← Chapters

အခန်း (၃၉၄)

Vol. 36 Ch. 394

အခန်း (၃၉၄)

Vol. 36 Ch. 394

လုံချင်ဧကရာဇ်သည် အဆက်မပြတ် ချောင်းဆိုးနေသော အိမ်ရှေ့စံကို ကြည့်လိုက်သည်။ "အိမ်ရှေ့စံ... မင်းဟာ တိုင်းပြည်အရေးတွေကို နှစ်အတော်ကြာအောင် ဦးစီးခဲ့ရလို့ အတော်လေး ပင်ပန်းနေရှာပြီ။ ငါ ကြားတာတော့ မင်းဟာ အခုဆိုရင် ထမင်းစားတာထက် ဆေးသောက်နေရတာက ပိုများနေတယ်ဆိုပဲ။ ဒါဟာ မကောင်းဘူးလေ"

"ဒီနေ့ကစပြီး တိုင်းပြည်အရေးတွေကို ခေတ္တ အနားယူလိုက်ပါတော့။ အိမ်ရှေ့စံ... မင်းရဲ့ သဘောထားက ဘယ်လိုလဲ"

"ခမည်းတော်ရဲ့ အမိန့်အတိုင်းပါပဲ ခင်ဗျာ"

အိမ်ရှေ့စံသည် ဘာမှ ပြန်လည် မငြင်းဆန်ခဲ့ပေ။

နန်းတွင်း ညီလာခံအတွင်း အားပြိုင်မှုမှာ အခုတော့ အဆုံးအဖြတ် ကျသွားခဲ့ပြီ ဖြစ်သည်။

အပေါ်ယံကြည့်လျှင်။

ဧကရာဇ်သည် လုပ်ကြံမှု၏ အဓိက သံသယရှိသူဖြစ်သော အိမ်ရှေ့စံကို တိုက်ရိုက် အပြစ်မပေးခဲ့သော်လည်း သူ၏ အာဏာကိုတော့ ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ ဒါဟာ ချင်မင်းသားနဲ့ ချီမင်းသားတို့အတွက်တော့ အကြီးအကျယ် အောင်မြင်မှုရလိုက်တာပဲ ဖြစ်သည်။

ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေသော ချန်ဆန်းရှီကတော့ ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။

အိမ်ရှေ့စံနှင့် တခြားမင်းသားများကြားတွင် နှစ်ပေါင်းများစွာကတည်းက ပဋိပက္ခများ ရှိခဲ့ကြသည်။ မင်းသားနှစ်ပါးမှာ နေအိမ်အကျယ်ချုပ် အမြဲတမ်း ချမှတ်ခံထားရသလို ချင်မင်းသားနှင့် ချီမင်းသားတို့မှာလည်း မြို့တော်သို့ ပြန်မလာရဲကြသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်အထိ။

ယူနန်ပြည်နယ် ဖြစ်ရပ်ပြီးနောက် ဆယ်ရက်အကြာတွင်မှ။

ချင်မင်းသားနှင့် ချီမင်းသားတို့၏ အရှိန်အဝါမှာ တစ်ညတည်းနှင့် ကြီးထွားလာခဲ့ပြီး နန်းတွင်းမှာ စကားပြောခွင့် ရလာခဲ့ကြခြင်း ဖြစ်သည်။ ဒါဟာ သေချာပေါက် နောက်ကွယ်ကနေ တစ်စုံတစ်ယောက်က တွန်းအားပေးနေလို့ပဲ ဖြစ်ရမည်။

ထိုသို့ လုပ်ဆောင်နိုင်သည့် တစ်ဦးတည်းသောသူမှာ ဧကရာဇ်အိုကြီးသာ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်က လုံချင်ဧကရာဇ်သည် ကျင့်ကြံခြင်းအတွက် သီးသန့် အနားယူခဲ့ပြီး ညီလာခံများကိုလည်း တက်ရောက်လေ့ မရှိပေ။

နှစ်ပေါင်းလေးဆယ် ကြာပြီးနောက်တွင်တော့ လုံချင်ဧကရာဇ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

သို့သော် ထိုအချိန်တွင် အိမ်ရှေ့စံ၏ အရှိန်အဝါမှာ နန်းတွင်းအရာရှိကြီးများမှအစ ဒေသန္တရ အရာရှိငယ်များအထိ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

အစောပိုင်းက ရှန်ထင်ချွန် ၏ အခြေအနေကို ကြည့်လျှင်ပင် အိမ်ရှေ့စံ၏ သြဇာ ဘယ်လောက်အထိ ကြီးမားသလဲဆိုတာ သိနိုင်သည်။

အကယ်၍ အာဏာသိမ်းမှုသာ အောင်မြင်သွားခဲ့လျှင် တိုင်းပြည်၏ အပြောင်းအလဲမှာ ဘာမှ အနှောင့်အယှက်မရှိဘဲ အလွန်ပင် ချောမွေ့သွားပေလိမ့်မည်။

ဒါကို လုံချင်ဧကရာဇ်က လက်ပိုက်ကြည့်နေပါ့မလား။

သူ့အတွက် အာဏာကို ပြန်လည် ရယူနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ အိမ်ရှေ့စံကို အစားထိုးလိုက်ဖို့ပဲ ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် အသုံးချလို့ ပြီးသွားတဲ့အခါမှာ ဖယ်ရှားလိုက်ခြင်းပင်။

သို့သော် ထိုသို့သော ကိစ္စမျိုးကို သူကိုယ်တိုင် လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ချင်မင်းသားနှင့် ချီမင်းသားတို့သည် သူ၏ ရည်မှန်းချက်အတွက် အကောင်းဆုံး လက်နက်များ ဖြစ်လာခဲ့ကြသည်။

ဒါပေမဲ့လည်း...

ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ လုပ်ကြံမှုမှာ ရှင်းမပြနိုင်တဲ့ အချက်တွေ အများကြီး ရှိနေပါသေးသည်။

လီဂုန်း ကို ဧကရာဇ်က စေလွှတ်လိုက်တာတော့ မဟုတ်နိုင်ပေ။

အဲ့ဒီအချိန်မှာ လုပ်ကြံသူဟာ ဧကရာဇ်ကို တကယ်ပဲ သေလုနီးပါးအထိ တိုက်ခိုက်ခဲ့သလို အရာရှိကြီးတွေနဲ့ သတ္တမမင်းသားပါ သေဆုံးခဲ့ရတာပါ။ ဧကရာဇ်အိုကြီးဟာ တကယ်ပဲ ဒေါသထွက်နေခဲ့တာ ဖြစ်သည်။

သူသည် အသံကျယ်ကြီးဖြင့် အော်ဟစ်ခြင်း မပြုသော်လည်း သူ၏ ဒေါသ အရှိန်အဝါကို လူတိုင်း ခံစားနေရသည်။

ဒါကြောင့်မို့လို့။

ဒါဟာ ချင်မင်းသား ဒါမှမဟုတ် ချီမင်းသားတို့ရဲ့ လက်ချက်လည်း မဖြစ်နိုင်ပေ။

သူတို့သာ ဒီလိုမျိုး ကြမ်းတမ်းပြီး ပေါ့ပျက်ပျက် နည်းလမ်းကို သုံးခဲ့မယ်ဆိုရင် ဧကရာဇ်ရဲ့ စိတ်ထဲမှာ သူတို့အပေါ် အမြင်မကြည်မလင် ဖြစ်သွားနိုင်သလို အိမ်ရှေ့စံ ရာထူးကနေ ပြုတ်သွားရင်တောင် သူတို့အတွက် အခွင့်အရေး ရလာမှာ မဟုတ်ပေ။

တကယ်တော့ ဧကရာဇ်ရဲ့ စိတ်ထဲမှာ သူတို့အပေါ် အမြင်မကြည်တာမျိုးကတော့ ဖြစ်သွားနိုင်ခြေ ရှိသည်။

အိမ်ရှေ့စံကတော့...

ပိုလို့တောင် မဖြစ်နိုင်သေးသည်။

စစ်နတ်ဘုရား တစ်ယောက်တည်းနဲ့ ဧကရာဇ်ကို မသတ်နိုင်မှန်း သိလျက်နဲ့ ဘာလို့ ဒီလိုမျိုး အခြေအနေကို ဖန်တီးပြီး မိမိရဲ့ ရာထူးကို အဆုံးရှုံးခံမလဲ။ သူ ဘာကို ရည်ရွယ်တာလဲ။

ဒါဆိုရင်တော့ တတိယအဖွဲ့အစည်း တစ်ခုခု ရှိနေရမည်။

ဘယ်သူက အကျိုးအမြတ် အများဆုံး ရမလဲဆိုတာကတော့ တရားခံပဲ ဖြစ်ရမည်။

လူတစ်ယောက်၏ အမည်မှာ ချန်ဆန်းရှီ၏ စိတ်ထဲတွင် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

ဒီလူဟာ တကယ့်ကို အကွက်ကျကျ ကစားသွားနိုင်တာပဲ။

"အစီရင်ခံစာ... အစီရင်ခံစာ ရောက်လာပါပြီ"

နယ်စပ်မှ အရေးပေါ် စစ်သတင်း အစီရင်ခံစာ ရောက်ရှိလာခဲ့ပြီး ယန်ရှင်းခန်းမ အပြင်ဘက်ရှိ မိန်းမစိုးမှတစ်ဆင့် နဂါးပလ္လင်ရှေ့သို့ ရောက်ရှိလာသည်။

"ဖတ်ပြစမ်း"

လုံချင်ဧကရာဇ်သည် ထိုစာကို အမြန်ဖတ်ကြည့်လိုက်ပြီးနောက် ဘေးနားက မိန်းမစိုးကို ပေးလိုက်သည်။

"ဒါဟာ အရှေ့ဘက်နယ်မြေက သတင်းပါ"

ဟွမ်ဟုန် က ဖတ်ပြသည်။ "ယောင်ပြည်နယ်၊ ယွီရှန်ခရိုင်မှာ နယ်စပ်စောင့် တာဝန်ယူထားတဲ့ ကျန်းထောင်မင် ဟာ ပုန်ကန်လိုက်ပါပြီ။ သူကချင်နိုင်ငံရဲ့ နယ်စပ်စောင့် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်သည် ရှစ်သောင်းနဲ့အတူ လင်းကျိုး ကို တိုက်ခိုက်ဖို့နဲ့ ဇီဝေတောင်ကို တိုက်ရိုက် ဦးတည်လာဖို့ ပြင်ဆင်နေပါတယ်"

"ဗုန်း.."

ဤစစ်သတင်းမှာ လူတိုင်းအတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။

ကျန်းထောင်မင်..

ဒီလူဟာ မူလက နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်တစ်ယောက် ဖြစ်သည်။

လင်းကျိုး တိုက်ပွဲပြီးတဲ့နောက်မှာ သူက မုန်ချူကျီရဲ့ ဒုတိယ ဗိုလ်ချုပ်အဖြစ် အရှေ့ဘက်နယ်မြေကို စေလွှတ်ခံခဲ့ရသူ ဖြစ်သည်။

တိုက်ပွဲပြီးတဲ့နောက်မှာတော့။

ကျန်းထောင်မင် ဟာ နယ်စပ်စောင့် တာဝန်ကို ယူထားခဲ့ခြင်းပင်။

သူက ဘာလို့ ပုန်ကန်ရတာလဲ။

"ဒါဟာ ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ"

လူအုပ်ကြီးမှာ ထပ်မံ ထိတ်လန့်သွားကြပြန်သည်။

"တကယ်လို့ သူတို့သာ လမ်းကြောင်းကို ဖောက်ထွက်လာနိုင်ရင် လင်းကျိုး မှာ ဘာခုခံမှုမှ ရှိတော့မှာ မဟုတ်ဘူး။ ဇီဝေတောင်ဟာ အန္တရာယ်ရှိသွားပြီ"

"ဒါမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ"

"ဗိုလ်ချုပ်ကျန်းထောင်မင်က မြို့တော်က နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကလေ"

"သူဟာ စစ်ရေးအောင်မြင်မှုတွေအတွက် ဆုလာဘ်တွေ ရတော့မယ့်သူပဲ၊ ဘာလို့ ဒီလိုအချိန်မှာ တိုင်းပြည်ကို သစ္စာဖောက်ရတာလဲ။ ဒါဟာ လုံးဝ အဓိပ္ပာယ်မရှိဘူး"

"..."

"အခုတော့~"

ဟွမ်ဟုန် က ဆက်ဖတ်သည်။ "တခြားပြည်နယ် နှစ်ခုက တပ်ဖွဲ့တွေက သူတို့ကို ကြားဖြတ် တားဆီးထားပေမဲ့ စစ်သည် အင်အား မလုံလောက်လို့ နန်းတွင်းကနေ အနည်းဆုံး စစ်သည် နှစ်သောင်းလောက် နယ်စပ်ကို စေလွှတ်ပေးဖို့ မျှော်လင့်နေကြပါတယ်"

သုံးသောင်း။

အရှေ့ဘက်နယ်မြေမှာ ဒါရှန် ရဲ့ စစ်သည် သိန်းနဲ့ချီ ရှိနေတာပဲ။

ဒါပေမဲ့ အဲ့ဒီတပ်ဖွဲ့တွေက ပြည်နယ် သုံးခုမှာ ပျံ့နှံ့နေတာလေ။

ပြည်နယ် သုံးခုကို ပြန်လည် သိမ်းပိုက်ပြီးစ အချိန်ဖြစ်လို့ အဓိက မြို့ကြီးတွေကို ထိန်းသိမ်းဖို့အတွက် စစ်သည် အမြောက်အမြား လိုအပ်နေသည်။ အဲ့ဒီတပ်ဖွဲ့တွေကို အချိန်တိုအတွင်းမှာ ပြန်လည် စုစည်းဖို့ မလွယ်ကူပေ။ အမြန်ဆုံးနည်းလမ်းကတော့ လင်းကျိုး အတွင်းမှာ ရှိနေတဲ့ တပ်ဖွဲ့တွေကို အသုံးပြုဖို့ပဲ ဖြစ်သည်။

မုန်ချူကျီလက်အောက်မှာ အရှေ့ဘက်တပ်မတော် စစ်သည် နှစ်သောင်း ရှိနေသလို၊ ဟူပန်တပ်မတော်မှာလည်း နှစ်သောင်း၊ နန်းတွင်းကိုယ်ရံတော် ငါးထောင်နဲ့ အနက်ရောင်သံချပ်ကာစစ်သည် သုံးထောင် ရှိနေသည်။

ဒါဟာ မုန်ချူကျီရဲ့ နယ်မြေ ဖြစ်သည်။

ပုံမှန်ဆိုရင်တော့ သူက စစ်သည်တွေကို ဦးဆောင်ပြီး ပုန်ကန်မှုကို ချက်ချင်း သွားရောက် နှိမ်နင်းရမည် ဖြစ်သည်။

ဒါပေမဲ့လည်း ဒါဟာ...

အခြေအနေတစ်ခုကို ဖန်တီးပေးလိုက်သလို ဖြစ်သွားလိမ့်မည်။

ဇီဝေတောင်ပေါ်မှာ။

အိမ်ရှေ့စံရဲ့ ဟူပန်တပ်မတော် တစ်ခုတည်းပဲ ကျန်ရှိတော့မှာ ဖြစ်သည်။

ဒီလိုဆိုရင်တော့ ဒါဟာ အိမ်ရှေ့စံရဲ့ နယ်မြေ ဖြစ်သွားတော့မည်။

အရင်က အိမ်ရှေ့စံ ပုန်ကန်မယ်ဆိုတာကို မယုံကြည်ခဲ့တဲ့ အရာရှိတွေဟာ အခုတော့ ပိုပြီး ယုံကြည်လာကြပြီ ဖြစ်သည်။

ကျန်းထောင်မင် ဟာ မြို့တော်က နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့က ဖြစ်သည်။

ဆိုလိုတာက အိမ်ရှေ့စံက သူ့ကို သိမ်းသွင်းဖို့ အခွင့်အရေး ရှိခဲ့သလို အခု ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း ဖန်တီးနိုင်စွမ်း ရှိနေသည်။

သူ့ရဲ့ ရည်ရွယ်ချက်ကတော့...

All Chapters