← Chapters

အခန်း (၃၉၂)

Vol. 36 Ch. 392

အခန်း (၃၉၂)

Vol. 36 Ch. 392

"အတွင်းလူကို ဖမ်းကြ"

"အဲ့ဒီသစ္စာဖောက်ကို အပိုင်းပိုင်း အသားမွှန်းသတ်ရမယ်"

"ဒီအောက်တန်းစား သစ္စာဖောက်ကို သေချာပေါက် ဖမ်းမိအောင် လုပ်ရမယ်"

အရပ်ဘက် စစ်ဘက် အရာရှိများမှာ တစ်ယောက်တစ်ပေါက်နှင့် ဆူညံစွာ ဆွေးနွေးနေကြသည်။ သူတို့အားလုံး၏ စိတ်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်နေသလို တစ်ဖက်မှာလည်း ကြောက်ရွံ့မှုနှင့် အရှက်ရမှုတို့ ရောယှက်နေကြသည်။

မိန်းမစိုးချုပ် ဟွမ်ဟုန်သည် ဖြည်းည်းချင်း ထရပ်လိုက်ပြီး ဧကရာဇ်မင်းမြတ်၏ ဘေးနားတွင် မတ်မတ်ရပ်လိုက်သည်။

သူသည် မျက်လုံးမှိတ်ထားသော ဧကရာဇ်ကို ကြည့်လိုက်ပြီး ဧကရာဇ်ထံမှ သဘောတူသည့် ခေါင်းငြိတ်ပြမှုကို ရရှိပြီးနောက် စတင်စစ်ဆေးမေးမြန်းပါတော့သည်။ "ဗိုလ်ချုပ်မုန်... ယုံလဲ့ခရိုင်ကို ခင်ဗျား တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ။ လီဂုန်း နောက်ကို လိုက်ဖမ်းခဲ့တာလည်း ခင်ဗျားပဲ။ အဲ့ဒီတော့ သူက ဘာလို့ ဒီနေရာကို ရောက်လာနိုင်ရတာလဲဆိုတာ ရှင်းပြစမ်း"

"ကျွန်တော်မျိုး... ကျွန်တော်မျိုး တကယ်ပဲ မသိပါဘူး"

မုန်ချူကျီ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေသည်။ "ယုံလဲ့ခရိုင်မှာ ချင်တပ်မတော်ကို အမြစ်ပြတ်အောင် တိုက်ခိုက်ပြီးတဲ့နောက် ကျွန်တော်မျိုးကမြင်းတပ် သုံးထောင်နဲ့အတူ သူတို့နောက်ကို အနောက်ဘက်အထိ လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ သူတို့တွေကမြင်းတွေကို စွန့်ခွာပြီး ခြေကျင် ထွက်ပြေးခဲ့ကြပေမဲ့ ဝူကျဲတောင်တန်း အရောက်မှာတော့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြတာပါ။ သူတို့တွေ ဘယ်လိုနည်းနဲ့ ဒီ ဇီဝေတောင် ပေါ်ကို ရောက်လာကြတယ်ဆိုတာ ကျွန်တော်မျိုး လုံးဝ မသိပါဘူး ခင်ဗျာ"

"ကျွန်တော်မျိုးမှာ တင်ပြစရာ ရှိပါတယ်"

ဝန်ကြီးချုပ်၏သား ယန်မောက်ရှင်း က ကြားဖြတ် ပြောဆိုလိုက်သည်။ "ဧပြီလကတည်းက ဇီဝေတောင်ရဲ့သန့်ရှင်းရေးနဲ့ လုံခြုံရေးကို အနက်

ရောင်သံချပ်ကာစစ်သည်တော်တွေနဲ့ ဟူပန်တပ်မတော် တို့က တာဝန်ယူ ကိုင်တွယ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကမှ မြို့တော်ကလာတဲ့ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့တွေက အတွင်းပိုင်း နေရာတွေကို လွှဲပြောင်းယူခဲ့တာ ဖြစ်ပါတယ်"

"ဒါပေမဲ့ အပြင်ဘက် ပတ်လည် လုံခြုံရေးကိုတော့ ဟူပန်တပ်မတော် နဲ့ဗိုလ်ချုပ်ချန် ရဲ့ အနက်ရောင်သံချပ်ကာစစ်သည် သုံးထောင်ကပဲ ဆက်လက် တာဝန်ယူထားတာပါ"

"ဒါကြောင့်... လုပ်ကြံသူတွေကို အတွင်းထဲ ဝင်ခွင့်ပေးလိုက်နိုင်တဲ့သူဟာ ဗိုလ်ချုပ်ချန် ရဲ့ အနက်ရောင်သံချပ်ကာစစ်သည်တွေ ဒါမှမဟုတ် ဟူပန်တပ်မတော် ထဲကပဲ ဖြစ်နိုင်ပါတယ်"

အနက်ရောင်သံချပ်ကာစစ်သည်များနှင့် ဟူပန်တပ်မတော်။

အနက်ရောင်သံချပ်ကာစစ်သည်တော်ဆိုသည်မှာ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ပျိုးထောင်ထားသည့် နန်းတွင်းတပ်မတော် နှစ်ခုထဲမှ တစ်ခု ဖြစ်ကြောင်း အားလုံး သိကြသည်။

ချန်ဆန်းရှီက မင်းသားကို သတ်ပြီး ထီးနန်းလုချင်သည် ဆိုလျှင်တောင် အနက်ရောင်သံချပ်ကာစစ်သည်တော်များက သူ့အမိန့်ကို နာခံလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ဒီဗိုလ်ချုပ်ချန်ဟာ နန်းတွင်းက အာဏာရှိသူတွေနဲ့ ပတ်သက်မှု သိပ်မရှိသလို ဒီလိုမျိုး လုပ်ဖို့အတွက်လည်း အကြောင်းပြချက် မရှိပေ။

ထို့ကြောင့် ယန်မောက်ရှင်း ပြောချင်သည့် ဆိုလိုရင်းမှာ အလွန်ပင် ရှင်းလင်းလှသည်။

ဟူပန်တပ်မတော် ပင် ဖြစ်သည်။

"ဗုန်း.."

"အရှင်မင်းမြတ်"

ဖန်ထျန်ဖားသည် အလွန်အမင်း ထိတ်လန့်သွားကာ မြေပြင်ပေါ်တွင် ဝပ်စင်းလိုက်ရင်း "ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာပါ၊ ဘယ်လို အပြစ်ပေးမှုကိုမဆို ခံယူဖို့ အသင့်ပါပဲ။ ဒါပေမဲ့ ဒီလူတွေကို ကျွန်တော်မျိုးက တမင်တကာ ပေးဝင်ခဲ့တာ လုံးဝ မဟုတ်ပါဘူး။ အရှင်မင်းမြတ်... အမှန်တရားကို ခွဲခြားသိမြင်ပေးပါဦး ခင်ဗျာ"

"အင်း... အခုမှပဲ ဝန်ခံတော့တာလား"

ယန်မောက်ရှင်း က ဆက်လက် တိုက်ခိုက်သည်။ "ဖန်ထျန်ဖား မင်းကရန်သူနဲ့ ပူးပေါင်းပြီး အရှင်မင်းမြတ်ကို လုပ်ကြံဖို့ ကြံစည်တယ်။ သစ္စာဖောက်တဲ့ စိတ်ဓာတ်တွေ မွေးမြူထားတယ်။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

"ဝန်ခံတယ် ဟုတ်လား။ ကျွန်တော် ဘာကို ဝန်ခံလိုက်လို့လဲ"

ဖန်ထျန်ဖားက ပျာပျာသလဲ ပြန်ပြောသည်။ "ဝန်ကြီးယန်... ကျေးဇူးပြုပြီး မဟုတ်မမှန် စွပ်စွဲတာမျိုး မလုပ်ပါနဲ့။ ယုံလော့ပြည်နယ်ကို တိုက်ခိုက်နေတဲ့ အချိန်မှာ ကျွန်တော်က အစိမ်းရောင်တောင်တန်း မှာ ချင်နိုင်ငံရဲ့ အဓိက တပ်ဖွဲ့တွေနဲ့ အသည်းအသန် တိုက်ပွဲဝင်နေတာပါ။ လီဂုန်း နဲ့ ဆက်သွယ်ဖို့ ကျွန်တော့်မှာ ဘယ်လိုမှ အခွင့်အရေး မရှိပါဘူး။ ခင်ဗျားတို့ သေသေချာချာ စဉ်းစားကြည့်ကြပါ။ အဲ့ဒီအချိန်မှာ ယုံလော့ပြည်နယ်မှာ ဘယ်သူရှိနေသလဲ၊ ပြီးတော့ လီဂုန်း ကို ဘယ်သူက အသက်ချမ်းသာပေးပြီး လွှတ်ပေးခဲ့တာ အဖြစ်နိုင်ဆုံးလဲဆိုတာကိုပေါ့"

မုန်ချူကျီ။

သူသည် ယန်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဧကရာဇ်ကိုယ်တိုင် ရာထူးတိုးပေးထားသူ ဖြစ်သည်။

ဒါကို နန်းတွင်းနဲ့ တစ်တိုင်းပြည်လုံးက သိကြသည်။

ဖန်ထျန်ဖားသည်လည်း အလျှော့မပေးဘဲ ပြန်လည် တိုက်စစ်ဆင်လိုက်ခြင်း ဖြစ်သည်။

"ပေါက်ကရတွေ"

ယန်မောက်ရှင်း က တုံ့ပြန်သည်။ "ဗိုလ်ချုပ်ဖန်... မင်းက အဲ့ဒီအချိန်မှာ ယုံလော့ပြည်နယ်မှာ မရှိတာ မှန်ပေမဲ့ တခြားတစ်ယောက်တော့ ရှိနေတယ်လေ"

သူ၏ စကားက ဆိုလိုရင်းမှာ။

အိမ်ရှေ့စံ ကို တိုက်ရိုက် ဦးတည်နေခြင်းပင်။

ဒါကို ကြားလိုက်ရသောအခါ။

အိုမင်းမစွမ်း ဖြစ်နေသည့် ဝန်ကြီးချုပ် ယန်လျန် ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး မိမိ၏ သားကို ဘေးတိုက် တစ်ချက် ကြည့်လိုက်သည်။

ဤမြင်ကွင်းကို။

ချန်ဆန်းရှီက အားလုံး မြင်နေရသည်။

ကြည့်ရတာ...

ယန်မောက်ရှင်း သည် သူ့အဖေ ကွယ်ရာမှာ အိမ်ရှေ့စံ ရာထူးလုပွဲထဲကို တကယ်ပဲ ပါဝင် ပတ်သက်နေပုံ ရသည်။

"ခမည်းတော်"

ချင်မင်းသားသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှေ့သို့ အနည်းငယ် တိုးလာသည်။ "ခမည်းတော်... ဒီနေ့ လုပ်ကြံသူဟာ ခမည်းတော်ကို မထိခိုက်နိုင်တော့တဲ့ အခါမှာ သူဟာ ကျွန်တော်မျိုးနဲ့ ညီတော်ရှစ်ကို တိုက်ရိုက် ပစ်မှတ်ထားခဲ့တာ အထင်အရှားပါပဲ။ ကျွန်တော်မျိုး... ကျွန်တော်မျိုး ခမည်းတော်အပေါ် သားကောင်းတစ်ယောက်အနေနဲ့ တာဝန်မကျေခင်မှာတင် အသက်ဆုံးရှုံးရတော့မလို့ပါ ခမည်းတော်"

"မှန်ပါတယ် အရှင်မင်းမြတ်"

ယန်မောက်ရှင်း က ထပ်လောင်း ပြောဆိုသည်။ "ကျွန်တော်မျိုး သတိထားမိတာကတော့ လီဂုန်း ရဲ့ တိုက်ခိုက်မှုဟာ အရှင်မင်းမြတ်ထက်စာရင် ချင်မင်းသား နဲ့ ချီမင်းသား တို့ကို ပိုပြီး ဦးတည်နေသလိုပါပဲ။ သူတို့ကို ဘယ်သူက သေစေချင်တာလဲ။ ချင်မင်းသား နဲ့ ချီမင်းသား တို့ သေသွားရင် ဘယ်သူက အကျိုးအမြတ် အများဆုံး ရမလဲ"

တကယ်လို့ ချင်မင်းသားနဲ့ ချီမင်းသားတို့သာ သေသွားခဲ့လျှင်။

ကျန်းနန်မင်းသား ကလွဲရင် အိမ်ရှေ့စံရာထူးကို ပြိုင်ဆိုင်မယ့်သူ မရှိတော့ပေ။

ဘယ်သူက အကျိုးအမြတ် အများဆုံး ရမလဲဆိုတာကတော့ တရားခံ ဘယ်သူလဲဆိုတာကို ညွှန်ပြနေသကဲ့သို့ပင်။

ထိုအချိန်တွင်။

အမတ်မင်းများမှာ တိတ်ဆိတ်စွာ ဒူးထောက်နေသော အိမ်ရှေ့စံကို လှည့်ကြည့်လိုက်ကြပြီး အချင်းချင်း တီးတိုး ဝေဖန်နေကြတော့သည်။

"အိမ်ရှေ့စံ~"

နဂါးပလ္လင်ပေါ်တွင် မျက်လုံးမှိတ်ထားသော လုံချင်းဧကရာဇ်သည် "စံ" ဆိုသည့် အသံကို တမင်တကာ ခပ်ဆွဲဆွဲ အလေးပေး ပြောဆိုလိုက်သည်။ "မင်းမှာရော တစ်ခုခု ပြောစရာ ရှိသေးလား"

"ဟွတ်... ဟွတ်... ဟွတ်..."

အိမ်ရှေ့စံသည် ခုနက တိုက်ပွဲ၏ တုန်ခါမှုဒဏ်ကြောင့် ပိုမို အားနည်းနေခဲ့ပြီး ချောင်းအတော်ကြာ ဆိုးပြီးမှ အသက်ရှူ မဝသည့် အသံဖြင့် ဆိုသည်။ "သားတော်မှာ ဘာမှ ပြောစရာ မရှိပါဘူး။ ဟူပန်တပ်မတော် ဟာ သားတော်ရဲ့ တာဝန်ဖြစ်တဲ့အတွက် ဘယ်လို ချို့ယွင်းချက်မျိုးမဆို ဒါဟာ သားတော်ရဲ့ အမှားသာ ဖြစ်ပါတယ်"

"အရှင်မင်းမြတ်... ဒီကိစ္စမှာ သံသယဖြစ်စရာတွေ ရှိနေပါတယ်"

စစ်ဝန်ကြီး ဂေါင်ဘို က ဝင်ပြောသည်။ "အစကနေ အဆုံးအထိ ဒီဖြစ်ရပ်ဟာ တစ်စုံတစ်ယောက်က တမင်တကာ ထောင်ချောက်ဆင်ပြီး စွပ်စွဲနေသလိုပါပဲ။ အရှင်မင်းမြတ်ရဲ့ ထူးကဲလှတဲ့ ဉာဏ်ပညာနဲ့ဆိုရင် ဒီလိုမျိုး အောက်တန်းစား အကွက်တွေနောက်ကို ပါသွားမှာ မဟုတ်ပါဘူး"

"ထောင်ချောက်ဆင် စွပ်စွဲတယ် ဟုတ်လား"

ယန်မောက်ရှင်း က စိုက်ကြည့်လိုက်ရင်း "ဝန်ကြီးဂေါင်... ဒါဆိုရင် ရှင်းပြပေးပါဦး။ ဒီထဲမှာ ရှိနေတဲ့ ဘယ်သူက လီဂုန်း ကို ထိန်းချုပ်ပြီး သူ့အမိန့်ကို နာခံခိုင်းဖို့၊ သူ့အတွက် အသက်စွန့်ခိုင်းဖို့ စွမ်းဆောင်နိုင်မလဲဆိုတာကိုပေါ့"

"ဝန်ကြီးယန်"

ဂေါင်ဘို က ပြန်ပြောသည်။ "ခင်ဗျား စကားတွေကို သွယ်ဝိုက်မနေဘဲ ပြောချင်တာကို တည့်တည့်ပဲ ပြောစမ်းပါ"

"အရှင်မင်းမြတ်... ကျွန်တော်မျိုးမှာ တင်ပြစရာ အစီရင်ခံစာ တစ်ခု ရှိပါတယ်"

ယန်မောက်ရှင်း သည် ကြိုတင် ပြင်ဆင်ထားသော စာတမ်းတစ်ခုကို ထုတ်လိုက်သည်။ "ဒါတွေဟာ ဝန်ကြီးဂေါင် နဲ့ ဒါရှန် ပြည်နယ် အသီးသီးက အရာရှိတွေကြားမှာ နှစ်ပေါင်းများစွာကတည်းက အပြန်အလှန် ပေးပို့ခဲ့တဲ့ စာတွေ ဖြစ်ပါတယ်။ ဒီစာတွေထဲမှာ ဝန်ကြီးဂေါင် ဟာ ရာထူးအမျိုးမျိုးကို ကတိပေးပြီး လူတွေကို သူ့ဘက်ပါအောင် သိမ်းသွင်းနေခဲ့တာပါ။ အဲ့ဒီထဲမှာ အဆင့်မြင့် အရာရှိတွေကနေ ဒေသခံအရာရှိတွေအထိ ပါဝင်နေပြီး စစ်ဘက်နဲ့ နိုင်ငံရေးဘက်က အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ပါဝင်နေတာက တကယ်ကို ထိတ်လန့်စရာပါပဲ"

"အရှေ့ဘက်နယ်မြေ တိုက်ပွဲအပြီးမှာ ဝန်ကြီးဂေါင် က ဗိုလ်ချုပ်မုန်ချူကျီဆီကိုတောင် စာရေးခဲ့ပါသေးတယ်။ တကယ်လို့ သူကသာ ခေါင်းငြိမ့်

လိုက်ရင် နောင်တစ်ချိန်မှာ သူ့ကို နယ်စားအဆင့်အထိ မြှင့်တင်ပေးမယ်လို့ ဆိုခဲ့တာပါ"

"ဒါဟာ နယ်စားအဆင့်ဗျ"

"သာမန် စစ်ဝန်ကြီး တစ်ယောက်အနေနဲ့ ဝန်ကြီးဂေါင် မှာ ဘယ်လို အခွင့်အာဏာမျိုး ရှိလို့ နယ်စပ်စောင့် တပ်မှူးကြီးတစ်ယောက်ကို နယ်စားအဆင့် ပေးမယ်လို့ ပြောနိုင်ရတာလဲ။ သူ ဘာကို ဆိုလိုတာလဲ။ သူက ဧကရာဇ်မင်းမြတ်ရဲ့ ကိုယ်စား ဆုံးဖြတ်ချက်တွေ ချချင်နေတာလား"

"သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သေဒဏ်ပေးဖို့ ထိုက်တန်ပါတယ်၊ တကယ်ကို သေဒဏ်ပေးသင့်ပါတယ် အရှင်မင်းမြတ်"

သူ၏ စကားလုံးများတွင်။

အိမ်ရှေ့စံ၏ အမည်ကို တိုက်ရိုက် မပြောသော်လည်း စွပ်စွဲချက် အားလုံးမှာ အိမ်ရှေ့စံဆီသို့သာ ဦးတည်နေသည်။

"အရှင်မင်းမြတ်..."

အရင်က စွပ်စွဲခံထားရသဖြင့် ဒေါသထွက်နေသော မုန်ချူကျီကလည်း ထောက်ခံလိုက်သည်။ "ဝန်ကြီးယန် ပြောတာ မှန်ပါတယ်။ ကျွန်တော်မျိုးဆီကို လွန်ခဲ့တဲ့ ရက်ပိုင်းကမှ အဲ့ဒီလို စာတစ်စောင် ရောက်လာခဲ့ပေမဲ့ ကျွန်တော်မျိုးကတော့ လုံးဝ ဂရုမစိုက်ခဲ့ပါဘူး"

"ဝန်ကြီးဂေါင်..."

All Chapters