← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

‎အခန်း-(၂၁၁)

‎သူ့ရဲ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်တော့ ရေများက ကန်ထဲကို တဖြည်းဖြည်းစီးကျလာခဲ့သည်။ သူက ရေကို အဆက်မပြတ်ဖန်တီးနေသဖြင့် ရေဘောလုံးထဲက စီးကျလာတဲ့ ရေကလည်း အဆက်မပြတ် စီးကျနေတယ်။

‎

‎

သူ ရေကိုထိန်းချုပ်ထားတာမြင်တော့ ‎စစ်သားတွေက အံ့သြသွားတယ်။ စခန်းရှိ ရေအမျိုးအစား စွမ်းရည်အသုံးပြုသူများနှင့် နှိုင်းယှဉ်ပါက သူ့ရဲ့စွမ်းရည်က ၎င်းတို့ထက် အဆများစွာ မြင့်မားသည်။

‎

‎

‎ဆယ်မိနစ်အကြာတွင် ကုရှကျယ်ရဲ့မျက်နှာက ဖြူဖျော့သွားခဲ့တယ်။ သူ့နဖူးနှင့် နောက်ကျောမှာ ချွေးများရွှဲနစ်နေပြီ သူ မူးဝေလာတယ်။

‎

‎

‎ဒါကိုမြင်တော့ ရုန်မိုအာက ပြောလိုက်တယ်"ရှကျယ်၊ လုံလောက်ပြီ၊ အရင်အနားယူလိုက်ပါ"

‎

‎

‎သူ့လက်ကိုဝှေ့ယမ်းကာ ရေဘောလုံးကို ရေကန်ထဲသို့ဝင်သွားစေပြီး နောက်ခဏမှာတော့ ဒူးတွေခွေကာ မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။ ကံကောင်းထောက်မလို့ ရုန်မိုအာက ထိုနေရာတွင်ရှိနေခဲ့ပြီး ခုန်တက်က သူ့ကိုဖမ်းမိသွားတာနဲ့မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်ခဲ့သည်။

‎

‎

ရုန်မိုအာက ‎သူ့ခန္ဓာကိုယ်ကိုတွဲထားရင်းနဲ့ "ရှကျယ် ဘယ်လိုနေသေးလဲ၊ စွမ်းအင်ကို မြန်မြန်စုပ်ယူလိုက်" လို့ပြောလိုက်တယ်။

‎

‎

‎ကုရှကျယ်က သူမကို မှီထားပြီး သူ့လက်ဖဝါးထက်မှာတော့ အမြုတေတွေကို ကိုင်ထားတယ်။ မိနစ်နှစ်ဆယ်ကြာသောအခါတွင်တော့ အမြုတေများထဲမှ တစ်ခုဟာ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသည်။

‎

‎

‎အခြားသောအမြုတေများကို စုပ်ယူပြီးတဲ့ နောက်တွင်တော့ သူရဲ့စွမ်းအင်ကို ပြန်လည်ရရှိလာပြီး မူးဝေခြင်းကို မခံစားရတော့ပေ။ ထထိုင်ကာ သက်ပြင်းတစ်ချက်ချလို့ "မိုအာ၊ ငါနေကောင်းပါတယ်"လို့ ပြောလိုက်တယ်။

‎

‎

‎ရုန်မိုအာက သူ့နဖူးပေါ်က ချွေးတွေကိုသုတ်ဖို့ လက်ကိုဆန့်ပြီး " ရှကျယ် နောက်မှဆက်လုပ်မလား ၊ ခဏလောက် အနားယူပါအုံး " လို့ပြောလိုက်တယ်။

‎

‎

‎ကုရှကျယ်ကတော့ သူ့စွမ်းအင်ကို အကြိမ်အနည်းငယ်ထပ်သုံးပြီးရင် နောက်တစ်ဆင့်တက်နိုင်တော့မယ်လို့ ခံစားနေရတယ်။ ဒါနဲ့ပဲ သူကခေါင်းယမ်းပြီး "ငါ အဆင်ပြေပါတယ်"

‎

‎

‎သူဘယ်လောက် ခေါင်းမာတယ်ဆိုတာကို သိလိုက်ရတော့ ရုန်မိုအာကလည်း သူလုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်တယ်။

‎

‎

‎အမြုတေများကို စုပ်ယူပြီးတဲ့နောက်တွင် ရေတိုင်ကီတွေကို ရေဆက်လက်ဖြည့်နေသေးသာကို မြင်သောအခါ စစ်သားများက အံ့အားသင့်သွားကြသည်။

‎

‎

‎အမြုတေက ရေအတွက် ပေးချေခြင်းဖြစ်သည်ဟု သူတို့ထင်ကြတယ်။ မျှော်လင့်ထားသလိုမဟုတ်ဘဲ သူတို့ကတော့ စွမ်းအင်ပြန်လည်ရယူရန်နှင့် ဆက်လက်ရေပေးရန်အတွက် အမြုတေကိုအသုံးပြုခဲ့သည်။

‎

‎

‎အဲဒါကို စဉ်းစားကြည့်ရင် ဒါက ရေပိုဖန်တီးဖို့အတွက် သူတို့ရဲ့ အမြုတေတွေကို အသုံးပြုတာနဲ့ အတူတူဘဲမလား။ နောက်ဆုံးတော့ ထိုစုံတွဲနှစ်ယောက်က ဘာမှမရဘဲ သူတို့ကသာရေအများကြီးရလိမ့်မယ်။

‎

‎

‎နောက်ဆုံးတော့ စစ်သားတစ်ယောက်က ဝေယင်းအား ဤကိစ္စကို သတင်းပို့ရန် လိုက်ရှာခဲ့သည်။

‎

‎

‎ဤရေဂိုဒေါင်ကို စခန်းရဲ့အဆောက်အဦးများထဲမှ တစ်ခုဟု သိကြသော်လည်း အမှန်မှာ ဤဂိုဒေါင်ကို လင်းယုန်အဖွဲ့က ပိုင်ဆိုင်ပြီး စခန်းကိုထိန်းချုပ်ထားသည့် အဖွဲ့နှင့်ဘာမှမဆိုင်ပါ။

‎

‎

‎ကုရှကျယ်က ရေဂိုဒေါင်တွင် ပျားရည်သီးသန့်စုတဲ့ ပျားကဲ့သို့ အလုပ်များနေချိန်တွင် စစ်သားကတော့ ဆယ့်ငါးမိနစ်အကြာတွင် ဝေယင်းရဲ့နေရာကို ရောက်သွားသည်။

‎

‎

‎သူ့ရဲ့နေရာက အိပ်ခန်းနှစ်ခန်း၊ မီးဖိုချောင်တစ်ခု၊ ဧည့်ခန်းတစ်ခန်းပါသည့် အိမ်ငယ်လေးဖြစ်သည်။ သူနှင့်အတူနေရန် လင်းယုန်အဖွဲ့ရဲ့ အဖွဲ့ဝင်အများအပြားရှိသည်။ ကျန်အဖွဲ့သားများကတော့ နောက်တစ်အိမ်တွင် တည်းခိုကြတယ်။

‎

‎

‎စစ်သားက တံခါးခေါက်ပြီး ခဏစောင့်တယ်။ တံခါးဖွင့်လာတော့ သူက အလေးပြုပြီး "ဗိုလ်ကြီးဝေ" လို့ပြောလိုက်တယ်။

‎

‎

‎ဝေယင်းက သူ့ကို ဝင်လာဖို့လက်ဟန်ပြပြီး "ရေဂိုဒေါင်ထဲမှာ တစ်ခုခုဖြစ်သွားတာလား"လို့ မေးတယ်။

‎

‎

‎စစ်သားက ခေါင်းညိတ်ပြီး "ဗိုလ်ကြီးဝေ၊ ဂိုဒေါင်ကို လာလည်တဲ့ စွမ်းရည်အသုံးပြုသူ နှစ်ယောက်ရှိတယ်။ တစ်ယောက်က ရေစွမ်းရည်ပိုင်ရှင်ဖြစ်ပြီး အခုလောလောဆယ်တော့ သူက ရေကန်ကိုဖြည့်နေတယ်" ဟု ပြန်ပြောသည်။

‎

‎

‎ဒါကိုကြားတော့ ဝေယင်းက မျက်ခုံးပင့်လိုက်ပြီး "ဒီစွမ်းရည်ကို အသုံးပြုသူတွေဟာ စုံတွဲတွေလား"

‎

‎

‎စစ်သားက ခေါင်းညိတ်ပြီး "ဗိုလ်ကြီး ဘယ်လိုသိတာလဲ" ဟု မေးသည်။

‎

‎

‎"သူတို့က အခြေစိုက်စခန်းကို ငါနဲ့ အတူတူပြန်ရောက်လာတာ။ သူတို့က ယုံလို့ရတယ်" လို့ ဝေယင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

‎

‎

‎"ဗိုလ်ကြီး၊ သူတို့က သူ့ရဲ့စွမ်းအင်ကို ပြန်လည်ရယူပြီး ရေကန်ကိုဆက်လက်ဖြည့်ဖို့ အမြုတေတွေကို အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ် အမြုတေတွေရှိ သေးလားလို့ လာမေးတာပါ။ အမြုတေတွေ ပိုပေးနိုင်ရင်၊ သူက ကျွန်တော်တို့ရဲ့ ရေကန်တွေအားလုံးကို ဖြည့်ပေးနိုင်မှာပါ" ဟု စစ်သားက ပြောကြားသည်။

‎

‎

‎ဒါကိုကြားပြီးနောက်းတော့ ဝေယင်းက ခဏလောက်စဉ်းစားပြီး “ဒီမှာ ခဏနေ” လို့ပြောလိုက်တယ်။

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎

မကြာမီတွင် ဝေယင်းက ကျောပိုးအိတ်နှင့် ပြန်လာကာ "သွားရအောင်၊ ငါ မင်းနဲ့အတူ ရေဂိုဒေါင်ကို လိုက်မယ်" လို့ပြောလာတယ်။

‎

‎

‎သူတို့နှစ်ဦး ဂိုဒေါင်ဧရိယာသို့ရောက်သောအခါတွင် ကုရှကျယ်က အမြုတေများကိုစုပ်ယူရင်း အနားယူနေပါသည်။

‎

‎

စစ်သားတစ်ယောက်နဲ့အတူ လာနေတဲ့သူကိုမြင်တော့ ရုန်မိုအာက "ဗိုလ်ကြီးဝေ၊ ဘာလို့ဒီကိုရောက်နေတာလဲ"လို့ဘမေးလိုက်တယ်။

‎

‎

‎ဝေယင်းက သူတို့ကို ခေါင်းညိတ်ပြပြီး "ရေအမျိုးအစား စွမ်းရည်အသုံးပြုသူတစ်ဦးက ငါတို့ကို ရေဖြည့်ဖို့ ကူညီပေးနေတယ်လို့ကြားတော့ လာကြည့်တာ။ မင်းတို့ နှစ်ယောက်ပဲလို့တော့ ငါ ခန့်မှန်းထားပြီးသား"

‎

‎

‎ကုရှကျယ်က ပြုံးပြီး "ဗိုလ်ကြီးဝေ၊ မင်း ဒီစကားတွေပြောဖို့ လာတာမဟုတ်ဘူးမလား"လို့ မေးလိုက်တယ်။

‎

‎

‎“ဟုတ်တာပေါ့” ဝေယင်းက ရယ်မောကာ ပြန်ဖြေတယ်။

‎

‎

‎သူက ကျောပိုးအိတ်ကို ကုရှကျယ်ရဲ့အရှေ့မှာ ချလိုက်ပြီး "ရဲဘော်ကု၊ ဒါတွေက ငါ့အဖွဲ့မှာရှိတဲ့ အကြည်ရောင် အမြုတေတွေပဲ၊ မင်းသာ ရေကန်တွေဖြည့်ပေးနိုင်ရင် အဲဒါတွေက မင်းအတွက်ပဲ" လို့ပြောလိုက်တယ်။

‎

‎

‎ကုရှကျယ်က ကျောပိုးအိတ်ကိုဖွင့်ပြီးကြည့်လိုက်တော့ အမြုတေများဟာ အကြည်ရောင်အမျိုးအစားသာမက ဒြပ်စင်အမျိုးအစားများဘာပါတာကို တွေ့လိုက်ရတယ်။ ခဏလောက်တွက်ချက်ပြီးမှ သူက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟု ပြောသည်။

‎

‎

ထိုစကားကိုကြားသောအခါ ‎ရုန်မိုအာက မျက်မှောင်ကြုတ်ပြီး " ရှကျယ် ၊ စွမ်းအင်ကို ပြန်ရနိုင်ရင်တောင် မင်းရဲ့ခန္ဓာကိုယ်က စွမ်းအင်အဆက်မပြတ် အလွန်အကျွံသုံးစွဲတာကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး "

‎

‎

‎"ရဲဘော်ရုန်၊ ငါတို့က အလျင်စလိုမဖြစ်ဘူး။ ရဲဘော်ကုက အချိန်ယူလို့ရတယ်။ ရေကန်တွေကို ဖြည့်နိုင်သရွေ့တော့ ရက်အတော်ကြာရင်တောင် အဆင်ပြေတယ်" ဟု ဝေယင်းက သူမရဲ့စကားကြားပြီးတော့ ပြောလာတယ်။

‎

‎

‎ရုန်မိုအာက ပိုပြောချင်ပေမယ့် ကုရှကျယ်က သူမလက်ကို ဆုပ်ကိုင်ထားပြီး "မိုအာ စိတ်မပူပါနဲ့။ ငါဘာလုပ်နေတယ်ဆိုတာ ငါသိတယ်"

‎

‎

‎သူ့စိတ်ထဲမှာဆုံးဖြတ်ပြီးသားမို့၊ ရုန်မိုအာ စိတ်ပူပင်နေပေမယ့် မကန့်ကွက်တော့ပေ။

‎

‎

‎သူ့ရည်းစားကို သဘောတကျကြည့်ပြီးနောက်မှ ကုရှကျယ် က ဝေယင်းကို ကြည့်ကာ "ဗိုလ်ကြီးဝေ၊ ရေကန်တွေကို အမြန်ဆုံး ဖြည့်ပေးနိုင်ပေမယ့် စိတ်အနှောက်အယှက် မဖြစ်ချင်ဘူး" လို့ ပြောပါတယ်။

‎

‎

‎သူ့စကားကိုကြားတော့ ခေါင်းညိတ်ပြပြီး ဝေယင်းက သူ့စစ်သားတွေကို ကြည့်ကာ "လူတိုင်းက အပြင်မှာ စောင့်နေ၊ ရဲဘော်ကုကို ဘယ်သူမှ လာမနှောင့်ယှက်နဲ့" လို့ပြောလိုက်တယ်။

‎

‎

‎သူအမိန့်ကို စစ်သားတွေကနာခံပြီး ခေါင်းညိတ်ကာ “နားလည်ပြီ” ဟု တညီတညွတ်တည်း ပြန်ဖြေသည်။

‎

‎

‎

‎

‎

အခန်း-(၂၁၂)

‎

‎

‎ဝေယင်း နှင့် စစ်သားများ ထွက်ခွာသွားပြီးနောက်တော့ ကုရှကျယ်က "မိုအာ ၊ ငါ အောင်မြင်မှုတစ်ခုရအောင် ကြိုးစားပါ့မယ်။ အဆင့်ချိူးဖောက်နေချိန်မှာ မင်းငါ့ကို စောင့်ရှောက် ပေးဖို့တော့ လိုတယ်"

‎

‎

‎နောက်ဆုံးတော့မှ ရုန်မိုအာက သူ့ရည်ရွယ်ချက်ကို နားလည်သွားပြီး "ရှကျယ်၊ မင်းအဆင်ပြေရဲ့လား" လို့ မေးလိုက်တယ်။

‎

‎

‎"စိတ်မပူပါနဲ့၊ အခုဆို အရမ်းများတဲ့ အမြုတေတွေရှိနေပြီလေ ငါနေကောင်းနေမှာပါ" ကုရှကျယ်က သူမကို စိတ်ချလက်ချရှိစေဖို့ ပြောတယ်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎ကုရှကျယ်က ရေအမျိုးအစား အမြုတေများကို ထုတ်ယူပြီး ရေစည်ကို ဆက်လက်ဖြည့်ပေးသည်။

‎

‎

‎ စွမ်းအင်ကုန်သွားသောအခါမှာတော့ သူကအမြုတေများကို စုပ်ယူတယ်။ သူ့စွမ်းရည်နှင့် တူညီသောဒြပ်စင်အမြု‌တေကို စုပ်ယူနေသောကြောင့် သူရဲ့စွမ်းအင်ကို အပြည့်အဝပြန်လည်ရရှိရန်အတွက် အမြုတေတစ်ခုသာ လိုအပ်သည်။

‎

‎

‎ ဒုတိယရေတိုင်ကီမပြည့်မချင်း အဆိုပါလုပ်ငန်းစဉ်ကို အကြိမ်ပေါင်းများစွာ ထပ်လုပ်ခဲ့တယ်။အမြုတေကို တတိယအကြိမ် စုပ်ယူပြီးနောက်မှာတော့ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များက ထိန်းမနိုင်သိမ်းမရဖြစ်သွားတာ ရုတ်ချည်း ခံစားလိုက်ရတယ်။

‎

‎

‎သူ့ရဲ့ မဒီတျန်ကို စွမ်းအင်တွေက စုတ်ဖြဲလိုက်တဲ့ နာကျင်မှုက ပြင်းထန်လွန်းတော့ အေးစက်နေတဲ့ ချွေးတွေ ထွက်လာတယ်။ သူ့သွားများကို တင်းတင်းကြိတ်ရင်း ရေအမျိုးအစားအမြုတေအများအပြားကို ထုတ်ယူကာ စွမ်းအင်ကို ဆက်လက်စုပ်ယူသည်။

‎

‎

‎သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအင်အသစ်တစ်ခု ဝင်ရောက်လာတာနဲ့ သူ့ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သောစွမ်းအင်များကို ထိန်းချုပ်ရန်အတွက် စွမ်းအင်အသစ်တွေကို လမ်းညွှန်ခဲ့သည်။ စွမ်းအင်တွေက သူ့ခန္ဓာကိုယ်မှာ အကြိမ်ပေါင်းများစွာ လှည့်ပတ်နေပြီး နောက်ဆုံးတော့ သူ့ဦးနှောက်ထဲမှာ ရပ်တန့်သွားခဲ့သည်။

‎

‎

‎သူ့အနောက်မှာရပ်နေတဲ့ ရုန်မိုအာက စိုးရိမ်နေတယ်။ သူမက လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားတာကြောင့် လက်သည်းတွေက သူမရဲ့လက်ဖဝါးတွေကို ထိုးဖောက်သွားတယ်။

‎

‎

‎သုံးနာရီအကြာတွင်တော့ ကုရှကျယ်ရဲ့ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာသည်။

‎

‎

စွမ်းအင်လှိုင်းများ‎လေထဲသို့ပျံ့နှံ့သွားပီး နောက်အခိုက်အတန့်ပဲ မျက်လုံးပွင့်လာပြီး ဖြူဖျော့သောမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာတယ်။

‎

‎

‎"ရှကျယ် မင်းဘယ်လိုနေလဲ" ရုန်မိုအာက သူ့ဆီ လှမ်းမေးတယ်။

‎

‎

‎ကုရှကျယ်က သူမကို လှည့်ကြည့်လိုက်ပြီးတော့ "မိုအာ၊ ငါလုပ်နိုင်သွားပြီ" လို့ပြန်ဖြေတယ်။

‎

‎

‎သူ့ရဲ့ပျော်ရွှင်မှုကို သတိပြုမိတော့မှ ရုန်မိုအာက သက်ပြင်းတစ်ချက်ချလိုက်တယ်။ သူမက သူ့ကို ပွေ့ဖက်ပြီး "နင်ကငါ့ကို ကြောက်လန့်စေတယ်။ နင့ တစ်ခုခုဖြစ်သွားမယ်လို့ ငါထင်လိုက်တာ"

‎

‎

‎သူမရဲ့ခန္ဓာကိုယ်က တုန်ယင်နေတာကိုခံစားရသဖြင့် ကုရှကျယ်ရဲ့ မျက်လုံးများကပျော့ပြောင်းသွားသည်။ သူက သူမကိုပွေ့ဖက်ပြီး ကျောကို ညင်သာစွာပွတ်သပ်ကာ "မိုအာ၊ မင်းကို စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်"

‎

‎

‎ခဏအကြာတွင်မှ ရုန်မိုအာက သူ့ကို လွှတ်လိုက်ပြီး "ဘာမှမဖြစ်ဘူး မင်းအဆင်ပြေရင်ရပြီ" လို့ ပြောပါတယ်။ ယခုအခါတွင် သူက အဆင့်တစ်သို့ရောက်သွားပြီဖြစ်တာကြောင့် ကုရှကျယ်ရဲ့ စွမ်းအင်အရင်းအမြစ်က သုံးဆကျော် တိုးလာခဲ့သည်။ ယခုဆို သူသည် စွမ်းအင်မကုန်မီ၌ ရေလီတာ ၁၀၀၀ ကို ဖန်တီးနိုင်ပြီဖြစ်သည်။

‎

‎

‎သူရဲ့စွမ်းအင်ကိုပြန်လည်ရရှိရန်အတွက် အကြည်ရောင် အမြုငါးခု သို့မဟုတ် ရေအမျိုးအစား အမြုတေနှစ်ခုကို အသုံးပြုရန်လိုအပ်သည်။ အကယ်၍ သူသာ အမြုတေများကိုအသုံးမပြုလိုပါက အပြည့်အဝပြန်လည်ကောင်းမွန်ရန်အတွက် ခုနစ်နာရီကြာ အနားယူရမည်ဖြစ်သည်။

‎

‎

‎သူရဲ့ခွန်အားများ တိုးလာချိန်တွင် သူ၏ စွမ်းအင်ကို အလွန်အကျွံ သုံးစွဲပြီးနောက် ပြန်လည် ထူထောင်ရန် လိုအပ်သည့် အချိန်လည်းတိုးလာသည်။ ဒါပေမယ့် သူ ပိုသန်မာနေသရွေ့တော့ ဒီဝေဒနာကို ကျေကျေနပ်နပ်ကြီးနဲ့ ခံနိုင်ရည်ရှိဖို့ ကြိုးစားမှာပါ။

‎

‎

‎ည ၁၀ နာရီလောက်မှာ ရေတိုင်ကီတွေ အကုန်ပြည့်သွားတယ်။ သူတို့ နှစ်ယောက် ထွက်လာတော့ စစ်သားတစ်ယောက်က လာပြီး "ရဲဘော်၊ မင်း အရင်ပြန် ပြီး မနက်ဖြန်မှ ပြန်လာချင်လား" လို့ မေးတယ်။

‎

‎

‎ကုရှကျယ်က ခေါင်းယမ်းပြီး "ငါ တိုင်ကီတွေ အကုန်လုံးကိုဖြည့်ပြီးသွားပြီဆိုတော့ မနက်ဖြန်ပြန်မလာတော့ဘူး"

‎

‎

ပြောပြီးသည်နဲ့ သူ ရုန်မိုအာနှင့်အတူ ထွက်ခွာသွားသည်။ စစ်သားကတော့ သူတို့ရဲ့နောက်ကျောကို မှင်တက်စွာဖြင့် ကြည့်နေရင်း ကျန်ခဲ့တယ်။ စစ်သားဟာ သတိပြန်ဝင်ရန် အချိန်အတော်ကြာခဲ့ပြီး ဝေယင်းအား ဤကိစ္စကိုသတင်းပို့ရန် သွားခဲ့သည်။

‎

‎

‎နောက်နေ့မနက်စောစောမှာတော့ လင်းယုန်အဖွဲ့ကို စျေးနှုန်းချိုသာစွာနဲ့ ရေရောင်းတဲ့ ရေအမျိုးအစား စွမ်းရည်အသုံးပြုသူတစ်ဦးရဲ့ သတင်းဟာ ပျံ့နှံ့လာခဲ့ပါတယ်။

‎

‎

‎ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီးနောက်တော့ ဗိုလ်မှူးကြီးက ကုရှကျယ် နှင့် ရုန်မိုအာကို စကားပြောဖို့အတွက် သူ့လူနှစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။ ထို့ကြောင့် အရှေ့ဘက်မိုးကုတ်စက်ဝိုင်းက နေထွက်ချိန်တွင် သူတို့ရဲ့တံခါးကို လာခေါက်သည်။

‎

‎

သူတို့နှစ်ဦးသည် အခြားလူလေးဦးနှင့်အတူ တစ်ခန်းတည်း နေထိုင်ကြသည်။ သူတို့အားလုံးက စွမ်းရည်အသုံးပြုသူများဖြစ်သောကြောင့် တည်းခိုသူများပြားလွန်းသော အိမ်ငယ်လေးထဲတွင် ကြပ်သပ်ကာနေရန် မလိုအပ်ပေ။

‎

‎

‎ဒီအချိန်မှာတော့ သူတို့က ဧည့်ခန်းထဲမှာ မနက်စာ စားနေကြတယ်။ ကုရှကျယ်က သူ့ကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီး "ဘယ်သူလဲဆိုတာ ငါသွားကြည့်မယ်"

‎

‎

‎ရုန်မိုအာက ခေါင်းညိတ်လိုက်ပြီး မနက်စာကို အခန်းထဲမှာ သိမ်းလိုက်တယ်။

‎

‎

‎တံခါးဖွင့်လိုက်တော့ အပြင်က စစ်သားနှစ်ယောက်တွေ့တယ်။ "ရဲဘော်တွေ ဘယ်သူကိုရှာနေတာလဲ" လို့မေးလိုက်တယ်။

‎

‎

‎"ရဲဘော်၊ ငါတို့က ကုရှကျယ် နှင့် ရုန်မိုအာကို ရှာနေတာ။ ကျေးဇူးပြုပြီး သူတို့ကို ခေါ်ပေးပါ" ဟု စစ်သားတစ်ဦးက ပြောသည်။

‎

‎

‎ဒါကိုကြားတော့ ကုရှကျယ်ကလည်း "မင်းသူတို့ကို ဘာလို့ရှာနေတာလဲ"လို့ ပြန်မေးလိုက်တယ်။

‎

‎

‎စစ်သားက သူ့ကို ခဏလောက်ကြာအောင် ကြည့်နေပြီးမှ "မင်းက ရဲဘော် ကုရှကျယ်လား" ဟု မေးသည်။

‎

‎

‎"အင်း အဲဒါ ငါပဲ"

‎

‎

‎ထိုစကားကိုကြားသောအခါမှ စစ်သည်များက အလေးပြုပြီး "ရဲဘော်ကုရှကျယ် ငါတို့ဗိုလ်မှူးကြီးက မင်းနဲ့ မင်းအဖော်ကို မနက်စာအတူတူစားဖို့ ဖိတ်ခေါ်တာပါ။ ကျေးဇူးပြုပြီး ငါတို့နဲ့ကို လိုက်ခဲ့ပေးပါ"

‎

‎

‎အဲဒီအချိန်မှာပဲ ရုန်မိုအာက ထွက်လာပြီး " ဟုတ်ကဲ့ ၊ ကျေးဇူးပြုပြီး လမ်းပြပေးပါ" လို့ ပြောလာတယ်။

‎

‎

‎သူ့ကောင်မလေးက ဆုံးဖြတ်ချက်ချပြီးပြီမို့

‎ ကုရှကျယ်က ဦးဆောင်သူနောက်ကို လိုက်သွားသည်။ သူတို့နှစ်ဦးသည် အတူနေထိုင်သော အခြားစွမ်းရည်အသုံးပြုသူများရဲ့ မနာလိုသောအကြည့်များအောက်မှ အိမ်ကထွက်လာပြီး စစ်ကားပေါ်တက်ခဲ့သည်။ မိနစ်နှစ်ဆယ်အကြာတွင်တော့ သူတို့သည် ထိုဒေသရှိ တစ်ခုတည်းသော ဟိုတယ်ဆီ ရောက်ရှိလာကြတယ်။ ဟိုတယ်က အထပ် ၁၀ထပ်ရှိပြီး လျှပ်စစ်မီးရရှိရန် ဆိုလာပြားများ တပ်ဆင်ထားသည်။ “ရဲဘော်တို့၊ ဒီဘက်ကို ကျေးဇူးပြုပြီး” စစ်သားက ဓာတ်လှေကားဆီသို့ လျှောက်လာရင်း ပြောလိုက်သည်။ အထက်ထပ်ကို ရုံးများနှင့် အစည်းအဝေးခန်းများအဖြစ် အသုံးပြုခဲ့ပြီး အပေါ်ဆုံးထပ်သို့ ရောက်ရှိရန် မိနစ်များစွာကြာခဲ့သည်။ ဗိုလ်မှူးကြီးရုံးခန်းဆီသို့ လမ်းလျှောက်လာရင်း စင်္ကြံတွင်းရှိ လူအများအပြားကို ဖြတ်လာခဲ့သည်။

‎

‎

‎သူတို့ရဲ့အကြည့်တွေကိုတွေ့ပြီး ဒီဖိတ်ကြားချက်ဟာ မနက်စာအတူတူစားတာလောက်နဲ့ မရိုးရှင်းဘူးဆိုတာကို ကုရှကျယ် သေချာသွားတယ်။

‎

‎

သူ ‎သံသယဖြစ်ခဲ့တဲ့အတိုင်းပဲ ရုံးခန်းတံခါးကို ဖွင့်လိုက်သောအခါတွင် ဗိုလ်မှူးကြီး ၊ ပိုင်ရီကျီး နှင့် သူ့အဖွဲ့သားများလည်း ရှိနေတာကို တွေ့လိုက်ရတယ်။ဝေယင်း အပါအဝင် စစ်ဘက်အရာရှိအများအပြားလည်း ထိုနေရာတွင် ရှိနေခဲ့သည်။

‎

‎

‎သူတို့ဝင်လာတာနဲ့ ဗိုလ်မှူးကြီးက မတ်တပ်ရပ်ပြီး သူတို့ကို ပြုံးပြနှုတ်ဆက်တယ်။ "ရဲဘော်ကု၊ ရဲဘော်ရုန်၊ မင်းတို့ နှစ်ယောက်က နောက်ဆုံးတော့ ဒီကိုရောက်လာပြီကျေးဇူးပြု၍ထိုင်ပါ"

‎

‎

‎

‎အားလုံးကိုခေါင်းညိတ်ပြကာနှုတ်ဆက်ပြီး ကုရှကျယ်က ဝေယင်းဘေးက ကုလားထိုင်ကိုဆွဲထုတ်ပြီး ထိုင်လိုက်သည်။ ရုန်မိုအာကလည်း ဘာစကားတစ်ခွန်းမှမပြောဘဲ သူ့ဘေးတွင် ဝင်ထိုင်လိုက်တယ်။

‎

‎

သူတို့ ‎မနေ့ကသိထားတဲ့ အချက်အလက်တွေကြောင့် ဒီဗိုလ်မှူးကြီးအပေါ် သူတို့ရဲ့အထင်အမြင်က မကောင်းဘူး။ သူ ဒါမှမဟုတ် ပိုင်ရီကျီးတို့ နှစ်ယောက်စလုံးနဲ့ ဆက်သွယ်ဖို့ကိုလည်း သူ့မှု ရည်ရွယ်ချက်မရှိပေ။

‎

‎

‎

‎သူတို့ရဲ့ ထိုင်ခုံရွေးချယ်မှုကိုမြင်တော့ ဗိုလ်မှူးကြီးရဲ့အပြုံးကပုံမှန်ပြန်မဖြစ်မလာခင် ခဏလောက် တောင့်တင်းသွားခဲ့တယ်။

‎

‎

‎

‎

‎

‎

‎အခန်း-(၂၁၃)

‎

‎

‎ ဗိုလ်မှူးကြီးက သူ့ထိုင်ခုံမှာထိုင်လိုက်ပြီး လက်ထောက်ကို လက်ဖြင့် အချက်ပြလိုက်သည်။ သိပ်မကြာခင်မှာပဲ မနက်စာ ဝ‌န်ဆောင်မှုက စတင်လာပါတယ်။

‎

‎

‎ပန်းကန်ပြားပေါ်တွင် ခရမ်းချဉ်သီးကင် နှစ်လုံး၊ အမဲသား ဝက်အူချောင်းကင် နှစ်ခု၊ ကြက်ဥမွှေကြော်၊ ပဲဖုတ်တစ်ဇွန်း၊ ဘေကွန်အထူ သုံးချပ်နှင့် ပေါင်မုန့်ငါးတုံးတို့ ပါဝင်သည်။ စွမ်းရည်ရှိသူတစ်ဦးအတွက်တော့ ဒီအစားအစာပမာဏက ၎င်းတို့အတွက် ဖြည့်စွက်ရန် လုံလောက်ပါတယ်။

‎

‎

‎ကုရှကျယ်က သူ့အကြည့်ကိုမြှင့်လိုက်ပြီး လူတိုင်းကို စစ်ဆေးလိုက်တယ်။ အများစုက အစားအသောက်ကို နှစ်သက်ကြပုံရပြီး အချို့က မျက်မှောင်ကြုတ်ကြတယ်။

‎

‎

‎စားနပ်ရိက္ခာနှင့် ရေအလုံအလောက်မရှိသောကြောင့် အသက်စွန့်၍ ရိက္ခာရှာဖွေနေရသည့် စစ်သားများကို တွေးတောရင်း ဗိုလ်မှူးကြီးအပေါ် သူ့အထင်အမြင်များက ကျဆင်းသွားသည်။

‎

‎

‎သူတို့ရဲ့ ဝေစုတွေကိုမထိဘဲ မျက်မှောင်ကြုတ်နေတဲ့သူတွေကို သတိပြုမိလိုက်တယ်။ သူတို့တွေကမှ ပြည်သူတွေကို အမှန်တကယ် ဂရုစိုက်သူတွေလို့ သူထင်တယ်။

‎

‎

‎ပိုင်ရီကျီးရဲ့ အဖွဲ့ကိုကြည့်လိုက်တော့‎ ဟန်ကျီယင်းက ရယ်မောပြီး မြိန်ရေရှက်ရေစားသောက်နေတာကို တွေ့လိုက်ရတယ်။ သူတို့အားလုံးက အလားတူပြုမူကြမည်ဟု သူထင်လိုက်တယ်။ ထင်မှတ်ထားသလိုမဟုတ်ဘဲ ပိုင်ရီကျီး ၊ လီယောင်နဲ့ ချူကျိမြောင်တို့ဟာ သူတို့ရဲ့ အစားအစာကို လုံးဝမထိခဲ့ကြပါဘူး။

‎

‎

‎ဒါကိုမြင်တော့ ဗိုလ်မှူးကြီးက "သခင်လေးပိုင်အစားအသောက်က အရသာမရှိဘူးလား" လို့မေးတယ်။

‎

‎

‎ပိုင်ရီကျီးက ဗိုလ်မှူးကြီးရဲ့အကြည့်ကိုတွေ့တော့ "ဗိုလ်မှူးကြီး ၊ စွမ်းရည်အသုံးပြုသူတွေနှင့် စစ်သား‌တွေပေးဆောင်လာတဲ့ ရိက္ခာတစ်ဝက်ကို မင်းယူသွားတယ်လို့ ကျွန်တော်ကြားလိုက်ရတယ်။ အဲဒီပစ္စည်းတွေကို မင်းဘာလုပ်မှာလဲလို့ ကျွန်တော်တွေးမိတယ်"

‎

‎

‎ဗိုလ်မှူးကြီးကပြုံးပြီး အေးအေးဆေးဆေး ပြန်ပြောတယ် "သခင်လေးပိုင် ငါတို့က ရိက္ခာတစ်ဝက်လောက် ယူသွားပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေက နောက်ထပ်ရှာလို့ မရတော့တဲ့အခါကြရင် အရေးပေါ် အခြေအနေမှာသုံးဖို့ သိုလှောင်ထားမှာပါ"

‎

‎

‎ပိုင်ရီကျီးက ခေါင်းညိတ်ပြပြီး "ဒါဆို အဲဒီပစ္စည်းတွေကို စစ်သားတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေဆီ နေ့တိုင်း ဘယ်လောက်စီဝေငှလဲ"လို့ မေးလိုက်တယ်။

‎

‎

‎ပိုင်ရီကျီးက ဒီ စစ်ဆင်ရေးကနေ ကျောခိုင်းရန် ရည်ရွယ်ချက်မရှိသည်ကိုသတိပြုမိသဖြင့် ဗိုလ်မှူးကြီးက သူ့အသုံးအဆောင်များကို ချလိုက်ပြီး ပါးစပ်ကို သုတ်လိုက်တယ်။

‎

‎

‎ရေတစ်ငုံသောက်ပြီးသောအခါမှ “သခင်လေးပိုင် တိုင်းပြည် ပြန်လည်တည်ဆောက်ရေးမှာ အရည်အချင်းနဲ့ အရင်းအမြစ် နှစ်ခုလုံး လိုအပ်တယ်ဆိုတာ မင်းနားလည်မယ်လို့ ငါယုံကြည်တယ်” လို့ ပြောပါတယ်။

‎

‎

‎"ကမ္ဘာပျက်ကပ်မဖြစ်ခင်မှာ ငါတို့သုံးတဲ့ငွေကြေးက အခုချိန်မှာတန်ဖိုးမရှိတဲ့အတွက် ဖုတ်ကောင်တွေရဲ့ဦးခေါင်းထဲမှာပါတဲ့ အမြုတေတွေကို ငွေကြေးပုံစံအသစ်အနေနဲ့ သုံးဖို့ ဆုံးဖြတ်ခဲ့တယ်"

‎

‎

‎"အဲဒီအမြုတေတွေကို ရရှိနိုင်ဖို့အတွက် စုဆောင်းထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေရဲ့တစ်စိတ်တစ်ပိုင်းကို ချမ်းသာတဲ့ မိသားစုတွေနဲ့ စွမ်းရည်ရှိတဲ့သူတွေကို ရောင်းချခဲ့တယ်။ ဒီနည်းနဲ့ ဝင်ငွေကို ဖန်တီးပေးရုံသာမက ချိတ်ဆက်မှုတွေလည်း တည်ဆောက်ခဲ့တယ်"

‎

‎

‎“အသက်ရှင်ကျန်ရစ်သူနဲ့ စစ်သားတွေကို ဖြန့်ဝေတဲ့ ရိက္ခာတွေနဲ့ ပတ်သက်ပြီးတော့ ငါတို့က အနိမ့်ဆုံးပဲ ပေးနိုင်တယ်။ သူတို့သာ ပိုလိုချင်ရင် အလုပ်သွားလုပ်ရမယ် ဒါမှမဟုတ် အပြင်ထွက်ပြီး ရိက္ခာတွေစုဆောင်းရမယ်။

‎

‎

ပိုင်ရီကျီးက ‎မျက်ခုံးပင့်ကာ "လစာရဖို့ သူတို့က ဘယ်လိုအလုပ်တွေ လုပ်ရမှာလဲ" ဟု မေးသည်။

‎

‎

‎ပိုင်ရီကျီးရဲ့ စစ်ဆေးမေးမြန်းသည့် လေသံကိုကြားတော့ ဗိုလ်မှူးကြီးက ပြုံးကာ "ငါတို့က ဖုတ်ကောင်တွေကို နေ့စဉ်နေ့တိုင်းမှာ ရှင်းလင်းပြီး အသက်ရှင်ကျန်ရစ်သူစခန်းရဲ့ နယ်မြေကို ချဲ့ထွင်ဖို့လိုအပ်တယ်။ သူတို့က စခန်းတည်ဆောက်ရာမှာ ကူညီနိုင်သလို ဒါမှမဟုတ်လဲ ဖုတ်ကောင်တွေကို သတ်တဲ့နေရာမှာလည်း စစ်သားတွေနှင့် ပူးပေါင်းနိုင်တယ်" ဟု ပြန်ပြောသည်။

‎

‎

‎ဗိုလ်မှူးကြီးပြောပြီးသည်နှင့် ကုရှကျယ်ရဲ့ မျက်လုံးများက အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားသည်။ ဖုတ်ကောင်များကို သတ်ပစ်ရန်ကူညီခြင်းဟု ခေါ်သည့် အလုပ်ဟာ ပြောရသလောက် ရိုးရှင်းမည်မဟုတ်ပေ။

‎

‎

‎လင်အန်းတက္ကသိုလ်မှာ သူမြင်ရသမျှကတော့ ကျောင်းသားဟောင်းအချို့က သူတို့ဘေးကင်းစွာထွက်ခွာနိုင်ရန်အတွက်ပထမနှစ်ကျောင်းသားတချိူ့ကိုအသုံးပြု၍ ဖုတ်ကောင်‌တွေဆီ ပစ်ကျွေးတာမျိူးကို သူအများအပြား မျက်မြင်တွေ့ခဲ့ရတယ်။ အများစုက အသက်မရှင်နိုင်ခဲ့ပါဘူး။ အရေအတွက် အနည်းငယ်ကသာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်။

‎

‎

‎ထိုအချိန်တုန်းက သူသည် ၎င်းတို့အား ကယ်တင်ရန်ဆန္ဒရှိသော်လည်း အင်အားမရှိခဲ့ပေ။ အကယ်၍သာ ဆရာချောင်ရဲ့အဖွဲ့တွင် သုမပါဝင်ခဲ့ပါက သူသည်လည်း ငါးစာအဖြစ် အသုံးချခံရနိုင်ပြီး ယနေ့တွင်တော့ ဤနေရာမှာ ထိုင်နေနိုင်မည်မဟုတ်ပေ။

‎

‎

‎သူ့ဘေးမှာ ထိုင်နေတဲ့ ရုန်မိုအာက သူ့ရဲ့ ပြောင်းလဲသွားတဲ့ ခံစားချက်တွေကို သတိထားမိပြီး သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပါတယ်။ သူမက သူ့အနားကို မှီလာပြီး " ရှကျယ် မစားလိုက်ရင် နောက်ကျမှ နောင်တရလိမ့်မယ်။ အရင်ဆုံး စားလိုက်ကြရအောင်၊ ကျန်တဲ့အရာတွေကိုတော့ နောက်မှဆက်ပြောကြတာပေါ့ " လို့ ပြောပါတယ်။

‎

‎

ဗိုလ်မှူးကြီးကို မထီမဲ့မြင်ပြုသော်လည်း ကုရှကျယ်က အစားအသောက်အပေါ်တော့ အာဃာတမထားပါဘူး။ ဒီလိုနဲ့ ပိုင်ရီကျီးက ဗိုလ်မှူးကြီးအား 'စစ်ဆေးမေးမြန်းခြင်း' ကို ဆက်လုပ်နေချိန်မှာတော့ သူတို့နှစ်ယောက်က မနက်စာကို တိတ်တဆိတ်စားလို့ ပြီးသွားပါတယ်။

‎

‎

နောက်ဆုံးတော့ ‎မိနစ်လေးဆယ်ကြာပြီးနောက်တွင် ပိုင်ရီကျီးကလည်း မေးခွန်းများမမေးတော့ဘဲ အားလုံးကလည်း နံနက်စာ စားပြီးသွားကြတယ်။ ပန်းကန်အလွတ်များကို ရှင်းပြီးသည်နှင့် ကော်ဖီတစ်ခွက်စီအား အသီးသီးထံ ပေးဆောင်လာကြသည်။

‎

‎

‎ဗိုလ်မှူးကြီးက ကော်ဖီသောက်ရင်း ကုရှကျယ်ဘက်လှည့်ကာ"ရဲဘော်ကု မနေ့က ဗိုလ်ကြီးဝေရဲ့အဖွဲ့ကို ရေပေးတယ်ဆိုတာ ငါကြားတယ်။ ဒါမှန်လား" နောက်ဆုံးတော့ စီးပွားရေးကိစ္စပြောဖို့ အချိန်ရောက်ပြီဆိုတာ သိလိုက်ရတော့

‎ ကုရှကျယ်က သူ့ခွက်ကိုချပြီး "မှန်တယ်" လို့ ပြန်ဖြေတယ်။

‎

‎

‎"ရဲဘော်ကုက တကယ့်ကို ရက်ရောပြီး စာနာထားတတ်တဲ့သူပဲ။ ငါမေးပါ့ရစေအုံး မင်း တစ်နေ့ကို ရေဘယ်လောက်ပေးနိုင်မလဲ" ဗိုလ်မှူးကြီးက ထပ်မေးတယ်။

‎

‎

‎ဒီတစ်ခါမှာတော့ ကုရှကျယ်က တိုက်ရိုက်မဖြေတော့ဘဲ "ဗိုလ်မှူးကြီး၊ ကျွန်တော့်ဆီက ရေဝယ်ဖို့ စိတ်ဝင်စားနေတာလား" လို့ မေးတယ်။

‎

‎

‎ဒါကိုကြားတော့ ဗိုလ်မှူးကြီးကရယ်ပြီး “ထက်မြက်တဲ့သူနဲ့ စကားပြောရတာ တကယ်ကိုကောင်းတာပဲ” လို့ ပြန်ဖြေတယ်။

‎

‎

‎ ခေတ္တရပ်ပြီးနောက်မှ သူက "မင်းဆီက ရေဝယ်မယ့်အစား မင်းကို အလုပ်တစ်ခု ပေးချင်တယ်။ ရဲဘော်ကုက စိတ်ဝင်စားပါ့မလား" ကုရှကျယ်က မျက်ခုံးပင့်ကာ "အိုး၊ ဗိုလ်မှူးကြီး ကမ်းလှမ်းချင်တာက ဘာအလုပ်လဲ"

‎

‎

‎ကုရှကျယ်က ငြင်းဆန်ပြီး စိတ်ဝင်စားမှုမပြတာကို မြင်တော့ ဗိုလ်မှူးကြီးက ပြုံးပြီး ရှင်းပြတယ် "ရဲဘော်ကု မြင်တဲ့အတိုင်းပဲ ရေက အခုချိန်မှာ ငါတို့အလိုအပ်ဆုံးပဲ။ ဒီတော့ စခန်းမှာနေပြီး ရေ 3,000 လီတာ နေ့တိုင်းပေးနိုင်ရင် ငါတို့က မင်းကို အမြုတေ ၁၀ခုပေးမယ်"

‎

‎

‎သူ့စကားဆုံးတော့ ကုရှကျယ် ရယ်မောသွားတယ်။

‎

‎

‎"ရဲဘော်ကု ရယ်စရာတစ်ခုခုရှိလား" ဟု မေးသောအခါတွင် ဗိုလ်မှူးကြီးရဲ့အပြုံးက မှိန်ဖျော့‌နေသည်။

‎

‎

‎

‎

‎နောက်ဆုံးတွင်တော့ ခဏအကြာမှပဲ ကုရှကျယ်က ရယ်မောခြင်းကို ရပ်လိုက်ပြီး "ဗိုလ်မှူးကြီး၊ မင်းရဲ့ ကမ်းလှမ်းမှုကို ငါ လေးစားစွာပဲငြင်းဆိုရလိမ့်မယ်" လို့ပြောလိုက်တယ်။

‎

‎

‎ဗိုလ်မှူးကြီး စကားမပြောမီတွင် သူက ဆက်ပြောလိုက်တယ် "ကျွန်တော်ကြားရတာကတော့ ရေစွမ်းရည်အသုံးပြုသူတွေက ရေတစ်လီတာကို အမြုတေနှစ်ခု (သို့) ဆန်တစ်ကီလိုနှုန်းနဲ့ ရောင်းနေကြတာတဲ့ ဒါပေမယ့် ခင်ဗျားကတော့ ကျွန်တော့်ကို ရေလီတာ ၃၀၀၀ အတွက် အမြုတေဆယ်ခု ကမ်းလှမ်းနေတယ်"

‎

‎"မင်းအတွက် အလုပ်လုပ်ရတာထက် ရေကို ကိုယ်တိုင်ရောင်းရတာ ပိုကြိုက်တယ်။ ရေလီတာ ၃၀၀၀ နဲ့ ဆို အမြုတေ ၆၀၀၀ လောက်ရနိုင်တယ်။ ဗိုလ်မှူးကြီး ၊ မင်းက ကျွန်တော်ကို သူတောင်းစား ဒါမှမဟုတ် ငတုံးလို့ထင်နေတာလား"

‎

‎

‎ဗိုလ်မှူးကြီးက သူ့ကိုအကြာကြီးကြည့် နေပြီးမှ "ဗိုလ်ကြီးဝေပေးခဲ့တဲ့ ပမာဏအတိုင်း ငါမင်းကိုပေးလို့ရတယ်" လို့ ထပ်ပြောလာတယ်။

All Chapters