← Chapters

အခန်း (၃၉၀)

Vol. 36 Ch. 390

အခန်း (၃၉၀)

Vol. 36 Ch. 390

အမတ်မင်းများမှာလည်း ခေါင်းကို အောက်သို့ အနိမ့်ဆုံးနှိမ့်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

"ခမ်းနားလှတဲ့ တောင်ထွတ်တွေက တိမ်တိုက်တွေနဲ့ ထိစပ်လို့၊ ကောင်းကင်ယံအစွန်းအထိ တိုင်ခဲ့ပြီ"

တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မသေမျိုး တစ်ဦးကဲ့သို့ အရှိန်အဝါ ထွက်ပေါ်နေသော ဧကရာဇ်သည် ရုတ်တရက် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

"ထင်းရှူးပင်နဲ့ ကျောက်ဆောင်တွေက နှစ်ပေါင်းများစွာ စောင့်ကြပ်လို့၊ နွေဦးရေစင်တွေက စိမ်းလန်းတဲ့ ကမ်းပါးယံကို ဝန်းရံနေတယ်"

"တောင်တန်းတွေက စိမ်းစိုတဲ့ ဝတ်စုံကို ဆင်မြန်းလို့၊ ချောက်ကမ်းပါး အသွယ်သွယ်က နီရဲတဲ့ တိမ်တိုက်တွေကို မွေးဖွားပေးတယ်"

"လေညင်းက ထင်းရှူးတောရဲ့ တေးသံကို လှုပ်နှိုးလို့၊ နေရောင်ခြည်က ကျယ်ပြောလှတဲ့ မြေပြင်ကို လွှမ်းခြုံထားတယ်"

"မျက်စိတစ်ဆုံး ကြည့်လိုက်ရင် အဆုံးမရှိတဲ့ မိုးကုတ်စက်ဝိုင်း၊ ကောင်းကင်နဲ့ မြေကြီးက ကျယ်ပြန့်တဲ့ ရင်ခွင်ကြီးတစ်ခုပါပဲ"

"တောင်ထိပ်ကနေ တောင်တန်းတွေကို ငါ ငေးကြည့်လို့၊ ငါ့ရဲ့ နှလုံးသားဟာလည်း လွတ်လပ်ပြီး ကျယ်ပြောလှပါပြီ"

ကဗျာ ရွတ်ဆိုပြီးဆုံးသည်နှင့်။

အမတ်မင်းများက ချက်ချင်းပင် ချီးကျူးလိုက်ကြတော့သည်။

"အရှင်မင်းမြတ်... တကယ်ကို ကဗျာပါရမီ ထူးလှပါတယ်ဗျာ"

"မြန်မြန်... ဒါကို လူတစ်ယောက်ကို ကူးခိုင်းလိုက်စမ်း။ နောက်ပိုင်း ဒီနေရာမှာ ကျောက်စာတိုင် စိုက်ပြီး ဒါကို ထွင်းထုထားရမယ်"

"..."

"နှစ်ပေါင်း တစ်ရာ"

လုံချင်ဧကရာဇ်သည် သူ၏ သားမြီးယပ်ကို ဝှေ့ယမ်းလိုက်ရင်း "ပြည်နယ် သုံးခုရဲ့ နယ်မြေတွေဟာ နှစ်ပေါင်း တစ်ရာကျော်ကြာအောင် ပျောက်ဆုံးနေခဲ့တာ။ အခုတော့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ၊ ငါ့ရဲ့ ဘိုးဘေးတွေနဲ့ ပြည်သူ ပြည်သားတွေအပေါ်မှာ ငါ တာဝန်ကျေခဲ့ပါပြီ" ဟု ဆိုသည်။

"ဒါတွေအားလုံးဟာ အရှင်မင်းမြတ်ရဲ့ ထူးကဲလှတဲ့ ဉာဏ်ပညာကြောင့်ပါ"

"ဇီဝေတောင်ကို အရှင် ပြန်သိမ်းနိုင်ခဲ့တာဟာ အရင်က ဘယ်ဧကရာဇ်ထက်မဆို သာလွန်ပါတယ်"

"အရှင်မင်းမြတ်ရဲ့ နာမည်ဟာ ကမ္ဘာတည်သရွေ့ မွှေးပျံ့နေပါလိမ့်မယ်"

"..."

လုံချင်ဧကရာဇ်သည် တိတ်ဆိတ်စွာ နားထောင်ပြီးနောက် အေးဆေးစွာပင် ဆိုသည်။ "ဒီအောင်မြင်မှုဟာ ငါတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ မုန်ချူကျီ ကလည်း ချီးကျူးခံရဖို့ ထိုက်တန်တယ်၊ ချန်ဆန်းရှီ ကလည်း ချီးကျူးခံရဖို့ ထိုက်တန်သလို ဖန်ချင်းယွမ် နဲ့ ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်သည်တော်တွေ အားလုံးလည်း ချီးကျူးခံရဖို့ ထိုက်တန်ပါတယ်"

"တော်ပြီ... တောင်ပေါ်လည်း တက်ပြီးပြီ၊ ရှုခင်းလည်း ကြည့်ပြီးပြီ။ ယန်ရှင်းခန်းမ ကို သွားကြစို့"

အသက်ကြီးလှသော အမတ်မင်းများ အဖွဲ့ကြီးမှာ သက်ပြင်းချနိုင်သွားကြတော့သည်။

"ချန်ဆန်းရှီ"

လုံချင်ဧကရာဇ်သည် လာခဲ့သည့် လမ်းအတိုင်း ပြန်ဆင်းလာစဉ် အမတ်မင်းများကြားမှ ဖြတ်သွားရင်း ရုတ်တရက် လှမ်းခေါ်လိုက်သည်။ "မင်း... ဒီကို လာခဲ့ဦး၊ ငါ့ဘေးနားကို လာခဲ့"

"အရှင်မင်းမြတ်"

ချန်ဆန်းရှီ အနားသို့ တိုးသွားကာ "ကျွန်တော်မျိုးကို ဘာများ ညွှန်ကြားချင်လို့လဲ ခင်ဗျာ" ဟု မေးလိုက်သည်။

"ထူးချွန်တယ်"

လုံချင်ဧကရာဇ်က သူ့ကို အကဲခတ်လိုက်ရင်း "တကယ့် လူငယ်သူရဲကောင်းပဲ။ ငါ မင်းအရွယ်တုန်းကဆိုရင် ဆွန်ဒူရှန်က အသေးအဖွဲ ကိစ္စလေးတွေအတွက် လူတွေကို ခိုးပြီး ရိုက်နှက်နေတုန်း၊ ငါကတော့ ပျော်ပါးဖို့ပဲ စဉ်းစားနေခဲ့တာ။ ဒါပေမဲ့ မင်းကတော့ ဟုန်ကျဲမြစ် ကို လေးကြိမ်တိုင် ဖြတ်ကျော်ပြီး စစ်သည် သုံးထောင်နဲ့ လူတစ်သိန်းကို အနိုင်ယူခဲ့တယ်။ ဖန်ရှူကျိန်းတောင်မှ 'အခုချက်ချင်း မသတ်နိုင်ရင် နောင်တစ်ချိန်မှာ အဝေးကြီးအထိ လိုက်ဖမ်းရလိမ့်မယ်' လို့ ပြောခဲ့ရတဲ့သူပဲ၊ မင်းက ငါ့ထက် ပိုပြီး အစွမ်းထက်ပါတယ်"

"အရှင်မင်းမြတ်ရဲ့ စကားကြောင့် ကျွန်တော်မျိုး တုန်လှုပ်ချောက်ချားမိပါတယ်"

ချန်ဆန်းရှီက အမြန်ပင် ဆိုလိုက်သည်။ "ကျွန်တော်မျိုးဟာ အရှင်မင်းမြတ်နဲ့ရော၊ ကျွန်တော့်ရဲ့ ဆရာနဲ့ပါ နှိုင်းယှဉ်ဖို့ မထိုက်တန်ပါဘူး"

"ဘာလို့ နှိုင်းယှဉ်လို့ မရရမှာလဲ။ ငါက အမှန်အတိုင်း ပြောနေတာပဲ" လုံချင်ဧကရာဇ်က ရင်းနှီးဖော်ရွေစွာ ပြန်ပြောသည်။

"ဆွန်ဒူရှန်ဆိုတဲ့လူကလည်း ဟန်ဆောင်ကောင်းတဲ့သူပဲ။ သူက မင်းကို သိုင်းပညာအပေါ် ဘယ်လောက်အထိ ရူးသွပ်ကြောင်း၊ ဘယ်လောက်အထိ ကြိုးစားကြောင်း ခဏခဏ ကြွားဖူးမှာပေါ့။ ငါ ပြောပြမယ်... သူ ငယ်

ငယ်တုန်းက မိန်းကလေးတွေအတွက်နဲ့ မနာလိုဖြစ်ပြီး ခဏခဏ ရန်ဖြစ်

တတ်တဲ့သူဘဲ။ သူ မိန်းကလေးတစ်ယောက်ကို သွားပြီး ပိုးပန်းတိုင်း ငါ့ဆီကနေ ငွေလာတောင်းနေကျပဲ"

"အချိန်တွေက တကယ်ကို မြန်လိုက်တာ"

"မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကုန်ဆုံးသွားပြီ။ ငါတို့လည်း အိုကြပြီ... အိုကုန်ကြပြီ"

"အရှင်မင်းမြတ်က အခုမှ အားအင်အပြည့်နဲ့ ရှိနေတုန်းပဲကို ဘာလို့ ဒီလို မိန့်ကြားရတာလဲ ခင်ဗျာ"

ချန်ဆန်းရှီကတော့ အမှန်အတိုင်း ပြောခြင်း ဖြစ်သည်။

ဒီ ဧကရာဇ်အိုကြီး။

သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဝိညာဉ်စွမ်းအင်တွေရဲ့ အရှိန်အဝါဟာ ဆရာဖြစ်သူနဲ့တောင် ယှဉ်နိုင်သည့် အနေအထားတွင် ရှိနေသည်။

"အဲ့ဒီအကြောင်း ပြောရဦးမယ်"

လုံချင်ဧကရာဇ်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ "ချန်အမတ်မင်း... မင်းရဲ့ ဆရာ အခု ဘယ်မှာလဲဆိုတာ မင်း သိလား"

မြေပုံဆုံးတော့ ဓားပေါ်လာပြီ။

ချန်ဆန်းရှီက အမှန်အတိုင်းပင် ဖြေလိုက်သည် "ကျွန်တော်မျိုး မသိပါဘူး ခင်ဗျာ"

"မင်းရဲ့ ဆရာက အသက်သိပ်ရှည်တော့မှာ မဟုတ်ဘူး"

လုံချင်ဧကရာဇ်က ပွင့်ပွင့်လင်းလင်းပင် ဆိုသည်။

"ဒီနောက်ထပ် နှစ်နှစ်အတွင်းပဲ ဖြစ်လိမ့်မယ်။ ငါက သူ့ကို အမြဲတမ်း ကူညီပေးချင်ခဲ့တာ၊ ဒါပေမဲ့ သူက နှစ်တွေအကြာကြီး ငါနဲ့ အလှမ်းဝေးအောင် နေနေခဲ့သလို ငါ့ဆီကနေ ဘာမှလည်း အကူအညီ မတောင်းခဲ့ဘူး။ နောင်တစ်ချိန်မှာ ဘာပဲဖြစ်ဖြစ် မင်း ငါ့ကို များများပြောပြပါ၊ ဒါမှ ငါ သူ့ကို ဘယ်လို ကူညီရမလဲဆိုတာ သိနိုင်မှာ။ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာပေါ်မှာ သူဟာ ငါ့ရဲ့ တစ်ဦးတည်းသော ညီအစ်ကိုဟောင်းကြီးပဲ မဟုတ်လား"

"ကျွန်တော်မျိုး မှတ်သားထားပါ့မယ်"

ချန်ဆန်းရှီ ပြန်ဖြေလိုက်သည်။

စကားပြောနေကြရင်းနှင့်။

သူတို့ တောင်ပေါ်ကနေ ပြန်ဆင်းလာကြပြီ ဖြစ်သည်။

"ရွှမ်း..."

ထိုစဉ်မှာပင်။

လမ်းဘေးတစ်ဖက်တစ်ချက်ရှိ တောအုပ်ထဲမှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်းထန်လှသော "ချီ" စွမ်းအင် အစုအဝေးများ သူတို့အဖွဲ့ဆီသို့ ဦးတည်လာခဲ့သည်။ ဘာမှ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် အမည်းရိပ်အချို့ ပြေးထွက်လာတော့သည်။

စုစုပေါင်း လူလေးယောက်။

သူတို့ဆီက ထွက်ပေါ်နေတဲ့ အရှိန်အဝါတွေအရ နက်နဲပုံရိပ်အဆင့် သုံးယောက်နဲ့ စစ်နတ်ဘုရား တစ်ယောက် ဖြစ်နေသည်။

ဒီလောက်အထိ အဆင့်မြင့်တဲ့ သိုင်းပညာရှင်တွေ ပေါ်လာလိမ့်မယ်လို့ မထင်ထားပေ။

လူလေးယောက်၊ ဓားလေးစင်းဟာ လုံချင်ဧကရာဇ် ဆီသို့ ဦးတည်ကာ ခုတ်ပိုင်းလိုက်ကြသည်။

အားလုံးက ရုတ်တရက်ကြီး ဖြစ်သွားခဲ့သည်။ အလွန်လည်း လျင်မြန်လှသည်။

ချန်ဆန်းရှီ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

ဒါဟာ ချင်မင်းသားနဲ့ ချီမင်းသားတို့ရဲ့ လက်ချက်လား။

သေတ္တာထဲက အသေခံတပ်သား လုပ်ကြံသူတွေကို စေလွှတ်ပြီး အိမ်ရှေ့စံနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ချန်ထားခဲ့ကာ အိမ်ရှေ့စံက လုပ်ကြံပြီး ပုန်ကန်ဖို့ ကြံစည်နေပါတယ်လို့ စွပ်စွဲမလို့လား။

ရိုးရှင်းပြီး ရက်စက်လှတဲ့ နည်းလမ်းပင်။

ဒါပေမဲ့ ဒါက အောင်မြင်မလား ဆိုတာကတော့ ပြောရခက်လှသည်။

မဟုတ်သေးပါဘူး။

ချင်မင်းသားနဲ့ ချီမင်းသားတို့ရဲ့ လက်အောက်မှာ စစ်နတ်ဘုရား တွေ ရှိလို့လား။

သူတို့မှာ အဲ့ဒီလောက်အထိ စွမ်းဆောင်ရည် ဘယ်က ရမှာလဲ။

ဒါဆို ဒါဟာ တကယ်ပဲ အိမ်ရှေ့စံ စေလွှတ်လိုက်တဲ့ လုပ်ကြံသူတွေလား။

ဒီနေ့ဟာ ဆုံးဖြတ်ချက်ချမယ့် တိုက်ပွဲနေ့လား။

မဖြစ်နိုင်ပေ။

ဧကရာဇ်အိုကြီးဟာ မသေမျိုး အတတ်ပညာကို ကျင့်ကြံနေမှန်း အိမ်ရှေ့စံ သိသည်၊ မဟုတ်ရင် သူ အမွှေးတိုင် နတ်ဘုရားဂိုဏ်း နဲ့ သွားပြီး ပူးပေါင်းနေစရာ အကြောင်းမရှိပေ။ သူတို့က စစ်နတ်ဘုရား တစ်ယောက်ကို စေလွှတ်လိုက်လည်း ဘာထူးမှာလဲ။

မျက်စိတစ်မှိတ်အတွင်းမှာပင်။

ချန်ဆန်းရှီသည် အခြေအနေ၏ ရှုပ်ထွေးမှုကို အကဲခတ်လိုက်သည်။

ဧကရာဇ်မင်းမြတ်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို မြင်လိုက်ရသလို ဘေးနားက မိန်းမစိုး စစ်နတ်ဘုရား နှင့် မလှမ်းမကမ်းက ကျင်းယီအစောင့်တွေကို မြင်လိုက်ရသည်။ သူသည် ချက်ချင်းပင် အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်သည်။ "အရှင်မင်းမြတ်... ပြေးပါ... လုပ်ကြံသူတွေ ပါလာပြီ"

ထို့နောက် သူသည် လုပ်ကြံသူတွေထဲမှာ အားအနည်းဆုံးဖြစ်တဲ့ နက်နဲပုံရိပ်အဆင့် ရှိသူတစ်ဦးဆီသို့ ပြေးဝင်သွားကာ တစ်ချက်ချင်း တိုက်ခိုက်လိုက်သည်။ သူသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သော်လည်း တစ်ဖက်လူ၏ စွမ်းအင်ကြောင့် လွင့်စဉ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။ သူသည် ရှိသမျှ ခွန်အားကို သုံးကာ ပါးစပ်မှ သွေးစအချို့ ထွေးထုတ်လိုက်ပြီး အဆုတ်ကွဲမတတ် အော်ဟစ်

လိုက်သည်။

"အရှင်မင်းမြတ်ကို ကာကွယ်ကြ—"

မျက်နှာဖုံးစွပ် စစ်နတ်ဘုရား သည် မျက်စိတစ်မှိတ်အတွင်း ဧကရာဇ်၏ အနားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဝတ်ပြုရေးဌာနက မိန်းမစိုးချုပ် ဟွမ်ဟုန် သည် လက်ကို မြှောက်ကာ ထိုလူကို ခုခံလိုက်သည်။

"ဗုန်း.."

စစ်နတ်ဘုရား နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှု။

ထွက်ပေါ်လာသော တုန်ခါမှုကြောင့်တင် ဘေးနားက အရပ်ဘက် အရာရှိကြီး နှစ်ဦး နေရာတင် သေဆုံးသွားခဲ့ရသည်။

လုပ်ကြံသူ စစ်နတ်ဘုရား မှာ လွင့်စဉ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် နောက်ထပ် အဆင့်မြင့် သိုင်းပညာရှင် အများအပြား အနားသို့ ပြေးဝင်လာကြပြီ ဖြစ်သည်။

လုပ်ကြံသူတစ်ဦးအတွက် ပထမအကြိမ် တိုက်ခိုက်မှု မအောင်မြင်လျှင် ဒုတိယအကြိမ် အခွင့်အရေးဆိုတာ မရှိသလောက်ပင်။

မျက်နှာဖုံးစွပ် စစ်နတ်ဘုရား သည် သူ၏ ရှုံးနိမ့်မှုကို မကျေနပ်နိုင်ပုံရကာ တွေ့သမျှလူကို စတင် သတ်ဖြတ်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာတင် မိန်းမစိုး တစ်ဒါဇင်ကျော်နှင့် အရာရှိ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် သေဆုံးသွားခဲ့သည်။

ဓားအလင်းတန်းသည် ချီမင်းသားနှင့် ချင်မင်းသားတို့ဆီသို့ လျင်မြန်စွာ ဦးတည်သွားပြန်သည်။

"ဗုန်း.."

အနီရောင်ဝတ်စုံ ဝတ်ထားသော အရာရှိများကြားမှ ဆံပင်ဖြူနှင့် အသက်ကြီးသော စစ်နတ်ဘုရား တစ်ဦး ထွက်ပေါ်လာကာ ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ကျန်ရှိနေသော နက်နဲပုံရိပ်အဆင့် လုပ်ကြံသူ သုံးဦးမှာမူ အိမ်ရှေ့စံဆီသို့ တိုက်ရိုက် ဦးတည်သွားကြသည်။

ဤတစ်ကြိမ်တွင်မူ ဟူပန်တပ်မတော် မှ ဖန်ထျန်ဖားက တားဆီးပေးလိုက်သည်။

သို့သော် သူ၏ ဘေးနားက သတ္တမမင်းသားမှာမူ ကံမကောင်းလှဘဲ ခေါင်းပြတ်ကာ နေရာတင် သေဆုံးသွားခဲ့သည်။

ကျင်းယီအစောင့် ဒု-ခေါင်းဆောင် သည်လည်း မျက်နှာဖုံးစွပ် စစ်နတ်ဘုရား နှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ဝက်မှာ ဓားချက်ကြောင့် စုတ်ပြတ်သွားခဲ့သည်။

ဟွမ်ဟုန် နှင့် ဖန်ထျန်ဖားတို့သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

မျက်နှာဖုံးစွပ် စစ်နတ်ဘုရား သည် သူတို့နှစ်ဦးကို ခုခံနိုင်ခဲ့သော်လည်း သူ၏ မျက်နှာဖုံး ကွာကျသွားခဲ့သဖြင့် သူ၏ ရုပ်မှန်မှာ အားလုံး၏ ရှေ့တွင် ပေါ်ထွက်လာခဲ့တော့သည်။

သူသည် ချင်နိုင်ငံ၏ မင်းသားဖြစ်သူ လီဂုန်း ပင် ဖြစ်သည်။

All Chapters