← Chapters

အခန်း (၃၈၈)

Vol. 36 Ch. 388

အခန်း (၃၈၈)

Vol. 36 Ch. 388

မိန်းမစိုးက ဆိုသည်"တာအိုမိတ်ဆွေ... ခုနက ကျောက်စာတိုင်ပေါ်မှာ ရေးထားတာကို ခင်ဗျား မြင်မှာပါ။ ဘေးက သေတ္တာထဲမှာ မသေမျိုး လမ်းစဉ်ကို ရှာဖွေနိုင်မယ့် အခွင့်အရေး ရှိနေတာ"

သူသည် စိတ်အားထက်သန်စွာဖြင့် ကျောက်သားစင်မြင့်ဆီသို့ ဦးတည်သွားစဉ်မှာပင်။

ကြည်လင်တောက်ပသော ဆန်းကြယ်စွမ်းအင်များသည် နဂါးချောက်

နက်ဓား ထံမှ လေထုထဲသို့ ပွင့်ထွက်လာပြီး ချောင်ရှဲ့၏ ရုပ်ထုများပေါ်သို့ ပျံ့နှံ့ကျရောက်သွားတော့သည်။

မဟန်တော့ပေ။

"ပြေးတော့"

ချန်ဆန်းရှီသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ကျောက်တံခါးဆီသို့ အမြန်ဆုံး နောက်ဆုတ်လိုက်သည်။

ထိုအချိန်မှာပင်။

မြင်းစီးနေသော ကောင်လေးရုပ်ထုမှစတင်ကာ ရုပ်ထုအားလုံးသည်... အသက်ဝင်လာကြတော့သည်။

၎င်းတို့သည် အားကောင်းလှသော အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားပြီး သူတို့၏ အကြည့်များမှာ မိန်းမစိုးဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်နေသည်။

"ဒါ... ဒါက..."

မိန်းမစိုးသည်လည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အာရုံခံမိသွားသည်။ သူသည် မသေမျိုး ဖြစ်ခွင့်ဆိုသည့် မက်လုံးကြောင့် အသိစိတ် လုံးဝပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ပေ။ သူသည် သွားကို တင်းတင်းကြိတ်ကာ ရေပေါ်ဝဲသည့် ပုစဉ်းရင်ကွဲကဲ့သို့ လျင်မြန်စွာ ဆုတ်ခွာခဲ့သော်လည်း အနည်းငယ် နောက်ကျသွားခဲ့သည်။

စင်္ကြံလမ်းအတွင်း၌ မြင်းစီးကောင်လေးရုပ်ထုက သူ့ကို မှီသွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။

"ဗုန်း.."

မိန်းမစိုးက လက်ဖဝါးဖြင့် ပြန်လည် ခုခံလိုက်သည်။

လက်သီးနှင့် လက်ဖဝါး ထိတွေ့သွားသည့် အခါတွင်တော့။

ထိုဒဏ်ကို မခံနိုင်ဘဲ မိန်းမစိုးမှာ စင်္ကြံလမ်း၏ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ လွင့်စဉ်ကျသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်။

ပျံလွှားငါးဝတ်စုံ ဝတ်ထားသည့် မိန်းမစိုးသည် လက်ချောင်းများဖြင့် မန္တန်ဖွဲ့လိုက်ရာ သူ၏ရှေ့တွင် ဆီးနှင်းများ ဖြစ်ပေါ်လာပြီး လည်ပတ်နေသော နှင်းဓားသွား အဖြစ် ပြောင်းလဲကာ မြင်းစီးကောင်လေးဆီသို့ ပစ်လွှတ်လိုက်သည်။

မြင်းစီးကောင်လေးရုပ်ထု၏ လက်တစ်ဖက် ပြတ်တောက်သွားခဲ့သည်။

မိန်းမစိုးက ဆုတ်ခွာရန် အခွင့်အရေးကို အရယူဖို့ ပြင်လိုက်စဉ်မှာပင် ဂိုဏ်းသားဝတ်စုံနှင့် ချောင်ရှဲ့ရုပ်ထုက ကပ်လျက် ရောက်ရှိလာပြီး သူ၏ သစ်သားဓားဖြင့် မိန်းမစိုး၏ မျက်နှာဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်ရာ မိန်းမစိုးမှာ ပြန်လည် တိုက်ခိုက်ရန်ပင် အခွင့်အရေး မရတော့ပေ။

"ဝုန်း.."

ဟယ်မြောင်ဓား အိမ်ထဲမှ ထွက်ပေါ်လာသည်။

ချန်ဆန်းရှီသည်လည်း ထိုတိုက်ခိုက်မှုကို ခုခံရန် ခက်ခဲနေသဖြင့် နောက်သို့ ယိုင်ထွက်သွားစဉ်မှာပင် ဓားချီမန္တန်ကို ထုတ်လွှတ်လိုက်သည်။

"ဗုန်း.."

ခရမ်းရောင်အလင်းတန်းနှင့်အတူ ဓားငယ်လေးတစ်စင်း ပွင့်ထွက်သွားပြီး ဂိုဏ်းသားဝတ်စုံနှင့် ချောင်ရှဲ့ရုပ်ထု၏ ဦးခေါင်းကို ဖောက်ထွက်သွားတော့သည်။

ထိုအခွင့်အရေးကို အရယူကာ။

ချန်ဆန်းရှီနှင့် မိန်းမစိုးတို့သည် အမြန်ဆုံး ဆုတ်ခွာလာခဲ့ကြသည်။

ဂိုဏ်းသားဝတ်စုံနှင့် ချောင်ရှဲ့ရုပ်ထု၏ နောက်ကွယ်တွင် နောက်ထပ် သစ်သားရုပ်ထု သုံးခု ရှိနေသေးသည်။

၎င်းတို့၏ ခွန်အားမှာ သရုပ်ဖော်ထားသည့် ဘဝကာလများအလိုက် ကွဲပြားနေခြင်း ဖြစ်သည်။

နောက်ကွယ်မှ ရုပ်ထု သုံးခုမှာ ပို၍ပင် အစွမ်းထက်လှသည်။

ကံကောင်းသည်မှာ အသက်ကြီးပိုင်း ချောင်ရှဲ့ရုပ်ထုကို ချန်ဆန်းရှီက အစကတည်းက ခေါင်းဖြတ်သတ်ထားခဲ့ခြင်းပင်။ မဟုတ်လျှင်တော့ သူတို့နှစ်ယောက်လုံး ဤနေရာမှာတင် အသက်ပျောက်သွားနိုင်ပေသည်။

"ဝုန်း.."

သစ်သားရုပ်ထု သုံးခုသည် သူတို့ဆီသို့ ပြေးဝင်လာစဉ် မိန်းမစိုး၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်စွမ်းအင်များ တဖျတ်ဖျတ် တုန်ခါလာပြီး ကျောက်တံခါးကို ပြန်လည် ပိတ်စေမည့် နည်းစနစ်တစ်ခုကို ပြုလုပ်လိုက်သည်။

ရေရှောင်ကြွက်သည်လည်း လွတ်မြောက်ရန် ကြိုးစားသော်လည်း တစ်လှမ်း နောက်ကျသွားခဲ့သဖြင့် ချောင်ရှဲ့၏ မြင်းခွာအောက်တွင် ကြိတ်ခြေခံလိုက်ရကာ အသားဖတ်များအဖြစ် ကြေမွသွားတော့သည်။

သစ်သားရုပ်ထု သုံးခု အပြင်သို့ ထိုးဖောက်ထွက်မလာမီ စက္ကန့်ပိုင်းအလိုမှာပင် ကျောက်တံခါးကြီးမှာ အောင်မြင်စွာ ပိတ်သွားခဲ့ပြီး ပြင်းထန်သော အသံနှစ်ချက် ထွက်ပေါ်လာပြီးနောက် အားလုံး ငြိမ်သက်သွားခဲ့သည်။

"ဟူး..."

မိန်းမစိုးသည် အသက်ကို ပြင်းပြင်းရှူနေရပြီး ပါးစပ်ထောင့်မှ သွေးစအချို့ စီးကျလာသည်။ သူ၏ မျက်နှာမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေပြီး မြေပြင်ကို ခြေဖြင့် ဆောင့်ကာ "တစ်လှမ်းပဲ... တစ်လှမ်းလေးပဲ လိုတော့တာ။ မသေမျိုး လောကရဲ့ အခွင့်အရေးက လက်တစ်ကမ်းမှာတင် ရှိနေတာကို။ ဒီသစ်သားရုပ်ထုတွေက တကယ့်ကို ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိနေတာပဲ။ အဲ့ဒီတုန်းက ချောင်ရှဲ့ ဟာ မသေမျိုး လမ်းစဉ်မှာ ဘယ်လောက်အထိ ခရီးပေါက်ခဲ့လို့လဲ"

ချန်ဆန်းရှီသည်လည်း ထိုမေးခွန်းကိုပင် တွေးတောနေမိသည်။

ဒီသစ်သားရုပ်ထုတွေရဲ့ နည်းစနစ်တွေကို ကြည့်ရတာ မှတ်တမ်းတွေထဲကထက် ပိုပြီး အစွမ်းထက်နေသလိုပင်။ ဒါဆိုရင် ဒီလောက် အစွမ်းထက်တဲ့လူက ဘာလို့ အသက်ရှစ်ဆယ်ကျော်လောက်မှာပဲ သေဆုံးသွားရတာလဲ။

အခု လုံချင်ဧကရာဇ် တောင်မှ အသက်ကိုးဆယ့်ရှစ်နှစ် ရှိနေပြီဖြစ်သလို ကျန်းမာရေးကလည်း ကောင်းမွန်နေဆဲ မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ်...

သူ ထင်ထားသည့်အတိုင်းပင်။

အတွင်းထဲက ပစ္စည်းတွေကို ရဖို့က မလွယ်ကူပေ။

ဒါပေမဲ့ ချောင်ဖန် ကို ဒီကိစ္စထဲ ဆွဲသွင်းပြီး စမ်းသပ်ကြည့်ဖို့ကတော့ ထိုက်တန်နေဆဲ ဖြစ်သည်။

အတွင်းထဲက စက်ကွင်းတွေက ပြင်ပလူတွေကို သေချာပေါက် ခွဲခြားသိမြင်နေသည်။

"ကျင့်ကြံသူ"

မိန်းမစိုးသည် လက်သီးစုပ်ကာ အရိုသေလိုက်ပြီး "ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိတ်ဆွေရဲ့ အကူအညီသာ မပါရင် ကျွန်တော် ဒီနေ့ ဒီမှာတင် သေဆုံးသွားနိုင်ပါတယ်" ဟု ဆိုသည်။

"ဒီသူရဲကောင်းကြီးရဲ့ ကျေးဇူးကို မှတ်ထားရင် ရပြီ"

ချန်ဆန်းရှီက သူ၏ မူလအသွင်နှင့် မတူစေရန် အသံကို ထိန်းပြောလိုက်သည်။

တစ်ဖက်လူနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သဖြင့် သူ တတ်နိုင်သမျှ ကူညီပေးရမည်။

ဒါ့အပြင် နောက်ပိုင်းတွင် မသေမျိုးရှာဖွေရေးမျှော်စင် ကို အသုံးချရန် လိုအပ်နေသေးသည် မဟုတ်ပါလား။

"ကျွန်တော် သေချာပေါက် မှတ်ထားပါ့မယ်" မိန်းမစိုးက ပြန်ဖြေကာ ပုဝါကို ထုတ်ယူ၍ နှုတ်ခမ်းပေါ်က သွေးတွေကို သုတ်လိုက်သည်။

"ဒါပေမဲ့ အတွင်းထဲက မသေမျိုး အခွင့်အရေးကို ဘယ်လို ရယူကြမလဲ"

"အခုလိုမျိုး ဇွတ်တိုးလို့တော့ မရတော့ဘူး" ချန်ဆန်းရှီက ဆိုလိုက်သည်။ သူသည် နဂါးချောက်နက်ဓားကို ပြန်လည် စဉ်းစားကြည့်ရင်း မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရသည်။

သစ်သားရုပ်ထုတွေကို အသက်သွင်းပေးတဲ့ ဆန်းကြယ်စွမ်းအင်တွေဟာလည်း ထူးဆန်းလှသည်။ ၎င်းသည် ဝိညာဉ်စွမ်းအင်လည်း မဟုတ်၊ ဝိညာဉ်

ပုတီးစေ့ ထဲက စွမ်းအင်လည်း မဟုတ်သလို ခရမ်းရောင်ချီလည်း မဟုတ်ပေ။ သူ တစ်ခါမှ မမြင်ဖူးသည့် ဆန်းကြယ်စွမ်းအင် တစ်မျိုး ဖြစ်သည်။

ဒါဟာ ချောင်ရှဲ့ က သူ၏ သားစဉ်မြေးဆက်တွေအတွက် ထားရစ်ခဲ့တာလား။

နဂါးချောက်နက်ဓား...

ပြီးတော့ အဲ့ဒါက တခြားလူတစ်ယောက်နဲ့ ချိတ်ဆက်နေသေးသည်။

ဘယ်သူလဲ။

ဧကရာဇ်အိုကြီးလား။

ဒါဆို သူက ဘာလို့ ကိုယ်တိုင်လာမယူတာလဲ။

ဒီလောက်အထိ ဆူညံသွားတာကို သူရော အာရုံခံမိမှာလား။

"ပြေးတော့"

ချန်ဆန်းရှီက ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

သူတို့သည် ရေအောက်အနက်ပိုင်းသို့ ပြန်လည် ခုန်ဆင်းပြီး အမြန်ဆုံး ထွက်ပြေးခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် နောက်ထပ် အန္တရာယ်များနှင့် မတွေ့ခဲ့ပေ။

သူတို့ရဲ့ ခုနက လှုပ်ရှားမှုတွေက တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်မှုကို ခံလိုက်ရသလား ဆိုတာကတော့ မသေချာသေးပေ။

"တာအိုမိတ်ဆွေ"

မိန်းမစိုးက "ဘယ်အချိန်မှာ ပြန်လာတာက ပိုပြီး သင့်တော်မယ်လို့ မိတ်ဆွေထင်လဲ"

"အချိန်တန်ရင် ငါ မင်းကို လာရှာမယ်၊ ခွင့်ပြုဦး"

ချန်ဆန်းရှီသည် အချိန်ဆွဲမနေဘဲ ကိုယ်ယောင်ဖျောက်ကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်ကြိမ်...

ဒီလောကကြီး ပရမ်းပတာ ဖြစ်နေမယ့် အချိန်ကို စောင့်တာ အကောင်းဆုံး ဖြစ်လိမ့်မည်။

ဆိုလိုတာကတော့ အိမ်ရှေ့စံ ပုန်ကန်မယ့် အချိန်ပင်။

အဲ့ဒီအချိန်ကျရင် ဧကရာဇ်အိုကြီးနဲ့ အစွမ်းထက်ဆုံး ပညာရှင်တွေ အားလုံး ရှုပ်ထွေးနေကြမှာဖြစ်ပြီး အဲ့ဒါဟာ တကယ်တော့ အလုံခြုံဆုံး အချိန် ဖြစ်ပေလိမ့်မည်။

...

ချန်ဆန်းရှီကသူ၏ မူလရုပ်သွင်သို့ ပြန်ပြောင်းလိုက်သည်။ သူသည် မိမိ၏ နေအိမ်သို့ မပြန်ဘဲ စီနီယာအစ်ကို၏ အိမ်သို့ တိုက်ရိုက် သွားကာ ဆေးနှစ်ခွက်ကို ကိုယ်တိုင် ပြင်ဆင်ပေးလိုက်ရင်း သူ၏ ဆေးပညာ ကျွမ်းကျင်မှုကိုပါ မြှင့်တင်လိုက်သည်။

"စီနီယာအစ်ကို"

သူသည် လာရောက် စပ်စုနေသော ဝမ်ကျိီကို စနောက်လိုက်သည်။ "ရတနာ လိုချင်လား"

"ရတနာ ဟုတ်လား။ မင်းဆီမှာ ရတနာဆိုလို့ ဘာမှမရှိပါဘူး" ဝမ်ကျိီက ပြုံးလျက် ဆိုသည်။

"ဒါနဲ့ ပြောရဦးမယ်... မင်းဆီကို လာဖိတ်တဲ့ ဖိတ်စာတွေ အများကြီးပဲ။ အဲ့ဒါတွေကို အမြဲတမ်း ရှောင်နေလို့ မဖြစ်ဘူး။ အားလုံးကို လက်ခံလိုက်ရင်ရော ဘယ်လိုလဲ။ ငါတို့ ဘယ်သူ့ဘက်မှ မပါဘဲနဲ့ သူတို့ဆီက ရတနာတွေကိုပဲ ယူမယ်လေ၊ ဘယ်သူက အရင်းအနှီး အစိုက်နိုင်ဆုံးလဲဆိုတာ ကြည့်ရတာပေါ့။ ရလာမယ့် အကျိုးအမြတ်ကို မယူဘဲ နေတာကတော့ လူအပဲ ညီလေးရာ"

"..."

ချန်ဆန်းရှီက ထိုအကြောင်းကို ဆက်မပြောဘဲ သူ၏ ရင်ဘတ်ထဲမှ ကြွေပုလင်းလေးတစ်လုံးကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။ "ငါ့မှာ ရတနာ ရှိပါတယ်၊ ဖွင့်ကြည့်လိုက်ဦး"

ဒီဆေးရဲ့ ပါဝင်ပစ္စည်းတွေကတော့...

သူသည် တစ်ဝက်ခန့်ကိုသာ မှတ်မိသည်။ အဲ့ဒီထဲမှာ သာမန်မဟုတ်တဲ့ ပါဝင်ပစ္စည်း နှစ်မျိုး ပါဝင်နေသည်။

"ဒါက ဘာလဲ"

ဝမ်ကျိီက ဖွင့်ကြည့်လိုက်ပြီး နှာခေါင်းနားသို့ ကပ်ကာ အနံ့ခံလိုက်ပြီးနောက် အံ့ဩတကြီး အော်ဟစ်လိုက်သည်။ "ဆေး... ဒါက... မင်း ဒါကို ဘယ်က ရတာလဲ"

All Chapters