အခန်း (၃၉၅)
Vol. 36 Ch. 395
သူတို့က အရှေ့ဘက်တပ်မတော် တစ်ခုလုံးကို ဖယ်ရှားပစ်တော့မှာ ဖြစ်သည်။
"ဒါကို ဘယ်လိုလုပ်ရင် ကောင်းမလဲ"
"ဘယ်သူ့ကို စေလွှတ်သင့်သလဲ"
"..."
စစ်ဝန်ကြီး ဂေါင်ဘိုက အကြံပြုသည်။ "ဗိုလ်ချုပ်မုန်က ဒီတာဝန်အတွက် အသင့်တော်ဆုံး ဖြစ်မှာပါ"
"အရှင်မင်းမြတ်... ကျွန်တော်မျိုး သွားပါရစေ"
မုန်ချူကျီက လက်သီးစုပ် ဂါရဝပြုရင်း "ဗိုလ်ချုပ်ကျန်း ဘာလို့ ဒီလိုလုပ်ရသလဲဆိုတာ ကျွန်တော်မျိုး မသိပေမဲ့ ဒီထဲမှာ တစ်ခုခုတော့ ရှိနေရပါမယ်။ သူက ကျွန်တော်မျိုးရဲ့ လူတွေကိုလည်း အသုံးချသွားသေးတယ်။ ကျွန်တော်မျိုးသာ သွားမယ်ဆိုရင် ဒီဆူပူမှုကို အမြန်ဆုံး နှိမ်နင်းနိုင်မှာပါ" ဟု ဆိုသည်။
"လုံးဝ မဖြစ်ပါဘူး"
ယန်မောက်ရှင်းက ချက်ချင်း ကန့်ကွက်လိုက်သည်။ "အရှင်မင်းမြတ်... ကျွန်တော်မျိုး အထင်တော့ ဗိုလ်ချုပ်ဖန်ထျန်ဖားကို ဟူပန်တပ်မတော်နဲ့အတူ စေလွှတ်တာက ပိုပြီး သင့်တော်ပါလိမ့်မယ်"
"ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်"
စစ်ဘက်အရာရှိများက တညီတညွတ်တည်း သဘောတူကြသည်။
ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအပြီးမှာ ဟူပန်တပ်မတော်ကို ဇီဝေတောင်ပေါ်မှာ ဒီအတိုင်း ဆက်ထားလို့ မရတော့ဘူးဆိုတာ ဘယ်သူမဆို မြင်နိုင်တာပဲ မဟုတ်ပါလား။
"ဖန်ထျန်ဖား"
လုံချင်ဧကရာဇ်က တည်ကြည်စွာ မိန့်ကြားသည်။
"မင်း သွားဖို့ အသင့်ပဲလား"
"အသင့်ပါပဲ ခင်ဗျာ"
ဖန်ထျန်ဖားက လက်သီးစုပ်ဂါရဝပြုလိုက်ရင်း "အရှင်မင်းမြတ် စိတ်ချပါ၊ ကျွန်တော်မျိုး အမြန်ဆုံး နှိမ်နင်းပြပါ့မယ်။ အရှင်မင်းမြတ်ရဲ့ ယုံကြည်မှုကို အပျက်ခံမှာ မဟုတ်ပါဘူး" ဟု ဆိုသည်။
"အရှင်မင်းမြတ်~"
ဝန်ကြီးချုပ် ယန်လျန်သည် ဤညီလာခံအတွင်း ပထမဆုံးအကြိမ် စကားပြောလိုက်သည်။ "ကျွန်တော်မျိုး အထင်တော့ အရှင်မင်းမြတ်အနေနဲ့ မြို့တော်ကို အမြန်ဆုံး ပြန်ကြွသင့်ပါတယ်။ ဇီဝေတောင် ဘိသိက်ခံပွဲကိုလည်း နောက်တစ်နှစ်လောက်နေပြီး အရှေ့ဘက်နယ်မြေ အခြေအနေတွေ ငြိမ်သက်သွားမှ ကျင်းပတာကလည်း မနောက်ကျသေးပါဘူး"
"မှန်ပါတယ်... မှန်ပါတယ်"
အမတ်မင်းများကလည်း ဝိုင်းဝန်း ထောက်ခံကြသည်။
"အရှင်မင်းမြတ်ရဲ့ ကိုယ်တော်ဟာ ရွှေလို အဖိုးတန်ပါတယ်၊ ဒီလို အန္တရာယ်ရှိတဲ့ နေရာမှာ ဆက်မနေသင့်ပါဘူး"
"..."
"ငါ ဘယ်မှ မသွားဘူး။ ငါ ဒီ ဇီဝေနန်းဆောင် မှာပဲ စောင့်နေမယ်။ ဒီပွဲကိုလည်း နာရီဝက်တောင် နောက်ဆုတ်ဖို့ ငါ ခွင့်မပြုနိုင်ဘူး"
လုံချင်ဧကရာဇ်သည် ထိုသို့ပြောပြီးနောက် ဝတ်စုံစကို ခါထုတ်ကာ ထွက်ခွာသွားတော့သည်။
ခဏအကြာတွင်။
ဟွမ်ဟုန်သည် ဧကရာဇ်၏ အမိန့်တော်ကို ပြန်လည် ကြေညာရန် ရောက်ရှိလာခဲ့သည်။
"ဒီနေ့ တောင်တံခါးမှာ တာဝန်ကျခဲ့တဲ့ အနက်ရောင်သံချပ်ကာစစ်သည်တော်တွေနဲ့ ဟူပန်တပ်မတော်သား အားလုံးကို လူအများရှေ့မှာ ခေါင်းဖြတ် ကွပ်မျက်ရမယ်"
"ဗိုလ်ချုပ် ချန်ဆန်းရှီ ကို အနက်ရောင်သံချပ်ကာစစ်သည်တော်တွေနဲ့အတူ ဇီဝေတောင်ရဲ့ လုံခြုံရေး တာဝန်တွေကို ဆက်လက် ယူခိုင်းစေမယ်။ ဒါ့အပြင် အန်းသောင်နယ်စား မုန်ချူကျီနဲ့ ပူးပေါင်းပြီး ချင်မင်းသား လီဂုန်း ပုန်းအောင်းနေတဲ့ နေရာကို ရှာဖွေရမယ်။ နောက်ထပ် ဘာအမှားအယွင်းမှ ထပ်မဖြစ်စေနဲ့"
"ညီလာခံ သိမ်းပြီ—"
"အမိန့်တော်အတိုင်းပါ ခင်ဗျာ"
ချန်ဆန်းရှီက လက်သီးစုပ်ဂါရဝပြုလိုက်သည်။
ညီလာခံ ပြီးဆုံးသွားခဲ့သည်။
အမတ်မင်းများသည် အချင်းချင်း တီးတိုး ပြောဆိုရင်း ထွက်ခွာသွားကြတော့သည်။
ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကတော့ တကယ့်ကို ရင်ခုန်စရာတွေချည်းပါပဲ။
ပထမဆုံး ချင်မင်းသားရဲ့ လုပ်ကြံမှု၊ နောက်တော့ ကျန်းထောင်မင်ရဲ့ ပုန်ကန်မှု။ အမတ်မင်းတွေအတွက်တော့ ဒီနေ့ တစ်ရက်တည်းက တစ်နှစ်လောက် ကြာသွားသလို ခံစားနေရသည်။
အပေါ်ယံကြည့်ရင် အိမ်ရှေ့စံဟာ ဘာအပြစ်ပေးမှုမှ မရခဲ့ဘူး။
ဒါပေမဲ့ တကယ်တမ်းမှာတော့ တိုင်းပြည်အရေးတွေကို စီမံခန့်ခွဲခွင့် ရုပ်သိမ်းခံလိုက်ရတာကြောင့် သူ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ အရှိန်အဝါတွေဟာ နောက်ထပ် နှစ်နှစ်လောက်နေရင် တခြားမင်းသားတွေကြားမှာ ပြိုကွဲသွားတော့မှာ ဖြစ်သည်။
အိမ်ရှေ့စံရဲ့ နေရာဟာ အတော်လေးကို လှုပ်ခတ်သွားခဲ့ပြီ။
"အိမ်ရှေ့စံက တကယ်ပဲ ပုန်ကန်တော့မှာလား"
ချန်ဆန်းရှီက သူ့ဘာသာသူ တွေးနေမိသည်။
သူကတော့ အောက်ခြေက ရေကန်ထဲက ရတနာကို ယူနိုင်ဖို့အတွက် အခြေအနေတွေ ပရမ်းပတာ ဖြစ်မယ့်အချိန်ကိုပဲ စောင့်နေတာပါ။
"အစ်ကိုကြီး"
ပျံလွှားငါးဝတ်စုံကို ဝတ်ဆင်ကာ ရှို့ချွန်ဓားကို ကိုင်ထားသည့် မင်းသားဆယ့်နှစ်ချောင်ကျိီပြေးဝင်လာသည်။ သူသည် အဖိုးတန် ဆေးပုလင်းလေးကို ထုတ်ပေးရင်း "အစ်ကိုကြီး... ဒီနေ့ အရှင်မင်းမြတ်ကို ကာကွယ်ရင်း အစ်ကိုကြီး ဒဏ်ရာရသွားတာ ကျွန်တော် မြင်လိုက်တယ်။ ဘယ်လိုနေသေးလဲ၊ ဒဏ်ရာက ပြင်းသလား။ ဒီဆေးလေး သုံးလိုက်ပါဦး" ဟု ဆိုသည်။
"မင်းသားကို ဂါရဝပြုပါတယ်၊ ကျွန်တော်မျိုး ဒဏ်ရာက သိပ်မပြင်းပါဘူး"
ချန်ဆန်းရှီက ယဉ်ကျေးစွာ ဂါရဝပြုသည်။
"အစ်ကိုကြီးကလည်းဗျာ... တစ်စိမ်းဆန်ပြန်ပြီ"
ချောင်ကျိီက သူ့ပုခုံးကို ဖက်လိုက်ရင်း "ငါတို့က မိသားစုတွေပဲလေ၊ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး" ဟု ဆိုသည်။
"မင်းသား... ကျွန်တော်မျိုးမှာ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးလို့ ခွင့်ပြုပါဦး"
ချန်ဆန်းရှီက အကြောင်းပြချက် ပေးကာ ချက်ချင်း ထွက်လာခဲ့သည်။
"အစ်ကိုကြီး... ဆေးယူသွားဦးလေ"
ချောင်ကျိီက သူ့ကို တားမရသော်လည်း စိတ်မဆိုးပေ။ သူသည် ပြုံးလျက် ဆေးပုလင်းကို ရင်ဘတ်ထဲ ပြန်ထည့်လိုက်ပြီး မြေပဲဆံလေးတွေကို ပါးစပ်ထဲ ပစ်ထည့်ကာ စားနေတော့သည်။
"မင်းသား"
ကျင်းယီအစောင့်ကျန်းကျောက် က အပြေးရောက်လာသည်။ "တောင်
ဘက်နယ်မြေမှာ ကျွန်တော်တို့ စေလွှတ်ထားတဲ့ သူလျှိုတွေ အသတ်ခံလိုက်ရပါပြီ။ သေဆုံးသွားတဲ့ အရာရှိဟောင်း အချို့နေရာမှာ ကျွန်တော်တို့လူတွေ အစားထိုးနိုင်ပေမဲ့ ကျန်တဲ့နေရာတွေကတော့ ကိုင်တွယ်ရ တော်တော်ခက်ပါတယ်"
"အစ်ကိုတော်ခုနှစ်... ဪ... အစ်ကိုတော်ခုနှစ်"
မြေပဲကို ဝါးနေရင်း ချောင်ကျိီသည် ဘေးနားက သွေးတွေကို သန့်ရှင်းရေး လုပ်နေတဲ့ မိန်းမစိုးတွေကို ကြည့်ကာ ပြောလိုက်သည်။ "တွေ့လား... တွေ့လား... အစ်ကိုက ငါ့ဆီကနေ ဒီအသက်ကယ်တဲ့ အလုပ်ကိုပဲ လုချင်နေတာ၊ အခုတော့ ဘာထူးလဲ"
...
အိမ်ရှေ့စံ နောက်ထပ် ဘာဆက်လုပ်မလဲ။
ဟူပန်တပ်မတော်ကိုတောင် တခြားနေရာကို ရွှေ့လိုက်ပြီဆိုတော့ ဒီတိုက်ပွဲပြီးရင် ဗိုလ်ချုပ်တွေ အားလုံးကို အပြတ်ရှင်းခံရတော့မှာ သေချာသလောက်ပဲ။ အဲ့ဒီကျရင် အိမ်ရှေ့စံဟာ တကယ်ကို ပြန်မထနိုင်တော့ဘူး။
သူက တကယ်ပဲ ဒီအတိုင်း အသေခံစောင့်နေမှာလား။
ချန်ဆန်းရှီ မယုံပေ။
နှစ်ပေါင်းများစွာ စီစဉ်ခဲ့တဲ့ အကွက်တွေက မတော်တဆမှု တစ်ခုတည်းနဲ့တင် ပျက်စီးသွားမှာလား။
သူကိုယ်တိုင်လည်း ဒီအတိုင်း ထိုင်မနေခဲ့ပေ။
ထိုညမှာပင် သူသည် ကျန်းလိုင်ဇီ အဖြစ် ရုပ်ဖျက်ကာ တောင်စောင့်နတ်ကျောင်းထဲသို့ ဝင်ခဲ့သည်။
မကြာခင်မှာပင်။
"သူရဲကောင်းကျန်း"
ချောင်ဖန် ပေါ်လာပြီး အနားသို့ တိုးလာသည်။ "သူရဲကောင်းကျန်း... ခင်ဗျား ရောက်လာတာ အချိန်ကိုက်ပါပဲ။ အစီအစဉ်တွေ ပြောင်းသွားပြီ။ ဇီဝေတောင် ဘိသိက်ခံပွဲ မတိုင်ခင်မှာတင် ငါတို့ လှုပ်ရှားတော့မယ်။ ဒီည အဲ့ဒီကိစ္စကို ဆွေးနွေးရမှာမို့လို့ သူရဲကောင်းကျန်း.. ကျွန်တော့်နောက်ကို လိုက်ခဲ့ပါဦး"
"ငါက ပြောခဲ့တယ် မဟုတ်လား"
ချန်ဆန်းရှီက အသံကို ဆွဲပြောလိုက်သည်။
"ငါက မင်းတို့ကို ကူညီရမှာလား"
"သူရဲကောင်းကျန်း... ဒါကတော့..."
ချောင်ဖန် ခဏမျှ စကားစ ရှာမရ ဖြစ်သွားသည်။
သူ့နောက်က ယွမ်ရှောင်ကျိီနဲ့ လင်းရွှီကျိီတို့ရဲ့ မျက်နှာမှာတော့ သတ်ဖြတ်လိုတဲ့ အရိပ်အယောင်တွေ ပေါ်နေခဲ့သည်။
"ဟဲဟဲ~"
ချန်ဆန်းရှီက အေးစက်စွာ ရယ်လိုက်သည်။
"စတာပါကွာ... လမ်းပြ"
ဘာပဲဖြစ်ဖြစ် သူတို့ဆီက ပစ္စည်းတွေ အများကြီး ယူထားပြီးသားဆိုတော့ အခုမှ ငြင်းနေရင်လည်း မကောင်းပေ။ ဒါ့အပြင် ဒါဟာ ရေကန်ထဲက ရတနာကို ရဖို့နဲ့လည်း ပတ်သက်နေတာကြောင့် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
"သူရဲကောင်းကျန်းက ကတိတည်တဲ့သူမှန်း ကျွန်တော် သိသားပဲ"
ချောင်ဖန်က ဝမ်းသာအားရဖြင့် ချန်ဆန်းရှီကို ရှေ့ကနေ သွားဖို့ လမ်းပြပေးသည်။
သူတို့သည် မှောင်မည်းနေသော ညထဲတွင် မြို့ပြင်က ပျက်စီးနေတဲ့ ဘုရားကျောင်းတစ်ခုဆီသို့ ရောက်လာခဲ့ကြသည်။
မှေးမှိန်နေတဲ့ ခန်းမထဲမှာတော့ ဆီမီးတိုင် အချို့က တဖျတ်ဖျတ် လင်းနေသည်။
အဲ့ဒီမှာ ချန်ဆန်းရှီဟာ ရင်းနှီးနေတဲ့ မျက်နှာတွေကို တွေ့လိုက်ရသည်။
ဖန်ထျန်ဖား၊ ဆွေချုံယီ၊ မိန်းမစိုး လေးယောက်၊ ကျင်းယီအစောင့်အချို့နဲ့ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့က ဗိုလ်ချုပ်အချို့...
စုစုပေါင်း လူနှစ်ဆယ်ကျော် ရှိနေသည်။
နန်းတွင်းက ဌာနတိုင်းမှာ အိမ်ရှေ့စံရဲ့ လူတွေ ရှိနေတာပဲ။ သူ့ရဲ့ သြဇာက တကယ့်ကို နန်းတော်တစ်ခုလုံးကို လွှမ်းမိုးထားတာပဲ ဖြစ်သည်။