပုံစံမှာ အပြစ်ကင်းသော ကြက်ကလေးများနှင့်တူသဖြင့် သူမ စိတ်ထဲတွင် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
"မယူပါရစေနဲ့။ ကျွန်တော်တို့ ဒါကို မယူနိုင်ပါဘူး" သက်တော်စောင့်များက ယဉ်ကျေးစွာ ငြင်းဆိုကြသည်။ သို့သော် အိုင်ဗီ၏ စေတနာကြောင့် သူတို့ စိတ်လှုပ်ရှားသွားရပြီး ရင်ထဲတွင်လည်း ချီးကျူးမိနေကြသည်။
သူမက တကယ့်ကို နတ်ဘုရားမလေးပဲ။ ရုပ်ရည်လေးက လှသလို စိတ်ထားလေးကလည်း တကယ်ကို မွန်မြတ်တာပဲ။ အား... ငါသာ သူ့နောက်ကို လိုက်ခွင့်ရရင် သိပ်ကောင်းမှာပဲ။
သူတို့စိတ်ထဲက အတွေးတွေကို မသိဘဲ အိုင်ဗီက ဆန်ထုပ်တွေကို အတင်းပြန်ထည့်ပေးရင်း "ကျွန်မ ပေးပြီးသားပစ္စည်းကို ဘယ်တော့မှ ပြန်မယူဘူး" ဟု ပြတ်ပြတ်သားသား ဆိုလိုက်သည်။
နောက်ဆုံးတွင်တော့ သူမ၏ အဆက်မပြတ် တိုက်တွန်းမှုနှင့် ချစ်စဖွယ် ခြိမ်းခြောက်မှုများကြောင့် သက်တော်စောင့်များသည် ဆန်ထုပ်များကို ယူလိုက်ကြရပြီး ကျေးဇူးတင်စကားများကိုလည်း အဖန်တလဲလဲ ပြောကြားခဲ့ကြသည်။
သူတို့၏ ရင်ထဲတွင် အိုင်ဗီ့အပေါ် အလွန်ပင် ကျေးဇူးတင်ရှိသွားကြသည်။
[ဒေါင်။ သင် KB ၁၀၀ ရရှိပါသည်။]
[ဒေါင်။ သင် KB ၁၀၀ ရရှိပါသည်။]
[ဒေါင်။ သင် KB ၁၀၀ ရရှိပါသည်။]
[ဒေါင်။ သင် KB ၁၀၀ ရရှိပါသည်။]
[ဒေါင်။ သင် KB ၁၀၀ ရရှိပါသည်။]
အိုင်ဗီ ဆွံ့အသွားရသည်။
ကျေးဇူးပြန်ဆပ်ရုံလေးနဲ့ ဒီလောက်အထိ အမှတ်တွေ အများကြီး ပြန်ရလိမ့်မယ်လို့ မထင်ထားမိပေ။
မျက်တောင်တစ်ခတ်အတွင်းမှာတင် KB ၅၀၀ ရရှိသွားခဲ့ပြီလေ။
သက်ပြင်းအရှည်ကြီးချလိုက်ပြီးနောက် သူမ တိုက်ခန်းသို့ ပြန်လာကာ လေ့ကျင့်ခန်းများ ပြန်လည်လုပ်ဆောင်လိုက်သည်။
ရေအမြန်ချိုးပြီးနောက် သူမ၏ ထူးခြားစွမ်းအင် ထပ်မံနိုးထလာပြန်ရာ ယခုတစ်ကြိမ်တွင် ဆေးဝါးများကို ထပ်မံရရှိခဲ့သည်။
လက်ကျန်စာရင်းကို စစ်ဆေးကြည့်ရာ သူမတွင် ဖလူရိုကွီနိုလုံးစ် (ကူးစက်ရောဂါ ပိုးသတ်ဆေး) အထုပ်ပေါင်း ၁၅၀၀၀ ကျော်နှင့် မီထရိုနိုင်ဒါဇော (ပိုးသတ်ဆေး) အထုပ်ပေါင်း ၂၀၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ပစ္စည်းများ စုဆောင်းရသည့် ခံစားချက်ကို သူမ နှစ်သက်သော်လည်း ဆေးဝါးများ ဤမျှအထိ များပြားနေခြင်းက သူမကို ခေါင်းခဲစေပါသည်။
၎င်းမှာ စိုးရိမ်စရာဖြစ်သော်လည်း အလောတကြီးဖြေရှင်းရမည့် ကိစ္စမဟုတ်ပေ။ ယခု သူမတွင် ဆိုလာပြားများနှင့် ဆိုလာမီးဖိုများ ရှိနေပြီဖြစ်သဖြင့် အစားအသောက်များ ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။
ဆိုင်းလပ်စ်၏ အပေါ်ဆုံးထပ်တိုက်ခန်း ဝရန်တာတွင် နေရောင်ခြည်က တောက်ပစွာ ကျရောက်နေသည်။ နွေးထွေးသော နေရောင်ခြည်က ချက်ပြုတ်ရန်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်စေသဖြင့် အိုင်ဗီသည် ပြုံးလျက် အင်္ကျီလက်ကို မတင်လိုက်သည်။
ဆိုလာပြားများ ကောင်းမွန်စွာ အလုပ်လုပ်နေပြီး ဆိုလာမီးဖိုကလည်း လျင်မြန်စွာ ပူနွေးလာပြီဖြစ်ရာ သူမသည် အကြီးအကျယ် ချက်ပြုတ်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
ပထမဦးစွာ သူမသည် သူမ၏ သိုလှောင်ခန်းထဲမှ ကြည်လင်သော ရေများကို အိုးကြီးတစ်လုံးထဲသို့ ထည့်လိုက်သည်။ ရေကို ဆူအောင်တည်ပြီး သတ္တုဓာတ်ကြွယ်ဝသော ဆားတစ်ဆုပ်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်လိုက်ရာ လေထုထဲတွင် သန့်ရှင်းလတ်ဆတ်သော ရနံ့များ ပျံ့လွင့်လာသည်။
အိုင်ဗီသည် သူမ စုဆောင်းထားသော ငါးများနှင့် ပင်လယ်စာများကို ကြည့်ရင်း "ငါးပွဲတော်ကြီး လုပ်ကြစို့" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမသည် ဆန်းဖစ်ရှ်ငါး အကြီး ၅ ကောင်ကို ရွေးထုတ်ကာ သန့်စင်လိုက်သည်။ ထို့နောက် ကြက်သွန်ဖြူဆား၊ အနံ့ခံဆား၊ ငရုတ်ကောင်းနှင့် ပါရှန်းဆားအပြာ အနည်းငယ်တို့ဖြင့် နယ်လိုက်သည်။
ခေတ္တမျှ နှပ်ထားပြီးနောက် ၎င်းတို့ကို ဆိုလာဖုတ်စက် ထဲသို့ ထည့်ကာ အရေခွံများ ရွှေအိုရောင်သန်းပြီး ကြွပ်ရွလာသည်အထိ ဖြည်းဖြည်းချင်း ကင်လိုက်သည်။
ဆက်လက်၍ သူမသည် ပုစွန်လုံး အကောင် ၂၀၀ ခန့်ကို ယူလိုက်သည်။ ၎င်းတို့ကို ဆားကြမ်း၊ ငရုတ်ကောင်းပန်းရောင်နှင့် ရှောက်သီးနံ့ပါသော ဆားတို့ထည့်ထားသည့် ဆူပွတ်နေသောအိုးထဲသို့ ထည့်လိုက်သည်။
ကျက်သွားသောအခါ ၎င်းတို့မှာ တောက်ပသော အနီရောင်သို့ ပြောင်းလဲသွားပြီး သွားရည်ကျစရာ ရနံ့များ ထွက်ပေါ်လာသည်။ အိုင်ဗီသည် ၎င်းတို့ကို ကြက်သွန်ဖြူထောပတ်နှင့် ရောမွှေကာ လင်ဗန်းပေါ်တွင် တင်ထားလိုက်သည်။
သူမ ဒီလောက်နဲ့ မရပ်တန့်သေးပါ။ ထရောက်ငါး နှင့် ဘတ်စ်ငါးတို့ကို ရွေးချယ်ကာ ငါးစုံဟင်းချို ချက်လိုက်သည်။ ငါးများကို အတုံးလိုက် တုံးကာ ပင်လယ်ဆား၊ ငရုတ်ကောင်းစေ့နီများနှင့် ပြင်သစ်ဆားတို့ဖြင့် အိုးထဲတွင် ထည့်လိုက်သည်။
ရေသန် ထည့်ကာ ဖြည်းဖြည်းချင်း ဆူပွက်အောင် တည်ထားပြီး ဟင်းရည် ပျစ်သွားစေရန် ဆန်မှုန့်အနည်းငယ်ကို မွှေထည့်လိုက်သည်။ ဟင်းရည်အိုး ဆူပွက်လာသည်နှင့်အမျှ ဝရန်တာတစ်ခုလုံး မွှေးပျံ့သော ရနံ့များဖြင့် ပြည့်နှက်သွားတော့သည်။
ဝါးရတာ ပိုကောင်းစေရန် အိုင်ဗီသည် လိပ်သားကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် လိပ်သားကို ကြိတ်ကာ အယ်လ်မွန်မှုန့်၊ ငရုတ်ကောင်းနှင့် ဆဲလ်တစ်ဆား တို့ဖြင့် ရော၍ လိပ်သားလုံးများ ပြုလုပ်လိုက်သည်။
၎င်းတို့ကို အလုံးလေးများ လုံးကာ ဆိုလာဒယ်အိုးပေါ်တွင် အပြင်ဘက် ကြွပ်ရွပြီး အတွင်းသား နူးညံ့သွားသည်အထိ ကြော်လိုက်သည်။
ထို့နောက် ဆန်ဟင်းလျာများ ချက်ပါသည်။ အိုင်ဗီက သူမ၏ ဆန်သိုလှောင်ခန်းကို ဖွင့်ကာ ဆန်အမျိုးမျိုးကို ရွေးချယ်လိုက်သည်။ စံပယ်နံ့သင်းသော ဆန်ကို ဆားနှင့် ငရုတ်ကောင်းစိမ်းတို့ဖြင့် ချက်လိုက်ရာ ချိုစိမ့်ပြီး စပ်ရှိန်းရှိန်း ရနံ့ကို ရရှိစေသည်။
ကောက်ညှင်းဆန်၊ ဟင်းခတ်ဆားနှင့် ငရုတ်ကောင်းဖြူတို့ကို သုံး၍ ကောက်ညှင်းချက်လိုက်ရာ ၎င်းမှာ ငါးကင်နှင့် တွဲဖက်စားရန် အလွန်ပင် လိုက်ဖက်လှသည်။
သူမသည် ပျော်စရာကောင်းသော အရာတစ်ခုကိုလည်း စမ်းကြည့်ခဲ့သည်၊ ၎င်းမှာ ဆူရှီထမင်းပင် ဖြစ်သည်။ အိုင်ဗီသည် ချက်ပြုတ်ပြီးသား ထမင်းကို ဆားနှင့် ရေသန့်အနည်းငယ်ဖြင့် ရောမွှေလိုက်သည်။
ကျက်နေသော ပုစွန်လုံးနှင့် ထရောက်ငါးများကို အလွှာလိုက်လှီးကာ ဆူရှီထမင်းလုံးလေးများပေါ်တွင် တင်လိုက်သည်။ သူမ ကိုယ်တိုင်လုပ်ထားသော ဆူရှီလေးများကို ကြည့်ကာ ဂုဏ်ယူစွာ ပြုံးလိုက်မိသည်။
မရပ်တန့်သေးဘဲ အိုင်ဗီသည် ဂျုံမှုန့်၊ သံလွင်ဆီ၊ ဟင်းခတ်ဆားနှင့် ငရုတ်ကောင်းတို့ဖြင့် ပြားချပ်သော ပေါင်မုန့် အချို့ကို ဖုတ်လိုက်သည်။
၎င်းတို့ကို ပြားနေအောင် ဖိပြီး ဒယ်အိုးပူပူပေါ်တွင် ရွှေအိုရောင်သန်းလာသည်အထိ တစ်ဖက်စီ လှန်ပေးလိုက်သည်။ ပေါင်မုန့်နံ့လေးက သူမကို ဗိုက်ဆာလာစေသည်။
နောက်ဆုံးအနေဖြင့် ဖားအချို့ကို ဟင်းခတ်ဆားနှင့် ငရုတ်ကောင်းနီစေ့ ရေနွေးထဲတွင် ပြုတ်လိုက်သည်။ သူမ ကြိုက်၊ မကြိုက် မသေချာသော်လည်း ဖားဟင်းစပ်စပ်လေးမှာ အရသာရှိပြီး အရည်ရွှမ်းနေပုံရသည်။
နာရီပေါင်းများစွာ ချက်ပြုတ်ပြီးနောက် အိုင်ဗီသည် စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်လိုက်သည်။ ငါးကင်များ၊ ပုစွန်လုံး၊ ထောပတ်ကင်၊ ငါးဟင်းချို၊ လိပ်သားလုံးများ၊ ကောက်ညှင်း၊ ဆူရှီ၊ ပေါင်မုန့်ပူပူများနှင့် ဖားဟင်းတို့မှာ သူမရှေ့တွင် အစီအရီ ရှိနေသည်။ ရနံ့များမှာ လေထုထဲတွင် ရောယှက်နေပြီး သွားရည်ကျစရာပင်။
မိမိကိုယ်တိုင်နှင့် ဆိုင်းလပ်စ်အတွက် တစ်ပုံစီ ဖယ်ထားပြီးနောက် ကျန်ရှိသည်များကို သူမ၏ ဟင်းလင်းပြင်သိုလှောင်ခန်းထဲသို့ အမြန်သိမ်းဆည်းလိုက်သည်။
သူမ ဝရန်တာတွင် ထိုင်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဖြည်းဖြည်းချင်း စားသောက်တော့သည်။ တစ်လုပ်စားတိုင်း ယခင်တစ်လုပ်ထက် ပို၍ အရသာရှိနေသလိုပင်။
ညစာစားပြီးနောက် သူမသည် လက်ကျန်စာရင်းကို အေးအေးဆေးဆေး စစ်ဆေးကြည့်သည်။ တစ်နေ့ခင်းလုံး အလုပ်လုပ်ခဲ့သော်လည်း သူမတွင်ရှိသော ပစ္စည်းများ၏ ၁၀ ပုံ ၁ ပုံကိုပင် မကုန်ခဲ့ပေ။
သို့သော် သူမ ပြင်ဆင်ထားသော အဆင်သင့်စားသုံးနိုင်သည့် အစားအစာပမာဏမှာ နောက်တစ်လလုံး အစားအသောက်အတွက် ပူစရာမလိုတော့ရန် လုံလောက်လှသည်။
ဗိုက်ကလေးကို ပုတ်ကာ ကျေနပ်သော မျက်နှာပေးဖြင့် သူမသည် ဟင်းလင်းပြင်အမြူတေအချို့ကို ထုတ်ယူကာ စုပ်ယူလိုက်သည်။
သူမ၏ ပစ္စည်းကောက်ယူသည့် စွမ်းအင်အတွက် မည်သည့်အမြူတေကို စုပ်ယူရမည်မှန်း မသိသော်လည်း၊ သူမ၏ ဘေးကင်းဇုန် စွမ်းအင်အတွက်မူ ဟင်းလင်းပြင် သို့မဟုတ် စိတ်စွမ်းအင် အမြူတေ များကို စုပ်ယူရန် လိုအပ်ကြောင်း သူမ သေချာပေါက် သိထားသည်။
သူမ၏ ထူးခြားသော စွမ်းအင်ကြောင့် အမျိုးအစား မတူညီသည့် အမြူတေ နှစ်မျိုးလုံးကို စုပ်ယူနိုင်ခြင်းပင် ဖြစ်သည်။